Showing posts with label US-Philadelphia. Show all posts
Showing posts with label US-Philadelphia. Show all posts
Saturday, November 30, 2013
USရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ထောင်နဲ့ ရှေးကျဆုံးသိပ္ပံပြတိုက်
မင်္ဂလာပါရှင်~~~
နေ့ လည်စာစားပြီးတော့ ခေါင်းလောင်းကွဲကြီးနားတဝိုက်ကနေနောက်ထပ်ဘတ်စ်ကားစောင့်ပြီး ဆက်
ချီတက်ခဲ့ပါတယ်..။တနေ့ စာလက်မှတ်ကဘယ်နှစ်ခါစီးစီးရတယ်လေ..။ ကိုယ်တို့ တော့တန်တယ်။
၎ခါတိတိစီးပစ်လိုက်တာပေါ့...။ မြို့ လည်ခေါင်တဝိုက်လည်း တခြားမြို့ ကြီးတွေလိုပါဘဲ။ ကားတွေကျပ်လို့ 
ပေါ့ရှင်...။
တကယ်ဆို ဒီနေရာကနေစပြီးစီးမယ်ဆိုရင် ပိုအဆင်ပြေတယ်လို့ ပြောတာဘဲ..။ဈေးထဲမှာစားသောက်ဝယ်
ချမ်းလို့ ရတယ်..။
အဲဒီနေရာမှာ ခဏကားရပ်တော့ ပိုက်ဆံတောင်းနေတဲ့ဂီတာတီးလူမည်းတယောက်ကိုတွေ့ မိတယ်။
လူမည်းတွေလည်းများလိုက်တာ..
ဒီမြို့ လေးက... လမ်းတွေကတော့ အရမ်းလှနေတာပါဘဲ...။
Hard Rock cafe...ကဂီတာကြီးကလည်း လည်နေတယ်...
ကျမတော့ မြို့ ထဲကဆို..ဟိုးရှေ့ ကလှမ်းမြင်ရတဲ့ city hall ကြီးအပေါက်ကနေဖြတ်သွားရတဲ့ လူသွား
လမ်းကိုသဘောကျတယ်..။ပထမနေ့ ကအဲဒီကနေဖြတ်ပြီးလမ်းလျာက်ခဲ့တယ်လေ..။
တွေ့ လား...အရမ်းမိုက်တာနော်..အထဲကနေအပေါ်ကိုမော့ကြည့်လိုက်ရင် အရမ်းသားနားတာဘဲ...။
ကဲ..လမ်းမကြီးဖက်ရောက်လာပြီ..ဒီမြို့ ရဲ့ အလှဆုံးလမ်းမတန်းကြီးပါဘဲ....ရှေ့ တည့်တည့်မှာ အနုပညာပြတိုက်ရှိတယ်လေ...လမ်းတဖက်တချက်မှာတော့ နိုင်ငံတကာအလံတွေတွေ့ ရတယ်။
ကဲ..Eastern State Penitentiary လို့ ခေါ်တဲ့ထောင်ကိုရောက်ပြီ။
၁၈၂၁ ခုနှစ်မှာစတင်တည်ဆောက်ပြီး ကြီးမားတဲ့ရာဇဝတ်မှု ကျုးလွန်သူတွေကိုထားတဲ့နေရာဟောင်း..
အထဲမှာ အေးစိမ့်ပြီးကြောက်စရာကောင်းတယ်...
သူတို့ ရဲ့ အချုပ်ခန်းထဲကအိမ်သာအိုး..
စကားမစပ်..ဒီနေရာရောက်တာနဲ့ ကင်မရာကဓါတ်ခဲကုန်သွားလို့ ဖုံးစုတ်လေးနဲ့ ဘဲမှတ်တမ်းတင်ထားနိုင်ခဲ့
ပါတယ်လေ..။
ထုထည်ကကြီးမားတယ်..အဲဒီခေတ်ခါကာလမှာတော့ ဒီအဆောက်အဦဟာ အရမ်းကြီးကို ခေတ်မှီတဲ့ စတိုင်
ကျတဲ့ လက်ရာအဆောက်အဦတခုပါ..။
အပေါ်ထပ်ကနေအောက်ကိုလှမ်းမြင်ရတာ...
တချို့ နေရာလည်းစုတ်ပြတ်သတ်နေပါပြီ..။ ကျမလည်းမြန်မာပြည်ကထောင်တွေတခါမှ မရောက်ဖူးတော့
ဘယ်လိုကွားခြားသလဲဆိုတာမပြောပြတတ်ပါဘူးရှင်..။
သူတို့ ပြောပြတဲ့ ရက်စက်တယ်ဆိုတာ..စကားပြောတာနဲ့ တိုက်ပိတ်ခံရတယ်တဲ့..။စည်းကမ်းကြီးတယ်ပေါ့။
သူတို့ ရဲ့ heater ..ဒီနေရာမှာနံမည်ကြီးဆုံးကတော့ ဘဏ်ဓါးမြ Willie Sutton and Al Capone ဆိုတဲ့ လူတွေကို ထားခဲ့တာလည်းပါတယ်..။သူ့ အခန်းမှာ ကျကျနန ပန်းချီကားနဲ့စာအုပ်စင်နဲ့ မီးအိမ်နဲ့ ဟိုတယ်
ခန်းလိုဘဲ..(အင်း..ဒါလည်းဟို..ကိုယ်တို့ ဆီက ဟိုးတလောကမှ ထောင်ကနေထွက်လာတဲ့ လူဂျီးမင်း
များတွေနေခဲ့သလို ဖြစ်ချင်လည်းဖြစ်မှာပေါ့နော်..) အဟီး..ရှည်ပြီ....နဲနဲတော့အတွန့် ပါတတ်တယ်ဗျို့ ..။
ဒီပုံကတော့ကိုယ်တိုင်ရိုက်တာဟုတ်ဖူး...google ကနေ ကလစ်တချက်ဆွဲလာပြတာ..:P
တကယ်တော့ တခြားစနစ်ကျတဲ့ ဘယ်လိုပြောရမလဲ အပြစ်ဒဏ်ပေးတဲ့စနစ်တွေကြောင့် ကမ္ဘာတလွားက
ထောင်တွေရဲ့ စံပြဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်..။
ကျမတော့ ဒီခွေးကိုဘဲသဘောကျတယ်..သူ့ မိန်းမရဲ့ ကြောင်ကိုကိုက်သတ်လို့ ထောင်ချခြင်းခံရပါတယ်တဲ့။
အော်..ဘယ်သူရှိရမလဲ..Governor ကြီးတဲ့..ဟီး..ရာထူးကြီးလေ..အီးပေါလောထလေလား...အဲ.. ^_^
ဒါကတော့ တိုက်ပိတ်ခံရတဲ့နေရာ..မြေအောက်ခန်းမှာ..သေဒဏ်ချခါနီးလူတွေထားတယ်တဲ့..။
ဂိုက်ရှင်းပြနေတာ..သရဲတွေဝိညဉ်တွေဆိုတာ ရှိတယ်တဲ့...သတ္တိခဲကြီးမယ်ငီး ခဏဘဲနေတယ်...လေ
တန်းနေအောင်.ပြေးထွက်ခဲ့တာဘဲ..
သူတို့ ဧည့်သည်လက်ခံတွေ့ တဲ့နေရာတဲ့...
အထဲမှာ ရုပ်ရှင်ပြထားတယ်..သူတို့ ဘယ်လိုခံရတာတွေ..ဘာတွေ..ပြောနေတာပါ..။
ကြောက်စရာခြောက်ခြားစရာကြီးပါဗျာ...တာတာလုပ်ပြီးပြန်ထွက်ရအောင်...မဟုတ်တာလုပ်တဲ့
သူတွေဘဲသွားကြပေါ့..အဲ..ဒီလိုလည်းမဟုတ်သေးပါဘူးလေ...ကိုယ်တို့ ဆီမှာ တော့ဟုတ်တာရော မဟုတ်တာရော အားလုံးပို့ လိုက်တာဘဲတဲ့...မဆီမဆိုင် လက်ပံဓါးနဲ့ ချိုင် ကိုယ့်အဖေကြီးတောင် ၁၉၆၂-၁၉၆၃ အာဏာသိမ်းတော့ (ပေးတဲ့ဆင်ခြေပေးပြီးယူတာပေါ့လေ) ဘာတဲ့ အိမ်စောင့်အစိုးရ..
ဆိုလား... အိမ်ဖျက်အစိုးရကြီးပါဗျာ...ဘဝပေါင်း သန်း၆ဝ ရဲ့ အိမ်ကိုဖျက်လိုက်တာ.. ကိုယ်တို့ 
လည်းပါတယ်လေ..အဖေသူ့ ဖာသာသူပိုက်ဆံရှာလို့ ရှိတာလည်း တနှစ် အထိမ်းသိမ်းခံရတယ်တဲ့..
(စူဇကာပုဒ်မနဲ့ ...ဆိုဘဲ..ကျုပ်တော့ဆူကာသီးဘဲသိတယ်..ဒါဗြဲ..^_^ )
ကဲ...ထောင်ကထွက်လာတော့..ဟီး..အဖေ..ဟုတ်ဘူး..မယ်ငီးတို့ Tour ထွက်တာကိုပြောတာ..
နောက်ထပ်ဘတ်စ်ကားထပ်စီးပြီး သိပ္ပံပြခန်းသွားကြတယ်။ ဒါပေမဲ့ပိတ်သွားလို့  ပြန်လာလိုက်ရတယ်လေ။
အေးကလည်းအေး..လေကလည်းတိုက်နဲ့ ..နောက်နေ့ မှ Franklin Institute ကိုရောက်တာ..
ပြတိုက်မှာတော့ ကြည့်ရူစရာတွေများလွန်းလို့  ဘယ်ကနေစပြောရမှန်းတောင်သိတော့ဘူး..
မီးရထားစက်ခေါင်းကြီးကတော့ အင်္ဂလန်ကနေဘယ်လာတာတဲ့...
ကြုံးတုံးလေး..လေယာဉ်ပျံတက်မောင်းကြည့်တာ...ဟီး..ဂွတ်...
ကျမစိတ်ဝင်စားခဲ့တဲ့အရာတွေဘဲပြောပြတော့မယ်...သိလားဒီကိုယ်တော်လေ...သူ့ ဖိနပ်ဆိုက်က ၂၂ တဲ့..
မယ်ငီးတော့ အမျိုးသမီးတွေစီးတဲ့ ၆ ဆိုတာ မတော်လို့  ကောင်မလေးတွေဖက်မှာသွားငမ်းရတယ်
၅ နဲ့ တခါတလေ..၅.၅ ဆိုရင်..ရတယ်.. ကိုကို့ ဖိနပ် ၂၂ ဆိုတာကြီးနဲ့ တချက်မိရင် တခါထဲဂန့်  သွားနိုင်တယ်..အောင်မလေး...လူ့ ဘီလူးကြီးရေ...ဘတ်စကက်ဘောချန်ပလုံတဲ့.. :P
နောက်တခုက ဓါတ်ပုံပြခန်း...အကောင်းဆုံး ဓါတ်ပုံတွေထဲက ဒီပုံကိုသဘောကျတယ်...
င်္ခြသေ့ထီးရဲ့ မျက်လုံးက သိပ်ကြောက်စရာကောင်းတာဘဲ....
ဟား...ဒီအပ်ချုပ်စက်ကို သူတို့ မှာတော့ တခေတ်ခါကာလကအသုံးပြုခဲ့ဖူးလို့ 
ပြတိုက်မှာပြထားရတယ်။ကျုပ်တို့ တော့ ခုထိဒါလေးဘဲချောင်းဂျင်းချောင်းဂျင်း နဲ့ နင်းကောင်းတုံး...ဟီး...
နဲနဲခပ်မြန်မြန်လေးနဲ့ တိုတိုဘဲအာလူးဖုတ်တော့မယ်...
နောက်ထပ်လာစရာတွေရှိသေးဗျား...ဖလောရီဒါပြည်နယ် ၆ရက်သွားခဲ့လို့  ကြားထဲမှာပြတ်သလိုဖြစ်သွားတာ ခွင့်လွှတ်ပါလို့ ....နော်...မိတ်ဆွေများ...
ကျမနဲ့ အတူနေ့ လည်စာကိုစားပြီးဒီ Philadelphia တကယ်ဇတ်သိမ်းလိုက်ပါပြီနော်...
ဟင်းသီးဟင်းရွှက်တွေဘဲစားတတ်တဲ့တောသားလေဗျာ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
Tuesday, November 12, 2013
Philly က Liberty Bell နဲ့ လည်ပတ်စရာနေရာများ
မင်္ဂလာပါရှင်~~~
ဖီလာဒဲဖီးယားမှာနံမည်ကျော်ကြားဆုံးနေရာတခုကတော့ အက်ကွဲနေတဲ့  Liberty Bell တခုပါဘဲရှင်။ ဒီကွဲနေတဲ့ခေါင်းလောင်းက အမေရိကားလွတ်လပ်ရေးသမိုင်းနဲ့ အတူသမိုင်းဝင်တဲ့ခေါင်းလောင်းတခုပါ။
လန်ဒန်ကနေသွန်းထုပြုလုပ်ပြီး ယူခဲ့တာပါ။ဖီလာဒဲဖီးယားကိုရောက်ပြီး စမ်းသပ်တီးကြည့်တဲ့အချိန်မှာ
စပြီးကွဲသွားတာပါတဲ့..။သူတို့ လွတ်လပ်ရေးကြောငြာစတမ်းဖတ်တဲ့အချိန်
July 8, 1776 မှာ တီးဖို့ ရည်ရွှယ်ခဲ့ပေမဲ့၊ ဒီခေါင်းလောင်းကြီးကနေမတီးခဲ့နိုင်ဘဲနဲ့ တခြားခေါင်းလောင်းကနေတီးခဲ့ရ
တယ်လို့ လည်းပြောတယ်။၂ခါတောင်ပြန်ပြင်ခဲ့ရတဲ့ခေါင်းလောင်းမျက်နှာစာမှာတော့ John Pass and John Stow ဆိုတဲ့ခေါင်းလောင်းကိုပြန်ပြင်ပေးသူ အမေရိကန်ပုဂ္ဂိုလ်၂ဦးရဲ့ နောက်ဆုံးနံမည်ရေးထိုးထားတာတွေ့ ရ ပါလိမ့်မယ်။ ခေါင်းလောင်းကြီးနဲ့ ပတ်သက်ပြီး အမျိုးမျိုးကွဲပြားခြားနားတဲ့မှတ်တမ်း
တွေရှိတယ်..။
(ကိုယ်တို့ ဆီကိုခေါင်းလောင်းလာမှာရင် ဒီလိုကွဲတာနဲ့ ကြုံရမှာမဟုတ်ဘူးနော် ..အဟဲ)
 ခေါင်းလောင်းက တန်ချိန် ၂ဝဂဝ ပေါင်ရှိပါတယ်တဲ့..။
 ကိုယ်တော့ အဝင်ဝမှာတွေ့ တဲ့လူမည်းနဲ့ လူနီ သူတို့ ရဲ့ ဓါတ်ပုံကိုသဘောကျခဲ့တယ်..။
ဖီလာဒဲဖီးယားကကျွန်စနစ်ဆန့် ကျင်တဲ့အဖွဲ့ ...တဲ့။
နောက်တခုက ဒီခေါင်းလောင်းကိုကြည့်ဖို့ ဝင်ကြေးမပေးရပါဘူး..ကျန်တဲ့ဟာတွေကတော့ ဝင်ကြေးနဲ့ ပါ။
ကဲပါလေ..ခေါင်းလောင်းနားမှာတိုးမပေါက်လူများနေတယ်... နံမည်ကြီး ဒလိုင်းလားမားဘုန်းကြီးနဲ့ 
မင်ဒဲလားတို့ နားကပ်ရပ်ပြီး ဒီခေါင်းလောင်းနား မယ်မီးရောက်လာတဲ့အကြောင်း မှတ်တမ်းတင်ထားမှ @_@
နောက်တခုက..အခန်းထဲကနေလှမ်းတွေ့ လိုက်တာ..ဖေဖေကြီးတယောက် ခလေးငယ်လေးကိုရင်ခွင်ပိုက်ချီ
ထားတာသဘောကျလို့ ..အဲဒီနေ့ မှာ အမေမပါဘဲ ခလေးထိန်းနေတဲ့ အဖေကြီးအများကြီးဘဲတွေ့ ခဲ့တယ်။
single father ..single mother တို့ ဆိုတာ ဒီမှာပေါမှပေါဗျို့ ...
မင်္ဂလာဆောင်စုံတွဲတတွဲ National Park ထဲဓါတ်ပုံလာရှိုက်တာ...ဒါနဲ့ ပြောရရင်တော့ အဲဒီနေ့ မှာထူးထူးဆန်းဆန်း မင်္ဂလာစုံတွဲ ၆ စုံတွေ့ ခဲ့တယ်။ ၂စုံက လိင်တူတွေပါ...။ သူတို့ တွေပျော်နေလိုက်ကြတာ...
ကြားဖြတ်ဓါတ်ပုံလေးပြမယ်နော်...ဟီး.. ခင်စပ်စုနဲ့ တွေ့ တော့ အွန်လိုင်းပေါ်ရောက်ကုန်တာပေါ့..ဆို..
ဒါကပြေးလာကြတာ..နောက်ကျနေတာလားဘာလားမသိ...ကားပေါ်ကနေရိုက်မိတာ.. 
ဒီပုံကိုတော့အရမ်းသဘောကျတယ်..အိုက်တင်ပေးတဲ့သူရော၊ဓါတ်ပုံဆရာရော..တကယ်ချီးကျုးပါတယ်..။
သူတို့ နေရာယူတာလမ်းဆုံခွမှာ..နောက်ခံကလမ်းမတန်းနဲ့ ပန်းခြံ တည့်တည့်အရှည်ကြီးပေါ့..
သူတို့ ကတော့ Limousine ကြီးစီးပြီး အနုပညာပြတိုက်မှာလာရိုက်တာ..
 ဒီ၂ယောက်ကတော့ လမ်းလျောက်လိုက်တယောက်နဲ့ တယောက်kiss လိုက်နဲ့ ..ဟူးး.. :P
ဘယ်သူကကိုကို ဘယ်သူကမမလုပ်မယ်..ဆိုတာတော့..မယ်ငီးလည်းခွဲခြားတတ်ဘူး
သူတို့ ကျတော့ သတို့ သားအရံ ခေါ်မလားအများကြီး..ဘဲ..အုပ်စုလိုက်နဲ့ ..ပျော်နေကြတာ..
နောက်တနေရာကတော့ Constitution center ကိုသွားတာပါ။ကပ်ရပ်တွေချည်းပါဘဲလှည့်ပတ်သွားယုံပေါ့။
သူကတော့ဝင်ကြေးရှိပါတယ်
အဝင်ဝမှာကင်းထောက်လူငယ်လေးတွေအလံတင်နေကြတာတွေ့ လို့ ..ချစ်စရာ အေပေးလေးတွေ..
အထဲမှာသူတို့ တွေချည်းဘဲ ဆူညံနေတာဘဲ ပြေးလွှားလို့ ကိုယ့်ကိုဝင်ဝင်တိုက်သွားကြတယ်လေ.
ပြတိုက်၊ပြခန်းတို့ ထုံးစံ အဝင်မှာတော့ကျယ်ကျယ်ပြန့် ပြန့် နဲ့ ခမ်းနားနေတာပေါ့
 အပေါ်ထပ်တက်ရင်ထိပ်ဆုံးအခန်းကကြေးရုပ်လူသားတွေချည်းပါဘဲ..ဟီး
လူသားတယောက်လည်းရုပ်ထုတွေကြားထဲကပ်ပါသွားပါတယ်..သူလည်းဝင်ဆွေးနွေးခဲ့တယ်ဆိုလား..ဟီး
 ကင်းထောက်လူငယ်လေးတွေအတွက် လက်တည့်စမ်းစရာစိတ်ဝင်စားစရာတွေအများကြီးရှိတယ်။
ပြောရင်းနဲ့ မေ့နေတာ..ဒီလိုလက်မှတ်ဝယ်ထားတာပါ။ ရောက်တဲ့နေရာမှာဆိုင်ရာလက်မှတ်ဆုပ်ပေးလိုက်၊
ကိုယ့်ကိုလက်ပတ်လေးပတ်ပေးလိုက်နဲ့ ပေါ့..။
Freedom rising  ဆိုတဲ့လက်မှတ်ကိုတော့ ပုံမှာမြင်တဲ့အတိုင်း ၃၆ဝဒီဂရီပတ်လည် Theater
မှာဝင်ကြည့်ဖို့ ပါတကယ်ဆိုရင်တော့နားထောင်တာပါ..
“We the People.”
ဆိုတဲ့ခေါင်းစဉ်နဲ့ 
အမျိုးသမီးတယောက်က အမေရိက
လွတ်လပ်ရေး ဘယ်လို စတင်ပေါ်ပေါက်လာပြီး တိုင်းပြည်ရဲ့ ပြည်တွင်းစစ်တွေ ကျွန်စနစ်တွေနောက်ဆုံးဘယ်လိုဒီမိုကရေစီရယူခဲ့ကြပုံကိုပြောပြတာပါ..။
သိထားဖို့ ကအရေးကြီးဆုံးပါဘဲလေ
ပြီးမှနောက်ဆုံးသူကပြန်မေးလိုက်ပါသေးတယ်..ရှေးကလူတွေ
တိုက်ပွဲဝင်ပြီးရလာပြီ..
ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့ ကမင်းတို့ ကျမတို့ ရှင်တို့ တာဝန်ဘဲ 
မဟုတ်လားတဲ့..ကဲ..သူမေးပြီ......
#ဒီကလည်းဖြေချင်ပါတယ်လေ....# 
ကိုယ့်တို့ ဆီမှာတော့ဟိုကပိတ်ဒီကဖာနဲ့ ဘယ်ကနေဘယ်လိုဆုံးရှုံးသွားသလဲဆိုတာ
ခုထိသူ့ ကြောင့်၊မင်းကြောင့်ဟိုလူလက်ညိုးထိုးအပစ်ပုံချကြတုံး...သမိုင်းကိုပြင်ပြီးသင်ကြားတာခံ
ခဲ့ရတုံး..အစိုးရအဖွဲ့ ထဲပါရင်ကမ္ဘာကျော်သူဋ္ဌေးတွေဖြစ်ကုန်လို့  လိုက်တုပြီး မယ်ငီးလည်း အစိုးရခဏလောက်ဖြစ်ချင်သား....ဟီး...ကျန်တဲ့တာဝန်တွေတော့မသိဘူး..တာဝန်ယူရင်
သူဋ္ဌေး
ဖြစ်တာတော့အမှန်ပါဘဲရှန်...(နဲနဲတော့ ခေါင်းကြိမ်းသားဘဲ...ရှည်ချင်တာကလည်း ၂ယောက်မရှိ)
ဒီစာအုပ်ပုံစီထားတာသဘောကျတယ်ဗျာ...
အမှန်တရားတွေကို ပုဂံပြားနဲ့ ခဏဖုံးထားပြီးရှေ့ ဆက်ကြတာပေါ့...စုစုပေါင်း ၁ရ မိနစ်ဘဲကြာပါတယ်။
ပြန်ထွက်လာရင်ပြခန်းတွေထဲရောက်သွားတယ်...။လေ့လာစရာ ကြည့်စရာတွေအများကြီးပါ..။
ကဲ..နောက်ပြခန်းတခုမဆက်ခင်..ထမင်းလေးဘာလေးရှာဖွေစားသောက်မှ...
စားစရာတွေရောင်းတဲ့ဆိုင်ရှာရခက်ပါတယ်ဆို..လမ်းဘေးကားလေးနဲ့ ရောင်းတဲ့ ပေါင်မုန့် အသားညှပ်
ဆိုတာကလည်းတောသား၂ယောက်မဝါးတတ်ပါ ဒီတော့ ဟိုငေးဒီငေးနဲ့ ဆိုင်တခုထဲရောက်သွားတယ်။ ရတာစားရတာပေါ့..သူက ဆော်လမွန်ငါး၊ ကိုယ်ကတော့ ဂဏန်းဆလတ်ပါတဲ့...ဈေးကြီးထှာ..တပွဲ ၁၄
ကျော်တယ်ဗျား....ပြီးမှထိုင်း(ဖတ်ထိုင်း)ခေါက်ဆွဲကြော်ရောင်းတာတွေ့ ရတယ်..တပွဲမှာ ၆ဒေါ်လာလောက် ဘဲပေးရတာတဲ့။
ကားကလည်း၂ခါစီးပြီးသွားပြီ..နောက်တခါထပ်စီးမယ်...Eastern state Penitentiary ဆိုတဲ့
တခေတ်တခါကအန်မတန်ရက်စက်ကြမ်းကြုတ်တဲ့ထောင်ဆိုတာသွားလည်ရအုံးမယ်...
ထုံးစံအတိုင်း..အဟဲ..ခင်လျှာရှည်နဲနဲလေကြောရှည်သွားလို့ ...ဆက်ရန်ပေါ့ရှင်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
Philadelphia နဲ့ ပတ်သက်သမျှ..
၁.
Philadelphia ခရီး
၂.US အရှေ့ ဖက်ခြမ်းကဒုတိယအကြီးဆုံးမြို့ 