မင်္ဂလာပါရှင်~~~
အချိန်တွေကြာညောင်းခေတ်တွေတောင်ပြောင်းကုန်ပြီလားမသိပါတော့ပါဘူးရှင်။
ကျမတော့ဒီနယူးယောက်ကနေမတက်နိုင်သေးပါဘူးရှင်။
တနေ့ ၂၄ နာရီကိုကောင်းကောင်းအသုံးမချတတ်တာလား..။
စရင်းဇယားလေးမဆွဲတတ်တာလား..။လိပ်လိုပက်ကျိလိုသွားနေတာလား...။
တခုခုတော့ တခုခုပေါ့နော်...။
ကဲလေ...စာများများမရေးဘဲ ဒါတ်ဒါတ်လေးတွေဘဲပြတော့မယ်။
များသောအားဖြင့် နယူးယောက်ဆိုလူတော်တော်များများရောက်ဖူးမြင်ဖူးကြမှာပါ။
ဒါပေမဲ့ တခါတလေ မြင်ခဲ့ရတာတွေတော့ တူချင်မှတူကြမှာပါ
ဘူတာရုံကြီးထဲက မော်နီတာခရစ်မတ်သစ်ပင်
ဘူတာရုံကြီးနားက လမ်းပလက်ဖောင်းပေါ်(ခြေချခဲ့တဲ့သဘောပေါ့နော်:P)
လူတွေအားလုံးကြိုက်ကြတဲ့ ပန်းသီးဆိုင်..
ဆိုင်အ၀င်ဝ...
မြို့ တော်ရဲ့ ပန်းခြံ Central Park ကိုသွားလည်တာ၊
ပတ်ပတ်လည်နှင်းတွေပါဘဲ။လမ်းလျောက်ရင်ချော်လှဲတတ်လို့ သတိထားပြီးလျောက်ရတယ်...။
အေးလွန်းလို့ တရုတ်ဆိုင်မှာခေါက်ဆွဲပြုတ်စားတယ်။ကောင်းဘူး.:((( |
လေဘာတီရုပ်ထုသွားတော့ ဒီအဆောက်အဦကိုတွေ့ တာနဲ့ သဘောကျလို့ ....လှမ်းရိုက်လိုက်တာ။
တခါတလေလည်းမျက်နှာပြပါတယ်..ဟီး |
သဘောင်္ပေါ်တက်ဖို့  တန်းစီစောင့်ရတာ က ၂နာရီကြာတယ်။
ရုံးပိတ်ရက်လေ...။ရေခဲပြင်ပေါ်မှာချမ်းချမ်းအေးအေးလေးပေါ့။
လေကလည်းတိုက်၊အေးကလည်းအေးနဲ့ လေယာဉ်ပျံပေါ်တက်သလိုသေအချာစစ်တာ။
လူအုပ်ကြီးကလည်းစိတ်ရှည်ရှည်နဲ့ စောင့်ကြတာဘဲ |
အဲတာစစ်ဖို့ တန်းစီစောင့်နေရတာလေ..။
ဆိပ်ခံနားကကြေးရုပ်တု |
Ellis island ကိုဝင်တယ်။
အဲဒီကျွန်းကစိတ်ဝင်စားစရာကောင်းတယ်။
|
ကျွန်းကိုသင်္ဘောပေါ်ကနေလှန်းမြင်ရတာ |
ဘိုးသွားဘီဘင်တွေရှာဖို့ မှတ်တမ်းတွေအပြည့်ပါဘဲ။
ဒါပေမဲ့အဲဒီအချိန်တုံးက အာရှကသိပ်မ၀င်လာကြသေးဘူးတဲ့။
ဆေးစစ်တယ်။ဦနှောက် ကောင်းမကောင်းလည်းစစ်တယ်။
သူတို့ မှတ်တမ်းတင်ထားတာအရမ်းစနစ်ကျတာဘဲ။
ရာသီဥတုကမိုးအုံနေသလိုဖြစ်တော့ ဓါတ်ပုံရိုက်ရတာသိပ်မကောင်းဘူး..။
နောက်နေ့ ကျတော့ ဂျုးတသိုက်နဲ့ ဝါရှင်တန် ကိုထွက်ခဲ့ပါတယ်။
ဒီတော့နောက်တခါကျရင် ဂျုးများနှင့်ခရီးထွက်ခြင်းလို့ ၊ (ဝတ္တုလိုလိုဘာညာလိုလိုပေါ့)ခေါင်းစဉ်လေးနဲ့ အာလူးလာဖုတ်အုံးမယ်လေ။
မတ်လဆန်းမှာ ရွှာပြန်လိုက်အုံးမယ်။ဟိုမှာကိုးနတ်ရှင်မကောင်းဘူးတဲ့...။
ပြန်လာရင် ရှမ်းဟင်းတွေ ဒါတ်ဒါတ်လေးတွေနဲ့ လာကြွားရအုံးမယ်။ အဟီးးးးး။
မိတ်ဆွေအများ အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ။
မီးမီး
တို့များလဲပြန်မှာပါနော် အေပရယ်ပါကွယ် ဟဲဟဲ
ReplyDeleteချစ်တဲ့
ဒိုးကန်
နဲနဲလေးလွဲသွားတာပေါ့နော်။
Deleteနို့ မို့ ရင်တွေ့ ကြရမှာ..။
သင်္ကြန်လည်ဖို့ လား...။
တခါတလေလည်းမျက်နှာပြပါတယ်..ဟီး << ချစ်ဖို့ကောင်း :) ရှမ်းဟင်း ဓာတ်ပုံတွေ ချပ်ချပ်ချပ်နဲ့ အများကြီးရိုက်ခဲ့နော် အစ်မ။ ဒက်ဒက်ဒက်နဲ့ လာကြည့်မယ်။ :D
ReplyDeleteဟင်းချက်နည်းတွေလည်းမေးခဲ့၊
Deleteသင်ခဲ့ရအုံးမယ်။
တကယ်လာလည်နော်..။
ယခင်အာလူးယခုအာလူးနောင်လာမည့်အာလူးများအားလုံးကြိုက်ပါသည်။
ReplyDeleteရှမ်းဟင်းတွေအများကြီးရိုက်ခဲ့သင်ခဲ့နော်။
ရှမ်းဟင်းတွေသိပ်ကြိုက်တယ်။ချက်တတ်ချင်တယ်။
အိုင်အိုရာ
တကယ်လားမအိုင်အိုရာ..
ReplyDeleteတကယ့်တောရှမ်းတွေချက်တာမြေအိုးလေးနဲ့ ၊
မုန်ညှင်းဟင်းရည်တွေဆိုတကယ်ကောင်းတာ။
မုန်ညှင်းဟင်းရည်တောင်ပုံစံများစွာနဲ့ ချက်တာ။
သေသေချာချာမေးပြီးပြန်ပြောပြမယ်လေ..။
ကျမကလူတတ်ကြီးလာလုပ်ပြီးဘာမှလည်းသိပ်မတတ်ဘူး..။
ဟီး...။
ကြွားမယ့် ရှမ်းဟင်း ဒါတ်ဒါတ်လေးတွေ စောင့်နေတယ်နော့
ReplyDeleteစန်းထွန်းလေးရေ..
Deleteခုထိတော့ ယားဒီးယိုးမှာဘဲရှိနေတုံး..။
စားပြီးမှဒါတ်ဒါတ်ရိုက်ဖို့ သတိရတတ်နေတယ်။
ဟီး...ငတ်ကြီးကြတာလေ။
ဓာတ်ပုံလေးတွေလာကြည့်သွားပါတယ်
ReplyDeleteချစ်စံအိမ်..
Deleteလည်လည်လာတာကျေးဇူးတင်ပါတယ်။
ကြိုဆိုပါတယ်..အမြဲလာနော့်။