Saturday, March 23, 2013

Angkor Wat Adventure(Siem Reap,Cambodia)


မင်္ဂလာပါရှင်~~~
ကိုင်း..ကျမမယ်ငီး..မနေမနားသွားလာလုပ်ရှားခဲ့တာကို ပြန်ပြောပြနိုင်ရင်
တထောင့်တညပုံပြင်တောင်၊အရှုံးပေးရပါလိမ့်မယ်...:D
တကယ်ဆိုရင် ကျိုင်းတုံမှာနေလာခဲ့တဲ့ ၄ လတာကာလ အချိန်ကိုအရမ်း အာလူးပေးချင်နေတာပါ။
ရှမ်းကောက်သစ်စားပွဲ အကြောင်း စားစရာတွေအကြောင်း တောအကြောင်းတောင်အကြောင်းတွေပေါ့...။
ဒါပေမဲ့..ကြားဖြတ်ပြီး ပြီးခဲ့တဲ့ အပတ်က အန်ကောဝပ် ဘုရားဖူး ဆိုပြီး ကမန်းကတန်းသွားခဲ့ရတဲ့ ခရီးစဉ်၊
အကြောင်းလေး  ဖေါက်သည်ချလိုက်အုံးမယ်နော်...;P

ကမ္ဘောဒီးယား အန်ကောဝပ်ဘုရားဖူး ဆိုတာ ခုနောက်ပိုင်းမှာတော်တော် ခေတ်စားလာတယ်။
ဗီဇာလည် လွှတ်လွယ်တယ်လေ..အွန်လိုင်းနဲ့ လျောက်လို့ ရတယ်။ အီးမေးနဲ့ ပြန်ပို့ ပေးတယ်။
arrival visa လည်းရတယ်လေ..။သူတို့ လည်းပြောပါတယ် ဒီ၃ နှစ်အတွင်းမှာ တိုးရစ်တွေ အစပိုင်းက တနှစ်ကို ၄/၅ သိန်းကနေ ၃ သန်းအထိတက်လာတာတဲ့...။
ထိုင်းကနေ ကားနဲ့ သွားလည်းရပါတယ်။
နောက်ခရီးဆက်ဖို့ ရှိတာနဲ့ ကျမတို့ က လေယာဉ်နဲ့ သွားကြတာပါ။
Siem Reap ဆိုတဲ့ မြို့ ကို အရင်သွားကြတယ်။
ဒီတခါတော့ ဂိုက်မယူဘဲကိုယ့်ဖာသာကိုစာဖတ်ပြီးသွားပါတယ်။

သူများတွေကမနက် စောစော အန်ကောဝပ်ဘုရားပတ်ဝန်းကျင်ရဲ့ နေထွက်ချိန်ဟာ အန်မတန်မှ ရင်သပ်ရူမောဘွယ်ကောင်းတယ်ဆိုလို့ မနက် ၅ နာရီထပြီး လက်နှိပ်ဓါတ်မီးနဲ့ 
(မိုးရွှာလို့ )ထီးနဲ့ ပြေးလွာသွားခဲ့ကြတယ်လေ..။ ညီအကိုမသိ သတိအချိန်မဟုတ်ပါဘူး။
လုံးဝကိုဘာမှာမမြင်ရတဲ့အချိန်ပါဘဲ..ဟီး။
တွေ့ တယ်ဟုတ်..စောစောစီးစီး ကျမတို့ လို sunrise ရူးတဲ့လူတွေ အများသားဘဲ....
အားလုံးရဲ့ ရှေ့ မှာမြင်ရတဲ့ပုံတော့...ဂလိုလေးပေါ့...။


နေထွက်ကိုစောင့်နေကြသူများပေါ့...
ဟော...နဲနဲလေးလင်းချင်သလို လှသလို ဖြစ်လာပြီ။
မိုးကလေးကရွာထားတော့ မျှော်လင့်ချက်တွေ တအားကြီးမထားရဲပါဘူးလေ..။


ဆွဲရိုက်ကြည့်တာ နေလုံးက အဲဒီနားမှာပုန်းနေတုံးဘဲ..အားလုံးထွက်မပြဘူးလေ..။
ဟင်းဟင်း...ကင်မရာ ၃ မျိုးယူသွားပြီး ဘာမှပုံကောင်းမရလိုက်ပါဘူး....အဟီး ^-^
ဒါနဲ့ ဘဲကျေနပ်လိုက်ရတယ်လေ....။
 လူတွေလည်း ဟား...ဆိုပြီး ထကြကုန်ပြီ...။
မှန်းချက်နဲ့ လွဲခဲ့ကြသူများပေါ့...
နောက်ထပ် သွားကြည့်ရမဲ့နေရာတွေမှ အများကြီးပါဘဲ...။
ဘာဖြစ်လဲနော့်...မျော်လင့်ချက်ဆိုတာ အရံတွေကိုအများကြီးထားရတာဘဲလေ၊
တခုဖြစ်မလာရင် နောက်တခုပေါ့နော်....။
အ၀င်ဝကိုနောက်ပြန်လှည့်ပြီးရိုက်ထားတာပါ
အန်ကောဝပ်ကြီးကမ္ဘာကျော်ရတာ အံသြစရာမရှိပါဘူး..။အနုပညာလက်ရာနဲ့ ကြီးမားခန့် ညားလိုက်တာ...။
နှစ်ပေါင်းရာထောင်ချီပေမဲ့ တံတားလက်ရမ်းတွေက ထင်ရှားရှိနေတုံးဘဲ။
တချို့ နေရာတွေမှာတော်တော်လေးပြန်ပြင်ထားပါတယ်။
ဂျပန်ပညာရှင် တွေနဲ့ ပူးပေါင်းပြီး ပြင်ဆင်ထားတယ်တဲ့၊
 
ဟင်း.....ဘာဘဲဖြစ်ဖြစ် ပုဂံကိုသတိရမိတယ်။
ဘုရားဟောင်းတွေကိုရွှေပြန်ချတာ၊ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ပြန်ပြင်တာတွေ ကို အရမ်းနှမြောမိတယ်။
ဒီအတိုင်းလေးထားပြီး ရှေးမူမပျက်ပြန်မွမ်းမံလို့ မရဘူးလားတဲ့နော်...။
ကျိုင်းတုံဟော်(စော်ဘွားရဲ့ နန်းတော်)ကိုလည်း အတင်းဖျက်ပြီး ဟော်တယ်လာဆောက်ကြတယ်လေ...။
အော်...ရွှေဥာဏ်တော် စူးရောက်(စကားလိမ်လေးနဲ့ ဖတ်လည်းရတယ်နော့်:P)ကြပါပေတယ်လေ...။
စကားမစပ် ဒီအန်ကောဝပ်ကို ကိုးရီးယားတွေ အများဆုံးလာကြတယ်တဲ့...။
ဒေသခံတွေက ပြောပါတယ်။bird tour တွေများတယ်တဲ့...ဟီး...။
ဌက်တွေလို ကျလိကျလိနဲ့ ဆူညံအော်ဟစ်နေတာကိုပြောတာလေ...။
တရုတ်နဲ့ ကိုးရီးယား ဆို အားလုံးဆလံတိုက်ပါတယ်တဲ့..:))))
ကျမတော့တိုင်တစ်တိုင်မှာ ဗမာစာ တခုသွားတွေ့ မိပြီပါတယ်။ အလည်လာပြီးခုခေတ်လူသားများလိုဘဲ ကမည်းအက္ခရာတင်ထားတော့လည်း နှစ်ပေါင်းမနဲတော့ဘူး..၁၉၁၇ ခုနှစ်ကတည်းကပေါ့။ အဲ့ကတဲက
ကိုယ်တို့မြန်မာနိုင်ငံသားခရီးထွက် ဘုရားဖူးနေပြီနော့်...လုံးကုန္တွဆိုတော့..ရှမ်းနံမည်ပါဘဲ..။

ရှင်ပြုအလှုတခုလည်းတွေ့ ခဲ့ပါတယ်။ဘုရားစာဆိုတော့ ဂုံရှမ်းဘုရားစာနဲ့ ပိုဆင်ပါတယ်။
ဆွဲဆွဲငင်ငင်နဲ့ ဆိုတာလေ...။နောက်ဘုန်းကြီး ကမောင်ရင်လောင်းဦးခေါင်းထိပ်က ဆံပင်နဲနဲကျန်တာကို ရိပ်ပေးပါတယ်။
ဘုရားကျောင်းကနေ ၀င်ရာလမ်းကိုပြန်ကြည့်လိုက်တော့ အဝေးကြီး...။
ဟိုး...ရေကန်ရှေ့ နားမှာ တမနက်လုံးထိုင်ကြည့်ခဲ့ကြတာလေ...။
မုန့် စားတန်းနားက ဘုန်းကြီးကျောင်းအဆောက်ဦတခုရဲ့ အမိုးမျက်နှာကျက်က ဗုဒ္ဓ ဘာသာဘုရား ဇတ်တော်တွေရဲ့ ပုံ...။
မောလာပြီ ရေငတ်တယ် ပူတယ် စားသောက်ဆိုင်သွားကြတယ်..။
 အုန်းရည်လေးထိုင်သောက်..ရေကန်လေးပြန်ကြည့်...ကြာပင်တွေနဲ့ ...။
ဇွန်းခြစ်လေးစားချင်တယ်ဆိုလို့ ...ဒီလိုဇွန်းလေးနဲ့ ဗျ....:)))
ဟော...Bird Tour တွေလေ...ဟီး..
အထွက်တံတားပေါ်မှာ လူတွေမှ အော..တိုက်နေတာဘဲ...မင်္ဂလာဆောင်မဲ့ အတွဲတတွဲကိုလည်းတွေ့ တယ်။




သတိုးသမီးအရံတဲ့...။
နဂါးခေါင်းကြီးပျက်သွားတာ ပြန်ပြင်ထားတာတဲ့..။

ကိုင်း.....တမနက်ခရီးဘဲရှိသေးတာနော့်....တော်တော်မောသွားတာဘဲ....။
ဗမာစာလက်ကွက်ကိုတောင် မနဲပြန်နှိပ်နေရတယ် မေ့ချင်နေပြီလေ..အဟဲ။
ဒီမှာ ခဏလောက်နားပါရစေနော့်...။

အားလုံးဘဲကျမ်းမာရွှင်လန်းကြပါစေ...
မီးမီး
ခေတ္တဘန်ကောက်

Saturday, March 9, 2013

ရေပေါ်ဈေးနဲ့ ပင်လယ်စာများ Ampawa Floating Market

မင်္ဂလာပါရှင်~~~
အာလူးမဖုတ်ရတာ အတော်ကြာခဲ့ပြီပေါ့နော် :)))
ကဲ...စားသောက်စရာဖက်ကနေ ပြန်စပြီး အားလုံးကို နူတ်ဆက်ပါတယ်နော့်...။
အတွေ့ အကြုံတွေ၊ သွားခဲ့တာ၊ကြုံခဲ့တာ၊၀ါးခဲ့တာတွေ လက်ဆင့်ကမ်းလိုက်မယ်နော်...။

ကျမက အိမ်ပြန်ရင်လည်း ဘန်ကောက်မှာခဏနားဖြစ်တယ်။
အလုပ်လုပ်နေတဲ့နေရာတွေဆီပြန်မယ်ဆိုလည်းဘန်ကောက်ကိုခဏလောက်ဝင်လိုက်ပါသေးတယ်။
စာရင်းချုပ်လိုက်တော့  တနှစ်မှာ ၁ လလောက်နေဖြစ်ပါတယ်။
ကိုယ့်အတွက်ကလည်းစားဖို့ ဝါးဖို့ လေ...:Pဒီတခါတော့ အမေရိကားမပြန်ခင်ခဏ၀င်ခိုနေတာပါ။
ပြီးခဲ့တဲ့ ၂၀၁၂ အောက်တိုဘာလ ကုန်ကတဲက ဘန်ကောက်ရောက်တော့ သူငယ်ချင်းကောင်းမှု့ နဲ့ Ampawa Floating Market, Samutsongkram,ရောက်ခဲ့ပါတယ်။ 
မရောက်ခင် ပင်လယ်စာအရမ်းကြီးလတ်ဆတ်ပြီးစားကောင်းတဲ့ဆိုင်ကိုခေါ်သွားလို့ ၊
ဝါးတီးဖွင့်လိုက်သေးတယ်လေ..။
 ခရီးတထောက်မှာတီးခဲ့တာတွေပေါ့..
(နေတစ်ရက်လှမ်းတဲ့)ပြည်ကြီးငါး ကြော်...



ကြက်ဟင်းခါးသီး၊ပုဇွန်စိမ်းသုတ်

ထူးနားငါးပေါင်းချိုချဉ်စပ်(ဒီဟင်းတော့တကယ်စားကောင်းတယ်)
 ငါးကြော်ပြီး ငံပြာရည်ဆော့်စမ်းထားတာတဲ့..
ပုဇွန်ကင်
ပင်လယ်စာတုမ့်ယမ်း
ဆိုင်အ၀င်ဝက ဟင်းချက်တဲ့နောက်ဖက်ကနေ၀င်ရတာလေ..။
ဆိုင်က မြစ်နဲ့ ကပ်ရပ်လေးပေါ့...။
ပြီးတော့ ရေပေါ်ဈေးကိုချီတက်ကြတာပေါ့...။ သူငယ်ချင်းကတော့ လိုက်ပို့ ပေးရှာပါတယ်။
ကျမတော့တလမ်းလုံးအိပ်ငိုက်လာခဲ့တယ်လေ..။နေ့ နဲ့ ညမှားနေတာ တရက်မှမနားရသေးဘူးလေ။
 အ၀င်ဝက ပါလာထူး(ငါးသတ္တာငါး)ဆိုင် ။ငါးဝယ်ရင်အလကားကြော်ပေးတယ်တဲ့။
ဈေးတော့အတော်ချိုတယ်။ပုဂံသေးသေးနဲ့ ဆိုတော့ အမယ်အများကြီးစားလို့ ရတာပေါ့။
ဈေးသည်တွေက လှေပေါ်ကနေရောင်းတော့ စားတဲ့သူတွေကမြစ်ချောင်းဖက်ကိုမျက်နှာမူစားရတယ်လေ..။
ဒီတော့ ကိုယ်ဒါတ်ပုံခိုးရိုက်တာ သူတို့ မသိကြဘူး..အဟီး..။


ဈေးတန်းကတမျော်တခေါ် ကြီးကိုရှည်ပါတယ်။
ကျောက်ကျော်ရောင်းတဲ့ ခလေးမလေးတွေ ချစ်စရာကောင်းလို့ ဝယ်သောက်ခဲ့တယ်။




 ကဲ...ကိုယ်တို့ ဆီကမုန့် နဲ့ အတူတူဘဲနော်..။
 ၃ အိုးကို ဘတ် ၁ဝဝ တဲ့..။
မိုးကလည်း တဖွဲဖွဲရွှာလိုက်သေးတယ်..။
 ဂဏန်းဥ သုတ်တဲ့...စားဖူးပါဘူး..။စားလည်းမစားရဲသလိုဘဲ..။
ပြည်ကြီးငါးဥကြော်တဲ့.... အင်း...ကြားတောင်မကြားဖူးပါဘူး..။
ဒါကတော့ မြန့် ခမ်း လို့ ခေါ်တဲ့ ထိုင်းကွမ်းယာ တမျိုးပေါ့၊ကွမ်းစားသလိုထဲ့ရတော့ ကျမကထိုင်းကွမ်းယာလို့ ခေါ်တာပါ..းP


 



ကိုင်း...ကျမတောင် အလှခင်းကျင်းထားတဲ့ ထိုင်းမီးဖိုချောင်မှာ အိုင်တင်လေးနဲ့ ဟင်းဝင်ချက်ခဲ့သေးတယ်လေ.....:))))
နောက် ခရီးတိုတခုထွက်မလို့ ပြင်ဆင်နေတာနဲ့ ၊နောက်မှ ထပ်အားလူးဖုတ်ကြသေးတာပေါ့နော်...
အားလုံးဘဲ ကျမ်းမာချမ်းသာရွှင်လန်းချမ်းမြေ့ ကြပါစေနော်...။
ခင်မင်တဲ့
မီးမီး
ခေတ္တ ဘန်ကောက်