Saturday, August 28, 2010

လမ်းမပေါ်မှာပုံဆွဲပြိုင်ကြမယ်.


ပြီးခဲ့တဲ့အင်္ဂါနေ့ညနေကပေါ့..
ထုံးစံအတိုင်းလမ်းပိတ်မယ်တဲ့..

ကားကိုတခြားနေရာသွားထားဖို့လာပြောပြန်ပြီလေ..
ညနေ ၅ နာ၇ီမှ လူ၎-၅ ယောက်လာပြီးခုံတွေချ...

လမ်းပေါ်မှာ ဟိုလုပ်ဒီလုပ်နဲ့ မြေဖြူခြစ်နေကြတာတွေ့ ရတယ်
ဘာလုပ်ကြမှာလဲကွယ်...
ညနေ ၆ နာရီလောက်မှကလေးတွေ အများကြီးရောက်လာကြတယ်..
မြေဖြူတယောက်တဘူးစီဝေပေးပြီးလမ်းပေါ်မှာပုံတွေဆွဲကြတယ် 
ကျမတွေ့ တာတော့ဟိုခြစ်ဒီခြစ်တာပါဘဲ..
အော်..ဒါကြောင့်မြို့
ကြီးပြကြီးရဲ့ အုတ်တံတိုင်းတို့ .ရထားတို့ တံတားအဆောက်အဦ ဂိုဒေါင်နံရံတွမှာဆို..
ဆေးတွေနဲ့ရှောက်မူတ် ဆေးတွေခြယ်ထားလိုက်တာ..ကျမအမြင်မှာတော့ရုပ်ဆိုးအကျည်းတန်လိုက်တာ၊ လက်စသတ်တော့သူ
တို့ကငယ်ငယ်ကတဲကသင်ခဲ့ဖူးတာကိုး
၈နာ၇ီလောက်အားလုံးပြီးသွားတော့ တယောက်ပန်းသီးတလုံးစီဝေပေးတယ်.ပြီးတော့ပြန်ကြတာပေါ့..
၉နာရီမှာလေတွေမိုးတွေ၇ွာလိုက်တာတညလုံးဘဲ..မနက်လည်းရောက်ရော.လမ်းမပေါ်မှာပြောင်ရှင်းနေ
တာဘဲ..အော်..သင်္ခါရ..နော်


Tuesday, August 10, 2010

အိမ်ရှေ့ က..စက်ဘီးပြိုင်ပွဲ



ပြီးခဲ့တဲ့ ကြာသာပတေးနေ့ က ရွာလေးမှာ စက်ဘီးပြိုင်ပွဲရှိတယ်



တနေကုန် ပတ်စီးနေတော့တာဘဲ
ရွာတပတ် ပတ်နေကြတာ ကြီးကိုမပြီးနိုင်..ည ၂ နာရီထိုးမှ အသံငြိမ်သွားတယ်. လူကြီးက စက်ဘီးဆိုင်ကယ်..လူငယ်ကစက်ဘီး အတွဲလိုက်ပြိုင်..


ရိုးရာဝတ်စုံနဲ့ စက်ဘီးဆိုင်ကယ် လည်းပြိုင် ...


လော်စပီကာ နဲ့ ကွီကွီကွကွ အော်နေတာနားလည်းမလည်
လော်ကြီးကလည်းအိမ်ရှေ့ တည့်တည့်..



Mooi…mooi…နဲ့  လှတယ်လို့ ပြောတာတဲ့ ဒီတလုံးဘဲနားလည်တယ်