Showing posts with label Myanmar-KengTung. Show all posts
Showing posts with label Myanmar-KengTung. Show all posts

Monday, June 7, 2021

ရက်ပေါင်း ၁၂၇ ရက်တိတိတဲ့

မင်္ဂလာပါရှင်~~~
တကယ်တော့လည်း ပြည်မြန်မာကြီးမှာ မင်္ဂလာအပေါင်းဆိတ်သုန်းသွားခဲ့ပါပြီ။
ရက်ပေါင်း ၁၂၇ ရက်တိတိပေါ့...။ ခုချိန်ထိ ပျော်နေ စားနေ သွားနေသူတွေရင်ထဲ နားမလည်ခဲ့သလို နားလည်ဖို့လည်း မကြိုးစားချင်တော့ပါဘူး။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပါလေ..။ ခုလို ဟိုမရောက်ဒီမရောက်အချိန်ကာလကို သူတို့တွေက မကြိုက်ကြဘူး။ ဒါပေမဲ့လည်း ကြိုးစားပါဝင်ကူညီဖို့လည်း စိတ်မကူးဘူး ရေသာခိုအချောင် သမားစိတ်တွေနဲ့လူသား အရမ်းများနေတာ ခုချိန်မှာ ထင်ထင်ရှားရှားကြီးမြင်ရတာပဲ။ မိစ္ဆာတွေအောက်ဆိုလည်း ရေလိုက်ငါးလိုက်နေမယ်။ ဒီမိုကရေစီအပြည့်နဲ့နိုင်ငံတော်ကြီးသာယာဝပြောလာမယ်ဆိုလည်း တဟီးဟီးနဲ့သွားကြီးဖြီးကြိုနေမယ် ဆိုတဲ့ ဆန်ကုန်မြေလေးတွေလေ..။ သူတို့နောက်ကပေါက်ဖွားလာမဲ့မျိုးဆက်သစ်ကိုသူတို့ ဘယ်လိုဆုံးမသွန်သင်ကြမလဲမသိ အံဩမိပါတယ်။

ကိုယ့်မြေးလေးဆို ၅နှစ်သားပဲရှိသေးတယ်။ မေးတတ်လိုက်တာ ဘာဖြစ်လို့ ရဲတွေကလူတွေကိုသတ်ရသလဲ။ စစ်သားကဘာလို့လူတွေကိုဖမ်းရတာလဲ။ လူဆိုးသွားဖမ်းရတာမဟုတ်ဘူးလား။ စုံနေအောင်မေးတာ။ ပြီးတော့ သူ့ရဲဝတ်စုံလေးထုတ်လာပေးတယ် ။ သူကြီးလာရင်ရဲမလုပ်တော့ဘူးတဲ့။ ခလေးက ငယ်ကတည်းကရဲရူးရူးနေတာ။ ရဲအရမ်းဖြစ်ချင်သူကြီး..ဘာကစားကစား ရဲလုပ်တမ်းကစားတယ်။ ရဲဝတ်စုံအပြည့်နဲ့ သေနတ်လည်းပါ ဦးထုတ်လည်းပါတယ်။ ဘာဖြစ်လဲမေးတော့ ရဲကမကောင်းတာတွေလုပ်တယ်တဲ့။ ဒါက ခလေးရဲ့ခေါင်းထဲစွဲသွားပြီလေ။ သင်ပေးတာမဟုတ်ဘူး။ သူမြင်နေရတာတွေကြည့်ပြီးသူပြောလာတာ။ အိမ်ရှေ့ရဲကား စစ်ကားဖြတ်သွားရင် လက်၃ချောင်းပြေးသွားထောင်ပြတယ်။ အိမ်ကလူတွေသူ့ကိုမနဲပြန်ဆွဲထားရတယ်။ ဟိုကမင်းကိုဖမ်းသွားမယ်ပြောတော့ သူနဲနဲကြီးလာရင် သပိတ်မှောက်မယ်တဲ့ (သူ့အမေကသပိတ်မှောက်အမြဲထွက်တယ်လေ😁) ပြီးရင် ရဲတွေစစ်သားတွေကို ပြန်သတ်မယ်..တဲ့😬 အံမငီး ကျူပ်တို့မှာ ရင်ဘတ်စည်တီးလို့ 😖 သူ့အဖေက မျက်ကလဲဆံပျာရှင်းပြနေတာ အဲ့လောက်မကြာဘူး သာရေကြိုးတင်းအောင်ကိုင်ကြီး မရဏာခရီးသွားရတော့မယ်ဆိုပဲ...။

ဒီနေ့မနက်ဖတ်မိတဲ့သတင်းတခုကတော့ တကယ်ပဲမျက်ရည်မဆည်နိုင်ဘူးဗျာ။ အမေစုပြောတဲ့ စရိက္ခာပြတ်တယ်ဆိုတဲ့သတင်းလေး..။ အဲ့သတင်းအောက်မှာ ဝိုင်းရေးကြတဲ့ပြည်သူတွေရဲ့စကားသံက တကယ်ပဲ တစ်ရူးတဗူးလုံးကုန်တော့မယ် ကျလာလိုက်တဲ့မျက်ရည်တွေက အော်တိုငုတ်တုပ်ပဲ😢😭။ အားတင်းထားကြပါ..။ ကိုယ်‌တို့အတွက် အမှန်တရားအတွက် အချိန်တခုရောက်လာတော့မှာပါ။
တရားသောစစ်မှန်သောမေတ္တာတရားက အောင်မြင်မှာပါ..။


တနေ့တလှမ်းနူန်းနဲ့ပဲဖြစ်ဖြစ်လှမ်းနေဖို့ကအဓိကပါ ပန်းတိုင်ကလက်တကမ်းအကွာမှာပေါ့...
#meemeenage


Thursday, April 30, 2020

ကျိုင်းတုံရေတံခွန်

မင်္ဂလာပါရှင်~~~
ငယ်ငယ်တုံးကရေတံခွန်ဆိုတာ ပြန်အမှတ်ရနေမိ၊ တော်ထဲတောင်ထဲလမ်းလျောက်သွားခဲ့ရဖူးတယ်။ ဈေးထဲကောက်ညှင်း ထိုဖူးသုပ် ဝက်ခေါက်ကြော်ငရုပ်သီးထောင်းထိုဖူးချဉ်တွေဝယ်ပြီး ကိုယ့်အထုပ်ကိုယ်လွယ်လို့အုပ်စုလိုက်ချီတက်ကြရတာ..။ ခုတော့ နောက်တနေရာမှာ ရေတံခွန်တခုတဲ့။ ကျိုင်းတုံရေတံခွန်တဲ့။ အသစ်ဖွင့်တာတဲ့။ပင်းတောက်ရေတံခွန်ဆိုတာလည်း ရောက်ဖူးတယ်။ အာခါရွာကိုဖြတ်သွားရတာ။ အိမ်ကအညာသားကြီး ရေတံခွန်အရမ်းကြိုက် 😁 ကဲ..သွားကြရအောင်လေ..။
ကျိုင်းတုံဆိုတာ တောင်တန်းတွေပတ်ချာလည်ဝိုင်းရံနေတဲ့လွင်ပြင်ပြန့်ကြီးတခုမှာတည်ရှိနေပါတယ်။ ဒယ်အိုးပုံသဏ္ဉာန်ရှိတဲ့မြို့ဆိုတော့..ပတ်ချာလည်တောင်တန်းတွေပေါ်မှာ တိုင်းရင်းသားမျိုးစုံရဲ့ ရွာပေါင်းကမနဲပါ။ အနောက် နိုင်ငံက တိုးရစ်တွေလာရင် အဲ့ဒီတောင်ပေါ်တက်ကြတော့တာပဲ😎
ဒီကျိုင်းတုံရေတံခွန်ဆိုတာလည်း ပတ်ချာလည်တောင်ကြောအောက်ခြေတနေရာကဆိုပါတော့။ ပုဂ္ဂုလိကလုပ်ငန်းတခုပါ။ အစိုးရမြေဌားပြီး(ရေတံခွန်အပါ)ကပ်ရပ်မှာ ခြံစိုက်ထားတာလည်းတွေ့ခဲ့တယ်။ 

ဟော်တယ်တခုပါပြီး အပမ်းဖြေနေရာလေးတခု စားသောက်ဆိုင်တဆိုင်ရှိတယ်။ နွေရာသီဆိုရင် ပိုစည်တယ်ပြောတာပဲ။ ပိုင်ရှင်ကတော့ လူဝင်ကြေး ကားဝင်ကြေးတွေကောက်ပါတယ် အရင်းတောင်ပြန်မရနိုင်သေးလို့ဆိုပါသတဲ့။
အလုပ်သမားတွေအများကြီးတွေ့ခဲ့တယ်။ ရေလောင်းပေါင်းသင် သန့်ရှင်းရေး
အစုံပါပဲ..စပ်စုစိန်တို့ ကပ်ပြီးစကားပြောကြည့်တာ ပြည်မကခလေးတွေလည်းမနဲဘူးဗျ...။

ရာသီဥတုကသာယာပေမဲ့ လယ်ခင်းတွေရဲ့ကောက်ရိုးမီးရိူ့ချိန်ဆိုတော့ မှောင်ရီမိူင်းလို့ပေါ့ဗျာ..အီကိုယ်လည်းအသက်ရူကြပ်ပေါ့..။ အလာဂျီသမားဆိုတော့ အနံ့တွေကအရမ်းဒုက္ခရောက်ပါတယ်။
နေရောင်ကတော့လင်းထင်းနေပါတယ်။ သူတို့ရူခင်းတွေကလှပနေလို့..။
ရှေ့ကအဆောက်အဦကဟော်တယ်တဲ့..
ဆောင်းတွင်းပဲရှိသေး..ရေကခမ်းချင်နေပြီတဲ့😳
အိုင်လပ်ယူနောက်မှာ ရေအိမ်ရှိတယ်။ လူလည်းသိပ်မများပဲနဲ့ အနံ့ကထောင်းကနဲ..😵 ထိုင်းပုံစံလုပ်ထားတယ်ပြောပြီး..သန့်ရှင်းရေးကမနိုင်လို့ပြောရင်ရတယ်။
ရှေ့ကစားသောက်ဆိုင်...

ဆိုင်ပေါ်ထိုင်ပြီး ရေတံခွန်ကြည့်ရင်းစား..
ထိုင်းနဲ့အရှေ့ရှမ်းက တဆက်ထဲဖြစ်နေလို့ စားစရာလည်း အဲ့တာပဲစားလို့ကောင်း😂😁 ကြက်ပင်စိမ်း သင်္ဘောသီးထောင်း
ဂျပန်သခွါး..အရမ်းကောင်းလွန်းလို့..ခြံထဲသွားဝယ်အိမ်ဘယ်ပြန်😘
ဝါးနဲ့ဂုံနီကြိုးလုပ်ထားတာ..လှလို့...
ဒီလိုလှတပတ ချစ်စရာကောင်းအောင်လုပ်ထားပေး..
အပြင်ကလာရောင်းတဲ့ ဆိုင်တန်းလျား..ဆောင်းတွင်းဆိုတော့ လူမရှိ
ကပ်ရပ်က စတော်ဘယ်ရီ သခွါးမွှေးခြံ
စတော်ဘယ်ရီကမရှိသေးဘူးတဲ့
အလှစိုက်ထားတာတွေ..
ဒီနေရာမှာထိုင်စောင့် လိုချင်တာခူးလာပေးမယ်လို့ပြောပါတယ်
ခင်စပ်စုစိန်တို့ကဘယ်နေပါ့မလဲ ကိုယ်တိုင်ခူးမရဘူးလားဆိုတော့..အိုကေ..တဲ့
Cherry tomato လည်းရတယ် အတင်းဝယ်ခိုင်းနေ😆 သခွါးမွေး၄လုံးကို ၃ သောင်းကျော်ပေးခဲ့ရတယ်..တော်ပြီလေ..လတ်ဆတ်လို့ကုန်အောင်မနဲစားယူရ
နောက်တနေရာ..ပင်းတောက်ရေတံခွန်တဲ့..ရောက်ခါနီး ကားမဝင်နိုင်လို့ လမ်းလျောက်သွားရ..
တတောလုံးတတောင်လုံး ဝါးတွေချည့်ပဲ...

ပင်းတောက်ရေတံခွန်..ဟိုးအပေါ်ဖက်ကပိုလှတယ်..မတက်နိုင်တော့ဘူးလေ..
ကိုယ့်မိတ်ဆွေတယောက်ရဲ့ခြံက ဒီရေတံခွန်နားမှာပဲ..
သူ့လက်ဖက်ခြံများလားလို့....
သစ်ပင်တွေစိမ်းစိုနေသေးတာပဲ...
အပြန်မှာခလေးတွေကျောင်းဆင်းချိန်နဲ့တိုး...
ပျော်စရာအချိန်လေးတွေ..ပြန်တမ်းတမိ

တောင်စွယ်နေကွယ်ချိန်ရောက်တော့မယ်..အိမ်ပြန်ကြရအောင်လေ..

အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Saturday, March 28, 2020

ကျိုင်းတုံဗုဒ္ဓဥယျာဉ်

မင်္ဂလာပါရှင်~~~
ခုနောက်ပိုင်းမှာ ကျိုင်းတုံကိုအလည်ရောက်ရင် လည်ပတ်စရာနောက်ထပ်အ သစ်တွေအများကြီးရှိလာပြီ။ လွန်ခဲ့တဲ့၂၀၁၂ ခုနှစ်တုံးက ၄လနေခဲ့သေး။ ကိုယ်ကဘဲအလုပ်တွေရူပ်နေလို့လားမသိ၊ ဘာမှမကြားမိ မသိခဲ့ဖူး။ 
တက္ကသိုလ်အနောက်ဖက်ကတောင်ပေါ်မှာ ဆရာတော်တပါးရှိတယ်။ နံမည်ကြီးတယ်လို့တော့ ပြောသံကြားမိပါတယ်။ အကြောင်းမတိုက်ဆိုင်လို့ မမေးမိပါ။
နောက်ပိုင်းဆရာတော်က ဒေသခံတွေနဲ့လက်ဖက်ခင်းတွေ နှင်းဆီခင်းတွေကြီးအကျယ်စိုက်ပျိုးတယ်တဲ့။ ဘိန်းအစားထိုးစိုက်ပျိုးရေးတွေလုပ်ပြီး တောသူ တောင်သားတွေကို ကူညီပေးတယ်တဲ့။ 
ကျိုင်းတုံမြို့ပတ်ချာလည်မှာလည်းစစ်တပ်တွေကများတော့ ဆရာတော်စစ်တပ်ဖက်ကလူတွေ အဝင်အထွက်များတယ်ပေါ့လေ။ ထုံးစံအတိုင်း ရာထူးကြီးတွေ ဝိုင်းတော့လည်း ဆရာတော်ဖြစ်ချင်တာတွေ လက်ညိုးထိုးရင် ဖြစ်လာသလိုပါဘဲ။ 
တောင်ကတုံးပတ်ချာ လည်နီးပါးဖြစ်လာတော့မဲ့ ကျိုင်းတုံမြို့လေးမှာ ဆရာတော် မေတ္တာစေသနာကြောင့်လှပတဲ့ နှင်းဆီတောင်ကုန်းတွေပန်းခင်း‌ ဘုရားတွေနဲ့ အထူးခြားဆုံးက ဆရာတော်ကစာရေးဝါသနာပါ ကဗျာစပ်ဝါသနာပါလို့ ဆရာတော်စပ်ထားတဲ့ကဗျာလေးတွေကို အုတ်ဂူလို ကမည်းတင်ထားတဲ့ ကဗျာသင်ချိုင်းဆိုတာတွေ (ဖတ်လို့အရမ်းကောင်းပါတယ်) ပေါ်လာတယ်။ 

ရောက်ရင် သွားလည်ဖို့တိုက်တွန်းပါတယ်။ ဆရာတော်က တာချီလိတ်ဖက်မှာလည်း သီတင်းသုံးဖူးတော့ ထိုင်းဒကာတွေအများကြီးလည်းရှိတယ်တဲ့။
ဗုဒ္ဓဥယျဉ်လို့နာမည်ပေးထားတဲ့ တာချီလိတ်အသွားလမ်းမှာရှိတဲ့ တောင်ပေါ်ဘုရား
 ထုဆစ်လုပ်ထားတာတွေ သပ်ရပ်လှပချက်က ပြောစရာမရှိပါ
ဘုရားရုပ်ထု အနောက်ဖက်နားက အိမ်သာဆောက်နေတာ၊ ပြီးသွားပါပြီ ဒါပေမဲ့ဆရာတော်ပြန်စစ်ကြည့်တော့ မကြိုက်လို့ ပြန်ဖျက်ပြန်ပြင်နေတာတဲ့( ခင်ခင်စပ်စုကြည့်တာ😁)
အဝါရောင်အကွက်လေးတွေက ကနုကမာလေးတွေပါ..။ 
တချက်ခြင်းဆက်ပြီး ဘုရားကိုယ်တော်ရဲ့အောက်က ပလ္လင်ပုံစံမှာ ဟော်ခန်းလိုလို ပြတိုက်လိုလိုရှိတဲ့ ပြခန်းအဝင်ဝတံခါးမှာ ကပ်ထားတာအဝေးကနေကြည့်ရင် ကျောက်ပြားတချပ်လိုပါပဲ။
ကနုကမာတချပ်ကို တန်ဖိုးလည်းမနဲလှဘူး..။ ဒီတချပ်လုံးတပြင်လုံးဆို..တန်ဖိုးအတော်ကြီးမယ်လို့..ခန့်မှန်းမိပါတယ်။ ကိုယ်တိုင်လည်းကနုကမာလေးကြိုက်တတ်သူဆိုတော့ တစိမ့်စိမ့်ကြည့် တောင်ဖက်ကနေကြည့် မြောက်ဖက်ကနေကြည့် ဘယ်လိုကြည့်ကြည့်လှနေတာပဲဆို😍
အထဲက လွိုင်ကော်ကျောက်ပြားခေါ်မလား မာဘယ်ကျောက်ပြားလို့ဆိုသလား
အချပ်လိုက် ဗုဒ္ဓဝင်ပုံတော်တွေထုထားတာ Wow 😮 တင့်တယ်လှပခန့်ညား🙏🙏🙏

အောက်က စာတမ်းထဲမှာ(အကြီးမဟုတ် ခပ်သေးသေးလေး ကျောက်ပြားနားကပ်ထောင်ထားတာ)အလူရှင်နံမည်ပါတယ်...ဘယ်သူတွေလည်းသိချင်ကြလား..😁
အောက်ထောက်ထားတဲ့တိုင်လည်း ကျောက်ပြားတိုင်ပဲ..။ လက်ရာအနုစိတ်က အဲ့မခန်းပါဘဲ။
အသေးစိတ်သိချင်ရင် အဲ့ကျောက်ပြားကို ပုံကြီးချဲ့ဖတ်ပါလေ😜 ၂၀၁၆ မှာစပြီး" အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး"ကို မြေသန့်ရှင်းလင်းတည်ဆောက်ခဲ့တာ၂၀၁၈ မှာ ဖွင့်လှစ်ခဲ့တာ..တဲ့😁... ။ လိုရင်းတိုရှင်းပေါ့ဗျာ 🙏🙏🙏

 အပေါ်(ဘုရားရုပ်ပွားတော်) တက်ဖို့လှေခါး
 ဘုရားတောင်ပေါ်ကနေမြင်မြင်သမျှလှပလို့...
 နောက်နေရာတခုထပ်သွားကြရအောင်..ဘုရားတောင်ပေါ်ကနေထပ်တက်ရ
 နှင်းဆီပန်းခင်း...
အဲ့ဒီနေရာကနေကြည့်ရင် မိုးလေဝသ(လွှိုင်မွေတောင်) ဖက်ကိုလှမ်းမြင်ရတာတဲ့..။
ဟိုး..အမိုးနဲ့စိုက်ခင်းက ဟော်လန်ပန်း လီလီပန်းခင်းတွေပါ
နှင်းဆီပန်းခင်းရဲ့ ထိပ်ကအိမ်တန်းလျားမှာ ဆရာတော်ကြွလာလို့ (ဆရာတော်လာရင် အဲ့နေရာမှာ နားတယ်လေ) သွားဖူးတာ ဖူးလိုက်ရသေး 🙏
 ပန်းတွေပွင့်ချိန်ဆိုရင် အရမ်းလှတာပဲတဲ့။

 စတော်ဘယ်ရီကို သံပုံးတွေနဲ့တန်းစီစိုက်ထားတာ...
 
လီလီပန်းတွေ အများကြီးဝယ်တော့ အဲ့ဒီကအလုပ်သမားကြီး စတော်ဘယ်ရီကျွေးတယ်..😇 တကယ်ဆိုတောင်းစားတာပါ..😂



တချို့စတော်ဘယ်ရီကိုတော့ မြေချစိုက်ထားတယ်။

သွားလည်ရင် အချိန်ရွှေးပြီးသွားပါလေ..အော်ဂဲနစ်စတော်ဘယ်ရီစားရမယ်

 ပန်းတွေလက်ညိုးထိုးပြီးရွှေးဝယ်လာလို့ရ😘
 အလုပ်သမားကြီးကိုလည်း အများကြီးစပ်စုခဲ့...😎
 လှတယ်နော်...
ဆရာတော်လာတာ လိုက်ပို့တဲ့ ကားသမားလေးက အတင်းသွားဖူးဖို့ပြောတာနဲသွားတာ..စိတ်ထဲမှာ ကိုယ်တွေကိုဂရုတောင်စိုက်မှာမို့လားလို့ထင်တာ.. အဟဲ.. ပုံစံကိုကြည့်ပြီး ဆရာတော်စကားမစခင် ခင်ခင်ရှည်ကြီးကဦးအောင် ရှမ်းလိုတပည့်တော်က ကျိုင်းတုံဇာတိပါ အလည်ရောက်တုံးလာဖူးတာပါဆိုမှ ဆရာ တော်က ထိုင်းလူမျိုးထင်နေလို့လေ..😉 ဆရာတော်ကထိုင်း၄-၅ ယောက်နဲ့ကြွလာတာ။ ထိုင်းတေထေးတွေပေါ့ 😊 မြင်လိုက်တာနဲ့သိတာ နံမည်ကြီးတွေဗျ
ဆရာတော်ကို ပန်းတွေလှကြောင်း အနံမရှိတာကိုပြောမိတယ် တပည့်တော်လီလီပန်း အမြဲဘုရားတင်တယ်လို့ ၂ ခိုင်ကို US$10ကျော်ပေးရတယ်လို့ လီလီပန်းကြိုက်တာရော ဟော်လန်မှာနေဖူးတော့ ပန်းတွေလေ့လာဖြစ်တာရော..ဖယာဖယား..အချိန်တိုတိုလေးကို ငါအတော်ရှည်တာပဲလို့ဆို😱😂 ဆရာတော်ပြန်မိန့်ပါတယ် ဟော်လန်ကနေတိုက်ရိုက်သွင်းတာကိုလိုချင်ပါတယ်တဲ့။ ခုကတရုတ်ကနေပဲ ဝယ်ရတယ်ဆိုတဲ့အကြောင်းနဲ့ ဆရာတော်ဖုံးနံပါတ်ပေးပြီး သူ့ဆီကိုတိုက် ရိုက်ဆက်ခိုင်းပါတယ်..စိတ်မကောင်းစရာတခုက မြန်မာပြည်မှာတ
ဦး တည်းကိုယ်စလှယ်ရှိပြီး သူ့ဆီမှာဘဲဝယ်လို့ရတယ် ဟော်လန်ကနေတင်သွင်းခွင့်မရှိဆိုတဲ့အကြောင်း ဟော်လန်မှာစုံစမ်းပြီး ဆရာတော်ကိုအကြောင်း ပြန်ဖို့ကြိုးစားတာခုထိမရသေး 😔 

 အပြန်ကို ဥယျာဉ်ဝင်ကြတယ်။
 တောင်တွေနောက်ခံထားပြီး ဒီလိုမြင်ရတာက တမျိုးထူးခြားနေပါသလား..
 အချိန်ရှိရင် နေထွက်ချိန်စောင့်ပြီး ရိုက်ရင် ပိုလှမှာ
 ဖတ်ပြီး..စိတ်ထဲတမျိုးခံစားရပါတယ်..
 လွမ်းမောစရာကောင်းတဲ့နေရာလေးတခု
 ဘာအဓိပ္ပါယ်မှန်းတော့မသိ...
 ကဗျာသင်ချိုင်းဆိုတာ ရှေ့ကအုတ်ဂူလိုလိုပြောတာပါ
 ဆရာတော်ဘုရားက မိုင်းဖုန်းဆရာတော်လာရင် တည်းဖို့လုပ်ထားတယ်တဲ့။
 ဆရာတော်ရဲ့ ကဗျာ အဆုံးအမစာ
 မိုင်းဖုန်းဆရာတော်ဂူကနေ တောင်ပေါ်ဖက်ပြန်ကြည့်ရင်..
ကဲ... အားလုံးမဟုတ်ပါ အသေးစိတ်မဟုတ်ပါ ကိုယ်မြင်ခဲ့တာ ကိုယ်ခံစားသလို
နဲနဲပါးပါးပြန်ဖေါက်သည်ချတာပါလေ..

အားလုံးပဲ ကိုဗစ်ကပ်ရောဂါဘေးကနေကင်းလွှတ်ကြပါစေ
ရွှင်လန်းချမ်းမြေ့ကြပါစေ
#meemeenage