Thursday, December 25, 2014

ကြုံဖူးခဲ့တဲ့ customer တွေရဲ့အကြောင်း ၂

မင်္ဂလာပါရှင်~~~
ထိုင်းမှာနေခဲ့ဖူးပေမဲ့ ထိုင်းရဲ့ပညာရေးစနစ် သေသေချာချာမသိခဲ့တာကတော့ အမှန်ပါဘဲရှင်။ အလုပ်လုပ်စဉ် ကာလတလျောက်မှာတော့ အလုပ်ခွင်ထဲ ထရိန်းနင်သဘောမျိုးနဲ့ တက္ကသိုလ် ကောလိပ်ကျောင်းသူကျောင်း
သားတွေအုပ်စုလိုက် ၂ပတ်ကနေ တခါတလေလည်း၂လနီးပါးလောက် အလုပ်ဆင်းကြတာတော့ မြင်တွေ့
ခဲ့ရပါတယ်။ အဟဲ..အဲဒီအချိန်မှာ အီကိုယ်တို့က ဆြာမကြီးဝင်လုပ်ရတယ်လေ။ သူတို့တွေနဲ့စကားပြောဖြစ်
ပြီး ခင်မင်သွားကြတယ် ဆိုပါတော့။ ပိတ်ရက်ဆို သူတို့အိမ်ကို အလည်ခေါ်တာပေါ့။ ဒီကလည်းလမ်းကြော
ရှည်တယ်ရှင့်။ ခါးထောင်းကျိုက်ခါ ဆိုက်ဆိုက်ပါအောင်လိုက်ပါတယ်လေ..း)))

သူတို့အိမ်သားဆွေမျိုးသားချင်းတွေမကျန် အသိအကျွမ်းတွေဖြစ်လို့ တချို့ကလည် တောသူဋ္ဌေးဆိုပါတော့။
ဒီလိုနဲ့ မယ်ငီးလည်း ကျောက်တွေရောင်းချစရာနေရာတိုးလာတာပါ..။ အဲဒီအထဲမှာ အမဲသားလုံးစက်ရုံပိုင်
ရှင်၊ longan fruit{(ရှမ်းလို မာ့ခ်လမ်းယိုင်း) ထိုင်းတွေလည်း လမ်းယိုင်းဘဲခေါ်ပါတယ်} ခြံပိုင်ရှင်၊ အထည် ချုပ်( ကိုယ်တို့ဆီက သိမ်ကြီးဈေးအထည်တွေလိုလေ တောအကြိုက်ချုပ်ပြီး ဈေးထဲပြန်သွင်းတာ) ပန်းတိမ်
ဆရာ ဒီလိုမိသားစုတွေကကနေ ပေါက်ဖွားလာတဲ့ ကောလိပ်ကျောင်းသူလေးတသိုက်နဲ့တော်တော်ခင်မင်
မိပါတယ်။ နောက်တော့လည်း သူတို့မိသားစုတွေက ကိုယ်ရဲ့ ဖေါက်သည်ကြီးဖြစ်လို့ပေါ့..။

ကျိုင်းတုံမှာတော့ အမဲသားလုံးခေါက်ဆွဲဆိုင်တွေဆိုရင် ကိုယ့်ဖာသာကိုယ်ဘဲ အမဲသားလုံးလုပ်ကြတာပါ။
ထိုင်းမှာတော့ အသင့်လုပ်ထားတဲ့အထုတ် ကွာလတီအဆင့်အတန်းရွှေးပြီး ဝယ်ယုံပါဘဲ။ အကြောအရွှတ်
တွေချည်းနဲ့လည်းရတယ်လေ။ အသားချည်းချည်းဘဲဆိုရင် ဂွတ်ရှယ်ပါ့။ နောက်တော့မှ ဂျုံရာခိုင်နူန်းအရော
များများတွေက ရာဘာပြားဝါးရသလိုပေါ့လေ။ ဈေးလည်းအတော်ချိုတာပေါ့။ ထိုင်းမှာက အမဲသားလုံးကြော်
တွေ ကွေ့သယိုခေါက်ဆွဲဆိုင်တွေပေါသကိုး..။တချို့ဆိုင်က အမဲသားလုံးများလက်သီးဆုပ်လောက်ကိုကြီး ပါတယ်။ သံလုံးတွေနဲ့ အမဲသားလုံးရိုက်တဲ့ ပုံစံနဲ့ဘဲမြင်ခဲ့ဖူးတဲ့ ကျိုင်းတုံတောသားကတော့ စက်ကြီးတွေ
ဂျုံးဂျုံးဂျက်ဂျက်နဲ့ နောက်ဆုံးအလုံးလေးတွေ ပလပ်စတိတ်ထဲရောက်တဲ့အထိ အဆင့်ဆင့်လုပ်နေကြတာကို ပါးစပ်လေး ဟောင်းလောင်းဟလို့ငေးမော အံသြကြည့်လာခဲ့တာပေါ့။ (အဲ့..အချိန်ခါကလည်း ဒါတ်ပုံရိုက်

ခြင်းရောဂါသိပ်မထသေးလို့ နော့..နို့မို့ရင် ဒီအချိန်ပြခွင့်ရပြီး..ဟင်းဟင်း)
ကျိုင်းတုံဈေးထဲကအမဲသားလုံးကိုသံလုံးနဲ့ရိုက်နေတဲ့ပုံ
နဲ့အသားကိုရေနွေးပွက်ထဲထည့်နေတဲ့ပုံ..
စကားမစပ် ပြောရရင် ထိုင်းတွေကျိုင်းတုံရောက်ရင် မလုပ်မဖြစ်တဲ့ အရာတခုက ကျိုင်းတုံအမဲသားလုံး
ခေါက်ဆွဲ စားကိုစားကြတယ်။ လတ်လတ်ဆတ်ဆတ်အသားနဲ့ ဆိုင်ရှေ့မှာဘဲ သံလုံးတွေနဲ့ရိုက်ပြီး အမဲသား လုံးတာလေ။ သူတို့တွေဆီမှာက ဒါမျိုးတွေ မရှိတော့ဘူးလေ။လောလောဆယ် ကျမတို့ဆီက ရှေးရိုးအတိုင်း သွားလာစားသောက်နေတာကိုက ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်တဲ့ အရာတခုဖြစ်နေတယ်လေ။ ကျမသူငယ်ချင်းမလေး အမဲလုံးစက်ရုံပိုင်ရှင် သမီးလေးတော့ အမဲလုံး လုံးဝမစားပါဘူးတဲ့..။နေ့တိုင်းမြင်ပြီး
အနံ့ရူနေရလို့ သေချင်စော်နံ့နေပါသတဲ့...။ အဟဲ...သွားတိုင်းကျွေးယုံတင်မကဘူး။ အိမ်အပြန်တောင်အ ထုပ်လေးနဲ့ပေးလိုက်လေရဲ့... ။


နောက်တယောက်ကတော့ မာလမ်းယိုင်း..(ဗမာလိုအခေါ်မသိဘူး..တချို့ကတော့ ကနစိုသီးဆိုလားဘဲ)
ခြံ..သူ့ခြံတွေကအများကြီး လမ်းပန်းဖက်မှာလည်းရှိတယ်။ ခြံအကျယ်ကြီး တမျော်ခေါ်ပါဘဲ။ သူတို့ခြံကို
အတင်းခေါ်တယ်။ ပြီးလမ်းပန်းဖက်ကခြံတွေလည်းရောက်သွားတယ်။ အသီးသီးချိန်ဆိုရင် အပြန် ပစ်ကပ် ကားအနောက်ဖက်မှာအပြည့်ချိုင်ထည့်လာတာ..ကိုယ်ကတော့မသိဘူး။ အိမ်ရှေ့ရောက်တော့ အတင်းဘဲ
အားလုံးချထားခဲ့လိုက်တယ်..မှတ်ကရောဘဲ..တရွှာလုံးကူစားရမဲ့ပုံ..။ ကိုယ့်ကို ပစ္စည်းကြည့်ချင်လို့ဆိုပြီး ညှာခေါ်တာလေ..။ စိန်သေးသေးလေး ကျောက်စိမ်းသေးသေးလေးတလုံးလောက်ဝယ်ပြီး မနက်မိုးလင်း ကနေမိုးချုပ် တနေကုန် သူတို့လိုက်ပြတဲ့နေရာတွေကို လှည့်ပတ်ကြည့်ရူခဲ့တာပေါ့။ အင်း..သူတို့က မယ်ငီး
တောသားကို ခင်ကြတာလေ..ဒီကလည်း အဖိုးက ယွန်းရှမ်းဆိုတဲ့ ပုံပြင်ပြောပြတော့ အမျိုးတွေဆိုဘဲ.. သူတို့ကယွန်းတွေလေ..။ ရှိသမျှ ဆွေ ၇ ဆက်မျိုး ၇ဆက်နဲ့ကို မိတ်ဆက်ပေးတော့တာဘဲ..။အဲတုံးကတော့
ထိုင်းမြောက်ပိုင်းလန်းနားစကား (ခွမ်းမိန်း) ကိုတော်တော်ပြောနိုင်ခဲ့သေးတယ်။ အဲဒီစကားနဲ့ သူတို့ကိုပြော
ရင်အရမ်းသဘောကျတာဘဲ။ သူတို့ထဲကတယောက်က မွေးနေ့တဲ့ ပါလာတဲ့ ကျောက်စိမ်းသေးသေးတလုံး ကို ကဲ..မွေးနေ့လက်ဆောင်လို့ပေးလိုက်တော့ ဘယ်ပြောကောင်းမလဲ..မယ်ငီး စူပါစတားကြီးဖြစ်လို့ မွေး
နေ့တိုင်း မင်္ဂလာဆောင် အိမ်သစ်တက် အားလုံးအမြဲလာလာဖိတ်နေလို့ မနဲလှည့်ပတ်ပြေးခဲ့ရဖူးသေးတယ်
လေ။ အဟီး...။

အထည်ချုပ်တဲ့အိမ်ကတော့ အထည်တွေတောင်ပုံရာပုံ..။ဆယ်ထည်ဈေးချုပ်တာပေါ့..။အကြမ်းထည်တွေပါ။
တအိမ်လုံးလုပ်ရတယ်။ ကြက်သီးတပ် ချည်စဖြတ် အထည်ခေါက်နဲ့ တအိမ်လုံး ပွထနေတာမယ်ငီးနှာခေါင်း
ရောဂါကလည်း ဟပ်ချိုးတာပေါ့...အိမ်ထဲစဝင်တာနဲ့ ဟပ်ဟပ်ကနေ...ချိုးလို့အသံဟိန်းကနဲထွက်ရတာဘဲ..။
သူတို့ကြည့်ချင်တဲ့ပစ္စည်းတောင် သိပ်မထုတ်ပြနိုင်ဘူး..အသက်ရူရခက်နေလို့ အပြင်ထွက်ပြီး အသက်ပြန်ရူ
နေရတာ..။ နှာရောဂါလေ..အမူန့်အမွှားတွေနဲ့တွေ့လို့တော့ မယ်ငီးရုပ်ပျက်တာဘဲ..ဟွန့် :((

ဒီတယောက်ရဲ့ အဖွားကတော့ ထိုင်းလမ်..လို့ခေါ်တဲ့ ရှမ်းနက်လူမျိုးတဲ့..။ တချို့အသုံးအနူန်းတွေက ကျိုင်းတုံ
ဂုံရှမ်းနဲ့တော်တော်ဆင်တယ်။ ဥပမာ ဖိနပ်ကို လန်းနားရှမ်းတွေက ကေအ(အ်) လို့ခေါ်ပေမဲ့ သူတို့က ကိုယ်တို့လို ခတ်(ပ်)တင်း..တဲ့။ သူတို့က ပန်းတိမ်ဖိုအလုပ် နဲ့ လန်းနားအစားအစာတွေကို ချက်ပြုတ်ပြီး
ဈေးမှာရောင်းတာပါ။ ဒီမှာလည်း စကားမစပ်ပြောချင်ပါသေးတယ်(အဟီး..ခဏခဏ စကားစပ်နေတာဘဲ
နော်..) ရွှေထည် ငွေထည် အဲဒီအကြောင်း ရေးထားတဲ့ စာအုပ်တခုမှာ (စာရေးသူက အနောက်နိုင်ငံသား ပါ) ရွှေထည်တွေကိုအနုစိပ် လက်ရာမြောက်စွာစတင်လုပ်ကိုင်တာက ယွန်းရှမ်းလူမျိုးလို့ဆိုပါတယ်။ ယွန်း ထည်လည်း သူတို့ဘဲလုပ်ခဲ့တာလေ။ ဗမာမင်းတွေ ထိုင်းကိုသိမ်းပြီး ပညာရှင်တွေ ဖမ်းခေါ်သွားတော့ယွန်း
ထည်ပညာလည်း ပါသွားပြီး မြန်မာပြည်မှာ ယွန်းတွေလုပ်တဲ့ ပစ္စည်းမို့ ယွန်းထည်လို့ ခေါ်တယ်လို့သိခဲ့တာ
ဘဲ။ ထိုင်းတွေကျတော့ "ခလိမ့်ခင်"เครื่องเขิน Kherụ̄̀xngk̄hein လို့ခေါ်ကြပါတယ်။ "ခင်" ဆိုတာ ဂုံရှမ်း
ကိုဆိုလိုတာပါ။ ရှမ်းမျိုးနွယ်ဆိုတာကလည်း တရုတ်ယူနန်ပြည်နယ်မှာ ဖြစ်ဖျားခံပြီး ဆင်းသက်လာကြတော့
တရုတ်ပြည်က ယွန်းထည်တွေကို အဲ ရှမ်းတွေကဘဲ စတင်လုပ်ခဲ့သလားဆိုတာကိုတော့ မယ်ငီးလည်း မသိသေးပါဘူးလေ။ ထပ်လေ့လာကြည့်ုရပါအုံးမယ်။ ရှေးအကျဆုံးယွန်းထည်တွေကတော့ တရုတ်ပြည် မှာလုပ်ခဲ့တာပါ။ အော်..ဟိုစာအုပ်ကတော့ တခါက မယ်ငီးပိုင်ဆိုင်ခဲ့ဖူးတာပေါ့။ ဟိုပြောင်းဒီရွှေ့နဲ့ ဘယ်
ရောက်လို့ ဘယ်ပျောက်သွားခဲ့မှန်းတောင်မသိတော့ဘူး..။

သွားလည်ပြီး အဝတီး စီးပွားရေးဈေးကွက်ဖွင့်ခဲ့တဲ့နေရာတွေထဲမှာတော့ အဲဒီနောက်ဆုံးက ပန်းတိမ်ဖိုအိမ်
ကအမိုက်ဆုံးပေါ့..။သူတို့ဝယ်မဝယ်လည်း မယ်ငီး စိတ်မပူဘူး..သူများတွေချက်ပြုတ်တာတချက်ကြည့်လိုက်
ပန်းတိမ်ဆရာတွေနဲ့ လေပေးလိုက်။ ချပေးတာတွေစားလိုက်နဲ့ အရမ်းပျော်ခဲ့တာဘဲ...။

ပျော်ရွှင်စရာ ခရစ်စမတ်ကာလများဖြစ်ပါစေနော်...
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
(တခါတုံးက ကျိုင်းတုံအမဲလုံးခေါက်ဆွဲအကြောင်းရေးဖူးပါသေးတယ်။ ဒီနေရာမှာ ဖတ်နိုင်ပါတယ်ရှင်)

Saturday, December 20, 2014

ကြုံဖူးခဲ့တဲ့customer တွေရဲ့အကြောင်း

မင်္ဂလာပါရှင်~~~
အလုပ်လုပ်ဖူးခဲ့တဲ့ကာလသက်တမ်းတွေကိုပြန်တွေးပြီးတွက်ကြည့်လိုက်တော့ ဈေးရောင်းသူအဖြစ်က
ပိုများနေတာကိုး...။ ပုံမှန်က လူအများစုဝေးနေကြတဲ့နေရာတွေ ဘာတွေဆိုရင် ရှောင်တယ်။ လူတော
သိပ်မတိုးဘူးဆိုပါတော့။ ဒါပေမဲ့လည်း ကျင်လည်ခဲ့ဖူးတဲ့ဘဝတလျောက်မှာလည်း ဈေးသည်ကြီး ကိုဆန်နီ
ဇာတ်ကခဲ့ရတာချည်းပါဘဲ။ဈေးသည်ကြီးမဆန်နီဖြစ်ခဲ့တုံးက အကြောင်းလေးဖေါက်သည်ချအုံးမှ၊ဈေးသည်
အပြင် စာကျက်ဝိုင်းဆရာမရော ဂိုက်Guide လိုက်တာရော ဆွယ်တာထိုးတာတောင်ပါလိုက်သေးး)))
လူအများနဲ့တွေ့ထိဆက်ဆံရတာ တခါတလေလည်း သူတို့ဆီက သင်ယူမှတ်သားစရာလေးတွေ ရလာ တတ်ပါတယ်။ ယူတတ်ရင်လည်း သင်ခန်းစာတွေပေါ့လေ..။


ကျိုင်းမယ်မှာရတနာအရောင်း စာရေးမ ဘဝကတည်းက လမ်းရှောက်စိန်ပွဲစားတွေဘာတွေနဲ့ပိုက်ဆံရှာ ခဲ့ဖူးပါသေးတယ်လေ။အလုပ်ပိတ်ရက်မှာမိတ်ဆွေတယောက်ရဲ့စိန်ဆိုင်က စိန်အကြွေတွေကိုယူတယ်။
နေ့ချင်းပြန်ပေးရတယ်။ သူကမန်နေဂျာလေ။ စိန်ထုပ်လေးခါးကြားညှပ်လို့ ဘတ်စ်ကားနဲ့ အသိမိတ်ဆွေ ထိုင်းသူဋ္ဌေးမတွေ (များသောအားဖြင့် လူတွေက စိန်လို့ဘဲသိထားတာ ဘယ်လိုဝယ်ရမှန်းမသိကြပါဘူး)
လည်လည်ထွက်လို့ လည့်ပတ်ရောင်းပါတယ်။ သူတို့နဲ့ခင်နေတော့  ကိုယ်က ရတနာအကြောင်းတွေ
ပြောပြရင် ပါးစပ်လေးဟောင်းလောင်းနဲ့နားထောင်ပြီး မီးမီးရယ်..မင်းဘဲ..ငါတို့ကို ဝယ်ပေးပါနော်..တဲ့။

ဒီတော့ ပိတ်ရက်တွေမှာ ကိုယ်လည်းတရက်ကိုထောင် ဂဏန်းလောက် တခါတလေလည်းရာဂဏန်း
လောက်ဘဲ အမြတ်ယူတာပါ။ သူတို့ဆီတနေကုန်သွားလည်။ စားသောက်ရောင်းချပြီး ညနေစိန်ဆိုင်

ပြန်သွားပိုက်ဆံပြန်ပေးနဲ့ တော်တော်ဟုတ်ခဲ့တာဘဲလေ။ လွန်လေပြီးသော ၃ဝနှစ်ပတ်ဝန်းကျင်ကဆို
တဦးကိုတဦးယုံကြည်စိတ်ချလို့ရနိုင်တယ်။ ခုတော့ ဘယ်..ဒီလိုလုပ်လို့ရတော့မလဲနော့်..တကယ့်ကို
ဘတ်ပြီး စားသွားကြမှာဘဲ။ ခေတ်ပြောင်းသွားလို့ လူပြောင်းသွားကြတာလား။ အခြေခံစိတ်ဓါတ်တွေ
ယိုယွင်းလာတာကတော့ အမှန်ပါဘဲ..။ ထားပါလေ..ဒါကလည်း တပိုင်းပေါ့..။


အဲဒီထဲမှာ ခေါက်ဆွဲဆိုင်နဲ့ကျောက်ဆိုင် ၂ခုတွဲဖွင့်ထားတဲ့ ထိုင်းအမျိုးသမီးတယောက်နဲ့တော်ခင်ခဲ့တယ်။
သူက ခေတ်မှီမှီ ပြင်ဆင်ဝတ်စားတတ်တယ်။ သူဆိုအမြဲပြောပြတတ်တယ်။ ဘန်ကောက်က အထက်တန်း လွှာတွေဆိုရင် ဘယ်လိုဝတ်စားတတ်တယ်။ သူတို့ ကျိုင်းမယ်ကိုလာလည်ရင် ကျိုင်းမယ်က ခေါက်ဆွဲ(ကျမ
တို့အုန်းနို့ခေါက်ဆွဲနဲ့တူတယ်လေ ပဲမူန့်မထည့်တာဘဲကွာပါတယ်)စားဖြစ်အောင်စားကြတယ်။ နောက်တခု
ကတော့ ခနုမ်ဆိမ့်နမ့်နိုအို့ဝ် လို့အသံထွက်ခေါ်မလားဘဲ။ ကျိုင်းတုံမုန့်တီလိုပါဘဲ ဒါပေမဲ့ မုန့်ဟင်းခါးဖတ်နဲ့
စားရတာလေ။ အဲ..၂ခုစားပြီး မြို့လည်က 3 Kings Monument King Mengrai (the founder of Chiang Mai) and his two friends, King Ramkamhaeng of Sukothai and King Ngam Muang of Payao.ရုပ်ထုကိုသွားရှိခိုးအရိုအသေပြုကတယ်။ သူ့အိမ်က အဲ့နားလေးမှာ..ဒီတော့ ကျိုင်းမယ်မုန့်တီ ခနုမ်
ဆိမ့်ဆိုင်ဖွင့် မြန်မာနယ်စပ်ကနေတိုက်ရိုက်ယူလာပါတယ်ဆိုပြီး သိပ်အကောင်းကြီးမဟုတ်တဲ့ ရတနာ
ကျောက်စိမ်းတွေကိုပါ ကောင်တာလေးတခုဖွင့်ပြီးရောင်းပါတယ်။ ဘန်ကောက်က မမတွေလည်း အရမ်း
အားပေးကြတယ်လေ။ သူက တကယ့်ကိုစီးပွားဖြစ်လို့။

အရမ်းကြီးချမ်းသာနေတဲ့လူတွေဟာ လက်ဝတ် ရတနာပြိုးပြိုးပြက်ပြက်နဲ့ လူတကာမြင်အောင် မပြတတ်
ကြပါဘူးတဲ့။ အပေါစားရတနာလေးတွေကိုတော့ သူတို့က ဝယ်တတ်ကြတယ် နေ့တိုင်းဝတ်ကြတယ်တဲ့..။
လူလည်ခေါင်မှာ အတုံးလိုက် လည်ပင်းမှာ ဆင်ချီ တဲ့ ကြိုးလိုပတ်လာတာတွေ့ရင် မှတ်ထား။ ဒင်းတို့က မရှိဘဲ ချေးဌားဝတ်ဆင် ကြွားတတ်တဲ့လူတန်းစား..ဆိုဘဲ...သူ့အဆိုအမိန့်အမိန့်ပါလေ.. :P ရတနာကို လှ
အောင်ဝတ်ဆင်ဖို့လိုတယ် အင်္ကျီအဝတ်အစားလည်း ကိုယ်နဲ့လိုက်အောင်ဆင်တတ်ဖို့လို တယ်..ဈေးကြီး တိုင်းလှတာမဟုတ်ဘူး..တဲ့..။ တောသား မယ်ငီးကိုသင် ကြားပေးခဲ့တာလေ..။ တနင်္ဂနွေနေ့ဆို သူ့ဆိုင်မှာ
ဈေးတောင်ကူရောင်းပေးခဲ့ရသေးတယ်။ ဘန်ကောက်က အမျိုးသမီးအုပ်စုတွေကိုကြည့်ပြီး သူတို့ကိုတကယ်
သနားတယ်။ ဆံပင်ကို ဘီဟိုက်ခေါ်မလားဘဲ ပျားအုံလိုလိုဌက်သိုက်လိုလို ဖေါင်းဖေါင်းကြီးပြင်ထားတတ်
ကြတယ်။ ခပ်ငယ်ငယ်လေးဆိုရင်လည်း ဆံပင်ထိပ်ကအမောက်ကြီး၂ခုထောင်လို့ပေါ့...။ ဟီး..အိပ်ယာ
ကထပြီး အိပ်ကနေထွက်ဖို့အတော်အချိန်ယူကြရမဲ့ပုံ..။သူများတွေကိုသိပ်ဂရုစိုက်တဲ့သူဟာ ကိုယ့်ကိုယ်
ကို ပိုပြီးပြင်ဆင်တတ်ကြတယ်ဆိုတဲ့ သူ့အပြောကလည်းတခါလေမှန်ကန်တယ်လို့ပြောရမှာဘဲလေ..။
အဝတ်အစားတန်ဆာကြည့်ပြီး လူ့တန်ဖိုးဖြတ်တတ်တဲ့ လူတွေကနေရာတကာမှာ ရှိတတ်ပါတယ် အာရှ
အမေရိကမရွှေးပါဘူး.. @_@

တချိန်ထဲလောက်မှာပါဘဲ..အလုပ်ထဲမှာ(အဲဒီတုံးက Amari Rincome Hotel ရှေ့က ဗိုလ်ချုပ်ကတော်တ
ယောက်ပိုင်တဲ့ ရတနာကုမ္မဏီတခုမှာအလုပ်လုပ်နေပါတယ်)အဲ့..ခေတ်ခါကာလမှာတော့ အဲဒီဆိုင်ကထိုင်း
အထက်စားတွေထဲမှာနံမည်ကြီးဆိုပါတော့ ကြုံတုံးနောက်တခုပြောရရင်ဖြင့် သူတို့ဆီကို ပတ္တမြားနီလာတွေ
သွင်းတဲ့လူဆိုတာ ဘယ်သူတွေများမှတ်ပါသလဲ..အဟဲ..ဗိုလ်ချုပ်ပိုင်ပါတယ်ဆိုတော့ သွင်းတဲ့လူတွေလည်း
ဗိုလ်တွေပေါ့ရှင် ကရင် ကချင်အဖွဲ့က ဗိုလ်တွေပေါ့..ရိုးရိုးဟုတ်ဘူးနော့် ချုပ်တဲ့လူတွေပေါ့..ဒီတော့ကောက်
ချက်တခုဆွဲလို့ရတယ်..စစ်ဗိုလ်ချုပ်မှန်သမျှ မမှန်မကန်လုပ်လို့ရပါသည်..အဲ..လေရှည်သွားပြီ။ စစ် ဆိုရင်
စိတ်နာလို့ရေတောင်စစ်မသောက်ပါဘူးဆို...ကြိုဘဲသောက်တော့တာလေ..း))))

သူတို့တွေအဲ့ပုံအတိုင်းဝတ်လာကြတာပါ ဒီက နေပုံယူပါတယ်
နာမည်ကြီးတဲ့ဆိုင်ဆိုတော့ လာတဲ့လူတွေလည်း အကောင်တွေများပါတယ်။ တနေ့တာ့ မီနီဘတ်စ်ကားတ
စင်းဆိုက်လာပါတယ်။ ကားပေါ်က လူတသိုက်ဆင်းလာကြတာပေါ့..ကျိုင်းမယ်အဝတ်အစားတွေဝတ်လာ ကြတယ်။ ရှမ်းဘောင်းဘီနက်ပြာရောင် ထမိန်တွေပတ်လို့ပေါ့။ ဆိုင်ထဲဝင်ပြီး ဟိုကြည့် ဒီကြည့်နဲ့ နောက်
တော့ ဆိုင်လည်ခေါင်ပင်မရှိုးကေ့စ်ထဲက တန်ဘိုးအကြီးဆုံးရတနာတတွဲကို ကြည့်ချင်တယ်တဲ့။ သော့က မန်နေဂျာအဖွားကြီးဆီယူရတာလေ။ သူက အခန်းထဲကမထဘဲ..လူတွေကိုလှမ်းကြည့်ပြီး မင်းတို့ဟာက
ဟုတ်မှဟုတ်ရဲ့လားတဲ့..ပြောတာ အပြင်ကအတိုင်းသားကြားရတယ်..။ အပြင်က ရှမ်းဘောင်းဘီဝတ်ထား တဲ့အမျိုးသမီးတယောက် က ဘာပြန်ပြောလည်းဆိုတော့ " ဘယ်သူက ဘယ်လိုလည်းဆိုတာသိထားဖို့ လိုတယ်" တဲ့။ နောက်သူ့ဘောင်းဘီအိပ်ကပ်ထဲက ပိုက်ဆံအိပ်ကိုထုတ်ပြီး စားပွဲပေါ်ပစ်တင်လိုက်တယ်။
နောက်က လူတွေက ဝိုင်းပြောတာနဲ့ သူ့လိပ်စာကဒ်ထုတ်လို့ကျမကိုလှမ်းပေးပြီးထွက်သွားကြတယ်လေ။

ခင်ခင်ကလည်းနဲနဲ ရှည်တာလေ။ အရင်ဖတ်ကြည့်ပြီးမှ မန်နေဂျာ အဖွားကြီးကို သွားပေးလိုက်တယ်။ လူတ
ကာကို နှိမ်တတ်တဲ့ အဖွားကြီးကို ကျမကလည်း သိပ်မကြည်ဘူးလေ..။ ဟိုအမျိုးသမီးက ดิฉัน Dichan အမည်ရှိတဲ့ ထိုင်းကနံမည်အကြီးဆုံး ဖက်ရှင်မဂ္ဂဇင်းပိုင်ရှင်ကြီးဖြစ်နေတာလေ..။ လူပုံပန်းကတော့ခပ်ညှက်
ညှက်လေးပါဘဲ။ ဘာမှဝတ်ဆင်ထားတာမရှိဘူး..။ ဆံပင်လည်းဖွာဖွာနဲ့ ပခုံးကျော်ကျော်လောက်ရှိတယ်။
ဒါကိုမြင်ပြီး မာန်မာနထောင်လွှားနေတဲ့ ကိုယ်တို့ဆီက မန်နေဂျာမကြီး အဲ့တုံးက heart ထိသွားခဲ့ တာပေါ့
လေ။

တနေ့နဲနဲနဲ့ အားကြိုးမာန်တက်လို့ အားလူးတွေပေးမယ်လေ..နော့်..ဒီတခါတော့ ဆက်ရန်ထားခဲ့အုံးမယ်..
ထိုင်းပြီးရင် ရန်ကုန်ပြီးမှ အမေရိကား ကအတွေ့အကြုံတွေ လူအကြောင်းတွေပေါ့လေ...
Happy Holidays ပါ..လောလောဆယ်မှာတော့ အိမ်နဲ့အလုပ်ကလွဲလို့ ဘယ်စခန်းမှမမြန်းနိုင်သေးပါဘူး..
နောက်ဆုံးတပုံကတော့ ဒီနေ့လုပ်စားတဲ့ မြေစာဥ ရှမ်းလို မာနွေကို ကြံသကာနြဲ့ပုတ်တာပါ..အိမ်လည်လာ
ရင်ကျွေးမယ်လေ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Friday, December 5, 2014

ကျိုင်းတုံမြို့ကစုပေါင်းမဟာအလှူပွဲတော်ကြီး

မင်္ဂလာပါရှင်~~~

အလွမ်းပြေဓါတ်ပုံလေးတွေကြည့်ရင်းနဲ့မိတ်ဆွေများကိုလည်းပြောပြချင်ပါတယ်။ ကျမတို့ကျိုင်းတုံမြို့လေးက နယ်စပ်မြို့ဖြစ်တော့ ပြည်မကလူတွေနဲ့အလှမ်းဝေးပေမဲ့ ထိုင်းတွေနဲ့ပိုမိုနီးစပ်ပြီး ကူးလူးစပ်ဆက်နေကြတယ်
လေ။ ခုနောက်ပိုင်းဆိုပါတော့ ထိုင်းကလူတွေက ဟိုး..သူတို့နှစ်ပေါင်း ၅ဝကျော်ကာလအချိန်( အင်း..ပြော
တော့လည်းနားထောင်လာရတာဘဲလေ) က သူတို့မြောက်ပိုင်းဒေသဖြစ်တဲ့ ကျိုင်းမယ် ကျိုင်းရိုင်းဒေသရဲ့
ရှေးဟောင်းပုံစံဖြစ်နေတဲ့ ကျိုင်းတုံမြို့ကို အရမ်းစိတ်ဝင်စားကြတယ်။ လာလည်ကြတယ်လေ။သူတို့ဘတ်စ်
ကားတွေနဲ့ အုပ်စုလိုက်လာကြတယ်။ ဘုရားတွေလာတည်တယ်။ အလှူတွေလာ လုပ်ကြတယ်။ 

မနက်စောစောဆွမ်းလောင်းတာကို ထိုင်းတွေအရမ်းစိတ်ဝင်စားကြတယ်။ အထူးသဖြင့်ဘုရားကြီးရှေ့မှာ ခဏခဏဆွမ်းလာလောင်းကြတယ်။ ငယ်ငယ်ကဆို အိမ်ရှေ့မှာ ဆွမ်းလောင်းရတဲ့တာဝန်က ကျမတာဝန်
ပေါ့။ ကိုရင်လေးတွေ ဘုန်းကြီးတွေဆွမ်းခံကြွလာရင် အုပ်စုလိုက်ဆွမ်းခံကြွကြတာကိုး..။ ကျမတို့ဆီ က
တော့ဆွမ်းဆိုတဲ့အတိုင်း ဆွမ်းတခုထဲပါဘဲ။ အိမ်တိုင်းနီးပါးလောက် မနက်ဆိုရင် စားပွဲခုံလေးတခုပေါ်မှာ ဆွမ်းအုပ်တခုတင်ပြီး အိမ်ရှေ့လမ်းကနေ စောင့်ပြီးလောင်းရပါတယ်။ကိုယ့်အိမ်ရှေ့ရောက်လာတဲ့သံယာတွေ
ကို ရပ်တော်မူပါအုံးဘုရာ့ ဆိုပြီးတောင်းဆိုရပါတယ်။ ပြီးကိုယ့်ဆွမ်းအုပ်လေးမပြီး အဖုံးလေးလှပ် သံယာ
တပါးချင်းစီကို တဇွန်းစီလောင်းတယ်။ ပြီးရင် မယ်ငီးတော့ ဆွမ်းအုပ်ကိုစားပွဲပေါ်လှမ်းတင် ဆောင့်ကြောင့် ထိုင် ဦးချရှိခိုးရပါတယ်။ အဲဒီမှာဘုန်းကြီးတွေက " ဆပ်ပီ့ တိရော"....ကစလို့.. နောက်ဆုံး"သုခံပလံ"
ဆိုပြီး တခါဆုပေးပါတယ်။နောက်ထပ်ကြွလာမဲ့အသုတ်တွေကိုလှမ်းမျှော်ပြီး စာအော်ကျက် လိုက်နဲ့ပေါ့.။
အဲဒါက ကျမမယ်ငီးရဲ့မနက်ခင်းတာဝန်ဘဲ..။၃တန်းကျောင်းသူဘဝကတဲကလုပ်ရတာနော့်။တောင်ကြီး
ရောက်တော့ ဒီလိုမဟုတ်ပြန်ဘူး.။တောင်ကြီးမှာက ပိုပြီးစောတယ်။ ကြေးစည်တီးလို့ကြွလာကြတာ။
ဘုန်းကြီးကျောင်းတခုဆိုရင် အများကြီးပေါ့..တန်းစီပြီး ဆွမ်းလောင်းရုံဘဲ..။ထိုင်ကန်တော့ကြတာမရှိဘူး။
ရန်ကုန်မှာကြတော့ အတင်းကိုလာရပ်ပြီးမလောင်းမချင်းမကြွဘူး... ဟီး..ရူပ်ကုန်ပြီ.. @_@
ထားပါလေ..လိုရင်းပြန် သွားရအောင်..။

နောက်တခုက မြို့လုံးကျွတ်ဆွမ်းလောင်းတာ..ဒါကြတော့ မနက်အာရုံဆွမ်းထမင်းဟင်းလောင်းလှူတာမျိုးမ ဟုတ်ဘဲလှူဖွယ်ပစ္စည်း ဆေးဝါးတွေလောင်းလှူကြတယ်။ဗမာလိုဆွမ်းကြီးလောင်းတယ်လို့များခေါ်သလားမ
သိဘူး။(ဆွမ်းကြီးလောင်းတယ်ဆိုတာ တခြားအဓိပ္ပါယ်နဲ့ဆို မကောင်းပြန်ဘူးနော်..ဟီး) တခါတလေလည်း
ဗမာအသုံးအနူန်းတွေမှားသွားရင်လည်း သည်းခံပါရှင်။ ကျမက ရှမ်းကနေ တိုက်ရိုက်ဘာသာပြန်ချလိုက် ဝါး
ချလိုက်လုပ်တတ်တယ်ဗျို့.. ^_^

မြို့မှာက ဆွမ်းကြီးလောင်းရင် ဘုရားကြီးဆိုတဲ့ မဟာမြတ်မုနိဘုရားကနေစလို့ ဝပ်ဟိုခုံ(ဂုံရှမ်းဘုန်းကြီး
ကျောင်း)ပတ် စာတိုက်ကနေ ဈေးတန်းကြီးရပ်ကွက်ဖက် ပြန်ဆင်းလာ ဒီလောက်ပါဘဲ။ လွန်ခဲ့တဲ့ ၂နှစ်
လောက်က ကျမပြန်တုံးကတော့ တခါကြုံဖူးခဲ့ပါတယ်။ ဘန်ကောက်က သူဋ္ဌေးမတယောက် ကျိုင်းတုံလာ လည်ရင်း ဆွမ်းလောင်းချင်တဲ့ ဆန္ဒဖြသ်တော်မူပါသတဲ့။ တကယ်ဆိုရင်လည်း သူက ဂုံရှမ်းဘုန်းကြီးကျောင်း
တခုမှာ အလူငွေတွေ အများကြီးနဲ့ အလူအကြီးကြီး ပေးတာပါ။ သူ့နောက်လိုက်တွေက ကမန်းကတန်းစီစဉ်
ပေးတော့ ကျိုင်းတုံရဲ့ချမ်းအေးတဲ့ဆောင်းမနက်ခင်းတရက်မှာ ဆွမ်းလောင်းပွဲကြီး တခုဘုရားကြီးရှေ့ပေါ်
ပေါက် လာရတာပေါ့လေ။ ကျမငယ်ငယ်က ကြဲုဖူးခဲ့တာကတော့ တနှစ် ၂ခါလောက် မြို့လုံးကျွတ်ဆွမ်း
လောင်းပွဲတွေရှိတာပါ။ ခုတော့ ထိုင်းတွေလာတိုင်း ခဏခဏလုပ်ပေးနေရတော့တာဘဲ..။
ကျိုင်းတုံဂုံရှမ်းဘုန်းကြီးကျောင်းကဆရာတော်
သူဋ္ဌေးမကြီးပုံကဟိုလူတွေနဲ့ကွယ်နေတယ်ဖြူဖြူခန့်ခန့်ကြီးဘဲ
ကော်ဖီမစ်ကြီး၂ထုတ်ဖလားထဲဖေါက်ထည့်ပြီး ပြေးလွှားလောင်းလူခဲ့ပါတယ်
အဲဒီ..တုံးက ကျိုင်းတုံဂုံကျောင်းမဟာနယက ဘုန်းကြီးကိုယ်တိုင်ပါကြွလာပေးပါတယ်။ ဘုန်းကြီးကလည်း သိပ်လမ်းမလျောက်နိုင်တော့ပါဘူး။ ဘာဘဲဖြစ်ဖြစ် ဆွမ်းလောင်းပွဲလေး တင့်တင့်တယ်တယ်ဖြစ်ဖို့ ဘုရား လူကြီးတွေက ဆိုင်ရာဆိုင်ရာ မိတ်ဆွေတွေကို ချက်ချင်းလာပေးပါလို့ လက်တို့ရပြီပေါ့လေ။ ဆွမ်းလောင်းပွဲ
က ရ နာရီ  လာလောင်းပါလို့ပြောတာက  ၆နာရီခွဲ..မယ်ငီး ထမိန်ပတ်ပြီးသုတ်ခြေသင်ပြေးလိုက်ရတာ။
(အဖေရှိစဉ်ခါက ကျိုင်းတုံမြို့လုံးဆိုင်ရာ ဘုရားဂေါပကအဖွဲ့ဝင်တယောက် ဆိုဘဲ) အဖေ့ရဲ့အချစ်ဆုံးမိတ်ဆွေ ဦးဟောင်ခမ်းက ကျမရောက်နေမှန်းသိလို့ လာပြောတာလေ။ ကမန်းကတန်း လာပြောပေးတာကိုဘဲကျေး
ဇူးတင်ပါတယ်။ 
ဒီတခါတော့ထိုင်းက အကြီးအကျယ်လာလုပ်တယ်တဲ့ ..။သံယာပေါင်း ၃ဝဝဝကျော်ဆိုဘဲ။ ဆွမ်းလောင်း ပြီးတော့ဆွမ်းကပ်ပါတယ်တဲ့။ ဘုရားကြီးကိုဗဟိုပြုလို့ ပတ်ပတ်လည်ဝိုင်းပြီး သံယာတွေကထိုင်ပါတယ်။
အလူရှင်တွေက ရှေ့မှာအခင်းခင်းထားပေးတဲ့နေရာမှာထိုင်ပြီး ကပ်ကြရပါတယ်။ ဟိုခုံကျောင်းထဲမှာက
သံယာ့ဆရာတော်ကြီးတွေနဲ့ လူကြီးတွေကနေရာယူပါတယ်။ 
ဘုန်းကြီးတွေရဲ့သင်္ကန်းရောင်ကိုကြည့်ပြီး ဗမာကျောင်း ဂုံကျောင်း ရှမ်းကျောင်း ဒီလိုခွဲခြားလို့ရတယ်။ ထိုင်း လိုသင်္ကန်းရောင်လွင်လွင်တွေကို ဂုံရှမ်းဘုန်းကြီးကျောင်းကသုံးပါတယ်။ ကျန်တာတော့ ရှမ်းကျောင်းနဲ့ ဗမာ
ကျောင်းတွေကပါ။
အသံချဲ့စက်နဲ့သုံးပြီး အားလုံးကညီညီညာညာဦးချကန်တော့ကြတာ ကြက်သည်းမွှေးထလောက်အောင် ကြည်နူးစရာပါဘဲ..။
အခန်းအနားစဖွင့်တာကို ဦးဟောင်ခမ်း(ကျမအဖေ့ရဲ့ အချစ်ဆုံးသူငယ်ချင်းမိတ်ဆွေပေါ့) ကစပြီး ဘုရားမီး ပူဇော်ပါတယ်။
 တရားတွေဟောပြောနေတဲ့အချိန်ဆိုရင်လည်း ထိုင်းပရိသတ်တွေက တရားလေးမှတ်လို့..
အပြင်ဖက်က ပရိသတ်တွေ...
အလှူဒါနပြုကြတာ လူမျိုးမရွှေးပါဘူး.....ရင်ထဲကနေ လိုက်လိုက်လှဲလှဲဆုမွန်ကောင်းတောင်းကြတာပါဘဲ..
 ရဟန်းအိုနဲ့အဖွားအိုပုံလေး..ရင်ထဲတကယ်ထိတယ်..
 လှုဖွယ်ပစ္စည်းအစုစု..
ဆောင်းတွင်းနေကစူးပါတယ်..ဓလေ့ထုံးစံဝါးခမောက်လေးနဲ့ ရှမ်းမလေးပေါ့..

ကျမတို့အိမ်ရှေ့ကလမ်းမတန်းတလျောက်မှာပေါ့...

မဟာမြတ်မိုနိဘုရားနဲ့ဝပ်ဟိုခုံကျောင်းရှေ့တဝိုက်..

ခုလိုပုံကောင်းကောင်းတွေ ကောင်းကင်ကပုံတွေကို ထိုင်းက drone camera နဲ့လာရိုက်ကြလို့ မြင်တွေ့
ရတာပါလေ..။
 သူတို့က မယ်ငီးအိမ်ပေါ်ကနေရိုက်ပါရစေလို့ခွင့်လာတောင်းတာလေ...
သူတို့ကင်မရာမန်းကြီးများ...
     
 အိမ်ရှေ့တဝိုက်တိုးမပေါက်ဘူးတဲ့...
စနစ်တကျနဲ့သေသေချာချာစီစဉ်ပြီး လုပ်ကြတယ်...အားလုံးတတပ်တအားပါဝင်လုပ်အားပေးကြတယ်တဲ့။
 မီးသတ်ပိုက်နဲ့လမ်းကိုဆေးပါတယ်။
 ကျောင်းသူလေးတွေက တံမြက်စည်းလှဲကြတယ်လေ..
ဝပ်ဟိုခုံကျောင်းက ကျောင်းထိုင်ဆရာတော်..တအားဥပဓိရုပ်ကောင်းတယ်..ဝမ်းသာအားရဖြစ်နေတဲ့ပုံဘဲ..
ဓါတ်ပုံတွေကို တချို့က ကျမအမရိုက်တာဖြစ်ပြီး..ကျန်တာကတော့ ကိုရဲမြင့်အောင် နဲ့ ဒီနေရာက ယူတာပါ။
အဲဒီ pictureofday ဘလော့က ကြည့်ရတာထိုင်းလူမျိုးဖြစ်ပါလိမ့်မယ်။ ဓါတ်ပုံရိုက်တာ အယူအဆတွေ အရမ်းအသက်ဝင်ပြီး တကဲ့ပုံကောင်းတွေအများကြီးတွေ့ရတယ်။ ထိုင်းဘာသာနဲ့ ရိုက်ယူထားတဲ့နေရာနဲ့
အခန်းအနားလောက်ဘဲစာရေးထားတာတွေ့ရတယ်။
ဓါတ်ပုံတွေကြိုက်တတ်ရင် သွားလည်ကြပါလို့ပြောချင်ပါတယ်။ ထားဝယ်ကဓါတ်ပုံတွေဆို တကဲ့ရင်သပ်ရူ
မောစရာကောင်းလှပါတယ်ရှင်..ကိစ္စများမြောင်ဒီလူ့ဘောင်ဝယ် မယ်ငီးလည်းတနေ့နေ့ စက်ရုပ်အလား
မရပ်မနား အချိန်မရှိလေတော့ တလတပုဒ်လောက်ကို မနဲအားခဲပြီး အာလူးပေးနေရတယ်လေ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Tuesday, November 18, 2014

ချက်စားဝယ်စား ၇

မင်္ဂလာပါရှင်~~~
တခါတလေလည်း စားကြောင်းသောက်ကြောင်းလေးတွေနဲ့ အာလူးလေးပေးရအုံးမယ်..။ ဒီမှာကအခု
အရမ်းကြီးကိုအေးနေတဲ့ဆောင်းရောက်ပြီပေါ့..ငါးဟင်းတွေသိပ်မချက်စားနိုင်တော့ဘူး။ အနံပြင်းပြီး
ပြူတင်းပေါက်မဖွင့်နိုင်တော့ အနံ့တွေတော်တော်နဲ့မပျောက်ဘူးလေ..။ အရင်ကချက်စားတာတွေပါ။

အသိတယောက် ရှောက်ရွက်လက်ဆောင်လာပေးတယ်။ နဲနဲရင့်နေတာ..ဘာလိုချက်စားရမလဲ စဉ်းစား
လိုက်တော့ ငါးကြော်ထဲထည့်တာပေါ့ စပ်စပ်မွေးမွေးလေး..ငါးအရင်ကြော်၊ ပြီးကြက်သွန်ဖြူနဲ့ငရုတ်သီး
ရှောက်ရွက်အားလုံးပေါင်းကြော်တာပေါ့..။
 
ငါးခူတခါလေတွေ့တာနဲ့ ဝယ်လာပြီး မြန်မာစတိုင် ငါးခူကြော်နှပ် လုပ်တာဘဲ..ရှမ်းမစတိုင်ဖြစ်သွားတယ်..
ငရုတ်သီးက အစိမ်းအနီတောင့်သုံးပြီး နံနံပင်ပါထဲ့ကြော်လိုက်တာ..အဲဒါမှ အနံအသက်ကတော်တော်
ကောင်းသွားတယ်..တော်တော်ညှီတာဗျ..ကြက်သွန်ဖြူကတော်တော်များများထဲ့ရတာ..။

ပုဇွန်ကခေါင်းပါရင် ပိုစားကောင်းတယ်။ ခေါင်းမပါတဲ့ဟာတွေက စားရတာ ရာဘာတွေကိုက်ရတဲ့အတိုင်းဘဲ
ပင်စိမ်းရွက်လေးခပ်..မိုက်စ်..
ကိုယ်တိုင်လုပ်တဲ့ သကြားပလာတာ..ဟီး..ဟုတ်ဖူး..ရေခဲရိုက်ဝယ်ပြီး အိုဝင်ထဲထည့်လိုက်ရုံဘဲ..ကောင်းပြီး လွယ်တဲ့ မနက်စာဘဲ..။
တခါကညီမလေး မြတ်ကြည်မေးဖူးတယ်..ပြောပြမယ်ဆိုပြီး မလုပ်စားဖြစ်လို့..။ အင်းသားအစားအစာ
ဖြစ်တဲ့ ကင်ပေါင်းကြော်နဲ့  ဟင်းထုပ်ပါ။ ဒီကလည်း ချက်ပြုတ်တာ ခပ်ညံ့ညံ့။ အချိန်အဆမပြောတတ်ဘူး။
ဆန်မူန့်နဲ့ကြက်သွန်မိတ်ကအဓိကကျတာပေါ့လေ..။ နဲနဲပျော့ပျော့လေးလိုချင်လို့ ကောက်ညှင်းမူန့်ရောပါ
တယ်။ ကင်ပေါင်းကြော်ဆိုရင် ပဲမူန့်တဇွန်းလောက်ကလည်း ကောက်ထဲ့တတ်သေးတယ်..အဟဲး)))
ခရမ်းချဉ်သီးနဲနဲ၊အရောင်တင်မူန့်၊ ဂျင်း(ပျင်းရင်လည်း ရယ်ဒီမိတ်ဂျင်းမူန့်ပေါ့)၊ ငရုတ်ကောင်း၊ ဆား၊ဆီနဲနဲ၊
အားလုံးနှံအောင်မွှေပြီးမှ ရေနောက်ဆုံးထည့်တယ်..ဘာလို့လဲမေးရင်..အဖေလုပ်တာ တွေ့ဖူးလို့လိုက်လုပ်
တာဘဲ..ဘာလဲတော့ သိဘူးရှင့်.. @_@

အရင်ကပလပ်စတိတ်နဲ့ပေါင်းဖူးတယ်။နောက်တော့ ကြောက်သွားတယ်ဓါတ်ပြုတာတို့ဘာတို့ပြောကြလို့လေ
ခုတော့ စည်သွပ်ဗူးဟောင်းတွေ သိမ်းထားပြီး အဲ့ထဲထည့်ပေါင်းတယ်..အပေါ်က ဆလတ်ရွက်တို့ ဘာတို့နဲ့
ဖုံးတာပေါ့...။ ဂျူးမြစ်လေးသာပါရင်တော့..ဟင်းဟင်း..ဘယ်ပြောကောင်းလိမ့်မဒုံး..း))))

ကြက်သွန်မြိတ်တခါလောက်ဝယ်လိုက်ရင် တန်းစီပြီးချက်ရတော့တာဘဲ..သူတို့ကတစည်းတို့ဘာတို့ရောင်း
ကြဘူးဘဲ..၃စည်း ၁ဒေါ်လာ..၅စည်း ၁ဒေါ်လာ..ဒီလိုမျိုးရောင်းတာ..ဒီတော့ နောက်တမျိုး ကြက်သား
တောင်ပံအရင်ပိုင်းလို့ခေါ်ရမလား..အဲဒါနဲ့ စပါးလင် ဂျင်း ငရုတ်သီး တို့နဲ့ချက်တာ..ကြော်တာလို့ပြောရင်
ပိုမှန်မယ်နဲ့တူတယ်။ ကြက်သားကိုအရင် ဆားငရုပ်ကောင်းနဲ့အရင်နှပ်ထားပြီး ဒယ်ပြားထဲမှာ အညှိရောင်
သန်းလာတဲ့အထိကြော်ပေးတယ်။ကျမကြော်ရင် ဟင်းချက်ဝိုင်ထည့်တယ်။ အဖုံးလေးအုပ်ပြီး နူးအိတဲ့အထိ
ကြော်တယ်။

ပြီးမှ ဘရန်တာနဲ့ ဘလူးလူး လုပ်ထားတဲ့ စပါးလင် ဂျင်း ငရုတ်သီး အားလုံးရောလိုက်တယ် ချခါနီး ကြက်သွန်မိတ်ထည့်မွေလိုက်တာပါ..။ ကောင်းမှကောင်း..စပ်စပ် ချိုချို မွှေးမွှေး ကြက်သားတခွက်ပေါ့။

ကျမတို့နေတဲ့နေရာနဲ့ ၁ဝမိနစ်လောက် ကားမောင်းသွားရတဲ့နေရာတခုမှာ မြန်မာဆိုင်တဆိုင်လာဖွင့်တယ်။
နာမည်ကလည်း အင်းလေးကန်( ဘိုလိုတော့ အင်းလေးလိတ်) တဲ့။ အင်းသားမယ်ငီးတို့ ချီတက်သွားကြ တာပေါ့..။ ဘာမှာစားရမှန်းမသိဘူး...နေ့လည် ၂နာရီလောက်အချိန်ဆိုတော့ လက်ဖက်သုတ်..။ အချဉ်ညှစ်
တာများသွားလို့နဲနဲချဉ်သွားတယ်..။ အလွမ်းပြေစာလေးပေါ့..။

ကြက်သားကအင်းသားလိုချက်တာတဲ့..။ စပါးလင်နဲ့ခရမ်းချဉ်သီးဆော့..လို့ပြောတာဘဲ..စားကောင်းတယ်..
ဒါပေမဲ့ အင်းစကူးမကြီးမယ်ငီး တခါမှမစားဖူးဘူး..ဟီး :P စားဖိုမူးလည်းဟုတ် ပိုင်ရှင်လည်းဟုတ်တဲ့ ညီမ
လေးက ခပ်ငယ်ငယ်ဘဲ..တောင်ကြီးကတဲ့ မေးရင်းနဲ့ တရပ်ကွက်ထည်းသားဖြစ်နေရော..ပြီးတော့ ကိုယ်
တို့အဖွားအိမ်ကိုလည်းသိတယ်တဲ့..။
ကိုင်း..ဗမာဆိုင်ပြီးရင် တရုတ်ဆိုင်ချီတက်ကြစို့ Long island NYဖက်ရောက်ရင် ကျမတို့ စားနေကြ ၂နေရာ
ဘဲရှိတယ်။ ထိုင်းဆိုင်နဲ့ ဒီတရုတ်ဘူဖေးဆိုင်..ထိုင်းဆိုင်ပိတ်မှ ဒီဖက်ကိုရောက်တာပါ..။ ဘူဖေးဆိုတော့ အရင်ဆုံးယူတာက ဆူရှီ..ဘာလို့လည်းဆိုတော့ သူများတွေတန်းစီနေတာတွေ့လို့ ကောင်းမယ်ထင်ပြီး လိုက်ယောင်တာလေ..ဟီး..။
နောက်ရှိတဲ့ ငါးပုဇွန် ကင်ပွန်း ပင်လယ်စာ စားတယ်..။ အဟဲ..ထမင်းကိုလှည့်ပြီးတောင်မကြည့်ခဲ့ဘူး..။
ထမင်းလျှော့စားရင် ဝိတ်မတက်ဘူးဆိုလို့ပါ.. ^_^
တန၈င်္နွေနေ့မျိုးဆိုရင် ဟင်းချက်စရာတွေဝယ်ပြီး ကကြီးဆိုင်မှာဘဲ စားဖြစ်တယ်။ ဒီတခါတော့ အမဲသားနဲ့ ပဲပြားဟင်းပါ..
ဗွက်ဗွက်ဆူနေတဲ့ဟင်းရည်ပုဂံကို တရူးရူးမူတ်သောက်တာနဲ့ ဘေးကထမင်းတလုံးကို ထိစရာတောင်မလို ဘဲဗိုက်ပြည့်သွားတာပါဘဲ..အော်..ထမင်းလျှော့စားနေတယ်လေ..အဟဲ..
သူကအမြဲမပြောင်းတဲ့ ဒီဂျပန်စာ ဝမ်းတားဆက်ကြီး..ပါဘဲ..။

ဒါလည်းဂျပန်ဆိုင်တဆိုင်ကဘဲ..မမှတ်မိတော့ဘူ..ပုဇွန်နဲ့ကြက်သား တာကီရာကီတဲ့..အောက်မှာခေါက်ဆွဲ
ရှိတယ်..များလွန်းလို့ ၂ယောက်စားလောက်တယ်။ Garden state Plaza မှာလို့ထင်တာဘဲ..။


တခါခါလည်း costco မှာဈေးဝယ်သွားရင်း..အဲကုလားဆိုင်မှာ ဘူဖေးသွားစားလေ့ရှိတယ်..။ ဟီး..ကိုယ်တို့
ကဘူးဖေးတော်တော်ကြိုက်တယ်လို့ထင်ကြမှာဘဲ..မေနူးကြည့်ပြီးရင် ဘာမှာစားရမှန်းမသိလို့။ သူတို့ချထား
တာတန်းစီပြီး စားလိုက်ရုံဘဲ..ကောင်းဘူးလား..အဲ့ပုဂံထဲက ကြက်ကင်နှဘေးက အဖြူတုံးတတုံးနဲ့ ပြစ်ပြစ်
ဟင်းက ကုလားချည်ပေါင်ဟင်း..သူတို့က နို့ခဲပါထဲ့ချက်တာတဲ့..။ ကျမတော့ကြိုက်တယ်..။
ကျေးဇူးရှင်တော့ ထမင်းကြိုက်တယ်။ ကိုယ်တော့ ထမင်းသိပ်မစားဘူး..ဟင်းတွေဘဲစားတတ်တယ်။
သူတို့ဆိတ်သားဟင်းအရမ်းကောင်းတယ်။ နေရာထိုင်တာနဲ့ နဲပြားပူပူလေးလာချပေးတယ်။ ကျမတော့ ဆိတ်သားဟင်းရှိရင် ဆိတ်သားဟင်း။ မရှိရင် ပဲဟင်း..နဲ့တို့စားတယ်..ဒီတပတ်တော့ ဆိတ်သား ဒန်ပေါက် တဲ့။

တခါကလည်း နောက်ကျလို့ ညစာစားဖြစ်တယ်။ ညဖက်ရောက်တော့ ဘူဖေးမရှိဘူးလေ..။

ဒန်ပေါက်မှာလိုက်တယ်။

ဟဟ..ကိုယ်က စမူဆာမှာတယ်..သူတို့စမူဆာကလည်း ကြီးမားလိုက်တာ..။
နောက်ဆုံးအစာပိတ်..ဘယ်ဂျီယမ်က ချောကလက်နဲ့..မျက်စိအစာကျွေးလိုက်ပါရစေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး