Thursday, November 24, 2011

မြန်မာဆန်ဆန်Thanksgivings ညစာ

မင်္ဂလာပါရှင်~~~
ခုတလောအားလပ်ချိန်ကိုမရှိဘူးဖြစ်နေတာ။
ပြောပြချင်တာတွေ ရေးချင်တာတွေတော့အများကြီးပါဘဲ။
စားတာသောက်တာလည်း ကမန်းကတန်း၊
မြန်မြန်ဆန်ဆန်လေးတွေဘဲချက်စားဖြစ်ပါတယ်။
ဒီနေ့  Macy Thanksgivings Parade ကိုတောင်မသွားနိုင်ဘူး။
လွန်ခဲ့ တဲ့၎ နှစ်ကရောက်ဖူးတယ်ဆိုတာနဲ့ ၊
အိပ်ယာကမထနိုင်ခဲ့ဘူးလေ။
အရင်နှစ်ကဓါတ်ပုံလေးတွေ ပူပေါင်းအရုပ်ပုံကြီးတွေပါ။

အလုပ်ကည ၁၂ နာရီဝင်ရမှာ၊
black Friday လေ၊
နောက်ကြုံရင် အလုပ်ကအကြောင်းတွေဖေါက်သည်ချရအုံးမယ်။
ခုအလုပ်မသွားခင်လေး ကမန်းတန်းဘဲရေးလိုက်ပြီ။ 
 


ညစာပုံကိုတော့ဓါတ်ပုံနဲ့ တကွမပြတော့ပါဘူး။
သနားသွားကြမှာစိုးလို့ ...အဟီး။
ခရမ်းချဉ်သီးချက်၊
ရုံးပတေတီးပြုတ်တို့ စရာ၊
ကြက်ဆင်သားအူချောင်းပြုတ်၊(သူများတွေကြက်ဆင်သားစားတာ၊ဒို့ လည်းပါတယ်)
ရေနွေးကြမ်း၊
စုစုပေါင်းဟင်းချက်ချိန် ၄၅မိနစ်တောင်ကြာတာ။
တော်ရောပေါ့နော်...။

ကိုင်းအလုပ်ကိုပြေး ဖို့ ပြင်ဆင်တော့မယ်..။
အားလုံးဘဲ happy thanksgiving...:)
ခင်မင်တဲ့
မီးမီး

Sunday, November 13, 2011

လပြည့်ကျော်နောက်တရက်ရဲ့ ဟင်းတခွက်

မင်္ဂလာပါရှင်~~~
ကျမတို့ ကျိုင်းတုံမြို့ သင်္ကြန်လပြည့်နေ့ ဆိုရင်၊ကျိုင်းတုံဂုံရှမ်းထုံးစံ၊ကွယ်လွန်သွားတဲ့ ဘိုးဘွားမိဘ ညီအကို
မောင်နှမတွေကိုရည်စူးပြီး၊ဂုံဘုန်းကြီးကျောင်းမှာ ဆွမ်းကပ်ရေစက်ချအမျှဝေကြပါတယ်။သီတင်းကျွတ်လ
ပြည့်နေ့ ၊တန်ဆောင်တန်လပြည့်နေ့ တွေလည်း ရေစက်ချအမျှဝေတာ၊လုပ်ကြပါတယ်။သင်္ကြန်လပြည့်နေ့ 

ကအစည်ကားဆုံးပေါ့။

ကျမတို့ က၀ပ်အင်းကျောင်း ဆိုတဲ့အဖိုးတို့ ရဲ့ ဘုန်းကြီးကျောင်းမှာဘဲအမြဲဘဲ၊သွားလေ့ရှိပါတယ်။ ဆွမ်းကပ် တယ်ဆိုတာလည်း ဟင်း၎-၅မျိုးကို၊တစ်မျိုးဟင်းတခွက်စာ ဆွမ်းတပုဂံစာလောက်၊လင်ပန်းတွေ ထဲမှာထည့် ပြီးမ ယူလာကြတာပါ။ဂျိုင့်တွေ ခွက်တွေနဲ့ ယူကြဘူး။ကိုယ်ရေစက်ခွက်နဲ့ ရေပုလင်းလေးနဲ့ ပေါ့။ဘာဖြစ်
လည်းဆိုတော့ ဘုန်းကြီးကျောင်းရောက်ရင်၊လင်ပန်းလေးချ ပျားဖယောင်းတိုင် လေးထွန်း၊တန်းပြီး ကပ်လို့ 
ရတယ်လေ။ဘုန်းကြီးက nonstop တသုတ်ပြီးတသုတ် တရားစာချပေးရတယ်။တခါခါဆိုရင် မိသားစု ၄-၅ စုလောက်ပေါ့။ပြီးရေစက်ချ ၁၀-၁၅ မိနစ်လောက်ဘဲကြာပါတယ်။


အိမ်တိုင်း အိမ်တိုင်းချက်ယူလာကြတာလည်း၊တပုံစံထဲပါဘဲကိုယ်ပိုင်ဗားရှင်းလေးတွေဘဲကွဲမယ်နဲ့ တူတယ်။
ဟင်းကလည်း သူ့ အဓိပ္ပါယ်နဲ့ သူဗျ...။ဝက်သားဟင်း...။မျှစ်ချဉ်ဟင်း၊(မျှစ်ကိုရှမ်းလို"နော်" လို့ ခေါ် တယ်နှစ် သစ် မှာအစို့ အညောက်လေးပေါက်လာတဲ့သဘောပေါ့)ဘဲဥအငံ၊(ရွှေဥ ငွေဥပေါက် ပါစေတဲ့ )ကြာဇံသုပ် (ကြာကြာစံရအောင်ဆိုတာလားဘဲ)ကျိုင်းတုံဝက်အူချောင်းကြော်၊၀က်ခေါက်ကြော်၊(ဒါတော့မယ်မီးလည်းတိ
ဝူး...)။ပြီးရင် အဲဒီမှာအိုး အကြီးကြီးတွေချထားတယ်။ဆိုင်ရာဆိုင်ရာဟင်းတွေထဲလောင်းထည့်လိုက်ရုံပါဘဲ။

ဘုန်းကြီးကျောင်းက ကိုရင် ဘုန်းကြီးတွေ ဘယ်စားလို့ ကုန်မှာလည်း၊အိမ်ထောင်စု ၁ဝဝ လာလူရင် ဟင်း
တွေ  တောင်လိုပုံပြီပေါ့။အဲဒီဟင်းတွေ အားလုံးကိုပေါင်းပြီး အလွန်ကြီးမားလှသောအိုးထဲထည့်၊မီးအေးအေး
လေးနဲ့ ကြို အနံမွှေးအောင်လို့ တောရှောက်ရွှက်လေး ဆူးပုတ်ရွှက်လေးခပ်၊အဲဒီဟင်းကို ကိုင်(န်)ဟို့ လို့ 
ခ်ါတယ်။အရသာကအန်မတန် ကောင်း၊အနံလေးမွှေးလို့ ။


တမြို့ လုံးဘာဟင်းစားလည်းမေး...လပြည့်နေ့ မှာ....၊၀က်သားဟင်း...။ခရမ်းသီးဟင်း..။ မျှစ်ချဉ်ဟင်း၊ ဘဲဥ အငံ၊ကြာဇံသုပ်၊ကျိုင်းတုံဝက်အူချောင်းကြော်၊၀က်ခေါက်ကြော်၊....ပြီး လပြည့်ကျော်ဆိုရင် ကိုင်(န်)ဟို့ ...။
အားလုံးအတူတူဘဲ ။
online ထဲကပုံတွေပါ
ကိုင်(န်)ဟို့ ပုံကလည်းရှာမတွေ့ ဘူး....။အင်း....စားချင်ပါတယ်ဆိုနေမှဘဲ။
online ထဲကပုံတွေပါ
ကျမ ကျိုင်းမယ်(ဇင်းမယ်)မှာနေတော့ အဲဒီက လန်းနားရှမ်းတွေလည်း၊ကျမတို့ လိုဘဲဟင်းလည်းတူတယ်၊
ဓလေ့ထုံးစံလည်းတူတာတွေ့ ရတယ်။သူတို့ ကကောက်ညှင်းပေါင်းနဲ့ စားလေ့ရှိတယ်။ကျမနေတဲ့အိမ်က
ဘုန်းကြီးကျောင်းနဲ့ ၃ အိမ်ကျော်လောက်ဘဲခြားတယ်။ဘုန်းကြီးကျောင်းနဲ့ လည်းခင်တော့၊ ကိုင်(န်)ဟို့ 
ဟင်းလာပေးရင် အိုးအကြီးကြီးနဲ့ ၎-၅ ရက်စားရတယ်။စကားမစပ်... တချို့ ကလှူထားတဲ့ အစားအစာ၊
အသုဘအိမ်ကအစာ၊ဆွမ်းတော်တင်ပြီးသားအစာဆိုမစားဘူး...တဲ့။ ခိုက်တယ်ဆိုလား ကံနိမ့်တယ်ဆိုလား
ပြောကြတာကြားဖူးပါတယ်။ကျိုင်းမယ်က ကိုင်ဟို့ ကပိုကောင်းတယ်။ ကြက်သားလည်းပါတယ် ပုဇွန်ထုပ်
ကြီးလည်းပါတတ်တယ်။ခပ်ပျော့ပျော့ဝက်ခေါက်တွေ၊မျှစ်ချဉ်ဖတ်လေးဝါးမိရင် အမိုက်စားဘဲ။


အော်..ဘာရယ်လို့ ဟုတ်ပါဘူး။၁၆ရက်နေ့ ဆို အကိုငယ်ဆုံးတာတနှစ်ပြည့် ပြီလေ။ အဲဒီတုံးက ဘလော့ကို
လုံးဝပစ်ထားတာ၊password တောင်မေ့လို့ ။ဝမ်းနဲစရာနောက်တခုကပြန်ကြုံရတယ်။နောက်အကိုကြီးက
ဆုံးပြန်တယ်။သူတို့ ကျမဝမ်းနဲကျေကွဲနေတာ ကြိုက်မှာဟုတ်ဘူး၊ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝရဲ့ ကျန်တဲ့အချိန်လေး
တွေကိုဖြတ်သန်းသွားမယ်လေ။


လပြည့်နေ့ ဥပုဒ်နေ့ တွေမှာ အဖေ အကို၂ ယောက်အတွက်ဟင်းတွေချက်ပြီး၊ဆွမ်းကပ်ပေးချင်တဲ့စိတ်
ဆန္ဒတွေဖြစ်လာတာနဲ့ ၊တောင်ရေးမြောက်ရေး..စာတပုဒ်လောက်ရေးမိတာပါ။


ခင်မင်တတ်တဲ့
မီးမီး

Thursday, November 3, 2011

အင်းသား(အင်းစကူး၊အန်းဆား) ဖေဖေ..

မင်္ဂလာပါ~~~

အင်းသားဆုံဆည်းရာပွဲတော်ဆိုပြီးကျင်းပနေတာတွေ့ တော့၊
အဖေ့ကိုသတိရလာတယ်။
ဇာတိမြေကိုအစွဲပြုပြီး ကိုယ့်ကိုကိုယ်ရှမ်းလူမျိုးဘဲလို့ သတ်မှတ်ထားမိတယ်။
တကယ်တော့ကျမလည်းသူများတွေပြောကြတဲ့ကပြားဆိုတာကြီးပေါ့။
အင်းသား ရှမ်း(ရှမ်းတောင်မှ ဂုံရှမ်းနဲ့ မြောက်ပိုင်းကရှမ်းဆိုပြီး၂ခုရောနေသေးတယ်)။
ကျမအဖေက အင်းသား(အဖွားက အင်းလေးနမ့်ပန်ရေလည်ရွှာဇာတိ)၊ အဖိုးကတော့ရှမ်းစပ်တယ်လို့ ပြောတာဘဲ။

ကျမငယ်ငယ်တုံးကဆို အမျိုး၂ဖက်လုံးကိုကြည့်မရဘူး။
ကျိုင်းတုံမှာအမျိုးတွေကြားထဲမှာ (အီမန်)ရှမ်းလိုဗမာမပေါ့ ခေါ်ကြတယ်။
တောင်ကြီးရောက်တော့ ရှမ်းမသမီး ရှမ်းမ နဲ့ ခေါ်တယ်လေ။
ကျမ မကြိုက်ခဲ့ဘူး။
ခုတော့ အင်းသားရှမ်း ဖြစ်ရတာအရမ်းကြီးကိုဂုဏ်ယူမိပါတယ်။

အဖေကျိုင်းတုံရောက်ပြီးအမေနဲ့ အိမ်ထောင်ကြခါစအထိရှမ်းစကားမတတ်ဘူး။
နောက်တော့ အဖေကရှမ်းလိုကောင်းကောင်းပြောတတ်သလို၊
အမေလည်းအင်းသားလိုရောတတ်တယ်။
မိသားစုထဲမှာတော့ကျမက အင်းသားစကားအညံ့ဆုံးပါ။

နောက်ကျိုင်းတုံမှာအင်းသားတွေများလာတော့၊
အဖေဦးဆောင်ပြီးအင်းသားအသင်းဖွဲ့ ကြတယ်။
သူတို့ ကိုယ်သူတို့ အရှေ့ ပိုင်းသားအသင်း လို့ ခေါ်ကြတယ်။
အင်းစကူးတွေဟင်းချက်တော်တယ်လေ။
သူတို့ ရဲ့ (ဆန်လှော်၊ပဲလုံး)ဆေးခါးဟင်းနဲ့ ဝက်သားနီချက် ငါးဒုက္ခ ဂျုးမြစ်သုတ်...။
အိုး...အများကြီးဘဲ။နံမည်ကြီးတော့အလူပွဲတွေမှာလိုက်ချက်ပေးပြီးကုသိုလ်ယူကြတယ်။

အသင်းရဲ့ အစည်းအဝေး ဘာညာဆိုရင်တော့အိမ်မှာဘဲ စုကြတယ်။
အဖေက အသင်းဥက္ကဌကြီးလေ...။
အစားအသောက်ပါတာပေါ့၊ဝိုင်းလုပ်ဝိုင်းစားဘဲ။
ငယ်ငယ်တုံးက အဲဒီအချိန်ဆိုရင် ဘယ်သူငယ်ချင်းခေါ်ခေါ်ဘာမှမကစားဘူး။
သူများတွေ ဟင်းထုပ်ပေါင်းတာ၊ကင်ပေါင်းကြော်(ကြက်သွန်မြိတ်နဲ့ ဝက်သား၊မုန့် နှစ်တွေနဲ့ )၊
ငါးထမင်းနယ်တာ..အဲဒီအနားမှာဘဲကပ်နေတာပေါ့။
ဟင်းထုပ်တွေပေါင်းတာအိုးအကြီးကြီးနဲ့ ၊
မြည်းဖို့ ဖျာကြမ်းပေါ်သွန်ချလိုက်ရင် ပူပူလောင်လောင်နဲ့ အသေလိုက်လုတယ်။
ငတ်ကြီးကျတာ..ခလေးဆိုတော့။

ကျိုင်းတုံက အင်းသားတွေတအားစည်းလုံးတယ်။
ကျမခဏပြန်တာတောင်၊လာလည်ကြတယ်။
အဖေ့သမီးကိုချစ်ကြတယ်။
အင်းလေးဒေသက အခုမှစတင်စုစည်းကြတာ။
အဖေသာသက်ရှိထင်ရှားရှိရင်၊သွားမှာမြင်ယောင်သေးတယ်။

အဖေက တောင်ကြီးဇာတိဆိုပေမဲ့၊ကျိုင်းတုံကိုပိုခင်တွယ်တယ်။
ကျိုင်းတုံမြို့ မှာအသင်းအဖွဲ့ ပေါင်းမြောက်များစွာဘဲသူစလုပ်တယ်။
သူများတွေသူ့ ကို ဥက္ကဌကြီးရာထူး(ပိုက်ဆံမရပါဘူး၊အိပ်စိုက်ရာထူး)ပေးပြီး၊
သူအလုပ်တွေရူပ်နေတာဘဲ၊
ဂေါက်သီး၊မီးသတ်၊ဆေးရုံ၊မော်တော်ယဉ်၊ဗလငါးတန်(မိဘမဲ့ကျောင်း)..
အများကြီရှိသေးတယ်။အားလုံးကိုမမှတ်မိပါဘူး။
အားလုံးက လူမူ့ ရေးလုပ်ငန်းတွေပါ။
သေချာတာတခုက အရင်အလှူငွေထည့်...။(ဟီး ...)
ရီရတဲ့ တခုက၊မြို့ နယ်လုံးဆိုင်ရာဂေါပကဆိုတာ...။
သူကရှမ်းလိုတတ်ပေမဲ့ဟိုကအဖိုးကြီးတွေက ဂုံရှမ်းလိုအစည်းအဝေးလုပ်၊
ဂုံရှမ်းစာနဲ့ ရေး၊အဲဒီထဲမှာသူတယောက်ထဲ ရှမ်းမဟုတ်တာပါတာ။
အဖေ အစည်းအဝေးမှာဘာတွေများနားလည်လဲလို့ ပြန်မေးရင်၊
အဖေနားလည်တာပေါ့...ဆိုဘဲ။

အဖေကဟင်းချက်တအားကောင်းတယ်။
အဖေလက်ရာလုံးဝမမှီပေမဲ့စားချင်လို့ ဟင်းထုပ်လုပ်စားသေးတယ်။
တခါက (Germany)မှာနေတုံးကဟင်းထုပ်လုပ်ဖို့ ဌက်ပျော်ဖက်မရှိတော့၊ ပလပ်စတိတ်နဲ့ ထုပ်ပြီးပေါင်းစားတယ်။
မုန့် နှစ်တွေ
ပေါင်းပြီးတွေ့ ရတာ၊စားလို့ ရတယ်၊အရမ်းကောင်းကြီးဟုတ်သေးဘူး
အဖေ့ဂေါက်ရိုက်ဖော်သူငယ်ချင်းအားလုံးနီးပါးဆုံးသွားကြပါပြီ။
ဦးဆိုင်ကျောက်ဇင်း၊ဦးစိုင်းဆေးဇင်း၊ဦးမြသန်း(ပြီးခဲ့တဲ့ ရ-ဂနှစ်ကတော့ကျမဆီလာလည်သေးတယ်၊ခုထိရှိမရှိမသိဘူး)ဖေဖေဦးသိန်းမောင်၊ဦးနွဲ့ ရီ။

ခင်မင်တတ်တဲ့
မယ်မီး