Showing posts with label Myanmar. Show all posts
Showing posts with label Myanmar. Show all posts
Tuesday, April 13, 2021
ငရဲခန်းကာလ ၇၂ ရက်
မင်္ဂလာပါရှင်~~~
ဖေဖော်ဝါရီ၁ ရက်နေ့မှာ ပို့စ်တခုရေးရင်းတန်းလန်း တုန်လူပ်ခဲ့ရတဲ့သတင်းတခုနဲ့ ကမန်းကတန်းရေးပြီး..၇၂ ရက်လုံးလုံး လုံးဝမကြည့်မိတာခုချိန်ထိ...
တနိုင်ငံလုံး အရှင်လတ်လတ်ငရဲကျခဲ့ရတယ်။ အော်..သူတို့တွေမပါဘူး..တဲ့။ ဒါဆိုရင် ပျော်နေကြမယ်ထင်လား...မှန်းချက်နဲ့နှမ်းထွက်ကမကိုက်။ လုပ်ဖူးနေကြတဲ့အတိုင်း အချိန်အတိုင်းအတာတခုမှာ အားလုံးပေါ်တက်ခွထိုင်နိုင်မယ်လို့ထင်ခဲ့ကြတာက မဟာအမှားကြီးပဲ။ 
အစပိုင်းလူတွေကိုပစ်သတ်ပြတယ်။ ကြောက်ကြမယ်ထင်လို့ နောက်တော့ အုံကြွလာတဲ့ပြည်သူတွေကို စိတ်လိုလက်ရခေါ်မလား စိတ်ထဲကသတ်ချင်လို့သတ်တာဟေ့ ဆိုတာမျိုး အမိန့်ကြောင့်မဟုတ်ဘူး။ ရက်စက်မူ့အပေါင်းက ကမ္ဘာမှာ တင်စားစရာစကားမရှိဘူး။ ခုချိန်မှာ တရားဝင် လူပေါင်း ၇၀၀ ကျော်သွားပြီ။ စာရင်းမပြနိုင်တာတွေ လူရှာမရတာတွေက အများကြီးရှိသေးတယ်။ 
စစ်တပ်အင်အား ၅သိန်းလို့ပြောပေမဲ့ တကယ်တမ်း ၃သိန်းသာသာလောက်ပဲရှိပါသတဲ့။ တပ်ပြေးရယ် CDM လုပ်ကြတာရယ်နဲ့ဆို အခြေအနေမကောင်းလှဘူးတဲ့။တကယ်ဆိုရင် လက်နက်ကိုင်တဲ့ စစ်တပ်နဲ့ရဲတွေကိုရင်ဆိုင်ရတာထက် သူတို့တွေကို ထောက်ခံနေတဲ့ မိစ္ဆာချစ်သူတွေကို မြင်ရတာ အတော်လေးအော့နှလုံးနာမိတယ်။ ပညာတတ်တွေ ပိုက်ဆံရှိ စည်းစိမ်ရှိ ချမ်းသာတဲ့အသိုင်းအဝိုင်းကပိုများနေတယ်ဆိုပဲ။ သူတို့ရလာတဲ့ စည်းစိမ်ဥစ္စာတွေဟာတရားနည်းလမ်းကျရဲ့လားလို့ စဉ်းစားစရာဖြစ်လာမိတယ်။ 
fb သူငယ်ချင်း ၁ဝဝဝ ကျော်ရှိတဲ့အထဲ ဒီရက်ပေါင်း ၇ဝကျော်ဘာလုပ်နေသလဲစပ်စုကြည့်မိတယ်။ ဖယားဖယား...တိုင်းပြည်ဆူပူနေလို့တရားသောစစ်ပွဲဆင်နွဲနေတာဆိုပဲ...တချို့သောသူများလည်း ပုဇွန်ဦနှောက်နဲ့မွေးလာတာ။ unfried မလုပ်ခင်သေချာသွားကြည့်ပြီးဖတ်ကြည့်မှတ်ထားတယ်။ ဘယ်သူကဘယ်လိုဦးနှောက်မျိုးနဲ့ရှင်သန်လာကြသလဲဆိုတာ သိချင်လို့ပါ။ ခုတော့နှစ်ရာကျော်အန်လိုက်ပြီ😁 တချို့ကတချိန်လုံးဘုရားစာပဲတင်တယ်။ အားအားရှိ ဘုရားစာပဲတင်ပြီး စာပို့လာသူမမတွေကိုလည်း လက်၃ချောင်းပြပြီး အရေးတော်ပုံအောင်ရမည်လို့စာပြန်လိုက်တာ..တိန်ကနဲပျောက်သွားရော..😆
bloggers တွေထဲမှာလည်း ခင်ခင်ကြောင်တွေအများကြီးရှိသတဲ့။ အဓိကတော့ မနာလိုခြင်းက‌နေစတာပါ။ ‌NLD မကြိုက်ဘူးဆိုတဲ့သူတွေ များသောအားဖြင့် အမေစုကိုမနာလိုကြဘူး။ ခုဖြစ်နေတာကလည်း ပါတီတခုထဲမဟုတ်ပါ။ တတိုင်းပြည်လုံး လက်နက်ကိုင်ထားသူတွေက အနိုင်ကျင့်နေတာ ထမင်းစားသူတိုင်းသိတယ်။ မသိတဲ့သူက သေချာတယ် ပုဇွန်ဦီးနောက်ဖြစ်နေလို့ပါ😂
နှစ်သစ်ရောက်ခါနီးပါပြီ...လာမဲ့နှစ်သစ်မှာတော့ စိတ်သစ်လူသစ်နဲ့ ခင်ခင်ကြောင်တွေကို အပြီး အန်တော့မယ်..နောက်ထပ် သုံးရာလောက်ရှိသေး😘 ၂ လလောက်ရှိပြီမျက်ရည်မကျတဲ့နေ့မရှိသလောက်အတော်စိတ်ဆင်းရဲရ စိတ်မကျမ်းမာတော့ လူလည်းမကျမ်းမာ..ပြန်စုစည်းပြီး နေရတယ်...။ အားလုံးရဲ့တော်လှန်ရေးပြီးဆုံးတော့မှာပါ ပန်းတိုင်ကလက်တကမ်းအကွာမှာပါ...မင်္ဂလာရှိတဲ့နှစ်သစ်ကြိုဆိုကြရအောင်💦💓
#meemeenage
Thursday, July 30, 2020
ပြည်တွင်းလေယာဉ်ခရီးစဉ်
မင်္ဂလာပါရှင်~~~
မြန်မာပြည်တွင်းခရီးသွားရင် ကားနဲ့ရထားနဲ့ပဲသွားချင်တာ အချိန်မရမှလေယာဉ်စီးတာကိုရွှေးချင်တာပေါ့..ဒါမှ လမ်းတလျောက်လုံး တွေ့ရမြင်ရမှာလေ..။ ရန်ကုန်လေယဉ်ကွင်းလည်း တခါလာရင် ပုံပြင်ဇာတ်လမ်းတခုရတတ် 😀 အရင်ကပြည်ပထွက်ခွါနေရာက ခုတော့ပြည်တွင်းခရီးစဉ်တွေအတွက်တဲ့..။ လူသိပ်မရှိတဲ့ 😬အေးဆေး လေယာဉ်ကွင်းဖြစ်တာကတော့ သဘောကျ😁 အမေရိကားကနေလာတုံးညသန်းခေါင်နီးမှဆိုက်တော့ အပြင်ထွက်လာပြီး ကားမရပ်ရလို့ပြောထားတဲ့ဆင်ဝင်အောက်ကကားတန်းရှည်ကြီးတွေ့တော့ အော်ရီမိ..ဥပဒေဆိုတာကိုယ်တို့ဆီမှာ စာအုပ်ထဲမှာပဲအသက်ရှိတုံးဗျ...
မြင်ရတဲ့ကားကခနရပ်ထားတာမဟုတ် လုံးဝရပ်တာ..😎
လာကြိုတဲ့ကား ဘယ်နားရပ်ရမှန်းမသိ ခပ်တည်တည်ကြီးတွေပါဆို😄
အော်...အဲ့တာမှတ်ထားနော်..အပြည်ပြည်ဆိုင်ရာလေယာဉ်ကွင်းတဲ့..
နောက်တခါပြန်လာရင် လေယာဉ်ကွင်းမှာ ရဟတ်ယာဉ်နဲ့လာကြိုခိုင်းရင်ကောင်းမှာ😂
လေယာဉ်ကွင်းမှာမမျော်လင့်ဘဲ ဂျပန်ကအဒေါ်နဲ့တွေ့ ဖယားဖယား..လေယာဉ်တက်နေလည်းသူ့မှာဖုံးအပြောမပျက်😖
သူကလေးကလည်း အမှတ်တရဆိုတာချည့်ပဲ..😆
ကျိုင်းတုံမှာတပတ်နေပြီး ရန်ကုန်ပြန်တော့ လေယာဉ်ပေါ်မှာ အဆိုတော်နဲ့တိုး..
အစကမသိဘူး..လိုက်ပို့တဲ့တူမက အပြင်မှာတွေ့ပြီးအတူတူဓါတ်ပုံရိုက်လို့ မက်စင်ဂျာကနေပို့ပေးမှသိတာ ဖြဟ်ချင်တော့ လူလျောက်လမ်းခြားကပ်ရပ်ထိုင်ရတာ
ကျားကျားကိုရိုက်ပေးမယ်ပြောပြီး အာဆိုတော်ပုံကိုရိုက်ယူတာ😄
ကျိုင်းတုံကမ္ဘာအေးစေတီ ထပ်စွမ်လွဲ...လေယာဉ်ပေါ်ကနေမြင်ရ
သူတို့မိုင်းလားမှာသီချင်းဆိုပြန်လာတာတဲ့..ပင်ပမ်းတယ်နဲ့တူတယ် အိပ်ရောပဲ😉
လေယာဉ်ပေါ်ကကျွေးတာ မစားဘူးဆိုပြီး တကိုက်လောက်ကိုက်ကြည့်..အိုကေ
ဆိုပြီးပြောင်ပါလေရော...💨
ဟဲဟိုးကနေ ရန်ကုန်ပြန်တာကတော့ ရှယ်ပဲ..နိုင်ငံခြားသားလည်းများ
လေယာဉ်ကွင်းလည်းစုတ်ပြတ်သတ် အနံ့လည်းနံ ထိုင်စရာမရှိ
အပြင်ထွက်ပြီး တစင်းပြီးတစင်းသွားတဲ့လေယာဉ်ထိုင်ကြည့်နေရုံပဲ..
ဟဲဟိုးလေဆိပ်က ကိုယ်နဲ့အရမ်းရင်းနှီးခဲ့တဲ့လေဆိပ်ပေါ့..ခုတော့လည်း တစိမ်းတွေလိုပါပဲလေ..
အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
Saturday, October 12, 2013
တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ...
မင်္ဂလာပါရှင်~~~
တကယ့်တကယ်သွားလေရာရှောင်မလွှတ်မြင်တွေ့ ခဲ့ရတာတွေကိုထိန်ချန်ထားခဲ့မယ်ဆိုရင်တော့
ဘယ်...မတရားဘူးလို့ ဆိုရမှာပေါ့..နော်..။
ဒီစာတွေရေးရင်းနဲ့ စိုင်းထီးဆိုင်သီချင်းလေးညည်းလို့ ကောင်းသား...ဗျ...။ အဲဒီသီချင်းက တခြားခံစားချက်
နဲ့ ရေးစပ်တာပါ။ #♬တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ ဘာတွေရှိမှန်းမသိခဲ့ကြပေ♬ # ဒါပေမဲ့ ကျမတော့ ကျမခံစားရတာတွေကို ဒီသီချင်းကိုအမှီပြုလို့ တင်ပြရအုံးမယ်လေ..။
ကဲ..ကျမတို့ တောင်ပေါ်မြေမှာ ဒါတွေရှိပါတယ်...။ဒီမြင်ကွင်းမျိုးတွေနေရာတကာတွေ့ နိုင်ပါတယ်။
(ဒါတောင်ကျမကတကူးတက သွားရောက်ရှာဖွေရိုက်ယူထားတာမဟုတ်ပါဘူး၊ခရီးသွားဟန်လွှဲ ရိုက်ထားမိလို့ ပြန်ကြည့်ရင်းနဲ့  ခံစားမိရာက မိတ်ဆွေတွေကို ပြောပြတာပါ)
ဒါက ကျိုင်းတုံ-တာချီလိတ် ကားလမ်း၊ ကျိုင်းတုံအထွက်ဖက်မှာပေါ့...။
တခါက ဒီမှာ ရေးဖူးခဲ့ပါတယ်။ကားလမ်းခရီးနဲ့ တာချီလိတ်ဖက်ကနေပတ်ပြန်ခဲ့ရတုံးကပါ...။
မလှတဲ့ပုံတွေကျတော့ ဖယ်ထားပြီး အပေါ်ယံကသာယာစိမ်းစိုနေတာကိုဖြတ်ညှပ်ကပ်ပြီးတင်ခဲ့တယ်လေ။
ကားလမ်းတလျောက်လုံးမှာ အမှိုက်တွေ ပလပ်စတိတ်တွေ မိုင်ပေါင်း ၁ဝဝ ဝေးရင်..အမှိုက်တွေလည်း၊
မိုင်းပေါင်း၁ဝဝ လုံး ခန့် ခန့် ညားညားကြီးပေါ့ရှင်..ရှိနေကြပါတယ်။ ဘတ်စ်ကားထဲမှာ အမှိုက်ပုံးမရှိပါဘူး...
လေလေးတဟူးဟူးနဲ့  ပြူတင်းပေါက်တွေဖွင့်ပြီး စားသောက်ပစ်ဝဲလိုက်တာဘဲ ဘာမှအခက်အခဲမရှိဘူး။
ဒီလိုဘတ်စ်ကားလိုင်းတွေပေါ်ပြီးသွားလာနေတာ နှစ်ပေါင်းမနည်းတော့ဘူးတဲ့..။ဒီတော့ ဖြူဖွေးနေတဲ့
စက္ကူတွေ ပလပ်စတိတ်တွေ လမ်းဘေးမှာနေရာယူကြတာလည်းမဆန်းပါဘူး။
ကျမ ပြီးခဲ့တဲ့နှစ်အိမ်မှာ ၄ လလောက်ကြာတုံးကပေါ့။ အိမ်ရှေ့ က တရုတ်အပျိုကြီးအဒေါ်ကြီးတယောက်
ဆီးချိုနဲ့ ဆုံးသွားတယ်။အသုဘပို့ တော့ တရုတ်သင်းချိုင်းအသစ်(အဟောင်းကိုဘဲကျမကရောက်ဖူးတာ၊
ဒါတော့နေရာတိုင်းမှာတူကြမယ်နဲ့ တူတယ်။  သင်းချိုင်းကုန်းတွေဖျက် ပိုပြီးဝေးတဲ့နေရာတွေကိုပို့ ပစ်လိုက်
်ကြတယ်လေ။နောက်တော့ မြို့ သစ်တွေတည်ကြတာပေါ့...)ကိုသွားရတယ်။
မြို့ နဲ့ တော်တော်လှမ်းပါတယ်။ တရုတ်ဆိုတော့ သိကြတဲ့အတိုင်း သေတဲ့ ဖိုးဖွားမိဘအုတ်ဂူက အရမ်း အဓိက ကျတာကိုး။ သေသေချာချာကျကျနနတည်ထားကြတယ်၊မသေခင်ကတဲ့က မြေဝယ်ပြီး အဆင် သင့်ဆောက်ထားကြတယ်။ နေရာအသစ်ပေမဲ့ စနစ်တကျမြေနေရာချထားတာမျိုးမတွေ့ ရသလိုပါဘဲ...။
ဟိုနားကတစု ဒီဖက်က မြောက်ဖက်ကိုဥိးတည်ထားရင် နောက်တခုက တောင်ဖက်မျက်နှာလှည့်လို့ ။
်
တချို့ ဂူဆိုရင် သင်းချိုင်းမှာနှစ်စဉ်လာကတော့ရတော့ နားဖို့ ထိုင်ခုံ စားစရာတင်ဖို့ စားပွဲ တွေကို အင်္ဂတေနဲ့ 
သေသေချာချာလုပ်ထားကြတာတွေ့ ရတယ်။ ဒါပေမဲ့ကွင်းတခုလုံးတော့ အမှိုက်တွေ အသုဘပိုံ့လာရင်ဝေတဲ့ရေဗူးခွံတွေ ချိုချဉ်ခွံတွေ ပြည့်နှက်နေပါတယ်။ အမှိုက်ပုံးတော့ တခုမှမတွေ့ ရဘူး...:(
ဒီပုံလေးကကြည့်လိုက်တိုင်း ရင်ထဲမှာ လှိုက်ကနဲပါဘဲ...။ ခြေတော်ရာဘုရားပေါ်ကနေရိုက်ယူထားတာပါ။
တောင်တွေကိုပြောင်ခါနေတာပါဘဲ ရာသီဥတုပူလာတယ်လို့  မညည်းကြပါနဲ့ လေ။ရှင်တို့ ကျမတို့ ကြောင့်
ပေါ့..သဘာဝ တရားကိုဖျက်ဆီးတာ လူသတ္တဝါတွေက ကြောက်စရာအကောင်းဆုံးပါဘဲ...
ငယ်ငယ်တုံးက ဒီနေရာကို ခဏခဏရောက်ဖူးတယ်..တောတောင်သစ်ပင်တွေမှ ညို့ မှိုင်းလို့ စိမ်း
လန်းသာယာဖူးခဲ့တယ်လို့ ပြောရင် ...ပုံပြင်တခုလိုဖြစ်သွားပြီပေါ့နော်...။ သစ်ပင်မရှိဘူး အမှိုက်ရှိတယ်။
 ဒါက တော်တော်ကြာခဲ့ပါပြီ။ မြို့ လေးကိုမရောက်တာ ၁ဝနှစ်လောက်ရှိမှ ပထမဦးဆုံးပြန်ခဲ့တုံးကပေါ့..။
တောင်ကတုံးပေါ်မှာ သစ်ပင်တွေခုတ်ထားပြီးပြီဆိုတာ သက်သေပြထားပါတယ်လေ ထင်းပုံလေး ကို စီစီရီရီနဲ့ ...အော်...ဒီနေရာက စစ်တပ်နယ်မြေ....တဲ့ ^_^
နောက်တခါပြန်တော့.လေယဉ်ပေါ်ကနေရိုက်ထားတာ။ကျိုင်းတုံမြို့ အတက်ဂတုံးပြောင်ဖုံးမှောင်တို့ ရွှာ
လို့ နံမည်အသစ်ပေးရမလိုပါဘဲ...။
ခပ်ပြောင်ပြောင်ပေါ့...ဟော...ခုတော့ရေတွေကြီးလို့ ချောင်းရေလျှံလို့ လူတောင်သေပါတယ်ဆို..။
ခုမှ...ထအော်ကြတယ်..သူ့ ကြောင့်..ဟိုလူကြောင့်....။
ဟဲဟိုးကွင်းဆင်းခါနီး...မြေနီတွေဟာအာလူးစိုက်ဖို့ အကောင်းဆုံးတဲ့...။ဒါကြောင့် ဟဲဟိုးက အာလူး နံမည်ကြီး တာပေါ့။(အဟဲ...ဒီကအာလူးမယ်ငီးလိုနေမှာပေါ့..နော့်.း))
ဒါကတော့...နေပူတော်အသွားပေါ့ရှင်...ဖြောင့်ဖြူးစွာမြင်ရတာကတော့ အမြန်လမ်းမကြီး..။ဘေးကယှဉ်
ပြီးရေလုံးဝမရှိခန်းခြောက်နေတဲ့သဲချောင်း၊သဲမြစ်..(နံမည်တော့မသိပါ) သစ်ပင်မရှိ အရိပ်ဝါသမရှိ..
ဟင်းဟင်း....စကားကိုကပ်သပ်ပြီးပြောဆိုခိုင်းနှိုင်းရရင် ကျမတို့ နိုင်ငံကြီးကိုအေးရိပ်ပေးမဲ့သူမရှိသလို
လို့ ထင်ယောင်မိပါတယ်.... :((((
ဒီနေပူတော်ကြီးပေါ်ကဓါတ်ပုံတွေလည်း ဒီမှာ  တင်ဖူးပါတယ်။ အဲတုံးကတော့ ခုလိုအာလူးတွေသိပ်မပေး တတ်သေးဘူးလေ...အဟီး...။ 
သစ်ပင်မရှိလို့ ရေတွေခန်းခြောက်တာလား..ရေတွေခန်းခြောက်လို့ သစ်ပင်မရှိတာလား...။
ဘာဘဲဖြစ်ဖြစ်ပါ.... ဧည့်မျှော်နေကြတယ်ဆိုရင်လည်း အိမ်ကိုသန့် ရှင်းရေးလေးတော့ အရင်လုပ် ထားသင့်ပါတယ်လေ။ ဘယ်သူဘဲ အိမ်ဦးစီးလုပ်ချင်လုပ်ပါ အိမ်သားတယောက်အနေနဲ့  လုံခြုံစိတ်ချရတဲ့ 
ပတ်ဝန်းကျင် ကျမ်းမာရေးညီညွတ်တဲ့ပတ်ဝန်းကျင် အေးချမ်းသာယာတဲ့ အိမ်မှာနေချင် တဲ့ဆန္ဒတွေ
ရှိကြပါတယ်။ အိမ်ထောင်ဦးစီးတယောက်ထဲရဲ့ အခန်းလေးဘဲ ကွက်ပြီးလင်းထိန်လို့ သာယာနေလို့ ကော
တရားမျှတမှု့ ရှိနေပြီလို့ ထင်နေပါသလား..ရှင်...။ ဦးစီးဦးဆောင်လုပ်မှတော့ လုပ်ပေးနေရတာကို လုပ်ပေးနေပြီလို့ ပြောယုံနဲ့ မပြီးပါဘူး....ရှေ့ ကတာဖြောင့်ဖြောင့်သွားကြပါ..ကျမတို့ နောက်ကနေ တသွေမတိမ်းဂျက်စီဂျိန်း လိုက်ပါ့မယ်... အဟီး...(ရှေ့ မျက်နှာနောက်ထားလို့ ရေးလိုက်မိပြန်ပြီ)..
သီချင်းလေးတော့ ဆက်ဆိုလိုက်အုံးမယ်လေ...
♪♫တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာ♬ ...ဘာတွေရှိမှန်းမသိခဲ့ကြပေ...♫♬
♫အကိုတို့ ရေ..ပျော်နေတဲ့အိမ်မက်ကလေ..အပြင်ထွက်စို့ လေ.... ♫
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး