Wednesday, July 21, 2010

သစ်ပင်


(၂၀၀၈ ခုနှစ် နယူးယောက် လောင်းအိုင်းလိုင်းဖက်မှာနေတုံးက)
အိမ်ရှေ့ ကသစ်ပင်လေးပါ
လမ်းရဲ့ ဟိုဖက်ကအဆောက်အအုံကဘိုးဘွားရိပ်သာပါ
တနေ့ တနေ့  မြင်ရတဲ့သစ်ပင်လေးကိုသဘောကျပြီးမှတ်တမ်းတင်မိတာပါ

ဆောင်းရဲ့ ခြောက်သွေ့ ခြင်း

ရွက်နုလေးနဲ့ နုပျိုနေချိန်



နေပူပူ

မိုးရွာရွာ


နှင်းဖွေးဖွေး

နောက်ဆုံးတော့ခြောက်သွေ့ ခြင်းကနေပြန်စရအုံးမယ်လေ

Wednesday, July 14, 2010

တရားစွဲမှာလား?


လွန်ခဲ့တဲ့ ၄ နှစ်က နယူးယောက်မှာ နေတုံးကပေါ့.



ဒီ Arch-stone apartment west bury, long-island New York မှာနေခဲ့ပါတယ်။
ကျမတော့အဲဒီနေရာမှာ ၄ လလောက်ဘဲနေခဲ့ရပါတယ်။
နေပြီး၂လလောက်မှာဘဲ မိုးတွေရွာပြီးရေတွေစိမ့်ဝင်လို့ အိမ်နံရံမိုတက် မိုစွဲပါတယ်။
အဲဒီ apartment ကလည်းအသစ်ဘဲရှိသေးတယ်.ဈေးလည်းကြီးတယ်။
ကျမတို့ အခန်းကတယောက်အိပ်ခန်းပါဘဲ။အိမ်ထောင်ပရိဘောဂကိုသပ်သပ်ဌားရပါတယ်။

စုစုပေါင်း US4000$ လောက်ပေးရပါတယ်။
အားလုံးကိုသူ့company ကစီစဉ်ပေးလို့ တော်သေးတယ်.။

ရေစိမ့်တာလည်းကျမတို့ အခန်းမဟုတ်ပါဘူး...။
တခြားအခန်းတွေပါ…အဲဒီမိုကြောင့်ယားနာတွေဖြစ်ကြတယ်.

ကျမလည်းအစကတဲကိုက အနံတို့  လေမသန့် တာတို့ ကို အရမ်းကြီးကို sensitive ဖြစ်တဲ့လူဆိုတော့ ယားနာဖြစ်တာပေါ့ တကိုယ်လုံးယားယံပြီးအဖုနီနီလေးတွေပေါက်တယ်.
အဲဒီApartmentကိုသူများတွေကတရားစွဲကြတယ် ကျမလည်းယားနာပေါက်တယ်ဆိုတာကိုသိတဲ့ မျက်နှာခြင်းဆိုင်အခန်းက အမျိုးသမီးကတော့အားတက်သရော တရားစွဲဖို့အကြံပြုပါတယ်..... ရှေ့ နေကိုသွားပြောတယ်.
Law farm တွေကတော့အများကြီးစာတွေပို့ ကြတယ်.လျော်ကြေးတွေသိန်းသန်းနဲ့ချီတောင်းကြတယ်.

ကျမကတော့ဘာမှမလုပ်ပါဘူး.အဲဒီတော့ Apartment ကအားလုံးကိုပြောင်းခိုင်းပါတယ်.
Apartment ပြန်ပြီးပြင်ဖို့ အိမ်ပြောင်းခ အိပ်ခန်းတခန်း ကို US ၁ဝဝဝ $ပေးပါတယ်.
အိပ်ခန်းနှစ်ခန်း ဆို၇င် US ၂ဝဝဝ $ ရပါတယ်.---

ကိုင်း.ရန်ကုန်ကတိုက်ခန်းရေစိမ့် အိမ်သာပိုက်ပေါက် ရေပိုက်ပေါက်တာ..ကိုယ်တိုင်ပြင်နော်:D
သတ်မှတ်ပေးထားတဲ့အချိန်အတွင်းအပြီးပြောင်းပေးရတယ်
နို့ မို့ ရင်ကိုယ်ကပြန်လျော်ပေးရမယ်တဲ့..




Friday, July 9, 2010

ပြောင်းလဲခြင်း


ကျမနေတဲ့နေရာကရွာလယ်လမ်းမတန်းနေရာဆိုတော့
အိမ်ပြူတင်းပေါက်ကနေကြည့်ရင် လမ်းသွားလမ်းလာတွေကိုမြင်ရပါတယ်
အလုပ်မရှိအလုပ်ရှာ တခါတခါခလေးတွေ မြင်းလှည်းတွေ ဖြတ်သွားတာမြင်ရင်
လက်ကိုင်ဖုံးနဲ့ ဓါတ်ပုံရိုက်ယူထားလေ့ရှိပါတယ်
ဓါတ်ပုံတွေသိပ်မကောင်းဘူး ..ဒါပေမဲ့ပြောပြချင်ပါတယ်ဆို.....

ရောက်ခါစ မတ်လ ရဲ့ ခြောက်သွေ့ ခြင်း

ဧပြီလ

မေလ မိုးလေးတခါလောက်ရွာပြီးစ
ဇွန်လ အရွက်တွေဝေေ၀ဆာဆာ ဖြစ်ပြီ

ဗုဒ္ဒဟူးနေ့ တိုင်းဈေးရှိတယ်လေ

မြင်းလှည်းတွေ နဲ့လည်းသွားလာကြတာတွေ့ ရတယ်


အိမ်နောက်ဖက်မှာမူလတန်းကျောင်းရှိတယ်.ကလေးတွေဆရာမနဲ့  သွားလာကြတာတွေ့ ရတယ်

ဘီယာဆိုင်လည်းအိမ်ကပ်ရပ်ဘဲ ဘောလုံးပွဲနိုင်မယ်ဆိုရင်တော့ နားညီးရအုံးမှာပေါ့