Showing posts with label အေတြ ့အႀကဳံ. Show all posts
Showing posts with label အေတြ ့အႀကဳံ. Show all posts

Monday, March 18, 2019

ငရဲခန်းမှာခဏနေခဲ့ဖူးပါတယ်

မင်္ဂလာပါရှင်~~~
ငယ်ငယ်ကများ တခုခုလုပ်ရင် လူကြီးတွေက ငရဲကြီးမယ်နော် ငရဲကြီးမယ်နော်နဲ့ခြောက်လန့်တတ်ကြတယ်
(ရှမ်းလိုပြောကြတာပါ) "ဖီဖာဟို" တဲ့..။ အဲ့ဒီတော့ မလုပ်ရဲဘူး "ဖီဖာဟို" မှာစိုးလို့..။ တကယ်လည်း ငရဲကြီးတယ်ဆိုတာ ဘယ်လိုနေလည်းဆိုတာကိုလည်း သေချာမသိခဲ့သလို မမေးမိခဲ့ဖူးပါဘူး။ မကောင်း တာဖြစ်မယ်ဆိုတာလောက်ဘဲသိခဲ့နားလည်ခဲ့တာပါလေ...။ အသက်လေးရလာမှ အော်...ငရဲဆိုတာ...ဂလို..ဟိုဟာလုပ်ငရဲကြီးမယ် ဒီဟာလုပ်ငရဲကြီးမယ်နဲ့ လူတွေက သူတို့ဥပဒေစည်းကမ်းကို ငရဲနဲ့လှမ်းချိတ်ဆွဲထားပြီး ပြောနေတာအများသား...။ 😁 တကယ်တော့ ဘာမှလည်းမဟုတ်ပါဘူး။
ဒီလိုနဲ့...လွန်ခဲ့တဲ့၂နှစ်က( FB နိုတီတက်တော့ပြန်တွေ့ 👀) ဒီအချိန်မှာပေါ့လေ မယ်ငီးတကယ်ဘဲ အရှင်လတ်လတ်ငရဲကျခဲ့ဖူးတာပြန်သတိရမိတယ်...။ ဘယ်သူ့ကိုမှ ဖွင့်မပြောခဲ့သလို ကာယံကံရှင်တွေ ကိုလည်း ပြောပြဖို့စိတ်မကူးခဲ့ပါလေ။ ကိုယ့်အပျော်တွေဘဲ သူများကိုဝေဌပေးချင်ပါတယ်။ ကိုယ့်ဝမ်းနည်း ပူဆွေးမူ့ကို ဘယ်သူ့ကိုမှမဝေမျှခံစားစေချင်ဘူး။ မှန်ကန်သောသစ္စာပါ(အလဲ့..ကပ်ပြီးအမှတ်ယူရသေး) တခါတလေတော့ ရင်ထဲမှာပြန်တွေးမိတတ်တယ်..။ တကယ်ဆို ရင်ထဲသိမ်းထားတာထက်စာရင် ဖွင့်ဟလိုက်တာပါ..ပေါ့ပါးသက်သာတတ်တယ်တဲ့..သူများပြောတာကြားဖူး..(လာပြီညာပြီ..စပြီလေပြောချင်လို့
စကားခင်းတာများ..😆😅)

ဒီလိုဗျ...ဇန်နာဝါရီ..ဖေဖော်ဝါရီလဆိုတာ ဒီအနောက်နိုင်ငံမှာ အအေးဒဏ်အရှိန်ပြင်းထန်နေတဲ့အချိန်ပေါ့။
ကနေဒါကရေခဲပွဲတော်ကို မိတ်ဆွေသားအမိနဲ့ မယ်ငီးတို့သွားကဲလိုက်သေးတယ်..။ အနုတ်တဆယ်ကနေ
၂ဝကျော်..တဂစ်ဂစ်နဲ့ပျော်ခဲ့ချိန်...။ ပြန်ရောက်တော့ ကျိုင်းတုံမှာအမနဲ့တူလေးက ရုတ်တရက်ဆေးရုံတက်
တူမလေးကနေ့စေ့လစေ့ကိုယ်ဝန်နဲ့ လေဖြတ်နေတဲ့အမေအိုအိမ်မှာတယောက်ထဲ..ဗျာယာခတ် 😥ဝေါ်ရီ
တွေများပြီး..လက်မှတ်ဝယ်လို့ပြန်ခဲ့တယ်။ ရန်ကုန်မှာခနနေ လက်မှတ်ရတာနဲ့ ကျိုင်းတုံရောက်။ရန်ကုန်
ရာက်ကတဲက ခြေချောင်းလက်ချောင်းတွေယောင်နေတာဘဲ။ အရမ်းအေးတာနဲ့ အပူနဲ့ညား😎😉

မိတ်ဆွေသူငယ်ချင်းတယောက်က မြို့ကိုလိုက်လည်တော့ ညည်းစရိတ်ခံရင် ထိုင်းကိုပို့ပေးမယ်လို့ ဂတိ
ခံပြီးခေါ်လိုက်သေး..အဲ့လိုဘက်စုံကိုယ့်ဖက်ယက်တတ်ပါတယ် 😁😝KT ရောက်တော့ အခြေအနေက
အေးဆေး၊ တူမလေးလည်းမွေးတယ် နေ့မစေ့ပေမဲ့ခလေးအားလုံးပြည့်စုံ။ ဒါပေမဲ့ရဲတွတ်နေအောင်နီတာ
ခုကြီးမှ သူကအသားအရမ်းဖြူတာကိုး..ဗျ..။ အမေလည်းနေကောင်း အမလည်းအိုကေ တူတော်သမက်
လေးကလည်း ကျမ်းမာတော့.. မယ်ငီးထိုင်းဖက်ထွက်လာဖို့စီစဉ်ပေါ့လေ။ ဒါတောင်ခရီးစထွက်တဲ့နေ့မှာ
အမကဆိုင်ကယ်တိုက်သေး..ဆေးရုံပို့ပြီးဘာမှမဖြစ်လို့ အမကိုအိမ်ပြန်ဘယ်..မယ်ငီးဆက်ခရီးနှင်လာတာ
(မောချက်ကတော့ ၁ဝဝ% စိတ်မောလူမော)😏

ဒီလိုခရီးတွေဆက်တော့ အရင်ကအိုကေပေမဲ့ အသက်ကစကားပြောလာပြီ..ငါးဆယ်ကြီးများတောင်
ကျော်လာပြီဆိုတော့...လေ😵😉😂 နေ့နဲ့ညမှားတာက ချက်ချင်းနဲ့နေသားမကျ..ညနေစောင်းရင်
အရမ်းအိပ်ငိုက်... နိုးတဲ့အချိန်စိတ်ကြည်ပေမဲ့ ညဖက်အိပ်ရင် ကုလားသေကုလားမောပေါ့ရှင်........
ဇာတ်လမ်းအကျဉ်းချုံးရင်..တနေ့တနေရာပြောင်းအိပ်ရင်း..CM မှာ မမလေးတယောက်နဲ့အိပ်ရပါတယ်။
ထိုင်းကပိုပြီးရာသီဥတုပူပါတယ်။ တနေကုန်သွားလာထားတာ စားပြီးရေချိုးပြီး အိပ်ယာထဲဒိုင်ဗင်ထိုး
ပါတယ်။ NJ,USA မှာအပူပေးစက်နဲ့ကတနှစ်မှာ ၅လလောက်ထိမ်းမြားလက်ဆက်ထားရပေမဲ့ အာရှ
ရောက်တော့လေအေးစက်နဲ့နေ့တိုင်းညတိုင်းညားမှပြေလည်ပါတယ်လေ..😎😅😆 ဟော်တယ်ဆို
တာလည်း ကြိုတင်ဘွတ်ကင်တာမဟုတ်ဘဲ ရောက်ရာမှာကြုံရာယူတာများ.. ညဈေးနားက ရေချောင်း နှဘေးဟော်တယ်တခုဆိုပါတော့။ ဖယားယား...ခြင်တွေဆိုတာ တပ်ရင်းတပ်စိတ်တပ်ခွဲပေါင်းများစွာနဲ့
ဟော်တယ်တခုလုံးတပ်စွဲထားပါတယ်။ ကိုယ်တို့ကပင်မဟော်တယ်၇-၈ ထပ်အဆောက်အဦမဟုတ်ဘဲ တိုးချဲ့အဆောင်က ၄ထပ်သာသာလေးကအောက်ဆုံးထပ်မှာရပါတယ်။ reception ကောင်တာက မမ
လေးတွေရှိရင် သူတို့လည်း ခြင်တပ်ရန်က ကာကွယ်ဖို့လုပ်ထားကြမှာပါဘဲလေ.. ကံဆိုးရှာလေက မယ်ငီးပေါ့ သူတို့ကမှန်တံခါးနဲ့အမြဲပိတ်ထားပေမဲ့ လူတွေဝင်လိုက်ထွက်လိုက်နဲ့ ခြင်တပ်ကြီးလည်း ဝင်လိုက်ထွက်လိုက်နဲ့..ပျော်စရာကြီးပေါ့..။

အိပ်ယာပေါ်ခေါ်ဖူးခေါ်ဖူးနဲ့ နတ်မင်းစည်းစိမ်ခံစားနေတုံး...ဗြုန်းကဆို အသက်ရူကြပ် ချွေးတွေပြန်ပြီး
နိုးလာတယ်..အခန်းကြီးကလည်းမှောင်လို့..အဲယားကွန်းကြီးကတာတာ👋👋လုပ်လို့...အခန်းကျဉ်းထဲ ရုတ်တရက်တော့ဘာမှန်းမသိသေး ဘယ်ရောက်နေမှန်းတောင်မသိ...မီမိုရီ..မနဲပြန်ဆွဲစေ့မှ..အော်..
ငါဇင်းမယ်မှာလား...လို့နားလည်လာတာ။ ချက်ချင်းတံခါးဆွဲဖွင့်တော့ ဝုန်းကနဲ ဗိုလ်ပါတထောင်တပ်စိတ်
ကြီးဝှီးကနဲ ဝင်လာရော..အောင်မငီး..ဂျိုင်းကနဲပြန်ပိတ်..ဘေးကပြူတင်းပေါက်ပြေးကြည့် ခန်းစီးလှပ်မှ
အခြေအနေနားလည်လာ...ဘေးကမမလေး..သော့ကဒ်ဖြုတ်ပြီးအပြင်ထွက်..သော့ကဒ်တပ်ထားမှHotel
တော်တော်များများမီးဖွင့်လို့ရ အဲယားကွန်းကြီးလည်ပတ်နိုင်တာလောက်တော့ ဘယ်လိုပြောရမလဲ..ခလေး
တော့မဟုတ် ခွေးတော့မသိနိုင် လူတော်တော်များများနားလည်သဘောပေါက်ကြမှာပါလေ..။

၃ထောင်တထွာအခန်းကျဉ်းထဲမှာ ဝုန်းကနဲတောက်လာတဲ့ စိတ်တွေကိုမနဲစုစည်းပြီး..နာရီကြည့်တော့ မနက် ၁နာရီကျော်ဘဲရှိသေး။ အိပ်ယာဝင်တော့ ၁၂နာရီထိုးခါနီးပြီ။ ဟော်တယ်ရောက်တာဘဲ ၁၁နာရီကျော်
အော်..ခနဆိုသူပြန်လာမယ်လေ။ အသက်လေးနဲနဲရူကြပ်တာက အပြင်ကခြင်တပ်ကြီးထက်စာရင်တော်ပါ
သေးတယ်..ဆိုပြီး ပက်လက်လေး ရူမှတ် ရူရှိက်လေးလုပ်အုံးမှ😵 အရမ်းအိပ်ချင်နေတဲ့စိတ်😴 မူးနေ တဲ့ခေါင်း😨 ချွေးတောက်တောက်ကျလို့... တကယ်လို့ အာရှမှာ တလလောက်နေပြီးသွားရင် ဒီလောက် မခံရလောက်ပါဘူး။ ခုဟာက တပတ်အတွင်းဆိုတော့ ဂန့်ချင်တာအမှန်ဘဲ...။ ရေချိုးခန်းထဲမှာ ပိုအေး
လောက်တယ်ထင်ပြီး စမ်းတဝါးဝါးနဲ့သွားကြည့်ပိုဆိုး..အခန်းကကျဉ်းတာကိုး...။ ဒီလိုနဲ့ လာမှာပါလေ...
လာမှာပါလေ..နဲ့ တရားလည်းမမှတ်နိုင်၊ နာရီက တနာရီပြီးတနာရီကုန်သွား...ဒီတော့ ဘယ်လိုပြန်ဖြေသိမ့်
လည်းဆိုတော့ ခုနက ငါအေးအေးလေးနဲ့အိပ်ရတာ တနာရီလောက်တောင်ရှိတာဘဲ.. အဲ့လိုစည်းစိမ် လေးကိုမှန်းပြီး စိတ်ဖြေနေ...😌 အပြင်ထွက်ပြီးရင် တံခါးကပြန်ဖွင့်ရမှာမဟုတ်ဘူး..။ ဒီတော့အပြင်ထွက်ဖို့
စိတ်ကိုလျော့..တခြားအခန်း(ခရီးသွားဖော်)ကိုသွားခေါက်ဖို့ဆိုတာ လုံးဝမစဉ်းစားပါ။ ညဆိုတာ လူတွေရဲ့
အိပ်စက်နားယူချိန်၊ သူများရဲ့အချိန်ကို သွားနှောက်ယှက်တယ်ဆိုတာ လူ့ယဉ်ကျေးမူ့ မရှိသူတွေရဲ့စရိုက်ပါ။
ဒီလိုခံယူချက်ထားသူအတွက်....ပက်လက်အိပ်ပြီး တရားမှတ်ဖို့ကလွဲလို့ဘာမှမရှိပါ။ မှန်တာပြောရင်လည်း
ဘာမှတရားမရခဲ့ပါလေ😁😂 ၅ နာရီထိုးခါနီးမှ မမလေးစံနန်းတော်ပြန်ဝင်လာပါတယ်...။ အဲ့ဒီအချိန်မှာ
တော့ တကယ်ဘဲ ငီးငီးနှလုံးသားလေးအေးစက်သွားပါပြီ....(အလဲ့..တယ်ဆိုတဲ့စာပါလား...)

၃-၄နာရီကြာ လေမရှိအခန်းထဲ ပူလောင်မွမ်းကြပ်နေတဲ့အချိန် ကိုယ့်စိတ်ကိုယ်ပြန်ထိန်းချုပ်ရတာ အတော် ခက်ခဲပါတယ်။ ကိုယ့်အတွက်တော့ တကယ်ငရဲခန်းပါလေ...။ ဒါပေမဲ့သူ့ကို တခွန်းမှ ဘာမှမပြောပါဘူး..။
မသိသလိုနေပြီး သူရောက်ပြီးနာရီဝက်လောက်ကြာမှာထ ရေချိုးခန်းထဲဝင်ပါတယ်။ ရေပန်းဖွင့်တော့ မနေနိုင်ပြီလေ...အားပါးတရ..အော်ဟစ်သီချင်းဆိုပေါက်ကွဲပါတယ်..။ သူက ဒီလိုသီချင်းဆိုတာကို ကြားတော့ အတော်ကြောက်သွားတယ်ဆိုပြီး...သူများကိုသွားပြောပါတယ်တဲ့...။😅😆 ဆင်ကိုးစီးစားမကုန်နိုင်သူက ဖင်နာတယ်ခေါင်းနာတယ်နဲ့ ခုဘဲလှဲသေမလိုလို...ဒီလိုနဲ့ဘဲနောက်ထပ် တပတ်ကြာခရီးဆက်နေသေး...။
ဟီးဟီး...လူတွေကခက်တယ်ဗျာ....။ ကိုယ့်အတွက်တော့ လူတယောက်ရဲ့တန်ဖိုးက ရိုးသားမူ့ပါ။ ပွင့်လင်းပါ
ပြောရှာပါတယ်...ညကအန်ချင်လို့ အပြင်ထွက်အန်ပြီး လေကောင်းသွားရူ..ရတာတဲ့.......ဖယားဖာယား..။
ဆက်မပြောတော့ပါဘူးလေ...တခုဘဲ..သင်ခန်းစာရတာက..တကယ်ဘဲကိုယ့်ကြောင့်သူများထိခိုက်သွား
မှာကို မသိနားမလည်ရင်လည်း..ရိုးသားမူ့နဲ့ဘဝကိုတည်ဆောက်ကြပါလေ.....။ ဒီကလည်း... ဟန်ဆောင် လိမ်ညာတတ်သူများကို ဝေးဝေးကရှောင်တတ်လာပါပြီ....။ အကုသိုလ်များပါတယ်လေ။ မယ်ငီးလည်း "ဖီဖာဟို"ဖူးသွားပါပြီလေ..။

ကြားဖူးတဲ့ဗမာစကားတခုက တယောက်ထဲနေရင် အကောင်းဆုံးဆိုလားဘဲ ၂ယောက်ရှိရင် ပြသာနာသိပ် မဟုတ်ပေမဲ့ လူ၃ယောက်ရှိရင်ကို ဟိုစကားဒီပို့ ဒီစကားဟိုပို့နဲ့  တကယ်အမှန်ကြီးပြသာနာရှိတော့ပါဘဲ။
မယ်ငီးတော့ ခလေးမလေးကိုပြောလိုက်ပါတယ်။ ကိုယ်ဟာ Business woman ပါ..လို့..။ 😁😎အထင်မကြီးသေးနဲ့အုံး..စီးပွားရေးလုပ်နေတဲ့ ဘိစနက်ကြီးပြောတာမဟုတ်.. သူများကိစနကြီးကို လုံးဝ စိတ်မဝင်စားတတ်သောသူလို့ရည်ညွှန်းတာ..ဥပမာ...မနီ မောင်ဖြူ သူတို့ကိုခင်ရင် သူတို့ကိုဘဲသိတာ။သူတို့နောက်ကြောင်းရှေ့ကြောင်းစိတ်မဝင်စားပါ။ သူ့အဖေမသိပါ သိစရာမလိုပါလေ..။သူ့ခဗျာကမသိရှာ လေတော့ နောက်တယောက်နားစကားပို့သွားပြောနေသေး ဟေးဟေး..အတော်ရီရတယ်....😂😝😅😆

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage
ဓါတ်ပုံတွေက Chaingmai တောင်ပေါ်ကနေ မြို့ကိုလှမ်းရိုက်ထားတာပါ....



Friday, January 30, 2015

နှင်းတောတိုးဘွတ်ဖိနပ်(snow boot)..

မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့ရက်က နှင်းမုန်တိုင်း အမေရိကားအရှေ့ပိုင်းကိုခဏအလည်လာမယ်ဆိုတော့ လူတွေအုတ်အော်

သောင်းနင်း ဖြစ်လိုက်ကြရတာ..(ဒေါ်မြလေးလေသံအတိုင်းပြောရရင်ဖြင့်)..ပြောကို...မပြောချင်ပါဘူး
ဆိုတဲ့အတိုင်း..ဘဲ..အဟီး..နဲနဲလောက် ပြောပါရစေ..အာလူးလာပေးရအုံးမယ်လေ..

အလုပ်ပြီးတော့ အပြင်ထွက်လိုက်ရင် နှင်းပုံကြီးက ငွားငွားစွင့်စွင့်
ကျမတော့ ၃ခါတိတိကြုံဖူးသွားပြီ။ ဒီလိုဘဲ လေပြင်းမုန်တိုင်း ၂ခါ နှင်းမုန်တိုင်း ၁ခါပေါ့..။ နယူးယောက်မြို့ကို
အသွားအလာပိတ်။ နယူးဂျာစီ ဖက်ကနေ နယူးယောက်ကိုသွားတဲ့ ကား၊ရထားလမ်းတွေပိတ်ချလိုက်တယ်။ လူတွေကို လမ်းပေါ်မထွက်ကြဖို့ ဆော်သြော။ ယာယီကယ်ဆယ်ရေးစခန်းတွေဘာတွေဖွင့် ။ ရေနဲ့စား
သောက်စရာတွေဝယ်လှောင်ဖို့ပြောကြနဲ့။ တလောကလုံးကို ယောက်ယက်ခတ်လို့၊ကုန်စုံဆိုင်အရောင်း
ဆိုင်မှာ ကြိတ်ကြိတ်တိုး ရေတွေဝယ်လိုက်ကြရတာ..ဟွင့် ^_^ပြောကိုး.....မပြောချင်ပေါင်...တော်..
(ကိုယ်တို့နေတဲ့နေရာနဲ့ နယူးယောက်ကလည်း ရန်ကုန်နဲ့ ဒလ လိုဆိုပါတော့ မြစ်ချောင်းလေးတခုခြားနေ
တာပါ။ အိမ်ကလည်း အဲ့..မြစ်ချောင်းထိပ် မရောက်တရောက်နေရာဆိုပါတော့)

အီဖေငယ်..မယ်ငီး..ကံမကောင်းချက်ကလည်း အဲ့ဒီ တနင်္လာနဲ့ အင်္ဂါ ၂ရက်လုံးအလုပ်ကမပိတ်ဘူးလေ။

တနင်္လာနေ့ အလုပ်ဝင်တော့ မနက် ၉နာရီ။ လူမရှိလောက်ဘူးမှတ်တာ..။ လားလား..ဆိုင်ရှေ့မှာဈေးဝယ်
သူများ ၇ယောက်လောက်တွေ့ခဲ့တယ်။ စောင့်နေကြတာလေ။ကိုယ်တို့က နဲနဲစောရောက်ရသကိုး..။ဆိုင်က
၉နာရီမှဖွင့်တာပါ။ တံခါးလည်းဖွင့်လိုက်ရော ကသောကမျောပြေးဝင်လာပြီး နှင်းကာဘောင်းဘီ၊ နှင်းကာ
ဘွတ်ဖိနပ်၊ မိုးရေစိုခံ ဘွတ်ဖိနပ်တွေ တွေ့သမျှ ဆွဲကြတာပါဘဲဆရာရေ့။ ခလေးဖိနပ်တွေထဲမှာ boy girl
ခွဲထားသေးတာကို..ပစ္စည်းတွေကလည်း သိပ်များများမကျန်တော့ပါဘူး။အဲ့ဒါ ဘာဘဲဖြစ်ဖြစ် လိုချင်တဲ့ ဆိုက်
ရရင်ပြီးရောဆိုပြီး ယူကြတယ်။ လူကြီးထဲမှာလည်းယောက်ကျား မိန်းမ မခွဲတော့ဘူး။ ရရာကို လုဝယ်ကြ တယ်။ အချင်းချင်း လုပြီး ရန်တွေဖြစ်လို့၊ လူကြီးတယောက်ကဆို သူက ဆိုက် ၉.၅ တဲ့။ နောက်ဆုံးကျန်
တရံလေးက ဆိုက် ၁၂..အဲ့ဒါကို ခြေအိပ်ထူထူနဲ့ဆိုတော်ပါတယ်..ဆိုပြီးယူသွားလေရဲ့။ အပြင်ကလည်းနှင်း
တွေကျနေပြီလေ။ အော်..ရေငတ်မှ ရေတွင်းတူးကြတယ်ဆိုတာ..ဒါတွေပါဘဲ..။ မနက် ၁ဝနာရီမထိုးသေး
ဘူး snow boot နဲ့တကွ နှင်းကာ အဝတ်အစား အထူးသဖြင့် ခလေးအင်္ကျီအားလုံး အနိစ္စသဘောနဲ့
ပြောင်သလင်းခါ ရောင်းချစရာမကျန်တော့ပါ။
နှင်းတောတိုးဘွတ်ဖိနပ်တွေ..
နောက်ပိုင်းလာတဲ့လူတွေကို ဘာမှမရှိတော့ဘူး လို့ပြောတာကို မယုံဘူးတဲ့။ လူကိုရန်လုပ်သွားပါတယ်ဆို..။
တော်တော်များများက ဒီမှာ မရှိရင် ဘယ်နားဝယ်ရမှလဲဟင်..တဲ့။ ကိုယ်လည်းမသိ။ ကိုယ်တို့နယူးဂျာစီဖက် ကဆို Garden state plaza ရော နေရာတော်တော်များများကညနေ ၃နာရီ နဲ့ ၅နာရီကြားထဲမှာဘဲ အားလုံး ပိတ်လိုက်တယ်လေ။ အီဖေကိုယ်တို့ဆိုင်ကတော့ ပိတ်ဘူးတဲ့။ ဘာဘဲဖြစ်နေ ဆိုင်ပိတ်ရခြင်းဆိုတဲ့ သမိုင်း
ကြောင်းတောင်မရှိခဲ့ဖူးဘူး ဆိုဘဲ..။ (အော်..သူတို့တွေ..ကျုပ်တို့အလုပ်သမားတွေတော့ တီဗီရှေ့ပြေးပြေး
မော့နေရတယ်လေ ရာသီဥတု update သတင်းတွေကိုပေါ့)။

snow boot ဆိုလို့ပြောရအုံးမယ်။ သိလား..မယ်ငီးတို့က Boot ဆိုတာဘွတ်ဖိနပ်လောက်ဘဲသိတာလေ။
သူ့မှာလည်း အမျိုးမျိုးပါဘဲ။ ဒီအတိုင်းအလှဝတ်တာ နှင်းစိုခံတာ မိုးရေထဲသွားဖို့..ဒီလိုမျိုးအမယ်ပေါင်းစုံက
လည်းရှိသေးဗျား..။ သူ့နေရာနဲ့နဲ့သူ မဝတ်တ်မစားတတ်ရင်လည်း ပြောစရာစကားတွေအများကြီးရှိလာရ
တာပေါ့။ ဘွတ်ကြီးရောင်းစရာမကျန်တော့ အပြင်ကပတ်စရာအကာကောရှိလားတဲ့။ အဟဲ..မှန်တာပြော
မယ်ငီးများ မြင်တောင်မမြင်ဖူးပါဘူး။ မေးခံရလွန်းလို့နောက်မှ google တန်ခိုးနဲ့ရှာကြည့်လိုက်တော့..
ဒီလိုပုံစံလေးပေါ့။ နောက်ဆုံးမရရင် ရတာလေးလိုချင်ကြတာ သဘာဝကျပါတယ်လေ။ ဒါပေမဲ့ ဘယ်နေရာ
ရောင်းမှန်းမယ်ငီးမသိတာက အပြစ်ကြီးတခုလိုဖြစ်နေတာ။ သူတို့ စိတ်တွေတိုနေကြတာ။ ဒီကလည်း
ပြောလိုက်ပါတယ်။ ရှင်တို့ စမတ်ဖုံးထဲမှာ google လုပ်ပြီးရှာပါ့လား..လို့..နော့်..။ သိပ်ဗြိန်းတာဘဲ..မြို့ကြီး
သားတွေလုပ်နေပြီး။ ကိုယ်တို့တောသားတွေတောင်သိတယ်။ ဘာဘဲလိုလို google လိုက်တာဘဲ။

နှင်းထုကြီးက ၃ပေအထိကျမယ်တို့ဘာတို့ဖြစ်နေတော့လည်း လူတွေစိုးရိမ်ကြတာပေါ့လေ။ ဒါပေမဲ့တကယ်
တမ်းကျတော့ ကိုယ်တို့ဖက်မှာ တပေတောင်မရှိလောက်ပါဘူး။ တချို့နေရာတွေမှာတော့ ၃ပေရောက်ပါ တယ်။ မိုးလေဝါသသတင်းဌာနက ပြည်သူတွေကို ပြန်တောင်းပန်တယ်တဲ့။ သတင်းက နဲနဲပိုသွားလို့လေ။
အဟဲ..ကိုယ်တို့ဆီကနဲ့တော့ ဆိုပြီးမနိုင်းယှဉ်လိုက်ပါနဲ့။ မယ်ငီးသူငယ်ချင်းတယောက် ဘုတ်အုပ်ကြီးမှာ
ရေးထားတာဖတ်မိတယ်။ရွှေပြည်ကြီးမှာ နေတဲ့သူတွေက(သူအပါအဝင်ပေါ့လေ) အပြင်ဖက်ရောက်လာကြ
တဲ့လူတွေပြောလေ့ရှိတဲ့ ပြောနေကြတဲ့စကားတခုရှိပါတယ်တဲ့။ (သူ့စာထဲမှာရေးထားတာပါ) ဟိုဖက်က

ဆိုရင်လေ..ဟိုဖက်မှာတော့..ဆိုပြီး တခြားတိုင်းပြည်ကို အားကျအထင်ကြီးစွာ ခံယူနေတဲ့ သူတွေကို သိပ်
ရီချင်တယ်တဲ့။ ရွှေပြည်ကြီးမှာလည်း ကောင်းမွန်တဲ့ဓလေ့ထုံးစံ ယဉ်ကျေးမူ့တွေရှိနေပါတယ်။ မလိုက်နာ

မကျင့်သုံးကြလို့ပါတဲ့။ ထားလိုက်ပါတော့လေ။ကျမတော့ လူတွေ ၂မျိုးကွဲနေတယ်လို့မြင်တယ်။ အပြင်
ရောက်နေတဲ့လူတွေကို ရွှေပြည်မှာနေတဲ့လူတွေက အပြစ်မြင်သလို၊ အပြင်ကလူတွေလည်း အထဲက လူ
တွေကို အမြင်တမျိုးရှိနေတတ်ပါတယ်။
အိမ်ရှေ့မနက်တံခါးဖွင့်ကြည့်တော့လည်း ပါးပါးလေးပါ
မနှစ်ကဆို ဒီ့ထက် ၃ဆလောက်ရှိတာ

နှင်းခြစ်တဲ့ကားလည်းတစီးထဲ
လမ်းမတန်းတွေမှာဆို နှင်းခြစ်တဲ့ကားက၄စီးလောက်တန်းစီပြီးခြစ်ကြတာ

အဲ..ဘွတ်ဖိနပ်ကနေ..ဘယ်ရောက်သွားပြန်ပြီကြောင်း...။ ကဲ..ပြန်လာခဲ့..ဘွတ်ဖိနပ်လေးရေ့.. @_@
အော်..ဖုံးကလည်းတဂွမ်ဂွမ်မြည်ပါတယ်။ တချိန်လုံးဖြေနေရတာက ဆိုင်ပိတ်ပါသလားရှင်!! တဲ့။ နောက်တ ခုကအဖိုးကြီးတယောက်ပါ.တော်တော် အသက်ကြီးတဲ့ပုံလို့ထင်ရတယ်။ အသံတုန်တုန်လေးနဲ့။ လွန်ခဲ့တဲ့
၎ လလောက်က ဘွတ်ဖိနပ်တရံဝယ်သွားတာ အခု ရှေ့ဖက်က ကွဲလာလို့။ ပြန်လာလှဲရင် ရပါမလား..တဲ့။
ငါ့ကိုကူညီပါ..လို့ပြောနေတုံးမှာဘဲ..သူ့နောက်ကဆူဆူညံညံနဲ့အော်သံကြားရတယ်။ အမျိုးသမီးတယောက်
စူးစူးဝါးဝါးအော်ပြီး... ဖုံးကိုချခိုင်းတယ်။ သူ့မိန်းမဖြစ်ပုံရတယ်။သူကဆက်ပြီးပြောနေသေးတာ..နောက်တော့
ဟိုကဖုံးကိုနှိပ်ချလိုက်တယ်နဲ့တူတယ်။ အဟဲ...ကျမအဖွားကို ပြန်သတိရတယ်။ တောင်ကြီးက အင်းသား အဖွားပါ။ သူနဲ့ဈေးသွားရင်သိပ်ရီရတာဘဲ။ နဲနဲသူငယ်ပြန်ချင်နေတာလေအင်းမုန့်ဟင်းခါးတပွဲဘယ်လောက်

လဲတဲ့။ ဟိုက တပွဲတစ်ကျပ်လို့ပြောတာ ၂ပွဲစားမယ် ၁ကျပ်ခွဲထား..တဲ့..။ ဟီးဟီး....ခလေးဖြစ်ပေမဲ့ ကျမ
ရှက်လိုက်တာ..အဖွားကိုအတင်းအိမ်ပြန်ဆွဲခေါ်လာခဲ့တယ်။ နောက်အဖွားနဲ့ဈေးမလိုက်သွားတော့ဘူး..။

ကဲ..ဒီမှာနှင်းတွေလည်းခုထိကျနေတုံးပါ။ ခပ်ပါးပါးလေးပါ။ ချမ်းနေပါသေးတယ်။ ခုတလော နှာစေးလွန်း
လို့ဆေးသောက်တော့ ခေါင်းကသိပ်မကြည်ချင်ဘူး..။ တောရောက်တောင်ရောက် ဘာမှန်းကိုမသိတဲ့ စာ
တပုဒ်တော့ရေးမိပြန်ပြီ.. :P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Thursday, December 25, 2014

ကြုံဖူးခဲ့တဲ့ customer တွေရဲ့အကြောင်း ၂

မင်္ဂလာပါရှင်~~~
ထိုင်းမှာနေခဲ့ဖူးပေမဲ့ ထိုင်းရဲ့ပညာရေးစနစ် သေသေချာချာမသိခဲ့တာကတော့ အမှန်ပါဘဲရှင်။ အလုပ်လုပ်စဉ် ကာလတလျောက်မှာတော့ အလုပ်ခွင်ထဲ ထရိန်းနင်သဘောမျိုးနဲ့ တက္ကသိုလ် ကောလိပ်ကျောင်းသူကျောင်း
သားတွေအုပ်စုလိုက် ၂ပတ်ကနေ တခါတလေလည်း၂လနီးပါးလောက် အလုပ်ဆင်းကြတာတော့ မြင်တွေ့
ခဲ့ရပါတယ်။ အဟဲ..အဲဒီအချိန်မှာ အီကိုယ်တို့က ဆြာမကြီးဝင်လုပ်ရတယ်လေ။ သူတို့တွေနဲ့စကားပြောဖြစ်
ပြီး ခင်မင်သွားကြတယ် ဆိုပါတော့။ ပိတ်ရက်ဆို သူတို့အိမ်ကို အလည်ခေါ်တာပေါ့။ ဒီကလည်းလမ်းကြော
ရှည်တယ်ရှင့်။ ခါးထောင်းကျိုက်ခါ ဆိုက်ဆိုက်ပါအောင်လိုက်ပါတယ်လေ..း)))

သူတို့အိမ်သားဆွေမျိုးသားချင်းတွေမကျန် အသိအကျွမ်းတွေဖြစ်လို့ တချို့ကလည် တောသူဋ္ဌေးဆိုပါတော့။
ဒီလိုနဲ့ မယ်ငီးလည်း ကျောက်တွေရောင်းချစရာနေရာတိုးလာတာပါ..။ အဲဒီအထဲမှာ အမဲသားလုံးစက်ရုံပိုင်
ရှင်၊ longan fruit{(ရှမ်းလို မာ့ခ်လမ်းယိုင်း) ထိုင်းတွေလည်း လမ်းယိုင်းဘဲခေါ်ပါတယ်} ခြံပိုင်ရှင်၊ အထည် ချုပ်( ကိုယ်တို့ဆီက သိမ်ကြီးဈေးအထည်တွေလိုလေ တောအကြိုက်ချုပ်ပြီး ဈေးထဲပြန်သွင်းတာ) ပန်းတိမ်
ဆရာ ဒီလိုမိသားစုတွေကကနေ ပေါက်ဖွားလာတဲ့ ကောလိပ်ကျောင်းသူလေးတသိုက်နဲ့တော်တော်ခင်မင်
မိပါတယ်။ နောက်တော့လည်း သူတို့မိသားစုတွေက ကိုယ်ရဲ့ ဖေါက်သည်ကြီးဖြစ်လို့ပေါ့..။

ကျိုင်းတုံမှာတော့ အမဲသားလုံးခေါက်ဆွဲဆိုင်တွေဆိုရင် ကိုယ့်ဖာသာကိုယ်ဘဲ အမဲသားလုံးလုပ်ကြတာပါ။
ထိုင်းမှာတော့ အသင့်လုပ်ထားတဲ့အထုတ် ကွာလတီအဆင့်အတန်းရွှေးပြီး ဝယ်ယုံပါဘဲ။ အကြောအရွှတ်
တွေချည်းနဲ့လည်းရတယ်လေ။ အသားချည်းချည်းဘဲဆိုရင် ဂွတ်ရှယ်ပါ့။ နောက်တော့မှ ဂျုံရာခိုင်နူန်းအရော
များများတွေက ရာဘာပြားဝါးရသလိုပေါ့လေ။ ဈေးလည်းအတော်ချိုတာပေါ့။ ထိုင်းမှာက အမဲသားလုံးကြော်
တွေ ကွေ့သယိုခေါက်ဆွဲဆိုင်တွေပေါသကိုး..။တချို့ဆိုင်က အမဲသားလုံးများလက်သီးဆုပ်လောက်ကိုကြီး ပါတယ်။ သံလုံးတွေနဲ့ အမဲသားလုံးရိုက်တဲ့ ပုံစံနဲ့ဘဲမြင်ခဲ့ဖူးတဲ့ ကျိုင်းတုံတောသားကတော့ စက်ကြီးတွေ
ဂျုံးဂျုံးဂျက်ဂျက်နဲ့ နောက်ဆုံးအလုံးလေးတွေ ပလပ်စတိတ်ထဲရောက်တဲ့အထိ အဆင့်ဆင့်လုပ်နေကြတာကို ပါးစပ်လေး ဟောင်းလောင်းဟလို့ငေးမော အံသြကြည့်လာခဲ့တာပေါ့။ (အဲ့..အချိန်ခါကလည်း ဒါတ်ပုံရိုက်

ခြင်းရောဂါသိပ်မထသေးလို့ နော့..နို့မို့ရင် ဒီအချိန်ပြခွင့်ရပြီး..ဟင်းဟင်း)
ကျိုင်းတုံဈေးထဲကအမဲသားလုံးကိုသံလုံးနဲ့ရိုက်နေတဲ့ပုံ
နဲ့အသားကိုရေနွေးပွက်ထဲထည့်နေတဲ့ပုံ..
စကားမစပ် ပြောရရင် ထိုင်းတွေကျိုင်းတုံရောက်ရင် မလုပ်မဖြစ်တဲ့ အရာတခုက ကျိုင်းတုံအမဲသားလုံး
ခေါက်ဆွဲ စားကိုစားကြတယ်။ လတ်လတ်ဆတ်ဆတ်အသားနဲ့ ဆိုင်ရှေ့မှာဘဲ သံလုံးတွေနဲ့ရိုက်ပြီး အမဲသား လုံးတာလေ။ သူတို့တွေဆီမှာက ဒါမျိုးတွေ မရှိတော့ဘူးလေ။လောလောဆယ် ကျမတို့ဆီက ရှေးရိုးအတိုင်း သွားလာစားသောက်နေတာကိုက ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်တဲ့ အရာတခုဖြစ်နေတယ်လေ။ ကျမသူငယ်ချင်းမလေး အမဲလုံးစက်ရုံပိုင်ရှင် သမီးလေးတော့ အမဲလုံး လုံးဝမစားပါဘူးတဲ့..။နေ့တိုင်းမြင်ပြီး
အနံ့ရူနေရလို့ သေချင်စော်နံ့နေပါသတဲ့...။ အဟဲ...သွားတိုင်းကျွေးယုံတင်မကဘူး။ အိမ်အပြန်တောင်အ ထုပ်လေးနဲ့ပေးလိုက်လေရဲ့... ။


နောက်တယောက်ကတော့ မာလမ်းယိုင်း..(ဗမာလိုအခေါ်မသိဘူး..တချို့ကတော့ ကနစိုသီးဆိုလားဘဲ)
ခြံ..သူ့ခြံတွေကအများကြီး လမ်းပန်းဖက်မှာလည်းရှိတယ်။ ခြံအကျယ်ကြီး တမျော်ခေါ်ပါဘဲ။ သူတို့ခြံကို
အတင်းခေါ်တယ်။ ပြီးလမ်းပန်းဖက်ကခြံတွေလည်းရောက်သွားတယ်။ အသီးသီးချိန်ဆိုရင် အပြန် ပစ်ကပ် ကားအနောက်ဖက်မှာအပြည့်ချိုင်ထည့်လာတာ..ကိုယ်ကတော့မသိဘူး။ အိမ်ရှေ့ရောက်တော့ အတင်းဘဲ
အားလုံးချထားခဲ့လိုက်တယ်..မှတ်ကရောဘဲ..တရွှာလုံးကူစားရမဲ့ပုံ..။ ကိုယ့်ကို ပစ္စည်းကြည့်ချင်လို့ဆိုပြီး ညှာခေါ်တာလေ..။ စိန်သေးသေးလေး ကျောက်စိမ်းသေးသေးလေးတလုံးလောက်ဝယ်ပြီး မနက်မိုးလင်း ကနေမိုးချုပ် တနေကုန် သူတို့လိုက်ပြတဲ့နေရာတွေကို လှည့်ပတ်ကြည့်ရူခဲ့တာပေါ့။ အင်း..သူတို့က မယ်ငီး
တောသားကို ခင်ကြတာလေ..ဒီကလည်း အဖိုးက ယွန်းရှမ်းဆိုတဲ့ ပုံပြင်ပြောပြတော့ အမျိုးတွေဆိုဘဲ.. သူတို့ကယွန်းတွေလေ..။ ရှိသမျှ ဆွေ ၇ ဆက်မျိုး ၇ဆက်နဲ့ကို မိတ်ဆက်ပေးတော့တာဘဲ..။အဲတုံးကတော့
ထိုင်းမြောက်ပိုင်းလန်းနားစကား (ခွမ်းမိန်း) ကိုတော်တော်ပြောနိုင်ခဲ့သေးတယ်။ အဲဒီစကားနဲ့ သူတို့ကိုပြော
ရင်အရမ်းသဘောကျတာဘဲ။ သူတို့ထဲကတယောက်က မွေးနေ့တဲ့ ပါလာတဲ့ ကျောက်စိမ်းသေးသေးတလုံး ကို ကဲ..မွေးနေ့လက်ဆောင်လို့ပေးလိုက်တော့ ဘယ်ပြောကောင်းမလဲ..မယ်ငီး စူပါစတားကြီးဖြစ်လို့ မွေး
နေ့တိုင်း မင်္ဂလာဆောင် အိမ်သစ်တက် အားလုံးအမြဲလာလာဖိတ်နေလို့ မနဲလှည့်ပတ်ပြေးခဲ့ရဖူးသေးတယ်
လေ။ အဟီး...။

အထည်ချုပ်တဲ့အိမ်ကတော့ အထည်တွေတောင်ပုံရာပုံ..။ဆယ်ထည်ဈေးချုပ်တာပေါ့..။အကြမ်းထည်တွေပါ။
တအိမ်လုံးလုပ်ရတယ်။ ကြက်သီးတပ် ချည်စဖြတ် အထည်ခေါက်နဲ့ တအိမ်လုံး ပွထနေတာမယ်ငီးနှာခေါင်း
ရောဂါကလည်း ဟပ်ချိုးတာပေါ့...အိမ်ထဲစဝင်တာနဲ့ ဟပ်ဟပ်ကနေ...ချိုးလို့အသံဟိန်းကနဲထွက်ရတာဘဲ..။
သူတို့ကြည့်ချင်တဲ့ပစ္စည်းတောင် သိပ်မထုတ်ပြနိုင်ဘူး..အသက်ရူရခက်နေလို့ အပြင်ထွက်ပြီး အသက်ပြန်ရူ
နေရတာ..။ နှာရောဂါလေ..အမူန့်အမွှားတွေနဲ့တွေ့လို့တော့ မယ်ငီးရုပ်ပျက်တာဘဲ..ဟွန့် :((

ဒီတယောက်ရဲ့ အဖွားကတော့ ထိုင်းလမ်..လို့ခေါ်တဲ့ ရှမ်းနက်လူမျိုးတဲ့..။ တချို့အသုံးအနူန်းတွေက ကျိုင်းတုံ
ဂုံရှမ်းနဲ့တော်တော်ဆင်တယ်။ ဥပမာ ဖိနပ်ကို လန်းနားရှမ်းတွေက ကေအ(အ်) လို့ခေါ်ပေမဲ့ သူတို့က ကိုယ်တို့လို ခတ်(ပ်)တင်း..တဲ့။ သူတို့က ပန်းတိမ်ဖိုအလုပ် နဲ့ လန်းနားအစားအစာတွေကို ချက်ပြုတ်ပြီး
ဈေးမှာရောင်းတာပါ။ ဒီမှာလည်း စကားမစပ်ပြောချင်ပါသေးတယ်(အဟီး..ခဏခဏ စကားစပ်နေတာဘဲ
နော်..) ရွှေထည် ငွေထည် အဲဒီအကြောင်း ရေးထားတဲ့ စာအုပ်တခုမှာ (စာရေးသူက အနောက်နိုင်ငံသား ပါ) ရွှေထည်တွေကိုအနုစိပ် လက်ရာမြောက်စွာစတင်လုပ်ကိုင်တာက ယွန်းရှမ်းလူမျိုးလို့ဆိုပါတယ်။ ယွန်း ထည်လည်း သူတို့ဘဲလုပ်ခဲ့တာလေ။ ဗမာမင်းတွေ ထိုင်းကိုသိမ်းပြီး ပညာရှင်တွေ ဖမ်းခေါ်သွားတော့ယွန်း
ထည်ပညာလည်း ပါသွားပြီး မြန်မာပြည်မှာ ယွန်းတွေလုပ်တဲ့ ပစ္စည်းမို့ ယွန်းထည်လို့ ခေါ်တယ်လို့သိခဲ့တာ
ဘဲ။ ထိုင်းတွေကျတော့ "ခလိမ့်ခင်"เครื่องเขิน Kherụ̄̀xngk̄hein လို့ခေါ်ကြပါတယ်။ "ခင်" ဆိုတာ ဂုံရှမ်း
ကိုဆိုလိုတာပါ။ ရှမ်းမျိုးနွယ်ဆိုတာကလည်း တရုတ်ယူနန်ပြည်နယ်မှာ ဖြစ်ဖျားခံပြီး ဆင်းသက်လာကြတော့
တရုတ်ပြည်က ယွန်းထည်တွေကို အဲ ရှမ်းတွေကဘဲ စတင်လုပ်ခဲ့သလားဆိုတာကိုတော့ မယ်ငီးလည်း မသိသေးပါဘူးလေ။ ထပ်လေ့လာကြည့်ုရပါအုံးမယ်။ ရှေးအကျဆုံးယွန်းထည်တွေကတော့ တရုတ်ပြည် မှာလုပ်ခဲ့တာပါ။ အော်..ဟိုစာအုပ်ကတော့ တခါက မယ်ငီးပိုင်ဆိုင်ခဲ့ဖူးတာပေါ့။ ဟိုပြောင်းဒီရွှေ့နဲ့ ဘယ်
ရောက်လို့ ဘယ်ပျောက်သွားခဲ့မှန်းတောင်မသိတော့ဘူး..။

သွားလည်ပြီး အဝတီး စီးပွားရေးဈေးကွက်ဖွင့်ခဲ့တဲ့နေရာတွေထဲမှာတော့ အဲဒီနောက်ဆုံးက ပန်းတိမ်ဖိုအိမ်
ကအမိုက်ဆုံးပေါ့..။သူတို့ဝယ်မဝယ်လည်း မယ်ငီး စိတ်မပူဘူး..သူများတွေချက်ပြုတ်တာတချက်ကြည့်လိုက်
ပန်းတိမ်ဆရာတွေနဲ့ လေပေးလိုက်။ ချပေးတာတွေစားလိုက်နဲ့ အရမ်းပျော်ခဲ့တာဘဲ...။

ပျော်ရွှင်စရာ ခရစ်စမတ်ကာလများဖြစ်ပါစေနော်...
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
(တခါတုံးက ကျိုင်းတုံအမဲလုံးခေါက်ဆွဲအကြောင်းရေးဖူးပါသေးတယ်။ ဒီနေရာမှာ ဖတ်နိုင်ပါတယ်ရှင်)

Saturday, December 20, 2014

ကြုံဖူးခဲ့တဲ့customer တွေရဲ့အကြောင်း

မင်္ဂလာပါရှင်~~~
အလုပ်လုပ်ဖူးခဲ့တဲ့ကာလသက်တမ်းတွေကိုပြန်တွေးပြီးတွက်ကြည့်လိုက်တော့ ဈေးရောင်းသူအဖြစ်က
ပိုများနေတာကိုး...။ ပုံမှန်က လူအများစုဝေးနေကြတဲ့နေရာတွေ ဘာတွေဆိုရင် ရှောင်တယ်။ လူတော
သိပ်မတိုးဘူးဆိုပါတော့။ ဒါပေမဲ့လည်း ကျင်လည်ခဲ့ဖူးတဲ့ဘဝတလျောက်မှာလည်း ဈေးသည်ကြီး ကိုဆန်နီ
ဇာတ်ကခဲ့ရတာချည်းပါဘဲ။ဈေးသည်ကြီးမဆန်နီဖြစ်ခဲ့တုံးက အကြောင်းလေးဖေါက်သည်ချအုံးမှ၊ဈေးသည်
အပြင် စာကျက်ဝိုင်းဆရာမရော ဂိုက်Guide လိုက်တာရော ဆွယ်တာထိုးတာတောင်ပါလိုက်သေးး)))
လူအများနဲ့တွေ့ထိဆက်ဆံရတာ တခါတလေလည်း သူတို့ဆီက သင်ယူမှတ်သားစရာလေးတွေ ရလာ တတ်ပါတယ်။ ယူတတ်ရင်လည်း သင်ခန်းစာတွေပေါ့လေ..။


ကျိုင်းမယ်မှာရတနာအရောင်း စာရေးမ ဘဝကတည်းက လမ်းရှောက်စိန်ပွဲစားတွေဘာတွေနဲ့ပိုက်ဆံရှာ ခဲ့ဖူးပါသေးတယ်လေ။အလုပ်ပိတ်ရက်မှာမိတ်ဆွေတယောက်ရဲ့စိန်ဆိုင်က စိန်အကြွေတွေကိုယူတယ်။
နေ့ချင်းပြန်ပေးရတယ်။ သူကမန်နေဂျာလေ။ စိန်ထုပ်လေးခါးကြားညှပ်လို့ ဘတ်စ်ကားနဲ့ အသိမိတ်ဆွေ ထိုင်းသူဋ္ဌေးမတွေ (များသောအားဖြင့် လူတွေက စိန်လို့ဘဲသိထားတာ ဘယ်လိုဝယ်ရမှန်းမသိကြပါဘူး)
လည်လည်ထွက်လို့ လည့်ပတ်ရောင်းပါတယ်။ သူတို့နဲ့ခင်နေတော့  ကိုယ်က ရတနာအကြောင်းတွေ
ပြောပြရင် ပါးစပ်လေးဟောင်းလောင်းနဲ့နားထောင်ပြီး မီးမီးရယ်..မင်းဘဲ..ငါတို့ကို ဝယ်ပေးပါနော်..တဲ့။

ဒီတော့ ပိတ်ရက်တွေမှာ ကိုယ်လည်းတရက်ကိုထောင် ဂဏန်းလောက် တခါတလေလည်းရာဂဏန်း
လောက်ဘဲ အမြတ်ယူတာပါ။ သူတို့ဆီတနေကုန်သွားလည်။ စားသောက်ရောင်းချပြီး ညနေစိန်ဆိုင်

ပြန်သွားပိုက်ဆံပြန်ပေးနဲ့ တော်တော်ဟုတ်ခဲ့တာဘဲလေ။ လွန်လေပြီးသော ၃ဝနှစ်ပတ်ဝန်းကျင်ကဆို
တဦးကိုတဦးယုံကြည်စိတ်ချလို့ရနိုင်တယ်။ ခုတော့ ဘယ်..ဒီလိုလုပ်လို့ရတော့မလဲနော့်..တကယ့်ကို
ဘတ်ပြီး စားသွားကြမှာဘဲ။ ခေတ်ပြောင်းသွားလို့ လူပြောင်းသွားကြတာလား။ အခြေခံစိတ်ဓါတ်တွေ
ယိုယွင်းလာတာကတော့ အမှန်ပါဘဲ..။ ထားပါလေ..ဒါကလည်း တပိုင်းပေါ့..။


အဲဒီထဲမှာ ခေါက်ဆွဲဆိုင်နဲ့ကျောက်ဆိုင် ၂ခုတွဲဖွင့်ထားတဲ့ ထိုင်းအမျိုးသမီးတယောက်နဲ့တော်ခင်ခဲ့တယ်။
သူက ခေတ်မှီမှီ ပြင်ဆင်ဝတ်စားတတ်တယ်။ သူဆိုအမြဲပြောပြတတ်တယ်။ ဘန်ကောက်က အထက်တန်း လွှာတွေဆိုရင် ဘယ်လိုဝတ်စားတတ်တယ်။ သူတို့ ကျိုင်းမယ်ကိုလာလည်ရင် ကျိုင်းမယ်က ခေါက်ဆွဲ(ကျမ
တို့အုန်းနို့ခေါက်ဆွဲနဲ့တူတယ်လေ ပဲမူန့်မထည့်တာဘဲကွာပါတယ်)စားဖြစ်အောင်စားကြတယ်။ နောက်တခု
ကတော့ ခနုမ်ဆိမ့်နမ့်နိုအို့ဝ် လို့အသံထွက်ခေါ်မလားဘဲ။ ကျိုင်းတုံမုန့်တီလိုပါဘဲ ဒါပေမဲ့ မုန့်ဟင်းခါးဖတ်နဲ့
စားရတာလေ။ အဲ..၂ခုစားပြီး မြို့လည်က 3 Kings Monument King Mengrai (the founder of Chiang Mai) and his two friends, King Ramkamhaeng of Sukothai and King Ngam Muang of Payao.ရုပ်ထုကိုသွားရှိခိုးအရိုအသေပြုကတယ်။ သူ့အိမ်က အဲ့နားလေးမှာ..ဒီတော့ ကျိုင်းမယ်မုန့်တီ ခနုမ်
ဆိမ့်ဆိုင်ဖွင့် မြန်မာနယ်စပ်ကနေတိုက်ရိုက်ယူလာပါတယ်ဆိုပြီး သိပ်အကောင်းကြီးမဟုတ်တဲ့ ရတနာ
ကျောက်စိမ်းတွေကိုပါ ကောင်တာလေးတခုဖွင့်ပြီးရောင်းပါတယ်။ ဘန်ကောက်က မမတွေလည်း အရမ်း
အားပေးကြတယ်လေ။ သူက တကယ့်ကိုစီးပွားဖြစ်လို့။

အရမ်းကြီးချမ်းသာနေတဲ့လူတွေဟာ လက်ဝတ် ရတနာပြိုးပြိုးပြက်ပြက်နဲ့ လူတကာမြင်အောင် မပြတတ်
ကြပါဘူးတဲ့။ အပေါစားရတနာလေးတွေကိုတော့ သူတို့က ဝယ်တတ်ကြတယ် နေ့တိုင်းဝတ်ကြတယ်တဲ့..။
လူလည်ခေါင်မှာ အတုံးလိုက် လည်ပင်းမှာ ဆင်ချီ တဲ့ ကြိုးလိုပတ်လာတာတွေ့ရင် မှတ်ထား။ ဒင်းတို့က မရှိဘဲ ချေးဌားဝတ်ဆင် ကြွားတတ်တဲ့လူတန်းစား..ဆိုဘဲ...သူ့အဆိုအမိန့်အမိန့်ပါလေ.. :P ရတနာကို လှ
အောင်ဝတ်ဆင်ဖို့လိုတယ် အင်္ကျီအဝတ်အစားလည်း ကိုယ်နဲ့လိုက်အောင်ဆင်တတ်ဖို့လို တယ်..ဈေးကြီး တိုင်းလှတာမဟုတ်ဘူး..တဲ့..။ တောသား မယ်ငီးကိုသင် ကြားပေးခဲ့တာလေ..။ တနင်္ဂနွေနေ့ဆို သူ့ဆိုင်မှာ
ဈေးတောင်ကူရောင်းပေးခဲ့ရသေးတယ်။ ဘန်ကောက်က အမျိုးသမီးအုပ်စုတွေကိုကြည့်ပြီး သူတို့ကိုတကယ်
သနားတယ်။ ဆံပင်ကို ဘီဟိုက်ခေါ်မလားဘဲ ပျားအုံလိုလိုဌက်သိုက်လိုလို ဖေါင်းဖေါင်းကြီးပြင်ထားတတ်
ကြတယ်။ ခပ်ငယ်ငယ်လေးဆိုရင်လည်း ဆံပင်ထိပ်ကအမောက်ကြီး၂ခုထောင်လို့ပေါ့...။ ဟီး..အိပ်ယာ
ကထပြီး အိပ်ကနေထွက်ဖို့အတော်အချိန်ယူကြရမဲ့ပုံ..။သူများတွေကိုသိပ်ဂရုစိုက်တဲ့သူဟာ ကိုယ့်ကိုယ်
ကို ပိုပြီးပြင်ဆင်တတ်ကြတယ်ဆိုတဲ့ သူ့အပြောကလည်းတခါလေမှန်ကန်တယ်လို့ပြောရမှာဘဲလေ..။
အဝတ်အစားတန်ဆာကြည့်ပြီး လူ့တန်ဖိုးဖြတ်တတ်တဲ့ လူတွေကနေရာတကာမှာ ရှိတတ်ပါတယ် အာရှ
အမေရိကမရွှေးပါဘူး.. @_@

တချိန်ထဲလောက်မှာပါဘဲ..အလုပ်ထဲမှာ(အဲဒီတုံးက Amari Rincome Hotel ရှေ့က ဗိုလ်ချုပ်ကတော်တ
ယောက်ပိုင်တဲ့ ရတနာကုမ္မဏီတခုမှာအလုပ်လုပ်နေပါတယ်)အဲ့..ခေတ်ခါကာလမှာတော့ အဲဒီဆိုင်ကထိုင်း
အထက်စားတွေထဲမှာနံမည်ကြီးဆိုပါတော့ ကြုံတုံးနောက်တခုပြောရရင်ဖြင့် သူတို့ဆီကို ပတ္တမြားနီလာတွေ
သွင်းတဲ့လူဆိုတာ ဘယ်သူတွေများမှတ်ပါသလဲ..အဟဲ..ဗိုလ်ချုပ်ပိုင်ပါတယ်ဆိုတော့ သွင်းတဲ့လူတွေလည်း
ဗိုလ်တွေပေါ့ရှင် ကရင် ကချင်အဖွဲ့က ဗိုလ်တွေပေါ့..ရိုးရိုးဟုတ်ဘူးနော့် ချုပ်တဲ့လူတွေပေါ့..ဒီတော့ကောက်
ချက်တခုဆွဲလို့ရတယ်..စစ်ဗိုလ်ချုပ်မှန်သမျှ မမှန်မကန်လုပ်လို့ရပါသည်..အဲ..လေရှည်သွားပြီ။ စစ် ဆိုရင်
စိတ်နာလို့ရေတောင်စစ်မသောက်ပါဘူးဆို...ကြိုဘဲသောက်တော့တာလေ..း))))

သူတို့တွေအဲ့ပုံအတိုင်းဝတ်လာကြတာပါ ဒီက နေပုံယူပါတယ်
နာမည်ကြီးတဲ့ဆိုင်ဆိုတော့ လာတဲ့လူတွေလည်း အကောင်တွေများပါတယ်။ တနေ့တာ့ မီနီဘတ်စ်ကားတ
စင်းဆိုက်လာပါတယ်။ ကားပေါ်က လူတသိုက်ဆင်းလာကြတာပေါ့..ကျိုင်းမယ်အဝတ်အစားတွေဝတ်လာ ကြတယ်။ ရှမ်းဘောင်းဘီနက်ပြာရောင် ထမိန်တွေပတ်လို့ပေါ့။ ဆိုင်ထဲဝင်ပြီး ဟိုကြည့် ဒီကြည့်နဲ့ နောက်
တော့ ဆိုင်လည်ခေါင်ပင်မရှိုးကေ့စ်ထဲက တန်ဘိုးအကြီးဆုံးရတနာတတွဲကို ကြည့်ချင်တယ်တဲ့။ သော့က မန်နေဂျာအဖွားကြီးဆီယူရတာလေ။ သူက အခန်းထဲကမထဘဲ..လူတွေကိုလှမ်းကြည့်ပြီး မင်းတို့ဟာက
ဟုတ်မှဟုတ်ရဲ့လားတဲ့..ပြောတာ အပြင်ကအတိုင်းသားကြားရတယ်..။ အပြင်က ရှမ်းဘောင်းဘီဝတ်ထား တဲ့အမျိုးသမီးတယောက် က ဘာပြန်ပြောလည်းဆိုတော့ " ဘယ်သူက ဘယ်လိုလည်းဆိုတာသိထားဖို့ လိုတယ်" တဲ့။ နောက်သူ့ဘောင်းဘီအိပ်ကပ်ထဲက ပိုက်ဆံအိပ်ကိုထုတ်ပြီး စားပွဲပေါ်ပစ်တင်လိုက်တယ်။
နောက်က လူတွေက ဝိုင်းပြောတာနဲ့ သူ့လိပ်စာကဒ်ထုတ်လို့ကျမကိုလှမ်းပေးပြီးထွက်သွားကြတယ်လေ။

ခင်ခင်ကလည်းနဲနဲ ရှည်တာလေ။ အရင်ဖတ်ကြည့်ပြီးမှ မန်နေဂျာ အဖွားကြီးကို သွားပေးလိုက်တယ်။ လူတ
ကာကို နှိမ်တတ်တဲ့ အဖွားကြီးကို ကျမကလည်း သိပ်မကြည်ဘူးလေ..။ ဟိုအမျိုးသမီးက ดิฉัน Dichan အမည်ရှိတဲ့ ထိုင်းကနံမည်အကြီးဆုံး ဖက်ရှင်မဂ္ဂဇင်းပိုင်ရှင်ကြီးဖြစ်နေတာလေ..။ လူပုံပန်းကတော့ခပ်ညှက်
ညှက်လေးပါဘဲ။ ဘာမှဝတ်ဆင်ထားတာမရှိဘူး..။ ဆံပင်လည်းဖွာဖွာနဲ့ ပခုံးကျော်ကျော်လောက်ရှိတယ်။
ဒါကိုမြင်ပြီး မာန်မာနထောင်လွှားနေတဲ့ ကိုယ်တို့ဆီက မန်နေဂျာမကြီး အဲ့တုံးက heart ထိသွားခဲ့ တာပေါ့
လေ။

တနေ့နဲနဲနဲ့ အားကြိုးမာန်တက်လို့ အားလူးတွေပေးမယ်လေ..နော့်..ဒီတခါတော့ ဆက်ရန်ထားခဲ့အုံးမယ်..
ထိုင်းပြီးရင် ရန်ကုန်ပြီးမှ အမေရိကား ကအတွေ့အကြုံတွေ လူအကြောင်းတွေပေါ့လေ...
Happy Holidays ပါ..လောလောဆယ်မှာတော့ အိမ်နဲ့အလုပ်ကလွဲလို့ ဘယ်စခန်းမှမမြန်းနိုင်သေးပါဘူး..
နောက်ဆုံးတပုံကတော့ ဒီနေ့လုပ်စားတဲ့ မြေစာဥ ရှမ်းလို မာနွေကို ကြံသကာနြဲ့ပုတ်တာပါ..အိမ်လည်လာ
ရင်ကျွေးမယ်လေ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Sunday, November 9, 2014

သူတို့တွေလည်းကိုယ်တို့နဲ့အတူတူပါဘဲတဲ့..

မင်္ဂလာပါရှင်~~~
မယ်ငီးလည်းပလုံဆိုပြီးအကြာကြီးပျောက်သွားနေမိပါတယ်။အားလည်းနာပါတယ်။စိတ်နဲ့လူနဲ့မကပ်ဘူးလေ။
စိတ်ကူးထဲမှာရေးနေတာတော့ အများကြီးပေါ့ရှင်..။
သူတို့အိန္ဒိယပရောဂျက်ရဲ့နေဝင်ဆည်းဆာချိန်တဲ့
ကဲ..ဒီတခါတော့ ကိုယ့်ရဲ့ အတွေ့အကြုံမဟုတ်ဘဲ ကျားကျားရဲ့အတွေ့အကြုံလေး အာလူးပေးအုံးမှ..။သူက
သူ့လုပ်ငန်းသဘောသဘာဝအရ နေရာပေါင်းစုံ လှည့်လည်သွားလာနေရတယ်လေ။ တချို့လည်း ၆ လ
လောက်ဘဲနေရပြီး တချို့နေရာမှာတော့ ၁နှစ်ကနေ ၃နှစ်လောက်နေရတယ်။ သူ ၃ နှစ်လောက်နေ ခဲ့ရတဲ့ အာချားဟဲ(အိန္ဒိယ)တို့နေရာ ကိုတော့သူတော်တော်စိတ်ပျက်ခဲ့တဲ့ကြောင်း အများကြီးပြောပြပါတယ်။

ကျောက်တောင်မြေပေါ်မှာတည်ဆောက်ရတော့
အောက်ခံမြေကျွံကျမှာစိုးရိမ်ဖို့လိုတော့ဘူးပေါ့နော် :P
သူက လျှပ်စစ်ဖက်နဲ့ပတ်သက်တဲ့ ဂျာမဏီက အင်တာနေရှင်နယ် ကုမ္မဏီတခုမှာ အလုပ်လုပ်ပါတယ်။ အဲဒီ
ကုမ္မဏီက ကမ္ဘာကျော်ပါတယ် နံမည်ကြီးဆိုပါတော့..။ သူတို့က လုပ်ငန်းတွေအများကြီးရှိပါတယ်။ အဲထဲမှာ
မှ ကျားကျားက HVDC လို့ခေါ်တဲ့ ဗို့အားမြင့်လျှပ်စစ်နဲ့ပတ်သက်တဲ့ နေရာဖက်မှာပါ။ ဓါတ်အားပေးစက်ရုံမ
ဟုတ်ဘူး..။အင်း..ကျမလူဗြိန်းနားလည်သလိုပြောရရင်ဖြင့် လျှပ်စစ်ဗို့အားအမြင့်ကြီးတွေကို တနေရာနဲ့ တ
နေရာပြောင်းရင် system မတူတာကိုညှိပေးရတယ်ဆိုပါတော့..။ဥပမာ AC ကနေDC ကိုပြောင်းရင်လည်း တန်းပြောင်းလို့မရဘူး။ တူညီအောင်ပြန်ညှိပေးရတယ်လေ။ အဲလိုပြောင်းပေးတဲ့ Computerized
Stationတွေကို တည်ဆောက်တပ်ဆင်ပေးတဲ့ ဋ္ဌာနပေါ့..။ သူတို့ဖေါက်သည်တွေကကမ္ဘာတဝှမ်းလုံးပါဘဲ။ အာရှဆိုရင် အာချားဟဲနဲ့ အိစံကွားတို့ကထိပ်ကပေါ့..။ တချို့လည်း ပုဂ္ဂုလိကတွေ တချို့ဆိုရင်လည်းအစိုးရ
တွေရှိတာပေါ့။ အဲဒီမှာမှ အာချားဟဲတို့ဆီက ပရောဂျက်က အစိုးရလျှပ်စစ်ဝန်ကြီးဋ္ဌာနတို့ဘာတို့နေမှာ
ပေါ့လေ။အစိုးရအရာရှိကြီးမှား..အဲလေ..အရာရှိကြီးများပါ..ဟီး..သူတို့နဲ့စခန်းသွားရတာတဲ့။ဒီတော့ဇာတ်
လမ်းက မသန်းစပြီပါ့..လာပြီလေ.. ^_^

အာရှဒေသတွေမှာတော့ဆောက်လုပ်ရေးခွင်တွေမှာ
အခြေခံအလုပ်ကြမ်းသဲဘယ်မြေကြီးဘယ်ဆိုရင်
မိန်းကလေးတွေများတာတွေ့ရတယ်း((
ကျောက်တောင်ဖြိုကျောက်လမ်းပြန်ခင်း..

တည်ဆောက်တပ်ဆင်တာကတော့ လုပ်ငန်းအကြီးအသေးပေါ်မူတည်ပြီး တနှစ် တနှစ်ခွဲလောက်ဆိုပြီး
တာများပါတယ်။ လုပ်ငန်းပြီးခါမှ နောက်တနှစ် ၂နှစ်လောက်က သူတို့ကိုလုပ်ငန်းလွဲပြောင်းပေးပြီး စက်
လည်ပတ်တာတွေ အနီးကပ်စောင့်ကြည့် နဲနဲပါးပါးသင်ပေးရပါသေးတယ်။ စက်ရုံတည်ဆောက်ရင်တည်
ဆောက်ရေး( သူတို့ကဒီ စတေးရှင်းမျိုးတခုထဲဘဲဆောက်တာ) ဋ္ဌာနကလာရတာပါ။ အဲဒီအချိန်ဆိုရင် ကျား ကျားတို့က အဲစက်ရုံမှာ တပ်ဆင်မဲ့ စက်ပစ္စည်း အားလုံးကို ဂျာမဏီမှာ နေပြီးလုပ်ရပါတယ်။ စက်ရုံကထုတ်
ပေးတာတွေကို သူတို့ ကတပ်ဆင်ပြီးမှ နောက်စမ်းသပ်လည်ပတ်ကြည့်ရပါတယ်။ အားလုံးအိုကေပြီဆိုမှ တခုချင်းပြန်ဖြုတ် သက်ဆိုင်ရာသေတ္တာကွန်တန်နာတွေနဲ့ ထုတ်ပိုးပြီး စက်ရုံဆီပို့ရပါတယ်။ အဲလိုလုပ်တာ က ၆လကနေ တနှစ်လောက်ကြာတတ်ပါတယ်။ ဆောက်လုပ်ရေးလက်စသတ်ချိန်မှာ တပ်ဆင်ရေးတွေက ဝင်ရတာပေါ့။ တပ်ပြီးရင်စမ်းသပ်ရတဲ့ အဖွဲ့ထဲမှာ ကျားကျားက လူကြီးလူခေါင်းပေါ့..ဟီး..ခေါင်းစားလွန်းလို့ တင်စားပေး လိုက်တာပါ။
ဘေးကတောင်တန်းတွေကကျောက်တောင်တွေ
ဒါကြောင့်သစ်ပင်ကြီးကြီးမားမာသိပ်မရှိဘူး

ကိုယ်တို့ဆီကပုပ္ပားနဲ့ဆင်သလိုလို..
ကျမတို့ဆီမှာတောင်ထိပ်ဆိုရင်တော့..
စေတီရှိနေမှာပေါ့နော်..
ပြောချင်တာက သူတို့အလုပ်မှာ ၂ဖွဲ့တောင် ဆောက်တာရော စက်တပ်တာရော စမ်းတာရော ဂျာဂျာတွေ အများကြီးပေါ့။ အာချားဟဲတို့ဆီက သိတဲ့အတိုင်း..ပူအိုက်တာကိုး။ဂျာဂျာအုပ်စုထဲမှာ တဦးတည်းသော အညာသားနဲ့ ဂျာဂျာတို့နေဖို့အတွက် station နားမှာဘဲ ဘိုတဲ သဘောမျိုး ၂ထပ် အဆောက်အဦတခု
ဆောက်ထားပေးတယ်တဲ့။ အခန်းတိုင်း လေအေးစက် ရေခဲသေတ္တာတွေ ဘာတွေနဲ့ကိုး..။ လုပ်ငန်းပြီး သွားတော့စက်လည်ပတ်တာကို အနီးကပ်စောင့်ကြည့် လေ့ကျင့်ပေးဖို့ ကျားကျားကို တာဝန်ပေးပြီးနောက်
တနှစ်ဆက်နေခိုင်းတယ်လေ။သူတို့စကားနဲ့ဆို  warranty & after sale အပိုင်းပေါ့..။

သာယာတဲ့ရူမျှော်ခင်းပါဘဲ..
၂ ထပ်ဆောင်ဘိုတဲထဲမှာ ကျားကျားကတော့ အောက်ထပ်မှာဘဲနေတာပါတဲ့။ ထမင်းချက် ကားမောင်း ခြံရှင်းမာလီနဲ့ သေသေချာချာတော့ နေရပါတယ်တဲ့။ ဂျာကြီးတွေပြန်ကုန်တော့ အာချားဟဲ အရာရှိကြီးများ
ကကျန်လွတ်နေတဲ့အခန်းတွေထဲက TV တွေရေခဲသေတ္တာလေအေးစက်တွေကို မျက်စပစ်တာပေါ့။ အတင်း
ဘဲသူတို့ကိုပေးရမယ်လို့ပြောတယ်။ တခုခုဖြစ်လို့ စက်ကိုပြင်ရမယ်ဆိုရင်လည်း စာရွှက်စာတမ်းနဲ့ အဆင့် ဆင့်တင်ရသေးတယ်တဲ့။ သူတို့ကလည်း ဆိုင်းမထိုးပေးခင်မှာ တောင်းတော့တာဘဲ..ပိုက်ဆံပေးပါ။ ဟိုဟာ
ပေးပါ..ပေါ့။ ကျားကျားကလည်း သူကတာဝန်ခံသက်သက်ဘဲ ပရောဂျက်ပိုက်ဆံကို ကိုင်ရတာလည်းမ ဟုတ် ပေးလည်းမပေးနိုင်ဘူးလို့ ပြတ်ပြတ်ဘဲငြင်းရတယ်တဲ့။ အချားဟဲအထက်အရာရှိကြီးများကလည်း ကုမ္မဏီကိုပိုက်ဆံအကျေမချေဘူးတဲ့..ကြားထဲလှည့်ထားလားမသိ..$သန်းချီတန်ပရောဂျက်လေ..။ ဆောက်
လုပ်ရေးမပြီးခင်ကတည်းက ကျားကျားတို့ကလည်း ရောက်နေတော့ မြင်နေရတာ။ ပစ္စည်းလိုလို့တောင်းရင် ပိုရေးပြီးထုတ်ကြတာတဲ့။ မန်နေဂျာဆိုတာလည်း အယောက်ပေါင်း ဆယ်ဂဏန်းမကဘူး..အားလုံးဘယ်လို ဘတ် စားရမယ်ဆိုတာချည်းဘဲတဲ့။လိုအပ်တာထက် အပိုရေးပြီးအစီရင်ခံစာတင် ဂျာမာန်ကြီးတွေပြန်ကြ
တော့ပိုနေတဲ့စက်တွေအားလုံးရောင်း မြေကွက်တွေဝယ်ကြ အိမ်တွေဝယ်ကြတယ်တဲ့။

သူတို့ရဲ့ဘိုတဲ
ပေးထားတဲ့နံမည်ကလည်းး)))
မြေနီနဲ့ကျောက်မြေရောနေတဲ့နေရာ
သူတို့ထမင်းချက်
ဘိုတဲရဲ့ဘေးတိုက်ပုံ

သစ်ပင်ပန်းပင်လေးတွေစိုက်ထားတာချစ်စရာ
ကျားကျားအရမ်းစိတ်ပျက်ဘဲ..။ ဂျာကြီးတွေ ကိုင်တဲ့ လုပ်ငန်းသုံး ကွန်ပြူတာတွေကိုလည်း သူတို့ကိုပေးရ မယ်လို့ အတင်းတောင်းတာဘဲတဲ့။ တကျီကျီနဲ့ လုပ်ငန်းက အားလုံးမပြီးသေးတော့ ကျားကျားကြီးစိတ်တွေ
ပိန်လို့..ငါလည်းကုလားပြည်ကနေစပြီး အိပ်မပျော်တဲ့ရောဂါရလာတယ်လို့ဆိုပါတယ်။ မနက်ထလို့ သူတို့
မျက်ခွက်မြင်တာနဲ့ကို အမြင်ကပ်နေတာဘဲလို့ပြောပါတယ်..။ နောက်ဆုံးဘယ်အထိတောင်တောင်း သလဲ ဆိုတော့ တီဗီလိုင်းကို သူတို့အိမ်အထိသွယ်ယူချင်ပါတယ်တဲ့။ ကျားကျားစီးတဲ့ကားကိုလည်း တချိန်လုံး လာလာဌားနေတာဘဲ..တဲ့။လုပ်ငန်းကမပြီးပြတ်သေး။ဂျာမဏီကလူတွေလာရင် အဲ့နေရာမှာဘဲ အိပ်ရတာ၊
ဒါကိုလည်းဘဲ..သိရက်နဲ့ အတင်းဘဲနေ့တိုင်းတကျီကျီနဲ့ သိပ်စိတ်ညစ်ရတယ်တဲ့။

အော်..တူပါတယ်ဆိုနေမှ..အဟီး..အစိုးရဝန်ထမ်းဆိုတာ ဘာဒုံးဗျ..ဝန်ဘဲထမ်းတာဟုတ်ဘူးလေ..အသပြာ
ငွေဘတ်တဲ့သူ..ဆိုပါတော့..(တိန်..လှစ်ပြီ..း))))

ဖွင့်ပွဲလုပ်တော့သူတို့ရိုးရာအကနဲ့ဖျော်ဖြေတာတဲ့
ဝန်ကြီးဝန်ကျားတွေနဲ့ဖွင့်ပွဲလုပ်တော့
ပြင်ဆင်ရပြီပေါ့နော့်
ပန်းတွေများတောင်လိုပုံသုံးရတာ..
ရောင်စုံပါဘဲ
အဆောက်အဦတခုလုံးပတ်လည်ဆင်တာဘဲတဲ့
ပရောဂျက်တည်နေရာပြတာပါ


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
PS
တဂ်ပို့စ်တင်တဲ့ချစ်ညီမလေးများကိုလည်း အားနာပါတယ်..ဒီတခါမျက်စိကိုဒေါက်ထောက်လို့ကြိုးစား     ပမ်းစားရေးသားပေးလိုက်ပြီနော်..နဲနဲနောက်ကျသွားတာကလွဲရင်.. :P

Thursday, October 16, 2014

ဆက်လက်စကားပြန်နေဆဲပါရှင်

မင်္ဂလာပါရှင်~~~
ဒီနယူးယောက်မှာ စကားပြန် ဘာသာပြန်လုပ်တယ်ဆိုရင် ကုလသမ္မဂမှာများအလုပ်ဝင်နေပြီလားလို့ မထင်
ကြပါနဲ့နော်..အဟဲ..သူများတွေ UN မှာအလုပ်လုပ်တယ်လို့ပြောရင် ဘယ်လိုအလုပ်မျိုးတွေလုပ်ရလဲတော့
မသိဘူး။ ရုပ်ရှင်ထဲမှာမြင်ဖူးတာက မင်းသမီးက ဘာသာပြန်ပေးတာလေ။ ထားပါတော့လေ..။ မယ်ငီးတ
ယောက်လည်း စကားပြန်ဘဝကနေမကျွတ်ရသေးဘူးဗျ..။
အလုပ်ထဲမှာ အာချားဟဲရုပ်တွေကထင်းကနဲမြင်သာထင်သာရှိတော့ ဘယ်ကလာတယ်ဆိုတာ ပြောစရာ
တောင်မလိုဘူး.နောက်ပြီး ဖီလစ်ပီနိုတွေ သူများတွေကကြည့်တာနဲ့သိတယ်။ အင်း..ကိုယ်တို့များကြတော့
အာရှခြင်းအတူတူ ဘားမားလည်းမသိ၊ မြန်မာလည်း နိုး..။ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်သိကြတယ်။
နိုင်ငံကဘယ်နေရာလည်းဆိုတာမသိကြပြန်ဘူး..အတော်ဗိန်းတာဘဲ..နော့်။ ကိုယ်တို့များ ငယ်ငယ်တုံးက
ပထဝီဝင် သင်တော့ တိုက်ကြီး(ရ)တိုက်တို့ နိုင်ငံတွေရဲ့မြို့တော်တွေအားလုံး အော်ဟစ်ကျက်မှတ်လာခဲ့တာ လက်တင်အမေရိက စပိန်စကားပြောတဲ့ ဘယ်နိုင်ငံကမဆို လာခဲ့သိတယ်။ နေရာဒေသတောင်ပြောပြ
လို့ရသေးတယ်။ သူတို့နိုင်ငံကိုကြားဖူးလားတဲ့..။ဟင်းဟင်း...ပျင်းတောင်ပျင်းသေးတယ်နော့်။ ဒင်းတို့က ဘာစာတွေသင်ပြီး ဘယ်လိုကျောင်းတွေများပြီးခဲ့ကြပါလိမ့်( အဲ..ဂလိုပြောလို့လည်း ရဘူးလေဟယ်။ ကိုယ်
တို့ပညာရေးစနစ်ကဟိုး..အောက်ဆုံးရောက်နေပြီ..တဲ့။ အင်း..စနစ်ထက်စာရင် စိတ်ဓါတ်တွေလည်းမနဲ
ပြန်ဆွဲထုတ်ကြရမှာပါဘဲလေ..) အဟဲ စပြီ..တခါခါအမှန်တရားလေးတွေနဲ့နဲနဲလေးတော့လေပေါချင်တာ

ပေါ့ဗျာ..။

ကဲကဲ..လိုရင်းရောက်သေးဘူး..ဒီလို လူတွေကများတော့ မယ်ငီးကလည်းအလုပ်ထဲကလူတွေ နံမည်မမှတ်
မိနိုင်ဘူး။ ဒီကလူတွေလည်း မယ်ငီးနံမည်ရင်းကို စာလုံးပေါင်းဖတ်လိုက်ရင် တကဲ့ အိုးနင်းခွက်နင်းအသံနဲ့
လေ။ ဒီတော့ လိုရင်းတိုရှင်း မီးမီးဆိုတဲ့နံမည်ကိုဘဲ ခေါ်ပြီး တံဆိပ်ကအစ အဲဒီနံမည်နဲ့ဘဲထုတ်ပေးပါတယ်။
နံမည်ကလွယ်တာရယ် တချိန်လုံး ၃၂ချောင်းဖော်ပြီး သွားဖြီးပြီး တဟီးဟီးရီနေတတ်တဲ့ အကျင့်ရယ်နဲ့ လူသိ
များပါတယ်။ စပိန်စကားပြောတဲ့လူတွေဆိုရင် ကိုယ်က "အိုးလာ" လို့စနူတ်ဆက်လိုက်တာဘဲ..သူကလည်း "အိုးလာ"ဆိုရင်တော့" မွှီးဗြန်း" ပေါ့..ဒီလို တခွန်းစ ၂ခွန်းစလေးတွေတော့ မယ်ငီးတို့က အာဂုံဆောင်ထား
ရတယ်လေ..။ 


ပါးစပ်လေးတခွန်းလောက်ဟတာနဲ့ မနက်စောစောအလုပ်ထဲမှာ သူလည်းစိတ်ချမ်းသာ ကိုယ်လည်းစိတ် ချမ်းသာကြည်နူးရတယ်လေ။ အဲ့လိုနေလာတာ ပြီးခဲ့တဲ့ တလကပေါ့.. Customer service က မယ်ငီးကို
Page ပါတယ်။ Khol's တို့ Macy တို့လို စတိုးဆိုင်ကြီးထဲရောက်ရင်ကြားဖူးကြမှာပါ။ သီချင်းသံတွေဖွင့်
ထားပြီး တခါခါ အလုပ်ထဲကလူတွေ စပီကာထဲကနေ တစုံတခု ပြောကြတာလေ။ များသောအားဖြင့်တော့
ဘယ်နေရာကို လာခဲ့ပါ။ ဘယ်နေရာမှာ ဘာလိုနေတာ..ဆိုတာမျိုးတွေပါ။ ဝေါ်ဂီတော်ဂီရေဒီယိုလည်းကိုင်
ထားရပါသေးတယ်။ အဲ့ထဲကနေလည်း လှမ်းခေါ်တတ်ကြတယ်လေ။


အော်..ခေါ်တော့လည်းသွားရတာပေါ့။ ဟိုရောက်တော့ ကိုးရီးယားအဖိုးကြီးနဲ့အဖွားကြီး ၂ယောက်ကိုတွေ့
ပါတယ်။ ကဲ..လာလာ မီးမီး နင်ဘာသာပြန်ပေးပါအုံးတဲ့။ ကြည့်..ဘယ်လောက်တုံးတဲ့ အမေရိကမမတွေ
လည်းဆိုတာ..အာရှအားလုံးက စကားတခုထဲဘဲပြောတယ်ထင်နေလား!!!! ဒါပေမဲ့ မယ်ငီးဘဲဟာ..ဘာရ
မှာလဲ..ခပ်တည်တည်ဘဲ..ခါးလေးကိုင်းပြီး အညာဟစိဟစိကနေ ရောလိုက်ပါတယ်လေ ။ ပြီးမှ အဲ့ မမကို လည်းလှမ်းပြောလိုက်ပါတယ်။ ငါ ကိုးရီးယားမဟုတ်ဘူး။ ငါဘာပြောပေးရမလဲ..ပေါ့။ အော်..ငါက နင်သူတို့ စကားတတ်မယ်ထင်နေတာတဲ့။ အဲလို ဗိန်းပါတယ်ဆို...။ အဖိုးကြီးက Khol's card စာရင်းဖွင့်ထားခဲ့တာ
၎လလောက်ရှိပြီတဲ့။ ကဒ်ကမရသေးဘူး..။ယာယီကဒ်လေးနဲ့သုံးနေတာ သူတို့ဆီကိုလည်းစာရောက်တယ်
သူတို့မဖတ်တတ်လို့လေ။ သူတို့ကို ရုံးချုပ်ဖက်က ကဒ်နဲ့ဆိုင်တဲ့ဋ္ဌာနနဲ့ ဖုံးဆက်သွယ်ပြီး နံမည်လိပ်စာတွေ ဟိုကမေးမြန်းပြီး ကဒ်အသစ်ပြန်ပို့ပေးမဲ့အကြောင်း သူတို့နားလည်အောင် ပြောပေးပါတဲ့။ အိုကေ မယ်ငီး

ကကြီးရှပ်ရုင် ၃ကားတောင်ပြည့်အောင်ကြည့်ဖူးတာဟုတ်ဘူး..။ သူတို့စကားလည်း နားမလည်။ ဒါပေမဲ့
လွယ်လွယ်လေး..လာခဲ့။ Sir ဆိုတာ ကကြီးလို "ဆန်စေးနင်း" ဆိုလား "ဆန်ကြမ်းနင်း"ဆိုလားဘဲ..ဟီး ဆန်စီးဆိုရင်တော့ ထိုဖူးနွေးလေးနဲနဲနဲ့အသုပ်စားရရင်မိုက်စ်..^_^  ဆန်ကြမ်းဆိုရင်တော့ ထမင်းနဲနဲနင် မှာဘဲ နော့်..(ဟဟ..ပေါက်ကရရှစ်သောင်းဆို မယ်ငီးကထိပ်ဆုံးကပါဘဲး)))))


တကယ်တော့ လက်ဟန်တွေ အမူအယာတွေ ဘိုလိုရော ကြားဖူးနားဝတဲ့ ကကြီးတွေ တလုံးပြီးတလုံးပစ် သွင်း လိုက်တာဘဲ..အဲ..နားလည်တယ်တဲ့ဟီးဟီး....တကယ်ဆိုရင် စကားပြန်ပေးတယ်ဆိုတာ သူ့ရင်ဘတ် ထဲ ခဏဝင်ခံစားပြီး သူ့ကိုနားလည်ပေး လိုက်ရုံပါဘဲ အပိုမဆလာမပါဘဲ သာမာန်နေ့စဉ်ေ
ပြာနေသလိုပြော
ပြလိုက်ယုံပါဘဲ။ ဘယ်သာဘာမှ ဘယ်စကားမှ မလိုပါဘူး။ အမူအယာနဲ့လည်း ရပါတယ်လေ။လူတွေကို နားလည် သဘောပေါက်ပေးလိုက်ပါ။ အဲ့.. တာဆို သူတို့စကားနားလည်ပါပြီလေ။ ရုံးချုပ်ဖက်ကမေးတာ ခင်ဗျားတို့ကိုသေချာအောင်ပြန်မေးတာ နံမည်နဲ့လိပ်စာဖြေပေးပါဆိုပြီး၊ဟိုကမေးတဲ့အချိန်ကြမှဖုံးကို အဖိုး 

ကြီးနားထိုးပေးလိုက်တာဘဲ..အားလုံး ဂွတ်သွားရော..။

နောက်တခါကျတော့ အောက်ထပ်က Cash ကောင်တာမှာ အဲ့လိုဘဲ..မီးမီးရေ..အမြန်လာခဲ့ပါ ဆိုတော့အ
ပြေးလွှားသွားတာပေါ့။ ဟိုကျတော့ အမျိုးသမီးတယောက် အဝတ်အစားတလှေလောက်ကိုင်ပြီး ဟား.... ဘလားဘလား...ဆိုပြီးသူ့စကားနဲ့အတင်းပြောတော့တာဘဲ..အဲအဲ..ခက်ပြီ..ဘာကြီးဒုံးဆိုတော့..ဝယ်ထား တဲ့အင်္ကျီကဆိုက်သေးနေလို့...ပြန်လှဲတာ။ တချို့ကလည်း ထပ်ဝယ်တာ။ ပြန်လှဲတာကတည့်လှဲချင်တာ တဲ့
ဈေးနူန်း မတူတော့ တည့်လှဲမရဘူးပေါ့..။ ကဲ..ဒီတခါတော့ သူ့ကို စကားမပြန်ခင် မမတွေကို အရင်ပြော ထားရတယ်။ လူတွေအများရှေ့မှာဆိုတော့ ခပ်ကျယ်ကျယ်ပြောလိုက်တယ်။ ငါ မီးမီး ကိုးရီးယားမဟုတ် ဘူး...ကွ။ မြန်မာလို့အခုခေါ်တယ် အရင်က ဘားမား ဒေါ်အောင်ဆန်းစုကြည်နိုင်ငံက ရှမ်းပြည်နယ်အရှေ့
ဖက်ခြမ်းက နယ်စပ်မှာမွေးကြီးခဲ့တာကွ။ ဘာသာစကား၎-၅ ခုလောက်ပြောတတ်ပေမဲ့ ဒီကိုးရီးယား ကို
တော့ လုံးဝမတတ်ပါဘူး..(ဘာရမလဲ ခပ်ထန်ထန်ပေါ့..ကကြီးတွေပြသာနာဖြစ်တိုင်းမယ်ငီးချည်းဘဲပင့်
နေတာ ဟုတ်သေးဘူးလေနော်..) ဒီတခါတော့ အဖွားကြီးကိုလက်ဆွဲပြီး တခါထည်းအပေါ်ခေါ်လာခဲ့ တယ်
လေ။ လမ်းမှာပြောချင်ရာပြောတာ သူက ရဲ့ ရဲ့ နဲ့ဘဲ..အင်း..နားလည်သဘောပေါက်လောက်ပြီပေါ့ကွယ်။
အားလုံးပြီးရင် သူတို့ထုံးစံ ခါးလေးကိုင်း ပြီးတာ နူတ်ဆက်လိုက် အားလုံးငြိမ်းချမ်းသွားစေရမယ်..။

အဟဲ..ကဲ..ဘာသာပြန်ချာမကြီးရဲ့ ဘလော့ကလည်း log in ဝင်မရဖြစ်သွားလို့ အကြာကြီး ပစ်ထားသလို
ဖြစ်သွားတာ..ဘဲဒီးဆော်ဒီးတောကြီးမြိုင်လည်ပေါ့နော်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

အရင်က ဘာသာပြန်တာနဲ့ပတ်သက်ပြီးရေးဖူးခဲ့တာတွေပါ။
၁.ဘာသာပြန်ခဲ့တုံးကပေါ့

၂.စကားပြန်ကျမ

Friday, October 3, 2014

တမိုးအောက်ထဲကလူသားများ..

မင်္ဂလာပါရှင်~~~
မယ်ငီးရဲ့ခေတ္တခဏအလုပ်နေရာဆိုပါတော့ @_@
အင်းး ပြောစရာရေးစရာလည်း ဘေးကြည့်တောင်ကြည့်မြောက်ကြည့် ဘယ်နားကြည့်ကြည့် ကိုယ်လို သူလိုလူတွေရုန်းကန်လူပ်ရှားနေကြတာဘဲမြင်မိနေတယ်။ နေရာဒေသကွာခြားသွားလို့ အစားသောက် ကွာခြားသွားကြတယ်။ကိုးကွယ်ရာဘာသာခြားနားသွားကြတယ်။ဓလေ့ထုံးစံကွဲပြားခြားနားသွားတာနဲ့
ကိုယ့်လူမှ ကိုယ့်ဒေသမှ ကမ္ဘာမှာ အကောင်းဆုံး အတော်ဆုံး အမြင့်မြတ်ဆုံးတွေထင်နေကြတာဘဲ။ အားလုံးကတော့ မိုးကောင်းကင်တခုထဲအာက်က အတူတူ လူသားအချင်းချင်းပါဘဲ။ မွေးဖွါးလာရာ ဇာတိ
တွေနဲ့ မိဘတွေ ကိုယ်စီရှိကြတာပါဘဲ။ မိသားစုတခုအတွင်းမှာတောင် ပြသာနာပေါင်းသောင်းခြောက်

ထောင်နဲ့ ညီညွတ်မူ့ရှိလိုက် ကွဲလိုက် ရန်ဖြစ်လိုက် ပြန်တည့်လိုက်ရှိသေးတာဘဲနော့်။ ကမ္ဘာကြီးထဲမှာရန်
တွေဖြစ် စစ်တွေဖြစ်ကြတာ ဘာများထူးဆန်းလို့လဲ..ဗျာ...။ တမိုးအောက်ထဲကတွေဘဲလို့ အမြင်ကလေး
နဲ့ပေါင်းသင်းဆက်ဆံကြည့်လိုက်ရင် အားလုံးအေးဆေးပါဗျာ..။


အဟား..စကားကြီးကြီးနဲ့အစချီပြီး..ဘာများလေကန်ဝေဖန်ရေးလုပ်မယ်လို့ ထင်ကြပါသလဲ..ဟင်းဟင်း..
အလုပ်ထဲက ကြုံတွေ့ရတဲ့ လူမျိုးပေါင်းစုံက မြင်တွေ့တာတွေပေါ့..။ ကုန်တိုက်တွေ စတိုးဆိုင်ကြီးတွေ ဆိုတာလည်း လိုအပ်တာဝယ်ဖို့ ခြမ်းဖို့ လမ်းသလားဖို့ လာကြတာလေ...။ နိုင်ငံနံမည်ကိုက United State

တဲ့။ ပြည်နယ်ပေါင်း ၅ဝနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံကြီး၊ ကမ္ဘာအရပ်ရပ်ကလာရောက်ခိုလူံကြတဲ့နေရာဋ္ဌာနဆို
တော့ တကဲ့လူပေါင်းစုံစကားပေါင်းစုံ အကျင့်စရိုက်ပေါင်းစုံပါဘဲ..။ အဲ..လျှော့မတွက်နဲ့နော်..စူ့ထက်စူ
လူစွမ်းကောင်းတွေချည်းပါဘဲ..ငါကွ..ဘာမှတ်လဲဆိုတဲ့ အချိုးက ဋ္ဌာနေလူတွေထက် နောက်မှလာရောက် ခိုလူံလာသူတွေက ပိုမာန်မာနတက်ပြီး စည်းကမ်းမဲ့ချက်..တော့..ကဲ..ပြောလက်စနဲ့မထူးတော့ပါဘူး..
ပြောပါရစေရှင်..။

ကျမအလုပ်လုပ်တဲ့ စတိုးဆိုင်က တနိုင်ငံလုံးမှာ ဆိုင်ခွဲပေါင်း ၁ဝဝဝ ကျော်ရှိပါတယ်တဲ့။ စဖွင့်တုံးကတော့
ကုန်စုံဆိုင်ပါ။ နောက်တော့မှ စတိုးဆိုင်ဖြစ်သွားတာ ကိုယ်တို့တောင်မမွေးခင်ကတဲက ဆိုပါတော့။ ဒီနိုင်ငံ
ရဲ့ဒုတိယအကြီးဆုံး လက်လီရောင်းတဲ့လုပ်ငန်းစုတခုဖြစ်ပါတယ်တဲ့။ Macy's ဆိုင်ကပစ္စည်းတွေတော့ ထိပ်
တန်းနံမည်ကြီးတံဆိပ်တွေများတယ်။ Khol's ကတော့ အလယ်အလတ်နဲ့ ဈေးကအသင့်သင့်ဆိုတော့ ပိုပြီး
ရောင်းအားကောင်းတယ်။ လူမျိုးတန်းစားမရွှေးသုံးနိုင်တယ်ဆိုပါတော့။ စာရင်းချုပ်လိုက်ရင်တော့ မိတ်အင်
ချိုင်းနားပါဘဲလေ။ ဈေးဝယ်သူလူအများစုကလည်း လူကြီးပိုင်းတွေများတယ်။ ဗုဒ္ဓဟူးနေ့ဆိုရင် စီနီယာဒေး ဆိုပြီး ၆၂ နှစ်အထက်ဆိုရင် ၁၅% လျှော့ပေးပါတယ်။လူအိုရုံကဆို တပတ်တခါလောက် ဘတ်စ်ကား
နဲ့ လာတတ်ကြပါတယ်။ သူတို့တွေလာရင် စိတ်ရှည်ရှည်သာထားပေတော့ဘဲ..။ ရီလည်း ရီရတယ်။ တချို့ များလက်တွန်းလှည်းပေါ်ထိုင်နေရပြီ နောက်ကနေသူများတွန်းပေးပြီးလာတာလည်းရှိတယ်။ ကိုယ့်ဖာသာ
ကိုယ်လက်တွန်းလှည်းစက်မောင်းပြီးလာတာလည်းရှိတယ်။ အားလုံးက ၈ဝ နီးပါးဘဲ။ ခုထိ မိတ်ကပ်နူတ် ခမ်းနီနဲ့ မာဖလာလည်စည်းရောင်စုံတွေရွှေးနေတုံး..ဒေါက်မြင့်ခပ်ပါးပါးလေး လိုချင်နေတုံး..ဘဲ။

အိုး..ကိုယ်တို့ဆီမှာတော့ ဘုရားသွားကျောင်းတက်နေတဲ့အရွယ် သူတို့ကတော့..ဆိုပြီး အပြစ်မမြင်သေး ပါနဲ့အုံး..လေ။ ဘုရားသွားကျောင်းတက်ပြီး စိတ်ထဲက မနာလိုဝန်တိုစိတ်တွေ လောဘဒေါသမောဟလောင်
မြိုက်နေတာထက် စာရင် ခုလိုအးအေးဆေးဆေးနဲ့ ဘဝနောက်ဆုံးအချိန်လေးကို ဖြတ်သန်းနေကြတာက ပိုပြီးအဓိပ္ပါယ်ရှိပါတယ်လေ။ ကိုယ်တို့နိုင်ငံထဲမှာတင်မကပါဘူး နိုင်ငံခြားရောက်နေတဲ့ ကိုယ်တို့နိုင်ငံသား

တွေလူကြီးပိုင်းတွေဆိုပါတော့ ဘုရားဦးချကန်တော့ပြီးရင်..လာလူတဲ့လူဖွယ်ပစ္စည်းကစလို့ စီးတော်ယာဉ် မကျန် အိမ်က ဘုစုခရုအကြောင်းတန်းစီပြီးပြောနေကြတာ နားထောင်မဲ့သူမရှိ၊ ၃ယောက်ရှိရင် ၃ယောက် လုံးလုပြီးပြောတကယ်မြင်ဖူးခဲ့တာပါ..ဟီး..။ နားထောင်ကြည့်တော့ မိုးမြင့်အာကာထိပ်တက်နေကြသလား
ထင်ရတယ်..အော်..အဆင့်တွေမြင့်လွန်းနေကြလို့ပါ။ ဘယ်နိုင်ငံမှာ ဘာကြီးတွေသင်နေတာ။ ရာထူးကကြီး
တာရော..နေရာကောင်းရတာရောပေါ့(အဲ..နေရာကောင်းဆိုတော့ ခိုးလွယ်တဲ့နေရာများလား..ဖရားဖရား)

ကဲပါလေ..ဒီကအကြောင်းကိုပြောရင်း..တောရောက်တောင်ရောက်တွေဖြစ်ကုန်ပြီ.. ^_^

ကိုယ်တိုင်ကားမောင်းလာတဲ့အသက်ကြီးစုံတွဲတွေကြတော့ တမျိုး..။ သူတို့လမ်းလျှောက်တုတ်က ထိုင်ခုံ
လည်းပါတာလေ..နဲနဲလောက်ခြေလှမ်းပြီးရင် ထိုင်ရပြန်ရော။ ခုဘဲဈေးမေး အရောင်မေး ခုဘဲပြန်မေ့သွား
ရော..ဘယ်လိုများကားမောင်းလာလဲ စဉ်းစားပေးလို့ကိုမရဘူး။ စကားပြောစရာလူလိုနေကြတာနဲ့တူတယ်။
ပြောလို့ကိုမပြီးတော့ဘူး..။တယောက်ကိုပြောမိလိုက်ရင် နောက်တယောက်က ဝိုင်းလာကြတာနဲ့ တနေ့အ လုပ်ချိန်ဟာ သူတို့နဲ့ လေပေးနေတာနဲ့တင်ပြီးရောဘဲ..။ဒီနေ့လည်း အဖိုးကြီးတယောက် လေးချောင်းတုတ် (အလူမီနီယံနဲ့လုပ်ထားတာမျိုးလေ အောက်ခြေကထိုင်ခုံပုံစံမျိုးလေးပေါ့) တုန်တုန်ရီရီနဲ့..အရမ်းကို သက်
တောင့်သက်သာရှိမဲ့ဖိနပ်တရံလောက်ရှာပေးပါလား..တဲ့။ လူကလည်းဝပြီးကြီးမားလှတဲ့ခန္ဓာကိုယ်နဲ့ပေါ့။ ဖိနပ်ရပြီး ထိုင်စရာနေရာရှာပေးရတယ်။ ဒါပေမဲ့ကုန်းပြီး ခြေထောက်ကိုမစွပ်နိုင်ဘူး။ ဖိနပ်ချွတ်ပြီး သူ့ခြေ

ထောက်နဲ့ စမ်းပြီးထိုးထဲ့နေတာဘဲ။ သူတို့ဆီကလူတွေက တမျိုးပါ။ အလကားနေရင်း သူများတွေကို အကူ အညီတောင်းဆိုရတာကိုဝန်လေးကြတယ်။ ကိုယ့်ဖာသာကိုယ်ကြိုးစားကြတာဘဲ။ ကိုယ်အားကိုယ်ကိုးတယ်
ဆိုပါတော့။ သူတို့ အိုးနင်းခွက်နင်းဖြစ်နေရင် ခင်ဗျားအကူအညီလိုလားလို့ အမြဲတမ်းစပြီးမေးရတယ်။ ရပါတယ် အဆင်ပြေပါတယ်လို့ဘဲ ပြန်ဖြေကြတာချည်းပါဘဲ။ မနေနိုင်လို့သာဝင်ကူညီပေးရတာပါ။ဒီအဖိုး ကြီးကိုတော့ သနားတာနဲ့သူ့ကိုဖိနပ်စွပ်ပေးလိုက်ပါတယ်..တကဲ့ကိုခက်ခက်ခဲခဲနဲ့စွပ်ရတာပါ။ ခြေထောက် ကယောင်ကိုင်းနေတာလားမသိဘူး..ကြီးလိုက်တာ။ စာရင်းချုပ်တော့ စွပ်မရပါဘူး။shoe horn လို့ခေါ်တဲ့
ဖိနပ်ကလော်ထဲ့ အတံချောင်းနဲ့ ဖိနပ်ကိုအတင်းကလော်ပြီး သူ့ခြေထောက်ထိုးထဲ့တာ နာလိုက်တာတဲ့ အဲ..မယ်ငီးတော့ စေသနာထားပြီးလုပ်တာ ဝေဒနာတွေဖြစ်သွားရော့..ဟီး ။ သူက သူ့အတွက်မရလည်း
ကိစ္စမရှိဘူး။ သူ့မိန်းမအတွက်ဆိုပြီး အိမ်ထဲစီးဖို့ဆောင်းတွင်းဖိနပ်တရံဝယ်သွားတယ်။ တနေ့ ဆေးအလုံး
၂၆လုံးတိတိသောက်ရတယ်တဲ့။ စာရွက်တွေထုတ်ပြတယ်။ နော်ကတခါထပ်လာရင် မယ်ငီးကိုလာရှာမယ် မယ်တဲ့..အဲ..အမွေတွေလာပေးတော့မယ်နဲ့တူတယ်..ဟီး..။


ဒီလိုအဖိုးကြီးအဖွားကြီး မိတ်ဆွေဖေါက်သည်တွေမယ်ငီးနဲ့ ဘော်ဘော်ဖြစ်နေကြတာမှ အများကြီးဘဲ..။
တနေ့က ကားသော့ပျောက်သွားတဲ့အဖွားကြီးဆို ပိုဆိုးတယ်..။ သူဘယ်ကတဲက ဘယ်နေရာပျောက်မှန်း
မသိ။ အနားကပ်လာပြီး ငိုမဲ့မဲ့ဖြစ်နေတာကို သနားမိတာအမှန်ဘဲ.။ ခင်ဗျားကားအရင်သွားကြည့်ထားအုံး
လို့ပြောပြီး အားလုံးသွားရှာပေးတာဘဲ..မတွေ့မိပါဘူး။ သူလည်း သူ့ဟာသူရှာနေတာနဲ့ မယ်ငီးတို့လည်း
ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြတာ တော်တော်ကြာတော့ လုပ်ဖော်ကိုင်ဖက်တယောက်က( သူက
အရပ်လည်းအမြင့်ကြီးကိုယ်လုံးကိုယ်ပေါက်လည်းထွားထွားကြီးရယ်) အဲ့အဖွားကြီးအိမ်က မယ်ငီးအိမ်
နဲ့နီးတယ် အပြန်ခေါ်သွားပေးပါ..တဲ့..အန်မတန်လျှာရှည်သော ကိုယ်တော်ပါ။ ခေါ်တာကဟုတ်ပြီ သူ့ကား

ကောဘယ်လိုလုပ်မလဲ..နော့်။ အပိုသော့အိမ်မှာရှိတယ်တဲ့။ အပိုသော့ယူပြီးပြန်လာယုံပေါ့..။ ဒါဆိုငီးငီး
အလုပ်ပြီးတဲ့အချိန်စောင့်..ညနေ၅နာရီထိလေ။ အဲဒီတုံးက ၃နာရီခွဲ ၄နာရီပတ်ဝန်းကျင်လောက်ဘဲရှိသေး
တာ။ စောင့်မယ်တဲ့..ဆရာ့..ကဲပါလေ..စောင့်ရင်းနဲ့ အဖွားကြီးအားနာလာလားမသိဘူး။ ကားကုမ္မဏီဖုံး
ဆက်ခေါ်လိုက်တယ်တဲ့။ ပိုက်ဆံတော့ကုန်မှာပေါ့။ အိမ်ကလူခေါ်လေ..ဆိုတော့ တိုးတိုးလေးပြောပြ ရှာ တယ်..တယောက်ထဲနေတာတဲ့...။အသက် ရဝကျော် တယောက်ထဲနေတာ ဒီမှာတော့ မဆန်းတော့ပါ ဘူးလေ..။ ကိုယ်တို့ထက် သတ္တိအများကြီးရှိတယ်လို့ပြောရမှာဘဲ..။


အရမ်းဂျီးများပြီး အနားကပ်လို့ ဟိုဟာတောင်းလိုက်ဒီဟာမေးလိုက်နဲ့ အဖွားသေးသေးကုန်းကုန်းတယောက်
တော့လိုချင်တဲ့ဖိနပ်ရသွားပြီး စီးခါနီးမှ အူယားဖားယားပြေးလာပြီး ဒီဖိနပ်ကို ဘယ်လိုလုပ်စီးရမလဲတဲ့။ ဘယ်ညာဖိနပ်တစုံကို ညာနဲ့ဘယ်ဖက်ပြောင်းပြန်ထားပြီး လာပြနေတာလေ... အဖွားရယ်ဒီလိုလေးဆိုပြီး
ဟိုဖက်ဒီဖက် ပြောင်းပြီးပေးလိုက်တော့ အော်...ဟီးဟီး..တဲ့။ ဒီအဖိုးအဖွားအားလုံးက သူတို့ဘိုးဘေးဘီ ဘင်အစပြန်ကောက်ရင် ဒီမှာမွေးတာဟုတ်လောက်ဘူး..။ တခြားနယ်မြေကနေလာကြတာများပါတယ်။
ဒါပေမဲ့ အကျင့်ကောင်းတယ်။ ယဉ်ကျေးသိမ်မွေ့နူးညံ့ကြတယ်။ မယ်ငီးကတကယ်တော့ သက်ကြီးရွှယ်အို
တွေကို တကယ်စိတ်ဝင်စားတယ်။ သူတို့မှာ အတွေ့အကြုံပေါင်းသောင်းခြောက်ထောင်လောက်ရှိတယ်။
သူတို့ခေတ်ကာလ ဖြတ်သန်းလာရတာက ကိုယ်တို့လိုမဟုတ်ဘူး..ပိုပြီးရိုးသားကြတယ်လို့မြင်မိတယ်။
သူတို့ကို စကားပြောကြည့် သူတို့ပြန်ပြောလာတာကို နားထောင်ရတာ စိတ်ကူးယဉ်ဝတ္တုတွေဖတ်ရတာ
ထက်ပိုပြီး အရသာရှိတယ်။


အရှေ့ဖက်က shopping mall နေရာ
လာတီးနိုလို့ခေါ်တဲ့ လက်တင်အမေရိကနိုင်ငံတွေကလာတဲ့လူတွေ၊ အားချားဟဲနဲ့ အာရပ်ကလူတွေ နောက်
ဂျုးတွေ ဒီ လူတွေကိုတော့ တကယ်ဘဲ ဆလံတင်ပါတယ်..။ ယဉ်ကျေးမူ့နဲပါးပြီး ကိုယ်ချင်းစာနာတရားသိပ်
မရှိဘူး..။ သူများကိုနားမလည်ပေးတတ်ဘူး..။ ဒါကတော့ မယ်ငီးကြုံတွေ့တဲ့ အတွေ့အကြုံအရပြောတာပါ။
ဒီအမေရိကားမှာ ဆိုင်တွေဆိုတာကလည်း တစုတဝေးတည်း နေရာကျယ်ကြီးထဲမှာ စုဖွင့်တတ်တာကိုး..။
ခုလည်း ကိုယ်တို့ဆိုင်နေရာက မျက်နှာချင်းဆိုင်မှာလည်း shipping mall တခုရှိတယ်။ ဟိုဖက်ဒီဖက်ကို
အပေါ်ကကုန်းကျော်တံတားတခုသွယ်ထားတာပေါ့..။ ဒီဖက်ကလူတွေတော့ ခပ်ပျင်းပျင်းလေ..အဲ..ဟုတ်ပါ ဘူး။ သူတို့က မသန်မစွမ်းတွေ သက်ကြီးရွှယ်အိုတွေကို သွားလာရေးအခက်အခဲမရှိအောင်ဖန်တီးပေးရတာ
ကိုး..။လှေခါးထစ်လေး ဆယ်ဂဏန်းလောက်တက်ရတာကိုလည်း ဓါတ်လှေခါးတပ်ပေးရတာဘဲ။ ကိုယ်တို့
ဝင်းထဲမှာလည်း တခြားဆိုင်ကြီးတွေရှိသေးတာ..ဒီတော့ စာရင်းချုပ်လိုက်ရင်..အဲနားတဝိုက်က ဈေးဝယ်
လက်တွန်းလှည်းတွေဟာ..နေရာတကာရောက်ပြီပေါ့..စည်းကမ်းမှမရှိတာ။ အရှေ့ဖက်ခြမ်းက Mall ထဲက
လက်တွန်းလှည်းတွေလည်း ကိုယ်တို့ထဲတွန်းချင်ရင်လည်း တွန်းလာကြတာပါဘဲ။ အဝတ်အစားတွေ အိမ်
အသုံးအဆောင်လေးတွေဘဲရောင်းတဲ့ ကိုယ်တို့ဆီကတွန်းလှည်းအရွှယ်နဲ့ ကိုယ်တို့ခင်းကျင်းထားတဲ့ ပစ္စည်း
တန်းကြားလမ်းလေးတွေက အံကိုက်ဖြစ်ပေမဲ့ သူများဆိုင်ကတွန်းလှည်းအကြီးကြီးတွေကတော့ ဘယ်ပြော
ကောင်းလိမ့်ပါ့မလဲ..။ များသောအားဖြင့်လာတီးနိုမတွေ ခလေးတပုံတခေါင်းကြီးနဲ့ ပစ္စည်းတွေလည်းအပြည့်
ဘဲ။ ဆိုင်ထဲဝင်လာရင် တံခါးကအစ တွန်းတိုက်ပြီး ဒုန်းဂွမ်းဝင်ချလာတာဘဲ။ စကားကိုလည်းအော်ဟစ်ပြော
ဆိုတတ်ကြတယ်။ ပစ္စည်းတွေတန်းစီထားတဲ့စင်တွေကြားထဲဝင်သွားပြီး အားလုံးကိုတိုက်ချသွားတာဘဲ။
တစက်လေးမှ အားမနာ ကိုယ်ချင်းမစာဘူး အားလုံးပြုတ်ကျကုန်တာပေါ့။ ခင်မွေးလွန်းတဲ့ဂျူးမိသားစုတွေက
လည်းဒီလိုပါဘဲ..။ အမွှာတွေ ၃မွှာတွေ မွေးဘဲမွှေးနိုင်လွန်းတယ်။ လာလိုက်ရင်ကလေး ၄ယောက်လောက်

ကအနဲဆုံးဘဲ..။ ကလေးလက်တွန်းလှည်းကတဖက် လက်တွဲထားရတဲ့ ကလေးတွေကတဖက်၊ ကကျိုး ကကြောင်နဲ့ ဂျီးထူပြီး မေးမြန်းလွန်းလို့စိတ်ပိန်တာအမှန်ဘဲ။ သူတို့ယောက်ကျားတွေ အဖေတွေပါလာရင် ပိုဆိုးရောဘဲ..။ ဦးထုတ်အမဲရောင်လေးနဲ့နှားဘယ်စမှာဆံပင်လေးခွေချထားတာလေမြင်ဖူးကြမှာပေါ့..။
သူတို့အနားကပ်လာရင် မယ်ငီးအသက်အောင့်ထားတယ်။ စိတ်ထဲမှာ နံသလိုဖြစ်နေတာ..။ဟဟ..ဒါလည်း
ရောဂါတမျိုးပါဘဲ..။ အာရပ်မိသားစုတွေကိုတကယ်ကို စီးစီးပိုးပိုးဆက်ဆံချင်တာ။ အတူတူအလုပ်လုပ်တဲ့
ကောင်မလေးက အေးတယ် ပြန်မပြောရဲဘူး..မယ်ငီးနဲ့တွေ့တော့ ဘာရမလဲကွ..ဟင်းး ခပ်မာမာဘဲ..ရှိဘူး
ဒါဗြဲ..အွန်လိုင်းမှာသွားမှာ..မလုပ်တတ်ရင် ငါ့လာပြောလုပ်ပေးမယ် ဌဲဌဲ @_@ နဲနဲအမြင်ကပ်နေတာလည်း ပါပါလိမ့်မယ်လေ..ဟီး..တခါတလေစိတ်မကြည်ရင်တော့ ဒီလိုဘဲလုပ်လွှတ်လိုက်တယ်လေ။ ဒါပေမဲ့ စာရင်း
ချုပ်လိုက်ရင် မယ်ငီးကနံမည်ကောင်းရတယ်နော့..သူများတွေအီးမေးပို့လာပေးကြတယ်..မယ်ငီးတကယ်ကူ
ညီလို့ဝမ်းသာပါတယ်ဆိုတဲ့အကြောင်း..ဆိုင်ကိုအီးမေးပို့တာပါ..ဒီတော့ကိုယ်ကအမှတ်တက်သွားတာပေါ့..
(ကပ်ကြွားခြင်းဆိုပါတော့ဗျာ..ဟဲ)..

အားလူးဖုတ်ရရင်တော့ တထောင့်တညတောင်မကပါဘူးအချိန်တိုင်းမိနစ်တိုင်းကအကြောင်းတွေချည်းပါဘဲ။
ခဏတဖြိုတ်လုပ်နေရင်းက ပျော်နေလို့လေ..။ မောလည်းမောတယ် ပျော်လည်းပျော်ပါတယ်ဆို..။
ကဲ..ဒီတခါတော့ ဂလောက်နဲ့ဘဲပေါ့..။နောက်မှ အလုပ်ခွင်ထဲကရီစရာတွေ လာပြောပြအုံးမယ်လေ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Tuesday, September 9, 2014

သောင်းပြောင်းထွေလာမယ်ငီးကမ္ဘာ..

မင်္ဂလာပါရှင်~~~

လူ့ဘဝသက်တမ်းဆိုတာ လူတယောက်ရဲ့ ဒီလူ့ဘဝမှာနေထိုင်ရှင်သန်ကြရတဲ့ကာလတခုပါ။ အသက်ရှည် သည်ဖြစ်စေ တိုသည်ဖြစ်စေ ကိုယ်တို့ခံယူတဲ့ သဘောထားပေါ်မှာ ကွဲပြားကြတာပါ။ ရှည်လွန်းတယ်လို့ခံ ယူရင်လည်း ရှည်တယ်ပေါ့။ တိုတောင်းတယ်လို့မှတ်ယူရင်လည်း ရေပွက်ပမာ တခဏမျှလောက်ပါဘဲလေ။
မယ်ငီးလည်း ခုတလော အရင်က ခဏလေးလို့ထင်တတ်ခဲ့တာ..ခုတော့ အတော့်ကိုရှည်လျားပြီး ကြာမြင့် လွန်းနေတယ်လို့ တွေးနေမိပြန်တယ်။ တနေ့နေ့ ပြောမကုန်နိုင်လောက်အောင်ကို ဇာတ်လမ်းတွေလည်း
ရှိတာပေါ့..။

ဒီသူငယ်ချင်းနဲ့ပတ်သက်ပြီး..ရေးဖူးထားတာလေးတွေကို ဒီမှာ နဲ့ အရင်တုံးက အကြောင်း တွေကိုဖတ် ဖူးကြပါလိမ့်မယ်။

သူငယ်ချင်းနဲ့တွေ့တုံးက သူပြောပြတဲ့ သူ့ဘဝဇာတ်လမ်းတွေထဲက တချို့ကို ပြန်အာလူးဖုတ်ရမယ်ဆိုရင်..
"1986" ပတ်ဝန်းကျင်လောက်မှာဘဲ china airline ကလေယာဉ်မယ်ဘဝနဲ့ ကမ္ဘာအနှံရောက်ခဲ့တာပေါ့။
"ငါကကျိုင်းတုံမှာမွေးပြီး ကြီးပြင်းလာခဲ့ရတော့ ကိုယ့်ကိုယ်ကိုတောသားလို့ဘဲမှတ်ယူပါတယ်လေ" သူ့အပြောပေါ့..။ ဒီတော့ ဘယ်ရောက်ရောက် နားတယ်ဆိုတာထက် လမ်းတကာလားနေတတ်တယ်တဲ့။
၁ဝ တန်းကျောင်းပြီးလို့ သူက ဘန်ကောက်က ပုဂ္ဂလိကကျောင်းတခု(ခရစ်ရှန်ဘာသာဘန်းကြီးတွေ ထူထောင်ထားတာ)မှာ ကျောင်းဆက်တက်တယ်တဲ့။ ဘာသာရေးအဖွဲ့အစည်းကထောက်ပံ့တယ်ဆိုတော့
သူလည်း ဘာသာပြောင်းလိုက်ရတယ်လေ။ အဲဒီကျောင်းမှာ မြန်မာသံရုံးဆိုလား(သူလည်းမေ့နေပြီ) လူကြီး
သားသမီးတယောက်လည်းရှိတယ်တဲ့။ အရမ်းကိုဈေးကြီးတဲ့ကျောင်းလို့လည်းပြောတယ်။ သူငယ်ချင်းက
ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်ရတာလေ..ငွေရေးကြေးရေးမပြည့်စုံဘူး။ စာတော်တော့ ကျောင်းအုပ်က
ကျောင်းဝင်းထဲက အလုပ်သမားတန်းလျားအိမ်ယာမှာ တခန်းပေးထားတယ်။ လူကြီးသမီးက သူ့ထက် အတန်းပိုကြီးတယ်တဲ့။ သူက မြန်မာပြည်ကလာသိတော့ လာပြီးမိတ်ဖွဲ့လို့ ခင်ကြတာပေါ့။ နောက်တော့ သူ့
အိမ်စာတွေလုပ်ပေးဖို့ စာကူကျက်ဖို့ သူငယ်ချင်းကို အိမ်မှာ ၂လခေါ်ထားတယ်..ဆိုဘဲ..။ အရမ်းချမ်းသာ
တာဘဲလို့..သူကပြောပါတယ်။ ခုဆိုနံမည်တောင်မေ့နေပြီ..တဲ့။..ဟင်းဟင်း..၁၉၈၂ ခုနှစ်ကတဲက အုပ်ချုပ်
သူများဆိုတာ သုံးမကုန်အောင်ပိုက်ပိုက်တွေပေါများနေပါပြီ..ခုမှမဟုတ်ပါဘူးလေ.. ^_^

နောက်ပိုင်း..သူ့စာရွက်စာတမ်းတွေ လိုအပ်လာတော့ မြန်မာပြည်ခဏပြန်လာသေးတယ်။ ပညာရေး
ထောက်ခံချက်ပေါ့..။ ၁ဝတန်းအောင်လက်မှတ်၊ ဒေသကောလိပ်အောင်လက်မှတ်ကို ဂုဏ်ထူးဘယ်နှစ်လုံး
နဲ့လိုချင်လည်း အားလုံးပိုက်ဆံပေးရင်ရတယ်..တဲ့။(တကယ်တော့သူက၁ဝတန်းကိုဂုဏ်ထူးနဲ့အောင်တာပါ)
ရိုးရိုးတန်းတန်းလက်မှတ်ဆိုရင် အချိန်ကြာတော့ မြန်မြန်ဆန်ဆန်(ပိုက်ပိုက်များများနဲ့ပေါ့) လုပ်လိုက်ရတယ် တဲ့။အဲ့ဒီအချိန်က အောင်လက်မှတ်ဆိုတာ မမြင်ဖူးတော့ တောင်းကြည့်ခဲ့ဖူးသေးတယ်။ မြစ်ကြီးနားကော
လိပ်ကျောင်းအုပ်ကြီးတံဆိပ်နဲ့ ဘာနဲ့..ဟား... ကဲ ၁၉၈၄-၁၉၈၅ ပတ်ဝန်းကျင်နော့်း))


သူလေယာဉ်မယ်နဲ့ အနောက်နိုင်ငံဖက်(အထူးသဖြင့် ဥရောပပေါ့)ရောက်တဲ့အကြောင်းကိုပြောတော့..
ထုံးစံ..လူမျိုးရေးတွေပါလာတာပေါ့..ဟိုဖက်ကလူတွေ အဲဒီအချိန်တုံးကဆိုပါတော့ တရုတ်တွေဆိုရင်
အရမ်းနှိမ်ကြပါတယ်တဲ့..(ကိုယ်တွေ့ပါ ဂျာမာန်မှာ တရုတ်တွေကို မနှစ်မြို့တာခုထိပါဘဲ) ပြင်သစ်က
Louis Vuitton ဆိုင်ဝင်တော့(ခုလိုတန်းစီခြင်းမျိုးမရှိသေးဘူးတဲ့) သူတို့ပုံက ဂျပန်နဲ့မတူဘူးလေ..။ ဂျပန်ဆို
ရင်တော့ စိတ်ကြိုက်ဝယ်လို့ရတယ်။ သူတို့ကိုတော့ ပတ်စ်ပို့အရင်တောင်းကြည့်တာတဲ့။ ရောက်တုံးတခု
လောက်ဝယ်မလို့လုပ်တော့ တောင်းကြည့်တာ တကယ်ဝယ်မဝယ်ထပ်မေးတာတဲ့ ဝယ်မှကိုင်ပါလို့လည်း
ပြောတယ်ဆိုဘဲ..။ ခုတော့ Louis Vuitton ဆိုင်မှာတရုတ်စကားနဲ့ဘဲပြောဝယ်ရင်တောင်ရပြီတဲ့ :P
တရုတ်စကားပြောနဲ့ မင်္ဂလာပါ ဘာညာဘာညာတွေတောင် စပီကာကနေလ့င့်ပေးနေတတ်ပြီဆိုဘဲ..။

ဒီနောက်ပိုင်း ပစ္စည်းတခုဝယ်ဖို့ရောက်သွားတုံးက လူလတ်ပိုင်းအမျိုးသမီးတယောက်(သူ့အပြော အစိုးရ
အရာရှိကတော်ပုံ..တဲ့၊နောက်က အထိန်းတို့ ဘော်ဒီဂတ်တို့ပါသေးတာတဲ့..) ဝင်လာနဲ့ကြုံတယ်။ ထုံးစံပေါ့
တရုတ်အမျိုးသမီးတွေဆိုတာ အန်မတန်မှ ခွဲစိပ်ပြုပြင်တာလေ..မျက်နှာက မင်းသမီးရှံးလောက်အောင် လှပဝင်းဖန့်နေတာတဲ့..။မျက်စိ နားနှာခေါင်း အားလုံးက ပန်းချီဆရာဆေးချယ်ထားတဲ့အတိုင်း..တဲ့။ သူဝင်
လာတာနဲ့ အဝင်တံခါးကို ဂျိန်း..ကနဲပိတ်လိုက်တာဘဲတဲ့..။ မျက်နှာကလည်းမာထန်နေတာဘဲတဲ့။ နံရံပေါ်
display တွေတချက်ဝေ့ကြည့်ပြီး ၃ - ၄ ခုလောက်ကို ဒါ..ဒါ..ဒါ..လက်ညိုးထိုးပြီး အဲဒါကိုမယူဘူး။ ကျန်တာ အားလုံးယူမယ်ဆိုဘဲ..။ ပြင်သစ်ကိုကို မမတွေ ပျာယာခပ်သွားတာပေါ့...။ ကဲ..ကိုယ်တို့ဆီကဘဲ.. ကတော်
ကြီးတွေဘဲသုံးစွဲကြတယ်ထင်နဲ့..ဟိုကလည်း ထိုနည်းလည်းကောင်း..တဲ့ဗျား...။ အလကားရတဲ့ပိုက်ဆံတွေ
နောင်ဘဝမှာပျော်ပျော်ကြီးဘဲ ဆပ်တော့မယ်..ဆိုလားဘဲ..ဟီးး)))


ဂျပန်မှာဆို တရုတ်တွေဈေးဝယ်ထွက်ကြတယ်..ဒီတော့ သူတို့လေယာဉ်က နေ့တိုင်းဂျပန်ခရီးစဉ်အခေါက်
များစွာရှိတယ်တဲ့။ ဒီတော့လည်း မယ်ငီးကို ဂျပန်အစားအသောက် အဝတ်အစားများစွာ ယူလာပေးနိုင် တာပေါ့လေ..ဟီး..ကောင်းလေစွ..။ မိတ်အင်ဂျပန်ဆိုရင် ကိုကိုချိုင်းနားတွေက အရမ်းကြိုက်တဲ့ ^_^

ဂျာမဏီက Black forest ဆိုတာနံမည်ကြီးပေါ့..ငီးငီးတို့တောင်သွားခဲ့တာ..(ဒီတဆောင်းမှာ အဲ့အကြောင်း
လေးရေးအုံးမှ) ဤကားစကားချပ်ပေါ့လေ. .. သူတို့သွားတုံးက ပွဲတော်ရှိတာတဲ့။ ဒေသခံတွေက သူတို့အိမ်
တွေကို အလကားပေးအိပ်တာတဲ့ မည်သူမဆိုပေါ့နော်..။ သူတို့တံခါးသွားခေါက်တဲ့အချိန်က ညအချိန်..။
တရုတ်ဆိုတာသိတာနဲ့..နိုး..တံခါးပြန်ပိတ်တာဘဲ..တဲ့..။ သူကပြောရင်းနဲ့ တရုတ်တွေကလည်း အမြင်ကပ် စရာဘဲလို့ ခဏခဏပြောတတ်တယ်..။ဒေါင့်မကျိုးတာရယ်..၊ သူများကိုအထင်သေးအမြင်သေး ဆက်ဆံ
တတ်တယ်..ဆိုဘဲ..။ (ပြည်ကြီးကတရုတ်တွေဖြစ်ပါလိမ့်မယ်နော့်..) ဟဲ့..နင်ကတရုတ်မဟုတ်ဘူးလား.. ဆိုတော့..ငါက ကျိုင်းတုံရှမ်း..ဆိုဘဲ..ဟဟ..ထိုင်ဝမ်မှာ လူကြားထဲအတင်းတုပ်ချင်ရင် သူတို့မိသားစုက ရှမ်းလိုပြောကြတာတဲ့။ ဘယ်သူမှနားမလည် ဘူးလေ..ဆိုဘဲ..။ နောက်တခုပြောပါသေးတယ် လွှတ်တော် 

ထဲမှာပါးတွေချကြ နပန်းလုံးကြဆိုတာ ထိုင်ဝမ်လွှတ်တော်က ကမ္ဘာမှာနံမည်အကြီးဆုံးပါဘဲတဲ့...။
တော်သေးတာပေါ့..သူတို့ကပါးတွေဘဲချကြတာ..ကြားဖူးတာကကိုယ်တို့ဆီမှာဆိုလား..လွှတ်တော်ပြင်ပ 
မှာပုဆိုးလှန်ပြ..ကိုယ်ပိုင်ပစ္စည်းတွေပြမလို့ကြိုးစားတယ်တဲ့...
(ဟားဟား..ဟုတ်ကြောင်းမဟုတ်ကြောင်း..ဘလားဘလား...ပြောပါရစေ..း))))


ကဲပါလေ..များစွာသောအကြောင်းအရာတွေထဲကပေါ့....။ကြုံရင်ကြုံသလို အာလူးဆက်
ပေးကြတာပေါ့နော်..


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

စန်းထွန်းကမိတ်ဆက်ပေးတာတော့ဟုတ်ပြီ..ရေးဆိုလည်း အတင်းဖြစ်ညှစ်ရေးလိုက်ပြီနော့်. ဒါပေမဲ့..ပြန်မိတ်ဆက်ပေးဖို့ရာ.. တာဝန်မကျေနိုင်ခဲ့တာကိုတော့ ခွင့်လွှတ်ဗျို့
(ဒါလေးကိုတောင် ကမန်းကတန်းရေးရတာ)

Thursday, August 21, 2014

နှစ်ယောက်ထဲရူးခဲ့ကြတဲ့နယူးယောက်မှာပေါ့..

မင်္ဂလာပါရှင်~~~

သြဂုတ်လဆိုတာတချို့လူတွေရဲ့ဝမ်းနဲကြေကွဲစရာလဖြစ်သလို တချို့လည်းပျော်ရွှင်စရာအမှတ်တရ အချိန်
တချိန်တော့ဖြစ်ကြတာပါဘဲ..။ကျမအတွက်က မိုးတဖွဲဖွဲရွှာနေတတ်တဲ့ ဒီလမှာ မွေးဖွားခဲ့တယ်ဆိုတော့
ဒီလရောက်တိုင်း ငါအသက်တနှစ်ကြီးသွားပြန်ပြီ၊ ဘာမှလည်းဖြစ်မလာသေးပါလား..လို့အမြဲစဉ်းစားခဲ့ရ
တဲ့ အချိန်ကာလပေါ့ရှင်..။ ဟီရိုးရှီးမားမှာ အနူမြူဗုံးနဲ့ လူတွေသေကြောပျက်စီးတာလည်း ဒီလပါဘဲ။ ကျမ တို့တိုင်းပြည်ကြီးရဲ့ အရေးအခင်းကလည်း ဒီလမှာစခဲ့ကြတာဘဲလေ။ပျော်ဖို့စဉ်းစားလိုက်ရင် သေကြေ
ပျက်စီးကြတဲ့သူတွေအမြဲမြင်ယောင်နေတတ်တယ်..။( ကိုယ့်ရဲ့စိတ္တဇဆိုပါတော့လေ)


ခုတော့ တမျိုးပြန်တွေးတတ်လာပြီ။ လက်ရှိရောက်နေတဲ့ဘဝက အရင်လေးဖက်ထောက်တွားသွားနေတဲ့
ခလေးဘဝထက်အများကြီးတိုးတက်လာတာ ဘာများထပ်လိုချင်တောင့်တနေပါလိမ့်ပေါ့နော်..။ ငယ်ငယ် ကဆိုသူများခေါ်သွားမှ သွားနိုင်လာနိုင် စားနိုင်တာလေ..။ဟောခုတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ် တည်နေနိုင်ပြီ..ကဲ..တိုးတက်လာပြီလေ.. :P (လျောက်သွားတာလေးတွေပြောပြဖို့ဆင်ခြေဆင်းလေးပေါ့)

အဲ့နားမှာ ကပ်ပြီးဓါတ်ပုံရိုက်တာ
ရိုက်ပေးတဲ့လူကအမြင့်ကြီး...
ကိုယ်တို့ ၂ယောက်လုံးမြေကြီးထဲနိမ့်ဝင်ခါနီးရုပ်နဲ့ ^_^
ဒါကြောင့်ဒီပုံလေးနဲ့အစားထိုးကျေနပ်နေရတယ်လေ.. :P


ကဲပါလေ..လိုရင်းကိုမရောက်တော့ဘူး..အတိုချုပ်ရရင်ဖြင့် ကျမမွေးနေ့ပြီး နောက်နေ့မှာ ကျမရဲ့ငယ်သူ ငယ်ချင်း အိမ်ချင်းကပ်ရပ် ခွဲနေကြတာ နှစ်ပေါင်း ၃ဝကျော် သူ့အကြောင်းကို ဒီမှာ     ရေးဖူးခဲ့ပါတယ်။
သူက နယူးယောက်ကို ၂ညအိပ်ကျမနဲ့လာတွေ့မယ်တဲ့..။ သူက ထိုင်ဝမ်မှာလေယာဉ်မယ် ဘဝနဲ့နေထိုင်
ပြီးကျမကိုလည်းရှာဖွေနေခဲ့ပါတယ်တဲ့။


   
သူခရီးထွက်လို့နေရာတကာရောက်တိုင်းအဝတ်တွေဝယ်
ထားတတ်တယ်တဲ့၊သူ့နဲ့နဲနဲသေးနေတဲ့ဟာတွေယူလာပေးတာ
သေတ္တာတလုံးနဲ့အပြည့်( ပွတာဘဲး))))
အလုပ်ကနေ၂ရက်ခွင့်ယူပြီး လစ်တာပေါ့။ ကျားကျားက စိတ်မချလို့ လိုက်ပို့တယ်(တကယ်ပါ ခုထိမြို့ထဲကို
တယောက်ထဲတခါမှမသွားဖူးဘူး..ဟီး) တည သူငယ်ချင်းနဲ့အိပ်မလို့လေ။

အဲ့ RED BOWLဆိုင်မှာမနက်စာစားခဲ့တယ်
ဘူဖေးပါ$10 လောက်ပါဘဲသူငယ်ချင်းကျွေးတာလေ
ရောက်တာနဲ့သူကဗိုက်ဆာနေပြီတဲ့။ ကျမလည်းခပ်စောစောထွက်ခဲ့တာဘဲ GW Bridge ကတော့ပြောကို
မပြောချင်ပါဘူး။ မနက်ရနာရီကျော်တာနဲ့ ကြပ်ပိတ်သွားတာဘဲ။ သူတည်းတဲ့ဟော်တယ်နဲ့ ကျမအိမ်က
၃ဝမိနစ်လောက်ဘဲ ကားမောင်းရင်ရောက်တယ်တဲ့..။ ဟို ..Google map ကြီးကပြောတာပါ။ သူ့အဘိုးကြီး
တံတားပေါ်မှာကြပ်နေတာနဲ့ ၁နာရီခွဲလောက်ဘဲကြာသွားတာပါ..ဟီး။

မနက်စာကိုကျိုင်းတုံခေါက်ဆွဲနဲ့တော်တော်တူတဲ့ Pao လို့ခေါ်တဲ့ ဗီယက်နမ်ဆိုင်ချီတက်သွားကြတာ အား
လုံးကပိတ်လို့..။ ရှမ်းမတွေစောစောစားတတ်တာ တရုတ်တွေအိပ်နေသလောက်ဘဲရှိသေးတယ်တဲ့..
ဟား..ဘာမှမဆိုင်ဘူးနော့်..ဗမာစောရှမ်းတောပြန်ဆိုတဲ့စကားပုံလေးကြားဖူးမှာပေါ့။ တကယ်ပါ ရှမ်းတွေ
မနက်ဈေးကို မိုးမလင်းခင်သွားဝယ်တတ်ကြတာတော့ အမှန်ဘဲ။ ထားပါလေ..ဒါက ကဏ္ဍတပေါ့နော့်း)
တရုတ်မနက်စာဘူဖေးဆိုတော့ ဆန်ပြုတ်ကပါတာပေါ့။ ဆန်မှာတောင်အမျိုးမျိုးရှိသေးတာ..ကိုယ်တော့ ရိုးရိုး
ဆန်ပြုတ်ဘဲယူတယ်။ ပဲနို့ရည်ရယ် ဆန်ပြုတ်ထဲကို ပဲသီးအစပ်ကြော်နဲ့ဂျင်း ဝက်သားမွကြော်..ဒါလောက်
နဲ့ကိုဗိုက်ကပြည့်ချင်နေပြီလေ။

နောက်တပတ်သွားကြည့်လည်း အီလို့..မစားချင်ဘူး..။
နောက်သူငယ်ချင်းယူပေးတဲ့ ဆန်ပြားလိပ် သူတို့ကပဲငံပြာရည်နဲ့ဘဲဆမ်းစားကြတာ။ ဟောင်ကောင်က ကွမ်းတုန်တရုတ်စတိုင်နေမှာလေ..။
ဆန်ပြုတ်အိုးတွေ..။ စကားတွေအမျှင်မပြတ်ပြောဆိုနေကြတာ ကျမကိုအတင်းထပ်စားခိုင်းတာနဲ့ အီကြာ
ကွေးတပိုင်းထပ်စားလိုက်သေးတယ်။

အဲဒီဘူဖေးပြီးတော့ လမ်းသွယ်လေးတခုခြားတဲ့ Starbucks ကော်ဖီဆိုင်ချီတက်ခဲ့တယ်။ ဒီနေရာက
NY second china town လို့ခေါ်ကြတဲ့ Flashing,Queen ပေါ့။ တရုတ်တွေရော ဗီယက်နမ်ရော ကိုးရီးယား အာရှတိုက်သားတွေ ကျမတို့ မြန်မာပြည်ကလူတွေလည်း အများကြီးရှိကြတဲ့နေရာပေါ့။

သူလည်းကျမနဲ့စကားပြောရင်း ရှမ်းလိုတော်တော်ပြန်မှတ်မိလာတယ်။ ရှမ်းလိုဘဲပြောကြတယ်။ ကိုယ်တို့
အာစးအစာနဲ့ဆင်တူတဲ့အစားတွေရှာစားကြမယ်ဆိုပြီး ၂ယောက်သားတိုင်ပင်သဘောတူထားလိုက်တယ်။
အဟဲ...အစားအသောက်က အရေးပါတယ်နော်..။

ဒီတော့ သူက ထိုဖူးနောင်း(ရှမ်းလိုခေါ်တာ) မြန်မာလို ဘယ်လိုခေါ်ကြလဲတော့မသိပါဘူး။ အဲဒါနံမည် ကြီးဆိုင်တဆိုင်ရှိတယ်ဆိုပြီး သွားဝယ်တယ် ကျမအဝေးကနေလှမ်းပြီး ဓါတ်ပုံရိုက်ထားလိုက်သေးတယ်။
သူတို့ထိုဖူးနောင်းက သကြားရည်နဲ့မြေပဲပြုတ်နဲ့..ကိုယ်တို့ဆီကကြံသကာရည်နဲ့ ဂျင်းရည်မွှေးမွှေးလေး ကပိုမိုက်တာပေါ့ရှင်..။

သူငယ်ချင်းက နှစ်ပေါင်း ၂ဝနီးပါး လေယာဉ်မယ်လုပ်လာတယ်ဆိုတော့ နေရာအနှံရောက်ဖူးတယ်လေ။
ဒီနေရာလည်း အခေါက်ခေါက်အခါခါရောက်ဖူးပြီးသား ကိုယ်ကသာ (ဒေါ်အောင်ဆောင်းစုကြည်လာတုံးက
တခါလာဖူးတယ်) အဲဒီတုံးက ပွဲပြီးတော့ နေ့လည်စာဝင်စားတာ..ဒီနေရာမှာ    

နေ့လည်စာဗီယက်နမ်ခေါက်ဆွဲ
ဟော်တယ်ရောက်တော့ သူရဲ့ညအချိန်ဖြစ်ပြီး သူကမျက်တောင်တွေစင်းလို့ ခရီးပမ်းတာရော အချိန်ပြောင်း တာရောပေါ။ ဒါပေမဲ့ စကားအပြောမပြတ်ပါဘူး..။ ပြန်တွေ့ကြတော့ ဘယ်အခြေအနေရောက်နေကြတာ
လည်းဆိုတာထက် ကိုယ်တို့ဘဝမှာ ဘယ်လိုရုန်းကန်ကြိုးစားခဲ့တာကိုဘဲ ပြောဖြစ်ခဲ့ကြပါတယ်။ သူနဲ့မယ်ငီး
က ဒီလို အကျင့်စရိုက်ရောတူညီတယ်။သူကခပ်အေးအေးသမားပါ။ မယ်ငီးထက်ကိုပိုပွင့်လင်းပါသေးတယ်။
ကိုယ်တောင်တခါခါ လှို့ဝှက်ချက်တွေဘာတွေရှိသေးဗျား။ ဟန်ဆောင်ပန်ဆောင်တွေတောင်တတ်လို့ ^_^


နေ့လည်စာကိုတော့ ဗီယက်နမ်ခေါက်ဆွဲဆိုင်မှာ သွားစားပါတယ်။ တရုတ်တန်းမှာ ကိုးရီးယားဖွင့်တဲ့ ဗီ ယက်နမ်ခေါက်ဆွဲကို ရှမ်းမ၂ယောက် သွားအားပေးကြပါတယ်။ မကောင်းဘူး..။ကျမအမြဲစားတတ်တဲ့ နယူးဂျာစီကကိုးရီးယားစူပါမားကက် ခေါက်ဆွဲကပိုကောင်းတယ်။ ခေါက်ဆွဲအသားကသိပ်မပျော့ဘူး..
ကိုယ်ကခေါက်ဆွဲဖတ်ခပ်ပျော့ပျော့လေးနဲ့ ဟင်းရည်အရမ်းကြီးပူလောင်နေမှ စားချင်တာ...။
တရုတ်စူပါမားကက်တခုဝင်ပြီးကျမမုန့်တီအခြောက်ဝယ်တာ
မုန်လာဥအစိမ်း..တဲ့တခါမှမမြင်ဖူးပါဘူး
၂ယောက်သားစကားပြောရင်း လမ်းတလားကြတယ်။ တခုမကောင်းတာက လေတိုက်မိုးရွှာတာပေါ့ရှင်..။
ဖြစ်ချင်တော့ အဲ့ ၂ရက်လုံး မိုးရွှာပါတယ်တဲ့ :(((

သူ့တို့တည်းတဲ့ဟော်တယ်ကလည်း ထိုင်ဝမ်သားပိုင်တာတဲ့။ အပြင်အဆင်ကလည်း တရုတ်စတိုင်နဲ့ ချစ်စရာကောင်းလို့ ...
အပေါ်ကနေ အောက်ထပ် barကိုလှမ်းမြင်ရတယ်..။
ပုလင်းတွေနဲ့စီပြီး ကာထားတာ..မိုက်တယ်။ နေ့လည်စာစားပြီးတော့ သူဝယ်ထားတဲ့မုန့်တွေက အများကြီး၊
သူကဂျပန်နာဂိုယာကနေတဆင့်လာတော့ ဂျပန်မုန့်တွေလည်းယူလာပေးတယ်လေ။ မုန့်တွေစားလိုက်
လမ်းယိုင်းသီး(ရှမ်းလိုခေါ်တာ) နှင်းသီးဆိုလား မြန်မာလိုခေါ်ကြတာ အဲဒါတွေထိုင်စားကြတာ အဲဒီအသီး ကချိုလွန်းလို့အရမ်းအပူကန်တတ်တယ်..။နောက်နေ့မနက် မယ်ငီးမျက်ခွက်ကြီး ဖုတွေထူလပြစ်နဲ့ :(((
ည ရနာရီမှာ ၂ယောက်လုံးအိပ်ပျော်သွားကြတယ်။ ညစာတောင်မစားတော့ဘူး..အဟဲ
ဒီဆိုင်ကခေါက်ဆွဲချပ်(ရှမ်းလိုခေါ်ထဲ့လိုက်တာဘဲအေးရော)အရမ်းနူးညံပြီးကောင်းလွန်းတယ်
နောက်နေ့မနက် ကျမက ဟောင်ကောင်စတိုင် ဒင်းဆမ်းစားချင်တယ်ပြောတော့ သူကနံမည်ကြီးဆိုင်တခု ရှိတယ်တဲ့။ သိပ်လည်းမမှတ်မိတော့ဘူး..ဆိုဘဲ။ ဒါနဲ့ လမ်းမှာ ဟိုမေးဒီမေးနဲ့ လမ်းမပေါ်မှာ တောင်ဖက် သွားလိုက် မြောက်ဖက်လျောက်လိုက်နဲ့ မိုးကရွှာ ထီးလေးမလုံတလုံနဲ့ ဒါတ်ဒါတ်တွေလည်းမရိုက်အား
တော့ပါဘူး..။ နောက်ဆုံး ၄၅မိနစ်လောက်လမ်းတလားပြီးမှ တွေ့တော့တယ်။ ဒုတိယထပ်မှာရှိတာ။
နံရိုးပေါင်းအောက်မှာဆန်ခေါက်ဆွဲအလိပ်လေးတွေပါတယ်
တော်တော်များများက တပွဲမှ ၂ကျပ်ခွဲဘဲ..
ဒီပုဇွန်လုံးကြော်..အထဲမှာ ပုဇွန်ချည်းချည်းဘဲ..ဘာဂျုံမှမရောထားဘူး။

သူကအစာပိတ်ဒီလိုအရည်သောက်ရတယ်တဲ့..။ ဘာလည်းဆိုတော့ သူကတရုတ်လိုဘဲပြောတတ်တယ်တဲ့။
ဒီတော့ မယ်ငီးနံမည်ပေးလိုက်တယ် ပေါက်စီဟင်းရည်..မှတ်ကရော ပေါက်စီလိုအလုံးနဲ့ ဟင်းရည် ပါသေးတယ်လေ။ ဂျင်းထဲ့စားမှအရသာပြည့်စုံတယ်ဆိုဘဲ..။
အပြန်ခါကျတော့ အောက်ထပ်မှာ ခေါက်ဆွဲချပ် ၂ထုတ်ဝယ်ပြန်တယ်။မယ်ငီး နောက်နေ့စားဖို့( လောဘး)
အဲဒီမှာ ဝယ်နေကြတာ တန်းစီနေတာဘဲ..
ခေါက်ဆွဲသုပ်၊ပဲပုပ်နဲ့ရှလကာရှည်နဲ့ စပ်စပ်ချဉ်ချဉ်လေး
နောက်ထပ် ကျိုင်းတုံက ခေါက်လန်ဖွန်းလိုအသုပ်ရောင်းတဲ့ဆိုင်တွေမှာ တချို့က မုန့်ဟင်းခါးမုန့်တီဖတ်ကို
အသုပ်သဘောမျိုးရောင်းတတ်တယ်လေ..အဲလိုဆင်ဆင်တူတဲ့ ခေါက်ဆွဲသုပ်ဆိုင်တခုသွားရှာကြပါတယ်။
သူခဏခဏစားဖူးတယ်တဲ့။ရောက်တဲ့နေ့ကဘဲတဗူးဝယ်ထားတာ ဟိုတယ်ခန်းထဲမှာတောင်ရှိသေးတယ်။
အောက်ထဲကိုဆင်းသွားရတယ်ဆိုဘဲ..ထုံးစံ ကျမတို့၂ယောက်လမ်းမပေါ်မှာ တဝဲဝဲလည်ပတ်ရှာနေကြတာ။

သူက ငီးငီးကိုတနေရာရာမှာ ရပ်စောင့်ခိုင်းတတ်တယ်။ ပြီးခြေတိုနေအောင်ရှာလို့တွေ့မှပြန်လာခေါ်တယ်
လေ။ အဟဲ..ဒုတိယတခါထပ်စောင့်ရပြန်တယ်။ ကဲနောက်တော့ မြေအောက်ထပ်ဆင်းတဲ့လှေခါးလေးတွေ့
တော့တာ..။

အစကသူပြောလို့သာလိုက်လာတာ..သိပ်နားမလည်သဘောမပေါက်သေးဘူး..။ဆိုင်က မီးနူးတွေဓါတ်ပုံ ရိုက်ပြီးမှ တွေ့မိတော့တာ..။
နှယ်နှယ်ရရမှမဟုတ်တာ Food network ကစူပါ Chef  ကြီးတွေလာရောက်သုံးဆောင်ပြီး လက်မထောင် သွားခဲ့တာကိုး..
တကယ်စားကောင်းပါတယ်။ ရိုးရိုးစင်းစင်းလေးပါဘဲ..။
ပဲပြားအစိမ်းလို့ထင်ရတာဘဲ..ရေစိမ်ပြီးပွလာသလို အသားတုပုံစံမျိုးပါ။ ညှပ်ထဲ့ပေးပါတယ်။

ကျမသူငယ်ချင်း ၂ထုပ်ဝယ်ပြီး တထုပ်ကိုတယောက်တဝက်စားပါတယ်။ ကျန်တဲ့တထုပ်ကို မယ်ငီးအိမ်ပြန်
ရောက်တော့ညစာ အဖြစ်ထပ်စားပါတယ်။ အိမ်မှာပါတွေပါသလဲဆိုပြီး သေသေချာချာ ပုဂံထဲထည့်ပြီးစူး
စမ်းလေ့လာပါတယ်။ အပေါ်ဆုံးပုံက အိမ်မှာရိုက်တာပါ ခေါက်ဆွဲဖတ်မထဲ့ခင် ပေးလိုက်တဲ့ အချဉ်ရည်နဲ့
သခွါးသီး နံနံပင် ပဲပြားတွေနဲ့ မိတ်ဆွေများကိုဖေါက်သည်ချပြတာပါ..ဟီး..တကယ်စားကောင်းတာ အမှန်ဘဲ

ဆီတွေဝေ့နေတာဘဲ..ခေါက်ဆဲထဲ့နယ်လိုက်တော့ပျောက်သွားရော..


 ခေါက်ဆွဲဖတ်ကကြီးလိုက်တာ...
ကဲပါလေ..ညလည်းမိုးချုပ်လှပြီ..ခေါက်ဆွဲလည်းနယ်ပြီးသွားပြီ..မိတ်ဆွေများလည်း အဆာပြေ ရိုးရိုးလေးနဲ့ လွယ်ကူပြီးလုပ်စားနိုင်ပါတယ်။
မယ်ငီးတော့ စပ်လို့ ဂျပန်မုန့်တွေနဲ့ အဆင်ပြေနေပါကြောင်း...သတင်းကောင်းပါးပါတယ်ရှင်း))

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
PS..
တခုပြောဖို့ကျန်သွားတယ်။
ငယ်ငယ်က အတူတူကစားကြရင်း ညနေစောင်းရေမိုးချိုးပြီးတဲ့အချိန်ဆိုရင်၊ ကျမတို့၂ယောက်ချိန်းကြတယ်။
အိမ်ရှေ့ သူ့အိမ်နဲ့မယ်ငီးတို့အိမ်ကြားထဲက သူတို့လှည်း(သစ်သားလက်တွန်းလှည်းကြီး)တခုရှိတယ်။ အဲဒီပေါ်မှာထိုင်ပြီး လမ်းသွားလမ်းလာတွေကိုငေးရတာ အရသာတခု၊ အဲဒီနေရာကို "နယူးယောက်"လို့
၂ယောက်သားအမည်ပေးခေါ်ဖူးခဲ့ကြတယ်..။ဒီတခါတော့ တကဲ့နယူးယောက်ကို ရောက်လာခဲ့ကြရတာပါ ဘဲလေ..။