Showing posts with label Netherlands-Oostvoorne. Show all posts
Showing posts with label Netherlands-Oostvoorne. Show all posts

Saturday, November 6, 2010

ဘာပန်းလေးလဲ.

သူများလာပေးတဲ့ပန်းလေးပါ..


စားမယ်ဆိုလည်းဖြစ်တယ်.ခရမ်းရောင်ဂေါ်ဖီထုပ်တဲ့…

Thursday, October 28, 2010

ဆောင်းဦးရာသီ(နယ်သာလန်)

နယ်သာလန်မှာနေတုံးကပေါ့ အိမ်ရှေ့ ကမနက်ခင်းနေခြည်..
သစ်ရွက်လေးတွေအရောင်ပြောင်းရင်သိပ်လှလို့ ..
ဓါတ်ပုံရိုက်ဖို့ ဒီမှာသစ်ပင်တွေလိုက်ကြည့်တာ..
အရောင်လည်းပြောင်းဘူးကြွေလည်းမကြွေကြသေးဘူး..

Monday, September 6, 2010

ခလေးပွဲလား..လူကြီးပွဲလား..



စနေနေ့ ညနေပိုင်းက ပြူတင်းပေါက်ပိတ်ပြီး ရှပ်ရုင်ကြည့်နေတာ.
အိမ်အောက်မှာဆူဆူညံညံအသံတွေကြားရလို့ မှဖွင့်ကြည့်မိတယ်
ခလေးလူကြီး လှတပတတွေဝတ်စားပြီး ကားတွေစက်ဘီးတွေကိုပြင်ဆင် မီးပုံးတွေကိုင်ပြီးစီတန်းလှည့်လည်နေကြတာ..ဘာပွဲလုပ်ပြန်ပြီလဲမသိပါဘူး.
တော်တော်ပွဲကြိုက်တဲ့ဒေသပါဘဲ..ကြော်ညာပေမဲ့လည်းနားမလည်တော့.
ထုံးစံအတိုင်းဓါတ်ပုံဘဲရိုက်ယူထားတာပေါ့..အိမ်ရှေ့ မျက်စောင်းထိုးမှာ မြို့ နယ်စည်ပင်သာရုံးရှိတော့
အဲဒီရှေ့ မှာဘဲစုရပ်နေရာထားတာတွေ့ ရ တယ်..
ပြင်ဆင်နေကြတာအကြာကြီး.ည ရး၃၀ နာရီလောက်မှ စီတန်းလှည့်လည်ပါတော့တယ်..
ညဆိုတော့ မီးတွေနဲ့ လှနေတာဘဲ..ဒါပေမဲ့ဓါတ်ပုံရိုက်တာမလှဘူး.နောက် တခြားမြို့ ရွာကိုလှည့်သွားကြတယ်..ည ၁၀နာရီလောက်မှ အိမ်ရှေ့ဖက်ကိုပြန်လာကြတယ်..
ခလေးတွေကအိပ်ပျော်လို့ ..ဆုတွေဘာတွေပေးလို့ ..
ကြည့်ရတာကို ပျော်စရာကောင်းတယ် ည ၁၂ နာရီ မှပြီးတော့တယ်..

ခလေးနဲ့ အရုပ် ခွဲခြားလို့ ကိုမရဘူး
ကိုင်းဖေဖေ နဲ့ မေမေ ဆွဲပေတော့ တလမ်းလုံးဘဲ…
ပျက်နေလို့ ပါ

မိသားတစု သွားကြမယ်.


မေမေ ကစက်ဘီးစီးပြီးပို့ ပေး မယ်..
မိသားတစု သွားကြမယ်..
ကျနော်က ဘယ်လိုနေရာမှာနေရ မလဲ..တဲ့
စင်စင်တို့ အုပ်စုလေး


သားသားကတော့ ၉ ၆ ၉ ၃ ဘဲ…(ကိုယ်ခြေထောက်ကိုယ်သုံး)

ထော်လဂျီ နဲ့ သွားကြမယ်..

Tuesday, August 10, 2010

အိမ်ရှေ့က..စက်ဘီးပြိုင်ပွဲ


ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ရွာလေးမှာ စက်ဘီးပြိုင်ပွဲရှိတယ်

တနေကုန် ပတ်စီးနေတော့တာဘဲ

ရွာတပတ် ပတ်နေကြတာ ကြီးကိုမပြီးနိုင်..ည ၂ နာရီထိုးမှ အသံငြိမ်သွားတယ်. လူကြီးက စက်ဘီးဆိုင်ကယ်..လူငယ်ကစက်ဘီး အတွဲလိုက်ပြိုင်..

ရိုးရာဝတ်စုံနဲ့စက်ဘီးဆိုင်ကယ် လည်းပြိုင် ...
လော်စပီကာ နဲ့ကွီကွီကွကွ အော်နေတာနားလည်းမလည်…
လော်ကြီးကလည်းအိမ်ရှေ့တည့်တည့်..


Mooi…mooi…နဲ့ လှတယ်လို့ပြောတာတဲ့ ဒီတလုံးဘဲနားလည်တယ်


Friday, July 9, 2010

ပြောင်းလဲခြင်း


ကျမနေတဲ့နေရာကရွာလယ်လမ်းမတန်းနေရာဆိုတော့
အိမ်ပြူတင်းပေါက်ကနေကြည့်ရင် လမ်းသွားလမ်းလာတွေကိုမြင်ရပါတယ်
အလုပ်မရှိအလုပ်ရှာ တခါတခါခလေးတွေ မြင်းလှည်းတွေ ဖြတ်သွားတာမြင်ရင်
လက်ကိုင်ဖုံးနဲ့ ဓါတ်ပုံရိုက်ယူထားလေ့ရှိပါတယ်
ဓါတ်ပုံတွေသိပ်မကောင်းဘူး ..ဒါပေမဲ့ပြောပြချင်ပါတယ်ဆို.....

ရောက်ခါစ မတ်လ ရဲ့ ခြောက်သွေ့ ခြင်း

ဧပြီလ

မေလ မိုးလေးတခါလောက်ရွာပြီးစ
ဇွန်လ အရွက်တွေဝေေ၀ဆာဆာ ဖြစ်ပြီ

ဗုဒ္ဒဟူးနေ့ တိုင်းဈေးရှိတယ်လေ

မြင်းလှည်းတွေ နဲ့လည်းသွားလာကြတာတွေ့ ရတယ်


အိမ်နောက်ဖက်မှာမူလတန်းကျောင်းရှိတယ်.ကလေးတွေဆရာမနဲ့  သွားလာကြတာတွေ့ ရတယ်

ဘီယာဆိုင်လည်းအိမ်ကပ်ရပ်ဘဲ ဘောလုံးပွဲနိုင်မယ်ဆိုရင်တော့ နားညီးရအုံးမှာပေါ့

Tuesday, June 29, 2010

ဒတ်ခ်ျတို့ ရဲ့ ဂီတသံစဉ် အနုပညာ ခံစားမူ့ ..


ပြီးခဲ့တဲ့တနင်္ဂနွေတုံးက ကျမရဲ့ ရွာလေးမှာ ဂီတသံစဉ်နဲ့ ပတ်သက်တဲ့ပွဲလေးတခု
စည်ပင်သာယာကဦးဆောင်ပြီးကျင်းပခဲ့တယ်။
ကျမတော့ဒီဒတ်ခ်ျလူမျိုးတွေကိုပထမဦးဆုံးအရမ်းလေးစားသွားတယ်။
အလုပ်ကြိုးစားတယ်.ပန်းပင်တွေကိုချစ်တတ်ကြတယ်.အနုပညာကိုခံစားတတ်ကြတယ်။
ဘ၀တွေအေးချမ်းသာယာလိုက်ကြတာ.မနာလိုတောင်ဖြစ်မိတယ်။
ကိုယ့်အိမ်ကစားစရာလေးတွေသယ်လာကြတယ်။
သစ်ပင်အောက်မှာအေးအေးဆေးဆေး အုပ်စုဖွဲ့ ထိုင်ကြတယ်။



အုပ်စုလိုက် သီချင်းဆိုကြတယ်


သံစဉ်နိမ့်မြင့် အစုလိုက်အပိုင်းလိုက်ဆိုကြတာ နားထောင်လို့ ကောင်းတယ်



သူကနာမည်ကြီးတယ်ဆိုဘဲ



သူ့၇ဲ့တူ၇ိယာကတမျိုးလေး ပတ္တလားအသံနဲ့တူတယ်



ဒီတခုတော့ ကျမလဲအိပ်ငိုက်ချင်လာတယ်



ဒီတဖွဲ့ ကတော့ ကိုယ့်နေရာအရောက် လိုက်ဖျော်ဖြေပေးတယ်


ထိုင်ခုံ နဲ့ ထိုင်တာမနှစ်သက်သူတွေအတွက်
ကော်ဇောအခင်း(အသစ်)အလကားလိုက်ဝေပေးတယ်


နေပူပူလေပူပူမှာသံစဉ်ငြိမ့်ငြိမ့်လေးပေးသူတွေ



ပုလွေဆရာမ



အကော်တယံ ဆရာလေး ကျမတော့သိပ်မကြိုက်ပါ


သူ့ရဲ့ ပရိသတ်