မင်္ဂလာပါရှင်~~~
Orlando မြို့ ဆိုတာကျမနားထဲသိပ်မယဉ်ပါဘူး...။ သူကသူ့ အလုပ်နဲ့ ပတ်သက်ပြီး အဲဒီမြို့ ကလူတွေနဲ့ 
ဆက်နေတော့ ကိုယ်တို့ သွားလည်ရအောင်ပြောတာတောင် စိတ်သိပ်မပါခဲ့ပါဘူး။ ဘာရှိမှန်းမှမသိတာလေ.
ဒီလိုဗြိန်းတာဗျာ၊ဒီလိုဗျ Walt Disney တို့ Universal Studios တို့ ဘာတို့ တွေရှိတဲ့ ကမ္ဘာကျော်အပန်းဖြေ
စခန်းတွေရှိတာလေ...
လေယာဉ်လက်မှတ်ကိုကပ်မှဝယ်တော့ ဈေးကြီးတတ်ပါတယ်။ မနက်စောစောနဲ့ ညမိုးချုပ်ကြီးဆိုရင် ဈေးချို
တယ်လေ..။ ဒါပေမဲ့ နေ့ လည်ပိုင်းဈေးမကြီးတကြီးအချိန်လေးကိုဘဲဝယ်လိုက်ပါတယ်..။ အသွားအပြန်
Newark airport ကနေ Orlando airport အထိ တယောက်ကို ၄၅ဝ ဒေါ်လာနဲ့ ၃ နာရီကျော်လောက် စီး
ရပါတယ်..လေယာဉ်ဈေးနူးံက အချိန်နဲ့ ရာသီလိုက်ပြီး ၄ဝဝစွန်းစွန်းကနေ ၇ဝဝ ကျော် အထိရှိပါတယ်။
ခပ်လောလောထွက်လာရလို့ ရေမွှေးမပါလာဘူးဆိုပြီး ရေမွှေးသွားဆွတ်တယ်...(ကျမလေ..ခရီးထွက်ပါးဝ
လို့ ဂျုတီဖရီးဆိုင်မှာ ကိုယ့်အဘအိမ်လိုသဘောထားပြီး အားပါးတရဆွတ်တတ်တယ်လေ...ဟီး..)
ခြေဆုံးခေါင်းဆုံး..မသုံးဖူးသောတံဆိပ်မရှိပါ..မွန်နေအောင်ဆွတ်ပြီး လေယာဉ်ပေါ်မှာစတက်ကတဲကအိပ်
လိုက်သွားတတ်တဲ့အကျင့်ကောင်းများလည်းရှိလေသည်...။ ဒီတခါတော့လျော့ဈေးရှိတယ်တဲ့ ၂မျိုးလောက်ဝယ်ခဲ့တယ်..(ကြုံတုံးလေးကြွားကြည့်တာ.. ^_^ )
လို့ ဂျုတီဖရီးဆိုင်မှာ ကိုယ့်အဘအိမ်လိုသဘောထားပြီး အားပါးတရဆွတ်တတ်တယ်လေ...ဟီး..)
ခြေဆုံးခေါင်းဆုံး..မသုံးဖူးသောတံဆိပ်မရှိပါ..မွန်နေအောင်ဆွတ်ပြီး လေယာဉ်ပေါ်မှာစတက်ကတဲကအိပ်
လိုက်သွားတတ်တဲ့အကျင့်ကောင်းများလည်းရှိလေသည်...။ ဒီတခါတော့လျော့ဈေးရှိတယ်တဲ့ ၂မျိုးလောက်ဝယ်ခဲ့တယ်..(ကြုံတုံးလေးကြွားကြည့်တာ.. ^_^ )
ကျမတို့ နေတဲ့နေရာပတ်ပတ်လည် မှာလေယာဉ်ကွင်းတွေမှအများကြီးဘဲ..။ လမ်းလျောက် သွား လို့ မော့ကြည့်ရင်ကောင်းကင်ပေါ်မှာ လေယာဉ် ၃စင်းထက်မနဲပျံသန်းနေတာတွေ့ ရတတ်ပါတယ်။
ဒီတခါမရောက်ဖူးတဲ့ Newark airport ရောက်တုံးပတ်ကြည့်လိုက်ပါအုံးမယ်လေ..
ဒီတခါမရောက်ဖူးတဲ့ Newark airport ရောက်တုံးပတ်ကြည့်လိုက်ပါအုံးမယ်လေ..
ပြာရီမှိုင်းကာမို့ မို့ ..မို့ မို့ လွင်...တိမ်လွှာမို့ မို့ လွင်...သီချင်းနဲ့ လိုက်တယ်ထင်ပါသလား... :P
မြင်မြင်သမျှအရမ်းလှတာပါဘဲ..။ရေကန်တွေအများကြီးတွေ့ ရတယ်...အိမ်ဆင်တူတွေများတယ်
မှတ်တာ..ဘယ်ဟုတ်မလဲ...Resort တွေလေ.ဂူးဂဲတချက်ကြည့်လိုက်တာ ဘုရားဘုရား...တလိုက်
ချင်သည်။ တနှစ်ကို လူ ၅၁ သန်းလာလည်ပါတယ်တဲ့..။ တနှစ်၁ဝသန်းကျော်ဝင်တဲ့ ထိုင်းမှာလေယာဉ်ကွင်း
မြဘုရားတွေမှာလူတွေ ရူပ်ရှပ်ခတ် တာလေမြင်ဖူးကြမှာပါ..။ ကျမကမ္မောဒီးယားရောက်တော့ အန်ကောဝပ်
မှာလူများလွန်းလို့ တခါ အံသြခဲ့ရဖူးတယ်..။
ကျုပ်တို့ မှာတော့ အကျီထူတပွေ့ တပိုက်နဲ့ ...။ ထုံးစံအတိုင်း ကျေးဇူးရှင်က Tour ဝယ်တာပေါ့...ဒီနေ
ရာမှာ ပြောရမယ်ဆိုရင် မျက်စိနဲနဲလည်လိမ့်မယ်..။ ဟော်တယ်ပါပြီး theme park tickets ၄ နေရာ နဲ့ 
လေယာဉ်ကွင်းအကြိုအပို့ လုပ်တဲ့ Tour တခုကိုဝယ်လိုက်တယ်။
တပတ်နေလို့ လုံးဝအချိန်မလောက်တာပါ..အနဲဆုံး ၁ဝရက်ကျော် ဟင်းဟင်း...တလနေလည်းလည် လို့  မကုန်နိုင်တဲ့နေရာပေါ့ရှင်...ကျမတို့ ၆ရက်နဲ့ ၅ ညခရီးပါ..အိမ်ပြန်ရောက်တော့ တခါထဲပန်လန်လက်တာဘဲ။
ကိုရယူဖို့ အသားပေးဆောက်ထားတယ်လေ..ဒါကြောင့်..ပုံစံကပြောရမယ်ဆိုရင် လင်းယုန်ကြီးတောင်ပံဖြန့်  ကားထားသလို ပေါ့..အလယ်မှာ မိန်းအဆောက်အဦနဲ့ ရုံးခန်းရှိပြီး ဘေးမှာတော့ ပုံမှာတွေ့ ရသလို ကား
ကားကျယ်ကျယ်ကြီး နောက်တဆောင်ကျန်သေးတယ်..ဒီလိုတွေ များတယ်..
(ဟား..အလည်တည့်တည့်မှာ ကိုယ့်အရိပ်ကြီးဗျို့ ..အံမယ်ဘယ်ဆိုးလို့ လဲ အရိပ်ထဲမှာအရပ်မြင့်ထှာနော်..)
ဟော်တယ်ကမနက်စာပါပေမဲ့ပေါင်မုန့် နဲ့ ကော်ဖီအချိုရည်၊ပြောင်းဖူးမှုန့် ကွေကာအုပ်နွားနို့ ဒါဘဲပါတယ်
ဘူဖေးမနက်စာမှာတော့အစုံရှိတယ် တယောက် ၈ ကျပ်ကျော်လောက်ထပ်ပေးရတယ်လေ...။
သွားရပါသေးတယ်..။ဟော်တယ်ခနဲ့  Tour က ယောက်ကို ၁ဝဝဝကျော်ပါတယ်..။ နောက်ပိုင်းမှာ ဘယ်လို
သက်သက်သာသာနဲ့ သွားနိုင်တယ်ဆိုတာ မိတ်ဆွေများကိုအကြံပေးရအုံးမယ်..။ ကျမတို့ ၂ယောက်ကို
၃,ဝဝဝ လောက်ကုန်ပါတယ်လေ...။သူကထပ်သွားချင်ပါသေးတယ်တဲ့...:P
တခြားတွေဟာက ကျုးဘားစားစရာတွေဘာတွေ မစားတတ်ဘူး..ဒါနဲ့ အိမ်နီးနားချင်းမူတူးတို့ ကိုဘဲ
အားပေးခဲ့ပါတယ်...ထုံးစံ ဒန်ပေါက်နဲ့ ပုဇွန်စပ်ဟင်းမှာစားပါတယ်။ စားလို့ ကောင်းဗျား...။
၎ ရက်အတွက်..ကျမတို့ အစီအစဉ်က အသွားတရက် အပြန်တရက်ပါတော့လည်ရမဲ့ရက်က ၄ရက်ထဲ..
ကားအကြိုအပို့ လည်းပါတယ်လေ...။တကယ်ဆိုရင် ဟော်တယ်တော်တော်များများမှာလက်မှတ်ရောင်း
ကောင်တာရှိပြီး ကားနဲ့ ကြိုပို့ ပေးတာပါ...ကျမတို့ ဝယ်တဲ့Tour ကလေယာဉ်ကွင်းမှာလာကြိုပြီး လက်မှတ်
၎စောင်ပေး မြေပုံတွေထုတ်ပြပြီး...တာတာလုပ်သွားတာလေ..သူ့ အချိန်နဲ့ သူ ဟော်တယ်ဝန်းထဲ ဘတ်စ်
ကားဝင်လာကြိုတာကိုစောင့်စီးဖို့ ပြောသွားတာ..ပေးလိုက်ရတဲ့ Tip က ၅ ကျပ်..ဟွန့် ... :((
တန်းစီခြင်း၊သည်းခံခြင်း၊စိတ်ရှည်ခြင်များစွာနဲ့ အတူ ပေါ့ပါးသောအဝတ်အစားများနဲ့ အရေးကြီးဆုံးက
ပေါ့ပါးသောဖိနပ်များစီစဉ်ပြီးမှ ဒီခရီးကိုသွားလည်ဖို့ အကြံပေးချင်ပါတယ်...။ကံကောင်းတာ
ကျမတို့ သွားတဲ့အချိန်က ရာသီဥတုသာဟာပြီးလူသိပ်မကျတဲ့အချိန်တဲ့...။ ခရစ်မတ်ဆိုရင်တော့
မသွားပါနဲ့ လို့ ဘဲပြောလိုက်ချင်တယ်...လူတွေလူတွေ...အောင်မငီး...လူသိပ်မကျဘူးလို့ သာတော်
တော့တယ်.....စီးပွားရေးမကောင်းဘူးပြောတယ်ဆိုတာ မယုံပါနဲ့  တကမ္ဘာလုံးလာကြတယ်.....
လူတွေလူတွေ..ထိုလူတွေကြားထဲ..ပုလုံးတို့ ၂ယောက်လည်းပါခဲ့တာပေါ့...ရှင်...
ကျန်တာတွေကိုတော့ ပိတ်ကားပေါ်မှာစောင့်မျှော်ရူစား ကြပါရှင်..အဲ...ဟုတ်ဖူး..မကြာမှီလာမည်....
အာလူးပိသာလိုက်လာပစ်လေဖာကြတာပေါ့...နော့်.. :)))))
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
အလည်လိုက်ရင်းဒန်ပေါက်ပါကပ်တုပ်သွားတယ်နော်။
ReplyDeleteဒန်ပေါက်မစားရတာကြာပြီ။
အိုင်အိုရာ
ဒန်ပေါက်ဘယ်အချိန်စားစားစားနိုင်တယ်လေ..ဟီး
Deleteပုဇွန်အစပ်ဟင်းနဲ့ရေမွှေးပုလင်းတွေ သေ
ReplyDeleteရကျသွားပါတ
ယ် အန်တီမီ :))) သင်ဇာ
စပ်လို့ ကိုယ်လည်းသရေတွေဘာတွေကျလို့ :D
Deleteမမီး ၃၀၀၀ လား ၃၀၀၀၀ လား .. ၃၀၀၀၀ ဆို လန့်စရာကြီး :)
ReplyDeleteစူးနွယ်လေး
ဘဲဒီးဆော်ရီး..ရေးမှားထွားတယ်...
Deleteချက်ချင်းပြန်ပြင်လိုက်တယ်
ကျေးကျေး.. ၃ဝဝဝဝ ဆိုရင် ကိုယ်တော့နှာနှပ်နေရလောက်ပြီ :P
လူတွေလူတွေ အဲလာက်တောင်များရသလား။ ပြကြည့်ပါအုန်းး)))
ReplyDeleteနောက်ပို.စ်ကို မျှော်နေမယ်
ရေးချင်နေတာ၊ခရီးထပ်လွန်နေလို့ ..
Deleteခနလေးဘဲစောင့်ပါ.. :))
"ခြေဆုံးခေါင်းဆုံး..မသုံးဖူးသောတံဆိပ်မရှိပါ..မွန်နေအောင်ဆွတ်ပြီး လေယာဉ်ပေါ်မှာစတက်ကတဲကအိပ်
ReplyDeleteလိုက်သွားတတ်တဲ့အကျင့်ကောင်းများလည်းရှိလေသည်...။"
ဘေးခုံ ကလူ တွေ ရေ မွှေးကြိုက် ရင် တော်သေး တယ်။ မ ဟုတ် ရင် မ လွယ် ဘူး။
lol
အလကားရလို့ ဆွတ်တာပါအေ...
Deleteကိုယ့်ဖာသာဆိုရင် နဲနဲလေး..ပေါ့..
လေယာဉ်ပေါ်မူးပြီးအိပ်သွားအောင်လို့ လည်းပါတယ်..
ဂျလယ်ဗျို့ ..
NICE!!! NICE!!!
ReplyDeleteKhine
Tired Tired and miss home again...
Delete:(
ရောက်ဖူးချင်တာ ကနေဒီစပေ့စင်တာကို...သွားနိုင်လွန်းသူ မမီးကို အားကျတယ်..း)
ReplyDeleteကိုယ်ကလည်း
Deleteစန်းထွန်းတို့ ကိုအားကျပေါ့
တယောက်ထဲလျှောက်သွားနိုင်တာ
သတ္တိရှိပါ့... :))