Showing posts with label ခရီးသွားအတွေ့အကြုံ. Show all posts
Showing posts with label ခရီးသွားအတွေ့အကြုံ. Show all posts

Friday, July 29, 2016

သူ့စကား(၂)

မင်္ဂလာပါရှင်~~~
ရေမြင့်ရင်ကြာတင့်ပါတယ်..တဲ့
အနီ အဝါ အရောင်တွေနဲ့ဘန်ကောက်ကြီး ရှုပ်ယှက်ခတ်ချိန်မှာပေါ့ အနက်ဆိုတာလည်း ခဏလောက်ထကြွ
ပါသေးတယ်။  အဲလို အချိန်မှာမှ မယ်ငီးတို့ကလည်း မြို့ထဲက ဟော်လန်(နယ်သာလန်) ပျံလန်နေတဲ့ သံရုံးကို
ဂတီးဂတီးသွားနေရတဲ့အချိန်ပေါ့။ မြန်မာသံရုံးက ချစ်ကိုကိုကြီး ထုပေးလိုက်တဲ့ တုံးနဲ့စာရွှက်ကလည်း တလွဲ၊
ပျံလန်သံရုံးက ပြန်သွားလုပ်ခိုင်း၊ နောက်ဆုံး သူတို့ဆီမှာ Permanent resident ယူဖို့ စည်ပင်ရုံးက
ထောက်ခံ စာလိုပါတယ်တဲ့။ long-term resident အဖြစ်နေရမှာဆိုတော့ PRလိုတယ်လေ။
ပုံကစာတွေနဲ့မဆိုင်ပါဘူး😁
 
ဘန်ကောက်က စနမ်လုံမှာ
ဘုရင့်အမအသုဘအခမ်းအနားပြင်ဆင်ထားတာပါ



ကိုယ်တို့ဆီမှာ ဘယ်စည်ပင်ရုံးကထုတ်ပေးမလဲ။ ဒီတော့ ရန်ကုန်ခဏပြန် နေပူတော်ပြေး နိုင်ငံခြားရေးရုံးက
ထောက်ခံစာယူ၊ ဘန်ကောက်က မြန်မာသံရုံးမှာ တုံးပြန်ထု..။ ပြီး ပျံလန်တို့ဆီပြန်သွားပေါ့။ အဲ့ဒါကြောင့် သူ့ ကို ပျံလန်လို့နံမည်ပေးပစ်တယ် အေးရော။ အိုး ဒီလိုဒီလို ပြေးလွှားခဲ့ဖူးတယ်။ ဘန်ကောက်နေနဲ့နွေအပူက
ပြေးလွှားနေတဲ့ ငီးငီးရင်ထဲအပူ( အဲ့အချိန်မှာပါဘဲ ထိုင်းလေယာဉ်ကွင်းမှာ မယ်ငီး သေတ္တာတလုံးပျောက် သွားပါတယ်) ကို ဘယ်မှီမလဲ။ အပူအလုံးတွေကြွလို့ မိုးပျံရထားတို့ဘာတို့ တက်ဆင်းတက်ဆင်းနဲ့ မြို့လည်
ခေါင်မှာ ခဏခဏအိပ်ဖွင့်စစ်တာ လမ်းပိတ်တာ ဒါတွေကိုလည်း မခံစားချင်၊ ဒီတော့ တက်ကစီပေါ့...။

ကဲ..လာပြီ..အတော်ပြောချင်တဲ့လူတွေ..။ပြန်ထောက်ချိန်မရှိအောင်ကို နားထောင်ပေးခဲ့ပါတယ်လေ..။
အချိန်အခါက ကိုယ်တို့ဘိရုမာမှာလည်း ပြားပြားဝပ်အဆင့်ကနေမတက်နိုင်သေးပါဘူးလေ။ သူမသာ
ကိုယ်အသုဘပါလို့တောင် ကျမပြောခဲ့တာ..။ ဟော..သူတို့အခု အသုဘဖြစ်နေပြီ..ဟီး..။

ရန်ကုန်မှာဒီလိုကားလမ်းမဘေးလွတ်လပ်တဲ့
လမ်းလျောက်တဲ့နေရာတွေ
ကျန်သေးရဲ့လားမသိဘူး

" တကယ်တော့ အဝါရော အနီပါတိုင်းပြည်ဖျက်နေကြတာပါဗျာ...အာဏာရသွားရင် လူတွေကပြောင်းလဲ
သွားတာပါဗျ  သူတို့ လေယာဉ်ကွင်းကို သိမ်းလိုက်တော့ ကျွန်တော်တို့ ဘယ်လောက်နှစ်နာလဲသိလား
အမလေးရေ့...." ရန်ကုန်ခဏပြန်တုံးက လေယာဉ်ကွင်းအသွား ကားဆရာစကား...

"ဘုရင်က အရမ်းသဘောထားပြည့်ဝတော့ ဘုရင့်ဘန်းပြပြီး လုပ်စားတာလေ...ကျွန်တော်ကတော့ နီမှနီဘဲ
သက်ဆင် လုပ်ပေးခဲ့တာတွေ သိလား ညတိရစ္ဆာန်ရုံ ဒီလေယာဉ်ကွင်းကအစပေါ့ဗျာ..။ အသည်းနာတယ်။
မြို့ပေါ်က ပညာတတ်တယ်ဆိုတဲ့ လူတန်းစားကိုမေးချင်ထှာ ဒီလူတွေ စပါးကို ဆန်ဖြစ်အောင်လုပ်တတ်ကြ ရဲ့လား..." တောကကနေမြို့ပေါ်ရောက် ကိုနီတယောက် အံကြိတ်ပြီးပြောတဲ့စကား..

" သက်ဆင်က ပိုက်ဆံနဲ့ မသိနားမလည်တဲ့ လူတွေကိုပစ်ပေါက်ဝယ်ပြီး စည်းရုံးထားတာလေ။ သူကတော
သားဆိုတော့ တောသူတောင်သားတွေအကြိုက်လိုက်လုပ်ပေးဖို့ပညာကျွမ်းကျင်တယ်ပေါ့ဗျာ..။  နောက်ပြီး
သူ့အိပ်ကပ်ထဲ ပြန်ထဲ့တာ ဟိုကလူတွေ ဘယ်နားလည်မလဲ၊ ဘုရင့်နဲ့တောင် ခြေရာလာတိုင်းချင်နေတာဗျာ"
ကားမောင်းပြီး သားကို မစ္စတာဘွဲ့ရတဲ့အထိကျောင်းထားပေးနိုင်လို့ သူတို့ဟာ ဘန်ကောက်ပညာတတ်လူ
တန်းစားဆိုတဲ့( သူကိုယ်တိုင်လည်း ဘွဲ့ရ) ခပ်အေးအေး ဘန်ကောက်နေတရုတ်စပ် အဖိုးကြီးတယောက်
ရဲ့အသံ...

" အခု ခွန်းသက်ဆင်နိုင်ငံခြားမှာနေရတာ သနားပါတယ်။ အမနိုင်ငံခြားရောက်လို့ သူ့ကိုတနေရာမှာ ဆုံ
တွေ့ခဲ့ရင်လည်း ပြောပြပေးပါဗျာ..ကျွန်တော်တို့ရင်ထဲမှာ သူကလွဲလို့ ဘယ်သူ့ကိုမှ ခေါင်းဆောင်လို့မမြင်
ပါဘူး.." ဆိုတဲ့ အီစန်ဖက်က သူ့စကားနဲ့ပြောပြနေတဲ့အသားမဲမဲ ကိုတောသားလေးရဲ့ စကားသံ...

သူတို့စကားသံတွေကြားပြီး ငီးငီးရင်ထဲမပြောဖြစ်တဲ့ စကားတခွန်းလည်းရှိခဲ့ပါသေးတယ်။ ဆရာကြီးကွေး
မြန်မာပြည်လာရင် ဂါဝရပြုစရာရှိတာတွေပြု..အဟဲ...(အမှန်ပြောတာပါဗျာ ချိတ်ချိုးရဘူးနော်.. ^_^ )
ကြားဖူးတာက မြန်မာ့အသံမှာ တပ်ထားတဲ့ ဂြိုလ်တုစလောင်းနဲ့ တခြားပစ္စည်းနည်းပညာတွေအတွက်
သူ့ကို အရင်အစိုးရလက်ထက်ကတဲက ပေးစရာအကြွေးတွေရှိနေသေးပါတယ်တဲ့ ထားပါလေ စာရင်းသာ
တို့ ထားလိုက်ပါကိုကြီးရာ..နောင်လာနောက်သားများဆပ်ကြမယ်တဲ့..ဟီး..။ အော်..နောက်တခုသူလုပ်တဲ့
အလုပ် က ETဆိုတဲ့ အကြားအမြင်ရ ဆရာမနဲ့ တွေ့တာတဲ့။ နောက်ဆုံးခေါက်တွေ့တော့ ဆရာမလေး
ကပြောလိုက်တာ သေတောင် အရိုးက ပြန်တော်ပြန်ဝင်ခွင့်မရှိဘူး..ဆိုဘဲ...။

အော်......ဒါတွေက သူများစကားတွေပါဗျာ....ငီးငီးတို့ပြန်ဖေါက်သည်ချတဲ့သဘော...ပါ...။
အနိစ္စ ဒုက္ခ........။ ဘာမှအစိုးမရ မတည်မြဲဘူးတဲ့နော်....။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Thursday, July 28, 2016

သူ့စကား...

မင်္ဂလာပါရှင်~~~
"တကယ်ဆိုရင် ကျွန်တော်လည်း ကိုယ့်အာရုံနဲ့ကိုယ် ကားမောင်းရင်းနဲ့တခါတလေ ဖေါက်သည်တွေ သူတို့ အခြင်းခြင်းပြောစကားကိုနားထဲမဝင်ပါဘူး သူတို့ဖုံးနဲ့သူတို့ပြောတာလည်း ကြားနေပေမဲ့ ဂရုမစိုက်မိတော့မ
သိပါဘူး။ ဒါပေမဲ့ တလောက ရဲတယောက်(ဝတ်စုံနဲ့မဟုတ်ပါဘူး) သူတက်လာတာ၊ အရက်နံ့ကဟောင်နေ တာဘဲ။သူပြောတဲ့နေရာကလည်းစားသောက်ဆိုင်ပါ နေ့လည်ကြီးသွားသောက်မဲ့ပုံစံပါဘဲ။ကိုယ့်ကိစ္စမဟုတ်
ပေမဲ့လည်း ဖုံးပြောရင်း တချက်ချက် ကျွန်တော့်ကို လှမ်းပြီးစကားပြောတာကြောင့် သူပြောသမျှနားထောင်
ဖြစ်သွားတယ်ဆိုပါတော့"

" ဟိုဖက်ကသူငယ်ချင်းကို သူလှမ်းပြောတာ ပိုက်ဆံမရှိရင် နည်းလမ်းဟောင်းသုံးပေါ့ကွ သွားနေကြနေရာ
မှာ "ဖာ့မာ့" (ဗမာပြည်ကလူတွေကို သူတို့ဒီလိုခေါ်တာလေ) ၃ကောင်လောက် ညစ်ပြီး ပိုက်ဆံယူရင် ထောင်
ဂဏန်းပြေးမလွှတ်ပါဘူး...တဲ့  ကျွန်တော့ကိုလည်း ပြောပြနေသေးတယ်။ အရက်သောက်တာ အိပ်ကပ်ထဲ ကပိုက်ဆံထုတ်စရာမလိုပါဘူးတဲ့ သန်းချီရှိနေတဲ့ ဖာ့မာ့ ကအဆင်သင့်ပေးပေးပါတယ်တဲ့...."

"ကျွန်တော် အမကိုပြောပြရတာကိုလည်း ရှက်ပါတယ်တဲ့။ အမက အခု မြဘုရားသွားတာ ကုသိုလ်ကောင်းမူ့
လုပ်တာမြင်တော့ ပြောပြချင်တာပါ။ လောကမှာ လူတွေအမျိုးမျိုးရှိပါတယ်။ ကောင်းတဲ့လူ မကောင်းတဲ့သူ ဆိုတာ တိုင်းပြည်တခု လူမျိုးတစုဆီမှာဘဲ ရှိတာမဟုတ်ပါဘူးတဲ့..."

ထိုင်း မြဘုရားသွားရင်း နှစ်တိုင်း ရောက်တယ် ဝင်ကြေးကလည်း တနှစ်တနှစ်ပိုဈေးကြီးလာတယ်နော့် လို့ပြောပြီးကားဆရာနဲ့ ဘုရားအကြောင်းတွေ ပြောနေရာက သူဆက်ပြောပြတာလေးတွေပါ။ ဘန်ကပိက
နေ မြဘုရားကြောတောင့်နေအောင်စီးရတာ လမ်းကလည်းပိတ်၊ ဒီတော့ ဇိမ်ကျတာပေါ့ သူပြောပြတာတွေ နားထောင် ရင်းဘာပြန်ပြောရမှန်းမသိ ဆွံအမိပါ၏....
ပုံကိုအင်တာနက်ကနေယူသုံးထားပါတယ်
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Sunday, January 17, 2016

ပုဂံဘုရားဆက်ဖူးကြမယ်

မင်္ဂလာပါရှင်~~~
ဘုရားတွေဆက်လက်ဖူးကြရအောင်...ပုဂံနယ်မြေထဲဝင်တော့ ညနေစောင်းနေပြီလေ၊ ကားဦးတည့်ရာသွား
ကြတာပေါ့.. လမ်းမှာတွေ့တဲ့ ဘုရားတွေလှည့်ပတ်ပြီး ဖူးကြတာပေါ့ရှင်။ ဒီအာနန္ဒာဘုရားရောက်တော့ မိုး
စုန်းစုန်းချုပ်လို့ပေါ့။
ညဘုရားဖူးရတာလည်းအရသာတမျိုးပေါ့..မီးသိပ်မလင်းဘဲ စလိုက်လောက်ဘဲထွန်းတာကို 
အဝေးကနေကြည့်ရင်အရမ်းသပ္ပါယ်တာပေါ့။ 
အာနန္ဒာဘုရားဟာ သရပါတံခါးရဲ့ အရှေ့တောက်ဘက်မှာ တည်ရှိပါတယ်။ ကျန်စစ်သားမင်းကြီးရဲ့ 
ကောင်းမှု့တော်ဘုရား ဖြစ်ပါတယ်။ ကျန်စစ်သားမင်းကြီးဟာ နန္ဒမူလှိုဏ်ဂူတော်က
 ကြွရောက်လာကြတဲ့ ရဟန္တာမထေရ်မြတ် တို့ဆီကလှိုဏ်ဂူတော်အကြောင်းကြားသိရပြီးတဲ့
နောက်သဘောကျပြီး နန္ဒမူ လှိုဏ်ဂူပုံစံ စေတီတော်ကို တည်ထားကိုးကွယ်ခဲ့တာဖြစ်တယ်လို့ 
သမိုင်းမှတ်တမ်းများ အရသိရှိ ရ ပါတယ်။အာနန္ဒာဘုရား ပန္နတော်ပုံဟာ ပုဂံမှာရှိတဲ့ ဘုရားအားလုံးနဲ့ 
မတူညီတဲ့ဂရိကြက်ခြေခတ်ပုံဖြစ် ပါတယ်။
အာရုံခံလေးဘက်မှာ မုဒ်လေးမုဒ်ကို ထားရှိပြီးတော့ အလည်လေးမျက်နှာမှာ မက်ရပ်ရုပ်ပွားတော်
ကြီးလေးဆူကို ပူဇော်ထားရှိတာကိုလဲ မြင်တွေ့နိုင်ပါတယ်။ အတွင်းဘက်ကန်ပတ်လမ်း၂လမ်းကို
အလင်းရောင် လုံလောက်စွာ ရရှိအောင် ဗိသုကာပညာနဲ့ စီစဉ်ထားရှိပုံကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဂူဘုရားအပြင်ဘက် ပစ္စယာမှာ ၅၅၀ဇတ်နိပါတ် စဉ့်ကွင်းတွေကိုမြင်တွေနိုင်ပါတယ်။

အထဲဖက်မှာတော့ အလင်းရောင်တော်တော်နဲပါတယ် ဓါတ်ပုံရိုက်တာမမိုက်ပါဘူး။ အလင်းထည့်ရိုက်တော့
လည်းဘုရားမှာကပ်ထားတဲ့ အဝါရောင်ဆေးတွေ အလင်းပြန်လို့..ကဲပါလေ..ရသလောက်ပေါ့..

ခင်ခင်ရှည်ကြီးပေါ့သူများထွက်သွားမှပြုံးစိစိနဲ့



ဒီတံခါးကြီးကတော့ တကဲ့ဧရာမ အကြီးကြီးပါဘဲ ရေးထားတဲ့စာတမ်းကတော့" ရေရှည်တည်တံခိုင်မြဲဖို့ မတွန်းပါနဲ့"တဲ့ စကဒ်ထမိန်ကြပ်ကြပ်ကြီးနဲ့ထုပ်ထားတဲ့ အမျိုးသမီးတသိုက်က ခပ်တည်တည်ဘဲ....... ဟယ်..တွန်းလို့ရတယ်တော့ ဆိုပြီး တယောက်ပြီး တယောက်တွန်းကြည့်နေကြတယ်..တံခါးအောက်မှာ
ကြမ်းတုံးကြီးခံထားတော့ တံခါးကို နဲ့ သလိုဖြစ်ပြီး တံခါးက လူပ်နေပါတယ်...အံသြစွာနဲ့ သူတို့ကိုဘုကြည့်
ပေးလည်း မသိသလိုနေကြလို့ ခင်လျှာရှည်ပီပီ..စာတမ်းကို လက်ညိုးထိုးပြပြီး ပြောလိုက်မိပါတယ် မတွန်းဖို့
ရေးထားတယ်လေ..မျက်စောင်းတွေတလှေကြီးဝိုင်းထိုးကြတာ မယ်ငီးပြာကျမတတ်ပေါရှင်.. း)))
နောက်ဖက်ခြမ်းကြတော့ ပိတ်ထားတယ်..ပြင်ဆင်နေတယ်နဲ့တူတယ်..ကိုယ်ကတော့ ဟိုးတွေ့ရတဲ့
အုတ် တုံးတွေကိုအရမ်းကြည့်ချင်တာဘဲ..နှစ်ပေါင်းများစွာကြာတဲ့အုတ်တွေ ဘယ်လောက်လှပသပ်ရပ်မလဲ မြင်
တွေ့ဖူးချင်လိုက်တာ...
နောက်တနေရာပြောင်းကြပါတယ်...ဗူးဘုရားတဲ့....ပတ်ပတ်လည်က ဧရာဝတီမြစ်ဆိုပါလား..
ဘာမှမမြင်ရ ဘူးလေ..မှောင်မဲနေတာဘဲ...မကျေနပ်ဘူး..ညဘုရားဖူးကိစ္စဒီမှာဘဲရပ်မယ်လို့ ဆုံးဖြတ်ပြီး တည်းခိုရာရှာပါတယ်..ညောင်ဦးဖက်မှာ ဟော်တယ်ရပါတယ်။
ကိုယ်တို့အကြိုက်ပေါ့..အပေါ်တက်စရာမလို..လေဝင်လေထွက်ကောင်း အခန်းကျယ်ပါတယ်..ဈေးလည်း မဆိုးပါဘူး...မနက်စာမပါ..

ကိုင်း..စောစောထပြီး..မနက်စာစား( ပုဂံမှာဖွင့်တဲ့ရှမ်းခေါက်ဆွဲဆိုင်😁 ဓါတ်ပုံတော့မရိုက်မိဘူး..
ကဲ..မြစ်ကြီး ဧရာဝတီတဲ့...ဟိုး..ဖက်ကမ်းကို ကူးဖို့အချိန်မလောက်တာနဲ့..ဒီအတိုင်းလှမ်းမျှော်ကြည့်ပြီးကျေ
နပ်လိုက်ရပါတယ်လေ..။
အရင်တုံးကတော်တော်ကျယ်ပြန့်ပါလိမ့်မယ်..သောင်ပြင်ကအကျယ်ကြီးရယ်...
ကဲ...ဗူးဘုရားမှာ..ထင်ထင်လင်းလင်းကြီး..အားပါးတရဖူးလို့ရခဲ့တယ်..
ဗူးဘုရားဟာ ပုဂံမြို့မြောက်ဘက် ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိပါတယ်။ ဗူးဘုရားဟာ ရှေးဟောင်း
ပျူစေတီပုထိုးပုံစံဖြစ်ပြီး ပျူတွေရဲ့ ရာဇဝင် အကြောင်းအရာတွေနဲ့လဲဆက်စပ်တယ်လို့ သိရှိရပါတယ်။ 
ဧရာဝတီမြစ်ကမ်းဘေး မှာတည်ရှိနေတာမို့ မြစ်ရေတိုက်စားမှု့ဒဏ်ကို အကြိမ်ကြိမ်ခံခဲ့ရပါတယ်။ ၁၉၇၅
ခုနှစ်မှာတော့ စေတီ တစ်ခု လုံးမြစ်ထဲပြိုကျပျက်စီးခဲ့ရလို့ ၁၉၇၈ခုနှစ်မှာ အသစ် ပြန်လည်တည်ထား 
ကိုးကွယ်ခဲ့တာဖြစ်ပါတယ်..တဲ့။


သူကချောင်ကြိုချောင်ကြားဘာချောင်းရိုက်နေမှန်းကိုမသိ..ဟီး..

ဟိုး...အောက်ဖက်ကဆိုင်တွေကို..ဆွဲရိုက်ကြည့်တာ..အကြော်သည် ၂ယောက်မနက်စာရောင်းဖို့ အဆင် သင့်ပြင်နေကြတာလေ..။
အားလုံးအတွက် ကုသိုလ်အစုစုခေါင်းလောင်းထိုးအမျှဝေခဲ့ပါတယ်နော်...
နောက်စေတီတခုကတော့...
မြစေတီဘုရား မြင်းကပါရွာရဲ့ မြောက်ဘက်မှာတည်ရှိပါတယ် မြန်မာ့သမိုင်းမှာ ထင်ရှားလှတဲ့မြစေတီ
ကျောက်စာလို့ခေါ်တဲ့ ရာဇကုမာရ်ကျောက်စာ ကြောင့်လဲမြစေတီဘုရားကို လူသိများ လှပါတယ်။ 
မြစေ တီဘုရားနေရာမှာ ရှေးခေတ်အခါက ဂူဘုရားတစ်ဆူရှိခဲ့ပြီး ရာဇကုမာရ်မင်းသားကခမည်းတော်ကျန်စစ်သားမင်းကြီးကို ရွှေဆင်းတုရုပ်ပွားတော် တစ်ဆူရေစက်ချလှူစေခဲ့ပြီး ဌာပနာမှု့ပြုခဲ့တဲ့ ဂူဘုရား တစ်ဆူဖြစ်ကြောင်း လေ့လာသိရှိရပါတယ် မြစေတီဂူဘုရားဟာ ကုန်းဘောင်ခေတ်မှာပျက်စီးယိုယွင်း သွားလို့ စေတီတော်သစ်တစ်ဆူ တည်ခဲ့ပါတယ်။
မြစေတီကျောက်စာတိုင် ကတော့ ဒီ ၂ဝ၁၅မှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံရတယ်။
ကျောင်းတုံးက သင်ဖူးတာတွေ ဘာတခုမှမမှတ်မိပါဘူး..
တကယ်တော့ ကျောက်စာဟာ ကျိန်စာမတမျိုးပါလို့ ကျောက်တုံးက သူငယ်ချင်းတွေနဲ့ငြင်းခုံစကားများဖူးတာ
တော့အမှတ်ရနေပါသေးတယ်...ဖတ်ကြည့်ပါလား...ကျိန်စာတိုက်ထားတယ်ဗျ...
အရင်တုံးကစေတီတွေ ထုထည်တော့တကယ်ကြီးမားတာဘဲ..
စေတီလေး...လှတယ်မပြောရဘူးတဲ့..သပ္ပါယ်တယ်လို့ပြောရတာတဲ့..ကျမကလှလို့လှတယ်ဘဲပြောမှာဘဲ


သဲပန်းချီကားတဲ့..ဈေးမနည်းဘူးဆရာ... ကျမကိုပြောတာ ၂သောင်းလောက်ရှိတယ်..
သူကလည်း အောင်မြေနင်းပြီး ပြုံစိစိနဲ့ဘာတွေဆုတောင်းလည်းမသိ...
ပုဂံက နံမည်ကြီးစေတီပုထိုး...
သွားရင်းလာရင်း..နဲ့ရိုက်တာ...စေတီအမှတ်ဘယ်လောက်ကြောင်း!!!နံမည်မရှိတဲ့ ဘုရားကို 
နံပါတ်တွေ တပ်ပေးတဲ့ ဆြာကီကွေး ကိုတော့ ဆံလံတင်ပါတယ်..အရောင်တွေတင် ထုံးပြန်သုတ်လို့
ယူနက်စကိုက
တခုမှ ရှေးဟောင်းကမ္ဘာ့အမွေအနှစ်အဖြစ် မသတ်မှတ်ပေးတော့တာလေ....

မနူဟာဘုရားဟာ မြင်းကပါရွာမှာ တည်ရှိပါတယ်။ သထုံဘုရင် မနူဟာမင်းရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ မနူဟာမင်းက တည်ခဲ့တာမို့ မနူဟာဘုရားလို့ အမည်တွင်ပါတယ်..တဲ့။
အဲဒီစေတီကိုလှည့်ပတ်ကြည့်နေတုံးအမေရိကန်မိသားစုတစုက စေတီတည်တဲ့မင်းဟာအချုပ်အနှောင်ခံဖူး
တော့ကျပ်တည်းစွာနေထိုင်ရတာကိုပြောပြချင်တဲ့သဘောနဲ့ ဘုရားဆင်းတုတော်ကြီးတွေကို ကျပ်ကျပ်တည်းတည်း ဖြစ်နေအောင် တည်ထားခဲ့တယ် ဆိုပြီးမြန်မာနိုင်ငံသား ရှမ်းမကို အကြီးအကျယ် ရှင်းလင်းပြောပြသွားပါတယ်... ဟီး...(ဟုတ်မဟုတ်မယ်ငီးလည်းမသိပါဘူး..)
 
ဟိုး..မူန်ပြပြတောင်ထိပ်က ဘာဘုရားကြောင်း.....
လောကနန္ဒာစေတီသည်ပုဂံတွင်ရှိသော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။ အေဒီ ၁၀၅၉တွင် အနော် ရထာမင်းတည်ခဲ့သည်။ အနော်ရထာမင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံ ပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ဌာပနာခဲ့သည်။စေတီကို
အောက်ခြေတွင် ရှစ်ထောင့် ပစ္စာယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့်ခေါင်း
လောင်းပုံ ရှည်ရှည် ဖေါင်းရစ် အဆင့်ဆင့်ဖြင့်တည်ဆောက်ထားသည်။စေတီကို ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ်ကဲ့သို့ ဖြစ်နေသည်။လောကနန္ဒာစေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက်အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃မီတာ(၆ပေခန့်) မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကိုဖူးမျှော်နိုင်ပါသည်။

လောကနန္ဒာဘုရားအနီးတွင် လောကနန္ဒာဘေးမဲ့ဥယျာဉ်တည်ရှိသည်။ ဘေးမဲ့ဥယျာဉ်အတွင်း ကမ္ဘာ့ရှားပါး မျိုးစိတ်စာရင်းဝင် ကြယ်လိပ်များကို ၂၀၀၁ ခုနှစ်တွင် မွေးမြူခဲ့ပြီး ကောင်ရေ ၄၀၀ ခန့်ရှိကြောင်း သိရှိရပါ တယ်။ ရွှေသမင်၊ ကြိုးကြာ၊ သင်္ဘောယုန်များအား ခြံခတ်မွေးမြူထားကာ ဒရယ်၊ ဆတ်၊ ဂင်လိပ်၊ ဒေါင်း၊
ကြောင်ဝံပိုက်၊ ယုန်၊ ကြက်တူရွေးတို့ကို သဘာဝအတိုင်း မွေးမြူထားကြောင်းသိရသည်။




သဗ္ဗညုဘုရားကတော့ ပုဂံမြို့ဟောင်းအတွင်း အရှေ့တောင်ဘက် ထောင့်မှာ တည်ရှိပါတယ်။အလောင်း စည်သူမင်းရဲ့ ကောင်းမှု့တော်ဖြစ်ပါတယ်။
သဗ္ဗညုဘုရားဟာ ဉာဏ်တော် ပေ၂၀၀ လောက်အမြင့်ရှိပြီး ရှေးခေတ်အခါက ရဟန်းသံဃာတော်တွေ ပရိယတ္တိစာပေလေ့လာဖို့နဲ့ ပိဋကတ် တိုက်သဖွယ် အသုံးပြုခဲ့ကြတာလို့လေ့လာသိရှိ ရပါတယ်။
ဘေး တက်လှိုဏ်ဂူဘုရားကြီးဖြစ်ပြီး ဆင်းတုတော်ထားရှိတဲ့ကန္ဓကုဋိတိုက်ခေါင်မိုးပေါ် မှာအုတ်တွေနဲ့
ဆောက်ထားတာဟာလဲ ထူးခြားတဲ့ဗိသုကာလက်ရာဖြစ်ပါတယ်။
ပုဂံတစ်ဝိုက်မှာ ထုထည်ကြီးမားလှပြီး ဉာဏ်တော်အမြင့်ဆုံး ဂူဘုရားကြီးဖြစ်တာမို့ အဝေးတစ်နေရာကနေ ကြည့်ရင်တောင် ထင်ရှားပေါ်လွင်လှပါတယ်။
အပေါ်က ရှေ့နောက်တောင်မြောက် ပတ်ချာလည် လှည့်ပြီး..ဓါတ်ပုံတွေရိုက်
မီးကလည်း ရိူ့ကြသလားမမေးနဲ့...
အားလုံးနှံ့အောင်တော့ မလည်နိုင်ခဲ့ပါဘူး..


ကဲ..သူကတော့..ဆင်းနေပြီ...
ဒီကလည်း..ကမန်းကတန်း ရိုက်ပြီး..အပြေးလိုက်ရတာပေါ့ရှင်..
ကျမပုဂံဘုရားသမိုင်းကို မသိပါဘူး..အခုဒီပုဂံအကြောင်းတင်မယ်လုပ်တော့ သမိုင်းကြောင်းလည်းမထည့်
ရင်မကောင်းတာနဲ့ အပ်ချလောင်းဆိုပြီး ဂူဂဲတန်ခိုးနဲ့ရှာလိုက်တော့ တွေ့ပြီ..ဒီကနေ စာလုံးစောင်းထားတဲ့ 
အပိုင်းတွေအားလုံးက တိုက်ရိုက်ကူးချလာပါတယ်..အဟဲ..
နောက်ပိုင်း ကျမမိတ်ဆွေများ ပုဂံကိုသွားမယ်ဆိုရင် သမိုင်းသိအောင်လို့ပါရှင်...
ညောင်ဦးဘလော့လေး ကိုလည်းကျေးဇူးတင်ပါတယ်...လို့..

ဗိုက်ဆာပြီလေ...နောက်တခါကျရင် ပုဂံမှာ စားဖို့အသင့်တော်ဆုံး ထမင်းဆိုင်နဲ့မိတ်ဆက်ပေးမယ်နော်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
အော်..တခုပြောဖို့ကျန်သွားတာက ကြိုးတချောင်းထဲ ဘောလီလိုလို ရှင်မြီးလိုလို ဝတ်ပြီးခေတ်ရှေ့လွန်နေ တဲ့မြန်မာဘုရားဖူး တသိုက်တွေ့တော့...Oh my Goh...ဆိုပြီးမယ်ငီး ဘိုဆန်စွာအော်မိပါတယ်..အဟီး. 😂

Friday, August 2, 2013

မယ်ငီးကားမောင်းရျ်ခရီးသွားနေသည်..

မင်္ဂလာပါရှင်~~~
ကားတံခါးဆွဲပိတ်၊ခါးပတ်ကိုပတ်၊နေကာမျက်မှန်ပြောင်းတပ်(အဲဒီမျက်မှန်ကလည်း သူ့အလုပ်ဆိုက်ထဲ
မှာသုံးတဲ့မျက်မှန်တွေထဲကတခုပေါ့)၊ရှေ့ကမှန်လေးဖွင့် ကိုယ့်မျက်နှာအဆီပြန်နေလားပြန်ကြည့်၊ လက်
လေးနဲ့ပြန်သပ်၊ အားလုံးဂွတ်..အိုကေ..ပြည့်စုံပြီ..သွားကြစို့ကျားကျားရေ...မောင်းတော့ရှင့်..။
(သူကတော့ ကားမောင်းလိုင်စင်ပါမပါ၊လိုအပ်တဲ့ပစ္စည်းတွေစစ်တာပေါ့..ဒါတော့ သူတို့အလုပ်လေ ကျမတို့ကတော့ကိုယ့်မျက်ခွက်လေး တကွက်ထဲကြည့်ရှုစောင့်ရှောက်တတ်တာတခုဘဲ..  သိတယ်..ဒါ
မိန်းမတွေရဲ့ မဟာအလုပ်ရှင့်...)

မိုးလေးတဖွဲဖွဲနဲ့ဆိုတော့ ကိုယ်ကြိုက်တဲ့ငြိမ့်ညောင်းသံစဉ်သီချင်းတွေရှာဖွင့်..၊(ကျမတော့ 100.7 FM လိုင်း
နားထောင်လေ့ရှိတယ်။ သီချင်းလေး၂ပုဒ်လောက်ဖွင့်လိုက်  ကြော်ငြာဝင်လိုက်သူတို့တောင်ပြောမြောက်
ပြောတာ သေသေချာချာနားထောင်ပြီး လိုက်ရီမိတယ်...။ ဟာဟား..မယ်ငီးလိုဘဲ ဒင်းတို့ လည်းအတော် အာချောင်တာဘဲ..နော်..အဟီး) တေးသွားလေးတွေလိုက်ဆို...တတ်တဲ့နေရာဆိုအကျယ်ကြီးလိုက်ဆိုပေါ့
မတတ်ရင် ဒါဒါ ဒီဒီ ဒိုဒို ပေါ့) မျက်လုံးတော့ဖြတ်သန်းသွားတဲ့ရူခင်းတွေမလွှတ်တမ်းကြည့်။ ပါးစပ်ကလည်း မနေပါဘူး တခါခါပြောမိပါတယ် အဲ..ဒီနားက အရင်ကဆို ခြောက်ကပ်နေတာဘဲ ခုတော့စည်ကားလာပြီ 
ဟင်း..ကားတွေနှေးသွားကြပြီ..အော်..လမ်းပိတ်ထားတာကိုး..တနင်္ဂနွေအလုပ်မလုပ်ဘဲနဲ့ ကာထားပိတ် ထားတဲ့ဟာတွေ မဖယ်ပြစ်ကြဘူး..ဒီလူတွေနော်..တော်တော်ခက်တယ်...(နိုင်ငံခြားမှာ ကားလမ်းဆို အမြဲ
ပြင်နေတာဘဲ တို့ဆီကလွဲလို့နေမှာ ရန်ကုန်မြို့လယ်ခေါင်က လကမ္ဘာပေါ်သွားနေရသလို ချိုင့်ခွက်တွေနဲ့
ဟုတ်လား...)

"Don't know much" Linda Ronstadt & Aaron Neville က သီချင်းလေး...ကောင်းလိုက်တာအေးအေး

လေးနဲ့...Look at this face I know the year are showing....Look at this life, I still 

don't know where it's going,I don't know much.....ကြာ...ဒီ GPS ကလည်း တမှောင့် keep right 
and stay on left lane...balah balah...နဲ့ဒင်းအသံကြောင့် feel ငုပ်တယ်။ သီချင်းကောင်းနေပါတယ်
ဆိုနေမှ ကျားကျားရေ ဖြေးဖြေးနောက်က ကားလမ်းတောင်းနေတယ်..ပေးလိုက်.. တို့တွေအလျင်
မလိုဘူး..ဟွန့် Sunday လည်းလာလုပ်ပေးရတယ်။ နဲနဲနောက်ကျလည်း ဘာဖြစ်လဲကွာ..ဈေးကိုင်ထား..
(NJ George Washington Bridge ကနေ NY Long island Westbury   အထိသာမာန်အချိန်ဆိုရင်
ပုံမှန်ပေါ့ ၁နာရီသာသာလောက်ပါဘဲမောင်းရတာ..ကားလမ်းတွေအရမ်းပိတ်နေတဲ့တခါက ၃နာရီ အထိ ကြာဖူးတယ်လေ) 

နေပြန်သာရင်ဓါတ်ပုံရိုက်ရအုံးမယ်..ကောင်းကင်ပြာပြာ သစ်ပင်စိမ်းစိမ်းနဲ့လှလိုက်တာကျားကျားရေ...
And I'll see your true colors shining through I see your true colors I see your true colors
so don't be afraid to let them show your true colors are beautiful like a rainbow
True color...သီချင်းဟောင်းလေးပါ..ပြန်ဆိုတဲ့သူတွေများလွန်းလို့ဘယ်သူ့မူရင်းမှန်းတောင်မသိတော့
ဘူး..ကိုယ်တော့ မိန်းခလေးအသံနဲ့ပိုကြိုက်တယ်..။ကြိုက်ရင်တော့စာသားကိုလိုက်အော်ဖို့နဲနဲတော့
တတ်တယ်...အဟဲ...I see you true color... တတ်သလောက်အော်ပြီးဟဲလိုက်တယ်လေ...။

ကဲ..ကျားကျားရေ..Tollgate နားရောက်တော့မယ် တို့ကcash လိုင်းဆိုတော့ အစွန်ဆုံးသာကပ်ထားနော်.။
ဒါနဲ့ ရှင့် E pass ဘယ်တော့ ပြန်လုပ်မလဲ၊ ရော့..အင့်..ပိုက်ဆံပေးရင်းနဲ့ ပြောလိုက်အုံး..ကျေးဇူးပြုရျ် receive ပေးပါလို့( တာဝန်နဲ့ခရီးထွက်ရင် ကုမ္မဏီကို ပြန် claim လုပ်ရတယ်လေ၊ပိုက်ဆံအကြောင်းဆိုရင် မိန်းမကပိုစေ့စပ်သေချာပါတယ်နော့ ...^_^ )ကဲ..ဂျော့ဝါရှင်တန်တံတားကို အောက်ကနေဘဲဖြတ်တယ်၊အပေါ်ကဆိုကုန်တင်ကားတွေနဲ့ရှုပ်လို့။
အဝင်ဝပေါ့...။ပိတ်ရက်လည်းလူများတာပါဘဲ...။တံတားက ၂ထပ်လေ..အောက်ထပ်က ကားငယ်တွေ ဘဲသွားခွင့်ရှိတယ်။အပေါ်ထပ်ကျတော့ ကုန်တင်ကားတွေ ကားကြီးတွေနဲ့ရူပ်တတ်တယ်။
 
အပေါ်ဖြတ်တုံးက ရိုက်ထားတဲ့ပုံပါ...။
တခါခါတော့ အူကြောင်ကြောင်စဉ်းစားမိပါတယ် ဒီလောက်ကားတွေအများကြီးနဲ့အပေါ်ထပ်အောက်ထပ် အပြည့်ကားတွေရဲ့အလေးချိန်ကို တံတားကြီးခံနိုင်ပါ့မလား...ကျိုးကျသွားမလားလို့ပါ.... @_@
ဟာ...GPS က massage လာတယ်..။ခုသွားနေတဲ့လမ်းက ၂ဝမိနစ်နောက်ကျမယ်တဲ့။ ၁၂ မိနစ်ပိုမြန်တဲ့လမ်းကသွားမလားတဲ့။ မီးတော့ Yes နှိပ်လိုက်ပြီနော်  ...၁၂ မိနစ်လည်းနည်းဘူး..(ဒီလိုလမ်းရွှေးပေး
တဲ့setting က US မှာဘဲရသေးတာတဲ့) သူပြောတဲ့အတိုင်းသာနင်းပေတော့....ကျားကျားရေ့......
ဒီပုံတခါကပြောဖူးတယ်လေ...အပေါ်မှာ အိမ်အမြင့်ကြီးရှိတယ်လို့...အသည်းယားပါတယ်ဆို....
အောက်မှာကားလမ်းမကြီး....
ကားလမ်းအပေါ်ကမိုးမျော်တိုက်ကြီး....
ဟော..ရှေ့က ဟတ်ဆန်မြစ်ဆိုတာလေ...။ Day light oh-woah,oh-woah oh -woah............
we knew this day would come,we knew it all along...How did it,come so fast? ................
And when the daylight comes I'll have to go ..When the sun comes up I will leave...........
I hold you so close...အိုးဝိုးဝိုး..အိုး..ဝိုးဝိုး...ခေါင်းလည်းခါ ကိုယ်လည်းလှုပ် အိုး...မိုက်စ်....တေးသွားနဲ့
လိုက်ပြီးကရင်းလည်းဟင်းချက်တတ်တဲ့ မယ်ငီး ကားထဲမှာတော့အပျော့ပေါ့...နော့်...... :)

ဟော..နေပြန်သာပြီ...ဒီ GWB တံတားကနေ Long island ကိုလာရင် ဒီ Bronx ဆိုတဲ့နေရာ ကနေဖြတ် ရတာမကြိုက်ဆုံးဘဲ..အမည်းလူကြီးတွေ လူကထွားထွားကားကကြီးကြီး နဲ့ကြမ်းတမ်းသလိုဘဲ...။
သူတို့ကိုလည်းစေ့စေ့မကြည့်ရဲူဘူး ကြောက်လို့...
အဲ...သူတို့လူမျိုးတွေကို အရင်က နီ.. လို့ခေါ်တာလေ..အဲလိုအခေါ်ကောင်းလို့ ကြည့်နေကြ Food net work  က Paula Deen တောင်ပြုတ်သွားပါကောလား ဒီတော့ မယ်မီးလည်း သူတို့နံမည်ကိုအပြည့်မရေးရဲ
ဘူး..သူတို့နယ်မြေမှာနေတော့ သူတို့ဥပဒေကို လိုက်နာရမယ်လေ..အဟီး...
 
တွေ့တယ်ဟုတ်..တံတားအဝင်ကိုလုပြီးဝင်နေရတယ်။သူ့တို့ကားအကြီးတွေကိုမယှဉ်နိုင်တော့ နေရာ
ဖယ်ပေးရတယ် ဒီနားမှာတံတားကျော်တာနဲ့ Yankee stadium ရှိတယ်လေ သူတို့ပွဲသာရှိရင် ဒီမှာဘဲ....
နာရီနဲ့ချီ ရွှာပတ်နေပြီ။
 Throgs Neck တံတားကျော်ရင် ကားလမ်းနဘေးက ကမ်းခြေတလျောက်မှာ အားကစား လုပ်နေကြ
 ပြေးနေကြ ရွှက်လှေတွေတိုက်နေကြတာ ပျော်စရာကြီးဘဲ..။ပိတ်ရက်ဆိုစက်ဘီးစီးကြတာပိုများတယ်။
ရှင့်မလဲ..အားရက်တောင်မရှိဘူး...ပိတ်ရက်လည်း..လုပ်နေရတာဘဲ..Holland က Oostverne ရွှာလေး ကိုသတိရတယ်..နေ့တိုင်းကမ်းခြေမှာလမ်းလျောက်နိုင်တယ်...။ မြို့ကြီးရောက်တော့ ဘာမှမလုပ်နိုင်။
sailing  အိုး....rod stewart ရဲ့ကွဲအက်ရှတသံလေး.... ဒီနေရာ ဒီအချိန်မှလားကွာ.... 
we are sailing cross the sea...oh lord to near you to be free.......
ကျားကျားရေ...ရှင်တို့ကော..မြန်မာပြည်မှာနေတုံးက အားရင်ဘာလုပ်လဲ...(စပ်စုကြည့်တာ)...
ကိုယ်လား..အားရင် ပိုကာဒေါင်းတယ်...(တိန်..ကောင်းလိုက်တဲ့အဖြေ..^_^ )

ဟိုမှာကြည့်စမ်း..ကောင်မလေးတယောက်အားနဲ့မာန် နဲ့ပြေးနေလိုက်တာ သူ့အသားစိုင်ကြီးတွေတုန်
နေတာဘဲ..တအားဝတာကိုး...တော်တော်မောနေတဲ့ပုံ..ဒါနဲ့ကျုပ်တို့တပတ်၄ ရက်ပြေးနေတာ ကျုပ်ဗိုက်ပူ
ကြီး ပိန်နိုင်ပါ့မလား ဟိုကောင်မလေးလို တနေ့ကျရင်တုန် ရွှဲလာနိုင်တဲ့အခြေအနေဘဲ။ကမန်းကတန်းဘဲ
လာနေတဲ့ သီချင်းလိုက်ဆိုမိတယ်...ဂါဂါ..သီချင်း.. 
born this way... my mama told me when I was young we are all born superstar.....
                         don't hide yourself in regret,just love yourself and your set....
                         Born this way....born this way.......


ရှင်ကလည်း လမ်းကြောင်းကို ဟိုပြောင်းဒီပြောင်းမလုပ်နဲ့လေ ဒီလမ်းဆိုဒီလမ်းပေါ့ ရှေ့ကျကွေ့ရမှာကြီးကို
တခါကမမှတ်သေးဘူးလား..JFK လေယာဉ်ကွင်းနားမှာ အမည်းမလေးတယောက်ရဲ့အသစ်စက်စက်မာစီး
ဒီးကို နောက်ကနေပန်းတက်မလို့ကွေ့ဝင်ရင်း ဆောင့်မိတာလေ...။(အမည်းတွေများချစ်စရာကောင်းပုံက
စကားပြောရင် ဖ အစချီပြီး နဲ့f#&*  what the f *# u doing you f #* with my car shit f&# f#% f #!...
အံမယ်နောက်ဆုံးကျတော့ ၃ ခွန်းဆက်တိုက်ဗျား ဖ ဖ ဖ..ဟဟ) သူလည်းဂျာမာန်ကား ကိုယ်တို့လည်း
ဂျာမာန်ကား တော်သေးတယ် သူ့ကားဘာမှမဖြစ်ဘူး ဂျပန်ကားဆို အဲနေရာမှာဘဲ ကိုယ်တို့လည်း ကားက နဲနေမှာ..ကိုယ်တို့နံပါတ်ပြားလေးနဲနဲပိန်သွားတယ်..ဒါဘဲ) အဲဒါကို သူ့ခေါင်းဆတ်ကနဲ တုန်သွားအချိန်မှာ နာသွားလို့တရားစွဲမလို့လုပ်တာတဲ့..ကားအာမခံကုမ္မဏီကပြောပြတယ်..ဟင်းဟင်း..အမေရိကား တရားစွဲ နံပါတ် ၁...ခုတောင်အချုပ်ထဲမှာ ကောင်လေးတယောက်၅ ရက်ချုပ်ခံထားရပြီး ဘာမှလာမလုပ်ဘူး သက် ဆိုင်သူတွေမေ့နေတာလေ..အစာလည်းမစားရဘူး..ပြန်တရားစွဲတာ ဒေါ်လာ ၄သန်းကျော်ရချင်တာတဲ့... 

@-@...ကျားကျားရေ နောက်ပိုင်း longisland ကားလမ်းတအားကြပ်လာတယ် သတိထားမောင်း....ဟင်း...
တလမ်းလုံးကိုယ်ဘဲသတိပေးနေရတယ်...ဘယ်ကွေ့ညာကွေ့ ဟို exit ထွက် ဒီလမ်းမှာနေ..ဟူး.မောထှာ
ကဲရောက်တော့မယ်..(အလွန်ချိုသာသောလေသံ ချက်ချင်းပြောင်း သွားတယ်)  မောလိုက်တာကွာ...... တလမ်းလုံး ကို မောင်းပေမဲ့ မီးက နဘေးကနေလိုက်ထိန်းပေးနေရတာ ခုလိုဘေးမသီရန်မခ ရောက်လာပြီ
အလုပ်အေးအေးဆေးဆေးလုပ်နော် အလုပ်မှာလိုက်ပြီး စောင့်မနေတော့ဘူး Broadway Mall မှာဘဲ ချထား
ပေးခဲ့ ရေလေးဘာလေးသောက် ခြေဆန့်လက်ဆန့်လုပ်လိုက်အုံးမယ် ဘယ်လောက်ကြာကြာရတယ်..
မီးကိုစိတ်မပူနဲ့နော်...စိတ်ပြေလက်ပျောက်လျောက်ကြည့်လိုက်အုံးမယ်...(ကြုံတုံးအပြတ်ဝယ်ပစ်မှာ..)

တကယ်ပါ တခါတလေလောက် ကျမလို ပါးစပ်လေးနဲ့ကားမောင်းကြည့်ပါလား..တကယ်ပင်ပန်းတာနော့်
စိတ်မအား လူမအား ပါးစပ်မအား မျက်စိမအား တကယ်လုံးဝနားချိန်တောင်မရှိလိုက်ဘူး nonstop......
born this way...born this way.... :P
(မယ်ငီးကားမမောင်းတတ်ပါ)

ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး