Showing posts with label ဟိုဟိုဒီဒီ. Show all posts
Showing posts with label ဟိုဟိုဒီဒီ. Show all posts

Monday, August 11, 2025

၂၆ ပတ်လည်

😁✌ခုမှ ၂၆ ပဲရှိသေးဗျား...

ပုတယ်ပြောလို့ခြေဖျားထောက်😂




တကယ်တော့ဒီနှစ်အရမ်းခရီးထွက်ရတဲ့နှစ် အိမ်နဲ့ ရန်ဖြစ်ထားသလိုပဲ😁 
တခြားပြည်နယ်တွေ ၃ လစီပတ်နေရ ခုတော့ Ohio မှာ
အရင်ဖေဖော်ဝါရီကစ ၃ လ Utah မှာ နောက် ၃ လ ???
  1. Happy Birthday to me 💕☺

Sunday, May 31, 2020

2020 လူသား

မင်္ဂလာပါရှင်~~~
၂၀၂၀ ခုနှစ်ကကမ္ဘာကြီးတည်ရှိနေသရွှေ့ မှတ်တမ်းတင်ထားခံရမဲ့အချိန်ကာလတခုပါဘဲ။ ကြားဖူးဆိုဖူး‌ပြောဖူးသမျှစကားတွေဟာ လက်ဖဝါးကနေလက်ဖမိုးကိုမှောက်လှန်သလို တခြားစီ တက်တက်စင်လွဲမှားသွားကြတာပါပဲ။


မအိပ်တဲ့ကမ္ဘာကြီးဆိုပြီး မီးထိန်ထိန်လင်းတဲ့ မြို့ကြီးတွေကိုတင်စားလိုက်ကြတာများ..စာတွေထဲဖတ်ဖူး အပြင်မှာမြင်ဖူးခဲ့၊ ဒီလိုလူနေထူထပ်တဲ့မြို့တော်တွေ မြို့ကြီးတွေနေ့လည်အချိန် တိတ်ဆိတ်ခြောက်ကပ်ပြီး တောကောင်တိရိစ္ဆာန်တွေမြို့တော်ထဲဝင်လာကြတာ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်တဲ့ တကဲ့အပြင်လောကထဲမှာဖြစ်လာခဲ့တယ်။ ကမ္ဘာကြီးရပ်တန့်သွားတော့ ရပ်ထားကြရတဲ့ လေယာဉ်ပျံ ရထား ကားတွေကို လေယာဉ်ပျံအသေးလေးနဲ့ပတ်ပြီးရိုက်ပြထားတာ အံဩစရာကောင်းလှပါတယ် ရာချီထောင်ချီတန်းစီနေကြတာ..။
အိမ်နားက Garden state Parkway ပါ
ခါတိုင်းဆိုရင်ကားတွေများထပ်နေတာပေါ့


လောကမှာစားဝတ်နေရေးဆိုတဲ့အတိုင်း အစားကထိပ်ဆုံးကအရေးကြီးဆုံးဆိုပြီး ခုလိုသေရေးကိုဂလိုင်လာခေါက်တော့လည်း အားလုံးအိမ်ထဲကုပ်နေရတော့တာပဲ။ အလုပ်မရှိသူ စားစရာအပိုမရှိလို့ဒုက္ခရောက်သူတွေကို လူသားချင်းစာနာပြီးကူညီတာတွေ ဘာသာမရွှေး လူမျိုးမရွှေး ကမ္ဘာအနှံမှာနေ့တိုင်းမြင်ရတယ်။ ကျမ်းမာရေးဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ရင်း အသက်ဆုံးပါးသွားတာတွေ၊ လူအိုရုံမှာ အသက်ကြီးသူတွေ အစုလိုက်အပြုံလိုက် သေဆုံးသွားတာတွေ၊ ကားလမ်းရထားလမ်းပိတ်တော့ အိန္ဒိယမှာ လူသန်းချီပြီး လမ်းလျောက်ပြီးကိုယ့်ရွာဒေသအိမ်ပြန်ကြတာတွေ၊ ကိုယ်ခံအားမကောင်းတော့ ကူးစက်မြန်ပြီး
မိဘ၂ပါးလုံးဆုံးသွားကြလို့ ကျန်ခဲ့တဲ့ခလေးငယ်တွေ ခိုကိုးရာမဲ့လို့ ဒုက္ခရောက်ကြတာတွေ၊ နေ့တိုင်းသတင်းမပြတ်ကြည့်ပြီး မျက်ရည်တလည်လည်နဲ့ ဝမ်းနဲမိတယ်။ သတင်းတွေဖတ်ပြီး စိတ်ဆင်းရဲမိတယ်။ စားစရာထွက်မဝယ်ရဲတော့ ရှိတာလေး ရှာကြံချက်ပြုတ်စားသောက်ပြီး တကယ်တရားရပါတယ်ဆို..။
March ကုန်ခါနီးစားသောက်ကုန်မှာပြီးဆိုင်သွားယူရ
လမ်းမှာရှင်းလင်းနေတာပေါ့

ရောဂါကန္တာရကပ်ဘေးကို တချို့ကလည်း အမြတ်ထုပ်ကြပါတယ်။ တချို့နိုင်ငံတွေမှာ နိုင်ငံရေး အာဏာ ပါဝါတိုးချဲ့ကြတယ်တဲ့။ ပစ္စည်းလှောင်ပြီး အမြတ်ထုတ်
ရောင်းကြတာကတော့ လူပိန်းတချို့လုပ်လေ့ရှိကြတဲ့ 
အသေးအဖွားလုပ်ရပ်ပါလေ။ အရောင်းအဝယ်တွေ စာသင်ကြားရေးတွေ အလုပ်အကိုင်တွေပုံစံပြောင်းလာရသလို ကိုယ်တို့လူနေမူ့ပုံစံတွေလည်း လိုက်ပြောင်းလဲလာရတယ်။ အိမ်လည်ထွက်တာတွေ အလှူတွေလုပ်ပြီး တရုန်းရုန်းနဲ့ စုစားကြသောက်ကြ ပျော်ကြပုံစံတွေနဲပါးသွားမယ်ထင်တာပဲ။ ဒီအချိန်မှာစဖွင့်နေပေမဲ့ ကိုယ့်လိုကိုယ်ခံအားမကောင်းသူအတွက်တော့ မသွားရဲဘူးလေ။ ကျမ်းမာရေးကဘဝမှာအရေးကြီးဆုံးဆိုတာ စပြီးနေမကောင်းချိန်မှာ သိလာရတယ်။ ခုချိန်ဆိုပိုစိုးပေါ့။ အရာရာအားလုံးကို နားလည်ပြီး တရားတွေနာယူ တရားမှတ်ရင်း လူ့စိတ်ကိုထိမ်းရခက်တာ ခက်တဲ့စိတ်ကိုထိန်းကျောင်းရင်း ၃လတာကာလကိုဖြတ်သန်းလာတာ ခဏလေးလိုပါဘဲ...။

နေထိုင်မူ့ပုံစံပြောင်းလဲသွားသလို စိတ်တွေလည်း အတော်ပြောင်းသွားတယ်။ လူတယောက်ဖြစ်တည်မူ့မှာ အရေးကြီးဆုံးကဘာလဲ..။ သိရှိနားလည်ဖို့စာဖတ်ရင်း ဘာသာရေးအဆုံးအမလိုက်ရင်း..အဖြေတိတိကျကျမဟုတ် နဲနဲလေးအစဆွဲမိသလို နားလည်လာသလို..၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တာတွေ နားလည် မလည်လည်းဖတ်၊ လုံးချာလည်လိုက်နေရော...။ မိရိုးဖလာဗုဒ္ဓဘာသာကနေ စိတ်ထဲက နက်နက်ရိူင်းရိူင်းယုံကြည်ကိုးကွယ်လာဖို့က လေ့လာကျင့်ကြံအား ထုတ်မူ့ပါပဲ..။ ဘဝတခုဆိုတာ စားဖို့သောက်ဖို့ရှာဖွေရင်း အိုမင်းခြင်းကရောက် လာသေမင်းနဲ့လိုက်သွားရုံပဲလား။ ပေါ့ပေါ့လေးနေရုံစားဝတ်နေရေးပြေလည်ရုံနဲ့ ဘဝကသာယာပြီလား..အေးချမ်းသွားပြီလား..။ ကံကောင်းထောက်မပြီးလူပြန်ဖြစ်ရင်လည်း ဒီလိုဘဝတွေနဲ့ပဲ ပြန်ကျင်လည်သွားရမှာပဲ။လူ့ဘဝဆိုတတကယ်တော့ညည်းငွေ့စရာကြီးပါလားနော်..။
တကမ္ဘာလုံးပြသာနာပေါင်းသောင်းခြောက်ထောင်..။ ကိုယ့်ပြသာနာပဲအရေးကြီးလှပြီထင်နေတာ၊နေရာတကာမှာအပူမီးတွေတောက်လောက်နေကြတာများကြောက်စရာတောင်ကောင်း..။
တင်းမဖွင့်ရဲလောက်အောင် ဖြစ်နေပြီ။ ဒါကကိုယ်တို့နေတဲ့ဘဝပေါ့လေ။ 
အလိုက်သင့်လေးမျောသွားဖို့ မောရင်လည်းနားဖို့၊ငါတကောကောနေတဲ့ ငါလောကကြီးထဲမပါဖို့ ကိုယ့်ကိုကိုယ်မနဲထိန်းကျောင်းနေရတယ်...။ တွေ့ဆုံကြရတာကလည်း ရေစက်ပါလို့ပါ။ မဆုံဖြစ်ကြတာလည်းရေစက်မပါလို့ပါကွယ်။တွေ့ဆုံကြတုံး ချစ်ချစ်ခင်ခင်နေကြတာပေါ့ဟယ်..။

အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, October 26, 2018

ကျုပင်ကျုရိုး

မင်္ဂလာပါရှင်~~~
တခါတလေလည်း ဟိုကဟာယူ ဒီဖက်ပို့ ဒီကဟာယူ ဟိုဖက်ပို့နဲ့ ကုန်ကူးသန်းရောင်းဝယ်သလို မယ်ငီး
လည်းစာတွေကူးနေပါတယ်ဗျို့...😁 ဘုတ်အုတ်ကြီးမှာ အိပ်ယာပေါ်ပက်လက်နေချိန်တုံးက သဲကြီးမဲကြီးနဲ့ pageတွေဘာတွေဖွင့်ခဲ့တော့ အရှိန်လေးနှေးသွားရင် ဂန့်မှာစိုးလို့ တခါခါဝင်ပြီး အာချောင်ပေးနေရသေး😂
အဲ့ထဲက ၃ခါလောက်ခွဲရေးထားတာကို ဒီထဲခပ်တည်တည် ကူးထဲ့အုံးမှ...လကုန်ခါနီးပြီ...အချိန်ကျပြီလေ
ပျော်စရာသီတင်းကျွတ်မီးထွန်းပွဲတော်ဖြစ်ကြပါစေ....

ကျုပင်မိတ်ဆက်...
ကျုပင်ကျုရိုး သင်ပင်သင်ရိုးခေါ်ပုံအမျိုးမျိုးနဲ့ကိုယ်သိတာကသင်ဖြူးဖျာယက်တဲ့ဟာပေါ့ဗျာ....

ကဲ....တွေ့ပြီ...ဒီလိုတွေပါနော်...မြစ်ချောင်းအင်းအိုင်ရေပတ်ဝန်းကျင်ကရေနဲ့ကုန်းမြေအကြားမြက်ရှည် လိုလိုဘာလိုလိုနဲ့ သဘာဝပေါက်တတ် ဒါပေမဲ့မြန်မာပြည်မှာ ခုတော့ရှိသမျှမြေပိုင်ရှင်ရှိ လက်ညိုးထိုး
ရောင်းစားတာတဲ့ပြီးခဲ့တဲ့ ၃-၄နှစ်ကသင်ဖြူးဖျာချော ၂ဖက်လှ၂ခုဝယ်တာ၂ယောက်အိပ်နဲ့ တစ်ယောက်
အိပ်ဖျာ၆သောင်းနီးပါးပေးရတယ် ဈေးကမသေးလှဘူး၊ထိုင်းနဲ့ အင်ဒိုနီးရှား မလေးရှားဖက်မှာတော့အစိုးရ ကကူညီပံပိုးပေးလို့သင်ရိုး ကျုရိုးတွေနဲ့လူသုံးကုန်ပစ္စည်းလုပ်တာအရမ်းခေတ်စားလာပြီးဈေးကွက်ကျယ်ပြန့်
လာပါတယ်....မြန်မာပြည်မှာတော့ပန်းတနော်ဖက်မှာခုတော့ စနေပြီလို့သိရပါတယ်... 

ဘိုလို Jute လို့ခေါ်တဲ့မြစ်ချောင်းအင်းအိုင်အစပ်မှာအလေ့ကျပေါက်တဲ့ဒီသင်ပင်ကျုပင်တွေကို ကျမတို့နိုင်ငံမှာ အားလုံးမြင်ဖူးနေကြတဲ့ ဂုန်နီအိတ်ဆန်အိတ်(ခုခေတ်မှာနဲသွားပါပြီ)လုပ်တာလောက်ဘဲ သိခဲ့ကြတာပါ။ 
ရှေးခေတ်ကဆိုအဝတ်အထည်တွေကိုလည်းဒီအပင်ကနေယက်ပြီးဝတ်ဆင်ခဲ့တာပါတဲ့
ခေတ်ကြီးတိုးတက်လာတဲ့အခါနည်းပညာတွေလည်းထွန်းကားလာတယ်လူခန္ဓာချွေးစုပ်ဖို့အပူဒဏ်ဖို့
အအေးဒဏ်ကာကွယ်ဖို့ပိုပြီးပျော့ပျောင်းနူးညံ့တဲ့ချည်မျှင်တွေရှာတွေ့လာတယ်။ဝါပင်တွေကတော့အဓိက
ပေါ့လေ..။တခြားကျမတို့မသိတဲ့အပင်ကနေထုတ်ယူတဲ့ချည်ထည်တွေအများကြီးရှိသေးတယ်။


ဒီတခါတော့ချည်မျှင်အကြောင်း ဗဟုသုတအနေနဲ့ အာလူးလေးပေးအုံးမှ။ လီနင်ပိတ်စကင်းဗတ်စ်လို့
ကျမတို့သိတဲ့အစအထူကြီးတွေက ဝါချည်တခုထဲမဟုတ် Flax Fiber ဆိုတာဥရောပဖက်မှာပေါက်ပြီး
အသီးကိုအဆီထုတ် သူ့အမျှင်တွေကို စက္ကူအဖြစ်အသုံးပြုကြတယ်တဲ့။သူကဝါချည်ထက်ပိုခိုင်ခံသလို နူးညံ့မူ့ရှိ အရောင်ညီ အရောင်မမှိန်လွယ် တောက်ပ သန့်ရှင်းရေးလုပ်ဖို့လွယ်လို့ ကင်းဗတ်စ မီးသတ်ပိုက်
စီးကရက်စက္ကူ အပြင် ပိုက်ဆံထုတ်တဲ့စက္ကူ အဖြစ်လည်းအသုံးပြုကြတယ်တဲ့။သူကတော့အကောင်းဆုံး
ချည်မျှင်အမျိုးအစားပေါ့။ နောက်တခုက အံ့သြသွားကြမယ် ဆေးခြောက်ပင်အမျိုးအစားပါ။ Hemp fiber
လို့ခေါ်တယ် အသီးအဆံကိုအဆီထုတ်သုံး အမျှင်ကိုလည်းအဝတ်အထည် အတွက်မဟုတ်ပါဘူး စက္ကူနဲ့
စီးကရက်စက္ကူ အဖြစ်သုံးကြတယ် အရွက်ကိုတော့ ဆေးဝါးဖော်စပ်တာထက် နောက်ပိုင်းမူးယစ်ဆေးအဖြစ်
ဆေးခြောက်ရူကြတာတွေများလာတော့တရားဝင်စိုက်ဖို့ခက်လာကြတယ်တဲ့။ နောက်ဆုံးကမှ Jute လို့ခေါ် တဲ့ ကျူပင်သင်ပင်ပေါ့ဗျာ..

ကိုယ့်မင်းသားအခန်းကခုမှလာ....အဓိကကလည်း အဲ့အကြောင်းပြောခြင်လို့ဆွဲလာရတာ နဲနဲရှည်သွား...
ကဲ...ဒီ juteကို ဂုန်နီအိတ် သင်ဖြူးဖျာဘဲလုပ်တတ်လို့ ကိုယ်တို့လည်း အဲ့လောက်ဘဲ သိခဲ့ကြတာ။ တကယ်တော့ သူ့ကိုအများကြီး လုပ်ပြီးရောင်းချနေကြတာအများကြီးပါ...

မြန်မာပြည်မှာတော့ သင်ပင်လို့လူသိများတယ်။ ကျုပင်ကအင်္ဂလိတ်ကနေတိုက်ရိုက်ဘာသာပြန်လာတာ
ဖြစ်နိုင်ဖွယ်ရာရှိ..။ ပူနွေးစိုစွတ်တဲ့ မုတ်သုန်ရာသီဥတုရှိတဲ့အာရှမှာ ပေါက်ရောက်တယ် white jute ကျုအဖြူမျိုးကတော့ အိန္ဒိယဖက်မှာပေါက်တယ် ရှေးခေတ်သမိုင်းမှတ်တမ်းတွေမှာ သူတို့က ဒီလိုဂုန်လျှော် တွေနဲ့ယက်တဲ့အဝတ်တွေ ဝတ်ခဲ့တယ်တဲ့။ ဘင်္ဂါလီလူမျိုးတွေဆိုပါတော့။

(ဗဟုသုတတခုအနေနဲ့ ပြောရမယ်ဆိုရင် ကမ္ဘာမှာတတိယ လူဦးရေအများဆုံးလူမျိုးစု ကဘင်္ဂါလီပါဘဲ..
ကိုယ်တို့နိုင်ငံက သူတို့တွေနဲ့ ပြသာနာဖြစ်တော့ အမှားရောအမှန်ရော သတင်းတွေ အပြန့်မြန်တာအံသြ
ဖို့မကောင်းလှပါဘူးလေ။ လက်ရှိအစိုးရ ဒုက္ခရောက်ရင်ပြီးရောသဘောထားတဲ့လူတန်းစားတရပ်က
ဝင်ပင့်ပေးတော့ပိုပြီးအခြေအနေတွေဆိုးဝါးသွားတယ်လို့ကိုယ်ဖတ်မှတ်လေ့လာသိသမျှအပေါ်အခြေခံပြီး
ပြောပါရစေ)

ကဲ...သင်ပင်ကျုပင်အကြောင်းပြန်ဆက်ရအောင်..
Tossa jute ဆိုတဲ့နောက်တမျိုးကတော့ တောင်အာရှအာရပ်ဒေသတွေမှာပေါက်ပါတယ်သူတို့ကအရွက်ကို
ဟင်းရည်ချက်စားကြပါတယ်။အံ့သြစရာကောင်းအောင်ပရိုတင်းဓါတ် ဗီတာမင်စီ ကယ်လစီယမ် သံဓါတ်နဲ့
တခြားခန္ဓာကိုယ်အတွက်ကောင်းတဲ့ဓါတ်တခုပါဝင်တယ်တဲ့...။ နောက်ပြီး ဒီအမျိုးအစားကပိုပြီး ပျော့ပြောင်း ခိုင်ခန့်လို့အဝတ်တွေအတွက် သုံးရင်းတဖက်က တခြားလူသုံးပစ္စည်းတွေအတွက်လည်း လုပ်ကြတယ်လေ။ ၁၇ ရာစုကနေ ဒီကျုပင်တွေကိုစပြီးကူးသန်းရောင်းဝယ်လာကြတာပါတဲ့။ လိုရင်းတိုရှင်းပြောရရင် ဗြိတိသျှ အင်ပါယာကြီး အုပ်စိုးလာတဲ့အချိန် British East India Company ဒီကုမ္မဏီကတော့ သမိုင်းမှာ နံမည်ကြီး ပေါ့သူကဘင်္ဂါလီတွေရဲ့ဒေသ Bengal west နဲ့ east မှာစက်ရုံကြီးတည်ပြီး စစချင်းတော့ ဂုန်နီအိတ်တွေ ထုတ်ကြတယ်တဲ့ သူတို့ကစစ်ဖက်မှာ သုံးပြုတဲ့(သဲအိတ်တွေ)ထုတ်တာပါ။စကော့တလန်လူမျိုးကစတည်
တော့သူတို့ လူမျိုးတွေအများကြီး ကုလားပြည်ဖက်လာပြီး ဒီဂုန်လျှော်လုပ်ငန်း လက်ဝါးကြီးအုပ်ထားကြတာ ဘဲ။ပထမကမ္ဘာစစ်မှာအမေရိကားဖက်ကိုပို့သူတို့ဝါချည်တွေထုတ်ပိုးဖို့ဂုံနီအိတ်သုံးတာစစချင်းလက်နဲ့ယက်
ရတာ နောက်ပိုင်းနည်းပညာတိုးတက်ပြောင်းလဲလာမှဒီကျုပင်ကနေဝါချည်အစားထိုးချည်မျှင်အတုတွေထုတ်
လာကြတာ။ ကျုပင်ကစိုက်ပျိုးထုတ်လုပ်ရတာ ဝါပင်တွေထက်ပိုလွယ်လို့လေ အများဆုံးကတော့ ကုလား ပြည်ကထုတ်တာ။ သူတို့တွေထုတ်ကြတဲ့ ပစ္စည်းပေါင်းထောင်သောင်းကြားထဲမှာ ကိုယ်စိတ်ဝင်စားတဲ့
ဒီကျုပင်ကနေ ယက်ထားတဲ့ အိတ်တွေကတော့ ကိုရွှေကုလားများ ထုတ်တာဟုတ်ဘူးတော့။


အမလေး...ဇာတ်ရည်လည်အောင် အခင်းလေးဆင်းမိတာ ခုထိကိုယ့်မင်းသားက ထွက်မလာ နိုင်သေး ဗျာ....တကဲ့လိုရင်းက ရှေးပဝေဏသီကတဲကဘင်္ဂါလီများသုံးလာကြတဲ့ ဂုန်လျှော်ပင်တွေ ခုထိလည်း
သူတို့ကကမ္ဘာ့နံပါတ်တစ် တင်ပို့ရောင်းချသူ ဂုန်နီအိတ်နဲ့ ကင်းဗတ်စ ဝါချည်အတုတွေဘဲအဓိကလုပ်
ကျုပင်ကကျုရိုးအိတ် လှလှလေးတွေက အရှေ့တောင်အာရှ နိုင်ငံတွေကထုတ်တာပါ ထိုင်း အင်ဒိုနီးရှား
မလေးရှားတို့မှာ တောင်သူလယ်သမားတွေကိုသက်ဆိုင်ရာက သင်ပေးပြီးထုတ်ကြတာ ထိုင်းမှာဆို ကျောင်းမှာအိမ်တွင်းမူ့သင်ခန်းစာကနေသေသေချာချာ ခလေးဘဝကတဲကလေ့ကျင့်သင်ပေးလာတော့
သူတို့ကျောင်းမပြီးလည်း တီထွင်ညာဏ်လေးနဲ့ လက်မူ့အနုပညာအခံလေးနဲ့ သပ်ရပ်တဲ့လက်ရာ ပြောင်မြောက်တဲ့ချစ်စရာကောင်းတဲ့အိတ်တွေနဲ့စီးပွားဖြစ်ထုတ်နိုင်ကြပါတယ်။တချို့ရေးထားတာလေးတွေ
ဖတ်မိတယ် မြန်မာတွေမညံ့ပါဘူး ထုတ်ပါလား...အဲ့လိုဘာတွေပေါ့လေ။ တကယ်ဆို ငပိဖုတ်တောင်
ဆရာမပြနည်းမကျပါ ။ ဒီအပင်တွေ ပန်းတနော်ဖက်သင်ဖြူးဖျာယက်နေတဲ့ လူကိုအိတ်အတင်းသွား
ချုပ်ခိုင်းလို့သူလည်းလုပ်တတ်မှာမဟုတ်ပါကူညီချင်ရင်သူတို့ကိုတတ်အောင်သင်ပေးရမှာသူတို့ကိုယ်တိုင် လည်းသင်ယူလေ့လာချင်စိတ်ရှိမှကုန်ပစ္စည်းတွေထွက်လာနိုင်မှာပါ..အဓိကတော့ ပြည်တွင်းထုတ်ကုန်
ဦးစားပေးမယ် မြင့်တင်ပေးမယ်ဆိုတဲ့ အစိုးရဆိုင်ရာများ ကူညီပေးရင်ကျမတို့လည်းဒီလိုပြည်တွင်းဖြစ်
အိတ်လေးတွေ ကြွားကြွားလေးကိုင်ခွင့်ရမှာပေါ့လေ ခုတော့..သူများအိတ်သွားငမ်းကြရအောင်

ဒီလိုသွားရင်းငမ်းရင်းနဲ့ ထိုင်းကလူတွေနဲ့ခလုတ်တိုက်မိပြီး..မှာကြည့်တာ..မှာရင်းနဲ့ထူးပါဘူးဆိုပြီး...
ယူလာရောင်းတာ..ဈေးအများကြီးသက်သာပါတယ်။ ဘာလဲဆိုတော့ လုပ်တဲ့ပင်ရင်းကလူတွေနား
မှာတာပါ...။နောက်ဆို ကိုယ့်ဒီဇိုင်းပေး သူတို့ယက်ပေးမယ်တဲ့..ပျော်ပြီလေ...။ အမေရိကားမှာရောင်းတာ
အနဲဆုံး 40$ ကျော်ကစတာပါ...ကိုယ့်ဈေးက ပထမစစချင်း...ထိုင်းကရောင်းတဲ့သူတို့ဘတ်ဈေးအတိုင်း
၁၀% လမ်းစရိတ်အဖြစ် အမြတ်ယူပြီး...ကိုယ့်မြို့က တူမလေးဆိုင်မှာ ရောင်းနေပါပြီလို့😁😀😂😆

ကတောက်စ်....ဒီတခါ..ပေါတင်ကြီး..ဈေးရောင်းပြီဗျ....













အိုး...အိတ်တွေကအများကြီး...နောက်မှဘဲတင်တော့မယ်ဗျာ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

https://www.facebook.com/kyaingtonglady

Wednesday, May 16, 2018

ဝါးလုံးခေါင်းထဲကုန်းအော်ကြသူများ

မင်္ဂလာပါရှင်~~~
အွန်လိုင်းပေါ်က ဆိုရှယ်မီဒီယာဆိုပါတော့လေ..အဲလိုနေရာမှာပြောတာဆိုတာကို မယ်ငီးတော့
ဝါးလုံးခါင်းထဲကုန်းအော်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်...။ 😀😁ကိုယ့်ကိုယ်ကို အရာကြီးလိုလို
ဘာလိုလို...ဟီး..
အမြင်လှပေမဲ့ကိုယ့်ရဲ့မဟာရန်သူတော်ကြီးပါ
တိတိကျကျဆိုရရင်ဖြင့် အမေဆုံးပြီးကတဲက အာဂန္တုရောဂါတွေ( lupus) အပါအဝင် ဝင်လာမစဲ
တသဲသဲဗျ။တခုပြီးခါနီး တခုကဆက် တခုသွားပြီဆိုရင် နောက်တခုကလာ....ဒီလိုနဲ့ လူလည်းရူး
ချင်သလို ကြောင်သလိုလိုဖြစ်နေပါ့တော်...။ လူတယောက်ရဲ့ အရေးကြီးဆုံးက ကျမ်းမာရေးပါဘဲ။

တနေ့၃ခါသောက် မနက်ဆိုရင်အဲ့လောက်သောက်
အာခေါင်ကိုအစွမ်းကုန်ဟပြီး ငါးမူးစေ့အရွယ်လောက်ကို လေဆာနဲ့ဖြတ်ထုတ် ဓါတ်ခွဲခန်းစစ်တာ
အဖြေရလာပြီ..သာမာန်မှဲ့ခြောက်ပါတဲ့...။အောင်မလေး...ပျော်ရမလို ငိုရမလို ထုံးဆေးပြယ်သွားချိန် နာကျင်ခြင်းခံစားချက်ပြောမပြနိုင်..။ တွံတွေးမြိုချဖို့ ကြိုးစားရင် သာမာန်အချိန်မသိသာပေမဲ့ ခုတော့ ကြွက်သားကို
ရူံ့လိုက်သလိုဖြစ်သွားတာ အရမ်းနာတာဘဲဗျာ...။ မပျော်ဘဲငိုချင်တာက ဆေးစစ်ချက် မထွက်ခင် ၂ရက်
လောက်က အလေးတွေ သွားမမိတာ..။ အရိုးပျော့နေပါတယ်လို့ဆရာဝန်ပြောတော့ ဆေးသောက် ရှိသမျှ
အရိုးတွေပြုတ်သောက်လုပ်နေတာ..။ ခါးမျက်သွား...ပြောတော့တာ ခါးမျက်... အိုးလာလား..ထိုင်မရ အိပ်နေရတာဗျ။ ခါးပတ်ရှာဝယ် ဆေးလူး ဒုက္ခရောက်လိုက်တာ။ ခုလည်း သိပ်မသက်သာသေးဘူး...။ ဒါပေမဲ့ နဲနဲတော့ ထိုင်နိုင်လာပြီဆိုပါတော့..။

ပြောရင်း ဖြစ်ပျက်နေရင်းနဲ့ ဟော...ရာသီကလာပြီလေ!!!!! အလာဂျီ😷 မျက်စဉ်းဆေးထဲ့ နှာခေါင်း
မူတ်ရ ဆေးသောက်ရ...။ နှာခေါင်းကပွပြီးနီရဲ နာရည်များဒလဟော ဘုံဘိုင်ရည်ကျသလို...နူတ်ခမ်း အထက်က ပါးစပ်အသားတွေနီရဲပြီး အသားလှန်လိုရှင်းတစ်ရူးဘဲသုံးနေရတယ်။ အဲ့လိုဖြစ်နေချိန်
Lupus လည်းကြောက်လို့ငြိမ်နေလားမသိ...သိပ်နာကျင်ခြင်းမရှိသလို..😁 ၂ လနီးပါးလောက်က
ဘာမှမလုပ်ငြိမ်နေခြင်းနဲ့ အသားကျလာတော့ဘောင်းဘီများခါးကြပ်သွားပါလေရော...စားပြီးအိပ်
အိပ်ပြီးရင်စား..ဒါဘဲလုပ်နေတာ နေလို့ထိုင်လို့မကောင်းဗိုက်ကလေးတသတသနဲ့ လူကစိတ္တဇဖြစ်
ချင်လာ😝 ကတောက်စ်..မွေးကတဲက ဗိုက်ပူနံကားစည်ပိုင်းရှိတ်ပြောခံမထိဖူး..ခုတော့ သေချာ
တာက အီဖေငီး..နံကားလေးရှိတ်လေးနဲ့ရှင့်...

အောင်မငီး..နိဒါန်းပျိုးနေတုံးပါဘဲ...နဲနဲရှည်သွားတာ...

အဲ့လို..ဘဝဆိုတာ ဘယ်လိုမှ ကြိုတင်မြင်မထားတာတွေ ဖြစ်လာ တတ်တယ်။ ကျမ်းမာနေတုံးသွား
ထား စားထားဆိုတာ..အမှန်နော့်...။အရင်က ရုပ်ရှင်အရမ်းကြိုက် ခုတော့ မကြည့်ခြင်တော့ဘူး...။
ဒီတော့ အိပ်ရင်း တက်ပလက်နဲ့ပွတ်လိုက် ဖုံးပွတ် လိုက်နဲ့...ဟီး..မျက်စိတောင်နာပါတယ်ဆို...။

၃-၄လအတွင်းသောက်ပြီးလေသမျှ
ဆရာဝန်တင် ငြိမ်ငြိမ်နေခိုင်းတာမဟုတ်၊ အိမ်ကကျားကျားလည်း အမိန့်ထုတ်ထား ငြိမ်ပါတော့
မရွှေငီးရေ့တဲ့..ကဲ..လူကငြိမ်တော့ စိတ်ကမငြိမ်နေနိုင်တာ သိတဲ့အတိုင်း..ဘာရမလဲ..ဖုံးလေးနဲ့
ပွတ်ပြီး page တွေဘာတွေတက်ထောင်လိုက်တာ ဟားဟား..ဘာရမလဲ ၂၁ ရာစုအဖွားလေးပါဆို
တခုတောင်ဟုတ်ဘူးနော် ၂ခုဗျ... တခုကကြာပါပြီ..ဖုန်တွေပြန်ခါပြန်တင်ပေါ့....ဖယားဖယား....
တကယ်တော့ ကိုယ်ဟာ လေလိူင်းလူသားတယောက်ပါ...ကွယ်...💪

fb မှာ page က၂ခု၊ Instagram ၂ခု၊ တခုက စားစာရာဘဲလိုက်ကြည့်လို့ စားစရာဘဲတင်၊ တခုက
ပေါက်ကရတွေတင် ၊ twitter ၊ LinkedIn ၊ blog ၂ခု တခုကသူများတွေသိပ်စိတ်ဝင်စား
တဲ့ဟာမဟုတ်လို့ ကိုယ့်ဖာသာသာကိုယ်ပြန်ဖတ်ဖို့ save သိမ်းထားတဲ့သဘော...ကဲ....ကြည့်အုံး
ကျုပ်မှ စိတ္တဇဆရာဝန်ဆီမသွားရင် ဘယ်သူကသွားရမလဲ...အပြင်မှာ လူတွေနဲ့မဆက်ဆံရဲလေ
သမျှ ဝါးလုံးခေါင်းတွေကြားကုန်းအော်နေတာ..သဘောတွေကျနေမိတာ....အားအားယားယား
ဖြစ်နေချိန်မှာပေါ့လေ...အဖော်ရှာတာပါကွယ်....ဒီလိုအချိန်မှာ ကိုယ်ပိုင်ဝါးလုံးခေါင်းတွေလည်း
တဖြေးဖြေးများလာတာမဖြစ်ချေဘူး..ပြန်လျော့မှ....
သူများတွေရေးထားတာ စဆုံးဖတ်တယ်...🙊 ဆိုလိုတာက fb မှာပါ။ အစနဲ့အဆုံးလေး ၂ကြောင်း
လောက်ဖတ် လုံလောက်ပြီ..အဲ့..နောက်က အောက်ကနေ လိုက်လာမဲ့ ကော်မန့်တွေလိုက်ဖတ်...
ဘိုလိုရေးတာတွေ အထူးသဖြင့် သတင်းဌာန၊ ထိုင်းလိုရေးတာတွေ သတင်းဌာနထက် နံမည်ကြီးတဲ့လူ အစားအသောက် အထူးအဆန်းတွေပေါ့မြန်မာပြည်ကဆိုရင်လည်း အရေးအသားညက်တဲ့လူ စိတ်ဝင်
စားစရာတွေလိုက်ဖတ်
အောက်ကကော်မန့်တွေကိုတော့ Comment Reading Association Of America
ကဥက္ကဌလိုလို (အုပ်ရာကထလာတာပါ😆) အသေလိုက်ဖတ်ပြီး တယောက်ထဲရီနေ

စိတ်ဝင်စားစရာတွေကတကယ်တော့ twitter နဲ့ Instagram မှာ...။ နံမည်ကြီး လူတွေသာမက
အဖွဲ့အစည်းတွေ သတင်းဌာနတွေဆိုရင် ခဏခဏ update တွေတက်လာ
တကမ္ဘာလုံးက
ဝင်ရေး ဘာသာရေး နိုင်ငံရေးကစလို့ စားတာသောက်တာ ဖက်ရှင်
မကျန် အားလုံးက ဖတ်ပြီး
ပြန်သုံးသပ်ရင် ဇာတ်လမ်းတွေကအများကြီး...။ တနေ့က
ရိုမေးနီးယားက ဝါးလုံးသေးသေးတွေ
ပေါင်းပြီးမူတ်တဲ့ ပုလွေ the pan flute ကို
သူတို့နိုင်ငံက နံမည်ကြီးအနုပညာသမားတယောက်က
မူတ်တာ ဗီဒီယို  အောက်မှာ
အဲ့တာက ပီရူးနိုင်ငံကမူရင်း ရိုးမေးနီးယားမူရင်း ငြင်းရင်း အမေရိက
ရက်အင်ဒီးယား
မူရင်းဆိုပြီး အမေရိကန်ကလည်းငြင်း...လုံးချာလိုက်နေတာ သေချာပြန်စစ်တော့လည်း
တကဲ့မူရင်းက ဘယ်ကလည်းဆိုတာ ဘယ်သူမှတိတိကျကျ မပြနိုင်....

ဒီလိုပုံစံတွေ စားစရာဖက်မှာ ဖက်ရှင်တွေ ယဉ်ကျေးမူ့တွေဖက်မှာ အများကြီးပေါ့..ကိုယ်တို့
ဆီကတော့ ခါးအောက်ပိုင်းစကားနဲ့ မတက်နိုင်ကြသေး၊ သန်ရာသန်ရာဆဲကြ..ငြင်းခုံတာက
သဘာဝကြပါတယ် သူ့အမြင်ကိုယ့်အမြင်ပြောကြတာ ငြင်းခုံတယ်လို့ဆိုကြတာကိုး....သူတို့
ပြောဆိုတာဖတ်မှ ကိုယ်မသိတာတွေ ကိုယ်မကြားဖူးတာတွေ တခြားဒေသဖက်က ထုံးတမ်း
စဉ်လာတွေသိလာရတာ...မကောင်းပေဘူးလား...အခုဟာက ဘာမှနားမလည်ဘဲ ဝင်ဝင်ဆဲ
တာကိုယ်စားပြုတင်ထားတာကလည်း သူများပုံတွေနဲ့ နံမည်ကလည်း လူနံမည်မဟုတ်.....
တချို့တွေကထင်နေတာ မြန်မာတွေ အဆဲသန်တယ်တဲ့...မထင်ပါနဲ့လေ..အဆဲသန်တာ
မြန်မာပြည်တခုထည်းမဟုတ်ပါ တလောကလုံး တကမ္ဘာလုံး ဆိုပါတော့ ဝါးလုံးခေါင်းထဲ
ခေါင်းထိုးပြီးကုန်းအော်မယ်ပြင်ကတဲက သူတို့ကို ဘယ်သူမှမသိ မမြင်ထင်နေတာပေးချင်
တဲ့နံမည်ပေး တင်ချင်ရာတင် ပြောချင်ရာပြော..ဒါပေမဲ့ သေချာတာက သူတို့အားလုံးသက်ရှိ
ထင်ရှားလူသားတယောက်ဆိုတာပါဘဲ..ဒီလိုလူသားတွေ များလာတဲ့ကမ္ဘာကြီးမှာ စစ်ပွဲတွေ
သတ်ပွဲတွေ များလာတာလည်းမဆန်း....

ကော်မန့်ဖတ်ရင်း တခုကိုသေသေချာချာနားလည်လာမိတာက လူဆိုတာ ၂မျိုးဘဲရှိတာဗျာ...
အကောင်းမြင်သူနဲ့ မကောင်းမြင်သူပါ။ ဘာဘဲဖြစ်ဖြစ်အနုတ်လက္ခဏာတွေးနေရင် ဘာဘဲ
တွေ့တွေ့ မကောင်းတာချည့်ပါဘဲ...။ တမိုးအောက်မှာ အတူတူကြီးပြင်းလာပြီး တနေ့ကြ
သေကြရမှာဘဲဟာ..ချစ်ချစ်ခင်ခင်ပျော်ပျော်ရွှင်ရွှင်အတူတူနေထိုင်ကြရင်မကောင်းဘူးလား..
နော့်...

ခုနောက်ပိုင်းလူတွေရဲ့သဘောထားကို သိလာရတာက ကွန်မန့်တွေလိုက်ဖတ်လို့လေ...😋
အပေါ်ကရေးထားတာ အရေးမကြီးဆုံးအောင်မဖတ်နဲ့ အချိန်မရှိ...။ အောက်ကလိုက်
မန့်ကြတဲ့မတထောင်ဖွား လူသားများရဲ့စကားက ပိုရီရတာ..။ သေချာတာက စာလုံးပေါင်းမှား
ဟားဟား...ထိုင်းရော ဗမာစာရော ဘိုစာရော..ရေးချင်ရာရေး...ဒီမှာတခုတွေးမိသွားတယ်
ဖုံးတလုံးကိုင်ပြီး ရေးနိုင်တယ်ဆိုတော့ လူပေါင်းစုံ ပညာအဆင့်အတန်း အလွှာပေါင်းစုံ
ရုန်းရင်းကြမ်းတမ်းတဲ့စကားနဲ့ဝင်အာတော့ မိုးပေါ်က ရွှေမင်းသမီးနားမခံသာ ပြန်ပက်
ဒီတော့ကြားထဲက ဘုမသိဘမသိ ဝင်ပြီး L လ နဲ့စတာတွေနဲ့ဝင်ကျုံး နောက်တယောက်က
သူ့တို့မျိုးရိုးအလုပ်အကိုင်လားမသိ...P ဖ နဲ့ဝင်ပေါက်...အဲ့လိုလုံးချာလည်လိုက်တာများ
အားလုံးအတူတူဘဲ... လိုက်ဖတ်ပြီးအကောင်းထင်လားမသိ လိုက်အတုခိုးပြီး နောက်
တခါပြန်မန့်ကြ...ဒီလိုနဲ့ဘဝကြီးကလုံးချာလည်လိုက်ရောဗျာ.....

တခုခုကိုကြည့်မယ်ဆိုရင် မျက်နှာဖုံးမတပ်ပါနဲ့၊ သူ့နေရာ ကိုယ့်အစားထိုးကြည့်လိုက်ရင်
အားလုံးအဆင်ပြေသွားရော.....ဘာဘဲဖြစ်ဖြစ်...၂လလောက် နားနေရတာ အပျင်းပြေ
ဘဝများစွာလေ့လာရ...ဝါးလုံးခေါင်းထဲကုန်းအော်ကြသူများအားလုံးကို ကျေးဇူးတင်လိုက်
တာနော်.....

ပုံ
ခင်ခင်ငီး
Comment Reading Association Of World
😇😘😍😁အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~

#meemeenage

Friday, March 30, 2018

ထွေလာသောင်းပြောင်းပေါက်ကရရှစ်သောင်းသွားအကြောင်း

မဂၤလာပါရွင္~~~
ခုတလော မယ်ငီးကမ္ဘာတင်မက ဒီကမ္ဘာလောကကြီးတခုလုံး ပြောင်းဆန်နေသလိုခံစားနေရတယ်။ ကိုယ့်
ပြောင်းဆန်တာက ကျမ်းမာရေးအပြင်ဘာမှ ထွေထူးမရှိပါ။ ကမ္ဘာကြီးမှာ စီးပွားရေး နိုင်ငံရေး လူမူ့ရေးတွေ ကြောက်စရာကောင်းလောက်အောင် ဖြစ်ပျက်နေတာအများအသိ...။

အမေရိကားမှာနေတာ တခုအကောင်းဆုံးကတော့ကျမ်းမာရေးဖက်ကပါဘဲ။ တနှစ်တခါ ဆရာဝန်တွေ(သွား မျက်မှန် မီးယက်)ဆီမှန်မှန်သွား မသွားရင်လည်းကျမ်းမာရေးအာမခံကဖြတ်သွားနေပြီလေ။ ဒီတော့ တန်
အောင်ပြပေါ့..အဟဲ..။ ဒီလိုတွေနဲ့ ကိုယ်ကကံဆိုးထဲက ကံကောင်းတယ်ခေါ်ရမှလား မပြောတတ်။ ကြိုသိ လို့ကုသခဲ့ရတာတွေမနဲပြီ..။ သေချာတာက မြန်မာပြည်မှာဆို ခုချိန် ကုတင်ပေါ်ပက်လက်ဘဝ ဖြစ်နေမလား
ဘဲရှင်..။ အစပြုတာက နယ်သာလန်မှာ သွားကိုက်တာကစတာပါ..။

နေရတဲ့ ပင်လယ်ကမ်းခြေရွာလေးကလည်း မြို့မကျ ရွာမကျ လူဦးရေ ထောင်ဂဏန်းဘဲရှိတာလေ..။ သွား ဆေးခန်းကို အင်တာနက်ကနေရှာတာ၂ခုတွေ့တယ်။ သူတို့ဆီမှာက ကိုယ်တို့လို အထူးသဖြင့် အမေရိကား လိုရောပေါ့ ဆိုင်းဘုတ်ထောင်ပြပြီး အများသူငါချပြထားတာမရှိ။ မြင်သာအောင်ကြော်ငြာတာတွေ လည်းရှိ တာမဟုတ်။ အိမ်နံပါတ်နားမှာ သူတို့ဒတ်ချ်စာနဲ့ ခပ်သေးသေးဘဲရေးထားတာ။ ရွာလည်ခေါင်လည်း လမ်းတိုလေးတခုနဲ့ ပတ်ချာလည် အားလုံးဆိုင်တွေဘာညာတွေရှိတယ်။ ကိုယ်တို့နေတာလည်း ရွာလည်
ခေါင်ပါဘဲ။ ရောက်ခါစ ကျားကျားကလည်း သူ့ပရောဂျက်အရေးကြီး။ လိုက်မပို့နိုင်။ တညလုံးအိပ်မရတော့
လူကလည်း မလန်း။ ဒါနဲ့စာရွက်ပရင့်ထုတ်ပြီး မနက်ကျတော့ ထသွားတယ်။ အိမ်နဲ့အနီးဆုံးနေရာက ဝင်
ပေါက်ကလည်း တောင်ကြီးအိမ်တွေလို ခြံသေးသေးထဲမှာ ဝင်းတံခါးသေးသေးလေးတွန်းဝင်သွားရတာ။
အထဲဝင်သွားတော့ စာရေးမကပြူးပြီးကြည့် ..။နိမ်းနိမ်း..သူတို့စကားနဲ့ နိုးပေါ့...ဘိုလိုရှင်းပြတယ်။ ဘွတ် ကင်မတင်ထားရင် မရဘူးတဲ့။ နောက်ပြီး သူတို့လူနာကလွဲလို့ အပြင်လူနာလုံးဝမကြည့်ပေးဘူး..ဆိုဘဲ..။
အိုကေလေ..နောက်တခုရှိသေးတယ်..ဆိုပြီးထွက်ခဲ့ရတာပေါ့လေ။

နောက်တနေရာကလည်း စာရေးမက ဘိုလိုသိပ်မတတ်။ သူလည်း နိမ်းနိမ်းပါတယ်လေ..။ ကဲ..ဒီက နာ လည်းနာ လူကိုမရဘူး မရဘူးနဲ့ အဖက်မတန်သလို အငြင်းခံရတော့ စိတ်ကတို စကားကမပေါက်တော့
အရမ်းကြီးစိတ်လူပ်ရှား စိတ်တို အော်အော်ပြီးပြောတာဗျ..ဘာစကားနဲ့ပြန်ပြောမိမှန်းတောင်မသိဘူး။ ပြီး
အော်ငိုပစ်လိုက်တယ်မှတ်ရော...။ အဲ့လိုမှ ဆရာဝန်ကပြေးထွက်လာတာ။ လူနာကတန်းလန်းကြီးနဲ့။
လူနာအဖိုးကြီးက ပြောလိုက်တယ်။ သူ့ကိုခနနားပြီး လုပ်ပေးပါတဲ့။ အဲ့ခါမှအိုကေ..ဒါတောင် စာရေးမက
ပြောပါသေးတယ် ခရစ်တစ်မရဘူး လက်ငင်းငွေရှင်းရမယ်တဲ့။ အိုကေ ဆိုပြီး လက်ထဲကပိုက်ဆံတွေ လက်နဲ့ဆုပ်ထားတာ ပြလိုက်တယ်။ ယူရို ၂ဝဝ ကျော်တောင်ရှိတယ်။ အိမ်ကထွက်လာကတဲက လိုလို
မယ်မယ်ပိုယူခဲ့တာ။ သူ့ကိုလည်း နားလည်ပါတယ်။ တစိမ်းတယောက်ဆီက လက်ငင်းဘဲမှရမှာလေ။
တရားဝင်နေထိုင်ခွင့် လက်မှတ်လည်းတောင်းပါတယ်။ ဟင်းဟင်း..ဒါတော့အပျော့ပေါ့နော့်..။

ရန်ကုန်မှာ နှစ်ကုန်တဲ့ရက် ဒီဇင်ဘာလပေါ့ အဖေအမောဖေါက်တော့ ညကြီးသန်ခေါင် နီးချိန်၊ ရုံးက ကား
သမားခေါ်ပြီး ကမန်းကတန်းပြေးသွားချိန် ဆေးရုံက သမားတော်ကြီးဆိုတာကြီး မေးတာထက်ကို ခံသာပါ
တယ်။ သမားတော်ကြီးက မျက်နှာကိုသေသေချာချာကြည့်ပြီးမေးပါတယ် ညဝတ်အင်္ကျ ီ ဆံပင်စုတ်ဖွား
အိတ်စလွယ်သိုင်း တူလေးရာဘာဖိနပ်မှားစွပ်လာ တတောင်လောက်ရှည်ထွက်နေတာ၊ သူ့ခမျာမေးရမှာ
ပေါ့လေ..ခင်ဗျားတတ်နိုင်လားတဲ့ ဆေးရုံတက်ရမယ်။ အိုင်စီယူအခန်းထဲထားရမှာ သမားတော်နဲ့ သေသေ ချာချာပြရမှာတဲ့။ အော်..ဆရာရယ်...ကျမတခြားပြန်မပြောတော့ပါဘူး..ဆရာကျမတတ်နိုင်ပါတယ်။ အဖေ့ ကိုဘယ်လိုနည်းနဲ့မဆိုကုပါမယ်လို့...။ပြောချင်တာတော့ ဒေါ်လာယူမလား ကျပ်ယူမလား၊ အဲ့ဒီအိတ်စုတ် ထဲမှာ အိတ်စပို့လုပ်ငန်းလုပ်နေတဲ့ ပေစုတ်စုတ်ကောင်မလေး ဒေါ်လာထောင်ချီထဲ့ထားပါတယ်..။ (အခွန်ဖြတ်ပြီးဘဏ်ကထုတ်လာတာ... ပြန်ရောင်းဖို့ပေါ့😁😂)ထားပါလေ...ထားပါလေ... အဲ့အချိန် ၂ဝဝ၃-၂ဝဝ၄ ပတ်ဝန်းကျင် တညကို တသိန်းခွဲကျော်ပေးရပါတယ်။ ၉-၁ဝ ရက်လောက်တက်ရပါတယ်။ သမားတော်ကတရက် ၂ခါလာကြည့်ရင် ၂ခါစာကောက်ပါတယ်။ ဟိုကြေးဒီကြေး ကြေးပေါင်းမြောက်များစွာ ပါဝင်ပါတယ်။ ကိုယ့်မိဘဘဲမရှိရင်အိမ်တောင်ရောင်းပြီးကုရမှာ သားသမီးတိုင်းရဲ့ဆန္ဒတခုပါ...မဟုတ်ဘူး လားရှင်..။
ကဲ..ရှည်ပြီး အပြင်ရောက်...ဟီး...နယ်သာလန် သွားနုတ်ခန်းပြန်သွားမှ..

အဲ့တာနဲ့ထုံဆေးထိုး ၂ချက်လားမသိ..လူတကိုယ်လုံး ထုံတက်သွားတာ နားရွက်ကိုခနခနစမ်းကြည့်နေရ
တယ်။ မျက်ခွက်ကြီးလည်း ကမ္ဘာကြီးလောက်ဖေါင်းတက်လာသလို..။ ခနထိုင်ထားခိုင်းပြီး လူနာအဖိုးကြီး
ပြီးတော့ ကျမကိုခေါ်ပါတယ်။ အဖိုးကြီးက လူကိုတောင် Good luck ဆိုပြီး နူတ်ဆက်သွားသေး။ နောက် ဆုံးတော့ အံသွားနူတ် ပြီးဝါဂွမ်းစထည့်ပြီး ကိုက်ထားခိုင်းတယ်...။ပြီးဂျောင်းတော့..ဘာဆေးမှမပေးပါ။ ၈ဝကျော် ၉ဝယူရို လောက်ပေးလိုက်ရတယ်။ အဲ့ကတဲက ကိုယ့်မှာ ပါးစပ်လေးတဟဟ ဟိုစမ်းဒီစမ်း၊ လုပ်နေတာ ပြန်ဖြစ်မှာကြောက် လို့ပါ..။ အဲ့လိုနဲ့ သိပ်မကြာဘူး..ပါးမှာ အတွင်းဖက်မှာ အကြိတ်အဝိုင်းကြီး စမ်းမိတယ်..။ အမလေး...ဖယားဖယား အကြိတ်ဆိုရင် ကင်ဆာတဲ့..၊ ကဲ ကြားထဲထိုင်း ခနပြန်ဖို့ဖြစ်လာ တော့ဒီနယ်သာလန်မှာတော့ မပြနိုင်၊ဟိုမှာဘဲ သွားပြမယ် ဆိုပြီး ပြန်ချသွားတယ်။ အချိန်ကလည်း တပတ် ဘဲရတာပါ။ ထိုင်း ရောက်တော့ ဘန်ကောက်ဆေးရုံမှာ ပြတာပါ။ အဲ့တာနဲ့ အံသွားအားလုံးနူတ်ရမယ်တဲ့။ အဲ့သွားက ဂလင်းရည်တွေဘာဖြစ်တယ်ဆိုလား..ကဲ..ပါလေ......၃ချောင်းထဲကျန်တာ အချိန်လည်းမရ တရက်ခြား တချောင်းနူတ်ဖို့ သဘောတူပြီး နူတ်ပါတယ်။ ပထမတချောင်းကအိုကေ..။ ဒုတိယတချောင်းမှာ
နဲနဲကြာလို့ မျက်စိအုပ်ထားတာ ချောင်းကြည့်တော့ အပ်ချုပ်သလိုလုပ်နေတာတွေ့တော့ လူကဒူးတောင်
ချောင်လာသလိုလို.. ပြီးမှ ပြောပြ အဲ့အချောင်းက နူတ်ရခက်လို့ ခွဲရတယ်တဲ့ ၃ချက်ချုပ်ရ...။ ဆက်တိုက်
နီးပါး နူတ်ခံရတာ စဉ်းစားသာကြည့်တော့ အရည်တောင်ပိုက်နဲ့ဘဲသောက်ရတာ။ ကားစီးလို့ ကားချိုင့်ထဲ
ကျရင်တောင် မျက်ရည်ဝဲမတတ်နာတာ...။ ကျန်တဲ့အချောင်းက အထဲမှာ အဲ့ဒါက ခွဲမှရမယ်၊ ည နယ်သာ လန်ပြန်မှာကိုမနက်လာခွဲပါလားတဲ့...ဒီလိုချစ်စရာကောင်းလှသောဆရာဝန်မလည်းရှိတယ်ဆိုတာယုံ...
နောက် ၃လပြန်လာမယ်။ အဲ့အချိန်မှ ပြန်လာနူတ်ပါရစေနော့်..လို့..အဘွားတွေတလှေကြီးပေးပြီး တာတာခဲ့ရတယ်။ အဲ့ကတဲက သွားကိစ္စ ထပ်မဟရဲလေပြီ...မှတ်သွားတာ...။

ဒီမှာလည်း ကျားကျားက တချိန်လုံးသွားဆရာဝန်ဆီပြေးနေတာနဲ့ အားကျမခံ ပြီးခဲ့တဲ့အပတ်ကသွားပါတယ်။
ဟိုကြည့်ဒီကြည့်နဲ့ သွားကို deep clean လုပ်ရမယ်တဲ့..သိတာပေါ့.. ၈နှစ်ကျော်ဘာမှမလုပ်ထားတာ သွား
ချေးတွေကျွတ်တက်နေလောက်ပေါ့..။ ကဲလုပ်လေ..ဆိုတော့ တခြမ်းအရင်လုပ်ပါတယ်။ အရင်က ကိုးရီး ယားတော အခုနေတဲ့နေရာက အားချဲဟဲတော နေရာတကာ အထူးသဖြင့် ဆရာဝန်ဆရာမ CVS Walgreen ကဆေးဝါးကျွမ်းကျင် အားလုံး ကုလားအထီး မလေးတွေချည့်ပါဘဲ။ အခုသွား ဆရာဝန်မလေး လည်းခေါင်းတခါခါနဲ့ပြောပါတယ် သူတို့ခေါင်းခါတာက သဘောတူကြောင်းတဲ့ဗျ...။ ကျမသွားခြစ်ရင်း
အာခေါင်မှာ အမည်းရောင်အကွက်တွေ့လို့တဲ့ ခံတွင်းအထူးကုဆီသွားပါတဲ့..လာပြန်ပြီ...lupus ဆိုတဲ့
သွေးလေးဖက်နာ အရည်ပြားလေးဖက်နာ ကသက်သာခါစ...လူဆိုတာအင့်ကနဲဘဲ.... ကဲပြော..ငါ့ကိုရှင်း ရှင့်းပြော ခေါင်းခါနေတာက ဘာအဓိပ္ပါယ်ယူရမှန်းမသိ အဆိုးဆုံးအခြေအနေပြောဆိုတော့..အရေပြား
ကင်ဆာဖြစ်နိုင်တယ်တဲ့...😨😵

ကဲလေ..လူခန္ဓာရှိရင် အနာရှိတာမဆန်း သွားရမှာပေါ့။ လူလည်း စိတ်ထားတတ်နေပြီလေ..။ မနေ့ကဆေး ခန်းပြပါတယ်။ ပါရကူကြီးက ပြုံးလို့ စကားပြောလည်း ယဉ်ကျေး၊ မသွားခင် အွန်လိုင်းမှာဘဲ ကိုယ့်မှတ်တမ်း
တွေကို ၃မျက်နှာတိတိ ဖြည့်ရေးပြီး သူတို့ဆီပို့မှသွားရတာပါ။ ကိုယ့်မှတ်တမ်းအားလုံးသူက ဖတ်မှတ်ပြီးမှ
လူကိုစစ်ဆေးတာပါ။ ကိုယ့်မလည်း ဆေးအခေါ်အဝေါ်မတတ်တော့ google translate နဲ့လုပ်ပြီးဖတ်ရတာ ကတရက်လုံး..။ စကားမစပ်ဗျာ...မြန်မာနိုင်ငံသားတွေ ပြောကြဆိုကြငြင်းကြမယ်ဆိုရင် နိုင်ငံနဲ့ချီပြီးစည်းလုံး
ညီညာပါတယ်..အဟဲ...ဇော်ဂျီဖေါင့် ယူနီကုတ်ဖေါင့် နောက်ထပ်ဖေါင့်ပေါင်းမြောက်များစွာနဲ့ ဒီအွန်လိုင်းပေါ်
မှာပြသာနာတွေရှိလာခဲ့တာ ခုထိ မပြီးသေး..မပြီးတာကအရေးမကြီး၊ ကိုယ်တို့ google translate မှာ စာ
တွေပေါ်လာတာ ဘယ်လိုမှမဖတ်နိုင်..။ ကိုယ်လည်းပညာရှင်မဟုတ်တဲ့အပြင် တောသားဆိုတော့ ဘာမှ
မလုပ်တတ်။ family ဒေါက်တာက ကိုယ့်ကို ဆေးအခေါ်အဝေါ်တခုပြောမယ်ဆို သူက သူ့တက်ပလက် ကြီးပြပြပြီးပြောတာ သူပြတဲ့ဖန်သားပြင်ပေါ်က ဘီရုမာစာသားကို မြန်မာနိုင်ငံဖွားရှမ်းမ မဖတ်တတ်ပါ။ ဒါ
ပေမဲ့ သူ့ကို ကျမတို့နိုင်ငံက ဂလိုတွေရှိလို့ ဂလိုဖေါင့်မမှန်လို့..ဘာညာကွီကွလည်း မရှင်းပြနိုင်ပါ( ကိုယ့် ပေါင်ကိုယ်မလှန်ထောင်းနိုင်) စကားပုံအရ အပြောရိုင်းပေမဲ့ မှန်ကန်လွန်းတယ်ဆိုတာ...သိကြမှာပါ


ကဲ..CVS ဆေးဆိုင်ကစာပို့လာတာ ရှားရှားပါးပါး ကိုယ်တို့ဘာသာပါလာပြီဒါပေမဲ့ မြင်တဲ့အတိုင်း computer ပြန်ပေးသလိုသူလည်းပုံနှိပ်တာပါလေမှတ်ထားနော် ကိုယ့်နံမည်က အေးအေးသူတို့ခေါ်တာအိုင်အီး အိုင်အီး
တခါတလေအိုင်းအိုင်းKyi ကို ခီ လို့ရေးတာတွေကိုပြောဆိုထားတာတွေဖတ်ရလို့ပါအပြင်မှာဖြစ်ပျက်နေတာကြုံဖူးမှဖင်ပိတ်ငြင်းရင်ကောင်းမယ်ထင်တာဘဲလေ...😉😀


သူများတွေ ဘယ်လိုစာကိုဘာသာပြန်ကြလည်းမသိ..။ ကျမ မယ်ငီး ဘိုစာတွေကို ထိုင်းလိုပြန်ပြီး ဖတ်ရ တယ်ရှင့်...။ တချီု့ထိုင်းစာကို ဘိုစာပြန်ပြီးဖတ်တယ်ရှင့်..။ ကျေးဇူးပါ...မြန်မာဖေါင့်များစွာ...နို့မို့ရင် ထိုင်းစာ
ဘိုစာတွေ ဒီလောက်တိုးတက်လာမှာမူတ်ဘူး..😛😝😘

ကဲ...ခံတွင်းအထူးကုကြီးက ပြောပါတယ်...မယ်ငီးက အာခေါင်ထဲမှာ မှဲ့ခြောက်ရှိနေတာတဲ့...။ရှားပါးတဲ့
ရောဂါတခုပါတဲ့...အဲ့တာကို လေဆာနဲ့အားလုံးဖယ်ရှားမယ်ပြီး ဓါတ်ခွဲခန်းပို့မယ်တဲ့...အရေပြားကင်ဆာ
လား ရိုးရိုးမှဲ့ခြောက်လားဆိုတာ နောက်မှသိရမယ်တဲ့....ရက်ချိန်းကလည်း နောက်လ သင်္ကြန်ရက်မှာ ရပါတယ်....။ အားလုံးပျော်နေ ရေပက်နေချိန်မှာ မယ်ငီးရင်တခုန်ခုန် ဘုရားရှိခိုးတရားထိုင် ပဋ္ဌာန်းရွတ် လို့....လူ့ဘဝခရီး ဆက်လက်ချီတက်ပါအုံးမယ်လေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, December 29, 2017

ကျိုင်းတုံကရှမ်းထွက်ကုန်များ...

မင်္ဂလာပါရှင်~~~
ကျိုင်းတုံမှာထွက်ကုန်တွေမှ အများကြီးရယ်...အဲ့လို မုန့်ကြွပ်ခေါ်မလား ကြွေမုန့်လို့ဆိုလား၊ မီးကင်စား ရတာပါ။ ကိုယ်ကလည်း (ရှမ်းလိုဘဲခေါ်တတ်တာ) ဈေးထဲမှာရောင်းတာ။ နောက်ပြီး မုန့်တီဖတ်အခြောက်
တွေ၊(နဲနဲပွတယ် ဘယ်ရခက်တယ်) အများကြီးပြည်မက  လူတွေလည်း အရမ်းကြိုက်ကြတာ။ ဒါပေမဲ့
ခရီးဝေးဘယ်သွားဖို့ခက်တယ်..လေ။ ဒီပုံထဲကပြထားတဲ့အတိုင်း၊ ဆိုရင်ကမ္ဘာပေါ်ဘယ်နေရာအထိ၊
ဘယ်သွားလို့ရတယ်။ ဒါဆိုရင်သွားရောင်းလို့ရတယ်။ ဒါဆိုရင်အလုပ်ဖြစ်ပြီ...။
ပုံကဗီယက်နာမ်က၊အမေရိကကို၊တင်သွင်းတဲ့မုန့်ကြွပ်ပါ။တဗူးကို၄-၅ ချပ်လောက်ပါပြီး ၁.၉၉ ဒေါ်လာပေး ရပါတယ်။ဒီကဝင်ငွေနဲ့ဆိုရင်၊အရမ်းကြီးကိုဈေးသက်သာပြီး၊ကျမအတွက်ဆိုရင်သူတို့ရဲ့ဆီရွှန်းဝေဆာနေတဲ့
ဗီဇာနဲ့လုံးဝမလဲနိုင်အောင်တန်ဖိုးကြီးမားလှပါတယ်။တယုတယလေးကင်စား၊ရေနွေးကြမ်းလေးနဲ့မြည်းရတာ၊
ခလေးဘဝဆောင်းတွင်းကာလညချမ်းကိုအခိုက်အတန့်ပြန်ရောက်သွားသလိုပါဘဲ။
ခေါက်ဆိန့်လုပ်စားလို့လည်းရ မုန့်တီသုပ်လည်းရ မြီးရှည်လည်းရ နန်းကြီးလိုလုပ်လည်းရတာ..လူတိုင်း
ကြိုက်ကြတာပေါ့။
သူလည်း တရုတ်နဲ့ဗီယက်နာမ်ကလွဲပြီး တခြားရှာဝယ်စရာမရှိ..။

ရှမ်းအမျီုးအနွယ်ကမ္ဘာပေါ်မှာ၊သန်းရာကျော်ရှိတယ်ဆိုတာ၊ သိကြမဲ့သူနဲပါလိမ့်မယ်။ ၇-၈ နိုင်ငံမှာပြန့်နေတဲ့ရှမ်းတွေရဲ့၊အစားအစာလည်း၊ကမ္ဘာမှာနံမည်ကွဲနဲ့၊ထင်ရှားနေပါတယ်။ ကျိုင်းတုံထွက်ကုန်ကိုကျမ်းမာရေး အတွက်သန့်ရှင်းလှပစွာထုပ်ပိုးပြီးသွားရောင်းကြစမ်းပါလေ..။ ပြည်မတင်မက၊အိမ်နီးချင်း ထိုင်း တရုတ် လာအိုသွားစမ်းပါ သွားပါ။ ယှဉ်ရောင်းနိုင်အောင်ကြိုးစားကြပါ။ အကောင်းဆုံးကိုရွှေးချယ်ပြီး၊ အကောင်းဆုံး
ထုတ်လုပ် ကြပါ။ထိပ်ဆုံးရောက်တာပေါ့..။( fb မှာ စွန့်ဦးရှင်လူငယ်များတို့ စီးပွားရေးနဲ့ပတ်သက်တာ
တွေဘာတွေရှိလည်းဝင်စပ်စုကြည့်တာ လက်ထဲမှာ သိန်း ဘယ်လောက်ရှိလို့ ဘာလုပ်ရမလဲဗျ/ရှင့် တို့
နေ့တိုင်းတွေ့မိတာ..အမြင့်ကြီးသွားစဉ်းစားနေကြတာကိုး လက်လမ်းမှီရာဘဲ စဉ်းစားရင် လုပ်စရာတွေမှ
အပြည့်..နော့်)
ကိုယ့်ရဲ့တခါခါကိုယ်ယောင်ဖျောက်ပြီးဝင်ရေးတတ်တဲ့ ဒီနေရာတခု မှာရေးရင်း ဒီမှာလည်းတင်ရင်ကောင်း
မယ်ထင်လို့ ....
( မင်းတို့နယ်မှာ ဘိန်းနဲ့မူးယစ်ဆေးပြားကလွဲလို့ ဘာတွေများရှိလဲလို့မေးလာသူအပေါင်းကိုရည်ညွှန်းပါ၏)
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Wednesday, December 20, 2017

လိမ္မော်ရောင်ကောလိပ်...

မင်္ဂလာပါရှင်~~~

RC 2 ထဲက theater စာသင်ခန်းတခု အင်တာနက်ထဲဒီလိုဘဲဖြတ်ညှပ်ကူးယူတတ်ပါကြောင်း
ခုတလောရေးစရာတော့အများသား..အဲ့ဒီအထဲမှာမှ ရေးသင့်သာလေးရွှေးထုတ်လိုက်ရင်လည်း များနေတုံး
ဘဲလေ.. အဟဲ..😁ဒီတော့ ထိုင်းခရီးစဉ်ကိုခဏနားလို့ သူတို့တွေ ခေတ်စားနေကြတဲ့ လိမ္မော်ရောင်
ကောလိပ်ဆိုတာကြီးကို  အသက်အောင့်ပြီး သွားချောင်းရအောင်..အသက်အောင့်ထားရတာကလည်း ခံစားချက်မျိုးစုံဗျ.... ဝမ်းသာဝမ်းနဲခြင်းရောပြွန်းနေတဲ့နေရာဟောင်းလေးတခုဖြစ်နေလို့ပေါ့..



ခင်ပြာယာ အင်းသားတပိုင်းရှမ်းတပိုင်းပေါ့
ဓါတ်ပုံဟောင်းလေးပြန်တွေ့တာ
RC2 ကျောင်းသူဟောင်းလေး

၁၆နှစ် ၁ဝတန်းအောင်လို့ ကောလိပ်ဆိုတာကြီး တက်ခဲ့ဖူးတဲ့ ၁၇ နှစ်မမလေးတွေအတွက်တော့ တကဲ့ကို
ရင်ခုန်စရာကောင်း...။ ကျောင်းစတက်ကတဲက အတန်းဘယ်နားမှန်းမသိ အတန်းဖော် ဘယ်လိုရှာရမှန်း
မသိ..။ လူတွေများ ရုန်းရုန်းနဲ့ ကိုယ်တို့တက်တုံးက တတိယနှစ်တွေတောင် အနဲအကျဉ်းရှိတယ်တဲ့။ တနေ့
၂ချိန် စာသင်ချိန်ခွဲထားရတာဘဲ စဉ်းစားကြည့်တော့ ဒေသကောလိပ် ၂ ဆိုတာကြီး ဘယ်လောက်ရူပ်နေ မလဲ ဆိုတာ။ ခင်ခင်ကြောင်တို့ကတော့ ရှင်းတယ် အစကတဲက ကြောင်ပါတယ်ဆို...။ တပတ်လောက် အထိ အခန်းမှားဝင်သေး.. လှည့်ပတ်ကြည့်လို့လုံးဝမမြင်ဖူးသူပါရင် သေချာတယ်..ပြန်ထွက်ပေါ့..ဟီး

အခန်းထဲမှာ လူများလွန်းလို့၊ တချို့စာသင်ချိန်ဆိုရင် ခုံနံပါတ်နဲ့ခွဲပြီး လူကန့်သတ်လိုက်တယ်။ ဒီကခင်ခင်
လည်း နံမည်က "အ" အက္ခရာပါတယ်လေ..။ဒီတော့ နောက်ဆုံးမှာ လူခွဲတော့ ကိုယ့်နံမည်ကမပါ။ နောက်
တခန်းသွားတက်ရ။ အဲ့လိုမျိုးခံရတာ ၂ ဘာသာလောက်ရှိတယ် စာသင်ချိန်ပြောင်းရင် ပြေးပေါ့ နောက် တခန်းကို။ theater တို့ တဲဆောင်တို့ တိုက်ခန်းထဲက စာသင်ဆောင်တို့ဆိုတာ မယ်ငီးတို့ စာအုပ်တပုံကြီး လွယ်အိပ်တဖက် ထမိန်ဆွဲလို့ပြေးလွှားလို့ နေရာတကာလှည့်တက်ခဲ့ရတာပေါ့။ ပြေးလွှားရတဲ့ စာသင်ဖော် ကြီးတွေကလည်း တချိန်နဲ့တချိန်မတူပါ။ တခါခါ ၅ ယောက်ထဲ၊ တခါတလေလည်း ၁ဝယောက်လောက်ရှိ။
သူတို့ကမှကံကောင်းလို့ မူရင်းနေရာထိုင်ဖို့ကံကပါသေး ကိုယ့်မှာက တခါမှမပါ တချိန်လုံးပြောင်း..။

အဲ့လိုသူများတွေ စာသင်ခန်းထဲ အိန္ဒြေိကြီးတခွဲသားနဲ့ပဲများချိန် ကိုယ်တို့ကပြေးလွှားနေတာကို အမြဲမြင်တဲ့
သကောင့်သား အုပ်စုတခုက မယ်ငီးလွယ်အိတ်(အဲ့ဒီအချိန်တုံးကလားဟူလွယ်အိတ်ဆိုပြီးနံမည်ကြီး သိုးမွှေးတွေနဲ့ ယက်ထားတဲ့ လွယ်အိတ် ကိုယ်တို့အမကြီးက ရှမ်းအလံတွေထွင်ထည့်ပြီး စပယ်ရှယ်မှာ ယက်ထားတာ လူကြားထဲထင်းကနဲပေါ့ ကြီးမားလှပခံညားပုံ..) အဲ့ထဲကို ခဲလုံးတွေ နေ့တိုင်းထဲ့ပေးတတ်။
တနေ့မရဘူးဆိုရင် ၅လုံးကအနဲဆုံး ဘယ်အချိန်ထဲ့လည်း မသိ..။ စာအုပ်ကလေး ခဲလုံးကလေးနဲ့ မြင်
ယောင်ကြည့်ပေါ့။ ချွေးကပြန် ယပ်တောင်ကပါသေး ထီးကလည်းပါသတော့😂😝။ နောက်တော့ လူတွေ
တန်းစီပြီး ဝိုင်းကြည့်နေတယ်ဆိုရင် မယ်ငီးလက်နဲ့အိတ်ကိုဖိထားရတာ..အမော..။

အကို ၂ယောက်က တောင်ကြီးဒေသကာလိပ်ကနေပြောင်းလာတော့ သူတို့ သူငယ်ချင်းတွေရ။ သူတို့ သူငယ်ချင်းတွေကလည်း ကိုယ့်ကိုတွေ့တော့ သွားပြောတာ မင်းညီမတချိန်လုံးအပြင်မှာချည်းဘဲ အတန်း မတက်ဘူးလား..ဆိုဘဲ...။ အဲ့လို..ပါဆို။ လူတွေမြင်တိုင်းကိုယ်က ကိုယ့်အိတ်ကိုဘဲ ဂရုစိုက်တာ တခါက လူတွေဒီတခါဝိုင်းကြည့်တာ ထူးဆန်းလေစွ များလှချည့်လားထင်နေတာ လားလား ယောက်ကျား နားနေ
ဆောင်တည့်တည့်မှာ ခွေး၂ကောင် ဟိုဒင်းဟိုဟွာပြုနေတာ ဒီကမမြင် တည့်တည့်သွားတိုးပစ်တယ် မှတ် ကရောဘဲ..။ သတိမမူဂူမမမြင်ဆိုတာ တကယ်ကြီးပါ..မောင်..ဟားဟား...😅😛😂😝

နောက်တော့ တနေ့မှာ ကိုယ့်ထက်ကြီးပါတယ် တတိယနှစ်ဆိုလား ဒုတိယနှစ်ဆိုလား ၄-၅ ယောက် လူ
ကိုလမ်းပိတ်ပြီး စကားလာပြောတယ်။ အဟီး..ရည်းစားစကားမဟုတ်ရ..သူတို့ စစ်တက္ကသိုလ်ဆိုလား..
တက်ရလို့ပြောင်းတော့မယ်။ သူတို့ခဲလုံးတွေထည့်တာ ညီမလေးလိုချစ်လို့စတာပါတဲ့..။ ဟွန့်..ပါးစပ်က
ကလှော်တုပ်ချင်တာ မြန်မာလိုပြောမထွက်..အူကြောင်ကြောင်နဲ့..ဟုတ်ကဲ့..ပြောပြီးလစ်ထွက်လာတာ..။
ငယ်တုံးကဆို အရမ်းကြီးကျယ်ပေါ့..အသားမဲမဲ ဆံပင်ရှည်ရှည် ဖို့ယိုဖားယားဆိုရင် ဟေးဟေး..စကားပြော ဖို့ဝေးစွ ကြည့်တောင်လှည့်မကြည့်...လူကသာ အဖေ့စကားနဲ့ဆို ခွေးပစ်ဒုတ်လောက်ပေါ့ 😉 မောင်မင်း
ကြီးသားများလည်း ရှေ့တန်းမှာဘဲကြွသွားသလား ချုပ်ချုပ်ကြီးတွေဘဲဖြစ်နေလား..မသိပါဘူး။နံမည်လည်း
မသိ လူလည်းမမှတ်မိပါ..။

မမဘွဲ့ယူတော့ ကိုယ်ကဒုတိယနှစ်လားမသိမောင်နှမ ၄ယောက် ညီညီကအမြင့်ဆုံး

ကောလိပ် တက္ကသိုလ်ဆိုရင် ကိုယ့်အကို ၂ယောက်မပါမပြီးပေါ့..။ တောင်ကြီးက ကိုကို ညီညီဆိုရင် လူသိ
များတယ်။ ကျိုင်းတုံဇာတိဖြစ်ပေမဲ့ တောင်ကြီးကနေပြောင်းလာတော့ တောင်ကြီးသားအဖြစ်လူသိများ တာလေ။ ကိုယ်က အူကြောင်ကြားသလောက် အကို ၂ယောက်လည်းမခေပါဘူး..။ အင်း..ပြောရရင် ရိုးတယ်လို့ဆိုရမှာပေါ့လေ..။ သူတို့ရောက်ခါစ မယ်ငီးဆီလာလည်ရင် (ကိုယ့်အဆောင်က ကျောင်းနဲ့လမ်းထိပ်လောက်ဘဲဝေးတာ) သူတို့သူငယ်ချင်းတွေပါလာတတ်တယ်။ ကိုယ်ကပြောထားတာ အရမ်းခေါ်မလာနဲ့ ရူပ်တယ်ဆိုတော့ သူတို့လည်း တယောက်စီဘဲခေါ်လာတတ်ပါတယ်။ အကိုအငယ် ညီညီကအပေါင်းအသင်းဆန့်တယ်။ သူ့အခန်းထဲကချင်းလူမျိုးတယောက်နဲ့ အပေါင်းအသင်းဖြစ်တယ်လို့ပြောပြီး၊တရက်ကျတော့ ခေါ်လာပါတယ်။ ကိုယ်တော်ကလည်း ခပ်နွမ်းနွမ်းလေးပါဘဲ။ သူ့ကြက်ပေါင်ဖိနပ်ပြတ်လိုညီညီက တွယ်ချိတ်လာယူတာလေ။ ကိုယ့်မှာ တဆောင်လုံးပတ်ရှာပြီး ပေးရတယ်။ ညီညီပြောပြတယ်။သူ့ခမျာသနားပါတယ် မုန့်ဟင်းခါးစားဖို့ တကျပ်တောင်ပိုက်ဆံကမပြည့်တတ်ဘူးတဲ့။ အမြဲကျွေးရတာတဲ့။ သူ့အဖေကကလူကြီးအိမ်က ကားမောင်းဆိုဘဲ..။ သူကကားနက်ကြီး( လူကြီးတွေစီးတဲ့ကားပေါ့) အမြဲ စီးပြီးလာတာတွေ့တော့ ညီညီကမေးတာ မင်းအဖေကကားမောင်းလားတဲ့။ ဟိုကလည်းဖြေရှာပါတယ်။ ဟုတ်တယ်တဲ့။ကိုယ့်ကိုလည်း မုန့်ဟင်းခါးစားနည်းသင်ပေးသေး..ပထမ ဆိုင်ရှေ့မှာ ငရုပ်သီးလေး ငံပြာ ရည်လေးထဲ့ပြီး၃ဇွန်းလောက်ခပ်မြန်မြန်စား ပြီးရင် အမရေ..ငံသွားလို့စပ်သွားလို့ဟင်းရည်နဲနဲလောက် တောင်း။ စားပြီး ရင်လည်း ဟင်းရည်ထပ်တောင်း..တကျပ်ထဲနဲ့ဗိုက်ကားအောင်စားနည်း..တဲ့။ နောက်၂လ-၃လပြည့် နီးမှ သူ့အဖေကလူကြီး(နိုင်ငံတော်ကောင်စီဝင်) ဆိုတာ
သိရတာ..။အဲ့လိုအကိုပါဆို😄

တချို့ကသူတို့ပုံတွေပါရင်မကြိုက်ဆိုလို့ကြိုးစားပမ်းစားဖျက်ရတာအမော
အလယ်ကလူစကားဝဲ၏...အော်..ချင်းလူမျိုးပါဆို

သူ့ကိုသူငယ်ချင်းတွေက လိမ္မော်ရောင်အာစရိယပွဲမှာပြန်တွေ့ကြသတဲ့..။ ဆုံးသွားတဲ့အကို့ တွေရဲ့ သူငယ်ချင်းတွေပြန်တွေ့ရင် မျက်ရည်က အလိုလိုကျကျလာတတ်တယ်။ ညီညီ့သူငယ်ချင်းတယောက်ကဆို နံမည် ကြီးဘဲတဲ့။ နယူးယောက်မှာနေတာ။ ရှပ်ရုင်မင်းသားကျော်သူတို့ရဲ့သူငယ်ချင်း ပန်းချီဆရာကြီးပေါ့။ မယ်ငီး
ဆီဖုံးဆက်ပြီး ညီညီ့သတင်းမေးရှာတယ်။ ညီညီကျောင်းတက်တုံးက တီးဝိုင်းတခုရဲ့ ဂီတာသမားတယောက်
ဆုံးသွားတယ်။ ညီညီ့သူငယ်ချင်းပေါ့။ ညဈေး(ခုတော့မဟုတ်တော့ပါဘူး)ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံဘေး ကဈေးတန်းမှာ တခြားသူငယ်ချင်းနဲ့ လမ်းလျောက်နေတုံးခေါ်သံကြားလို့ လိုက်ရှာတာ ရှာမတွေ့ဘူး..
ဟေ့ကောင်ညီညီ ဟေ့ကောင်ညီညီ..ဒီလိုခေါ်တာတဲ့။ နောက်တော့ ဘယ်ကောင်ငါ့ကိုခေါ်လည်းကွ..လို့
အော်မေးလိုက်တော့..ငါမိုးကျော်ပါလို့..ပြောတာ..သူတို့တွေ လန့်ပြီးထွက်ပြေးကြတယ်တဲ့။ ဆုံးသွားပြီးသူ
လေ..။ နောက်တော့ မဟုတ်ပါဘူးဆိုပြီး လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အော်မေးတာ အခုဘယ်မှာလဲ
ပြောတာ သူက ရင်ခွဲရုံနားမှာ သူ့ကိုဆေးလိပ်တိုက်ပါပြောသတဲ့။ ဆေးလိပ်ဘယ်လိုတိုက်ရမလဲ ဆိုတာ လည်းမေးလိုက်သေးတယ်ဆိုဘဲ။ ဒီအတိုင်းမီးညှိပြီးချထားပေးပါဆိုတော့ သူတို့လည်း ဒီအတိုင်းမီးညှိပြီး
ပန်းကန်ပြားမှာ ချထားပေးတာငွေ့ငွေ့လောင်သွားတယ်တဲ့။ လက်ဖက်ရည်ဆိုင်က အလုပ်သမားရော သူ့ပါလာတဲ့သူငယ်ချင်းတွေရော တွေ့ကြတာလေ။ အားလုံးသတင်းပြန့်သွားတော့ သူ့(ကိုမိုးကျော်)ဆီကို လာရှာကြတယ်။တခြားလူဆိုရင် သူက စကားပြန်မပြောဘူးတဲ့။ ညီညီ့တယောက်ထဲစကားပြော တယ်ဆို လားဘဲ..။ နောက်ညီညီလည်း သူ့သူငယ်ချင်းအတွက် ဘုန်းကြီးကျောင်းမှာ အလူလုပ်ပေးလိုက်တယ်။ အဲ့ဒီအကိုပေးထားတဲ့မာစတာခွေရှိတယ် အဲ့ခွေကို ပြန်ရှာတာ မတွေလို့။ သူတို့အဖွဲ့ထဲက အဆိုတော်က နံမည်ကြီးခိုင်ထူးလေ...။
လိမ္မော်ဆိုလို့ ခရမ်းလိုလို လိမ္မော်လိုလို ညနေခင်းတခုကို ဒီနားခဏတွေ့မိသား... ပြောရင်တော့ တထောင့် တညပုံပြင်လိုပါဘဲ..ဇာတ်လမ်းလေးတွေအများကြီးရှိတာပေါ့ကွာ...တခါတုံးက တဘဝလိုသာ မှတ်ယူမိ ပါရဲ့...အားရင်လည်းစမြုံလာပြန်ဖြစ်နေအုံးမှာပါ...လေ

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, August 11, 2017

တရေးလန့်နိုးလို့ထကြည့်မိတဲ့အခါ..

မင်္ဂလာပါရှင်~~~
(ကျော်ဟိန်းလေသံဖြင့်ဖတ်ရန်)
လူသားအားလုံးကိုလေးစားပါတယ်...ဗျာ😆😁😂
ဘုတ်အုပ်ထဲကရောအပြင်ဘဝမှာရော

မနက်မိုးလင်းခါနီး အိမ်မက်ကနေရုတ်တရက်လန့်နိုးလာရင် ကိုယ့်ကိုယ်ကိုဘယ်ရောက်နေပါလိမ့်လို့
ပထမဆုံးစဉ်စားခန်းဖွင့်လို့ မျက်စိပေကလပ်လေးနဲ့ အိပ်ယာကထခဲ့ဖူးတယ်..။ တကယ်ဆိုရင် အိမ်မက်
ထဲမှာ လူဆိုးတွေလိုက်တာ ပြေးလွှားမောဟိုက်နေတာ လေပေါ်ဝဲပျံနေတာတွေက တကယ်မှမဟုတ်ဘဲဟာ။ အိမ်မက်ပါဆို...ရေတခွက်လောက်သောက်ပြီး..အော်..အိမ်မက်ဆိုတာ တကယ်မှမဟုတ်ဘဲ၊ကိုယ့်ကိုယ်ကို
ဖြေသိမ့်လို့ရတယ်။ အိမ်ကိုသတိရရင် အဖေ အမေ အကို ၂ယောက် တယောက်ယောက်ဆီဖုံးဆက်လိုက် 
ရီစရာလေးပြောလိုက်နဲ့..။ တခြားတိုင်းပြည်မှနေထိုင်ပင်ပန်းတာတွေ ပျောက်သွားသလိုပါဘဲရှင်...။ 
ဟော..ခုလည်း တရေးနိုးထကြည့်တာ..တယောက်မှမရှိတော့ပါလား..သွားကြကုန်ပြီ...။
I'm going to be 54 years!!!(OMG) I feel like 0nly 25 💪😲😝
ကျားကျားလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားမိနေတယ်...။ မိသားစုထဲက အငယ်ဆုံးတယောက်ရဲ့စိတ်
ခံစားချက်ကို မိတ်ဆွေနားလည်ကြမှာပါ..။ ဘာမှနားမလည်ဘဲနဲ့ ကျောင်းသာပြီးသွားခဲ့တယ်..။အရာရာအား
လုံး အကို၂ယောက် အမတွေလိုက်လုပ်ပေးလို့၊ တကယ်ဘုမသိဘမသိဘဲနဲ့ အသက် ၂ဝကျော်သွားတယ်။
ဟိုယောင်ယောင် ကြောင်တောင်ပေါင်တောင်နဲ့ ထိုင်းရောက်သွားတယ်။ ပြန်လာတယ်။ရန်ကုန်မှာ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့တယ်..။ ယောင်နောက်ဆံထုံးပါလို့ အနောက်ကမ္ဘာပြန်ရောက်သွားတယ်...။ တမျိုးပြီးတမျိုး တမြို့ပြီးတမြို့ နေရာဒေသပြောင်းလဲသွားလိုက်တာ..ကဲ..ပြီးခဲ့တဲ့အပတ်က အိမ်ထပ်ပြောင်းပြန်ပြီရှင့်။
၅ဝ ကျော်ကာလ ၂၇ အိမ် ၉မြို့မှာ ၅နိုင်ငံ ပြောင်းပြီးသွားပြီ..😁😆😎 တခါတလေကိုယ့်ဖာသာကိုယ်အိမ်
မက်မက်နေသလိုဘဲထင်နေတာ..အော်...အဲ့တာက ဘဝဘဲလေ...။ တကယ့်မယ်ငီး ဘဝရှင့်..။ တကယ်ဆို
လူဆိုတာ ကိုယ့်ကိုယ်ကို ဘာကောင်လည်းလို့ သိနားလည်ထားရင် အားလုံးအဆင်ပြေသွားမှာပါ...လေ။
ခုတော့ မယ်ငီးက ဟိုမရောက်ဒီမရောက်ရှင့် 😛😆😋😜
ကြိုးတံတားဆိုတာလည်းလျောက်လှမ်းခဲ့ဖူးပါတယ်...လေ


ဟော...သြဂုတ်လရောက်ပြန်ပြီ..အရင်ကမွေးနေ့ဆိုရင် အကိုအငယ်(ညီညီ)နဲ့အမေက တနေရာစီမှာအ
လှုတွေလုပ်ပေးလေ့ရှိတယ်။ ကိုယ်က အဝေးကနေသာဓုခေါ်ယုံဘဲ..။ သူတို့က မွေးနေ့ကိုမှတ်မိတယ်။
ကိုယ်တိုင်ကျတော့ ဘာမှလုပ်လေ့မရှိပါဘူး...။ ခုတော့မွေးနေ့ကိုသိပ်လည်းရင်မခုန်တော့ပါဘူး..။ 
လိုအပ်တဲ့နေရာတွေမှာ တတ်နိုင်တဲ့အလှုလုပ်ဖို့ ငွေဘဲလွဲပေးနိုင်တဲ့အဆင့်ပါဘဲ။ အမေပြောဖူးတဲ့ လမပြည့်ဘဲ
မိုးတွေတအားရွာတဲ့အချိန်မှာ ဗိုက်မနာဘဲနဲ့ မွေးထွက်လာတဲ့မယ်ငီးပါ..မွေးကတဲက အမေ့ကိုလည်း မနာကျင်စေခဲ့ဖူးတဲ့..။ခုလည်း မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးမောင်နှမ အားလုံးကို ဒုက္ခမပေးလိုပါ။ ကိုယ့်ဖာသာကိုယ် လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် သူများဆီအကူအညီတောင်းဆိုတာ အပြောလွယ် အလုပ်လွယ်ခဲ့ဖူးတယ်။ ဒီတော့ ဆွမ်းတော်တင် ဘုရားရှိခိုး တရားထိုင်..ကဲ..ဘာလိုသေးလည်းကြုံရင်အလှုလုပ်မလုပ်နိုင်သေးရင်တိတ်တိတ်နေပေါ့နော့်...။

အမတယောက်ထဲကျန်တော့တာ...။ နွေရောက်ရင် ပြန်နေကျ၊ ခုတော့ ပြန်ရမလိုလို မပြန်ရမလိုလိုနဲ့..။
ဒါပေမဲ့လည်း..သိပ်စိတ်ဓါတ်မကျဖို့ ကိုယ့်ဖာသာကိုယ်အားပေးပါတယ်။ အမေတို့ရှိရင်လည်း အရင်လို
မယ်ငီး..အတွေ့အကြုံတွေပြောပြလိုက်ရီလိုက်နဲ့ တက်ကြွနေတာ သူတို့မြင်ချင်ကြမှာပါလေ..။
နေပူလွန်းလို့ပုဝါခြုံတာလေတိုက်လို့ တခြမ်းစောင်းသွားလေရော...
အင်း..ဘာလိုလိုနဲ့ လူကြီးဘဝထဲခြေစုံပစ်ဝင်နေတာတောင် လူက သူငယ်နာမစင်ချင်သေးဘူး။ (ခုလည်း
ကြည့် ကိုယ့်ပုံတွေချည့်ဘဲလိမ့်တင်ပြီး သူငယ်ပြန်နေတာ..အဟဲ) ဘာဘဲဖြစ်ဖြစ် အားတင်းပြီး ကျန်တဲ့
အချိန်တွေကို အကျိုးရှိအောင်အသုံးချရမယ်လေ...။ ဟုတ်လား...။ ဒီတော့ အိမ်သိမ်းနေတဲ့အချိန် တွေ့မိတဲ့
ဌက်ပျော်သီးမှည့်ရွဲနေတာ မပစ်ချင်တာနဲ့ ပျားရည် သံလွင်ဆီရောပြီး ဆံပင် မျက်နှာ နူတ်ခမ်းပါမကျန် 😜
ဟင်းဟင်း..တကိုယ်လုံးပေါင်းတင်ပစ်လိုက်တယ်...။ အမည့်လွန်လည်း သုံးတတ်ရင် အသုံးကျပါတယ်လေ။
လှတပတလေးပြင်လို့ ရှေ့ဆက်ရမဲ့အနာဂါတ်ခရီးအတွက် ရုန်းလိုက်အုံးမယ်နော်..။လူလည်းလှအောင်ပြင်
စိတ်လည်းလှအောင်ထားလို့ လုပ်ရမဲ့အလုပ်တွေပြန်စကြတာပေါ့။ တရေးနိုးလို့အကြံပေါ် ပေါ်တဲ့အကြံပြန်
မအိပ်ပါဘူးနော်...။

ခရီးသွားဇာတ်လမ်းတွေ ကျိုင်းတုံက စော်ဘွားဈေးနေ့ ဂုံရှမ်းထုံးစံ အလှုအဒါန်းတွေ မင်္ဂလာဆောင်တွေ လာပါအုံးမယ်လေ...တနေ့နဲနဲပေါ့ရှင်....(ဒီတခေါက်တော့နဲနဲမျက်စိနောက်သွားရင် အဖွားအိုလေးအတွက် တခါလောက် ခွင့်လွှတ်ပေးပါနော်..) 😉

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, January 20, 2017

Sriracha ငရုပ်သီးဆော့မူလအစမြန်မာက

မင်္ဂလာပါရှင်~~~
Fb နဲ့ ဒီအမေရိက နိုင်ငံရဲ့သတင်းတွေကို ရှောင်လိုက်ကတည်းက၊ အချိန်တွေပိုထွက်လာတယ်။ စာတွေ
ဖတ်တခြားဗဟုသုတရနိုင်တဲ့ NHK World, History, ခရီးသွားChannels နဲ့ တခြားအိမ်ဆောက်တာ
တွေကြည့်ဖို့ အချိန်တွေပေးလာနိုင်တယ်😂။ ဒီလိုဘဲ ဟိုဟိုဒီဒီကြည့်ရင်း ဒီအမေရိကမှာနံမည်ကြီးတဲ့
ကြက်ဖတံဆိပ် ငရုပ်သီးဆော့အကြောင်းရောက်သွားတယ်။ ဗီယက်နမ်စစ်ပွဲကြောင့် အမေရိကမှာ
လာခိုလူံရတဲ့ တရုတ်မိသားစုတခုက ၁၉၈ဝ မှစပြီးထုတ်လုပ်တာပါ။ Sriracha ဆိုတဲ့နံမည်ထဲ့သုံးတယ်
ဆိုတော့ မူရင်း ထိုင်းကိုအခြေခံပြီးလုပ်တယ်လို့ယူဆရတာဘဲ။ သူတို့ကတော့ ဗီယက်နမ်မှာကတဲက
လုပ်
ခဲ့ဖူးတယ်လို့ပြောတာပါဘဲ။ ထိုင်းက Sriracha sauce ကိုသွားကြည့်ရအောင်..

တခါတုံးက ထိုင်းပင်လယ်ကမ်းစပ်မြို့ Sriracha က ထိုင်းအမျိုးသမီးတယောက်ရဲ့ အိမ်ဆိုင်မှာ အမြဲဈေး
လာဝယ်တတ်ပြီး သစ်စက်မှာအလုပ်လုပ်ကြတဲ့ မြန်မာလူမျိုးတွေရှိပါတယ်တဲ့။ သူတို့ဝယ်ရင် ငရုပ်သီး
ဆား ရှာလကာရည် သကြားတွေဝယ်ပြီး ငရုပ်ဆုံထဲ့ရောထောင်းလို့ ငရုပ်ချဉ်(sauce) တယ်တဲ့။ ဒါနဲ့ဆိုင်
ရှင်အမျီုးသမီးကလည်း လိုက်လုပ်ပြီး သူ့အိမ်ဆိုင်မှာတင်ရောင်းပါတယ်။ အဲ့ဒီမှာ သူ့ဖေါက်သည်တွေ
ထဲက အမျီုးသားတယောက်လည်း အားကျမခံ ငရုပ်သီးတွေဝယ် လိုအပ်တဲ့ကုန်ကြမ်းတွေ အများကြီး
ဝယ်ပြီး
Golden Mountain Brand Si Racha Sauce ရွှေတောင်တံဆိပ်နဲ့ ငရုပ်ချဉ်ရည်စထုပ်ခဲ့တာ..တဲ့။
ကဲ...
ဒီလိုနဲ့တစပြီးတစ ကျယ်ပြန့်သွားတာ ဒီအမေရိကားမှာတော့ ဒီSriracha ငရုပ်သီးဆော့ဟာ ၂ဝဝ၉ အကောင်းဆုံး မီးဖိုချောင်သုံးပစ္စည်းအဖြစ်Bon Appétit magazine ကတောင်ဂုဏ်ပြုတယ်တဲ့ဗျား....

ကိုင်း...အဓိကပြောချင်တာ....ဒီလို ကိုယ်တို့ဆီကအခြေခံယူပြီး ကမ္ဘာမှာ သူများတွေ အားပါးတရစား
သုံးနေကြတယ်။ ကိုယ်တို့တွေတော့ မိူတက်နေတဲ့ ငရုပ်သီးနဲ့ အရောင်ဆိုးထားတဲ့ ငရုပ်ချဉ်ရည်တွေဘဲ
စားနေကြရတုံး...ဗျို့... ရင်နာတာနော်....😭😱😰


ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းဆွဲစေ့ပြီး.. ကိုယ်တို့မိူတက်စာတွေ စားနေရတာ... ရင်နာလို့ စာတပိုဒ်
လောက်လာရေးချွတ်မိတာပါ..လေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
#meemeenage

Tuesday, July 12, 2016

Taxi ဆရာများရဲ့စကား..

မင်္ဂလာပါရှင်~~~
တက်စီကားပေါ်တက်ပြီးထိုင်လိုက်တာနဲ့ ပါးစပ်ပိတ်လို့ ငြိမ်ငြိမ်လေးကလေးထိုင်မလိုက်ချင်တာက ခင်စပ် စုစိန်ရဲ့ ဗီဇခေါ်ရမလားဝါသနာပြောရမလား ပါဘဲရှင် 😂ဒီတော့ မင်္ဂလာပါ Hello สวัสดี သူ့ဒေသဆိုင်ရာ
စကားနဲ့နူတ်ဆက်ပြီး ကားသမားတွေရဲ့ ဘဝအကြောင်း ကန့်လန့်ကာလေး အသာမလို့ ချောင်းကြည့်ဖို့
ကြိုးစားတတ်ပါတယ်။ လူတဦးတယောက်ရဲ့ သူ့ရင်ထဲ အမြင်ဘယ်လိုရှိတယ်ဆိုတာ သိနားလည်နိုင်ဖို့က
သူ့ဆီကို ပီယဝါစာစကားတံတားခင်းပြီး ချဉ်းကပ်တာကအကောင်းဆုံးနည်းလမ်းတခု မဟုတ်ပါလားရှင်။
လောကကြီးရဲ့စာမျက်နှာတွေကို သွားရင်းလာရင်း ကြားရမှတ်ရ အထူးအဆန်းလေးတွေ လေ့လာမှတ်သား
အံသြစရာလေးတွေ သိမြင်ခွင့်ရတာက လောကမှာနေတတ်ရင်ကျေနပ်စရာ လို့ပြောပါရစေ။
ကဲ..အဲ့ဒီ မတတောင်ဘွားလူသားများစွာနဲ့နေ့စဉ်ဆက်ဆံနေရတဲ့ သူတို့ရဲ့အတွေးတွေထဲက ထိုင်းနိုင်ငံက
တက်စီသမားစကားလေးတွေ ကြားခဲ့တာလေးတွေ ဖေါက်သည်ချ ပြောပြရအုံးမယ်။ လွန်ခဲ့တဲ့ ၇-၈ နှစ် အ
ချိန်တုံးကဆို နွေရာသီ March April လောက်ဆို ကျမတို့ထိုင်းကိုပြန်တတ်ပါတယ်။ ရောက်တဲ့နေရာဋ္ဌာနက
နေပေါ့။ ပြီးရင် နောက်ဋ္ဌာနတခု ဆက်သွားဖို့ မြို့ထဲက သံရုံးတွေ ထိုင်းမှာနေတဲ့ဗီဇာသက်တမ်းတိုးတာတွေ
တခြားကိစ္စတွေနဲ့ မြို့ထဲကို ဂတီးဂတီးရောက်ရတယ်။ ရထားတွေစီးရင် ပိုမြန်ပေမဲ့ သွားချင်တဲ့နေရာရှေ့
တည့်တည့်အထိ(စိတ်ထဲကလည်း ငြိမ့်ငြိမ့်လေးလိုက်သွားရုံဘဲ လို့ထင်တာကိုး) ပို့ပေးပြီး အဆင်ပြေတဲ့
တက်ကစီကြီးဘဲ အားကိုးသွားကြတာပေါ့။ တခါတလေလည်း ဘတ်စ်ကားစီးပါတယ်။ မြန်မာသံရုံးကို တမေ့တမောကြီးဘဲစီးယူရတယ်။ အရင်တုံးက Ramkhamheang ကနေသံရုံးအထိ ရောက်တဲ့ ဘစ်ကား ခပ်သေးသေးပြေးသေးတယ်။ စပယ်ရှယ်ဘဲ အဲယားကွန်းအေးစက်လို့တမြို့လုံးပတ်သွားတယ်။ ကားထဲမှာ
လည်း ကိုယ်တို့ ၂ယောက်ကလွဲလို့ ဘယ်သူမှမရှိဘူး..ဟီး။ နာရီနဲ့ချီမောင်းရတယ် ။ ကားသမားလည်း
စကားတွေပြောလို့ နောက်တနှစ်ပြန်သွားပြီး အဲ့ကားကိုစောင့်စီးတာ မရှိတော့ဘူး ပြုတ်သွားပြီတဲ့။ (၂ဝ၁ဝ နောက်ပိုင်း ရောက်မှသာကျမတို့ ရထားတွေစီးဖြစ်တော့တယ်)

တက်စီစီးရင်တော့ဖြင့် ကျားကျားကစကားတခွန်းမှမပြောဘူး..။ပါးစပ်ပိတ် အိပ်လိုက်လာတာဘဲ။ ကားဆရာ
တွေမေးတတ်တာက အမြန်လမ်းကသွားမလား..သွားရင် အမြန်လမ်းတက်ခ ကိုယ်ကသပ်သပ်ပေးရတာ
လေ။ ကားပေါ်တက်ကတဲက သွားမဲ့နေရာပြောပြီး ကားဆရာမျက်ခွက်လည်း လှမ်းကြည့်ပြီး အကဲခပ်ရ
သေး။ တချို့က မျက်နှာမာကြီးနဲ့ ဒီလိုဆိုရင် ကိုယ်တွေကလည်း အလိုက်သိပါတယ်။ ပါးစပ်လေးပိတ်လို့
ဘုရားဘုရား..တရားလေးမှတ်လို့ လိုက်ရတယ်။ သူတို့မျက်နှာကြီးက လူကိုတောင် အစိမ်းလိုက်ဝါးစားချင်
နေတာလေ။ ဘန်ကောက်ကားကြပ်တာကတော့ခဏခဏကြုံဖူးတာပါဘဲ။ အထူးပြောစရာမလိုကမ္ဘာကျော်
ပါ။ ဒါနဲ့စကားမစပ် ရန်ကုန်ကားကြပ်တာက သိပ်မကြုံဖူးလို့ မခံစားတတ်သေးဘူးဆိုပါတော့။

တခါစီးရင် ၂ဝဝဘတ်ကနေ ၃ဝဝနီးပါးရှင်းရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ အကြာကြီးပေါ့..။
ခရီးကရှည် ကားတန်းကြီးကမရွှေ့ ငုပ်တုတ်ကြီးထိုင်နေရာတာထက်စာရင် ဟိုအကြောင်းဒီအကြောင်းတွေ
ပြောပေးရတယ်။ ကားဆရာစိတ်ကြဉ်းကျပ်တာတွေလျော့စေချင်တာလည်းပါ ပါတယ်။ ထိုင်းမှာ သူတို့လည်း ကိုယ်တို့လိုပါဘဲ စကားတခွန်းဘဲပြောထွက်လာရင်ကို ဘယ်နေရာဘယ်ဒေသကလည်းဆိုတာ ခန့်မှန်းရ လွယ်ပါတယ်။ များသောအားဖြင့် အီစန်ဆိုတဲ့ သူတို့အညာဒေသကများပါတယ်။ အသားမဲမဲ ပိန်ကပ်ကပ်
သီချင်းဖွင့်ရင် တောသီချင်း မြန်မာပြည်က ထိုင်းစကားဘယ်လောက်ဘဲတတ်တယ်ပြောကြပါစေ သူတို့ အချင်းချင်းပြောကြသံကြားရင်ဖြင့် မျက်စိလည်ကြမှာအမှန်။ ဖုံးသံလာလို့ သူတို့စကားပြောသံနားထောင်ပြီး
တခါခါရီလည်းရီချင်တယ်။ အိမ်သူသက်ထားက စစ်ဆေးရေးဝင်တာတွေရောကြားနေရတာလေ။ သူတို့တွေ
နဲ့တိုးရင် ရေပက်မဝင်။ စကားလေးသာ နဲနဲဟပေးလိုက်။ ကိုယ်တွေက သူတို့ ဒေသအမျိုးသမီးတွေ များ
သောအားဖြင့် ဥရောပမှာ အိမ်ထောင်ကျတာများတယ်။ နောက်ပြီး ကြက်တန်းရောက်တာလည်းများတယ်။
ကဲ..အဲ့ဒီ မတတောင်ဘွားလူသားများစွာနဲ့နေ့စဉ်ဆက်ဆံနေရတဲ့ သူတို့ရဲ့အတွေးတွေထဲက ထိုင်းနိုင်ငံက
တက်စီသမားစကားလေးတွေ ကြားခဲ့တာလေးတွေ ဖေါက်သည်ချ ပြောပြရအုံးမယ်။ လွန်ခဲ့တဲ့ ၇-၈ နှစ် အ
ချိန်တုံးကဆို နွေရာသီ March April လောက်ဆို ကျမတို့ထိုင်းကိုပြန်တတ်ပါတယ်။ ရောက်တဲ့နေရာဋ္ဌာနက
နေပေါ့။ ပြီးရင် နောက်ဋ္ဌာနတခု ဆက်သွားဖို့ မြို့ထဲက သံရုံးတွေ ထိုင်းမှာနေတဲ့ဗီဇာသက်တမ်းတိုးတာတွေ
တခြားကိစ္စတွေနဲ့ မြို့ထဲကို ဂတီးဂတီးရောက်ရတယ်။ ရထားတွေစီးရင် ပိုမြန်ပေမဲ့ သွားချင်တဲ့နေရာရှေ့
တည့်တည့်အထိ(စိတ်ထဲကလည်း ငြိမ့်ငြိမ့်လေးလိုက်သွားရုံဘဲ လို့ထင်တာကိုး) ပို့ပေးပြီး အဆင်ပြေတဲ့
တက်ကစီကြီးဘဲ အားကိုးသွားကြတာပေါ့။ တခါတလေလည်း ဘတ်စ်ကားစီးပါတယ်။ မြန်မာသံရုံးကို တမေ့တမောကြီးဘဲစီးယူရတယ်။ အရင်တုံးက Ramkhamheang ကနေသံရုံးအထိ ရောက်တဲ့ ဘစ်ကား ခပ်သေးသေးပြေးသေးတယ်။ စပယ်ရှယ်ဘဲ အဲယားကွန်းအေးစက်လို့တမြို့လုံးပတ်သွားတယ်။ ကားထဲမှာ
လည်း ကိုယ်တို့ ၂ယောက်ကလွဲလို့ ဘယ်သူမှမရှိဘူး..ဟီး။ နာရီနဲ့ချီမောင်းရတယ် ။ ကားသမားလည်း
စကားတွေပြောလို့ နောက်တနှစ်ပြန်သွားပြီး အဲ့ကားကိုစောင့်စီးတာ မရှိတော့ဘူး ပြုတ်သွားပြီတဲ့။ (၂ဝ၁ဝ နောက်ပိုင်း ရောက်မှသာကျမတို့ ရထားတွေစီးဖြစ်တော့တယ်)

တက်စီစီးရင်တော့ဖြင့် ကျားကျားကစကားတခွန်းမှမပြောဘူး..။ပါးစပ်ပိတ် အိပ်လိုက်လာတာဘဲ။ ကားဆရာ
တွေမေးတတ်တာက အမြန်လမ်းကသွားမလား..သွားရင် အမြန်လမ်းတက်ခ ကိုယ်ကသပ်သပ်ပေးရတာ
လေ။ ကားပေါ်တက်ကတဲက သွားမဲ့နေရာပြောပြီး ကားဆရာမျက်ခွက်လည်း လှမ်းကြည့်ပြီး အကဲခပ်ရ
သေး။ တချို့က မျက်နှာမာကြီးနဲ့ ဒီလိုဆိုရင် ကိုယ်တွေကလည်း အလိုက်သိပါတယ်။ ပါးစပ်လေးပိတ်လို့
ဘုရားဘုရား..တရားလေးမှတ်လို့ လိုက်ရတယ်။ သူတို့မျက်နှာကြီးက လူကိုတောင် အစိမ်းလိုက်ဝါးစားချင်
နေတာလေ။ ဘန်ကောက်ကားကြပ်တာကတော့ခဏခဏကြုံဖူးတာပါဘဲ။ အထူးပြောစရာမလိုကမ္ဘာကျော်
ပါ။ ဒါနဲ့စကားမစပ် ရန်ကုန်ကားကြပ်တာက သိပ်မကြုံဖူးလို့ မခံစားတတ်သေးဘူးဆိုပါတော့။

တခါစီးရင် ၂ဝဝဘတ်ကနေ ၃ဝဝနီးပါးရှင်းရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့။ အကြာကြီးပေါ့..။
ခရီးကရှည် ကားတန်းကြီးကမရွှေ့ ငုပ်တုတ်ကြီးထိုင်နေရာတာထက်စာရင် ဟိုအကြောင်းဒီအကြောင်းတွေ
ပြောပေးရတယ်။ ကားဆရာစိတ်ကြဉ်းကျပ်တာတွေလျော့စေချင်တာလည်းပါ ပါတယ်။ ထိုင်းမှာ သူတို့လည်း ကိုယ်တို့လိုပါဘဲ စကားတခွန်းဘဲပြောထွက်လာရင်ကို ဘယ်နေရာဘယ်ဒေသကလည်းဆိုတာ ခန့်မှန်းရ လွယ်ပါတယ်။ များသောအားဖြင့် အီစန်ဆိုတဲ့ သူတို့အညာဒေသကများပါတယ်။ အသားမဲမဲ ပိန်ကပ်ကပ်
သီချင်းဖွင့်ရင် တောသီချင်း မြန်မာပြည်က ထိုင်းစကားဘယ်လောက်ဘဲတတ်တယ်ပြောကြပါစေ သူတို့ အချင်းချင်းပြောကြသံကြားရင်ဖြင့် မျက်စိလည်ကြမှာအမှန်။ ဖုံးသံလာလို့ သူတို့စကားပြောသံနားထောင်ပြီး
တခါခါရီလည်းရီချင်တယ်။ အိမ်သူသက်ထားက စစ်ဆေးရေးဝင်တာတွေရောကြားနေရတာလေ။ သူတို့တွေ
နဲ့တိုးရင် ရေပက်မဝင်။ စကားလေးသာ နဲနဲဟပေးလိုက်။ ကိုယ်တွေက သူတို့ ဒေသအမျိုးသမီးတွေ များ
သောအားဖြင့် ဥရောပမှာ အိမ်ထောင်ကျတာများတယ်။ နောက်ပြီး ကြက်တန်းရောက်တာလည်းများတယ်။
အိမ်ထောင်ကျတာတောင် ကြက်တန်းမှာတွေ့လို့ စားသောက်ဆိုင်မှာတွေ့လို့နဲ့ ဒီလိုဘဲယူကြတာလည်း များတယ်။ အိုး..အထင်မစောမောနဲ့ဗျ...တကဲ့ သူဋ္ဌေးသူကြွယ်တွေနဲ့ အရင်ကသူတို့အိမ်ထောင်ကျထားတဲ့
ထိုင်းကလေးတွေအစ ဟိုကတာဝန်ယူခေါ်သွားပေးကျောင်းထားပေးတာ။ သူတို့တွေကို လှတပတဖြူဖြူ
ချောချောလေးလို့ထင်ရင်လည်းမှားမယ်..မျက်နှာဗြဲဗြဲ ခွက်ခွက် နှာခေါင်းပိပိ တကဲ့ထိုင်းရုပ် (ရုပ်ရှင်မင်းသမီး
မင်းသားတွေလှနေတာ ကပြားက ၈ဝ%လောက်ရှိတာလေ) အဲ့ဒါကို ဥရောပကလူတွေကို ခင်စပ်စုမေးဖူး
တာပေါ့။ သူတို့ပြောတာက အဲ့တာမှတကဲ့အလှတဲ့..အသားလေး..မဲတာက ချောကလက်လေးလို..နှာခေါင်း
လေးပိပြားနေတာက ချစ်စရာ မျက်မှေးလေးက perfect တဲ့။ ကဲ..မှတ်စရာတခုက အလှဆိုတာ ကြည့်တတ်
မြင်တတ်ခံစားတတ်သူတို့ရဲ့မျက်စိမှာဘဲရှိပါတယ်ဆို...ဆက်ပြောတာကအသည်းနာစရာ နင်တို့လို နှာတံ
ပေါ်ပေါ်အသားဖြူဖြူ မျက်လုံးဝိုင်းပြူးကြီးက ငါတို့ဆီနဲ့အတူတူ ဘယ်နေရာကြည့်ကြည့် မကွာဘူး မလှဘူးတဲ့။ @#$%&* စိတ်ထဲကျိတ်ဆဲပေါ့ရှင် (ရှည်ပြီးမေးတာကိုး)

အီစန်ဒေသက သူတို့ဆီမှာအဆင်းရဲဆုံး မိုခေါင်ရေရှား ။ အလုပ်အကိုင်သိပ်မှရှိဘူး။ ဒီတော့ မြို့တက်လာ ကြတာများပါတယ်။ အစားအသောက်လည်း စူပါအစပ်နဲ့ ငါးပိရည်မပါတဲ့ဟင်းမရှိသလောက်။ အနံ့ပြင်း တယ်။ အီစန်အစားအစာကလည်း ဘန်ကောက်မှာ နံမည်ကြီးဆုံးပေါ့။ကားဆရာပြောပြတာ သူ့အမေလည်း ဂျာမဏီမှာ နောက်အိမ်ထောင်နဲ့ အိမ်က အငယ်ဆုံးလေးကိုသာခေါ်သွားတာ အကြီးဖြစ်တဲ့ သူတို့၂ယောက်
သူ့ညီမနဲ့က ဘန်ကောက်မှာဘဲ ကျန်ခဲ့ပြီး လုပ်ကိုင်စားသောက်နေတာတဲ့။ သူလည်းအိမ်ထောင်ကျနေပြီ။ ခပ်ငယ်ငယ်လေးဘဲရှိသေးတာ။ သူ့ခလေးက သူ့အမေခလေးနဲ့ရွယ်တူတဲ့..ဗျ..။ သူ့ညီမကလည်း သူ့အ
ပြော fan ရှိနေပြီ။ တခြားဆွီဒင်..ဆိုလားမသိ။ စာရွက်စာတမ်းတွေ ပြည့်စုံရင် သူလည်းလိုက်သွားေတာ့
မယ်..ဆိုဘဲ။ တော်သေးတယ်..သူတို့ဆီမှာ မျိုးညစ်အဖွဲ့မရှိလို့(အဲလေ..စလုံးပေါင်းမွှားထွားပါဒယ် 😂
ကျမကျိုင်းမယ်မှာနေတုံးက သူငယ်ချင်း အခြောက်တယောက်ဆိုရင် (အီစန်ကပါဘဲ) ယောက်ကျားပုံနဲ့ဘဲ
ခပ်ချောချောဖြူဖြူလေး..သူကျတော့ Siwss ကသူဋ္ဌေးထီးနဲ့အိမ်ထောင်ကျတယ်။ ဟီး..တကယ်ချမ်းသာတာ
ခရီးထွက်ရင် ဖတ်စကလတ် @_@ First class လေကြာင်းလိုင်းနဲ့ အရမ်းမိုက် နွေရာသီစံအိမ်နဲ့ဘာနဲ့ နေ တဲ့အိမ်ကလည်း နန်းတော်တပိုင်း...။ သူကအလှပြင်တာနံမည်ကြီး မိတ်ကပ်ဆရာပေါ့။ သူ့လက်ထောက် လည်း အိမ်ထောက်ကျပြီတဲ့ အဲ့တယောက်က ကျမတို့အခေါ် အီကိုင်( ကြက်မ) တကဲ့သူ့အိမ်နံမည်က လည်းကြက်မလေ..။ သူကျတော့ အောက်ပိုင်းဖျက်ပြီး..ဟီး..လှလွန်းလို့မယ်ငီးတို့တောင်မနှာလိုဖြစ်နေရ သူ။ သူ့ယောက်ကျားက ကျိုင်းမယ်မှာ ဘတ်သန်းချီတန်တဲ့ တောင်စောင်းနားက ကွန်ဒိုဝယ်ထားပေးတာတဲ့။

အီစန်ကကားဆရာလူကြီးပြောပြပါတယ်။ ဘဝပေးကံအရ နေတဲ့ရေမြေမကောင်းလို့ လူတွေ ပြောင်းထွက် လာကြရတော့ တခြားကောင်းတဲ့ကံက ဖေးမတာပါတဲ့..ဟင်းချက်ကောင်းလို့ စားသောက်ဆိုင်ဖွင့်တယ်။
အနောက်နိုင်ငံသားတွေ လာစားရင်း ကြိုက်သွားလို့ တသက်လုံးစားချင်တာနဲ့ သူတို့တွေကိုမိန်းမအဖြစ်ယူ
ကြတာ ဘဝရဲ့ရှေးရေစက်တွေပါတဲ့..။ ပြောလည်းပြောတတ်ပါ့..။ ကျမတို့ ဂျာမဏီသွားဖို့ သံရုံးရောက်တော့
တကယ်ကို မျက်စိနဲ့တွေ့မှဘဲ ယုံလိုက်ရတော့တယ်။ ဗီဇာကောင်တာက လေယာဉ်လက်မှတ်ရောင်းကောင် တာလိုအတန်းလိုက် ၈ ခုလောက်ရှိမယ်။ လူတွေတန်းစီပြီးမေးကြတာ မေးတဲ့ဂျာမာန်ကိုယ်တိုင်ထိုင်းစကား
ပြောလိုက် ဂျာမန်စကားပြောလိုက်နဲ့၊ စောင့်နေတဲ့လူအုပ်တန်းကြီးကလည်း ဂျာမန်အဖိုးကြီးတွေ ထိုင်းမတွေ
ထိုင်းခလေးတွေ လက်တွန်းလှည်းပေါ်က ကပြားလေးတွေ ဗိုက်ကြီးသည်တွေ ဂျာမာန်ကောင်ကြီးကောင်
လတ် ကောင်ငယ် များစွာသောကိုနာဇီများ ထိုင်းမမလက်လေးတွေတွဲလို့ ဗီဇာလာလျောက်တာများပါးစပ်
ဟောင်းလောင်းထလို့ ငေးမောခဲ့ရဖူးပါတယ်။

တကယ်ဆိုရင် နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ကျတာ အများဆုံးကတော့ ထိုင်းတွေလို့ဘဲပြောရမှာဘဲ။ ဂျာမဏီမှ မဟုတ်ပါ။ တခြားနေရာနိုင်ငံအားလုံး မှာပါဘဲ။ သူတို့တွေဆီကပေါက်ပွားလာတဲ့ကပြားခလေး 
တွေကမ္ဘာမှာနံမည်ကြီးတွေလည်း အများကြီးပါဘဲ။
Tiger wood, ChrissyTeigen (John_Legend Glory သီချင်းနဲ့ အော်စကာရဖူးတာရဲ့မိန်းမ) ။
ခုလောလောဆယ် ဒီ ၂ယောက်ကတော့ ကမ္ဘာကျော်ပါတယ်။တခြားလည်း အများကြီးရှိပါသေးတယ်။အရင်
ကတဲက ကျမစိတ်ထဲမှာ မတင်မကျဖြစ်နေတာတခုက ဒီလို နိုင်ငံခြားသားတွေနဲ့ အိမ်ထောင်ကျတာ များ
တော့ သူတို့တွေဘယ်လိုများ တုံပြန်ကြတာလဲဆိုတာကြီးကို သိချင်နေတာ။စကားကြုံရင် ကြုံသလို
မေးလေ့ရှိပါတယ်။ ထိုင်းမှာလည်း လူတန်းစားခွဲခြားတာရှိပါတယ်။ ဘုရင်စနစ်ကရှိနေတာကိုး။ ဆိုရှယ်မမ
တွေကတော့ သူတို့အခေါ် ဟိုက်စိုး(High social) သူတို့တွေကရီစရာတော့အကောင်းသား လမ်းမှာ ထိုင်း
မတယောက်နဲ့ ဘိုထီးတယောက်တွဲခုတ်လာတာမြင်ရင် အောက်တန်းစား ဘာညာနဲ့နှာခေါင်းရှုံ အထင်
သေးတတ်ကြတယ်။ ဒါပေမဲ့လည်း သူတို့အသိုင်းအဝိုင်းမှာတင် ဘိုတွေနဲ့ညားတော့လည်း ဘာမှမဖြစ်ပါ။ ကြည်ဖြူစွာလက်ခံပါတယ်။ တော်ရုံသာမာန်လူတန်းစားတွေကတော့ ဘာမှပြသာနာမရှိပါဘူး သူတို့တနိုင်ငံ
လုံးကပြားတွေကများတာ တရုတ်ကပြား များမှများ ထိုင်းစစ်စစ်ဆိုတာ တော်တော့်ကိုရှားပါးနေပါပြီ။ ဘာမှမဟုတ်တဲ့ မယ်ငီး ရှမ်း(၃မျိုးရော)နဲ့အင်းသား စပ်တာတောင် အနှောင့်အသွားမလွတ် အပြောအဆိုခံရ
တာ ငယ်ငယ်ကတဲက သွားလေရာ ကပြားခလေးတွေ အိမ်ထောင်စုတွေ တွေ့ရင် စပ်စုချင်နေတာဗျ။ ကမ္ဘာ
ကြီးဆိုတာ ကျဉ်းကျဉ်းလေးပါဗျာ..တနေရာရာမှာ အကြောင်းတခုတခုကြောင့် ခလုပ်တိုက်မိပြီး အကြောင်း
စုံလို့ပေါင်းဖက်ဖြစ်သွားကြတာကို လူတွေက ဘာမို့ ဘာမို့ လူမျိုး ဘာသာ ဘာသညာလာတိုင်းပြီး ပြောသံ ကြားရင် အသည်းယားတာအမှန်ဘဲ။ အားလုံးကသတ်မှတ်ချက် ပညာတ်ချက်တခုပါဘဲမဟုတ်လား။

အဲ့ဒီမှာ ကားဆရာက ကျမကိုပြောပြတာပါ...။ဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာရင် ဖြစ်လာသလိုဘဲ
ဖြစ်အောင်နေတတ်သွားရင်..ဘဝဆိုတာကျေနပ်စရာကြီးပါ..တဲ့

အင်း..စရေးတာကကားဆရာတွေ မြန်မာလုပ်သားအကြာင်းပြောတာရေးမလို့..ရေးရင်းနဲ့..ဘာလို့ဒီ
အကြောင်းထွက်လာရပါလိမ့်!!!!!

အော်..တော်တော်ကို စိတ်များနေတဲ့မယ်ငီးပါလား...ဟိ..ကဲ..နောက်တခါတွေ့မှဘဲဆက်ကြတာပေါ့ရှင်..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး