Friday, November 17, 2017

ချက်စားဝယ်စား ၉

မင်္ဂလာပါရှင်~~~
ခရီးသွားတာမောသွားတာတော့မဟုတ်ပါ။ ကြာတော့ မနဲပြန်စဉ်းစားရတာ ခုထိကျိူိူးရိုင်းကနေမတက်နိုင်၊ ကနေဒါဆောင်းရာသီရေခဲပွဲတုံးကတောင်မပြီးသေး..အဟီး..အဲ့လိုပါဆို...ကဲ..ခန.တထောက်နားလို့ အစားအသောက်ဖက်ခြေဦးကလှည့်ချင်နေတာ..ပြောပါရစေရှင်...။
ကိုယ်တိုင်လုပ် ကန်းစွန်းဥပူတင်း...(အဲ့တမျိူိူဘဲတတ်တာလေ 😂😁)
မိတ်ဆွေများတော့ ဘာတွေဘယ်လိုချက်စားကြလဲမသိ..။
ကျမမှာဖြင့် တနေ့နေ့ ဘာချက်စားရမှန်းမသိ။ 
ရောဂါဖြစ်တော့ အိမ်ထဲကုပ်နေရတာပိုဆိုးဗျား။
အားနေစားဘဲစားချင်နေတာ။ နဂိုလ်ကတဲကအသားငါးတွေ
အများကြီးမစားတတ်တော့၊ ကြံဖန်စဉ်းစားပြီးစားနေရတာ။
ကုလားဆိုင်ရှိနေရင် မြန်မာပြည်ဖွားကိုယ်တို့
တွေတော့
ပဲမျိုိုစုံဝယ်လို့ရလို့ ပဲပြုပ်လုပ်လိုက် ထိုဖူးကျိုလိုက်နဲ့ အတော်ဇိမ်ကျနေတာ။ တကယ်တော့ မြန်မာပြည်ထွက်ပဲအားလုံးနီးပါးက ကုလားပြည်ပို့ရတယ်ဆိုဘဲ။ ကိုယ်တို့တွေဝယ်စားတာလည်း ကိုယ်တို့မြေကထွက်တာတွေချည်းဘဲနေမှာပါ ။ တခုတော့ရှိတာဗျ..သဲ ခဲမပါ ဖုန်မဝင်တဲ့ ခြောက်ပစ်ကင်း
လေးတွေပေါ့နော့်။ ကိုယ့်ပြည်ပြန်ရင်သာ မိူတက်တာနဲ့ သဲပါတာနဲ့ အရောင်ဆိုးထားတဲ့
ပဲနီလေးနဲ့ ဘာနဲ့
ပေါ့လေ..။ တခါခါ စဉ်းစားမိတယ် ဘာအကြောင်းပြောပြော ပညာရေး ကျမ်းမာရေး စားရေးသောက်ရေး ပါဝါ၂စအသာချလို့ အလူအဒါန်းပွဲတို့သွားနေကြတဲ့ သာရေးနာရေး ဖက်ရှင်မကျန်ပေါ့ ပြောရင်ဂိတ်ဆုံးက တခုထဲမှာဘဲ လာလာထစ်နေတာ..ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတာလည်း မကောင်း။ ဒါနဲ့ဘဲ အေးရာအေးကြောင်း မုန့်စိမ်းပေါင်းလုပ်ပြီး fbမှာတော့ စားသောက်ဆိုင်ရာတွေကလွဲလို့ ဘာမှမကြည့်တော့ဘူး။ မွေးနေ့မှာ HBD လုပ်တာကိုလည်းခေါက်ထားလိုက်ပြီ။ ကိုယ့်မလာလုပ်ပေးလည်း ကိစနမရှိပီ...😂😁 အသက်ကလည်း ဆေးရုံမှာစာရင်းသွင်းတော့မှ ငါအတော်အိုသွားတာ သိရတာလေ..😆
ကိုင်း...ပဲလက်တဆုပ်လောက် စိမ်ပြီး ပဲပြုပ်ပေါင်းထားလိုက်ရင်ဟင်းခွက်ပေါင်းမြောက်များစွာရနိုင် ပါသည် အဟီး 😏.ဒီအဆိုကိုအားလုံးလက်ခံကြမှာပါ...။
ကုလားဆိုင်ကလက်ဖက်ခြောက်ဝယ်ပြီး လက်ဖက်ရည်နှပ်...ပဲပြုတ်ထမင်းကြော်နဲ့ ကြက်ဥနဲ့ ဘာလိုသေးလဲရှင်..အော် လက်ဖက်ရည်ဖျော်ရင် နို့ဆီထဲ့ ဆားနဲနဲလေးခပ်..အိုးမိုင်ဂေါ့..ဆိုပြီး.. သာယာစိုပြေ စေရမယ်..။ သကြားတောင်ကျမ
မထဲ့ဘူး..ဆိမ့်ဆိမ့်လေး..သောက်ကောင်းတယ်တဲ့...။
တခါခါလည်း တရုတ်ဆိုင်က သူတို့ပူပူနွေးနွေးရောင်းတဲ့ အီကြာကွေးနဲ့ ပဲပြုတ်နဲ့ လက်ဖက်ရည်နဲ့..
ပဲပြုတ်က ဘိတ်ကပ်ကြေးကိုက်လည်း လုပ်လို့ရတယ်လေ..ခေါက်ဆွဲဖတ်လည်း အချပ်ကြီးမဖြတ်ရတာဝယ်ပေါ့..ကိုယ့်ဖာသာကိုခပ်ကြီးကြီးလေးညှပ်..ဇိမ်ဘဲ..
 သူတို့လို ပအုံးရည်မလို..ပန်းသီးရှာလကာရည်နဲ့ဆို...အိုကေ..ပေါ့
ပဲမုန့်အစိမ်းကိုတော့ ထိုဖူးကျို...အခဲလုပ်ပြီး အိုးကပ်ကိုရေနဲနဲပြန်ထဲ့ပြီးကျမကထိုဖူးနွေးတခွက်လောက်ကစ်လိုက်သေး..😝
ထိုဖူးသုပ်တာတောင် သူ့ရမည်းသင်းသုပ်နဲ့ ကျုပ်တို့ကျိုင်းတုံသုပ်ဆိုပြီး ၂မျိုးသုပ်ရသေး...

ကျိုင်းတုံသုပ်ကတော့ ချိုချဉ်ငံစပ်လေးပေါ့...

 
ပြီးမိတ်ဆွေလက်ဆောင်ပေးထားတဲ့ ဂန္ဓာမာပန်းခြောက်ရေနွေးကြမ်းနဲ့...Good..
 ပန်းခြောက်ထဲ green tea ထဲ့..
မုန်ညှင်း၂စည်းဝယ်လာပြီး ရှမ်းချဉ်နဲ့ တရုတ်ချဉ်လုပ်တယ်...ရှမ်းချဉ်ဆိုတာ ကိုယ်တို့က ကောက်ညှင်းနဲ့စိမ် တာ။ တရုတ်ဆိုတာကတော့ အရက်တွေငရုပ်သီးတွေ ပါကောစော်ကောတွေထဲ့တာမျီုး...
 
အေးလာပြီလေ..နေကို ခနခနထုပ်လှမ်းပေးနေရတာ..
အရမ်းစားချင်နေတာလေ...ကောက်ညှင်းဆန်ကိုရေနဲ့နူးအိနေအောင်ပြုတ်ပြီး ရေဆေးထားတဲ့မုန်ညှင်းကို ဆားနဲနဲနယ်ပြီး ဗူးထဲထဲ့လိုက်အပေါ်ကနေ ကောက်ညှင်းရေ(အေးအောင်ထား)အပေါ်ကနေလှောင်းထဲ့ရုံ
အရမ်းလွယ်ကူပြီး အသေစားကောင်းပေါ့ရှင်...
သူများတွေက Pink salt ဆိုတော့လည်း ဝယ်လာသုံးကြည့်တာ...အနီးကပ်ကြည့်သကြားနဲ့တောင်တူသ လိုလို...
မိတ်အင်သေချာမကြည့်ခဲ့ဘူး..အိမ်ရောက်မှာ ပါကီ..တဲ့..ဟွန့်..သူတို့နိုင်ငံနံမည်အပြည့်တောင် မရေးချင်ပါ ဘူးလေ..ဟီး အကျင့်မကောင်းပုံက..
တရုတ်ဆိုင်မှာဘဲ..ပုဇွန်ခြောက်တွေတွေ့ခဲ့တယ်..မဝယ်ပါဘူးး...ကိုယ့်ဖာသာကိုယ်ဘဲလုပ်စားတော့မယ်လေ
ထိုင်း မလေးရှား အင်ဒိုနီးရှား ဗီယက်နာမ်..ကြိုက်တဲ့ပုံစံပြော...ငါးပိဗူးလေးတွေနဲ့တန်းစီလို့..ဝယ်ချင်စရာ ကိုယ်တို့ဆီက ဓါတ်မြေသြဇာငါးပိလေးများပါမလားလို့ရှာနေမိသေး..ဟေးဟေး...😆
ဒါကတော့ရှမ်းအစားအစာထဲကတခုပေါ့..ဆောင်းတွင်းဆို မီးလေးလုံပြီး ကင်စားကြရတာ..အဲ့လို ပလပ် စတိတ်လေးနဲ့ မကျိုးမကြေလေးရောင်းတာလည်း တွေ့ခဲ့ပါတယ်..။ ဗမာလိုဘယ်လိုခေါ်ကြောင်း!!!
ထိုင်းမျှစ်ချဉ်တဲ့...ပျဉ်းမနားမျှစ်ချဉ်ကအရမ်းကောင်းတယ်ဆိုတာ..လက်ခံပါတယ်။ ဒါပေမဲ့ ခုလိုထုပ်ပိုးပြီး ဒီလိုတင်ရောင်းနိုင်ဖို့ အများကြီးလိုသေးတာတော့ အမှန်ပေါ့နော်...
လက်ဆောင်ရတဲ့ ပုန်းရည်ကြီးကိုသုပ်စားတာ...ဒီလိုသုပ်ဖို့...
အထပ်ထပ်ရေဆေး...ခဲလုံးတွေ သဲတွေ..အများကြီးလေ...
 မီးအေးအေးနဲ့ကျို...
 စိတ်ရှည်ပါ...စိတ်ရှည်လာတာ..နှစ်ပေါင်း ၅ဝကျော်လာပြီနော့်....😖
ယုံချင်နေမယုံချင်နေ တရုတ်မဘောင်းဘီပွပွဟေ...၈ထုတ်လုပ်တာ အဲ့လိုတခွက်ကြီးများတောင် ရတယ်တော့.....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Sunday, November 12, 2017

တောင်ငူမုန့်ဟင်းခါးအသုပ်

မင်္ဂလာပါရှင်~~~
အပြင်ထွက်တိုင်းတခုမဟုတ်တခုဖြစ်နေလို့ အာလာဂျှီသမားများအိမ်ထဲမှာဘဲနေတာအသင့်တော်ဆုံးအချိန်
ဆိုတာ ရေဒီယိုကလာတာကြားတော့မှဘဲ အိမ်ထဲကုပ်နေရတော့တယ်။ ကဲ..အိမ်မှာနေတော့ အားတိုင်းရေ ခဲသေတ္တာဖွင့်၊ဘာစားရမလဲစဉ်းစား..။ Anthony bourdain ပြောသလိုပါဘဲ..။ လူတွေဟာငြီးငွေ့လာရင် အစာ စားချင် တဲ့ဆန္ဒတွေဖြစ်လာတယ်ဆိုတာ..အဟုတ်ပါ့...။

ကဲ..ပျင်းပျင်းနဲ့ တောင်ငူမုန့်ဟင်းခါး လုပ်စားအုံးမယ်..။ အဓိကကတော့ အရည်နဲ့သောက်ချင်တာမဟုတ်ဘဲ
အသုပ်လုပ်စားချင်လို့ပါ။ လသာ၂မှာ ဘော်ဒါဆောင်ကျောင်းသူဘဝကတဲက တွဲခဲ့တဲ့ တောင်ငူသူ သူငယ် ချင်းတယောက်ကောင်းမူ့နဲ့ တောင်ငူအခေါက်ခေါက်အခါရောက် ဒေသကောလိပ်မှာလည်း တောင်ငူသူ
တပုံတခေါင်းနဲ့တွဲပြီး သူတို့ပြောတဲ့ မုန့်ဟင်းခါးဆိုတာ စားဖူးခဲ့ပါတယ်။ အဲ့တုံးကတော့ သိပ်အကြိုက်ကြီး မဟုတ်ပါဘူး။ မှန်တာပြော ကိုယ့်နိုင်ငံပြင်ပရောက်မှ မုန့်ဟင်းခါးကို စားတတ်လာတာ..။အဟဲ...ဒီက အလှုအဒါန်းမှန်သမျှမုန့်ဟင်းခါးကများတာကိုးဗျ...အဲ့တာနဲ့ မုန့်ဟင်းခါး စွဲလမ်းသွားရှာလေရောဗျာ...😂


တကယ်တော့ တရုတ်ကုန်စုံဆိုင်မှာ ဈေးဝယ်ရင်း ထိုင်းကလာတဲ့ ကောက်ညှင်းဆန်လှော်မုန့်တွေ့မိလို့ပါ။
ကိုယ်တော့ ထိုင်းအီစန်ဒေသအစားအစာလို အသုပ်မှန်သမျှ ကောက်ညှင်းဆန်လှော်မုန့်ထဲ့သုပ်ဖို့ဝယ်လာ
တာပါ။ နောက် တောင်ငူမုန့်ဟင်းခါးမှာလည်း ထဲ့တာသတိထားမိလို့..အင်း..ထိုင်းနဲ့ တောင်ငူဘုရင်ဆက်
စပ်မူ့ရှိတာ...ဒီတချက်လည်းပါမယ်နဲ့တူတယ်..ဟီးဟီး..😆😜😝

တောင်ငူမုန့်ဟင်းခါးက ပဲမုန့်တို့ ဆန်လှော်မုန့်တို့မသုံးဘူး။ အရည်ကြဲလေးပါဘဲ။ အဓိက တခုကလည်း ပဲကြော်ဆိုဘဲ...။ ကိုယ့်မှာ ကြော်ရသေးဗျား...။


ပဲသီးနုနုလေးပါးပါးလေးလှီး၊ ခရမ်းချဉ်သီးလည်းပါ၊ ဆီချက်လည်းမမေ့နဲ့၊ ငံပြာရည်လေးတပေါက်လောက်၊
ကောက်ညှင်းဆန်လှော်မုန့်နဲနဲ၊ ငရုတ်သီးလှော်လေးဖြူး(ဗလူဗလူးလုပ်ထား=မယ်ငီးစကားစက်နဲ့လှည့်တာ 😍ပြီးမီးအေးအေးနဲ့ပြန်လှော်)၊ မန်ကျဉ်းသီးရည်လေးတဇွန်းလောက်၊ အိုး..မေ့နေလို့...ငါးခူပြုတ်ပြီး အသား ထွင် ကြက်သွန်ဖြူနီ ဂျင်းနဲ့ပြန်ကြော်ထားတာလေးတဇွန်း၊ ကဲ...နံ့နံ့ပင်လေး၃ဖတ်လောက်..ပစ်ထဲ့..နယ် ဖတ်ပါလေ...အပ်ချလောင်း...

ပထမတပန်းကန်ကတော့ ခပ်ခြောက်ခြောက်လေးသုပ်မယ်..။ နောက်တပန်းကန်မှာတော့ ဟင်းရည် (ငါးပြုတ်ရည်ထဲ ကြက်သွန်ဖြူနီ ဂျင်းထဲ့) လေးနဲနဲဆမ်းမယ်..ခပ်ရွဲရွဲလေးပေါ့...လာစမ်း..အအေးမိလို့
ရူးရှဲနေတဲ့နှာရည်တွေ ချဉ်ချဉ်ငံငံစပ်စပ် ပူပူတွေနဲ့တိုက်ပစ်မယ်...အဲ့လိုနဲ့ဘဲ..မယ်ငီးလည်း ပေါင်ချိန်တွေ
တရိပ်ရပ်ပါဘဲ..တက်လာနေပါတယ်လို့....

#meemeenage