Showing posts with label Thailand မှာစားကြမယ်. Show all posts
Showing posts with label Thailand မှာစားကြမယ်. Show all posts

Wednesday, February 17, 2016

BKK က၂၅ဘတ်တန်ခေါက်ဆွဲ

မင်္ဂလာပါရှင်~~~
စားစာရာအကြောင်းမတင်ရတာအတော်ကြာပေါ့နော်...ဒီခေါက်ဆွဲဆိုင်ကလွန်ခဲ့တဲ့ ၂ဝ၁၅ ဘန်ကောက်
သွားကတဲကစားခဲ့တာပါ။ နောက်ပြီးသူငယ်ချင်းကပြောပါတယ်။ ဈေးပေါတယ်ထင်ပေမဲ့ ဗိုက်ပြည့်ဖို့
ဘတ်
၁ဝဝ မှလောက်တယ်တဲ့..။
တကယ်လည်း ပုံထဲမှာမြင်ရတဲ့အတိုင်း ပါလေရာဖင်ကပ်လေးဘဲ ထည့်ပေးတာကိုး..။
 ဆိုင်လေးကလည်း ခပ်သေးသေးပါ။ မိန်းမကထည့်ပေး ယောက်ကျားက စားပွဲထိုးလုပ်တာ။
ထိုင်တာနဲ့ စာရွှက်နဲ့ခဲတံတို လာချပေးတာပါ။ လူတယောက်ကို ၃ ပွဲကနေစမှာကြတာဘဲ။ ဂျုံရည်နဲ့တပွဲ
ညှပ်ခေါက်ဆွဲအသုပ်တပွဲ တုမ့်ယမ်းအသုပ် ဒီလိုပေါ့...။ တယောက်တပေါက်မှာရင် လုပ်ပေးတဲ့သူလည်း
ခေါင်းရူပ်လို့လားမသိ။ ကျမကရှည်ပြီးမေးကြည့်တာ ပုဂံကြီးကြီးနဲ့တခါထဲ လုပ်ပေးမရဘူးလားဆိုတော့
သူကနဲနဲစီဘဲလုပ်ပေးတတ်တယ်တဲ့။ အများကြီးမထဲ့တတ်လို့ပါတဲ့..။ပုဂံဆေးတဲ့သူကတော့ တချိန်လုံးဆေး
ပေတော့ပေါ့ရှင်..။
လမ်းမကြီးနဲ့ကပ်ရပ် သုဝဏ္ဏသာမိလေယာဉ်ကွင်းနားက စက်မူ့ဇုံနားမှာပါ။ မြန်မာတွေအများကြီးဘဲ လမ်း
ပေါ်မှာလမ်းလျောက်ဖြတ်သွားတာတွေ့ရတယ်..။အနီးအနားစက်ရုံမှာလုပ်တဲ့ အလုပ်သမားတွေလို့ပြောပါ
တယ်။
 ဆိုင်က သေးပေမဲ့ ထိုင်းထုံးစံအတိုင်း သပ်သပ်ရပ်ရပ်နဲ့စားချင်စရာဖြစ်အောင် သန့်ရှင်းအောင်ပြင်ဆင်ထား
ပါတယ်။ နေ့လည် ထမင်းစားချိန်ဆို ထိုင်ခုံမရတတ်ပါဘူး။ ကျမတို့ ၃ခါလောက်သွားစားဖြစ်တယ်။
 ကဲ...ပြော ဘယ်နှစ်ယောက်စားတယ်ထင်လဲ...၄ယောက်ဗျ....တပွဲကို မြန်မာငွေ ၈၆ဝ ကျပ်လောက်ကျမှာ
ပေါ့..။တယောက် ၃ပွဲဆိုတော့ ၂၅ဝဝ ကျပ် နေ့လည်စာတနပ် မဆိုးဘူးနော်..။ ရန်ကုန်ထက် အပုံကြီးဈေး
သက်သာတယ်။ အရင်က တပွဲမှ ၂ဝ ထဲရယ်တဲ့ အခုမှဈေးတက်သွားတာ..ဆိုဘဲ...
နောက်ဆိုင်တခုက ABAC တက္ကသိုလ်နားမှာ လမ်းဘေးလေးပန်းပေါ့ဗျာ...Apartment မှာတယောက်ထဲ
ဟင်းချက်ပျင်းရင် သွားစားလေ့ရှိတဲ့ဆိုင်..အပြင်လမ်းဘေးမဟုတ်တဲ့အတွက် ကားနံ့ ဆူညံခြင်းအလျှင်းကင်း
တဲ့ဆိုင်ပေါ့..
အဲဒီမှာ ငါးခေါက်ဆွဲလည်းရတယ်ဆိုလို့သဘောကျတာ...ခေါက်ဆွဲဖတ်က ငါးနဲ့လုပ်ထားတာလေ။ အဲဒီတုံး ကဓါတ်ပုံမရိုက်ထားမိဘူး..
နောက်ဆုံးသွားစားတဲ့အခါကျတော့မှ ရိုးရိုးဝက်သားလုံးနဲ့ ဝက်သား ညှပ်ခေါက်ဆွဲစားခဲ့တာ။ သူ့ဟင်းရည် က ကြက်ဟင်းခါးသီးနဲ့ မုန်လာဥဖြူထဲ့ပြုတ်ထားတာ ချိုမှချို..အချိုမူန့်မလိုဘူး..အဖွားကြီးပြောတာတော့ အချိုမူန့်မထဲ့ ဘူးတဲ့..ဒါပေမဲ့ သူတို့က ဟင်းခပ်မူန့်တွေသိပ်သုံးတာ.. ပြီး ဖက်ထုပ်ခေါက်ဆွဲလုပ်တဲ့ အဖတ်ကို ကြွပ် ကြွပ်ကြော်ပြီးတပွဲလာချပေးတာ အရမ်းသဘောကျတယ်..တပွဲမှ ၃၅ ဘတ် ထဲရယ်...

စကားမစပ်နေမကောင်းလို့..ခေါက်ဆွဲအရမ်းစားချင်တာဘဲ..သိလား..အခုကျမရောဂါတခုခံစားနေရတယ်။ အအေးလောင်နေတာတဲ့ ပြီးခဲ့တဲ့အပတ်က အနုတ် ၁၇ လောက်အေးခဲသွားတဲ့အချိန် ကျားကျားကြီး မတော်
တဆချော်လှဲလို့ ဆေးခန်းသွားရတယ် အိမ်နဲ့ ၄ လမ်းလောက်ဘဲခြားတော့ လမ်းလျှောက်သွားတယ်လေ။
အပြန်မှာ အော်တောင်ငိုချင်တယ် လေကလည်းအရမ်းတိုက် အေးကအေး အနုတ် ၁၇ ဆိုတာ လေတိုက် ရင် အဲ့ထက် ၄၊၅ ဒီကရီလောက်နိမ့်ဆင်းတာလေ.. အိမ်ရောက်တော့ မျက်နှာပြင်တခုလုံးခဲပြီး အအေး
လောင်သွားတယ်တဲ့..နီရဲထွတ်ပြီး အင်ပြင်တွေထ ယားယံယောင်ယမ်းပေါ့ရှင်...မျက်နှာတခုလုံးဖူးယောင်
နေတာအပြင်လည်းမထွက်နိုင် မျက်ခွံတောင်အစ်ပြီးတွဲကျနေတာ..အော်..ဒုက္ခ ဒုက္ခ..အသက်တရာမနေ ရပေမဲ့ ရောဂါပေါင်းသောင်းခြောက်ထောင်ကြုံတွေ့နေရတာဘဲနော်...မိတ်ဆွေများလည်း သတိထားပါ။
အရမ်းအေး အရမ်းပူရင် မျက်နှာတို့ဘာတို့ အရင်ဆုံးကာရံထားဖို့မမေ့ကြနဲ့နော်..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
မီးမီး

Thursday, July 16, 2015

ဘန်ကောက်မှ စားစရာများ ၂

မင်္ဂလာပါရှင်~~~
ဘန်ကောက်မှာ၁လခွဲကြီးများတောင်နေကြာခဲ့တာ အစားအသောက်တွေမီးထင်းတောက်ခဲ့တာပေါ့ရှင်။ အဲဒီ
အကြောင်းလေးကို ဘယ်လိုမှကျော်ခွသွားလို့မရဘူးလေ..ပြီးမှ ရန်ကုန် ကျိုင်းတုံ အကြောင်းဖက်ကို ခရီး ဆက်ကြတာပေါ့...။

A&W က ကြက်သားကြော်သုတ်စပ်စပ်လေးတဲ့၊ ဆန်လှော်နဲ့သုတ်တဲ့ ထိုင်းအရှေ့မြောက်ပိုင်း အီစန်ဒေသ စတိုင်ကြက်သား သုတ်ဆိုပါတော့။ ဈေးတကယ်ချိုပါတယ်ဆို..။
အအေးရောအပါအဝင်ရေခဲမုန့်ဝေဖာ set menu  ဘတ်၁၃ဝ ပတ်ဝန်းကျာ်ဘဲကျပါတယ်...
(ရန်ကုန်နဲ့ဘာ မှမဆိုင်ဘူး..ဟိုက ဟင်းတပွဲ ဆိုင်သန့်သန့်ကဆိုပါတော့ အနဲဆုံး ၃ဝဝဝ ကနေသောင်းဂဏန်းအထိပေးရတယ်) ဘတ် ၁၃ဝ ပတ်ဝန်းကျင်ဆို ၄ဝဝဝ တောင်မကျပါဘူး။ အအေး ကလည်း A&W Root beer
ပေါ့..မိုက်တယ်နော်..။
ဒါကတော့ ဘန်ကောက်ဆင်ခြေဖုန်းရပ်ကွက် လမ်းဘေးတနေရာက အကြော်ဆိုင်ပါ။ ငှက်ပျော်ကြော် ပန်းဥ
ကြော်နဲ့ ကန်ဇွန်းဥကြော်တွေပါ..။
ဒီကန်ဇွန်းဥက အခွံလည်းမခွါဘူး..အကြော်သည်အဖွားကြီးက ကြိုက်သလောက်နိုက်စားနိုင်တယ်လို့ပြော
တာနဲ့ တမျိုးတခုစီစားခဲ့တယ်..အဟဲ..စားကောင်းလိုက်တာ..
ဒီငါးကင်ဆိုင်မှာတော့ ထိုင်းသူငယ်ချင်းများက ကြက်သားကင်တွေဝယ်ကြတယ်။ အဲဒါပါဘဲ..ကင်ဆာ ဘယ်ကလာသလဲဆိုတာ..ကြည့်ပါအုံး..စားချင်စရာမရှိပါဘူး..
ဆီချေးတွေအထပ်ထပ်နဲ့ ဘတ်တီးရီးယားတွေ စိတ်ပျက်စရာကြီး..စကားမစပ် ခုတလော လူတွေ အကင်
တော်တော်စားကြတာတွေ့ရတယ်...။
ကြက်ကင်ကတော့ ပြင်ဆင်ထားတာလေးကစားချင်စရာနော်..စာရင်းချုပ်ရင် ကျမတော့ အကင်တွေသိပ်မ စားဖြစ်ဘူး။ ဆီတွေများလို့ မကြိုက်တာနဲ့၊ ကိုယ့်ဖာသာကိုယ်ကင်စားရင်တော့စားဖြစ်ပါတယ်။
ကျမတူမလေးတယောက် ဘန်ကောက်က Mahidol University အင်ဂျင်နီယာမာစတာ စကေားလား ရလို့
ကျောင်းတက်နေတာ၊ သူ့ကိုတွေ့ဖို့ မြို့လည်ခေါင်မှာချိန်းရတယ်။ မတွေ့ရတာလည်း သူ ၇ တန်းကျောင်းသူ
ဝကတည်းက၊ အကိုအကြီးဆုံးရဲ့သမီးပေါ့၊ အကိုဆုံးလည်းမသွားဖြစ်တော့ သူ့နဲ့တွေ့ရတာ အရမ်းဝမ်းသာခဲ့ တယ်။ တောင်ကြီးသူ တူမလေးကလည်း ရောက်ခါစာထိုင်းအစားအစာမစားတတ်သေးဘူးတဲ့။ အဲဒါနဲ့ မြန်
မာပါးစပ်နဲ့ အံဝင်မဲ့ ဝက်အထပ်သားအခေါက်ကင် ထမင်းမှာပေးလိုက်တယ်။ မူလလက်ဟောင်း တရုတ် တန်းကနံမည်ကြီးဆိုင်တဲ့..အနှစ်တွေအများကြီးဆမ်းပေးတယ်။ သူကတော့ စားကောင်းတယ်လို့ပြောပါ တယ်...။
နောက်တပွဲကိုတော့ ကြက်ဥပါထည့်မယ်မှာလိုက်တာ ပုဂံနီရဲရဲနဲ့..ဟီး...
ဝက်သားပေါက်စီနဲ့ ကျမကခပ်ကြောင်ကြောင် ကိုက်လန်ကြော်ဘဲစားခဲ့တယ်..အဟဲ..
တူမလေးကိုထမင်းနဲနဲဘဲစား..ဆိုပြီး ကိုယ်ကြိုက်တဲ့ နေရာအတင်းလက်ဆွဲခေါ်ခဲ့ပါတယ်...
ထုံးစံအတိုင်း Swensen's ပြေးတာပေါ့။ ကိုယ်တို့ပြန်တဲ့ မတ် ဧပြီ ဆိုရင် သရက်သီးရေခဲမုန့်ရပြီလေ..။
လာခဲ့ အဝတီးကြတယ်။ ရောင်းတဲ့ ပုံစံ အားလုံး(သရက်သီးရေခဲမုန့်ပေါ့) မှာပစ်လိုက်တယ်...
မှတ်ရော..ဟီး..ဒါကတော့ ဈေးကြီးတယ်ဗျ..ဘေးကနေအုန်းနို့တခွက်ပါထည့်ပေးလိုက်သေးတာ အားလုံး
လောင်းချစားသောက်လိုက်တော့..အီး...ဗိုက်ကြီးကယ်ပြီး ဘယ်ပြောကောင်းလိမ့်ပါ့မလဲ..သူတို့ကိုထားခဲ့
ပြီးရေအိမ်ပြေးရတာ တန်းနေတာဘဲ... :P
ပြီးထုံးစံအတိုင်း မြဘုရားချီတက်ကြပါတယ်။ ဒါကတော့ နောက်ရက်မှပါ ချစ်ချစ်ကြီးနဲ့ပေါ့..။ ဘုရားနားက
ဆိုင်တခုမှာ ဝင်စားတာ လုံးဝမကောင်းပါဘူး..။ ပူလွန်းလို့ ခဏဝင်နားတာလည်း ပါပါတယ်လေ။ သူက 
သတ်သက်လွှတ်သီးစုံဟင်းနဲ့ ထမင်း...။တနှစ်တခါတော့ မြဘုရားဖူးလိုက် ရွှေတိဂုံဘုရားကန်တော့လိုက်
နဲ့ ဆုတောင်းထားတာလည်း မပြည့်သေးပါဘူးရှင်.. @_@
ကိုယ်ကတော့ ကြက်သားမတ်စမန်လို့ခေါ်တဲ့ အုန်းနို့နဲ့ ကုလားပုံစံချက်ထားတာ အီလည်လည်ကြီး 😒
ကြုံရင်လည်းကြုံသလို မကြုံရင်လည်း ကြုံအောင်တော့ သရက်သီးရေခဲမုန့်ဆိုင်ကိုခဏခဏဝင်ပေးရတယ်
လေ..အဟီး..ဒီတခါတော့ ဘန်ကောက်မှာတကယ်ဝခဲ့ပါတယ်ဆို ပေါက်ချိန်တွေတက်လို့  😁
တူမလေးကလည်း တချိန်လုံး စာမေးပွဲရှိနေတာဘဲ..သူအားတဲ့နောက်တခါထပ်ချိန်းတွေ့ကြပြန်တာပေါ့..။
ထိုင်းအစားအစာတွေနဲ့ မင်းတို့ကိုမိတ်ဆက်ပေးမယ်ဆိုပြီး ဆြာကီးလုပ်ခဲ့တယ်လေ။
ဒါလည်း အရှေ့မြောက်ဒေသ အီစန်ဝက်အူချောင်းပေါ့..အထဲမှာ ထမင်းနဲ့ဝက်သားချဉ် ပါတယ်။ အဲဒါကို ဂျင်း ငရုတ်သီးတောင့် ကြက်သွန်ဖြူ နဲ့ စားရတာ အလွန်ကောင်းပေါ့ရှင်..။
ဒီဆိုင်ကတော့ တောင်ပိုင်းဒေသ မယ်ငီးတို့ရဲ့နဲ့ဆင်ဆင်တူတဲ့ ဝက်အူချောင်းဝက်ခေါက်ကြော် ကောက် ညှင်းပေါင်း ငရုတ်သီးထောင်းရောင်းတယ်လေ။
ပတ်ချာလည် အားလုံးလည့်ပတ်ကြည့်ပြီးမှ..
ဝက်သားကင် အီစန်ဝက်အူချောင်း ဝက်ခေါက်ကြော် ငရုတ်သီးထောင်း တဗူးဝယ်ပြီး ဒေါင့်တနေရာမှာ အာ
လူးတွေဖုတ်ကြတယ်လေ...။
သူ့ကိုပြောထားတယ်..ဘာစားစား အဝအပြဲမစားနဲ့ တနေကုန်လျောက်သွားကြမှာ တနေရာနဲနဲနဲ့ 
နေရာစုံကအစားအစုံကျွေးမယ်ဆိုပြီးလေ... 
ဒါကဂျပန်အစားအစာ..အရမ်းတန်းစီနေရတာဘဲ..ဆီကြော်နဲ့ မာရွှန်း
နစ်စ်တွေအများကြီးလောင်းထဲ့ပေးတာ..ကြည့်ရတာမဟန်တာနဲ့..တပ်ခေါက်လှည့်ထွက်လာကြပါတယ်။
 ဒါကတော့ နွေပူပူမှာ တကယ်ကြီးအေးချမ်းသွားရစေမဲ့အအေးပေါ့..သူတို့အခေါ် ပတ္တမြားအကျွတ် အအေး
"ထပ်ထင်းကလော့"ထိုင်းလိုတော့ အဲ့လိုအသံထွက်တာဘဲ..မြေစာဥကိုအရောင်ဆိုးထားတာပါ။ အုန်းနို့နဲ့
ရေခဲခြစ် ပါဘဲ..ကိုယ်အကြိုက်စ်...ပေါ့..။ ဖရဲသီးဖျော်ရည်လေးနဲ့..။
ညကျတော့ တူမလေးအဆောင်လိုက်သွားတာပေါ့။သူ့ဆီမှာသွားအိပ်တာ။နောက်အဲ့နားကထိုင်းစားသောက်
ဆိုင်မှာ သူ့သူငယ်ချင်း ၃ယောက်နဲ့ ကျမတို့ ထမင်းသွားစားကြပါတယ်။ အဟဲ..ခလေးတွေကဘာသိမှာလဲ
ဒီက လူလည်ကြီးကတော့ စားချင်တာမှာကျွေးလိုက်ပါတယ်။ ငါးရံ့ပေါင်းချဉ်စပ်၊
မင်းကတော်သဘောၤသီးထောင်း..ကြက်ဥပြုတ် ဝက်ခေါက် မုန့်ဖတ် ဝက်သားချောင်း ပုဇွန်အကောင်ကြီးနဲ့
ဂဏန်းတွေနဲ့ထောင်းတာ တပွဲကို ဘတ် ၃ဝဝ ကြီးများတောင် ပေးရတယ်..ဈေးကြီးထှာ..
 ထိကရုန်းရွှက် တွေဘာတွေနဲ့တို့စားကြတာပေါ့..အသေစပ်တယ်ဗျာ...
ငါးခူမွကြော်...နဲ့ ကန်စွန်းရွှက်ကြော်..ဒါလောက်ပါဘဲ..ဒီတခါတော့ ဘတ်တထောင်ကျော်ကျသွားတယ်ဗျို့..
နောက်နေ့တော့ တနင်္ဂနွေနေ့မို့လို့ သူတို့ကို Chatuchak weekend market ကိုခေါ်သွားတယ်။အဲ့ဒီဈေးက
စနေတနင်္ဂနွေဘဲရောင်းတာ။ သွားမယ်ဆိုရင်လည်း အထဲဖက်ကဆိုင်တွေမှာစားဖို့ စိတ်မကူးပါနဲ့ 
ထိုင်စရာ မရှိတတ်ပါဘူး..။အပြင်က လမ်းတဖက် တလောျက်လုံးကဆိုင်တန်းလျားတွေမှာသာထိုင်ပြီးစားလိုက်ပါ။စားားလို့လည်းကောင်းတယ်..ပန်းခြံနဲ့ကပ်ရပ်နေရာတွေနားမှာပါဘဲ..။ကိုယ်တော့ ငါးအုန်းနို့မုန့်တီပေါ့...။
ဘာဖြစ်လို့လည်းမသိဘူး..အရမ်းကြိုက်တာဘဲ..။
 ဝက်သားအီစန်စတိုင်သုတ်..ကောက်ညှင်းပေါင်း..။
 အီစန်စတိုင် ဝက်ချဉ်စပ်ဟင်းရည်...
 သဘော်သီးထောင်း..ကဲ..လျှာလည်သွားပြီမဟုတ်လား...နွေပူပူလောင်လောင်မှာ ဒီလိုလေး စားပေးမှ..
အထဲဖက်ကဆိုင်တွေထဲမှာ ဒီ ဘိုကြီးရဲ့ဆိုင်ကတော့ တကယ်လူအပြည့်ပါဘဲ..ဟင်းချက်တာလည်း ထူး ဆန်းတယ်။ အဲ့..ဒယ်ပြားထဲကြက်သား ငရုတ်သီး ဆနွန်းတွေ ဆား ဆီတွေ အားလုံးတခုပြီး တခုပစ်ထဲ့ ချက်နေတာဘဲ တွေ့ခဲ့တယ်..အဲ့ လောက်ဆိုကိုယ်လည်းဖြစ်တာဘဲ..ကွ.. ထမင်းဆိုင်ဖွင့်စားတော့မယ်..ဟီး

အဟဲ..တနေ့နဲနဲပေါ့နော်..
စားစရာတွေလာပါအုံးမယ်လေ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Wednesday, March 11, 2015

ဘန်ကောက်ဆင်ခြေဖုံးဒေသမှအစားအသောက်များ..

မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့လက ရာသီဥတုအရမ်းအေးတာရယ် ပစ္စည်းတွေသိမ်းနေတာရယ် နှာတွေစေး ခေါင်းတွေကိုက်တာ
ရော အလုပ်ကနေခွင့် ၂လယူတာမရလို့ အလုပ်ကနေ ခပ်တည်တည်ဘဲ အနားယူလိုက်တယ်လေ..။ 
ဘာ မှလည်းမရေးဖြစ်ဘူး။၂လလောက် ဘန်ကောက်နဲ့ မြန်မာပြည်ပြန်မလို့ ခုတော့ 
ဘန်ကောက်မှာသောင်တင်နေပါတယ်။ အပူချိန် -20'C ကနေ -10'C ပတ်ဝန်းကျင်မှာ 
ခဲမတတ်ဖြစ်နေရာက ရုတ်ချည်း 30'C လောက် 92'F ပတ်ဝန်းကျင်ကိုခံစားရတော့ 
အော်...ငရဲဆိုတာကို နဲနဲသဘောပေါက်လာသလိုပါဘဲရှင်...။

ဒီဘန်ကောက်ရောက်ပြီး မယ်ငီးခန္ဓာကိုယ်ကလည်း ကျူံ့ရာကနေပွလာတာပေါ့။ တချိန်လုံး ကောက်ညှင်း
ကျည်ထောက်လို အထပ်ထပ်ပတ်ထားရတဲ့ ဘဝကနေချက်ခြင်းလွှတ်မြောက်သွားရတာကို အရမ်းအရသာ
ရှိတယ်လို့ထင်မိတာဘဲ။အင်္ကျ ီတိုပါးပါးလေးတွေနဲ့ ဘောင်းဘီတိုတွေ စကဒ်တွေနဲ့ နေပူပူထဲမှာ
လမ်းသလားနေရတာ ကိုယ့်ကိုယ်ကိုတော့ အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းကွိ လို့တောင်အောင်းမေ့မိပါတယ် :P

BKKရောက်ရင် အားလုံးသိကြတဲ့အတိုင်း ကိုယ်တို့တွေ အစားဘဲငမ်းကြောထကြပါတယ်...။ မနှစ်ကကျမ
မပြန်ဖြစ်ဘူးလေ။ ၂ဝ၁၂ နှစ်ကုန်ပိုင်းနဲ့ ၂ဝ၁၃ နှစ်ဆန်းပိုင်းကမြို့လေးကို ၄ လပြန်ဖြစ်ခဲ့တယ်။ အဲဒီတုံးက
တောင်ဘန်ကောက်ကစားစရာများဆိုပြီး အာလူးတွေတလှေကြီးပေးဖူးခဲ့ပါကောလား..။ ဒီတခါလည်း...
အဲ့ဒီဟာရဲ့ အဆက်ဆိုပါတော့ဗျာ...အဟီး..နောက်ပြီးမြို့တော်ထဲက မြင်နေကြ အစားအစာတွေမဟုတ်ဘဲ
ဇနပုဒ်ခေါ်မလား ဆင်ခြေဖုံးလို့ဆိုရမလား..အဲ့ဖက်က အကြောင်းတွေပြောပြမယ်..။

ကျမ တခါကပြောဖူးပါတယ်။ ကျိုင်းမယ်မှာ အတူတူအလုပ်လုပ်ခဲ့ဖူးတဲ့ ထိုင်းသူငယ်ချင်းနဲ့ပြန်တွေ့တာလေ။
အခုလည်း သူက အတင်းခေါ်တာနဲ့ သူ့ဆီမှာ ညအိပ်သွားလည်ပါတယ်။ သူတို့နေရာက အခု သုဝဏ္ဏဘူမိ
လို့ခေါ်တဲ့လေယာဉ်ကွင်းအသစ်ပြေးလမ်းရဲ့ တဖက်မှာ ရှိတယ်။ အရင်ကတော့ လယ်ကွင်းတွေပေါ့။နောက်
တော့လေယာဉ်ကွင်းအသစ်လာဆောက် စက်မူ့ဇုံတွေ လာတည်တာပါ။ ကိုယ်တို့ဆီကနဲ့ မတူတာတခုက
အစိုးရတွေက မြေအလကားမသိမ်းတတ်ပါဘူး..။ လိုချင်ရင်မူလပိုင်ရှင်တွေဆီကဝယ်ယူပါတယ်။ 
လယ်မြေ ယာမြေအားလုံးလည်းဂရံတွေရှိကြတယ်လေ။ ကျမသူငယ်ချင်းနေတာ စက်မူ့ဇုံနယ်မြေမှာပါ။ 
သူတို့ကစက်ရုံရှိတယ်။ စက်ရုံနဲ့ကပ်ရပ်မှာဘဲ အိမ်ဆောက်ထားတယ်။ မြို့ထဲကအိမ်ကိုသော့ပိတ်လို့ 
စက်ရုံမှာဘဲနေတာတဲ့။ အနီးအနားပတ်ဝန်းကျင်မှာလည်း စက်ရုံအလုပ်ရုံတွေချည်းပါဘဲ။ 
ကျမသူငယ်ချင်းစက်ရုံနဲ့ကပ်ရပ်မှာနေကြ တဲ့သူတွေကလည်း မူရင်းဒေသခံတွေများပါတယ်။

သူတို့တွေက မြေကွက်တွေပိုင်းရောင်းပြီး ကျန်တာတွေ အခန်းငယ်လေးတွေ တန်းလျားတွေဆောက်အခန်း
ဌားစားတာပေါ့ရှင်။ ပြီးကုန်စုံဆိုင်လေးဖွင့်အနီးပတ်ဝန်းကျင်က အလုပ်သမားလူတန်းစားထုကြီးကိုလက်ငင်း
ရော အကြွေးနဲ့ရော ရောင်းပေးတယ်တဲ့။ အလုပ်သမားတွေဆိုတာလည်းများသောအားဖြင့် ထိုင်းနိုင်ငံ
အောက်ဖက်ဒေသ(မလေးရှားနဲ့ကပ်ရပ်) နဲ့ ကျမတို့နိုင်ငံက လူတွေချည်းပါဘဲ။ မလေးရှားနဲ့ကပ်ရပ်ဒေသမှာ
နေတဲ့သူတွေလည်း မြန်မာနယ်စပ်မှာ နေတဲ့လူတွေနဲ့ဘဝချင်းတူကြပါတယ်။ နယ်မြေမအေးချမ်းဘူးလေ။
ဒီတော့ ရေကြည်ရာမြက်နုရာကိုရှာကြရတာပေါ့။ သူတို့ဖက်ကပိုဆိုးဝါးပါတယ်။ စာသင်ပေးတဲ့ဆရာမနဲ့ ဗုဒ္ဓ
ဘာသာကိုရင်ဘုန်းကြီးတွေဆိုရင် ဗုံးထောင်ပြီး လိုက်သတ်တာတဲ့။ စစ်သားအစောင့်နဲ့ နေရတာ..။

အဲ..စားစရာအကြောင်းကနေ..ဘယ်သောင်ဘယ်ကမ်းလှမ်းမှန်းတောင်မသိတော့ဘူး။ ပြန်ဆွဲခေါ်လာမယ်
နော်..။ ကဲ..စက်ရုံဒေသကနေအစပြန်ကောက်ရအောင်...။ အရင်ကလယ်ကွင်းတွေဆိုတော့ ချောင်းတွေ
မြောင်းတွေပေါများတာပေါ့။ ကျမတို့ရန်ကုန်ကနေဆိုရင် ပဲခူးအလွန် ငါးရံခြောက်တွေထွက်တဲ့အရပ်ဒေသ
လောက်ဆိုရမှာပေါ့..။ ပျဉ်ပုံကြီးရွှာလို့ခေါ်တယ်လေ။ အဲ့..လိုနေရာမျိုးနဲ့ခပ်ဆင်ဆင် ဆိုပါတော့ရှင်...။

အဲ့..မှာနေတဲ့သူတွေဘန်ကောက်မြို့ထဲကို တသက်နဲ့တကိုယ် ၁ ခါဘဲရောက်ဖူးတာတို့တွေလည်းရှိတယ်။
နဲနဲကျေးလက်ပိုဆန်တယ်။ မြို့တော်ဘန်ကောက်သူတွေလို ပါးပါးလျှလျှကိုယ်လုံးလေးတွေ တိုကပ်ကပ်ဝတ် တတ်တဲ့ လူတန်းစားတော့ မဟုတ်ဘူးပေါ့။။ဒီလိုမျိုး အမေရိကား နယူးဂျာစီမှာလည်း တွေ့ဖူးတယ်။ နယူး
ယောက်နဲ့နယူးဂျာစီ မြစ်ချောင်းလေးဘဲခြားတာ တံတားကျော်ရင်ရောက်တာကို တခါမှမရောက်ဖူးတဲ့ သူ
တောင်ရှိပါတယ်တဲ့။သူတို့ဘဝနဲ့ သူတို့တော့ ဟုတ်နေတာဘဲ။ ကိုယ့်ဘဝနဲ့ကိုယ်ကျေနပ်နေ ရင်ပြီးတာပါဘဲ
လေ။ ဘာများလိုအပ်နေသေးလဲ ..နော့်..။

မယ်ငီးရောက်သွားတော့ သူငယ်ချင်းရဲ့အိမ်နီးနားချင်းတွေက အိမ်ခေါ်ပြီးထမင်းတွေကျွေးကြတယ်။ ဒီက လည်း အားနာနာနဲ့တုတ်တာပေါ့ရှင်။ ဒီ ထိုင်းလူမျိုးတွေ တကယ်ဘဲ အပြင် အစားအစာကြိုက်ကြတာဘဲ။ မနက်မိုးလင်းကနေ မိုးချုပ် ဝယ်စားလို့မဆုံးတော့ဘူး။

မနက်စာကို မယ်ငီးအတွက် ကွေကြပ်လို့ခေါ်တဲ့ခေါက်ဆွဲအလိပ်ချောင်းသေးသေး နဲ့ ဝက်အူ ဝက်သားတွေ
သာမက ကြက်ဥတခြမ်း ဝက်သွေးတပိုင်း မျှစ်တချောင်း ပဲပြားကြော်တခြမ်း အမယ်ကတော့ အစုံပလုံ မျိုးစုံ ပါတယ်..အရသာကနဲနဲချိုပါတယ်။ ဝယ်ကျွေးတယ်လေ။ အချဉ်ရည်များများလေးထည့်စားရင်တော့ အရမ်း စားကောင်းတာပေါ့ရှင်။တရုတ်အစားအစာတခုပါဘဲ။ ထိုင်းမှာတော့ နံမည်ကြီးတယ်။ တရုတ်သွေးပါတဲ့ ထိုင်းတွေမနက်စာ အဖြစ် စားတတ်ကြတယ်။သူတို့အပြောဝက်သွေးက အူထဲကအမှိုက်တွေကို သန့်စင်ပေး တယ်..တဲ့ @_@

နေ့လည်ခင်းဆိုတော့ အထောင်းမျိုးစုံပေါ့။ ပဲသီးထောင်း သခွားသီးထောင်း သဘောၤသီးထောင်း..
အားလုံးကို မုန့်တီဖတ်တွေနဲ့ ရုးရှဲစားကြတယ်။ မယ်ငီးတော့ ၃ လုတ် လောက်စားပြီး အိမ်နောက်ဖေး
ပြေးရတာတန်းနေတာဘဲ..ဟီး..။


ငပိရည်ကျိုတဲ့ ငပိတွေ ဆားရည်စိမ်ဂဏန်းလုံးတွေလည်းပါတယ်။ အနံ့ကတော့ ဟောင်နေတာပေါ့။ ညစာ
လည်းဝယ်စားဘဲ..ငပိထမင်းတဲ့..။ မိတ်ဆွေများ ဒီငပိထမင်းကိုသိကြမှာပါလေ..။ ကျမတော့အတော်ကြိုက် တယ်။ ငပိပါတော့ အရသာကလေးတယ်။ သရက်သီးချဉ်တာရယ် ဝက်သားရဲ့ အချိုရယ် ကြက်ဥအစိမ့်အရ သာရယ် ကုလားအော်သီးသေးသေးလေးကိုက်မိတဲ့အခါ အရသာအားလုံးပြည့်စုံသွားတာဘဲ..။

နောက်မနက်ကျတော့ သူတို့ပတ်ဝန်းကျင်က စားစရာတွေ နံမည်ကြီးတာတွေလိုက်ကျွေးပါတယ်။ ร้านก๋วย เตี๋ยวต้มยำริมคลองวัดศรีวารีน้อย မြန်မာလို ချောင်းနှာဘေးကချဉ်ငံစပ်တုံယမ်းခေါက်ဆွဲဆိုင်တဲ့ အရမ်း နံမည်ကြီးဆိုဘဲ။
ဒါကတော့ ဝက်သားလုံးနဲ့ဝက်သားချဉ်စပ်ဂျုံခေါက်ဆွဲ..
ကျမက ပင်လယ်စာချဉ်စပ် ဂျုံခေါက်ဆွဲမှာစားတယ်။
သူငယ်ချင်းက ပင်လယ်စာဆန်ခေါက်ဆွဲ ချဉ်ငံစပ်..
အရမ်းစားကောင်းလွန်းလို့ ဆန်ခေါက်ဆွဲအရည်မပါ ပင်လယ်စာအသုပ်သဘော လိုက်ပွဲဆွဲရသေးတယ်။
အဟဲ..သူငယ်ချင်းနဲ့မျှစားတာပါ။

သူတို့ဆိုင်ရှေ့ စားသောက်ဆိုင်
ဆိုင်လေးက မြင်နေကြ တကဲ့ဆိုင်ကြီးခန်းခန်းနားနားမဟုတ်ဘဲ..အရသာက ၁ဝ မှတ်အပြည့်ပေးလိုက်ရ
တယ်။ ခေါက်ဆွဲသူရဲ မယ်ငီး ဟင်းရည်ကောင်းမကောင်း ကြည့်တာနဲ့ကိုသိတယ်..။ ဆီတွေဝေ့တက်ပြီး ကြက်သွန်မြိတ်ဖတ်လေးတဖတ် နှစ်ဖတ်လောက် ပေါလောမျောနေတဲ့ ဟင်းရည်ချပေးတတ်တဲ့ ရန်ကုန်က
ရှမ်းခေါက်ဆွဲဆိုင်တွေကို ဒီတခါ ဝှေါင်ဝှေါင်ဆွေး ဝေးဝေးရှောင်တော့မယ်..လျှာအရသာလေးပျက်သွားမှာ
စိုးလို့.. ^_^
ဆိုင်ရှေ့က မြစ်ချောင်းလေးရှိတယ်..။ အဝင်က ဆိုင်နောက်ကနေဝင်ရတာ..
ခေါက်ဆွဲဆိုင်နေရာလေးပါ...မိတ်ဆွေများ လမ်းကြုံရင် သွားစားကြပါလို့..လက်တို့လိုက်ပါတယ်..။ အော်..
ခေါက်ဆွဲမစားချင်ရင် သူတို့ဆိုင်မှာ ဝက်ခေါက်ကင် ဝက်သားနီ ထမင်းလည်းရတယ်။ ဘဲဥပြုတ်တခြမ်ထည့်ပေးတယ်..
အရသာကတော့ အထူးပြောစရာမလိုဘူး..ဂွတ်ထဂွတ်ထ..ပါဘဲ..

နောက်လေယာဉ်ကွင်းနဲ့နီးပြီး နံမည်ကြီးတဲ့ဆိုင်တခုကတော့ Koh lan Tar Bar and restaurant ပါ။ 
လွန်ခဲ့တဲ့ ၂နှစ်ကျော်အချိန်က သူငယ်ချင်းတို့က ကျမကိုအတင်းကျွေးချင်နေကြတာလေ...။
ဒီကလည်း ပြန်ဖို့လေယာဉ်ကွင်းဆင်းခါနီး..ပေါ့။လေယာဉ်ကွင်းကို အစောကြီးသွားပြီးအပြင်ပစ္စည်းတွေ
အပ်တဲ့နေရာမှာ အားလုံးအပ်ခဲ့ပြီးမှ သူတို့ကားနဲ့ အဲဒီဆိုင်ကိုသွားစားကြတာပါ။ ညကြီးလူတွေများလိုက်တာ
ဆိုင်ကလည်းကြီးမားကျယ်ပြန့်တယ်။ ကျွန်းလေးလိုဟိုတစုဒီတစုနဲ့ မီးရောင်မှိန်မှိန်လေးလေးတွေနဲ့အတော်
လှတာပါ။ ကျမအတွက်မဟာပြသာနာတခုက ကင်မရာကို ပစ္စည်းအပ်တဲ့အထဲ ထည့်ထားမိလိုက်တယ်လေ
ဒီတော့ ဒါတ်ဒါတ်လေးတွေနဲ့ ပြပေးလို့မရဘူးပေါ့။ဟင်းတွေကလည်းသိပ်အထူးဆန်းကြီးတော့မဟုတ်ပါဘူး 
ကာရာအိုကေအခန်းတွေ ဧည့်ခံပွဲတွေလုပ်ဖို့နေရာအကျယ်ကြီးရှိတော့ညတိုင်းအထူးဘဲစည်ကားလှပါတယ်

ဒီတခါတော့ သူငယ်ချင်းပြောပြတယ် ဟင်းတွေလည်းညံ့လာပြီး ဈေးကမတရားကြီးလွန်းတယ်တဲ့။ 
ကျမ တို့ကိုကျွေးတုံးက ၅ဝဝဝ ဘတ်နီးပါးပေးရတာ..။ လူ ၄ယောက်စားတာ အရက်မပါဘဲ ကိုယ်တို့ကလည်း
ခရီးဆက်ရမှာကတဖက်ဆိုတော့ လူလည်းစိတ်သိပ်မပါဘူးလေ။

သူငယ်ချင်းတို့ အုပ်စုက တကယ်အစားသောင်းကျန်းတယ်။ မယ်ငီးတူမလေးနဲ့တွေ့ဖို့ မြို့ထဲရောက်တုံးဆို
ပြီး ပေါက်ပေါက်ဆုပ်( အနောက်နိုင်ငံမှာတော့ တကယ်ပေါပါတယ်) ချိစ်တွေ ချောကလက်တွေနဲ့ လူးထား
တဲ့ မုန့်လေ..။ အဲဒါကို ၂၅ဝဝ ဘတ်ဖိုး အိမ်ဝယ်ပြန်တယ်...။ မယ်ငီးတော့ ပါးစပ်ဟောင်းလောင်းထလေ
သည်ပေါ့...မြန်မာငွေနဲ့တွက်ကြည့်ရင် ၇ သောင်းကျော်ဖိုးရှိနေပါကောလား..
ဖယားဖယား..ပေါက်ပေါက် ဆုပ်လေးများ..


နောက်တခုရှိသေးတယ်...မယ်ငီးသွားအိပ်တဲ့ညက ရှင်ပြုအလှုရှိလို့ သူတို့သွားကြတယ်။ သူဌေးတယောက်
ရဲ့အလှုတဲ့။ ရှင်ပြုအလှုကလည်း ညစာကျွေးတာတဲ့ တရုတ်စားပွဲဝိုင်းတွေနဲ့ဆိုဘဲ ပွဲပေါင်း ၃ဝဝ တဲ့။ အလှုက
သိန်းချီ သန်းချီတောင်ကုန်တယ်ဆိုဘဲ။ စတိတ်ရိူးလည်းပါတယ်တဲ့..။ အော်..သူ့တို့ဓလေ့ထုံးစံ...ပေါ့..။

ကဲ..ဒီစားကြောခရီးက အစဘဲရှိသေးတာ..ဟင်းဟင်း...အချိန်မရှိလို့ မနဲအံကြိတ်ပြီး မိတ်ဆွေများကိုဘန်
ကောက်ကနေနူတ်ဆက်ချင်လို့ ညကြီးမင်းကြီး အာလူးပေးလိုက်ပြီနော့်....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး