Sunday, December 22, 2013

ချက်စားဝယ်စား ၃

မင်္ဂလာပါရှင်~~~~

ဒီတလလုံးကျမ အိမ်မှာမကပ်ဘူး..။ ဝေါ်ဒစ်စနီ အကြောင်းရေးမလို့ပထမရက်ကနေမတက်တော့ဘူး..။
လူနဲ့စိတ်နဲ့မကပ်ရင် ဘာမှမဖြစ်လာတော့ဘူးလေ..။ ဒီတခါ ကြားဖြတ်ပြီးစားကြောင်းသောက်ကြောင်းတွေ
ပြောပြရအုံးမယ်..။ကျမတော့ "မျက်နှာဘုတ်အုပ်"မှာလည်း သူများဘာတွေချက်တာလဲဘဲ သွားချောင်း
တယ်။ ကိုယ်က တပတ်စာ တခါဝယ်ရတာ..။ တခါခါဝယ်ရင် ဘာဝယ်လို့ဘာချက်ရမှန်းကိုမသိဘူး..။ မိတ်ဆွေများလည်းကျမလို ဖြစ်တတ်မယ်ထင်ပါတယ်..။

ကျမက ခေါက်ဆွဲကြိုက်တော့ ဆိုဘာခေါက်ဆွဲ ပန်းဂျုံခေါက်ဆွဲကို မပြတ်ဝယ်ထားလေ့ရှိတယ်..။
လုပ်စားတာလည်းလွယ်တယ်..။ သူ့ဆော့စ်ကိုဒီမှာရယ်ဒီမိတ်ပုလင်းရှိတယ်လေ..။ ပဲငံပြာရည်ပါဘဲ..။
ဘာတွေရောထားလည်းတော့မသိဘူး..ကျမက အဲဒီထဲကို မုန်လာဥဖြူနဲနဲခြစ်ထဲ့၊ ဝါဆာဘီ wasabi သွား
တိုက်ဆေးလိုမျိုးဗူးလေးနဲ့ရှိတယ်..နဲနဲထဲ့ ပြီးခေါက်ဆွဲကိုရောထားတဲ့ ဆော့စ်ရှည်ထဲစိမ်ပြီး ရှလူး ဘလူး
မြည်အောင်စုတ်သွင်းလိုက်တာဘဲ..

ဒါက ကျမရဲ့ဟုမ်းမိတ်ဆိုဘာ...မနက်စာလေ..သူများတွေလိုကော်ဖီ ပေါင်မုန့်စားတတ်ဘူး..။
တခါခါ လည်းပုံထဲကအတိုင်း ကမ်ချီနဲ့သုပ်စားလိုက်တာဘဲ...ပဲငံပြာရည်ရယ် ငရုပ်ကောင်း ဆားနဲနဲလေး..


ဒါကတော့ ပဲခေါက်ဆွဲထုပ်လေးပါ...လူကလည်းနေရင်းအသားတွေသိပ်စားချင်စိတ်မရှိတော့ဘူး...။

ဆိုင်မှာ ဝယ်စားတဲ့ ပဲခေါက်ဆွဲ...အာလူးတွေကများများ..ကျမအာလူးသိပ်မကြိုက်တော့ နောက်
ဘယ်တော့မှ မဝယ်စားတော့ဘူးလို့ဆုံးဖြတ်ထားတယ်..။
အီအီတလီခေါက်ဆွဲကိုလည်း..ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြက်သား Hem နဲ့ချိစ် ရောပြီး လုပ်စားတတ်
သေးတယ်..။ ဟား..တီဗီပေါ်ကဟင်းချက်ဆရာကြီးများလို့နွားနို့တွေ ငရုပ်ကောင်းတွေ ဘာတွေနဲ့
မဆိုးဘူး..ငံချိုချိုလေး...စားကောင်းဗျား...။
မအိုရာလို ဘိန်းမုန့်လုပ်ကြည့်တာလေ...အမရေ..တခုက အုန်းသီးထဲ့တယ် တခုကမထဲ့ဘူး..။
တကယ်စားကောင်းတယ်နော်..မွှေးနေတာဘဲ..ခဏခဏလုပ်စားဖြစ်တဲ့မနက်စာလေးပေါ့..။
  
အမျိုးသားကလည်းအာလူးအရမ်းကြိုက် အာလူးကက်သလိတ်စားချင်တယ်ဆိုလို့ သူများနည်းတွေကြည့်
ပြီး ကြော်ပေးလိုက်တယ် နဲနဲညိုတဲ့ဟာက ကြက်ဥနဲ့အကြော်မုန့်မပါရိုးရိုးအာလူးလုံးကြော်..ကြက်ဥနဲ့
နဲ့အကြော်မုန့်တွေကြားထဲ အာလူးလုံးလေးကိုရောလိမ့်ပြီးမှ ကြော်ရင် ပိုကြွတ်ရွလေးဖြစ်လာတယ်..
မနက်စာတွေဖက်ကနေ ဟင်းတွေဖက် ကူးအုံးမှ... 😁
ငါးကြွတ်ကြွတ်ကြော်ပြီး ပုလင်းဖင်နားကပ်နေတဲ့ ပဲငါးပိအစပ်နဲ့ ပြောင်းဖူးမုန့်လေးနဲနဲ ရေရောပြီး
အိုးပေါ်ခဏချက်လိုက်..နောက်လောင်းထဲ့လိုက်တာ...ကောင်းမှကောင်း...
ဒီငါးကတော့ အရွက်နဲနဲများသွားပါတယ်... :P
ကျမရဲ့ကုလားပဲနဲ့ကြက်သားဟင်း...ကျမဟင်းတွေဆိုရင်..ဆီနဲနဲ..ဆိုတော့အမြင်မလှပါဘူးလေ..။
ပုဇွန်ရေပြန်ဟင်း..ဟီး...
ကျမတို့ရဲ့ပုဇွန်ချဉ်ငံစပ် တုမ်ယမ်း...ပူပူစပ်စပ်ဆိုတာ အခုရာသီနဲ့အသင့်တော်ဆုံး...
အဖြူရောင် ကညွတ်နဲ့ကြက်သား ပဲပြား..(တကယ်ဆိုအိမ်မှာကပ်သပ်ကျန်တာတွေစုပေါင်း ချက်တာ ဒါတွေက ကျမတို့အိမ်ရှင်မတွေရဲ့အကျွမ်းကျင်ဆုံးပညာတွေလေ..နော်..)
ထိုင်းတွေကြက်ဥကြော်ရင် ဝက်သားတောက်တောက်စင်းနဲ့ရောပြီးကြော်တတ်တယ် အဲဒါနဲ့ထမင်းဖြူနဲ့
ရောင်းတာလေ..ကျမနေခဲ့တုံးကခဏခဏမှာစားခဲ့ရတဲ့ဟင်းပေါ့...။ ကျမတော့ ကြက်သားတောက်တောက် စင်းနဲ့ကြောက်တာပါ..။
Arugula အရွက်..အရသာကခါးသက်သက်မို့လို့ကြော်ချက်စားရင် တကယ်ကောင်းတယ်.. အစိမ်းနဲ့ကိုပိုကြိုက်တယ်..
 ကျမအညာသားကြီးအမြဲတောင်းတတ်လို့..ခရမ်းချဉ်သီးကို ပုဂံကြီးနဲ့ထောင်းပြီး ၂ရက် ၃ရက်စားတာဘဲ..။
ကြက်သားနဲ့ပဲသီး..အမေကတော့ ဝက်သား၃ထပ်သားနဲ့ချက်စားလေ့ရှိတယ်...။ ဒီလိုဟင်းချက်ရင် သံပုရာ
သီးနဲ့ငရုတ်သီးထောင်း..ပါရင်လွှတ်ကောင်းဗျို့..
ပြီးခဲ့တဲ့ ၂ပတ်ကြော် ၃ပတ်နီးပါး..အမျိုးသားအလုပ်နဲ့ခရီးထွက်တာ ကိုယ်ကကန့်လန့်ကန့်လန့်ကြီး လိုက်သွားမိတော်မူပါတယ်..။ ဟိုး..နယူးယောက် လောင်းအိုင်းလိုင်း ထိပ်ဖျား သမုဒ္ဒရာနားကပ်ရပ်ဖက်မှာ
ဟော်တယ်အခန်းထဲ တယောက်ထဲ ကြောင်တောင်တောင်နဲ့ လေကတိုက် နှင်းကကျ အစားအသောက်
ကလည်းဆင်းရဲ..စိတ်ပိန်ချက်... ၁ဝဝ % ..၊ အပြင်မထွက်နိုင်ဘဲ ရှိတာမှာစားရတယ်...
ကျမတော့ ဆန်ပြုတ်ရှိတယ်ဆိုလို့ ၂ခါ ၃ခါလောက်စားတယ်..သူတို့စပါကက်တီ ကိုကြည့်ပါအုံး...
ချိစ်ပင်လယ်ပေါ်မှာ ချစ်ထပ်ဖြူးပြီး နောက်ထပ်ချစ်လိုက်ပွဲသေးသေးတခုပါ ပေးပါတယ်...😂
 သူမို့လို့နေ့တိုင်းမှာစားနိုင်တယ်
မွှေလိုက်တော့လည်း..မဆိုးပါဘူးလေ..အပြစ်တင်စောသွားတာ..အဟဲ..
ကြည့်ရင်တော့စားချင်စရာလေးနော်..ကြိုက်ရင်တော့စားကောင်းပါတယ်လေ..
ကြက်သား ပုဇွန်..ဒါဘဲကွာတာ..အတူတူပါဘဲ...
 ဒီငါးကနဲနဲအနံ့ရှိတယ် ပေးထားတဲ့သံပုရာသီး အာလုံးညစ်ထဲ့ပစ်လိုက်တယ်..အေးရော..
ဒီဆော်လမွန်ငါးကင်တော့ အတော်ကောင်းတာပေါ့..ဈေးလည်းကောင်းပါ့ ..၂၅ အခန်းထဲလာပို့ရင် ဘာညာ
ဘာညာနဲ့ ဟူး...
ဒါက အောက်ထပ်မှာဆင်းပြီးသွားစားတုံးက ..ပုံကမကောင်းဘူးထင်ပေမဲ့အတော်ကောင်းသား..
 
ပုဇွန်၊ ဂုံး၊ ခရု ၃မျိုးပါတယ်..ခေါက်ဆွဲနဲ့..ကျမတို့၂ယောက်လက်တွေနဲ့ကိုင်ပြီးစားတာ..ကိုယ့်ဆန်ပြုတ်ပုဂံ
ဘေးချပြီးသူ့ပုဂံကိုခွတုတ်ခဲ့တာဘဲ..သူများတွေကြည့်လည်း ..ဂရုမစိုက်ဘူး..နော့်..ဘာဖြစ်လဲ..
 သူတို့ကြက်သွန်ကြော် ..ဘာလို့ချိစ်နဲ့တို့စားရတာလဲမသိဘူး..ကိုယ်တို့လိုမကျဉ်းသီး ငရုတ်သီးလေး နဲ့ဆို...ဘယ်ပြောကောင်းမလဲနော့်..
ကြက်သားကြော်...တခါဝယ်ရင် အချဉ်ခွက်အလကားအပိုင်ရတယ်နော်..မိုက်စ်..စတီးခွက်လေးဗျ...
 လွန်ခဲ့သော ၃ပတ်လောက်က လက်ဖက်ခြောက်ကုန်လို့...သွားရှာဝယ်ရင်း...ဒီကော်ဖီတွေရောင်းတာမြင်
လို့အံသြမိတယ်..တော်တော်ကော်ဖီကြိုက်တဲ့အမေရိကန်တွေ...နိုင်ငံတကာက ကော်ဖီမျိုးစုံ ဝယ်ပြီး အဲ့ဒီ
နေရာမှာဘဲကြိတ်ပြီးယူသွားကြတယ်..အနံလေးမွှေးနေတာဘဲ...
ကျမက လက်ဖက်ခြောက်ကို ရှာတာ..ခေါင်းမူးသွားတယ်.. ဘာအမျိုးအစားယူရမှန်းကိုမသိဘူး..
နောက်ဆုံးတော့.....ဂရင်းတီးပေါ့..ရှင်.....
ကဲ.....ရက်ပေါင်းများစွာ အူသိပ်မစိုပြေခဲ့လို့ ဒီနေ့စာရေးရင်း..ခန္ဓယ်ကိုယ်ထဲကပိုးလောက်လန်းတွေ ကိုပြန်ဖြေသိမ့်ပေးလိုက်တယ်လေ... :))))

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~

10 comments:

  1. ချိစ်ပင်လယ်ပေါ် ချိစ်ဖြူးထားတာ ကြည့်ရတာတောင် တော်တော်အီသွားတယ် :D အပေါ်က ငါးကြော်စားချင်တယ်..

    ReplyDelete
    Replies
    1. ဟုတ်ပါ့ ..ချိစ်အစား တောင်ကြီးညဈေးအပေါ်ဖက်က ထ ၄သွားတဲ့လမ်းပေါ်မှာ
      ပန်းသေးညီအမတွေရောင်းတဲ့ ထိုဖူးနွေး ဆိုရင် ဘယ်လောက်ကောင်းလိမ့်မတုံး..နော့်.. :))
      (ပြောရင်းနဲ့ သတိရတာကွာ..)

      Delete
  2. မမီး အားလုံးစားချင်စရာတွေချည်းပဲ ဒါပေမယ့်တော်တော်အီမယ်နော်...အဲလိုစားပြီးရင်း ရှမ်းစာချဉ်ချဉ်စပ်စပ်လေးပြန်မစားချင်ဘူးလားအစ်မ...ဟိ ရန်စသွားသည်...။

    ReplyDelete
    Replies
    1. ဟွန့် ..ဒီခလေးမလေးနော်...စားချင်နေပါတယ်ဆို...
      ဝယ်စားတဲ့ဟာတွေဆိုရင်လည်း..
      ကိုယ့်လက်ရာဘယ်မှီလိမ့်မတုံး..
      (ဟီး...ကိုယ့်ငါးချဉ်ကိုယ်ချဉ်ကြည့်တာလေ..)
      ဘယ်နားရောက်ရောက် ရှမ်းစာတွေဘဲ
      တမ်းတတယ်..ကြံဖန်လုပ်စားကြည့်တယ်..
      ခုတော့ ၇ျပန်..နာတိုး..ဆိုတဲ့ပဲပုပ်စေ့ နဲ့ 
      ကိုရီးယားကပဲပုပ်တွေ နဲ့ အတော်ဟုတ်နေပြီ..

      Delete
  3. ကိုယ်တော့မီးမီးချက်တာတွေပဲစားချင်တယ်။
    ခေါက်ဆွဲတော့မပါဘူးနော်။
    ကိုယ်တောင်ဘိန်းမုန့် မလုပ်ပေးဖြစ်တာနှစ်ပေါက်နေပြီ။
    လုပ်ပေးအုန်းမှဘဲ မီးမီးတင်မှသတိရသွားပြီ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာကဟင်းချက်တော်တယ်..
      ကျမက..အိမ်ထောင်ကျမှ ပြူးတူးပြဲတဲ ဟင်းချက်သင်နေရတာ..
      ပေါက်ကရရှောက်ချက်ရင်းနဲ့ အခုတော့ အတော်ဟုတ်နေသလိုပေါ့..
      ဟဟ..ကိုယ့်အလေးချိန်တိုးလာတယ်ဆိုတော့..အတော်ဟုတ်တယ်လို့ 
      သတ်မှတ်တာလေ.. ဟီး
      ဘိန်းမုန့် က ဘလိန်းဘဲ..အုန်းသီးနဲ့ ကြံသကာဘဲပါတာ..
      ဒါပေမဲ့စားကောင်းတယ်..

      Delete
  4. Ma Mee Nage
    Yummy!!!
    Khine

    ReplyDelete