Sunday, December 30, 2012

ဘန်ကောက်ခရီးတထောက်..

မင်္ဂလာပါရှင်~~~~
ပေါ်မလာ နိုင်ခဲ့အတော်ကြာခဲ့ပါပြီ....။
လူမအား စိတ်မအား နဲ့ ပြောစရာတွေတော့အတော်များများကြီးကိုရှိနေပါတယ်။
ကျမ မြို့ ကိုပြန်ရောက်တဲ့အချိန်က အချိန်ကောင်းလေးပါ။
ဒီဇင်ဘာလ ၁၂.၁၂.၂၀၁၂ မှာရှမ်းကောက်သစ်စားပွှဲ ၀င်နွှဲလိုက်ရသေးတယ်။
ဒါ့ဒါ့တွေတင်ရတာ အဆင်မပြေတာနဲ့ ၊ ဘန်ကောက်ရောက်တုံးက စားခဲ့ဝါးခဲ့တာလေး တွေ၊
တင်ရင်း ၂၀၁၂ အတွက်နှုတ်ဆက်ပြီး နှစ်သစ်ကို ကျိုင်းတုံကနေပြီး ကြိုဆိုနှုတ်ခွန်းဆက်လိုက်ပါတယ်ရှင်..။


ကျမ ဘန်ကောက်ရောက်တော့ နှစ်ပေါင်းများစွာကွဲနေတဲ့သူငယ်ချင်း(ထိုင်း)တယောက်နဲ့ ပြန်တွေ့ တယ်။
သူ့ အိမ်နားက ဈေးဝင်ပြီး စားချင်တာလေးတွေ ရှာတာပေါ့...
ဈေးက သန့်ပြန့် နေပါတယ်...အင်း..ကျမတို့ ဆီကလည်း တနေ့ ဒီလိုဖြစ်လာတော့မှာပါနော်...ဟင်းဟင်း..


ဟော...ဒါလေးတော့ ၀ယ်မှဖြစ်တော့မယ်။
သင်္ဘောသီးထောင်း......ဘာထောင်းထောင်းရတယ်တဲ့...။
 
လက်မလည်ဘူး...


ဆားငံဘဲဥ ကို ဘယ်လိုထောင်းမလဲတော့မသိဘူး...မျှစ်လည်းစားချင်တယ်..။


ကျမစားတဲ့အထောင်းအရသာကတော့ ချိုချဉ်အရသာပါ...။
ပဲပြားကြော် လည်းဝယ်ခဲ့တယ်။ တို့ စရာကတော့ ထိုင်းထုံးစံ ချိုတိုတိုပေါ့ရှင်...။
အကြော်တွေတော့ အများကြီးဘဲ...။
 

ဖက်နဲ့ ထုပ်ထားတဲ့ ၀က်သား ကို ကျမအရမ်းကြိုက်တယ် မူယော လို့ ခေါ်တယ်..။


ဒီ ပလာတူးငါးချဉ်စပ်ပေါင်းတော့ အသေကောင်းတယ်ဗျို့ ...မကျီးသီးနဲ့ ချဉ်ထားတာ။


 ဒီငါးကင်တော့ ပြောစရာမလိုဘူး ဆားနဲ့ မံ စပါးလင်လေးနဲ့ သွပ်...အိုး...ဂွတ်ဂွတ်..:)
ကိုင်း....စားခဲ့တာတွေလေ...ထုံးစံအတိုင်း ပန်းမမလှဧကရီ ကတော့ စားရင်းတန်းလန်းနဲ့  ၃ခါလောက်ပါဘဲ...ဟီး....

သူငယ်ချင်းကတော့ နောက်နေ့ ပင်လယ်စာ အရမ်းနံမည်ကြီးတဲ့ ဆိုင်ခေါ်သွားပါတယ်။

ဒါကတော့ ဘန်ကောက်မှနေကတဲက ရေးထားပြီး ခုမှတင်ဖြစ်တာပါ...။
အားနာပါတယ်....
နောက် တော့ အားရပါးရ ကျမတို့ ဆီက တောအစားအစာလေးတွေ အားလူး ပေးမယ်နော်...
အားလုံးဘဲနှစ်သစ်အခါသာမယမှာရွှင်လန်းချမ်းမြေ့ ကြပါစေရှင်....
ခင်မင်တဲ့
မီးမီး

Monday, October 15, 2012

အဖေချက်ကျွေးဖူးတဲ့ငါးဟင်း...

မင်္ဂလာပါရှင်~~~~
 
အဖေ့ကိုဒီအချိန်မှာတကယ်အောင့်မေ့တမ်းတမိတယ်။
အဖေသာရှိနေသေးရင် အဖေ့သမီးလည်း ပူပင်ဗျာပါဒနဲ့  ပြေးလွှားခရီးသွားနေစရာတောင်
မလိုတော့ဘူး..။ အဖေ့ကိုသတိရတော့ အဖေ့ငါးဟင်းကိုလည်းလွှမ်းတယ်။ တနေ့ ကကိုးရီးယားဆိုင်မှာ၊
ငါးကြင်းအကောင်ကြီးကြီးရခဲ့တော့ အဖေ့အင်းသားစတိုင်ဟင်းချက်နည်းနဲ့ ချက်ထားတာ ပြောပြအုံးမယ်။
(အချိန်နဲနဲရလို့  ဟင်းချက်တာလေး နဲနဲပြောပြတာနော့်...း)))



အဖေ့အင်းသားငါးဟင်းပေါ့...အငွေ့ တထောင်းထောင်းထလို့ ...
အဖေက ဟင်းချက်အင်မတန်ကောင်းတဲ့ အင်းသားတယောက်ပေါ့ဗျာ....။
သူငါးဟင်းချက်တာလည်း ဘာမှထွေထွေထူးထူး မပါပါဘူး။
ကြက်သွန်ဖြူနီနဲနဲ၊ ဂျင်း၊စပ်တဲ့ငရုတ်သီးစိမ်းအကြီးတထောင့်၊နံနံပင်..ဒီလောက်ပါဘဲ။

ငါးကို အရေခွံတင်းယုံကြော်တာ ဟုတ်ဘူး။ ခပ်ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်လိုက်တာ။
ကျမက ၂၁ ရာစုနှစ်ရဲ့  အိမ်ထောင်ရှင်မဆိုတော့ ဟင်းစချက်တာနဲ့ ကွန်ပြူတာလေးလှပ်ရသေးတယ်လေ။
သူများတွေဘာကိုဘယ်လိုချက်သနည်း..ဆိုတာလိုက်ရှာကြည့်တာက နေ့ စဉ်အလုပ်ပေါ့။
နောက်ဆုံး ၂တုံးက နဲနဲမဲတူးသွားတယ်လေ..းP
အဖေက အရိုးထွင်ပြီး အတုံးခပ်သေးသေးဖြစ်အောင် ပြန်ဖဲ့ထားတတ်တယ်။
ဆီဖင်ကပ်လေးနဲ့ ဆီသပ်ပြီး ချက်လိုက်တာဘဲ..ရေကျန်ဆီပြန်လေးပေါ့...။

ကျမဟင်းချက်ပြီးရင် မီးဖိုချောင်တခုလုံးလည်းပွထနေတာပေါ့..အဟဲ...။ 
ကိုးရီးယားအရောင်တင်မှုန့်  သုံးတာအရမ်းကြီးကိုနီတာပါဘဲ..ဆီများတယ်လို့ ထင်ရတယ်။

ဒီလိုငါးတပိုင်း၊ ငါးတကောင် ရှိရင် အဖေက ဆီနဲ့ နဲနဲလိမ့်ပြီး၊ အပေါ်ကနေ အသီးအရွက်လေးကြော်ပြီး အုပ်ချက်ပေးတတ်တယ်။
အဟဲ ဒါကတော့ အင်းသားဟင်းထုတ်ပါ။ ကျမတော့ အမျိုးမျိုးပေါင်းတာဘဲ၊ ဌက်ပျော်ဖက်မရှိတော့၊ ပလပ်စတိတ် အကြည်နဲ့ ထုပ်၊ အလူမီနီယံစက္ကူပါးလေးနဲ့  ထဲ့ပြီးပေါင်းလိုက်တာ။
သိပ္ပံနည်းအရ ဘယ်လိုဓါတ်ပေါင်းတွေပြုနိုင်တာတွေတော့ သိဘူး...။ စားလိုက်တာဘဲ..း)))


ဘယ်လောက်တောင် စားကောင်းလဲဆိုတော့ ပေါင်းပြီးထွက်ထွက်ခြင်း တဖူးတဖူးမှုတ်ပြီး စားလိုက်တာ၊
ဓါတ်ပုံတောင် မရိုက်အားတော့ပါဘူး..းD 

 တခါကမြို့ ထဲမှာသွားစားတာ၊ ဒီလိုငါးမျိုးကို ကျေးဇူးရှင်ကကြိုက်တယ်ဆိုလို့ ...၊

ကျမငါးကွင်းအကြီးကြီးရလာတော့ ကြော်လိုက်တာ ဒီလိုကားယားကြီးဖြစ်သွားတာဘဲ...း)))..အဟဲ..

ကိုယ့်ဖာသာကိုယ် အချိန်မရှိဘူးပြောပေမဲ့ ဒီလိုလေးတော့ အချိန်လုပြီး ရေးတတ်နေပြီ...။
ကဲ.....ဝေဟင်ခရီးနှင်တော့မယ်....။
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး

Thursday, October 11, 2012

ငြိမ်းချမ်းတဲ့နယ်မြေမှာပန်းများလန်းကြစေဖို့ စုပေါင်းကူညီကြပါစို့ 

မင်္ဂလာပါရှင်~~~~


ဒီတခါတော့ မိတ်ဆွေတယောက်အကူအညီတောင်းလို့  ရွာဆော်ကြီးလုပ်ပါရစေရှင်။
ကျမတော့ဒီပွဲမှာ ပါဝင်ဖို့ အခွင့်အရေးလွတ်သွားပေမဲ့၊ ကူညီကြေငြာပေးရတာနဲ့ ဘဲ၊
ကျေနပ်လိုက်ပါတယ်။
ကိုရဲလွင်ရေးတဲ့သီချင်းတွေ၊ဆောင်းဦးလှိုင်ရဲ့ အသံချိုချိုအေးအေးလေးတွေ၊ ကျမအကြိုက်ပေါ့။
ကျမတို့ တိုင်းပြည်က ကျမတို့ လူမျိုးတွေအတွက်၊စည်းလုံးညီညွတ်တဲ့၊ ကျမတို့ အားလုံးရဲ့ စိတ်ဓါတ်တွေနဲ့ တတ်အားသရွေ့ ဝိုင်းဝန်းကူညီကြရအောင်....။ 



ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ဆီသို့“ပန်းခရမ်းပြာ၏အိမ်မက်များ”

နေ့ရက်   ။ ။ အောက်တိုဘာလ ၂၈ ရက်(တနင်္ဂနွေနေ့)၊ ၂၀၁၂ ခုနှစ်

အချိန်     ။ ။ နံနက် ၁၁ နာရီမှ နေ့လည် ၁နာရီအထိ
                ရန်ပုံငွေ ရိုးရာအစားအစာမျိုးစုံဈေးေ
ရာင်းပွဲ
                နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီ အထိ
 
အစီအစဉ်။ ။ စာရေးဆရာမဒေါ်သန်းမြင့်အောင် (ဒု-ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း - ရန်ကုန်)၊
                 တေးရေး ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ 
                 တေးရေး၊ တေးဆို ဆောင်းဦးလှိုင်၊
                 တို့၏ ပြည်ပရောက်မိသားစုများနှင့်တွေ့ဆုံဆွေးနွေးဖျော်ဖြေပွဲ နှင့် 
                 နယူးယောက်မြို့ခံ Exit Band ၏တီးခတ်သီဆို ဖျော်ဖြေမှုအစီအစဉ်

 နေရာ    ။ ။ Aviation Career & Technical Education High School

                45-30 36th Street
                Long Island City, NY 11101

ရန်ပုံငွေများကို ကချင်ပြည်နယ်နှင့်ရခိုင်ပြည
်နယ်ရှိလူမှုရေးလုပ်ငန်းများအတွက် နာရေးကူညီမှုအသင်း - ရန်ကုန် နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့ကတဆင့်လှူဒါန်းသွားမှာဖြစ်ပါတယ်

ရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး

Tuesday, October 9, 2012

ခေါက်ဆွဲစားသူများ....

မင်္ဂလာပါရှင်~~~

အားလူးစားသူများ ဆိုပြီးကမ္ဘာကျော်တဲ့ ပန်းချီကားကိုအားကျလို့  ခေါက်ဆွဲကြိုက်ပြီး၊ အားလူးပေးတတ်တဲ့
မယ်မီးလည်း ခေါက်ဆွဲအကြောင်းကို ခေါက်ဆွဲစားသူများကနေ နဲနဲပါးပါးလေး ပြောပြချင်ပါတယ်..:P

တကယ်ပါ ခေါက်ဆွဲကြိုက်သူတွေကတော့ ဘယ်နေရာရောက်ရောက် အခွင့်အရေးရှိရင် စားချင်ကြတာဘဲ။ကျမ ဟိုတလောက နယူးယောက်မြို့ ထဲရောက်တော့ ဂျာမာန်သံရုံးနားမှာပါဘဲ.။
ခေါက်ဆွဲဆိုင်တဆိုင်တွေ့ တယ်။ လူတွေတန်းစီနေကြတာ။ စားကောင်းမှာဘဲဆိုပြီး ဝင်တာပေါ့။
အထဲမှာထိုင်ပြီးတော့လည်း ဘာမှာရမှန်းသိဘူး..ဟီး။ စားပွဲထိုးကိုမေးကြည့်တယ်။ ရောင်းအကောင်းဆုံး၊
ခေါက်ဆွဲထဲက တပွဲပေးပါပေါ့..ဒီလိုခပ်တည်တည်နဲ့  မှာလိုက်တာ...ဟောကြည့် မဲမဲပြဲပြဲလေး..ဗျ..။


 
ဇီချွန်အမဲသားခေါက်ဆွဲအစပ်တဲ့..။စားဖူးသေးဘူး..ပူပူလောင်လောင်နဲ့  သူတို့ လိုတဖူးဖူးမှုတ်ပြီး၊
ပါးစပ်ထဲထဲ့ နှုတ်ခမ်းထော်ပြီး စုပ်သွင်းလိုက်တာပါဘဲ..မဆိုးဘူးဗျ..။
မကုန်ဘူးထင်နေတာ တက်တက်စင်အောင်ပြောင်သွားပါရော့လား:P


ဒီအနောက်နိုင်ငံက food court တရုတ်ဆိုင်တွေမှာ သွားစားရင် ဒီလိုခေါက်ဆွဲမျိုးနဲ့ ဘဲညားရတယ်။
ခေါက်ဆွဲက သပ်သပ်၊အသားက သပ်သပ်၊အရွက်က သပ်သပ်စီပုံပေးလိုက်တာဘဲ။
သိပ်ချေးမများရင် စားလို့ ဖြစ်ပါတယ်။ ဆီနဲနဲများတာက လွဲရင်ပေါ့လေ..။

ပင်လယ်စာဆိုပြီးမှာလိုက်တာ ပုဇွန်တွေတပုံတခေါင်းကြီး၊ ပုဇွန်ချည်းဘဲစားပြီး၊ 
ဗိုက်တင်းသွားပါရော့လား..။
ထိုင်းဆိုင်မှာ ထိုင်းအုန်းနို့ ခေါက်ဆွဲမှာစားမိပါတယ်။ စပ်လိုက်တာ အဖတ်တွေကတော့ပုဂံအပြည့်ဘဲ။ အရည်လေးက ဖင်ကပ်လေးဘဲပါတယ်။ စားဖူးနေကျ ခေါက်ဆွဲနဲ့ လည်းတူဘူး..။ တကယ်ပါ ၁၂ ဒေါ်လာကျော်ပေးရပြီး ကောင်းလည်းကောင်းဘူး..ဟင်း..။

မကောင်းဘူးလို့ ပြောပေမဲ့လည်း တဝက်ကျော်လောက် ပြောင်အောင်ရှင်းလိုက်နိုင်တယ်လေ....ဟိ။ 

ထိုင်းဆိုင်ကဘဲ ဖတ်ထိုင်းနဲ့ ကြက်ကင်တဲ့...။

ဒီနယူးဂျာစီ Garden state plaza ..ကိုလည်းခဏခဏသွားဖြစ်တယ်။ food court က ထိုင်းဆိုင်ဆိုပြီး၊
တရုတ်မမလေးတွေရောင်းနေတဲ့ အမဲသားခေါက်ဆွဲ အစပ်တဲ့...။ နဲနဲပေါ့တယ်။ဒါပေမဲ့ စားကောင်းတယ်။
ခေါက်ဆွဲဆိုပြီး ဘာလို့ မုန့် တီဖတ်သုံးတာလဲသိဘူး..။ 

ဒါကျတော့..ကျမမိတ်ဆွေတယောက် ပဲပုပ်မှုန့် တွေတဗူးလက်ဆောင်လာပေးလို့ ၊ ကျိုင်းတုံမုန့် တီချက်စားတာလေ..။ ဇလုံလိုမျိုးနဲ့ တောင်ထဲ့စားရတယ်။ မစားရတာကြာလို့ ..:P
ရွှေပဲရွက်လေး နဲ့ ဝက်သားနဲ့  တော်တော်တော့ ဟုတ်နေသလိုဘဲ..။
အဲ...ပဲပုပ်နဲနဲလေးများသွားတယ်..;)))


ဂျပန် soba ခါက်ဆွဲဆိုတာလည်းကြိုက်တာပေါ့...။ရယ်ဒီမိတ်ထုတ်ဝယ်ပြီး ကိုယ့်ဖာသာကိုယ်လုပ်စားကြည့်တာလေ...။ ကြာခဲ့ပါပြီလေ။ သူ့ အရည်ကိုဖျော်တာ နဲနဲများသွားတယ်...။

ဂလိုလေး ခေါက်ဆွဲကို အရည်ထဲစိမ်ပြီး စားရတယ်တဲ့....အရမ်းကြိုက်တယ်။
အသားမပါလို့ သွားကြားညှပ်စရာမလိုပါ...။
ဒီဟာလေးကို ကကြီးလူမျိုးတွေက ဘယ်စရင်းထဲထဲ့ထားတဲ့အစားအစာလည်းတော့မသိဘူး။
ကျမတော့ ခေါက်ဆွဲ စရင်းထဲထဲ့လိုက်တယ်။ဆိုင်မှာမစားဖူးပါဘူး။ ဒီလိုရယ်ဒီမိတ်က တထုတ်မှ 
၁ ဒေါ်လာဝန်းကျင်ဘဲရှိတာ။ အချည်ထုတ်ဖေါက်ထဲ့ပြီး မိုက်ကရိုဝေ့နဲ့ ဘလူးဘလူး ခဏလေးဘဲ၊
လုပ်လိုက်ရင် စားလို့ ရပြီလေ . .။


အရသာလည်း ချဉ်ပြုံးပြုံးနဲ့ .. မုန့် ကြာစေ့ကို အချဉ်ထဲ့စားရသလိုပါဘဲ..။

သူတို့ ပဲခေါက်ဆွဲကိုလည်း ကျမကပဲပြားထပ်ထဲ့လိုက်သေးတယ်။ ဒေါ်ကျုတီတွေ့ ရင်ဘာပြောမလဲမသိဘူး။
ဒီအာလူးကားကြီးနဲ့  ဒီခေါက်ဆွဲ ဘာမဆိုင်သလိုပါဘဲ...။ ဒါပေမဲ့ ကျမက အတင်းဆွဲစေ့လိုက်တော့..၊
သူ့ ခမြာလည်း ကန့် လန့် ကန့် လန့် နဲ့ ပါလာရတာပေါ့နော်..:)))
ကျမကို ဟိုအနောက်ဖက်ကမ်းခြေမှာနေတဲ့ သူငယ်ချင်းတယောက်က အာလူးပေးတတ်လွန်းလို့ တဲ့၊
သူ့ ရုံးနားမှာ ကားတစင်းတွေ့ တာ ကျမကိုသတိရစွာနဲ့ ဓါတ်ပုံရိုက်ပြီးပို့ ပေးလိုက်ပါတယ်တဲ့။ 

ကဲ...ဘယ်လောက်ကြီးတဲ့အာလူးလဲ...ဒေါ်မီးအာလူးနဲ့ အပြိုင်နေမှာပေါ့နော်...ဟား...:)))
ဒီလိုလေး အစားအသောက်တွေနဲ့ ဆွဲဆောင်ပြီး တခုခွင့်တောင်းရအုံးမယ်၊
နောက်အပတ်မှာကျမခရီးထွက်ရအုံးမယ်။ ဒီခရီးက နဲနဲကြာပြီး ဟိုကိုးနတ်ရှင်သိပ်မကောင်းတဲ့
ဒေသဖက်ဆိုတော့ ဒီလို  အာလူးလေးတွေ လာပေးဖို့ ခက်မယ်နဲ့ တူတယ်။ ၄/၅ လလောက်ကြာမယ်။
အခြေအနေပေးရင်တော့တွေ့ ကြပါအုံးမယ်လေ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး

Thursday, October 4, 2012

မြို့ တော်ဝါရှင်တန် သို့ တခေါက်..

မင်္ဂလာပါရှင်~~~

မစ္စတာဘုရှ် နဲ့ အိုဘားမား တို့ အပြောင်းအလဲကာလ အချိန်ခရစ်မတ်ပိတ်ရက်မှာသွားခဲ့တဲ့
ခရီးစဉ်လေးတခုပါ။ ကိုင်း...အိုဘားမားကြီးတောင် ဒုတိယသက်တမ်းအတွက် အသည်းအသန် 
မဲဆွယ်နေခါမှ ကျမက၊ဒီခရီးအကြောင်းလေး မြန်မြန်တင်အုံးမယ် ဆိုပြီး ကြားဖြတ်လေးပေါ့နော်..၊ 
အာလူးဖုတ်လိုက်ပါအုံးမယ်လေ..။ တကယ်ဆိုရင် ဒီအကြောင်းက ဂျုးများနှင့်ခရီးထွက်ခြင်း လို့ ဘဲပြောရမှာလား၊  ဂျုးတသိုက်နဲ့ ခရီးသွားခြင်း လို့ ခေါင်းစဉ်တပ်ရမှာလား၊ ကိုယ့်ဖာသာကိုယ်
စဉ်းစားနေတာ၊ ဖြစ်သေးပါဘူးလေ...ဆိုပြီး နောက်ပြီးတော့လည်း စာကိုဖြင့်လှတပတမရေးတတ်ဘဲနဲ့ ၊
ခေါင်းစဉ်ကိုလာပြီးဇီဇာချဲ့ နေမိတဲ့ ကိုယ့်အဖြစ်ကိုဘဲရီချင်နေတယ်လေ။

ကဲပါလေ..ဒါက ဟိုနယူးယောက်ရဲ့ အဆက်ပေါ့ရှင်။ ဒီမှာ အပိုင်း(၁) နဲ့ အပိုင်း(၂) ပါ။
ဝါရှင်တန်မှာနေတဲ့သူတွေအဖို့ တော့အမြင်ရိုးနေပေမဲ့ ကျမတို့ အတွက်တော့ ထူးဆန်းထွေလာ ကမ္ဘာသစ်ကြီးတခုပေါ့..။ ကျမတို့ က Tour group နဲ့ သွားတာ..။ တခြားလူဆိုလို့  ဂျုးလူမျိုး လင်မယား၊
တစုံတွဲရယ် နောက်ဂျုးပါဘဲ အမျိုးသမီး ၂ယောက် နဲ့ ကျမတို့ ၂ယောက် ..အော်..guide ကလည်းဂျုးတဲ့။
(မဆီမဆိုင် ဂျုးမြစ်ချဉ် ဟင်းလေးတောင်စားချင်လာသလို :)) တညအိပ်၊ ၂ရက်ခရီးလေးပါ။

ကားပေါ်ကနေဘဲလှမ်းရိုက်တာ မိုးတွေလည်းအုံ့ နေတယ်လေ
နယူးယောက်ကနေထွက်ကတဲကမိုးရွှာနေလိုက်တာ..။ လမ်းမှာတနေရာလောက်ဘဲနားတာပါ။  
ဝါရှင်တန်ရောက်တာနဲ့ စစ်သင်းချိုင်းကုန်း(ဂျွန်အက်ဖ်ကနေဒီကိုမြုပ်တဲ့နေရာ၊နားထောင်လို့ မကောင်းသလို
ဘဲနော်) ဆီကိုတန်းခေါ်သွားပါတယ်။ ဆောင်းချမ်းချမ်းတကယ့်ပိတ်ရက်ကြီးဆိုတော့သူတို့ 
ဘာသာမဟုတ်တဲ့သူတွေဘဲ၊(ကျမတို့ လို ကိုဂျုးတို့ တသိုက်ပေါ့) လျောက်သွားကြတာလား မသိပါဘူး။
မြို့ တော်ကြီးကလည်း ခြောက်ကပ်နေတာပေါ့ရှင်..။ 

အထဲဝင်ကြည့်မှ စိတ်ဝင်စားစရာတွေ တွေ့ ရတာ...။
ကဗ္ဗည်း ကျောက်စာတိုင်တွေတန်းစီနေတာဘဲ၊ မြေပုံရှိတယ်။ အလွယ်တကူဘဲရှာရလွယ်တယ်။ ဘယ်နံမည်နဲ့ ဘယ်နေရာမှာဆိုတာ အတိအကျပါတယ်တဲ့။

ဟိုး..ကလွှတ်လပ်ရေးကျောက်တိုင်နဲ့ လင်ကွန်းရုပ်တုရှိတဲ့အဆောက်အဦ လှမ်းမြင်နိုင်တယ်။


တောင်ကုန်းတွေ အားလုံးပေါ်မှာကဗ္ဗည်း ကျောက်စာတိုင်တွေ မျက်စိတဆုံးပါဘဲ။ သူ့ အကွက်နဲ့ သူ။ နံပါတ်တွေရှိတယ်။ တကယ်ဘဲ စည်းစနစ်ရှိပြီး ..အင်း သေရင်တောင် ဒီနေရာမှာလာမြုပ်ရင် ကြောက်စရာ၊
ထက်၊နေချင်စရာတောင်ကောင်းလှသေးတယ်လို့ စဉ်းစားခဲ့သေးတယ်လေ။


ဝင်းကြီးကကျယ်လွန်းလို့  လမ်းမလျောက်နိုင်ရင်လည်း ဘတ်စ်ကားလိုမျိုးစီစဉ်ထားပေးပါတယ်။
ကျမတို့ ကတော့ အားလုံးကိုသွားမကြည့်ပါဘူး။ ကနေဒီတို့ မိသားစုနေရာဘဲသွားပါတယ်။
သူနဲ့ သူ့ မိန်းမရယ် သူ့ ကလေး ၂ယောက်ရယ် ၄ခုတွေ့ ခဲ့ရတယ်။



ကျမတို့ အုပ်စုလေ..။ရှေ့ ဆုံးကအရပ်မြင့်မြင့်နဲ့ ဂိုက်၊ အဖိုးကြီးတို့ စုံတွဲနဲ့ အမျိုးသမီး၂ယောက်နဲ့ ကျမပေါ့။
ဝင်းထဲကို ကိုယ့်ကားနဲ့ သွားလို့ ရဘူး။ဒီနေရာကိုထိန်းသိမ်းစောင့်ရှောက်တဲ့ဌာနကကားဘဲ သွားလို့ ရတာ။
ဟိုမှာမြင်နေရတဲ့ကားပေါ့..။

လမ်းမှာတွေ့ ရတာ အစိုးရရုံးကြီးတွေဆိုတော့လည်း ကြီးမားခန့် ညားနေတာဘဲ.။




ဆင်ခြေဖုံးရပ်ကွက်ကအိမ်တွေ..။


အနောက်နိုင်ငံတွေမှာ ဒီလိုမျိုး လမ်းကိုခွပြီးဆောက်ထားတဲ့ အဆောက်အဦတွေအများကြီးတွေ့ ရတတ်
တယ်။ အထူးသဖြင့် နယ်သာလန်(ဟော်လန်) မှာပေါ့။တခါခါ ဘာပုံစံမှန်းကိုမကြည့်တတ်ဘူး..။
စောင်းငန်းစောင်းငန်းကြီးလိုဘဲ..။ နယ်သာလန် အဝေးပြေးလမ်းမ တခုမှာတွေ့ ရတာက လမ်းကိုခွပြီး ၃ ထပ်ဆောက်အဦ အမြင့်ကြီးနဲ့ အကြီးကြီးဘဲ..။ စားသောက်ဆိုင်တွေနဲ့ အိမ်သာလေ။ ဘယ်ဖက်ကလာတဲ့ကားက ဘယ်ဖက်ခြမ်းထဲက ကားထားတဲ့နေရာမှာထားပြီး ဓါတ်လှေခါးနဲ့ တက်၊
ညာဖက်ကလာရင် ညာဖက်မှာကားထား အပေါ်တက် စားသောက်ပေါ့..ကဲ..မိုက်တယ်နော်။

ဒါက နယူးဂျာစီကနေ နယူးယောက်မြို့ အသွား ဂျော့ဝါရှင်တန်တံတားကနေ အဝင်မှာ တွေ့ ရတာ..။
ဒီလိုမိုးမျော်တိုက်ကြီး ၃လုံးတန်းစီနေတာ...ကားလမ်းကအောက်မှာလေ...။

ခပ်ကြောင်ကြောင်စဉ်းစားတတ်တယ်ဘဲပြောပြော..အဲလိုနေရာတော့နေချင်ဘူးဗျို့ ..။ တချို့ နေရာမှာ ရေကတဖွားဖွားကျလို့ ..။ ကဲ...တောရောက်တောင်ရောက်ပြန်ပြီလေ..:))

 နောက်တနေရာကတော့ The National Air and Space Museum ပေါ့။ ကျမအမျိုးသားကတော့ 
အရမ်းကြီးကိုကြိုက်တာဘဲ။ အဲဒီပြတိုက်ကိုကျမတို့ ကအရှေ့ ကနေဝင်တာကိုး..။ 
နာက်ပေါက်ကနေထွက်ရင် အလယ်မှာ မြေကွက်လပ်ကြီး ပန်းခြံကျယ်ကြီး၊  သူတို့ ပြောတဲ့ 
National Mall Park ပေါ့။ The National Gallery of Art ကို ဂိုက်ကလက်ညှိးလေးထိုးပြပြီး၊
ဒီပြတိုက်၂နေရာဘဲသွားပါလို့ ပြောလို့ ဒီ၂ခုနဲ့ အချိန်ကုန်ခဲ့တာပေါ့။

Lincoln Memorial ထိပ်ကနေရိုက်ယူထားတဲ့ပုံတဲ့။ အဲမြေကွက်လပ်ရဲ့ ဘေးတဖက်တချက်မှာ၊
စိတ်ဝင်စားစရာနေရာတွေတန်းစီနေတာဘဲ။ မြို့ ကွက်လေးတည်ထားတာ အရမ်းကြီးကို လှတယ်။
ကျောက်တိုင်အလယ်မှာ Lincoln Memorial ၊နဲ့ US Capitol Hall ကတတန်းထဲဘဲ။
ဘယ်လိုအမြင်ရူဒေါင့်ကနေယူသလဲတော့မသိဘူး။ ကွန်ကရက်ကြီးက အားလုံးရဲ့ ထိပ်ကနေတယ်။ သမ္မတကြီးလင်ကွန်းကလည်းပါတယ်။ ကိုယ့်ဖာသာသာကိုယ် ရူဒေါင့်အဖက်ဖက်၊ ကနေ စဉ်းစားစရာ
တွေးတောစရာတွေ လုပ်ယူလို့ ရသလိုပါဘဲ။

 The National Air and Space Museum ဒီပြတိုက် ထဲသွားကြည့်ရအောင်..။

လေယာဉ်ပျံမျိုးစုံတွေပါဘဲ..။


  
ဒုံးပျံတွေ...။

အပိုလို ၁၃...တဲ့( Apollo 13)(သူတို့ အထဲမှာဘယ်လိုလုပ်ပြီး တပတ်ဆယ်ရက်ကြာနေနိုင်လည်းမသိပါဘူး၊ကျဉ်းကျဉ်းကျပ်ကျပ်လေးရယ်)။


အပိုလို...၁၁ တဲ့(ဓါတ်ပုံလေးလှလှရိုက်မလို့ ဟာ၊ရှိသမျှအင်္ကျီတွေကိုင်ထားရတော့ အီးမှန်တဲ့မျက်နှာပေးနဲ့ လေ...:(((



ဒီရဟတ်ယာဉ်က စိတ်ဝင်စားစရာကောင်းတယ်။ ရက်ပေါင်း၃ဝကမ္ဘာတပတ်ပတ်မောင်းတော့
မြန်မာနိုင်ငံမှာလည်း၊ ခရီးတထောက်ဝင်နားတယ်တဲ့။

အဲဒီတုံးက သူ့ ဝတ်စုံနဲ့ သူသွားခဲ့တဲ့လမ်းကြောင်း...။


အဲဒီတုံးက မြန်မာနိုင်ငံဓါတ်ပုံလေးနဲ့ ...(ရွှေတိဂုံဘုရားနားက လူနေရပ်ကွက်တဲ့)

လေယာဉ်ပျံတွေ စက်တွေငေးနေတာနဲ့ အချိန်တွေတော်တော်လင့်ကုန်တယ်။
အဲဒီမှာဘဲ စားသောက်ပြီး နောက်ပြတိုက်တခု ဆက်ကြတယ်။ The National Gallery of Art တဲ့။

 
 အထဲမှာ ခန်းနားလှပနေတယ်။ ဒါပေမဲ့ ဥရောပက ကြေးရုပ်တွေကပိုလှနေသလိုပါဘဲ။


ပန်းချီကားတွေလည်းကြီးမားလွန်းတယ်။ အနားကပ်ရပ်တာတောင် အရပ်ကဘောင်နားမထိဘူး:((
တချို့ ပန်းချီကားတွေကြတော့ ဓါတ်ပုံတွေပေးမရိုက်ပါဘူး။

ကျမတို့ ဓါတ်ပုံရိုက်ပြီးမှ လာပြောတာခံရတယ်...ဟီး၊ကားယားကြီးတော့ပါသွားပြီလေ..။

နောက်ပြီးတော့ ဂျုးတွေကိုမျိုးသုန်းသတ်ဖြတ်ခံရတာ အမှတ်တရပြတိုက် Holocaust ကိုသွားပါတယ်။
အထဲမှာ ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး..။တော်တော်သနားစရာကောင်းတယ်။ ဖိနပ်တွေပုံထားတဲ့အခန်းဆို ရင်ထဲဆို့ သွားတာဘဲ..။ ကျမအတွေ့ အကြုံအရ ဒီဂျုးတွေဟာ တကယ်ဆက်ဆံရခက်တယ်။
ဒီခရီး စစထွက်ချင်းဘဲကားဆရာလည်းဟုတ် ဂိုက်လည်းဟုတ်တဲ့ လူကကျမတို့ ၂ယောက်ကို
တောင်းပန်စကားတခုပြောပါရစေတဲ့..။ သူ့ တို့ ဘာသာစကားနဲ့ ဘဲ ပြောချင်လို့ ပြီးမှ ကျမတို့ ကို 

အင်္ဂလိတ်လို ရှင်းပြပါရစေတဲ့..။အိုကေပါတယ်။ ကျမတို့ ၂ယောက် ကင်မရာတယောက်တလုံးနဲ့ 
အလုပ်တွေရှုပ်နေတာ သူလိုက်လိုက်ဖမ်းရတယ်။ ၂ယောက်ပူးနေမှ ရှင်းလို့ ရတာကိုး...။
ရတယ်ရတယ်..ပြောလည်းအတင်းဘဲရှင်းပြနေတာဘဲ။ဘာတဲ့..ဝါရှင်တန်မြို့ ကို ချောကလက်မြို့ လို့ ၊
လည်းခေါ်တယ်တဲ့။ လူမည်းတွေများလို့ လေ...:P
ဒီပြတိုက်မှာတော့ ကျန်တဲ့လူ၎ ယောက်က ကျမတို့ ၂ယောက်ကို အတင်းလိုက်ရှင်းပြနေခဲ့တယ်။
ဒီတခါတော့ စိတ်ပါလက်ပါနားထောင်ခဲ့ပါတယ်။ သနားစရာကောင်းလိုက်တာ...မျက်ရည်တောင်ဝဲတယ်။
သူတို့ ထားတဲ့အမှတ်တရမှတ်တမ်းမှာလည်း အားပါးတရမြန်မာလိုရေးခဲ့တယ် သိလား..။
အဟား..ဘာရေးသလဲတော့မပြောဘူး..ဒါပေမဲ့ ကိုယ်တို့ လည်း အနှိမ်ခံခဲ့ရတဲ့လူတန်းစားတွေထဲကပါ..။
:(((((((


ဆောင်းရာသီချမ်းချမ်းမှာ ဒီလို အိမ်ယာမဲ့ တွေလည်း အများကြီးတွေ့ ခဲ့တယ်..။
ကဲ...တခါထဲပြီးအောင်လုပ်လို့ လည်းရဘူး....။

အိမ်ဖြူတော်ရှေ့ ဖိုက်စတားဟော်တယ်ထဲဝင် ကျမကော်ဖီဝယ်ချင်ယောင်ဆောင်ပြီး၊
(ခင်သက်ထွေးဇာတ်လမ်းလုပ်ခဲ့တာတွေကို)နောက်တခေါက်ပေါ့နော့်။
:)))))

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ပါစေ...
မီးမီး