Showing posts with label Myanmar-Yangon. Show all posts
Showing posts with label Myanmar-Yangon. Show all posts

Wednesday, September 2, 2020

ရန်ကုန်ကဝါးတီး

မင်္ဂလာပါရှင်~~~

အရင်ကများ တခါလောက်ရွှေပြည်ပြန်မယ်ဆိုရင် ဘာစားမယ် ဘယ်သွားမယ်ဆိုတာက စာတတန်ပေတတန်ရေးမှတ်ထားရ😁 ခုများတော့ သိပ်ပြီးအစားမမက်တော့ဘူး😓 မစားနိုင်တော့ဘူးလေ။ မတည့်တာနဲ့ ဟိုဟာနဲ့ဒီဟာနဲ့ ကြုံကြိုက်ရင်စားလိုက်မကြုံရင်လည်းအိုကေ။ပြီးခဲ့တဲ့နှစ်ကပြန်တုံး များများစားစားကိုမစားဖြစ်ဘူး ။ သူများကျွေးတာလေးပဲ စား😂


ရောက်ပြီးမနက်စာ လပ်ကီးဆဲဗင်းစားပြီးတော့ ဗိုလ်ချုပ်ဈေးချီတက် ကတ္တီပါဖိနပ်တွေဝယ်ကြ ပိုးပုဆိုးတွေပုဝါတွေဝယ်ရင်း ပူလို့ခနနားနေတုံးဆိုင်ရှင်က ကျောက်ကျောစားမလားဆိုတော့ အိုကေ..ပေါ့ 😅 ကိုယ့်ဖာသာကိုယ်ပေးတာပါ။ သူများဆိုင်ရှေ့မှာကျကျနနထိုင်စားရတာပဲကျေးဇူး.. ကြည့်ရင်းစားချင်စိတ်အများကြီးဖြစ်ပေမဲ့ မစားနိုင်ဘူးဗျ..။ မာတာတာဖြစ်နေလို့ လူကလည်းနေ့နဲ့ညမှားနေတာရယ် ပင်ပမ်းတာရယ်..။ ၃ဇွန်းထပ်ပိုမစားနိုင်ကြဘူး..ခုချိန်တော့ စားချင်နေသားပဲ😝

နေ့လည်ကျတော့ ဝမ်းမနာသမီးတွေလာခေါ်ပြီးဗမာထမင်းဆိုင်သွားစားကြ..။ 

ထုံးစံအတိုင်း ဟိုတို့ဒီတို့နဲ့..အိပ်ချင်နေတာလေ..
ညစာတော့ နံမည်ကြီးတဲ့ မင်းလမ်းမုန့်တီဆိုလား..သူတို့အများကြီးမှာ
ကိုယ်တွေတော့ မုန့်တီတပွဲမှာသေး😄



အများကြီးမှာပြီး အင်း...စားကောင်းလားဆို..
အရမ်းအကောင်းကြီးထဲမဟုတ်သလိုပဲ
😂 လူကတော့ အများကြီးပဲ အလကားပေးတာကြနေ
ဘာတွေကဘာမှန်းတောင်မသိ😎

မှာသမျှကုန်နေပြီဆိုတာကြီးဗျ...

နောက်တညနေ စမ်းချောင်းဖက်ရောက်တုံးဗိုက်ဆာလို့ ရခိုင်ဆိုင်တခုဝင်စား ဖယားဖယား အသေစပ်တာဗျ...အဘားအဘား...😄 စားလို့တော့ကောင်းပါတယ်
တူမလေးတယောက်ထိုင်းမုန့်ဟင်းခါးချက်ကျွေးလို့စားခဲ့ရသေး
ဆိတ်စွပ်ပူရီဆိုလား ပါလတာဆိုလား....ကျားကျားသူ့မိတ်ဆွေတွေကိုကျွေးလို့ စားခဲ့ရသေး..အဖိုးကြီးတွေချည့်ပဲဆို😎

ဟိုသွားဒီသွားနဲ့ကြုံရင်ကြုံသလိုစားခဲ့သေး

ဘာတွေမှန်းမသိ..စီးပွားရေးတော့အတော်ကောင်းပုံရ ဆိုင်တွေလူအပြည့်ပါပဲ
သူငယ်ချင်းတယောက်အိမ်သွားရင်း သူကျွေးတဲ့ ခေါက်အူနဲ့ကျိုင်းတုံဝက်အူ ချောင်းနဲ့နမ့်ဖစ်ထောင်း
ပါအို့(ငါးဒုက္ခလည်းပါ)
အဲ့တနပ်ကတော့ အကောင်းဆုံးပေါ့😄

ကျားကျားမိတ်ဆွေကျကျနနဖိတ်ကျွေး..ကိုယ်တွေကသိပ်မစားနိုင်
ဟား..အရမ်းကောင်းတာပဲ..ကျေးဇူးပါပဲ..ပြောလိုက်ရတာ..😆
ကျားကျားတူမတယောက်ခေါ်သွားတဲ့ဒူးရင်းသီးဆိုင်ကတော့အမိုက်စ်ဆုံး
တဆိုင်လုံး အနံ့တွေလိူင်နေတာ..
ကိုယ်တွေကမကြိုက်တော့ အသက်အောင့်ထားရ😂
စုံပလုံစိမှာစားကြ
ဈေးလည်းကြီးဆိုပဲ..သူ့ခမျာကျွေးရှာတာ..ကိုယ်လည်းဟန်ဆောင်ကောင်းခဲ့ပါတယ်လေ😁
မုန့်တွေလည်းအများကြီး..အချိုမကြိုက်သူကတော့ သာရေမကျဘူးပေါ့.အဟဲ
သူ့အမျိုးအိမ်တွေကဖိတ်ကျွေးတာ ဘုန်းကြီးဆွမ်းကပ်သလိုပဲ😜 အဲ့အချိန်ကစားကောင်းနေတာများ

ကျန်တာတွေကဟော်တယ်ထဲမှာပဲ..မနက်စာဘူဖေး

ဧည့်သည်လာရင်လည်း အဝေးကြီးသွားစရာမလို



အဲ့နားမှာကျွေးလိုက်တာပဲ
ညဆိုရင်လည်း မထွက်ချင် ဆင်းပြီးစားလိုက်တာပဲ

ဒေါ်လာလှဲဖို့ လမ်းလျောက်ထွက်သွားရှာရင်း

ရှမ်းဆိုင်တခုတွေ့တာနဲ့ ဖက်ထုပ်ပေါင်းစားရင်းရှမ်းလိုခေါက်ဆွဲသုပ်ပေးနိုင်လားမေးရင်းစားခဲ့သေးတယ်...

ဒီဆိုင်ကတွေ့ရင်း ဘာရယ်မဟုတ်ဒါတ်ပုံလေးရိုက်ယူထား..အော်..လသာကဘော်ဒါကြီးတယောက်ရဲ့ဆိုင်တဲ့
ရန်ကုန်မှာအလုပ်မရှိရင် အစားအစာရောင်းလို့ဖြစ်တယ်စားမဲ့သူအများကြီး..

လေယာဉ်ကွင်းဆင်းမှသူငယ်ချင်းတယောက်လာတွေ့မယ်ဆိုတော့ စားသောက်
ဆိုင်ထိုင်ရင်း အမဲသားခေါက်ဆွဲမှာစား..အပါးပါးဂွတ်ရှယ်ပဲ..
ကျားကျားလည်းစားပြီးရှင်းမယ်လုပ်တော့ သူငယ်ချင်းရှင်းပေးသွား..ဖယားဖယား.70$ လောက်ရှင်းရတယ်တဲ့..အားနာလိုက်တာ ရေခဲမုန့်တွေရော တခြားမုန့်တွေရောကျားျကားမှာစား..မြို့ထဲမှာစားမကောင်းလို့တဲ့😂

ကိုင်း..စာရင်းချုပ်တော့ ဒီတခါသိပ်အလေးချိန်မတိုးလာပါဘူးလို့...
😍😘😝😜
#meemeenage

Tuesday, June 30, 2020

2019 နယူးဂျာစီ-ရန်ကုန်ခရီး

မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့နှစ်ကုန်ခါနီး နိုဝင်ဘာလဆန်းပိုင်းမမျော်လင့်ပဲ မဟာရွှေပြည်ကြီးပြန်ခဲ့ရတယ်။ စီစဉ်တာကတမျိုး မီးစဉ်ကြည့်ကရတာကတဖုံ..ဒီလိုပါပဲ.ဘဝဆိုတာ မအေးဝင်းစီစဉ်တာမဟုတ်ဘူးတဲ့ 😁(မှန်တာပြော မအေးဝင်းစီစဉ်တာမဟုတ်ဘူးဆိုတာသူများပြောလို့လိုက်ပြောဘာအဓိပ္ပါယ်မှန်းလည်းမသိဘူးဆို😂) တရုတ်လေကြောင်းလိုင်းဆိုတာဆလံသပါပြီ ဘာညာနဲ့ သံကောင်းတွေဟစ်ပြီး..ဈေးနူန်းကချိုနေရော..အဲ့ဒါနဲ့ပဲ စီလုတ်နဲ့ပြန်ညားလေရော..😆 နောက်ပိုင်း ဒေါ်နယ်ထွန်းကြီး စီလုတ်လေယာဉ်တွေကန့်သတ်လိုက်တာ နောက်တခါပြန်ရင် ဈေးကြီးတာတွေနဲ့ ပြန်ညားရတော့မှာပဲ..မတတ်နိုင်ဘူး..။ 
တရုတ်လေကြောင်းလိုင်းက အစားအစာအရမ်းညံ့တာ..အိုး..ဒီတခါတော့ အိုကေနေရော..သူတို့ပြုပြင်ထားတယ်။ မဆိုးဘူးပဲ..။ ကိုယ်က gluten free မှာတော့ ထိပ်ဆုံးရောက်ဝေပေးတာဗျ...





 

ပီကင်းလေဆိပ်မှာစားတာ
ရန်ကုန်လေဆိပ်ရောက်တော့ ညနက်ပြီ ဗိုက်ကလည်းထူးထူးခြားခြားဆာလိုက်တာဆိုနေမှ 😆 နေ့ညမှားနေတာကိုး..ကျုပ်တို့နေ့လည်စာစားချိန်ဆိုတော့ လေဆိပ်ကထွက်တော့ ဆိုင်တွေအားလုံးနီးပါးပိတ်ပြီဆိုပဲ...။ဘန်ကောက်နဲ့ကွာပါ့..😂 အမေကျော်ဒွေးတော်ကိုလည်းလွှမ်း 😁 လှည်းတန်းနားကဆိုင်တွေကြည့်ရင် လေးဘမ်းလမ်းဘေးတနေရာမှာထမူဖျင်းဆိုင် တဲ့ 😵ဘွားကနဲတွေ့
တော့ကားကိုဆပ်ကနဲရပ်ခိုင်း ဖြတ်ကနဲခုန်ဆင်း အောင်မငီးဆယ်ကျော်သက်ကြီးကျနေ😝 
ဇလုံလေးတွေတန်းစီလို့...အားလုံးကအတူတူပဲထင်ရတယ် နဲနဲပဲဝယ်ခဲ့တာ
တည်းတဲ့အိမ်(ကွန်ဒို အိမ်ရှင်မရှိ အခန်းသော့ပေးထား😘) စားကြည့်မှနောင်တရ အတော်ကောင်းတာကြီးဆို
 ရိုက်လာခဲ့တဲ့ ဒါတ်ပုံအလွှမ်းပြေလည်းကြည့်ရေသောက်အိပ်ရာဝင်..
 ဝမ်းမနာသမီးကနေရာလာချသွားတာ..
 ဘယ်နေရာလည်းမသိ...မမှတ်မိတာပါ😁
 မနက်မိုးလင်းတာသွားတာ တရေးမှမအိပ်နိုင် ကြောင်တောင်တောင်မိုးလင်း
 ပြူတင်းပေါက်က မြင်မြင်သမျှမှတ်တမ်းတင်ထား.. ပြန်ကြည့်ဖို့😎
ရန်ကုန်ကြီးက အေးချမ်းနေတာပဲ..(ဟီး..အဲယားကွန်းခန်းထဲမှာပြောတာပါ)😎
တမော်တီးကပြောပါတယ် မနက်ကျ သူတို့နောက်ကျမယ်။ ကိုယ့်ဖာသာကိုယ်ရှာစားကြတဲ့ 😉

 
အရင်ကသွားစားနေကြဆိုင် အလုံကြည့်မြင်တိုင်လမ်းပေါ် ချီတက်ကြ..အမြင် လှပေမဲ့ စားရတာမကောင်းဘူးဗျ..ကိုယ်နေခဲ့ဖူးတဲ့နေရာဟောင်းလေးတချက်လာကြည့် 😂ဒါတ်ပုံရိုက်တာ ခွေးချီးတက်နင်းမိလို့..ပုံကောင်းမရလိုက်..အဲ့တာနဲ့ ဗိုလ်ချုပ်ဈေးကိုချီတက်သွားကြတာပေါ့ဗျာ...ပုဆိုးတိုက်ပုံကတ္တီပါဖိနပ်သွားဝယ်ကြမလို့....

စိတ်ထဲကသာနေ့တိုင်းရေးနေတာ တလတပုဒ်တောင်အနိုင်နိုင်😊 သူများဖတ်မဖတ်တာကိစ္စမရှိ ကိုယ့်ဖာသာကိုယ် တလတခါပြန်ပြန်လာစစ်နေရတာက ဖီလင်တမျိုး...😎😝

ရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage