Thursday, April 25, 2013
မှုန်ရီမှိုင်းနေတဲ့မြို့ လေးရဲ့ ဆောင်းရာသီမှာ..
မင်္ဂလာပါရှင်~~~~
ပြီးခဲ့တဲ့ အောက်တိုဘာလကုန် မြို့ ကိုခဏပြန်တဲ့အချိန်က ဆောင်းရာသီအခါသာမညကာလပေါ့...။
ကျိုင်းတုံဆောင်းနဲ့ ကင်းကွာခဲ့တာ ၁၉၈၉ ကတဲကဆိုတော့လည်း..၊
တော်တော့်ကို ပျော်ပါတယ်။မနက်ဆို စောစောထ၊ဘုရားကြီးသွား၊ချမ်းချမ်းစီးစီး၊
အိပ်ယာကထဖို့ တော်တော်အားယူရတာဘဲ။လေတဟူးဟူးတိုးလို့ ၊
မြူတွေဆိုင်း၊ချမ်းလွန်းလို့ မီးဖိုဖို့ အရင်ဆုံးလုပ်ရတယ်လေ။
ဖဟောင်းတိုင်မီးလေးနဲ့ ထရတာဘဲ။ ထုံးစံအတိုင်း မီးကမလာဘူးလေ...။
(တရုတ်ဖြစ်ဟီတာဆိုတာဈေးပေါပေမဲ့ မီးမလာတော့အလကားရလည်းအသုံးမဝင်ပါဘူး)၊
မီးလှုံ၊ ခေါပုတ်ကင်၊လမ်းလျောက်၊အိုး....ငယ်ငယ်တုံးကအတိုင်းဘဲ..။
အားလုံး...ကွက်တိ..ဆရာရေ့..။
ဒါပေမဲ့ လောကနိယာမအရ အရာရာအားလုံးက တိုးတက်ပြောင်းလဲနေကြတယ်လေ..။
အရင်တုံးက လမ်းဘေးတလျောက်မှာတွေ့ ရတဲ့ လယ်ကွင်းတွေလည်း၊
တိုးတက်ပြောင်းလဲသွားပြီး မြို့ သစ်ဖြစ်သွားသတဲ့..:P
ဟိုး..တောင်ပေါ်က စွမ်တောင်းဘုရား(ခု စွမ်ခမ်းတဲ့) ကိုလည်းမနက်နေရောင်အောက်က၊ မှုန်ရီရီလေးဖူးတွေ့ နိုင်တယ်။
မဟာမြတ်မုနိဘုရားကြီး။
ကျမအဒေါ်အိမ်အနောက်ကနေ မြို့  ကိုလှမ်းမြင်ရတာ..။
ကျိုင်းတုံအထွက်တာချီလိတ်မြို့  သွားတဲ့လမ်းတလျောက်..။
နေစပွင့်တဲ့အချိန်လည်းချမ်းနေပါသေးတယ်။
တောင်ကြီးက အင်းသားမိတ်ဆွေတယောက်လာလို့  သူ့ ဆီအသွားလမ်းတနေရာမှာ..။
ဟိုမြင်ရတဲ့ ပန်းရောင်အိမ်က အရင်တုံးက ကျိုင်းတုံရုပ်ရှင်ရုံဟောင်းနေရာပါ။
ခုတော့ သူလည်းတည်းခိုခန်းဆိုလား၊လပေးနဲ့ ဌားနေလို့ ရတဲ့အဆောင်ဆိုလား..ဘဲ။
တိုက်ကြီး ၂ခု ကဟီးနေတာဘဲ...။ ရှေ့ မှာ နောက်တတိုက်နဲ့ ဗျ။
ပိုင်ရှင်က အရင်တုံးက ကျမတို့ ကျောင်းမှာ ရေခဲချောင်းရောင်းတာတဲ့။
အော်..အရာရာတိုးတက်ပြောင်းလဲပါတယ်ဆို...နော့် :P
အိမ်အထွက်ကနေ လှမ်းကြည့်ရင်တောင် ရုပ်ရှင်ရုံနေရာဟောင်းက တိုက်ကိုမြင်ရတယ်။
အရင်တုံးက မုန့် ဆိုင်တန်းလေးတွေတန်းစီနေခဲ့တဲ့နေရာလေးပေါ့..။
ဥပုဉ်နေ့ တနေ့ မှာ ရှမ်းအဖိုးအိုတယောက်ကိုတွေ့ လိုက်တယ်။ ဘုန်းကြီးကျောင်းသွားမလို့  ရှ့ တည့်တည့်ကနေဓါတ်ပုံရိုက်ရမှာအားနာလို့ ၊
နောက်ကနေဘဲရိုက်ယူထားတယ်။ လက်ထဲမှာ ထိုင်စရာဖုံ၊ပျားဖယောင်း၊ရေဗူး၊ပန်း၊ပေါက်ပေါက်၊နဲ့ 
လက်ဆွဲခြင်းတောင်းထဲမှာတော့၊ဆွမ်းခွက်တွေပါပါလိမ့်မယ်။
ကျမတို့ လည်း ကျမတို့ ရဲ့ ညနေဝင်ဆည်းဆာအချိန်ကို ဒီလိုဖြတ်သန်းသွားဖို့ အခွင့်အရေးတွေများရကြပါ့မလား..နော်။
လမ်းလျောက်ရင်း ဓါတ်ပုံတွေရိုက်တာပေါ့...။ ဒီတဆောင်းက ကျိုင်းတုံသားတွေအတွက် အကောင်းဆုံးဆောင်းရာသီပါဘဲ။
ကျိုင်းတုံကောလိပ်..
ကျမလည်းပွဲတော်တွေအများကြီးနဲ့ ကြုံခဲ့တယ်။
တောင်ပေါ်ကခရစ်ယာန် ဘုရားရှိခိုးကျောင်း နှစ်၁ဝဝ ပြည့်၊တဲ့.. အကြီးအကျယ်ကျင်းပတာဘဲ။
နိုင်ငံခြားသားတွေလည်းအများကြီးလာတာတွေ့ တယ်။
နှစ်ကူးကျင်းပတဲ့ မြို့ နယ်အားကစားကွင်းသစ်မှာ..မနက်စောစောသွားခဲ့တာ
နောက် ရှမ်းကောက်သစ်စားပွဲ၊ နှစ်ပေါင်း၆ဝ အတွင်းမှာ အကြီးကျယ်ဆုံးပြန်ကျင်းပလို့ ရတာတဲ့..။
နောက်တခါ ရှမ်းနှစ်ကူးပွဲအတွက်အစပျိုးထားလိုက်ပြီနော်..။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး
Monday, April 15, 2013
ကျမတို့ မြို့ ရဲ့ ဈေးကြီး...(ကျိုင်းတုံ)
မင်္ဂလာပါရှင်~~~
ကျမတို့ မြို့ က ဈေးကြီးကတော့ ဘယ်နေရာဘယ်ဒေသ နဲ့ မတူတာတွေ ၊
ထူးဆန်းတာတွေ အများကြီးရှိတယ်..။ကဲ...ပြောပြမယ်နော်...။
ဒီတခါမြို့ လေးကို ပြန်ဖြစ်တာ၊အပင်ပန်းဆုံးနဲ့ အတန်ဆုံးပါဘဲ။
တနေ့ ၂၄ နရီဆိုတာ ဘယ်လိုကုန်မှန်းမသိအောင်၊သွားလာလှုပ်ရှားနေခဲ့ရတယ်။
ဈေးကိုတောင် ကျိုင်းတုံရောက်ပြီး ၁လကြာမှ ရောက်ဖြစ်တယ်။
ရှမ်းနှစ်ကူး(၁၂.၁၂.၂၀၁၂)ရောက်တော့မယ်လေ..။
အဲဒီနေ့ မှာ ဝတ်ဖို့ ရှမ်းဝတ်စုံလိုချင်လို့ ပါ။
ကိုယ့်မှာရှိတဲ့ဟာတွေတော့ တူမချောတွေကိုဝေမျှပေးလိုက်တာ ကြာခဲ့ပြီကော..။
အဲဒါနဲ့ အဒေါ်တယောက်ကလိုက်ပို့ မယ်ဆိုတာနဲ့ ၊ဈေးကို ၂ယောက်သား ချီတက်ခဲ့ကြပါတယ်။
ကဲ..ဒီတခါ ဈေးအရှေ့ ကနေမဝင်ဘူး..။ရဲစခန်းအနောက်ဖက်ကနေ ပတ်ဝင်တယ်။
စကားမစပ်..ကျမတို့ မြို့ မှာ..အင်မတန်မှ ဆိုင်ကယ်ပေါတယ်ကိုး..။
လမ်းထိပ်ထွက်လည်း ဆိုင်ကယ်နဲ့ ၊ဟိုနားဒီနားလည်း ဆိုင်ကယ်နဲ့ ။
အိုး...ကျမ မယ်မီး ဆိုင်ကယ် အက်စီးဒင့် ဖြစ်ဖူးကတဲက လုံးဝမစီးရဲဘူး..။
၉၆၉၃ (ကိုယ့်ခြေထောက်ကိုယ်သုံးဘဲ) မယ်လမ်းလျောက်ရှင့်...။ 
ဒါကအရှေ့ ကဝင်တဲ့အပေါက်
သုံးဘီးဆိုင်ကယ်လည်း ပေါသလားမမေးနဲ့ ။
ဈေးပတ်ပတ်လည်မှာ ဆိုင်ကယ်ရပ်စရာ ရှာရ ခက်ထှာ..။
(အိမ်မှာတခုခုလိုရင်၊ဈေးကို ၂ယောက်သွားတယ်၊အဝင်ပေါက်နဲ့ နီးတဲ့နေရာရပ်၊
တယာက်ကဆိုင်ကယ်ပေါ်မှာထိုင်စောင့် ..ပြီးတယောက်ကပြေး..ဒီလိုဘဲ..အကြံပိုင်ပုံကလေ)
ဒါက ဈေးတောင်ဖက်ကနေ ကျိုင်းခုံဖက် အထွက်..။
ဈေးအပြင်ဖက်က ဟင်းသီးဟင်းရွှက်တွေရောင်းတဲ့တန်း..။
ဈေးအနောက်ဖက်တည်တည့် အထွက်ပေါက်နေရာ..မှာပေါ့..။
ဈေးထဲက အလယ်တန်းဟင်းရွှက်ဈေးသည်..။
ဒီပုံကိုရိုက်တာက ငရုတ်သီးပင်စည်ခေါ်မလား..၊အကိုင်းလို့ ခေါ်မလားဘဲ..။
တွေ့ လား...ဈေးသည်လက်မောင်းအောက်ထဲမှာ။အဲဒီအကြောင်းကိုတခါက ဒီမှာ ရေးဖူးသေးတယ်။
ဒါကတော့ အမနဲ့ သွားတုံးကသရက်သီးအချဉ်သုပ်။ ဈေးသည်က သူ့ တပည့်ရဲ့ အမေ..တဲ့..။
အလကားအတင်းပေးလိုက်တယ်..။
ဟင်း..ဒီကလည်း..အားနာနာနဲ့ ၂ ထုတ်လောက်ဘဲယူခဲ့ပါတယ်..။
ပဲပုပ်နံလေးမွှေးမွှေး..။ရူးရှဲ ရူးရှဲ နဲ့ စပ်လိုက် စားလိုက်...:P
တွေ့ လားသူ အားပါးတရ နယ်နေတာလေ...။ဘာစားရမှန်းမသိဘူး...။
သဘောင်္သီး ရှမ်းသုပ်လည်းရှိတယ်..။အားလုံးက...ပဲပုပ်နဲ့ ပေါ့။
အိုး..ကပ်ရပ်ကတော့ ဆန်ကိုခပ်မာမာလေးချက်။ပြီးရေနဲ့ အထပ်ထပ်ဆေး၊ ကြံရည်မွှေးမွှေးလေးနဲ့ ၊
ကျမတို့ အခေါ် ခေါက်စွေ...။ထုတ်သွားလည်းရတယ်။စားရင်လည်းပုံးထဲကပုဂံသေးသေးနဲ့ ထဲ့ပေးတယ်။
တခွက်မှ ၁ဝဝ၊၂ဝဝ ထဲရယ်...။
အိမ်မှာ အိမ်ဆောက်နေတဲ့အလုပ်သမားတွေရှိတယ်။သူတို့ ကိုကျမ ညနေ၃နာရီ ဆိုတခုခုအမြဲကျွေးလေ့ရှိတယ်။ ကျမတို့ စားရင်သူတို့ ကကြည့်ကြည့်နေတတ်လို့ လေ..။
လက်ဖက်သုတ်၊ခေါက်လန်ဖွန်း၊အကြော်၊လက်ဖက်ရည်...ကြုံရင်ကြုံသလိုဘဲကျွေးတယ်။
ဒီတခါတော့ သူတို့ အတွက်ခေါက်လန်ဖွန်းဝယ်မလို့ ။
အတုံးသေးက ၅ဝဝ ဖိုး ၃ တုံးတဲ့၊တတုံးဆို ၂ဝဝတဲ့။
အကြီးကျတော့ တတုံး ၅ဝဝ၊ ကျမတို့ က သူ့ အခေါက်ကိုကြိုက်ကြတယ်လေ..။
တတုံးထဲဝယ်ရင်အခေါက်နဲနဲဘဲရလို့ ၊ ၃တုံး ၅ဝဝဖိုးဝယ်တယ်။
ပဲပုပ်ချဉ်အထုတ်အသေးဆုံးက ၁ဝဝ၊ အကြီးက ၅ဝဝ၊၁ဝဝဝ၊ အမျိုးမျိုးဘဲ၊
စပ်တယ်(များသောအားဖြင့် အချိုမှုန့် များတယ်)။ ကျမတော့ ကျမအဒေါ်မိုင်းလွေ(မိုင်းယန်းနားမှာရှိတယ်)၊
ကနေလုပ်ပို့ ပေးတဲ့ ပဲပုတ်ချဉ်ကိုပိုကြိုက်တယ်။ပဲပုပ်ချဉ်က အလယ်မှာထိုဖူးတတုံး
(ဆီထိုဖူးလို့ သိကြတဲ့ဟာလေ) ကိုမြုပ်ထားပြီး ဖက်နဲ့ တထုတ်ချင်း ထုပ်ထားတာ။
နံမည်ကြီးတယ်။ မိုင်းလွေပဲပုပ်ချဉ်ဆိုပြီးတော့...။အရမ်းကြီးကိုစားကောင်းတာဘဲ။
ဒါကတော့မုန့် စားတန်းဖက်ကိုလျောက်ကြည့်နေတာ..။ဘာစားရမှာလဲလို့ ...။တွေ့ ပြီကွ..။ ဝက်သားလုံး
ဆန်ခေါက်ဆွဲ....။ကောင်လေးက ဝက်သားကို သံတုတ်နဲ့ ရိုက်နေတယ်။ သူ့ နှဘေးကရေနွေးဇလုံ
ပွက်ပွက် ဆူနေတဲ့အထဲ သံတုတ်နဲ့ ရိုက်ထားတဲ့ကြေညက်နေတဲ့ဝက်သားတွေကို၊လက်နဲ့ ဖြစ်ညှစ်ပြီး ဝက်သားလုံး
လုပ်နေတယ်။ ကဲ..ဘယ်လောက်လတ်ဆတ်လဲ..။စားမယ်ဆိုတော့..မမက နောက်တဆိုင်ကကျမရဲ့ တပည့်
မလေး..ကျမကိုအမြဲမေးနေတာ ဆိုပြီးခေါ်သွားတယ်။
ဟော...ရောက်ပြီ ဝက်သားလုံး ဝက်ခြေထောက်ပေါင်းနဲ့ အရောဆန်ခေါက်ဆွဲ...တပွဲ။
တပွဲမှ ၁ဝဝဝ ကျပ်၊ စားတော်ပဲကြော်၊မုန်ညှင်းချဉ်၊ အခါးရည်လေးငဲ့..အိုး...ဂွတ်မှဂွတ်။
ရွှေပဲရွှက်နဲ့ ..ဟားဟား..ကျိုင်းတုံကွ...အစားအသောက်ပေါမှပေါ။ သန့် ရှင်းလို့ ..။
ရန်ကုန်ကြေးအိုး ၃ဝဝဝ ကျော်တဲ့...ဘာမှကောင်းဘူး...။
(နောက်တလ လောက်ကျတော့ နောက်တခါထပ်သွားသေးတယ်။ဒါလည်းဒီဆိုင်မှာဘဲစားတယ်)
ဟီး...အလကားရလို့ ဟုတ်ဘူး..ကျမတပည့်မလေးက ချစ်စရာကောင်းတယ်။
ဆရာမငယ် အရွက်တွေ ထဲ့မလားတဲ့..မေးပုံ..များများသာထဲ့ကွယ်...ဆြာမဂီး..ပါးစပ်ပြင်နေတယ်..။
ဒီတခါတော့ ဝက်သားလုံးနဲ့ ရိုးရိုးဝက်သားဘဲ(တွေ့ လား ရှမ်းမတွေက ခေါက်ဆွဲထဲသကြားမတဲ့ရင် မရဘူးဆရာ၊ ချဉ်ချဉ် ချိုချို ငံငံ စပ်စပ်...ရူးရှဲ ရူးရှဲ..)
ပြီး ရွှေရင်အေးလေးနဲ့ ....ရှိသမျှထဲ့ခိုင်းမလား..။ကြိုက်တာရွှေးမလား...ပြော...။စိတ်ကြိုက်...:)))
ကျမတော့ ရှိသမျှ အားလုံးနီးပါးထဲ့စားတယ်..ဟီး..(အလကားစားရတယ် အီကိုယ်က...ဆရာမငယ်..လေ) 
အော်..ရေးရင်း...ပြောရင်းနဲ့ အစားဖက်ဘဲရောက်ရောက်သွားတယ်။
ထူးခြားတဲ့ဈေးအကြောင်းထဲပြန်ဆွဲခေါ်အုံးမှ...။  
ကျမပြောချင်တဲ့ထူးခြားချက်ဆိုတာ...ဒီလို..။
ကျိုင်းတုံကနေ ၃ နာရီလောက်ကားမောင်းရင် တရုတ်နယ်စပ် မိုင်းလားကိုရောက်တယ်။
၎နာရီ၊ ၅နာရီလောက်မောင်းရင် တာချီလိတ် ထိုင်းနယ်စပ်ကိုရောက်တယ်..။
ခု..နိုင်ငံခြားသား တွေကိုဖွင့်ထားပေးတော့ ထိုင်း တရုတ် အဖြူတွေ ဘိုထီး ဘိုမ တွေလည်း ၊
နယ်စပ်အပေါက်တင်မက ပါဘူး၊ ရန်ကုန်ကနေရော လာကြပါတယ်။
မြို့ ထဲမှာလည်စရာကလည်း ဒီဈေးက အခရာဘဲလေ...။
မှောင်ခိုခေတ်တုံးက ဆို ကျိုင်းတုံပစ္စည်းဆိုပြီး မြန်မာပြည်မှာနံမည်ကြီးဘဲ..ဟာ..။
(တကယ်ဆို..ဘာမှရှိတာဟုတ်ဘူး.ပစ္စည်းတွေ.ဖြတ်သန်းသွားလာနားခိုရာနေရာလေးတခုပါ)
ကဲပါလေ...ဒီလို လူပေါင်းစုံ၊ အတွက်ရောင်းချပေးနေတဲ့ဈေး..ဆိုတော့...။
ဈေးသူဈေးသားတွေလည်း...အန်မတန်မှ ပါးနပ်ပါတယ်။
ရုပ်ကြည့်မယ်..။ပြောစကားလေးတချက်နားထောင်မယ်..။
ပြီး...ဈေးစကားဆိုတယ်ပေါ့..။
သူတို့ ဘတ်(စ်)စင်းလုံးနဲ့ လာတတ်တဲ့ထိုင်းတွေဆိုရင် ဆဝပ်ဒီခါး....ဘတ်ငွေနဲ့ ပြောရောင်းတာပေါ့။
နိဟောင်မား...ဆိုတဲ့ အိဆန်ကွားဆိုရင်လည်း..ယွမ်ပေါ့..။(တရုတ်လိုက အားလုံးတတ်ကြတယ်လေ)။
How r u!!!ဆိုရင် ဒေါ်လာနဲ့ တွက်ရောင်း..။
အဲ...တောဖက်က ရှမ်းတွေက ခုထိ ငွေဒင်္ဂါးဟောင်းကိုင်သုံးနေတတ်သေးတယ်လေ..။
ငွေဟောင်း အပြား ၁ခု၊ ၂ခု...ဒီလိုရောင်းကြတာပေါ့..။
ဟော...ပြည်မကလာတဲ့ မြန်မာတွေဆိုရင် ...နာနာကျပ်တာပေါ့..ဟီး(သူတို့ ကပိုက်ပိုက်ပေါတယ်လေ..
ဟို..ထမ်းဒီထမ်း အရာရှိ ဘာရှိတွေလေဗျာ..ပေါတာပေါ့...နော့်..)
မိတ်ဆွေ...ဘာအရွက်ကိုင်ခဲ့လဲ(ပိုက်ဆံရွက်ကိုဆိုလိုတာပါ)။
ဘာနဲ့ လဲချင်ပါသလဲ...။ လာခဲ့..ဈေးလယ်ခေါင်မှာ သေတ္တာကြီးချပြီး ကြိုက်တဲ့ငွေရွက်နဲ့ လဲနိုင်ပါတယ်။
ပေါက်ဈေးပေါ့...တကမ္ဘာလုံးနဲ့ ဖုံးဆက်ပြီး ပေါက်ဈေးမေးမလား...စိတ်ကြိုက်ဆရာ..။
ဘာ.အဆောက်အဦ..ဘယ် money exchange ဘာမှမလိုပါဘူး..။
ဈေးထဲဝင်..ဟင်းစားစရာဝယ်ပြီး တချက်သွားလဲ..လို့ ရတယ်နော့်...။ 
နောက်တခုက မတ်လဆန်းလောက်မှာ ဒီဈေးကို ၁ရက်ပိတ်ပြီး၊ အရင်စော်ဘွားခေတ်တုံးက ဈေးတည်နေရာဟောင်းလေးမှာ ဈေးဟောင်းနေ့ ဆိုပြီး၊
ဖွင့်ပါတယ်။ မြို့ လည်ခေါင်နေရာမှာပေါ့။ လူတွေအားလုံးသွားလည်တယ် ဝယ်တယ်၊
ဈေးထဲကဆိုင်တွေလည်း အားလုံးနီးပါး လာဖွင့်ကြတယ်။ 
ဒီနေ့ မှာရောင်းရင် တနှစ်ပတ်လုံးရောင်းကောင်းတယ်..ဆိုပြီးတော့လေ..ယုံကြည်ကြတာပေါ့..။
အဲဒီနေ့ ဆို ဈေးလည်းချိုတယ်၊ (ဟင်းဟင်း..ကျမတို့ အိမ်ရှေ့ တည့်တည့်မှာလေ....)
အဲဒီနေ့ ဆိုအသေပျော်တယ်..။လူတွေအများကြီး အိမ်ရှေ့ မှာ...စားစာရာ အများကြီးဘဲ..။
ကဲပါလေ...ရောက်တုံးရောက်ခိုက် ဈေးကြီးထဲက အစားတွေကျွေးအုံးမှ...။
ကျမရဲ့ အသဲစွဲ ဝက်အူကြွပ်ကြော် ခေါက်ဆိန့် (တပွဲမှ ၅ဝဝ ထဲ ဗျာ....ဟင်းဟင်း....တန်မှတန်)
ဆိုင်က ဈေးအနောက်ဖက် ငါးရောင်းတဲ့တန်းတွေကြားထဲမှာ...။
အော်...ပြီးဟင်းချက်စရာမလိုဘူး...။
လျောက်လည်နေလို့ ...ဒီလိုနေရာတွေမှာဘဲ ဝယ်ပြန်လာတယ်..။
လောက်ကဲအို(အထဲမှာဝက်သားပါတယ်၊အပွင့်တခုနဲ့ ထုပ်ပြီးကြော်တာ)၊၊ငါးဒုက္ခ..။
ငရုပ်သီးထောင်းတွေ
ဆားငံဘဲဥ
(ဒါတွေကကျမရဲ့ မြို့ လေးကို..အခု..ကျမဖက်ကနေမြင်တဲ့ရူဒေါင့်တွေပေါ့ဗျာ....)
ကိုင်း...အထည်ဆိုင်ရောက်ပြီ၊ချည်ထည်တွေပါ။ ကျိုင်းမယ်၊ကျိုင်းရိုင်းဒေသကနေလာတာ..။
၂ စုံကြီးများတောင် မျက်စိမှိတ်ပြီးဝယ်ခဲ့တယ်...။
(ကျမအတွက်တော့ ဈေးကြီးထှာ...နော်..ရှေ့ ဆုံးက ထမီတထည်က ၁၆ဝဝဝကျပ်တဲ့..)
နှစ်သစ်အခါမှာ အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်...
မီးမီး
Saturday, April 6, 2013
Tonle Sap Lake(Cambodia)
မင်္ဂလာပါရှင်~~~
ဒီတခါ စိတ်ဝင်စားစရာတနေရာအကြောင်းပြောပြချင်ပါတယ်။ 
ကမ္မောဒီးယားသွားရင် အန်ကောဝပ်ရောက်မှ၊အန်ကောဝပ်ရောက်ရင်လည်း
ဒီ Tonle Sap Lake ကိုသွားရမှ၊ပြည့်စုံပါတယ်ရှင်။
ကြားခါစက မြန်မာပြည်ကအင်းလေးလောက်တောင်ရှိပါ့မလားထင်ခဲ့တာ..။
ဘယ်ဟုတ်လိမ့်မလဲ...တော်တော်ကြီးကိုကျယ်ပြန့် တာဘဲ။ 
အရှေ့ တောင်အာရှမှာ အကြီးဆုံးရေကန်တခု..တဲ့။ရေစီးဆင်းတာလည်း ၂မျိုးရှိတယ်တဲ့။ ခန်းခြောက်တဲ့ရာသီ နိုဝင်ဘာလကနေ မေအထိ၊ဆိုရင် ရေကမဲခေါင်မြစ်ထဲကို စီးဝင်တာပေါ့။
မိုးရာသီလို ရေများတဲ့အချိန်ကျတော့ ရေတွေက ရေကန်ထဲကိုပြန်စီးဝင်တာပေါ့။
အဲဒီအချိန်ဆိုရင် အဲဒီမှာနေတဲ့လူတွေက ကမ်းခြေကပ်ပြီးနေကြတယ်။
သူတို့ က ကျမတို့ အင်းထဲမှာလိုအိမ်အကျအနဆောက်နေတာ မဟုတ်ဘဲ၊
(အဲလို အိမ်မျိုးနေရာ မတွေ့ ခဲ့လို့ ) မပို့ ပေးတာလားမသိပါဘူး။
ကြော်ငြာထဲမှာတော့ တွေ့ မိသားဘဲ...။
ရေပေါ်ပေါလောမျောနေတဲ့ အိမ်နဲ့ နေကြတာလေ...။
အဲ့ဒီနေရာကို floating village ဆိုပြီးသွားကြည့်ကြတာပေါ့။
မော်တော်ဆိပ်၊လက်မှတ်ဖြတ်ပြီးမှအောက်ကိုဆင်းလို့ ရတယ်။
 ရေပေါ်မျောနေတဲ့ရွှာလေးဆိုပြီး..၊နိုင်ငံခြားသားတွေတအားသွားကြည့်ရတဲ့နေရာပေါ့။
(အော်..တုံးစံအတိုင်း လှေခ၊ဘာခတော့ပေးရတာပေါ့)။
ရေကတိမ်တိမ်လေး..တွေ့ လား..။ရှေ့ မြင်ရတဲ့စက်လှေနဘေးမှာ အဘိုးကြီးတယောက်ရေထဲဆင်းတာ ၊
ရေကပေါင်ရင်းတောင်ရှိဘူး..။
 ဒီစက်လှေလေးကတော့ ဒေသခံတွေသုံးတဲ့စက်လှေလေးပေါ့..။
စက်လှေတွေကိုဒေါက်တင်ထားတာတဲ့။
အိမ်အခြေအနေကောင်းဘူး:(((  ယူနီဆက်ကဆောက်လှူဒါန်းထားတာတဲ့....
 ရေကန်အဝင်ဝက အားကစားကွင်းတဲ့...။သူ့ နောက်ဖက်မှာမြင်ရတဲ့ ရွာတန်းရှည်ကြီးက
 မလေးဖက်ကနေလာတဲ့ တံငါသည်မွတ်စလင်တွေ နေတဲ့ရွာတဲ့။ 
လှိုင်းတွေလှုပ်ရင် အိမ်တွေကလည်းလှုပ်တုတ်တုတ်နဲ့ ..။
ကျမတို့ ကို ဗီယက်နာမ်တွေအများစုနေတဲ့ရွာဖက်လိုက်ပို့ ပါတယ်။
အဲဒီမှာ နေကြတဲ့အများစုက ခိုးဝင်လာတယ်လို့ ပြောရမလားဘဲ။မှတ်ပုံတင်မရှိကြဘူးတဲ့။
အိမ်သာလေ...ရှယ်ဘဲ..ခန်းဆီလေးနဲ့ ။
ဟိုး..တအိမ်ဆို..သစ်ပင်လေးဘာလေးနဲ့ စိုက်ထားသေးတယ်။
ဈေးရောင်းတာလေ..။
အိမ်လှေတစီးကို ပိုင်ဆိုင်သမျှတွေတွဲချည်ထားတယ်..။သွားလေရာပါအောင်လို့ ..။
ဒီမော်တော်တွေက ဌားလို့ ရတယ်တဲ့။အဖွဲ့ အစည်းပိုင်ပေါ့။ 
ဒီကရတဲ့ဝင်ငွေနဲ့ ဒီရေကန်မှာမှီတင်းနေထိုင်ကြတဲ့သူတို့ ကိုပြန်ကြည့်ရှုစာင့်ရှောက်တယ်တဲ့။ 
နိုင်ငံခြားသားတွေဆီကကောက်တဲ့ပိုက်ဆံနဲ့ ပြန်အသုံးချပေးတယ်..ဆိုပါတော့။
(ကိုယ်တို့ ဆီကကော!!!!!!)....အဟဲ...။
ဒီကလူတွေလည်းများသောအားဖြင့်ဆင်းရဲနွမ်းပါးကြပါတယ်။ ဒီလှေအိမ်လေးက အမိုက်ဆုံးဘဲ..။
ရေအရောင်ကတော့ ကော်ဖီလား..လက်ဖက်ရည်လား...ဟင်း...
မော်တော်ဆရာကမောင်းပို့ တယ်။ဂိုက်ကောင်လေးတယောက်က ရှင်းပြတယ်။
အဓိက ကတော့ အဲ့ဒီ ရွှာမှာနေတဲ့တံငါသည်ရဲ့ သားသမီးတွေ(သူတို့ မိဘတွေက၊သဘာဝဘေးဒဏ်၊
ငါးသွားရှာရင်းသေဆုံးသွားကြလို့ မိဘမဲ့ခလေးတွေ)နေဖို့ ကျောင်းလေးတခုရှိတယ်တဲ့။
သူတို့ ကမြို့ ပေါ်မလာနိုင်ကြဘူးလေ..။
အဲဒီ ကျောင်းလေးက အလှုငွေပေါ်မှာဘဲ မှီတင်းနေထိုင်ကြတာတဲ့..။
ပိုက်ဆံလှုမဲ့အစား ဆန် ဆီဆား စတာတွေလှုပေးရင်ကောင်းပါတယ်။
အဲဒီကျောင်းကိုခေါ်မသွားခင် အဲဒီဆိုင်ကိုခေါ်သွားမယ်ဆိုပြီး...ကိုယ့်တို့ လည်း..ဒိုးရတာပေါ့။
 ဟိုး..မြင်ရတဲ့ အဝါရောင် အဆောက်အဦက ဆိုင်ပေါ့...။
ကဲ...ကိုယ်တို့ ၂ ယောက်လည်း ဆန်၊သောက်ရေ  စုစုပေါင်း ၅ဝ $ ဖိုးဝယ်ပြီး အလှူလုပ်ခဲ့ပါတယ်။
စာသင်ကျောင်းတဲ့...များသောအားဖြင့် ဗီယက်နာမ်ခလေးများပါတယ်။
ကဲ... နေတောင်စောင်းပြီ။
ရှေ့ ကမြင်ရတဲ့ ဆိုင်က ကိုးရီးယားစားသောက်ဆိုင်။( ကကြီးဆိုင် ၂ဆိုင်တောင်ရှိတယ်)
ကျမတို့ ကတော့ ဒီဆိုင်ကိုသွားကြတယ်။(အစားအသောက်မစားရဲဘူး၊အဲ့ဒီကရေနဲ့ ဆေးကြမှာဘဲ..:)))
ငါးတွေ မိချောင်းတွေရှိတယ်။
ဗီယက်နမ် မိသားစု..။ခလေးမလေးက သူ့ မြွေနဲ့ လူတွေကိုလိုက်တို့ တတ်တယ်။
ကကြီးတသိုက်ထွက်ပြေးကြတာ..တန်းနေတာဘဲ..:P
သူ့ ကိုမုန့် ဖိုးမပေးလို့ ၊သူ့ မြွေကိုဓါတ်ပုံမရိုက်ဖို့ အော်ပြောတယ်..။
တောင်းတာလည်း ခပ်မိုက်မိုက်ဘဲ..ဒေါ်လာပေးပါတဲ့။
ကိုးရီးယားလိုပြောတောင်းတာ...ဗျ..
အပေါ်ဆုံးနေရာတက်..နေဝင်ချိန်လေးခံစားလို့ ..အကောင်းဆုံးလို့ ထင်ရတာဘဲလေ..။
ရှေ့ နောက်တောင်မြောက်..ဒါတ်ကလေးတွေရိုက် ပြီးတော့..ညစာဘူဖေး(သူတို့ ရိုးရာအကနဲ့ )
အဲဒါအမှီ အမြန်ပြန်ခဲ့ကြပါတယ်။
ကျမလည်း အင်းသားမျိုးဆက်တယောက်ပါ။သူတို့ အင်းမှာတော့ ကျမတို့ ဆီကလို အပင်တွေစိုက်၊ ရေမှော်တွေ၊ဒိုက်တွေမတွေ့ ရဘူး..။မွဲခြောက်ပြီး ပူပြင်းတာတခုဘဲရှိတယ်။
အဲဒါကို တနှစ် နိုင်ငံခြားခရီးသည် ၃ သန်းလောက်လာကြည့်ကြတယ်တဲ့....။
အင်းလေးကို ဒီလို ဝင်တဲ့သူတိုင်းပိုက်ဆံကောက်ပြီး ပြန်ပြင်တိန်းသိမ်းနိုင်ရင် ဘယ်လောက်ကောင်းမလဲ..နော်..။
ခုလည်းလုပ်တော့လုပ်နေကြတာပါဘဲ..။ အလှူငွေတွေ ဒေါ်လာသန်းချီရတယ်။
တကယ်တမ်းအသုံးပြုမဲ့ ပမာဏ ကဘယ်လောက်ဆိုတာ ဘယ်သူက သိကြမှာလဲ...နော့်
(နဲနဲ ရှည်ရမှကျေနပ်တယ်လေ..အဟိ)
ကိုင်း...ချောင်းထဲဝင်လာပြီ....။နေလုံးကိုမြင်နေရတုံးဘဲ...။
မနေ့ က စေတီတခုပေါ်မှာ နေဝင်ချိန်ကိုသွားကြည့်ကြတယ်..။
ထုံးစံအတိုင်း...ကိုရွှေနေက ပုန်းရှိုးကွယ်ရှိုးနဲ့ လေ....။
လူတွေမှာအများကြီးဘဲ...ချွေးတွေရွှဲနှစ်နေတာဘဲ...ဓါတ်ပုံကောင်းတွေလည်းမရလိုက်ပါဘူး..။
ကျိုင်းတုံက ဓါတ်ပုံတွေ ခုထိပြန်ရှာမရလို့ ၊ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ၊
ကြောင်တောင်တောင်လုပ်ပြီ...ကြံဖန်ဖြစ်ညှစ်ရေးခြစ်လိုက် လိုက်ပြန်တယ်..နောက်တပို့ စ်..
ဟီး.........ဘဲဒီးဆော်ဒီး...မိတ်ဆွေများ....
အားလုံးဘဲရွှင်လန်းခြမ်းမြေ့ ကြပါစေရှင်..
မီးမီး