Showing posts with label US-Walt Disney. Show all posts
Showing posts with label US-Walt Disney. Show all posts

Thursday, March 20, 2014

Dinsey World မှာပျော်ခဲ့တာ..

မင်္ဂလာပါရှင်~~~
သွားတုံးကတော့တနေ့ထဲလည်ပတ်ပြီးခဲ့တာပါဘဲ၊ ပြန်ပြောပြတာက ဒီတခါနဲ့ဆို ၃ပုဒ်ရှိလေပြီ @_@
အဟီး...ကဲ..ပြန်ဆက်ခွင့်ပြုပါရှင်..။ စင်ပေါ်ကနေကပြဖျော်ဖြေတာ ပြီးသွားတာနဲ့ လူတွေလည်းချက်ချင်း၊
လူစုကွဲဘဲ၊ ဝင်စရာ၊ကြည့်စရာ၊ကစားစရာကများတာကိုး..။ အသီးသီးတန်းစီဖို့ရာသွားကြတာပေါ့။

ဒီနေရာမှာ တန်းစီဖို့မလိုတဲ့ စနစ်တွေရှိတယ်။ဒီကွင်းထဲရောက်မှ အောက်ကစားရုံ တခုခုရှေ့ မှာ
Splash Mountain, Space Mountain, Jungle Cruise,
The Many Adventures of Winnie the Pooh,
Buzz Light year's Space Ranger Spin,
The Haunted Mansion, Peter Pan's Flight,
Big Thunder Mountain Railroad စက်တခုရှိပါတယ်။ သူတို့က FAST PASS လို့ခေါ်ပါတယ်။ အဲဒီစက်ထဲမှာကိုယ့်ရဲ့ လက်မှတ်နဲ့ ထဲ့ပြီး စက်ကScan ဖတ်ပြီး print လုပ်ပေးလိုက်ပါတယ်။ ဒီနေရာမှာ 

Fast Pass အကြောင်းရှင်းပြတဲ့ Video ကြည့်လို့ရပါတယ်။ ထွက်လာတဲ့လက်မှတ်မှာ သတ်မှတ်ထားတဲ့ အချိန်တခုရှိတယ်။အဲဒီအချိန်အတောအတွင်း ဆိုင်ရာကစားကွင်းမှာ တန်းစီစရာမလိုဘဲ လက်မှတ်ပြ
ဖြတ်ဝင်သွားလို့ရပါတယ်။ စက်မှာ FastPass လုပ်တဲ့အချိန်နဲ့ ဝင်သွားဖို့အချိန်က ၄၅ မိနစ်လောက်ခွာပေး
ထားတတ်ပါတယ်။ အချိန်တနာရီသာသာလောက်ပေးထားပြီး အဲဒီအချိန်အတွင်းဝင်ဖို့ပြောထားပါတယ်။
တနေ့လုံးအတွက် ၃ခါလောက်ဘဲ လုပ်ခွင့်ရှိတယ်လို့ပြောတာပါဘဲ..။
ဒီလိုမှမလုပ်ချင်ရင်လည်း အွန်လိုင်းမှာ ကိုယ့်ရဲ့ Park entrance card မှာပါတဲ့နံပါတ်တွေနဲ့ လုပ်ချင်ရင် လည်းရပါတယ်။ အချိန်တော့ရွှေးရပါလိမ့်မယ်။ကျမတို့တခုကိုလုပ်ပြီး နောက်တခုသွားနေတုံး ပြန်အ
ထွက်မှာ မမှီတာနဲ့၊ ဒီအတိုင်းရိုးရိုးဘဲဝင်ခဲ့ရပါတယ်။မြေပုံကိုလည်းမပြတ်ကြည့်ရတယ်လေ။ တခုနဲ့တခုက
ဘယ်နေရာမှန်းမသိ။ဒီနေရာမှာ ကျောင်းတုံးပထဝီညံ့ခဲ့တာ သိပ်မမိုက်ဘူး။

ကားမောင်းတာ ခလေးကားလို့ပြောရင်လည်းရပါတယ်။ ဒါပေမဲ့ အားပေးသောသူများက ကြီးသော လူကြီးတွေချည်းပါဘဲ..ပျော်စရာကောင်းသား...ကိုယ်တော့..ဘေးထိုင်..ပေါ့.. ^_^
နောက်တခုက ရုံထဲမှာ ဝင်ထိုင်ပြီး ယာဉ်တွဲကြီးက လျှောကနဲရွှေ့လျှားသွားတာဘဲ..အဲ..နောက်မှ ပစ်မှတ်တွေ တက်လာတယ်။ ရှေ့က စက်သေနတ်နဲ့ ပတ်ချာလည်ပစ်၊ ထိရင်အမှတ်တွေတက်လာတယ်။
တကယ်ပျော်တာ..ရွှီး..ဒိုင်း..ဒုံး..လာဟဲ့..ဘယ်ကောင်မှ ဂရုမစိုက်ဘူး၊ အုပ်ထဲ့လိုက်မယ် အခွင့်အရေးရတုံး
ဟီးဟီး..တနေရာရောက်တော့ လက်ကနဲ လက်ကနဲ ဘာမှန်းမသိဘူး..နောက်မှ..သူတို့ကဓါတ်ပုံရိုက်ထား
ပေးတာလေ..ထွက်လာတဲ့..မယ်ငီးပုံကြည့်ပါလား..အသဲအသန် ပစ်နေတာ :P

ရထားတွေ့ရင်မနေနိုင်ဘူး..တက်စီးချင်တယ်..ကွင်းတခုလုံးမြင်ရရင်တော်ရော့ပေါ့နော့်...
ပြီးတာနဲ့ စီတန်းလှည့်လည်ခြင်းဆိုတဲ့ အချိန်ရောက်ပြီလေ..ပြေးရတယ်..နေရာကောင်းလေးရအောင်လို့
ရှေ့ဆုံးမှာနေချင်ရင်တော့ တမံတလင်းပေါ်ထိုင်ချတတ်ရမယ်။ ဒီတခါ ထိုင်ရတာ အရသာအရှိဆုံးပါဘဲ..
ညောင်းနေပြီလေ..။

သီချင်းသံကမြူးတယ် လူတွေကလည်းပျော်နေကြတာဘဲ...
တဖြတ်ဖြတ်ရိုက်ကြ အော်ကြ...လက်ခုပ်တွေတီး..
ခဏလေးဘဲ..တွေ့လား..လူအုပ်ကြီး..ဒါတောင် စနေတနင်္ဂနွေ မဟုတ်လို့တဲ့...
ကိုယ်တောင်လက်တွန်းလှည်းထဲထိုင်စီးချင်စိတ်ပေါက်တယ်..တကယ်ဘဲ..
နေရာကျယ်သလောက်လူတွေလည်း နေရာအနှံမှာဘဲ..တိုးဝှေ့နေကြတာပါဘဲ..။
နောက်တခုဝင်ဖြစ်တာက Jungle Cruise တဲ့..တနာရီလောက်တန်းစီရပါတယ်။
မြွေလိမ်မြွေကောက်လမ်းလေးကို ကြိုးလေးတားပြီး လည့်ပတ်နေရတယ်လေ..။
နောက်မော်တော်ပေါ်တက်ပြီး လူလုပ်ထားတဲ့ ချောင်းရိုးတလျှောက်ပတ်ခေါ်သွားတာပါ။ အတုလုပ်ထားတဲ့
တိရစ္ဆာန်ရုပ်ကြီးတွေနဲ့ရေတံခွန်တွေ အပန်းဖြေစရာလေးတခုပါ...။

ကဲ..တနေရာကထွက်ရင် ရေသောက် အိမ်သာရှာ..ဒါပါဘဲ..အဲဒီနေရာမှာ ဒီအလုပ်က အဓိက :D
နောက်တခုလည်း နံမည်တောင်မေ့နေပြီ လှေစီးရတာပါဘဲ..။
အထဲမှာ ပင်လယ်ဓါးမြတွေ အရုပ်တွေ သီချင်းဆိုကြ ကိုယ်တို့ကလှေငြိမ့်ငြိမ့်လေးနဲ့ဖြတ်သွားကြတာပေါ့။
Splash Mountain ကနာမည်ကြီးပေါ့..ဟိုးထိပ်ကနေ လှေနဲ့လျှော်ဆင်းလာပြီး ရေထဲဖြတ်သွားတာလေ...
ကိုယ်တော်ချောကမစီးရဲဘူးတဲ့..ဒါနဲ့..တာတာပေါ့..
ညဖက်ရောက်တော့ ညမီးနဲ့လှည့်တဲ့ အကတွေလည်း ပြေးလွှားသွားကြည့်ကြပါတယ်။
မမောနိုင် မပမ်းနိုင် ဓါတ်ပုံရိုက်ကြရတယ်..။
ပြီးရင် လူတွေကိုခေါ်ပြီး အတူတူဝိုင်းကကြတယ်...။
မီးတွေထွန်းတော့ လှတာကတခြား လူလည်းဟောဟဲဟိုက်နေပြီ...
ရေအသောက်များပြီးထမင်းတော့မဆာပါဘူး..
မုန့်လေးတွေနဲ့ အချိုရည်တွေသောက်ပြီး ညမီးရူးမီးပန်းကိုမစောင့်တော့ဘူးလို့ တိုင်ပင်ပြီး...
တပ်ခေါက်ပြန်ခဲ့ကြပါတယ်လေ...။
ကဲ...အရုပ်ပေါင်းစုံကာတွန်းမျိုးစုံတို့ရဲ့ကမ္ဘာလေး..ကိုနူတ်ဆက်လိုက်ပါပြီလေ...
ဘတ်စ်ကားရပ်တဲ့နေရာကရှင်းလို့လင်းလို့...ကိုယ်တို့ဘတ်စ်ကားနေရာက..ဟိုး..အဝေးကြီးတမျှော်တခေါ်..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
အရင်ကရေးထားတာတွေပါ..
(၁) Walt Disney အပန်းဖြေကစားကွင်း..
(၂) Magic Kingdom(Walt Dinsey) အထဲသွားလည်ရအောင်..

Wednesday, March 5, 2014

Magic Kingdom(Walt Dinsey) အထဲသွားလည်ရအောင်..

မင်္ဂလာပါရှင်~~~
ဒီတခါတော့ Magic Kingdom ထဲဝင်ကြရအောင်လေ။ ဝင်ဝင်ချင်း ဘယ်ကစလို့ ဘယ်လိုလှမ်းရမှန်းတောင်
မသိပါဘူး ဆိုတာမျိုး၊ ဖုတ်ဖက်ခါထသွားလည်လိုက်ရပါတယ် ဆိုတာမျိုးတွေနဲ့ ကင်းလွှတ်အောင် နဲနဲရှင်း
ပြရအုံးမယ်။ ဒီနေရာလေးတခုကိုတော့ မယ်ငီးတကယ်ဘဲ recommend ပေးပါတယ်။ လေ့လာပြီးသွားမှ
အဆင်ပြေမဲ့ခရီးတခုပါရှင်...။

ဒီ Magic Kingdom မှာအဓိက အပိုင်းကြီး ၆ပိုင်းခွဲထားပါတယ်။ တပိုင်းစီမှာ နံပါတ်လိုက် နေရာတွေနဲ့ မှတ်
ရလွယ်အောင်မြေပုံတွေထားပေးပါတယ်။ နံပါတ် ၁ ကနေ ၇၈ အထိဆိုတော့ စားသောက်ဆိုင်အပါအဝင်
စုစုပေါင်း ၇၈ နေရာရှိတယ် ဆိုပါတော့။ ကဲ..တရက်ထဲနဲ့ ဘယ်လိုဝင်ကြမှာလည်း...။

  • 1.Main street           1-13
  • 2.Adventure land     14-24
  • 3.Frontier land         25-33
  • 4.Liberty square       34-41
  • 5.Fantasy land         42-66
  • 6.Tomorrow land      67-78
ကျမတို့တော့ ၆ ပိုင်းထဲမှာ တပိုင်းနဲနဲစီရောက်ခဲ့ပါတယ်။
ပထမအပိုင်းက ရှေ့တည့်တည့်က မြင်ရတဲ့လမ်း လူတွေပြည့်နေတဲ့လမ်းပေါ့။ လမ်းတဖက်တချက်မှာ စားသောက်ဆိုင်နဲ့ ဈေးဆိုင်တွေများပါတယ်။ လမ်းတလျှောက်မှာ Mickey Mouse နဲ့ဓါတ်ပုံတွဲရိုက် လို့ရတယ်။ သူတို့တသိုက် အဲ...နေရာနားမှာဘဲ ရှိနေကြပါတယ်။ ဒါလည်းတန်းစီပါ ခင်ဗျ...။
ဘေးဖက်ကိုမျှော်ကြည့်ရင်တော့  Theater နဲ့ဈေးဆိုင်တွေရှိပါသေးတယ်။(ပုံထဲမှာ လမ်းဘေးမီးတိုင်ရဲ့ အပေါ်လုံးကပ်ရပ် ကောင်မလေးတယောက်ကို မြင်ရမှာပါ) အဲလို စလွယ်သိုင်းနဲ့ ခေါင်းပေါ်မှာ Crown နဲ့၊ အလှပြင်သေတ္တာငယ်လေး ဆွဲလို့၊ အလှမယ်လိုလို ဘာလိုလို ဒီလိုပြင်ဆင်လာတာ ဆယ်ကျော်သက်
ကောင်မလေး ရာနဲ့ချီပြီးမြင်ရလိမ့်မယ်။ တော်တော်များများပါဘဲ ခလေးရော လူကြီး လူအိုတွေပါမကျန်
အနဲဆုံးတော့ Micky Mouse ခေါင်းစီးလေးကိုယ်စီနဲ့ပါ၊ ပျော်စရာလာရှာကြတာဆိုတော့ ပျော်ပျော်ပါးပါး
ပြင်ဆင်လာကြတယ်။ ခလေးတွေကို အမေတွေက ကွင်းထဲလည်းရောက်ရော အတင်းအင်္ကျီတွေလှဲပေး ကြတယ်။ ပြင်ဆင်ပြီးယူလာတဲ့ဆင်ဒရဲလား ဝတ်စုံတွေပေါ့ ကောင်လေးတွေကိုလည်း Micky Mouse
အင်္ကျီတွေဝတ်ကြ၊ တချို့ခလေးတွေက အော်ငိုကြနဲ့၊ ရီလည်းရီရပါတယ်..။
ကျမက ဝင်ဝင်ချင်းအပေါ်ကနေတက်ပြီးကွင်းကိုခြုံငုံကြည့်တာပါ..ဒါကတော့ အပြင်ဖက်က ဂိတ်ဝနေရာ..
ဓါတ်ပုံတွေရိုက်ကြတဲ့နေရာပေါ့..အဝင်ဝကနေရာ အရင်ဆုံး ရထားနဲ့ပတ် ကြည့်မယ်ဆိုပြီး ရထားပေါ် တက်ကြပါတယ်။
စိတ်ထဲမှာထင်တာက တကွင်းလုံးကိုဘွားကနဲ မြင်တွေ့ရမယ်လို့ထင်တာကိုး..မဟုတ်ပါဘူး၊ အနောက်ဖက် ကနေ ဒီကစားကွင်းကြီးကိုပတ်သွားတာပါ။ တောင်တွေတောင်တွေ တိရစ္ဆာန်အတု၊ အမေရိကမူရင်းနေ ထိုင်သူ ရက်အင်ဒီးယန်း ပုံစံတူတွေ ရထားဖြတ်သန်းရာလမ်းတလျှောက်မြင်တွေ့ရပါတယ်။
ရထားနဲ့ကွင်းကိုတဝက်တိတိပတ်ပြီး Fantasy land မှာဆင်းပါတယ်။ ဘာမှသာမဟုတ်တာ..ရောက်ပြီး ရထားတပတ်ဘဲစီးရသေးတယ်၊နေ့လည် ၁၂နာရီခွဲပေါ့။
ရှေ့မှာ Goofy ရှိတယ်။ မြေပုံထဲမှာ ဂိုက်မခြစ်ထားပေးတဲ့နေရာဆို ဝင်ကိုမဝင်ပါဘူး..ဟင်းဟင်း..
(သူရွှေးထားပေးတာလည်းမနဲမနောဘဲ..လေ)

ဒီပတ်လည်မှာတော့ စားသောက်ဆိုင်တွေဘဲတွေ့ရတယ်။
ဒီအထဲကိုတော့ လူတွေတန်းစီတာသိပ်မများလို့ ဘာမှန်းမသိဘဲဝင်မိတာပါ။ အဝမှာတော့သူတို့မေးပါတယ်။
Micky လား ဟိုဘဲရုပ်ကြီးနဲ့လားပေါ့..အူကြောင်ကြောင်နဲ့ဘာဖြေလိုက်မှန်းတောင်မသိဘူး..။အထဲရောက်မှ
သူတို့ အရုပ်လူတွေနဲ့ဓါတ်ပုံရိုက်ဖို့ တန်းစီနေကြတာတွေ့ရတယ်..။ ကျမတို့ကဖြတ်ထွက်လာတယ်..။ ဓါတ်ပုံမရိုက်တော့ပါဘူး။

ဒီလိုလေးပေါ့...အဟဲ..ကိုယ်တို့အရွယ်နဲ့ကြတော့ ချစ်စရာမကောင်းဘဲ ဆောင့်ကန်ချင်စရာကြီးပါအေ့..
လို့ပြောခံထိနေအုံးမှာ...ဖြစ်ဘူး..လစ်မှ...^_^

အမှတ်တရဆိုင်ကတော့မြင်ဘူးသမျှဆိုင်ထဲမှာအကြီးဆုံးပါဘဲ...
မုန့်တွေတောင် Micky ဖြစ်လို့...
စားချိန်ရောက်ပြီလေ..စားသောက်ဆိုင်ရှေ့လူပြည့်လို့...
ဒီနေရာမှာစားသောက်ဆိုင်အားလုံးကိုကြည့်ပြီးဘွတ်ကင်တင်လို့ရပါတယ်။တော်တော်များများက
ဘွတ်ကင်တင်ထားပြီး ဝင်စားကြပါတယ်..နို့မို့ရင် လည်းတန်းစီရတာပေါ့ရှင်။
(အဖေလုပ်သူက သမီး၂ယောက်ကို ဓါတ်ပုံလေးရိုက်ပေးနေတာချစ်စရာလေး)

ကျမတို့က လူတန်းရှည်ကြီးကိုတွေ့ပြီးအောင်မြင်စွာတပ်ခေါက်ခဲ့ပါတယ်။
ကော်ဖီပုဂံလုံးတွေထဲထိုင်ပြီးပတ်ချာလည်လည်တဲ့နေရာလေ...ကျမတော့ ပြင်ဆင်ထားတာလေးချစ်လို့..
ဓါတ်ပုံလေးရိုက်ခဲ့ပါတယ်။
ကဲ..စားသောက်ဆိုင်တွေမှာလူပါးအောင် တနေရာရာဝင်ပြီးမှ သွားဖို့ဆုံးဖြတ်ပြီး It's a small world
ထဲဝင်ခဲ့ကြပါတယ်။ တန်းကနဲနဲရှည်ပြီး မြွေလိမ်မြွေကောက်ပုံစံနဲ့ တော်တော်နဲ့ လှေထဲမထိုင်ရဘူး...
အထဲရောက်တော့ သီချင်းလေးငြိမ့်ငြိမ့်နဲ့ အပြင်ကပူလောင်နေတာတွေနဲ့တခြားဆီ အေးချမ်းပြီး သာယာ
ကြည်နူးလိုက်တာ....

အရုပ်လေးတွေကသီချင်းဆိုနေတာ...
ဒီသီချင်းလေးပါ..တကယ့်ကို ပျော်စရာကောင်းပြီးခလေးဘဝပြန်ရောက်သွားတဲ့အတိုင်းပါဘဲရှင်...
နောက်ဆုံးတော့လည်း..အားလုံးကို ဘိုင်ဘိုင်..ဆိုခဲ့ရတာပါပေါ့လေ....
အပေါ်ဆုံးတန်းကလူတန်းကြီးက အဝင်အတွက်တန်းစီတာ ..အောက်ကလူတွေတော့ ပြီးလို့ပြန် ထွက်ကြတာ...
ကဲ..ဗိုက်တော့ သံစုံမည်ဟီးနေပြီ... မြန်မြန်ရမဲ့ဆိုင်ဘဲသွားဖို့ ဆုံးဖြတ်လိုက်ရတယ်လေ...
ဆိုင်ထဲက ကောင်တာနားမှာ..ဝင်တာနဲ့ မီးနူးတွေလိုက်ဝေပြီးတန်းစီရပါတယ်။ ပြီးမှစားချင်တာမှာ ပိုက်ဆံချေ နေရာလိုက်ရှာပေါ့...အပေါ်အမိုးက သဘာဝ အလင်းရောင်သုံးထားတာ သဘောကျခဲ့တယ်။
ကျမတို့တော့ ချစ်(စ်)ဗီဇာ ကြက်ကြော်နဲ့ အာလူး...ဒါလောက်ဆို ၂ယောက်လုံလောက်ပါပြီလေ...

ကဲ...ဟိုးဖက်မှာ စင်တင်ပြပွဲရှိတယ်..ဒါလည်းသူ့အချိန်နဲ့သူပြတာပါ..ကိုယ်တို့ကမှတ်ထားရတာပေါ့...
ဒါတောင်ပြေးပြေးလွှားလွှားနဲ့ ခဏလေးဘဲမှီလိုက်ပါတယ်...
နောက်ကျန်သေးတဲ့အပိုင်းတွေကိုတော့ ဆက်ရန်လေးပေါ့ရှင်....တန်းစီစရာမလိုတဲ့အမြန်လမ်း အကြောင်း ကိုနောက်မှ အာလူးလာဖုတ်တော့မယ်ဗျို့.....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
မီးမီး

အရင်ကရေးထားတဲ့ ပထမအပိုင်း...
Dinsey အပန်းဖြေကစားကွင်း