Showing posts with label US-Orlando. Show all posts
Showing posts with label US-Orlando. Show all posts
Wednesday, December 4, 2013
Orlando, Florida ခရီး..
မင်္ဂလာပါရှင်~~~
Orlando မြို့ ဆိုတာကျမနားထဲသိပ်မယဉ်ပါဘူး...။ သူကသူ့ အလုပ်နဲ့ ပတ်သက်ပြီး အဲဒီမြို့ ကလူတွေနဲ့ 
ဆက်နေတော့ ကိုယ်တို့ သွားလည်ရအောင်ပြောတာတောင် စိတ်သိပ်မပါခဲ့ပါဘူး။ ဘာရှိမှန်းမှမသိတာလေ.
ဒီလိုဗြိန်းတာဗျာ၊ဒီလိုဗျ Walt Disney တို့ Universal Studios တို့ ဘာတို့ တွေရှိတဲ့ ကမ္ဘာကျော်အပန်းဖြေ
စခန်းတွေရှိတာလေ...
ကဲ..သွားမယ်ဆိုလည်းသွားရတာပေါ့၊ကမန်းကတန်းနဲ့ လေ့လာဖို့ အချိန်မရလိုက်ဘဲ ထွက်လာကြတာပါ။
လေယာဉ်လက်မှတ်ကိုကပ်မှဝယ်တော့ ဈေးကြီးတတ်ပါတယ်။ မနက်စောစောနဲ့ ညမိုးချုပ်ကြီးဆိုရင် ဈေးချို
တယ်လေ..။ ဒါပေမဲ့ နေ့ လည်ပိုင်းဈေးမကြီးတကြီးအချိန်လေးကိုဘဲဝယ်လိုက်ပါတယ်..။ အသွားအပြန်
Newark airport ကနေ Orlando airport  အထိ တယောက်ကို ၄၅ဝ ဒေါ်လာနဲ့ ၃ နာရီကျော်လောက် စီး
ရပါတယ်..လေယာဉ်ဈေးနူးံက အချိန်နဲ့ ရာသီလိုက်ပြီး ၄ဝဝစွန်းစွန်းကနေ ၇ဝဝ ကျော် အထိရှိပါတယ်။
ခပ်လောလောထွက်လာရလို့ ရေမွှေးမပါလာဘူးဆိုပြီး ရေမွှေးသွားဆွတ်တယ်...(ကျမလေ..ခရီးထွက်ပါးဝ
လို့ ဂျုတီဖရီးဆိုင်မှာ ကိုယ့်အဘအိမ်လိုသဘောထားပြီး အားပါးတရဆွတ်တတ်တယ်လေ...ဟီး..)
ခြေဆုံးခေါင်းဆုံး..မသုံးဖူးသောတံဆိပ်မရှိပါ..မွန်နေအောင်ဆွတ်ပြီး လေယာဉ်ပေါ်မှာစတက်ကတဲကအိပ်
လိုက်သွားတတ်တဲ့အကျင့်ကောင်းများလည်းရှိလေသည်...။ ဒီတခါတော့လျော့ဈေးရှိတယ်တဲ့ ၂မျိုးလောက်ဝယ်ခဲ့တယ်..(ကြုံတုံးလေးကြွားကြည့်တာ.. ^_^ )
ကျမတို့ နေတဲ့နေရာပတ်ပတ်လည် မှာလေယာဉ်ကွင်းတွေမှအများကြီးဘဲ..။ လမ်းလျောက် သွား လို့ မော့ကြည့်ရင်ကောင်းကင်ပေါ်မှာ လေယာဉ် ၃စင်းထက်မနဲပျံသန်းနေတာတွေ့ ရတတ်ပါတယ်။
ဒီတခါမရောက်ဖူးတဲ့ Newark airport ရောက်တုံးပတ်ကြည့်လိုက်ပါအုံးမယ်လေ..
သိပ်ပြီးလူချောက်ကပ်နေတာမျိုးမဟုတ်ပေမဲ့ စည်ကားနေတာပါဘဲ။ အော်..United airlines နဲ့ သွားတာပါ။
ဟော..နောက်ကျမှဝယ်တဲ့အကျိုးကျေးဇူးက ဟိုး...နောက်ဆုံးပိတ်ချီးခုံမှာပေါ့ရှင်...။
ပြူတင်းပေါက်ကပ်ရပ်မဟုတ်ပေမဲ့ ဘေးက အချားဟဲအဒေါ်ကြီးကိုပြုံးပြပြီး တချက်လောက်ကလစ်...
လေယာဉ်ပေါ်မှာတော့အရည်ဘဲတိုက်ပါတယ်..စားချင်ရင်ဝယ်စားပေါ့...။ရောက်ခါနီးတော့
မြင်မြင်သမျှအရမ်းလှတာပါဘဲ..။ရေကန်တွေအများကြီးတွေ့ ရတယ်...အိမ်ဆင်တူတွေများတယ်
မှတ်တာ..ဘယ်ဟုတ်မလဲ...Resort တွေလေ.ဂူးဂဲတချက်ကြည့်လိုက်တာ ဘုရားဘုရား...တလိုက်
ချင်သည်။ တနှစ်ကို လူ ၅၁ သန်းလာလည်ပါတယ်တဲ့..။ တနှစ်၁ဝသန်းကျော်ဝင်တဲ့ ထိုင်းမှာလေယာဉ်ကွင်း
မြဘုရားတွေမှာလူတွေ ရူပ်ရှပ်ခတ် တာလေမြင်ဖူးကြမှာပါ..။ ကျမကမ္မောဒီးယားရောက်တော့ အန်ကောဝပ်
မှာလူများလွန်းလို့ တခါ အံသြခဲ့ရဖူးတယ်..။
ဂေါက်ကွင်းတွေလည်း အများကြီးတွေ့ ခဲ့တယ်..မြေကပြန့် ပြူးနေတာဘဲ ရာသီဥတုလည်းသာယာတယ်လေ
ကျုပ်တို့ မှာတော့ အကျီထူတပွေ့ တပိုက်နဲ့ ...။ ထုံးစံအတိုင်း ကျေးဇူးရှင်က Tour ဝယ်တာပေါ့...ဒီနေ
ရာမှာ ပြောရမယ်ဆိုရင် မျက်စိနဲနဲလည်လိမ့်မယ်..။ ဟော်တယ်ပါပြီး theme park tickets ၄ နေရာ နဲ့
လေယာဉ်ကွင်းအကြိုအပို့ လုပ်တဲ့ Tour တခုကိုဝယ်လိုက်တယ်။
theme park tickets ၄နေရာက ရွှေးစရာတွေ အများကြီးဘဲနံကြားထောက်ရွှေးရမလိုတောင်ဖြစ်နေပြီ...။
တပတ်နေလို့ လုံးဝအချိန်မလောက်တာပါ..အနဲဆုံး ၁ဝရက်ကျော် ဟင်းဟင်း...တလနေလည်းလည် လို့  မကုန်နိုင်တဲ့နေရာပေါ့ရှင်...ကျမတို့ ၆ရက်နဲ့ ၅ ညခရီးပါ..အိမ်ပြန်ရောက်တော့ တခါထဲပန်လန်လက်တာဘဲ။
သူတို့ ဆီကဟော်တယ်တွေဟာလည်း..ကျမတို့ နေဖူးကြုံဖူးခဲ့တာမျိုးမဟုတ်ဘူး..သဘာဝနေရောင်နဲ့ လေ
ကိုရယူဖို့ အသားပေးဆောက်ထားတယ်လေ..ဒါကြောင့်..ပုံစံကပြောရမယ်ဆိုရင် လင်းယုန်ကြီးတောင်ပံဖြန့်  ကားထားသလို ပေါ့..အလယ်မှာ မိန်းအဆောက်အဦနဲ့ ရုံးခန်းရှိပြီး ဘေးမှာတော့ ပုံမှာတွေ့ ရသလို ကား
ကားကျယ်ကျယ်ကြီး နောက်တဆောင်ကျန်သေးတယ်..ဒီလိုတွေ များတယ်..
(ဟား..အလည်တည့်တည့်မှာ ကိုယ့်အရိပ်ကြီးဗျို့ ..အံမယ်ဘယ်ဆိုးလို့ လဲ အရိပ်ထဲမှာအရပ်မြင့်ထှာနော်..)
ဟော်တယ်ကမနက်စာပါပေမဲ့ပေါင်မုန့် နဲ့ ကော်ဖီအချိုရည်၊ပြောင်းဖူးမှုန့် ကွေကာအုပ်နွားနို့ ဒါဘဲပါတယ်
ဘူဖေးမနက်စာမှာတော့အစုံရှိတယ် တယောက် ၈ ကျပ်ကျော်လောက်ထပ်ပေးရတယ်လေ...။
ဟော်တယ်ရောက်တော့ ပစ္စည်းနေရာချ ဟူး...ချက်အင် ကောင်တာနဲ့  အခန်းနဲ့ တမျှော်တခေါ်ကြီး ပတ်
သွားရပါသေးတယ်..။ဟော်တယ်ခနဲ့  Tour က ယောက်ကို ၁ဝဝဝကျော်ပါတယ်..။ နောက်ပိုင်းမှာ ဘယ်လို
သက်သက်သာသာနဲ့ သွားနိုင်တယ်ဆိုတာ မိတ်ဆွေများကိုအကြံပေးရအုံးမယ်..။ ကျမတို့ ၂ယောက်ကို
၃,ဝဝဝ လောက်ကုန်ပါတယ်လေ...။သူကထပ်သွားချင်ပါသေးတယ်တဲ့...:P
ညနေရောက်တော့ အနားမှာရှိတဲ့ ဆိုင်တွေကိုသွားရှာတာ..ကိုယ်တို့ အကြိုက် မူတူးတို့ ဆိုင်ရှိတယ်လေ..။
တခြားတွေဟာက ကျုးဘားစားစရာတွေဘာတွေ မစားတတ်ဘူး..ဒါနဲ့ အိမ်နီးနားချင်းမူတူးတို့ ကိုဘဲ
အားပေးခဲ့ပါတယ်...ထုံးစံ ဒန်ပေါက်နဲ့ ပုဇွန်စပ်ဟင်းမှာစားပါတယ်။ စားလို့ ကောင်းဗျား...။
ကဲ...ဖလော်ရီဒါနေညိုလေးက..လှပနေလိုက်တာ....ကိုယ်တို့ လည်းမနက်ဖန်အတွက်အားမွှေးထားရမယ်။
၎ ရက်အတွက်..ကျမတို့ အစီအစဉ်က အသွားတရက် အပြန်တရက်ပါတော့လည်ရမဲ့ရက်က ၄ရက်ထဲ..
ကားအကြိုအပို့ လည်းပါတယ်လေ...။တကယ်ဆိုရင် ဟော်တယ်တော်တော်များများမှာလက်မှတ်ရောင်း
ကောင်တာရှိပြီး ကားနဲ့ ကြိုပို့ ပေးတာပါ...ကျမတို့ ဝယ်တဲ့Tour ကလေယာဉ်ကွင်းမှာလာကြိုပြီး လက်မှတ်
၎စောင်ပေး မြေပုံတွေထုတ်ပြပြီး...တာတာလုပ်သွားတာလေ..သူ့ အချိန်နဲ့ သူ ဟော်တယ်ဝန်းထဲ ဘတ်စ်
ကားဝင်လာကြိုတာကိုစောင့်စီးဖို့ ပြောသွားတာ..ပေးလိုက်ရတဲ့ Tip က ၅ ကျပ်..ဟွန့် ... :((
တန်းစီခြင်း၊သည်းခံခြင်း၊စိတ်ရှည်ခြင်များစွာနဲ့ အတူ ပေါ့ပါးသောအဝတ်အစားများနဲ့ အရေးကြီးဆုံးက
ပေါ့ပါးသောဖိနပ်များစီစဉ်ပြီးမှ ဒီခရီးကိုသွားလည်ဖို့ အကြံပေးချင်ပါတယ်...။ကံကောင်းတာ
ကျမတို့ သွားတဲ့အချိန်က ရာသီဥတုသာဟာပြီးလူသိပ်မကျတဲ့အချိန်တဲ့...။ ခရစ်မတ်ဆိုရင်တော့
မသွားပါနဲ့ လို့ ဘဲပြောလိုက်ချင်တယ်...လူတွေလူတွေ...အောင်မငီး...လူသိပ်မကျဘူးလို့ သာတော်
တော့တယ်.....စီးပွားရေးမကောင်းဘူးပြောတယ်ဆိုတာ မယုံပါနဲ့  တကမ္ဘာလုံးလာကြတယ်.....
လူတွေလူတွေ..ထိုလူတွေကြားထဲ..ပုလုံးတို့ ၂ယောက်လည်းပါခဲ့တာပေါ့...ရှင်...
ကျန်တာတွေကိုတော့ ပိတ်ကားပေါ်မှာစောင့်မျှော်ရူစား ကြပါရှင်..အဲ...ဟုတ်ဖူး..မကြာမှီလာမည်....
အာလူးပိသာလိုက်လာပစ်လေဖာကြတာပေါ့...နော့်.. :)))))
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး