Thursday, July 26, 2012

ကျုးလစ်စိုက်ခင်း၊ကျုးလစ်သမိုင်း၊နဲ့ ပန်းအိုးထိုးသူများ..

ဟော်လန်ရဲ့ နာမည်ကျော်သစ်သားဖိနပ်


မင်္ဂလာပါရှင်~~~
ဒီတခါတော့လေရဟတ်ဟောင်းကြီးပေါ်ကိုတက်ကြည့်ရအောင်..။
သူ့ ကဗျဉ်းတင်ထားတဲ့အဆိုအရတော့ ၁၈၉၂ ကဆောက်ထားတာတဲ့။ လေဖမ်းဒန်းစီးပြီးဆိုရရင်တော့ ကျန်တဲ့ခုနှစ်ကပြန်ပြင်ဆောက်တယ်လို့ ဘဲဆိုပါတော့..ဟဲ။
အော်..ဒတ်ခ်ျစာတတ်ဘူးလေဟယ်..။


အိုး...မြင်မြင်သမျှစိုက်ခင်းတွေဟာ ပန်းစိုက်ခင်းတွေ ချည်းပါဘဲ..။
ဘတ်စ်ကားနဲ့ လာခဲ့တဲ့လမ်းဘေးတဖက်တချက်မှာလည်း ပန်းပင်လယ်ကြီး..။
 
ကွန်တာနာကားကြီးတွေအများကြီးပါဘဲ။ဂိုဒေါင်ကလည်း ကြီးမားလိုက်တာ၊
ဘောလုံးကွင်း ၂ခု-၃ခု စာလောက်တောင်မကဘူး..တိတိကျကျလည်းခန့် မှန်းတတ်ပါဘူးလေ..။
အဲဒီကတီဗီမှာမြင်ဘူးတာ ပန်းတွေကိုလေလံတင်တာတော့ သိတယ်။
ဒီနေရာ မှာလည်းလေ့လာ နိုင်ပါတယ်။


ပန်းခြံကိုလာခဲ့ရင် ဘတ်စ်ကားရပ်တဲ့နေရာ အရှေ့ ဖက်မှာ စက်ဘီးဌားတဲ့ဆိုင်ရှိတယ်။
တချို့ လည်းစက်ဘီးစီးပြီးစိုက်ကွင်းတွေသွားကြတယ်..။
ဘတ်စကားရပ်တဲ့နေရာ၊
စက်ဘီးဌားတဲ့နေရာ
ပြီးရင် ကျုးလစ်ပြခန်းသွားရအောင်..။
ကျမတို့ က ကျုးလစ်ဆိုရင်ဟော်လန်နဲ့ တွဲသိကြတယ်။တကယ့် မူရင်းကသူတို့ ဆီကမဟုတ်ပါဘူး။
အရင်ပို့ စ်မှာပါတဲ့စိုက်ခင်းထိပ်မှာဆို ဘယ်ပန်းက ဘယ်ဒေသကလာတယ်ဆိုတာပြထားပါတယ်။
အဓိက ကတော့ တူရကီ၊ရှရှားတချို့ ဒေသ၊နဲ့ အာဖဂန်နက်စတန်၊တာဂစ်စတန်..
အို..စတန်စတန်နဲ့ ဆုံးသော၊အရမ်းအေးတဲ့တောင်ကုန်းဒေသတွေကလာတာပါတဲ့။
(ကိုင်း..လိုရင်းတိုရှင်းပေါ့...နော်)

ဆော်လမွန်ဘုရင့်ခေါင်းဆောင်းကြီးက အဲဒီကျုးလစ်ပန်းဥ ကိုကြည့်ပြီးလုပ်တာတဲ့။
ပါးရှန်းပင်လယ်ဖက်ကအထွဋ်အမြတ်ထားတဲ့တော်ဝင်ပန်းပေါ့။
(သူများရှင်းပြတာကြားတချက်မကြားတချက်နဲ့ ..ဟီး..ရွှီး ကြည့်တာ)
ဟိုးအရင်တုံးက ဒီပန်းခြံမှာ ပန်းပွင့်တွေကိုဘယ်လို ပြုစု၊ဥတွေကိုဘယ်လိုလုပ်ရသလဲဆိုတာ၊
ပုံလေးတွေနဲ့ ပြထားပါတယ်။ သူ့ လ နဲ့ သူဇယားလေးရှိတယ်။
ဘယ်လမှာဥကိုဘယ်လိုထားရမယ်ဆိုတာပေါ့။
ဖူးခါစလေး..လှနေလိုက်တာ..
နဲနဲပွင့်လာတော့လည်းလှလို့ ဘဲ





ပွင့်အာလာတော့..အယ်..အထဲကအဆံချောင်ကြီးနော်..:)
ကဲပါလေ...ထင်ချင်သလိုထင်..တို့ များတော့လှနေမှာဘဲ...(ပန်းလေးကကပ်ပြောတာပါဗျာ)..
ပန်းအိုးထိုးတဲ့သူတွေဆီသွားရအောင်..။
အော်..ဒတ်ခ်ျတွေ ကဗျာဆန် ပန်းချစ်ကြတာ အန်ကယ်ကြီးပန်းအိုးထိုးနေတာလေ..။
ကျမ ဖြင့်ကိုယ်ကိုကိုယ်ရှက်မိတယ်။ကဗျာမဆန် ပန်းမကြိုက်တဲ့ မိန်းမမဆန်တဲ့ အမျိုးသမီးလေ..:P




ပြတယ်ရောင်းတယ်လေ..

သဘောင်္သားဟောင်းတွေလား...သီချင်းဆိုတာနားထောင်လို့ ကောင်းတယ်..
ပန်းတွေလှတာဘဲသိတာပါ..။ ပန်းနံမည်လည်းခွဲခြားပြီးသေသေချာချာသိပါဘူး။
သစ်ခွလေးတွေကိုတော့ ဒီမှာတင်ဖူးပါတယ်။စာတော့ပါဘူး..ပုံတွေချည်းဘဲ..;P

အဝင်ဝကလူတွေ...
ပန်းပုံတွေများသွားလို့ ပမ်းသွားကြပြီပေါ့လေ...
မီးပိတ်..မှိတ်အိပ်ကြတော့နော်...

ပန်းတွေရောင်းတဲ့နေရာ၊နားစရာ စားသောက်ဆောင်နေရာ၊



ဗီဒီယိုတွေက ကျမရိုက်တာပါ။
ပန်းဥတွေကနေဘယ်လိုပန်းပင်ဖြစ်လာတယ်ဆိုတဲ့အချိန်အပိုင်းအခြားလေးတွေပါပါတယ်။

ရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး


Thursday, July 19, 2012

ဟော်လန်ကျုးလစ်ပန်းခြံ(Keukenhof)

မင်္ဂလာပါရှင်~~~


ဒီလိုခေတ်ကြီးမှာအချိန်ဖြုန်းဖို့ အကောင်းဆုံးကတော့  အဖေ့ဘုတ်အုပ်ဆိုတဲ့ Facebook မှာပါဘဲ။
ကျမလည်းမယောင်မလည်နဲ့ ခုတလောခဏခဏရောက်ဖြစ်တယ်။
ဟိုဝင် ဒီဝင်နဲ့ ကိုကမ္ဘာကြီးတပတ်လောက်ပတ်မိတယ်။
ကိုယ့်ဝါသနာ ကိုယ့်မြတ်နိုးရာလေးတွေ တင်ကြ၊ဝင်ဖတ်ဝင်ကြည့်ပျော်စရာကြီးပါဘဲ။
အဲ....ကျမတခုသတိထားမိတယ်။မမလေးတွေ မမကြီးတွေ တော်တော်များများ ပန်းပုံတွေတင်ကြတယ်။
ကျမသိတဲ့ကနေဒါကအမတယောက်ဆိုတနေ့ တမျိုးကိုတင်တာ။ကျမတော့ ပန်းဆိုလို့ စပယ်၊နှင်းဆီ ဒီလောက်ဘဲသိတာ။ပန်းကြိုက်ခင်လည်းမဟုတ်တော့ သိပ်ဂရုမစိုက်မိဘူးလေ။
နောက်တော့..ဟိုးအရင်ကသွားလည်ခဲ့ဖူးတဲ့ ဟော်လန်က (Keukenhof) ပန်းခြံကိုသတိရမိတယ်။
အရင်ကလည်းဒီမှာတင်ဖူးခဲ့ပါတယ်။အဲတုံးကတော့စာလည်းကောင်းကောင်းမရိုက်တတ်သေးဘူးလေ။
ခုတော့အဲဒီအကြောင်းပြန်အာလူးလေးပေးအုံးမယ်နော်..။


 အဲဒီ ကျုးလစ်ပန်းဥယျာဉ်လေးကိုနှစ်တိုင်း မတ်လ နောက်ဆုံးအပတ်လောက်မှာစပြီး၊
မေလနောက်ဆုံးပတ်အထိ လူတွေကိုဝင်ခွင့်ဖွင့်ပေးပါတယ်အမ်စတာဒမ်ကနေရထားစီးလာမယ်ဆိုရင် ဒီ
Lisse ဘူတာမှာဆင်းပြီး၊ ဘူတာရှေ့ မှာပန်းခြံရှေ့ အထိပြေးတဲ့ဘတ်စ်ကာလိုင်းပေါ်တက်သွားလိုက်ရုံပါဘဲ။


စက်ဘီးနိုင်ငံဆိုတော့ ဘူတာအောက်စက်ဘီးထားတဲ့နေရာ၊
ဘူတာဘေးမှာလည်းစက်ဘီးမြောက်များစွာဘဲတွေ့ ရတယ်။
ဘယ်လိုများကိုယ့်စက်ဘီးကိုယ်မှတ်မိကြလည်းမသိဘူး။
 မြို့ လေးကလည်းချစ်စရာလေး၊နဲနဲပတ်ကြည့်မိသေးတယ်။
အရင်ကနွားဈေး..ခုတော့စားသောက်ဆိုင်တွေနဲ့ ...။
 မြို့ လည်ခေါင်တဲ့..တကယ်ခေါင်ပါတယ်...။
ကျမတို့ ၂ယောက်အိမ်ကနေအစောကြီးထွက်ခဲ့တာ ပန်းခြံသွားမဲ့ကားတောင်ရောက်သေးဘူး။

ဒါနဲ့ ဘူတာကပ်ရပ်တရုတ်ဆိုင်မှာ သွားစားပြီးစောင့်ရတယ်။
သူကတော့ထမင်းပေါ့..။
ကျမကဖက်ထုပ်မှာတာ..ဆီတွေဝေ့နေတာဘဲ:((
ဘတ်စကားပေါ်ဆင်းတာနဲ့ တွေ့ ရပြီ...လေ။ဝင်ကြေးကတယောက်ကို ၁၄ ယူရိုပါ။
မြေပုံကြည့်ပြီး ဘယ်နေရာကစရမှန်းကိုသိဘူး၊မိုးကလည်းတဖွဲဖွဲနဲ့ ။
ဒီပန်းခြံလေးက ကမ္ဘာ့ အကြီးဆုံးပန်းခြံဖြစ်ပါတယ်။မြေအကျယ် ၃၂ ဟက်တာပေါ်မှာပန်းပွင့်စုစုပေါင်း ရသန်း အထိရှိတယ်လို့ ဆိုပါတယ်။ဟော်လန်နိုင်ငံရဲ့ တောင်ဖက်ပိုင်းမှာရှိပါတယ်။
သူ့ ရဲ့ ဝက်ဆိုဒ် ကိုဝင်ကြည့်ရင်အရမ်းလှပပြီးတကယ်ကိုသွားလည်ချင်စရာပါဘဲ။
ပိတ်ရက်လိုမျိုးနေ့ ဆိုရင် လူတွေကျိတ်ကျိတ်တိုးနေရပါတယ်။
ကျမတို့ တော့ ဂျာမာန်ဘတ်စ်ကားကြီးတွေကြားထဲမှာ ညှပ်နေတာ။
အစင်းပေါင်း ၁၀ ဂဏန်းကျော်မယ်။အားပါးပါး..လူတွေလူတွေ...။
အိန္ဒိယ၊ဂျပန်၊ထိုင်း၊တွေကတိုးဘတ်စ်ကားတွေနဲ့ ပန်းပွင့်တွေတွေ့ တာနဲ့ လူတွေက ဟား..ကနဲအော်ကြတာဘဲ။လှလည်းလှတာကိုး...နော်။
ကဲ..သွားရအောင်..။
ဘယ်ပန်းက ဘယ်ဒေသကနေလာသလဲဆိုတာ ရေးထားပါတယ်။
ဖတ်ဖို့ ထက် ဒါတ်တွေရိုက်ဖို့ ဘဲအရေးကြီးတာကိုး..နော့်။



ကျမမှာလူမပါအောင်မနဲရှောင်ပြီးရိုက်ရတယ်။
ပုံစံအမျိုးမျိုးနဲ့ ဓါတ်ပုံဆရာမျိုးစုံပေါ့။ကင်မရာမျိုးစုံဘဲတွေ့ ရတယ်။
ကြီးမားလှစွာသောမှန်ပြောင်းကြီးတွေနဲ့ လေ။
ကော့ပြီးရိုက်တဲ့လူ၊ထောင်ရိုက်၊အိပ်ရိုက်၊ကုန်းရိုက်၊ကားရိုက်၊..ရိုက်ချက်တွေလေ...ဟီး။
ဟိ..ကျမသူတို့ ကိုပြန်ရိုက်ထားတာတွေရှိတယ်။တင်ရဲဘူး..:P ရှုပ်ကုန်မှာပေါ့...။

 ကဲ..ကျမကုန်းပြီးရိုက်ခဲ့တာတွေပြအုံးမယ်။


 ဘာမှမပြင်ရဘူး အရောင်တွေကရဲတောက်နေတာဘဲ။


မင်္ဂလာဆောင်ဓါတ်ပုံလာရိုက်တာလားမသိဘူး။သူ့ ဂါဝန်အောက်အနားမှာ ပေပွနေတာ နှမျောစရာကြီး။


ကဲ...ပန်းတွေကလည်းများလှပြီ။
ဒီ မျော်စင်လေးပေါ်တက်ပြီး ပတ်ပတ်လည်ကပန်းစိုက်ခင်းတွေနဲ့ ကျုးလစ်ပန်းပြခန်း၊ပန်းအိုးထိုးတာတွေကို၊
နောက်တခါမှပြောပြတော့မယ်နော်။
အားလုံးဘဲ ရေလိုအေးပန်းလိုမွှေးကြပါစေလို့ 
မီးမီး