Showing posts with label Belgium-Antwerp. Show all posts
Showing posts with label Belgium-Antwerp. Show all posts

Tuesday, May 25, 2010

စိန်မြို့တော်(Antwerp Belgium) part 2


မင်္ဂလာပါရှင်~~~
ကျမတို့ ဒီ Antwerp မြို့ကိုသွားတာ၊ဘယ်နေရာသွားလည်ရမှန်းလည်း သေသေချာချာမသိဘဲနဲ့၊
ယောင်တောင်ပေါင်တောင်နဲ့ရောက်ခဲ့ကြတယ်လေ..။ဒီတော့ မြို့လည်ခေါင်လူစည်တဲ့နေရာတဝိုက်ဘဲ
ပတ်ပြီးပြန်ခဲ့ကြပါတယ်။

လူတွေလည်း စီးပွားရေးမကောင်းဘူးသာဆိုတယ်၊တချိန်လုံး shopping နေကြတာဘဲ။
သူများတွေ သွားနေတာ ဒီနေရာထဲဆိုတော့ ဝင်ကြည့်တာ... shopping mall တဲ့။

shopping mall အတွင်းပိုင်း
 
သီချင်းဆိုပြီး ပိုက်ဆံတောင်းတာ(အသံတအားကောင်းတယ်)

ဘာ decoration လဲကွာ?? ထိုင်းအနှိပ်ခန်းတခုရဲ့ရှေ့မှာတွေ့ခဲ့တာ..အနှိပ်ခန်းနဲ့ဘုရားရုပ်ထု....
ကျောက်ရုပ် လုပ်တဲ့ အမျိုးသမီး(ပိုက်ဆံတောင်းတာလေ)
ချော်ကလက်လုပ်တဲ့နေရာ ရောက်တော့ ဝင်ကြည့်တာ။ အရမ်းမိုက်တယ်။

ချော်ကလက် လူရုပ်ကြီးတွေ..။

ချော်ကလက်က ဘယ်လဂျီယံ ကနာမည်အကြီးဆုံးတဲ့။
အရုပ်တွေကို ချောကလက်နဲ့လုပ်တာ...။
 ချောကလက် ဂေါ်ဇီလာ..။
ဖားပြုတ် ချောကလက်..။


တက်စီများ..အားလုံးက မာစီးဒီးကြီး ဘဲ...။
မြို့လည်ခေါင်မှာ တရုတ်တန်းရှိတယ်လေ..။တရုတ်ကုန်စုံဆိုင်ဝင်ကြသေးတယ်။
ဈေးက နယ်သာလန်ထက်တောင်ဈေးကြီးတယ်ဗျား...။
ထိုင်းဆိုင်မှာသွားစားကြတယ်။ကျမခေါက်ဆွဲမှာတာ..။၉.၆၉ ယူရိုတန် ခေါက်ဆွဲ(အရသာ မကောင်းဘူး)
ထိုင်းဆိုင်မှာ ညဆိုရင်အရက်ဘားဖွင့်တာနဲ့တူတယ်။
တရုတ်တန်း
တရုတ်တန်း အဝင်

ကမ္ဘာ့အားကစားမျိုးစုံ လေါင်းကစား ဒိုင်(တရားဝင်ဖွင့်ခွင့်ရှိတယ်)

Thursday, May 20, 2010

စိန့်တော်(Antwerp Belgium)

စနေ တနင်္ဂနွေ လိုနေ့မျိုးမှာအပြင်မထွက်ရရင် တခုခုလိုနေသလို ဖြစ်နေတတ်တဲ့ ယောက်ကျားကတော့၊
ကျမရဲ့အမျိုးသားပါ။ :P ဒီတော့ နီးနီးနားနား ဘယ်လဂျီယံ ကိုသွားလည်ကြပါတယ်။
ဘတ်စ်တတန် ရထား ၂တန်ဆိုရောက်တာဘဲလေ..။

ဒီတော့ ပိုနီးတဲ့ Antwerp ကိုအရင်သွားကြပါတယ်။
ဘယ်သွားရမှန်းလည်း မသိတော့။ လူစည်တဲ့နေရာရမ်းသွားကြတာပေါ့။
င်္ဒီဆိုင်က Germany မှာလည်းရှိတယ်

shopping mall..
သွားလာကြတာ၊လမ်းဖြတ်ကူးကြတာ..လူတွေမှ အောတိုက်လို့...အများကြီး..ဘဲ
 
shopping area
အော်ပရာကဇတ်ရုံ
ရတနာ အရောင်းပြခန်း တွေအများကြီး တအားကြီးလည်းဓါတ်ပုံ မရိုက်ရဲဘူး တမြို့လုံး CCTV ကင်မရာနဲ့။
ဓါးပြ ခဏခဏ တိုက်တယ် လို့ကြားဖူးတယ်


ကြည့်ရူငေးမောကြလေသည်ပေါ့

Diamond museum အထဲမှာ ဓါတ်ပုံ မရိုက်ရဘူး အပြင်မှာ ရိုက်ခဲ့တယ် :)
အထဲကိုတော့ဝင်ကြည့်ခဲ့ပါတယ်။ စကားမစပ် တကယ်ဆိုရင် ကျမက ရတနာလုပ်ငန်း နဲ့အလုပ်လုပ်ဖူးခဲ့တာပါ။ ဒီထဲမှာကြည့်လိုက်တော့...အိုး..သူတို့တွေကမ္ဘာကျော် စိန်သွေးတယ်ဆိုတာ၊
ဖြစ်သင့်ပါတယ်။ သေသေချာချာ စနစ်တကျ လုပ်တာကိုး...။
ဒီတော့ သူတို့ရတနာတွေဟာ လှပနေတာပေါ့။
သေးသေးမွှားမွှား စိန်နဲ့သုံးထားလည်း အနုပညာမျက်စိ နဲ့ရတနာကိုဖန်တီးတာ..။
ကျမတို့က ပိုက်ဆံရှိရင် ကြီးကြီးဘဲ..လာခဲ့၊အတုံးလိုက်ဝတ်ပစ်လိုက်မယ်..အဟဲ...။

စိန်ပြတိုက် ၆ ယူရိုဝင်ခပေးရပါတယ်။တကယ် စိတ်ဝင်စားစရာကောင်းလွန်းပါတယ်။

စိန်ပြတိုက်နှဘေးမှာ တိရစ္ဆာန်ရုံ ရှိပါတယ်။ဝင်ကြေး က တစ်ယောက် ၁၉.၅ဝ ယူရို တဲ့။
မဝင်ဘူးကွ ဈေးကြီးတယ်။ ဟူး....ဝင်တာကတော့ဝင်ချင်တာပေါ့..။ဈေးကလည်းခေါင်ခိုက်နေတာဘဲ။

သစ်ကလားအုတ်က ဘာဆာဖြစ်လို့ ကောင်းကင်ပေါ်ရောက်နေ ကြောင်း!!!!!
အလယ်ကအဆောက်အဦ ဘူတာရုံကြီးပါ။

ဘူတာရုံ ခေါင်မိုးလည်းခံညားလှပနေတယ်

ဟော့ဒေ့ါဆိုင်မြင်တာနဲ့ စားခြင်သလိုပါဘဲ။

ဘူတာရုံ ထဲက မြင်ကွင်း
Central Station Antwerp (Belgium)
ဘူတာရုံ အထဲ Grand hall က လှေကား


ဘူတာရုံက grand hall အဲဒီမှာကြုံလို့ပြောရမယ်ဆိုရင် YouTube မှာကြည့်ဖူးတယ်။
သူတို့sound of Music ရှပ်ရှင်ထဲကသီချင်းDo Re Mi ဆိုပြီးကကြတာလေ။ 
အဲလိုမျိုး the best flash mobs အလေ့အကျင့်တွေတကမ္ဘာလုံးနေရာအနှံရှိတယ်လို့ပြောတာဘဲ။


ဘူတာရုံ ကို diamond museum ကနေလှမ်းမြင်ရတဲ့ မြင်ကွင်း

ဘူတာရုံ ဘေးအပေါက် အဝင်


ကိုင်းရထားလာပြီ ပြန်ရအောင်ကွာ....

မီးမီး...