Tuesday, December 29, 2015

ရမည်းသင်းမြို့...

မင်္ဂလာပါရှင်~~~
ဒီတခါတော့ အိမ်ကြီးရှင်ရဲ့ဇာတိချက်ကြွေမွေးရပ်မြေ ရမည်းသင်းမြို့ကိုပါရောက်ခဲ့ကြပါတယ်။ အရင်တုံးက ဆို မြို့လေးဟာခရိုင်မြို့ဖြစ်ပြီး ပျဉ်းမနားထက်ကြီးပါတယ်တဲ့။ ခုလည်းကိုယ်တို့ ကျိုင်းတုံမြို့ ထက် ကြီးတာ အမှန် ပါဘဲလေး)))


မြန်မာပြည်အလယ်ပိုင်းမြို့တွေမှာ တူတာတခုက မြို့တော်တော်များများရဲ့ ရန်ကုန်မန္တလေး ကားလမ်းမကြီး တလျောက် လမ်းသွားလျောက်ကြည့်ပါ တမြို့လုံးလည်ဖူးရောက်ဖူးသွားသလို ဖြစ်သွားပါလိမ့်မယ်..အဟဲ..
ကျမရဲ့ မြန်မာပြည်လည်ပတ်နည်းလေ.. ^_^
ကဲ..ပြောရင်းဆိုရင်းတွေ့ပြီ..လူတွေတန်းစီနေကြတာ..ဘာများလဲ..စပ်စုကြည့်အုံးမှ..
တောသူတောင်သားတွေ ရိုးသားကြပါတယ်ဆို...နဲနဲလေးမေးတာနဲ့ ဝိုင်းပြီးရှင်းပြပေးပါတယ်။ CERAGEM
တဲ့ ကိုးရီးယားကလာဖွင့်ပေးတဲ့ ကျမ်းမာရေးအနှိပ်ခံဋ္ဌာန ဆိုပါတယ်။ တခါနှိပ်မိနစ် ၂ဝ ဖရီးတဲ့။ ဘာမှပေး စရာမလို။ တန်းစီမစောင့်ချင်ရင်တော့ ၁နာရီ ၄ဝဝဝ ကျပ်ပေးပြီး အဓိကခါးနာတာကို စက်နဲ့နှိပ်ပါပေးတာပါ။
မြန်မာပြည်အနှံ့မှ  ကကြီးတွေခြေဆန့်လို့ စက်လည်းရောင်း မိတ်လည်းရှာနဲ့ အတော်ဟုတ်နေတာ။အပေါ်
ကဘောင်းဘီအစိမ်းနဲ့ ကိုးရီးယားက အပြင်ထွက်ပြီး လူတိုင်းကို လက်ဆွဲနူတ်ဆက်ပြီးမှ တံခါးဖွင့်တာပါ။
(ဖေါက်သည် customer တွေကိုသူများ ဘယ်လိုဆက်ဆံကြသလဲဆိုတာ ကျမတို့နိုင်ငံကအတုယူတတ်ရင်
ကောင်းမှာနော် မဟုတ်တဲ့ဇာတ်လမ်းတွဲကြီးထဲက ဝတ်စားဆင်ယင်မူ့နဲ့ ကိုးရီးယားကိုစွဲလမ်းနေကြတဲ့လူ
တွေကများပါတယ်လေ...အဟဲ..ဘေးချော်နေချင်ပြီ အတုတ်ခံရအုံးမယ်..း)))
ပြီးဈေးထဲဝင်မော့သေးတယ်လေ နို့ခဲတွေစားချင်နေတာအဝေးကနေဘဲ လှမ်းရိုက်ထားတာရောင်းတဲ့ကောင်
မလေးဘာစဉ်းစားနေမှန်းမသိဘူး..
ဆနွန်းနဲ့ပြုတ်တဲ့ပြောင်းဖူးတဲ့ဗျား...ပထမဦးဆုံးမြင်ဖူးခြင်းပါဘဲ..
သံပုရာသီးသုတ်ဆိုလား..သံပုရာအစိမ်းသနပ်ဆိုလား..အားပါးတရ နီနီနဲ့ပယ်ပယ်နယ်နယ်ပါဘဲ..
ကိုင်း..ဈေးထောင့်က..သူရဲ့အမျိုးတွေတဲ့ ရန်ကုန်မုန့်ဟင်းခါး..လာထားလေ..အလကားကျွေးတာ ဆွဲပစ် လိုက် အကြော်နဲ့ ၁ပွဲ ဗိုက်ပြသာနာ နောင်ခါလာနောင်ခါဈေးဘဲ...( ဒီတခါတော့ တလမ်းလုံး ခရီးစဉ် တလျောက်လုံး ဖြစ်ချင်တာဖြစ် စားပစ်လိုက်တယ် အဟဲ...တပတ်လုံးဝမ်းပျက်တာမပြောတော့ဘူး ဟီး..)
ကဲ..အမှတ်တရလေး..တကယ်စားကောင်းတာနော်..ညီအကို၃ယောက် ကိုယ်တိုင်ချက် မုန့်ဟင်းခါးရောင်း၊
ကြုံခဲ့ရင်သွားစားကြပါ..(ကြော်ငြာဝင်ပေးရမှာပေါ့ အမျိုးတွေဘဲဟာ..း)))
ရမည်းသင်းက ထိုဖူးကြော်တဲ့..လသာကသူငယ်ချင်းတယောက်ပြောပြပါတယ် လဝက ရုံးရှေ့ကအကြော်
လည်းလွှတ်ကောင်းတဲ့ သွားဖို့ကိုအခွင့်မသာခဲ့ပါဘူး..။သူတို့ရဲ့အချဉ်က ခရမ်းချဉ်သီးထောင်းနဲ့လေ။ တမျိုး ထူးပြီးကောင်းပါတယ်။
 သူတို့အိမ်နဲ့မနီးမဝေးက အကြော်တဲလေး...တနေကုန်လူမပြတ်ဘူး..
သူ့ရဲ့ ခဲအိုဦးလေးကြီးကလည်း သူတို့မြို့ရဲ့ နံမည်ကြီးဝိုင်းဘုံးထားတဲ့နေရာ..အဲလေ..ရေကာတာဆည် ဆို
ရမလား ရေလှောင်ကန်ခေါ်ရမလားမသိ အကျယ်ကြီးမှ အကျယ်ကြီး သိန်းပေါင်းသောင်းချီကုန်ခံတည်
ဆောက်ထားတယ်တဲ့။ အဲ့ကိုလိုက်ပို့ပေးပါတယ်။ကန်ထဲမှာတော့ ဆိတ်တွေကျောင်းနေတာတွေ့ခဲ့တာဘဲ..။

ဘယ်ကရေတွေကိုလှောင်ထားဖို့လည်းဆိုတော့ ..ဟိုး..အဝေးကြီးကမြင်ရတဲ့မူန်ပြပြနဲ့ ရှမ်းပြည်တောင် တန်း က မိုးရွာရင် စီးဆင်းလာမဲ့ရေတွေတဲ့...
 
ဖယားဖယား..တို့ဆီက ရောင်ထုံးစရာမရှိတဲ့တောင်ကတုံးတွေချည်းဘဲကျန်လို့ ရေလည်းခမ်းခြောက်နေတာ
သူတို့မသိတာတော့မဖြစ်နိုင်ဘူး..ဘုတ်အုပ်ကြီးထဲလူသန်းပေါင်းများစွာ စက္ကန့်မခြားသတင်းထူး သတင်းဦး
တွေရှယ်ကြ ဖတ်ကြ ကလှော်တုတ်ကြနဲ့ အတော်ဟုတ်နေကြတာ ခုဒီရေကန်ကြီးသတင်း လူ ၅ယောက်မှာ
၅မျိုးပြောကြတယ်။ ဆောက်လို့မပြီးသေးပါတဲ့။ တချို့ကလည်း ရေဖြည့်လို့မရပါတဲ့။ မိုးရွာရင် ရေပြည့်တော့ မှာတဲ့..စာရင်းချုပ်တော့ ဂဂနန ဘယ်သူ့မှမသိတာအမှန်ပေါ့ရှင် @_@

သူပြောတဲ့အတိုင်းဘဲsaefty first ဆိုလို့ ဖုတ်ထူ ဖုန်ပေါတဲ့နေရာမှာ ဂလို..တောပုန်းဒီဇိုင်း...က safetyး))
ကဲ..ခင်ခင်..သိပ်မရှည်နဲ့တဲ့..မြန်မြန်ကြည့်ပြီး..ပြန်တော့..တဲ့..အဟဲ
ဟိုး..မြင်ရတဲ့တောင်ထိပ်ကဘုရားမနက်ဖန်သွားပို့ပေးမယ်တဲ့...
အညာသားတွေ ငရုတ်သီးစားတာ လတ်စသတ်တော့ ငရုတ်ပင်တွေတယ်ပြီး ပေါများတာကိုး..
ကန်ဘေးတဖတ်တချက်မှာတော့ ငရုတ်စိုက်ခင်းတွေချည့်ဘဲ....
 
နောက်နေ့မနက်လည်း ဈေးတပတ်လမ်းလျှောက် တောင်ကြည့်မြောက်ကြည့် ပေါ့ရှင်..
မြန်မာပြည်က မြို့အားလုံးရဲ့ တူညီလှတဲ့အသွင်သဏ္ဍန် တခုက ဘာဖြစ်မယ်ထင်လည်း မိတ်ဆွေများ!!!^_^
ကဲပါလေ..ပဟေဋ္ဌိ အဖြေညှိလို့ဆုံးမှာဟုတ်ဘူး..ရမည်းသင်းရဲ့ နံမည်ကြီး ထိုဖူးဝယ်မလို့...တခြမ်းကဆနွန်း
အရောင်ပါတယ်တဲ့ တခြမ်းကရိုးရိုးဆိုဘဲ...နောက်ပြီး အလေးချိန်နဲ့ရောင်းတာတဲ့ တပိသာ ၁၆ဝဝ ကျပ် တဲ့။

ရှမ်းမပါးစပ်ဟောင်းလောင်းဟလေသည်..မမြင်ဖူးဘူးလေ..တခြားမြို့ရွာက တွေမျိုးများအတွက် လက်ဆောင်
ဝယ်မလို့ ၃ ပိသာဝယ်ခဲ့ပါတယ်။ကိုယ်တို့ဆီမှာတော့ အတုံးလိုက်ဘဲရောင်းကြတာလေ..။(စကားမစပ် ကျမတို့နိုင်ငံမှာပါးစပ်ထဲ တန်းထဲ့မဲ့အစားအစာတွေကို{ဆေး စရာမလိုတဲ့အစားအစာတွေကိုဆိုလိုပါတယ်} ဘာလို့များ အဖုံးအအုပ်လေး ပလပ်စတိတ်ဖြစ်ဖြစ် စက္ကူနဲ့ဘဲဖြစ်ဖြစ် ထုပ်ပိုးပြီးမရောင်းတတ်ကြတာလဲ မသိ)ဘေးက တနိုင်ငံလုံးစားကြတဲ့မုန့်ဖတ်တွေကိုကြည့်ပါလား..မိုးကောင်းကင်အောက်မှာ ပက်လက်ကြီး
ပါရှင်..း)))))

ရှေးခေတ်ကကျုံးဆိုပြီးပြပါတယ်..ဒီကလည်း ကုန်းရုန်းပြီးမှတ်တမ်းတင်ခဲ့တာဘဲ..ထင်ထင်ရှားရှားမမြင်ရ
ရင်တော့ ခင်ခင်တုံးလှပါတယ်လို့ဘဲမှတ်ယူပါလေ...

ပို့သမျှဘုရားတွေလည်း ဦးခိုက်ရှိခိုးခဲ့ပါတယ်လေ...တိတိကျကျသာနံမည်မမှတ်မိနိုင်တာ..းP နောက်တမြို့
ဆက်ရအုံးမယ်..တာတာ ရမည်းသင်း...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Sunday, December 27, 2015

ငွေဆောင်..


မင်္ဂလာပါရှင်~~~
မေလပြန်တုံးက သူငယ်ချင်းများအဆွယ်ကောင်းတာနဲ့ ငွေဆောင်ခရီးထွက်ခဲ့ကြပါတယ်။ အရင်လသာ အထက (၂) ဘော်ဒါဆောင်အတူတူနေခဲ့ဘူးကြတဲ့ ငယ်သူငယ်ချင်းကြီးတွေနဲ့ပေါ့။



၁ဝ တန်းကျောင်းသူဘဝကိုအတူတူဖြတ်သန်းလာခဲ့ကြတာပါ။ ကျရာဘဝမှာရုန်းကန်လူပ်ရှားရင်း အားလုံး ၅ဝကျော်ခါစပြန်တွေ့ကြတော့လည်း..ဟိုး..၁၅နှစ်သမီး ၁၆နှစ်သမီးလေးလို အရမ်းအပြစ်ကင်းပြီး လွှတ်လပ်
ပေါ့ပါးစွာ ပြန်လည်ပျော်ရွှင်ကြတာပေါ့ရှင်..
နေဝင်ချိန်ဆည်းဆာဆိုတာ ခံစားတတ်ရင်လည်း တကဲ့ကို လွမ်းစရာ အတွေးများအပြည့်ရနိုင်တယ်နော့်း))
ကိုယ်တို့တတွေတော့ စားလိုက်ပြောလိုက် ဖြစ်သန်းလာခဲ့တဲ့ဘဝအကြောင်းတွေဖလှယ်ကြ ခံစားကြနဲ့
တကဲ့ကို သူငယ်ချင်းတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တခု ရခဲ့ပါတယ်။
ညစာကိုတော့ ရွာထဲကစားသောက်ဆိုင်မှာ သွားစားကြပါတယ်။ ဖြစ်ချင်တော့ ဦးသိန်းစိန်ဆိုတဲ့ သမတကြီး
ကလူရည်ချွန်တွေနဲ့တွေ့ဖို့လာလို့ တဲ့ လမ်းကလမ်းကျဉ်း ကားကလည်းများ လူကလည်းကျပ်... ဟွန့်.း((
ကိုယ်တို့ဘွတ်ကင်တင်ထားတဲ့ဟော်တယ်တောင်မရဘူး..ဘဘပြောင်..အဲလေ..သမတကြီးပေါ့..နောက်
လိုက်များစွာနဲ့သိမ်းပိုက်လိုက်တာတဲ့..။
ကဲပါလေ..စားခန်းသောက်ခန်းကပိုအရေးကြီးပါတယ်။ စားလာခဲ့တဲ့ ပင်လယ်စာတွေလေ..
အကင်တို့..
အသုတ်တို့...စားပြီး ညရောက်တော့..မယ်ငီး..လျှောပါလေရော..ဒီတခါတော့ အပေါ်ကထွက် အောက်က ထွက်နဲ့ ဆရာဝန်ဆီရောက်ခဲ့ရပါတယ်... ၁၃ ခါတောင်..
ရောင်းတဲ့ငါးတွေလည်း တချို့မြင်တောင်မမြင်ဖူးပါဘူးရှင်..
တရုတ်တွေတော်တော်ဝယ်ပါသတဲ့..
အရင်ကငွေဆောင်ဆိုတာ တံငါရွာသေးသေးလေးတခုပေါ့..ခုတော့ စီးပွားရေးကောင်းလာပြီဆိုရမယ်။
နိုင်ငံခြားသားရော ပြည်တွင်းခရီးသွားတွေအတွက် ဆွဲဆောင်တဲ့ပင်လယ်ကမ်းခြေမြို့တမြို့တော့ဖြစ်လာပြီ။
ဒါပေမဲ့ ကားလမ်း အများပြည်သူအတွက် ခိုနားနေရာ စားသောက်နေရာ လုံးဝမပြည့်စုံဘူးလို့ မယ်ငီးပြော ရင်..အဟီး..ဘုတ်အုတ်ကြီးမှာဆိုရင် ကလော်တုတ်ကြမှာဘဲ..နော်..
ဖုံကများ ဖုတ်ကထူ ကားလမ်းဘေးတချက်မှာရပ်ချင်သလိုရပ်တတ်ကြတဲ့ ရွှေပြည်သားများ ပေါတဲ့နေရာ
ဒေသတခုပေါ့...မြန်မြန်လေးလာပါ စည်းကမ်းတကျလုပ်တတ်တဲ့ အစိုးရသစ်ကို အရမ်းမျော်လင့်နေမိတယ်။
သူတို့ကတော့ ခြေထောက်ညောင်းလို့ ထောင်..ဒီကလည်း အိမ်သာနဲ့ ဘင်စင် ကူးချည်သန်းချည်ပါဘဲ..
ကဲ..ခင်ခင်ကတော့ပဲလေးနဲ့ ခပ်ဝေးဝေးကနေဘဲ..ငွေဆောင်ရူခင်းလေး..လွမ်းမောဘွယ်ရာလေးပါနော်...
ပြန်ခါနီး ချစ်သူငယ်ချင်းများနဲ့...
သူတို့ကတော့ တဆိုင်နားတခါဝယ် ဒီကလည်း ပဲပေးပြီး ဓါတ်ရိုက်တယ်..း)))
အဲ့ဒီဆိုင်ကနေ ကျိုင်းတုံအိမ်အတွက် ၂ဖက်ချောသင်ဖြူးဖျာ ၂ချပ်ဝယ်တာ ၆သောင်းကျော်ကျတယ်ဗျ....
အားလုံးလိုချင်တာ...
မမတွေ ဝယ်နေတာဘဲ..
တာတာ...ငွေဆောင်....

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...
မီးမီး
( ညနေကအမေရိကားပြန်ရောက်ပြီး အိပ်မရတာနဲ့ အရင်ကခရီးစဉ်ကိုပြန်တင်လိုက်တာပါ....)