Showing posts with label Myanmar-NgweSaung beach. Show all posts
Showing posts with label Myanmar-NgweSaung beach. Show all posts

Sunday, December 27, 2015

ငွေဆောင်


မင်္ဂလာပါရှင်~~~
မေလပြန်တုံးက သူငယ်ချင်းများအဆွယ်ကောင်းတာနဲ့ ငွေဆောင်ခရီးထွက်ခဲ့ကြပါတယ်။ အရင်လသာ အထက (၂) ဘော်ဒါဆောင်အတူတူနေခဲ့ဘူးကြတဲ့ ငယ်သူငယ်ချင်းကြီးတွေနဲ့ပေါ့။



၁ဝ တန်းကျောင်းသူဘဝကိုအတူတူဖြတ်သန်းလာခဲ့ကြတာပါ။ ကျရာဘဝမှာရုန်းကန်လူပ်ရှားရင်း
အားလုံး ၅ဝကျော်ခါစပြန်တွေ့ကြတော့လည်း..ဟိုး..၁၅နှစ်သမီး ၁၆နှစ်သမီးလေးလို
အရမ်းအပြစ်ကင်းပြီး လွှတ်လပ်ပေါ့ပါးစွာ ပြန်လည်ပျော်ရွှင်ကြတာပေါ့ရှင်..
နေဝင်ချိန်ဆည်းဆာဆိုတာ ခံစားတတ်ရင်လည်း တကဲ့ကို လွမ်းစရာ အတွေးများအပြည့်ရနိုင်တယ်နော့် 
ကိုယ်တို့တတွေတော့ စားလိုက်ပြောလိုက် ဖြစ်သန်းလာခဲ့တဲ့ဘဝအကြောင်းတွေဖလှယ်ကြ ခံစားကြနဲ့
တကဲ့ကို သူငယ်ချင်းတွေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အချိန်တခု ရခဲ့ပါတယ်။
ညစာကိုတော့ ရွာထဲကစားသောက်ဆိုင်မှာ သွားစားကြပါတယ်။ ဖြစ်ချင်တော့ ဦးသိန်းစိန်ဆိုတဲ့ သမတကြီး
ကလူရည်ချွန်တွေနဲ့တွေ့ဖို့လာလို့ တဲ့ လမ်းကလမ်းကျဉ်း ကားကလည်းများ လူကလည်းကျပ်... ဟွန့်...
ကိုယ်တို့ဘွတ်ကင်တင်ထားတဲ့ဟော်တယ်တောင်မရဘူး..ဘဘပြောင်..အဲလေ..သမတကြီးပေါ့..နောက်
လိုက်များစွာနဲ့သိမ်းပိုက်လိုက်တာတဲ့..။
ကဲပါလေ..စားခန်းသောက်ခန်းကပိုအရေးကြီးပါတယ်။ စားလာခဲ့တဲ့ ပင်လယ်စာတွေလေ..
အကင်
အသုတ်တို့...စားပြီး ညရောက်တော့..မယ်ငီး..လျှောပါလေရော..ဒီတခါတော့ အပေါ်ကထွက် အောက်က ထွက်နဲ့ ဆရာဝန်ဆီရောက်ခဲ့ရပါတယ်... ၁၃ ခါတောင်..
ရောင်းတဲ့ငါးတွေလည်း တချို့မြင်တောင်မမြင်ဖူးပါဘူးရှင်..
တရုတ်တွေတော်တော်ဝယ်ပါသတဲ့..
အရင်ကငွေဆောင်ဆိုတာ တံငါရွာသေးသေးလေးတခုပေါ့..ခုတော့ စီးပွားရေးကောင်းလာပြီဆိုရမယ်။
နိုင်ငံခြားသားရော ပြည်တွင်းခရီးသွားတွေအတွက် ဆွဲဆောင်တဲ့ပင်လယ်ကမ်းခြေမြို့တမြို့တော့ဖြစ်လာပြီ။
ဒါပေမဲ့ ကားလမ်း အများပြည်သူအတွက် ခိုနားနေရာ စားသောက်နေရာ လုံးဝမပြည့်စုံဘူးလို့ မယ်ငီးပြော ရင်..အဟီး..ဘုတ်အုတ်ကြီးမှာဆိုရင် ကလော်တုတ်ကြမှာဘဲ..နော်..
ဖုံကများ ဖုတ်ကထူ ကားလမ်းဘေးတချက်မှာရပ်ချင်သလိုရပ်တတ်ကြတဲ့ ရွှေပြည်သားများ ပေါတဲ့နေရာ
ဒေသတခုပေါ့...မြန်မြန်လေးလာပါ စည်းကမ်းတကျလုပ်တတ်တဲ့ အစိုးရသစ်ကို အရမ်းမျော်လင့်နေမိတယ်။
သူတို့ကတော့ ခြေထောက်ညောင်းလို့ ထောင်..ဒီကလည်း အိမ်သာနဲ့ ဘင်စင် ကူးချည်သန်းချည်ပါဘဲ..
ကဲ..ခင်ခင်ကတော့ပဲလေးနဲ့ ခပ်ဝေးဝေးကနေဘဲ..ငွေဆောင်ရူခင်းလေး..လွမ်းမောဘွယ်ရာလေးပါနော်...
ပြန်ခါနီး ချစ်သူငယ်ချင်းများနဲ့...
သူတို့ကတော့ တဆိုင်နားတခါဝယ် ဒီကလည်း ပဲပေးပြီး ဓါတ်ရိုက်တယ်.. 
အဲ့ဒီဆိုင်ကနေ ကျိုင်းတုံအိမ်အတွက် ၂ဖက်ချောသင်ဖြူးဖျာ ၂ချပ်ဝယ်တာ ၆သောင်းကျော်ကျတယ်ဗျ....
အားလုံးလိုချင်တာ...
မမတွေ ဝယ်နေတာဘဲ..
တာတာ..ငွေဆောင်

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...
မီးမီး
( ညနေကအမေရိကားပြန်ရောက်ပြီး အိပ်မရတာနဲ့ အရင်ကခရီးစဉ်ကိုပြန်တင်လိုက်တာပါ....)