Showing posts with label Thailand-Bangkok. Show all posts
Showing posts with label Thailand-Bangkok. Show all posts

Sunday, December 30, 2012

ဘန်ကောက်ခရီးတထောက်..

မင်္ဂလာပါရှင်~~~~
ပေါ်မလာ နိုင်ခဲ့အတော်ကြာခဲ့ပါပြီ....။
လူမအား စိတ်မအား နဲ့ ပြောစရာတွေတော့အတော်များများကြီးကိုရှိနေပါတယ်။
ကျမ မြို့ ကိုပြန်ရောက်တဲ့အချိန်က အချိန်ကောင်းလေးပါ။
ဒီဇင်ဘာလ ၁၂.၁၂.၂၀၁၂ မှာရှမ်းကောက်သစ်စားပွှဲ ၀င်နွှဲလိုက်ရသေးတယ်။
ဒါ့ဒါ့တွေတင်ရတာ အဆင်မပြေတာနဲ့ ၊ ဘန်ကောက်ရောက်တုံးက စားခဲ့ဝါးခဲ့တာလေး တွေ၊
တင်ရင်း ၂၀၁၂ အတွက်နှုတ်ဆက်ပြီး နှစ်သစ်ကို ကျိုင်းတုံကနေပြီး ကြိုဆိုနှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်..။


ကျမ ဘန်ကောက်ရောက်တော့ နှစ်ပေါင်းများစွာကွဲနေတဲ့သူငယ်ချင်း(ထိုင်း)တယောက်နဲ့ ပြန်တွေ့ တယ်။
သူ့ အိမ်နားက ဈေးဝင်ပြီး စားချင်တာလေးတွေ ရှာတာပေါ့...
ဈေးက သန့်ပြန့် နေပါတယ်...အင်း..ကျမတို့ ဆီကလည်း တနေ့ ဒီလိုဖြစ်လာတော့မှာပါနော်...ဟင်းဟင်း..


ဟော...ဒါလေးတော့ ၀ယ်မှဖြစ်တော့မယ်။
သင်္ဘောသီးထောင်း......ဘာထောင်းထောင်းရတယ်တဲ့...။
 
လက်မလည်ဘူး...


ဆားငံဘဲဥ ကို ဘယ်လိုထောင်းမလဲတော့မသိဘူး...မျှစ်လည်းစားချင်တယ်..။


ကျမစားတဲ့အထောင်းအရသာကတော့ ချိုချဉ်အရသာပါ...။
ပဲပြားကြော် လည်းဝယ်ခဲ့တယ်။ တို့ စရာကတော့ ထိုင်းထုံးစံ ချိုတိုတိုပေါ့ရှင်...။
အကြော်တွေတော့ အများကြီးဘဲ...။
 

ဖက်နဲ့ ထုပ်ထားတဲ့ ၀က်သား ကို ကျမအရမ်းကြိုက်တယ် မူယော လို့ ခေါ်တယ်..။


ဒီ ပလာတူးငါးချဉ်စပ်ပေါင်းတော့ အသေကောင်းတယ်ဗျို့ ...မကျီးသီးနဲ့ ချဉ်ထားတာ။


 ဒီငါးကင်တော့ ပြောစရာမလိုဘူး ဆားနဲ့ မံ စပါးလင်လေးနဲ့ သွပ်...အိုး...ဂွတ်ဂွတ်..:)
ကိုင်း....စားခဲ့တာတွေလေ...ထုံးစံအတိုင်း ပန်းမမလှဧကရီ ကတော့ စားရင်းတန်းလန်းနဲ့  ၃ခါလောက်ပါဘဲ...ဟီး....

သူငယ်ချင်းကတော့ နောက်နေ့ ပင်လယ်စာ အရမ်းနံမည်ကြီးတဲ့ ဆိုင်ခေါ်သွားပါတယ်။

ဒါကတော့ ဘန်ကောက်မှနေကတဲက ရေးထားပြီး ခုမှတင်ဖြစ်တာပါ...။
အားနာပါတယ်....
နောက် တော့ အားရပါးရ ကျမတို့ ဆီက တောအစားအစာလေးတွေ အားလူး ပေးမယ်နော်...
အားလုံးဘဲနှစ်သစ်အခါသာမယမှာရွှင်လန်းချမ်းမြေ့ ကြပါစေရှင်....
ခင်မင်တဲ့
မီးမီး