ပြီးခဲ့တဲ့အင်္ဂါနေ့ညနေကပေါ့..။
ထုံးစံအတိုင်းလမ်းပိတ်မယ်တဲ့..။
ကားကိုတခြားနေရာသွားထားဖို့လာပြောပြန်ပြီလေ..။
ညနေ ၅ နာရီမှ လူ၄-၅ ယောက်လာပြီးခုံတွေချ...။
လမ်းပေါ်မှာ ဟိုလုပ်ဒီလုပ်နဲ့မြေဖြူခြစ်နေကြတာတွေ့ရတယ်။
ညနေ ၆ နာရီလောက်မှကလေးတွေ အများကြီးရောက်လာကြတယ်..။
မြေဖြူတယောက်တဘူးစီဝေပေးပြီးလမ်းပေါ်မှာပုံတွေဆွဲကြတယ်… ။
ကျမတွေ့တာတော့ဟိုခြစ်ဒီခြစ်တာပါဘဲ..။
အော်..ဒါကြောင့်မြို့ကြီးပြကြီးရဲ့အုတ်တံတိုင်းတို့.ရထားတို့
တံတားအဆောက်အဦ ဂိုဒေါင်နံရံတွမှာဆို..ဆေးတွေနဲ့ရှောက်မူတ်
ဆေးတွေခြယ်ထားလိုက်တာ..ကျမအမြင်မှာတော့ရုပ်ဆိုးအကျည်းတန်လိုက်တာ၊
လက်စသတ်တော့သူတို့ကငယ်ငယ်ကတဲကသင်ခဲ့ဖူးတာကိုး…😁
တံတားအဆောက်အဦ ဂိုဒေါင်နံရံတွမှာဆို..ဆေးတွေနဲ့ရှောက်မူတ်
ဆေးတွေခြယ်ထားလိုက်တာ..ကျမအမြင်မှာတော့ရုပ်ဆိုးအကျည်းတန်လိုက်တာ၊
လက်စသတ်တော့သူတို့ကငယ်ငယ်ကတဲကသင်ခဲ့ဖူးတာကိုး…😁
၈နာရီလောက်အားလုံးပြီးသွားတော့ တယောက်ပန်းသီးတလုံးစီဝေပေးတယ်။
ပြီးတော့ပြန်ကြတာပေ့ါ။၉နာရီမှာလေတွေမိုးတွေရွာလိုက်တာတညလုံးဘဲ..။
မနက်လည်းရောက်ရော.လမ်းမပေါ်မှာပြောင်ရှင်းနေတာဘဲ..အော်..သင်္ခါရ..နော်..။
ပြီးတော့ပြန်ကြတာပေ့ါ။၉နာရီမှာလေတွေမိုးတွေရွာလိုက်တာတညလုံးဘဲ..။
မနက်လည်းရောက်ရော.လမ်းမပေါ်မှာပြောင်ရှင်းနေတာဘဲ..အော်..သင်္ခါရ..နော်..။
နေရာလေးကို ရောက်တယ်:)
ReplyDeleteစူးနွယ်
ဟားဟား street artist လေးတွေပေါ့ ... ဆက်ရေးပါဦး၊ မရောက်ဖူးတဲ့နေရာက ဗဟုသုတလေးတွေ ရချင်တာ....
ReplyDeleteအဲ တခုသတိရလို့ ၊ စာလုံးအရွယ်အစားကို စိတ်တိုင်းမကျရင် edit post ထဲက font အရွယ်အစားထဲမှာ normal ဆိုတဲ့ ဟာလေးရွေးလိုက်နော်... ပိုလှသွားလိမ့်မယ်။ (၇)ကို (shift) ခံနှိပ်ရင် (ရ) ရပါတယ်။ ဆရာလုပ်တာ မဟုတ်ဘူးနော်၊ ခင်လို့ပါ။ ဖတ်ပြီးရင် ဒီကော်မန့်ကို ဖျက်လိုက်လို့လဲရပါတယ်။ စိတ်မဆိုးဘူး။
ReplyDeleteမိုးစက်ရေ..စိတ်မဆိုးဘူးနော်.ပြောပြတော့သိရတာပေါ့.
ReplyDeleteကျမက(၇)(ရ)ကိုနေ၇ာရွေးပြီးသုံးတာ
ဘယ်ဟာက၇ကောက်..ဘယ်ဟာကကိန်းဂဏန်း(ရ).
ဆိုတာလည်းကောင်းကောင်းမသိဘူး..
့မြန်မာဖောင့်ကိုလည်းနှိပ်တတ်တာ.
မနေ့တနေ့ကဘဲရှိသေးတာ
အဟီး..key board ကိုလက်ညိုးနဲ့တလုံးခြင်းတို့တို့နေရတာလေ
စူးနွယ်.ရေကျေးဇူးနော် အလည်လာတာ..