Tuesday, January 31, 2012

အိမ်စာကူးမလား..ပေးငါးပြား..

မင်္ဂလာပါရှင်~~~
အိမ်ကလည်းဒီလမှပြောင်းဖြစ်တာ...။
ဒါကြောင့်ပျောက်နေတာလေ။
အိမ်ပြောင်းပစ္စည်းဘယ်ရင်း၊အော်..ကိုယ့်မြို့ မှာဆိုရင်အမျိုးတွေအသိတွေနဲ့ ၊
တယောက်တလက်နဲ့ ဝိုင်းကူကြမှာဘဲလို့ လည်းစဉ်းစားမိတယ်။
ဆက်စပ်ပြီးနောက်တော့ ငယ်ငယ်ကကျိုင်းတုံမှာကျောင်းနေခဲ့တဲ့ကာလအချိန်လေးတွေကိုပြန်သတိရလာတယ်။
(ကျိုင်းတုံမှာ ၅ တန်းအထိဘဲနေခဲ့တာ)။

ကျမလည်းငယ်ငယ်ကတော်တော်ဇာတ်လမ်းတွေများပါတယ်။
သိပ်အဆိုးကြီးမဟုတ်ပေမဲ့လည်း၊ဆရာကြီးရုံးခန်းဆိုတာတော့ခဏခဏရောက်တတ်ပါတယ်။
ဟီး...(လောင်စိန်လေ)။
ကျမနေခဲ့တဲ့ကျောင်းကအလက(၃)ပါ။
မြို့ မှာကများသောအားဖြင့် အထက(၂)မှာတက်ကြတယ်။
ပိုကောင်းတယ်လို့ ပြောကြပါတယ်။
အမေကတော့ ခပ်တည်တည်ဘဲသူ့ အမျိုးကျောင်းအုပ်ဆရာမကြီးဆီဘဲပို့ ထားပါတယ်။
နောက်သိပ်မကြာပါဘူးဆရာမကြီးလည်းပြောင်းသွားပါတယ်။
အရင်တော်လှန်ရေးကောင်စီအစိုးရမတက်ခင်ကတော့၊
အဲဒီကျောင်းကတရုတ်ကျောင်းပေါ့။
နောက်တော့ပြည်သူပိုင်သိမ်း..ဘာညာဘာညာနဲ့ ပေါ့။
ကျမတက်တဲ့အချိန်မှာတော့ တရုတ်တွေတော်တော်များပါတယ်။
ရှမ်းတွေ(ရှမ်းမှာလည်းမျိုးစုံရှိသေးတယ်)၊တရုတ်၊အီကော(အားခါ)၊လီရှော၊လားဟူ...။
အစုံပေါ့..အဲ..ဗမာကြတော့ရှားမှာရှား..။
ကျမကတဦးတည်းသောမြန်မာနံမည်လေ...အဲဒီတုံးကပေါ့။
မရူယဉ်ဆိုတာတော့ရှိတာပေါ့။ဒါပေမဲ့..စီလုတ်ကြီးလေ..။
ကျမအဖေကအင်းသားဆိုတော့ကျမတို့ ကနံမည်၂ခုနဲ့ ။
ရှမ်းနံမည်နဲ့ ဗမာနံမည်ပေါ့။
အဖိုးက ကျိုင်းရိုင်းဖက်ကလာတဲ့ ရှမ်းတမျိုးဆိုပါတော့။
အဖိုးပေးတဲ့နံမည်က ဂုံရှမ်းလည်းနံမည်လည်းဟုတ်ဘူး။
မြန်မာလိုဘာသာပြန်ရင်တော့ အေးမြတဲ့ငွေလရောင် လို့ အဓိပ္ပါယ်ရပါတယ်။
အဲဒီနံမည်ကလည်း.. မှတ်ပုံတင်ထဲမှာဘဲရှိတာပါ။

ကျမတို့ ငယ်စဉ်ခါကကျိုင်းတုံမြို့ မှာရှမ်းလိုမပြောတတ်ရင်တော်တော်ဒုက္ခရောက်မှာဘဲ။
တော်တော်များများဗမာစကားမတတ်ကြပါဘူး။
၅ တန်းရောက်တောင်ဗမာစာကောင်းကောင်းမတတ်ကြပါဘူး။
ကျမကတော့ကံကောင်းတယ်ခေါ်ရမှာလားဘဲ။
အိမ်က ဦးရှေ့ နေ ကျေးဇူးကြောင့်ကျွမ်းကျင်နေတာလေ။(ကိုယ့်ကိုကိုယ်ဖော်..ရသေးတယ်.အဟဲ)
ဒါပေမဲ့အသံဝဲပါတယ်လေ။
အနုတောထဲကလူချောပေါ့။
ဒီကဆရာမတွေစာသင်ရင် ရှမ်းလိုဘာသာပြန်လေးနဲ့ သင်တာဗျ..။
ဆရာမတွေလည်းရှမ်းတွေကိုး..။
အားလုံးက အံဝင်ကွင်ကျလေးနဲ့ ..။
ဟုတ်နေတာ။

အာ..တနေ့ တော့ကျမအတွက်စားကြောတခုဖန်တီးလာပါတယ်။
စစ်တပ်ကဗျုဟာမူးခယ်မဆိုလား..၊ညီမဆိုလား..။
ဆရာမအသစ်လေးရောက်လာပါတယ်။
သနပ်ခါးလေးနဲ့ ပန်းပွင့်လေးနဲ့ ဝတ္တုထဲကအတိုင်းဘဲ။
တွေ့ ဖူးနေတဲ့ကျမတို့ ကျောင်းကဆရာမတွေကွာမှာကွာဘဲ..။
ကျောင်းလာရင်ကားလေးနဲ့ ..။
ဝိုင်းကြည့်လိုက်ရတာ..။
အဲ..ကျမတို့ အတန်းကိုသင်္ချာသင်ချိန်ဝင်လာတော့။
အားလုံးမျက်လုံးတွေဝိုင်းကျယ်ပြူးကြည့်ကြတော့တာဘဲ..။
ဆရာမလည်းထိပ်ဆုံးနံမည်စရင်းလေးကြည့်တာပေါ့။
ဘယ်သူတွေဘယ်ဝါတွေလဲဆိုတာ..။
နောက်တော့နန်းပိန်း၊နန်းဖေါင်း၊နန်းခမ်း၊စိုင်းလျှိုး၊စိုင်းရှဲန်၊အားရင်၊ရှောက်မွေ၊လီကျင်း..
နံမည်တွေဖတ်ပြီးတာနဲ့ ဆရာမလည်းမျက်စိလည်သွားတယ်။
နောက်ဆုံးတော့ဒေါ်မီးကိုခေါ်ပါတယ်။
ဟဲ..သိတယ်နော်..တဦးတည်းသောမြန်မာနံမည်လေ..။
ဟိုဟိုဒီဒီနဲ့ စကားလေးဘာလေးပြောပြီးစာသင်တာပေါ့။
အပ်ကျသံတောင်မကြားရပါဘူး။(နားမလည်ဘူးလေ...ဟီး)
ပြီးအိမ်စာပေး...ကျေးဇူးတင်ပါတယ်ဆရာမဆိုပြီးတာတာတွေလုပ်တာပေါ့။

ဇာတ်လမ်းကမပြီးပါဘူး၊သူငယ်ချင်းရောင်းရင်းတွေကနားမလည်တော့၊
တခန်းလုံးပွက်စိညံနေတာပေါ့။
တရုတ်တွေကပိုဆိုးတယ်။
သူတို့ ကအိမ်မှာတရုတ်လိုပြော၊သူငယ်ချင်းတွေနဲ့ ရှမ်းလိုရော။
အဲ..ဗမာစကားမှာတော့..ထစ်နေပြီလေ။
မနက်ကျောင်းရောက်တော့ကျမရဲ့ သူငယ်ချင်းတရုတ်(လားတရုတ်လို့ ခေါ်မလားဘဲ)။
သူတို့ အိမ်ကိုရောက်ဖူးတယ်။ရိုးရိုးအအလေး..။
သူကကျမကိုအိမ်စာမပြီးလို့ မျက်နှာငယ်လေးနဲ့ စာကူးဖို့ လာပြောတယ်လေ။
ရိုးရိုးမကူးပါဘူးတဲ့၊မုန့် ကျွေးမယ်ဆိုဘဲ..။
စားကြော...။အိုကေ..ကူးလေ။ရော့...အင့်ပေးလိုက်တယ်ခပ်မြန်မြန်ဘဲ။
(သူတို့ ချည်းကပ်ပုံနော်...ခလေးဘ၀ကတဲက...:p)

နောက်တယောက်လာပြန်တယ်။
သူကစကားနဲနဲရှည်တယ်၊ရိုးရိုးမကူးဘူး။ဟိုမေးဒီမေးလုပ်တယ်။
ဒေါ်မီးစိတ်သိပ်မရှည်ဘူး။
အချိန်ရှိခိုက်ကစားချင်တယ်လေ။
နောက်မုန့် စားဆင်းတော့ ပင်စိမ်းသီးအလုံးလိုက်ဆားစိမ်ကို၊
ထိပ်ဖြတ်ပြီးအလယ်အသားလေးထုတ်၊ပဲပုပ်ချဉ်(ခေါက်လန်ဖွန်းထဲမှာထဲ့စားရတဲ့ပဲပုပ်)၊
နဲနဲလေးသိပ်ထည့်ပြီးအဖုံးပြန်အုပ်ထားတယ်။
ပြီးဝါးချောင်းလေးနဲ့ ဟိုဖက်ဒီဖက်ကွေးကွေးလေး(ခြင်းတောင်းပုံစံလေးပေါ့)။
ထိုးပြီးရောင်းတယ်။အဲလိုမျိုးဟာကျွေးတယ်။
တခု တမတ်။(ဟား..ခုခေတ်ကလေးတွေပိုက်ဆံအကြွေတောင်မြင်ဖူးကြရဲ့ လားမသိဘူး)
သိပ်တော့မကြိုက်ဘူး။စပ်လို့ ..ချဉ်ချဉ်ငံငံစပ်စပ်..လေးပေါ့။
၂ယောက်ပေါင်းပြီးဝယ်ကျွေးတာလေ...။
ဟီး..ဒီကလည်းတုတ်တာဘဲ။

နောက်တခါစနေတနင်္ဂနွေခံလို့ ဆိုပြီးဆရာမက၊
အိမ်စာတွေအများကြီးပေးလွှတ်လိုက်တာ။
ဒီတခါတော့ ၂ယောက်မကတော့ဘူး...။
ကူးတဲ့သူနဲနဲများလာပြီ။
သူတို့ ကြိုက်တဲ့ပင်စိမ်းသီးကိုလည်းကျမနဲနဲမုန်းချင်နေပြီလေ။
ကျမစားချင်တာက မုန့် တီကြော်လို့ ခေါ်ရမလားဘဲ။
ဆနွင်းဝါ၀ါလေးနဲ့ ပြီးလက်ဆစ်လောက်ရှိတဲ့ကြက်သွန်ဖြူမိတ်လေး ၄-၅ ချေုာင်း၊
မြေပဲဆံထောင်းပါလေရာလေး၊ပဲပုပ်ချဉ်ရည်ကျဲကျဲလေးဆမ်း၊
ငှက်ပျော်ဖက်လေးကိုကတော့ပုံထုပ်ဝါးတုတ်လေးနဲ့ ထိုးပြီးရောင်းတာ။
အဲဒါလည်း တမတ်ဘဲ..။ဖက်ရွှက်လေးကိုပါးစပ်မှာအပ်ပြီးတုတ်ချောင်းနဲ့ ၊
ကလော်သွင်းလိုက်ရတဲ့အရသာကပိုမိုက်တယ်။
တရုတ်မမတွေက ကြိုက်ဘူးတဲ့ ။
ဒီတော့ စာအုပ်ကိုပေးတဲ့အခါမှာ လူကအီအီကြီးလုပ်ပြတာပေါ့။
အဲ..သူတို့ ရဲ့ လူကဲခပ်နည်းပညာလည်းမခေဘူးဗျ..။
ကဲ..ငါတို့ ငါးပြားစီပေးမယ်..ဟုတ်လားတဲ့။
အင်းးးးးး....ဆိုပြီးအင်းတာပေါ့။
မူလဂျီလေ..ပြီးတော့ ခေါက်ဆိန့် ခို(မုန့် တီကြော်)အားပါးတရအုပ်တာပေါ့။
ကျမမုန့် ဖိုးတနေ့ တမတ်ဘဲရတာ။မုန့် စားဆင်းချိန်ဝယ်စားလိုက်ရင်၊
နေ့ လည်ခေါက်ဆွေ(ထမင်းကိုခပ်မာမာလေးချက်ပြီးရေစင်အောင်ဆေး၊
ပြီးကြံရည်နဲ့ ဆမ်းပေးတာ၊မုန့် လက်ဆောင်းပုံစံမျိုးပေါ့)။
အဲဒါမ၀ယ်နိုင်တော့ဘူးပေါ့။
အဲဒါက ၁၀ပြား၊၁၅ပြားလည်းရောင်းတယ်။
အထမ်းနဲ့ လေယာဉ်ကွင်းနားကရွှာကနေလာရောင်းတာ။
သူတို့ ရဲ့ ကြံကတအားချိုပြီးမွှေးနေတာဘဲ။
နံမည်ကြီးတယ်လေ..။
ဆရာမကောင်းမူ့ နဲ့ ဒေါ်မီးမုန့် တွေတအားစားရတယ်။
ဆရာမလည်းနောက်တော့နားလည်လာတယ်။
သူကဗမာလိုသင်ကျမက တခါခါသာသာလေးပြန်ပေးပေါ့။


အိမ်ပြန်ရင်ထမင်းကောင်းကောင်းမစားလို့ အမေကစစ်လိုက်တာ။
မပြောပြရဲပါဘူး..လူလည်ကျခဲ့တာကို..။
အတီးခံရမှာ..။
၆ တန်းရောက်တော့တောင်ကြီးမှာကျောင်းသွားတက်တယ်။
နွေကျောင်းပိတ် မှပြန်လာရတယ်။
သူငယ်ချင်းတွေလည်းငယ်ငယ်ရွှယ်ရွှယ်နဲ့ အိမ်ထောင်ကျတာများပါတယ်။
ကျမကျောင်းပြီးတော့ သူတို့ ခလေးတွေတောင်ကျောင်းနေတဲ့အရွှယ်ရောက်နေကြပြီ။
ခုနေများပြန်တွေ့ ရင် ရှက်စရာကြီး...။

ကလေးဘ၀..စားဖို့ တခုထဲဘဲနားလည်ခဲ့တယ်။
ခုဒီလိုဟုတ်တော့ဘူးနော်...။
စားဖို့ ထက်ပိုအရေးကြီးတဲ့အကြောင်းအရာတွေ၊ပြသာနာပေါင်းသောင်းခြောက်ထောင်၊
ရှိတယ်ဆိုတာ........သဘောပေါက်လာပါတယ်။

ခင်မင်တတ်တဲ့
မီးမီး


Friday, January 20, 2012

သူလည်းကျိုင်းတုံမုန့် တီကြိုက်တယ်တဲ့

မင်္ဂလာပါရှင်~~~

ဒီတခါတော့၊ချစ်ချွေးမလေး ကပို့ စ်အသစ်မတင်ရင်၊
ဘလော့ကိုဘန်း ပစ်မယ်တဲ့၊
သူ့ ရာဇာသံကိုကြောက်တာနဲ့ ..။
စားတာလည်းပါအောင်၊ဖြစ်ညစ်ပြီးရေးလိုက်ပါတယ်။
ကျမငယ်ငယ်တုံးက ကြားဖူးခဲ့တာတွေပါ။
ကျမမွှေးရပ်မြေရဲ့ ရိုးရာမနက်စာ မုန့် တီ(ခေါက်ဆိန့် )ကိုစွဲလန်းနှစ်သက်သူတယောက်၊
ကျမတို့ လမ်းထိပ်က မြေစိုက်တဲနဲ့ ပါလာ(မြန်မာလိုဆို ဒေါ်နန်းလာပေါ့)ခေါက်ဆိန့် ဆိုင်ကို၊
သူများတွေလိုမသွားနိုင်၊ဘယ်အချိန်အခါက၊ဘယ်သူကများအတွန့် 
ရှည်တော်မူပြီးဆက်သမိလို့ လဲတော့၊မသိပါဘူး။စွဲလန်းနှစ်သက်တော်မူပါတယ်။
မြို့ ရောက်ရင် ပါလာ(ဒေါ်နန်းလာ) တယောက် ရှေ့ မောက်တော်အရောက်၊
သွားချက်ပြုတ်ပေးရတယ်တဲ့ ။ဝယ်ရမဲ့စရင်းတွေကို ဘိုဂီး ဘိုမူး တွေကဈေးမှာ
ကိုယ်တိုင်သွားဝယ်ပေးရတယ်တဲ့။ ချက်ပြုတ်ပြီးရင်လည်း ဘိုမူးတွေက
အရင်မြည်းစမ်းကြည့်ရတယ်ဆိုဘဲ။

သူ့ နေပူတော်(အဲဒီအချိန်ခါကရွှေတို့ ရဲ့ မြို့ တော်)ပြန်ရောက်သွားရင်လည်း ၊စားချင်တဲ့စိတ်
ချဉ်ချင်းတ တယ်ဆိုလား။အဲဒါဆို ဒေါ်နန်းလာ တယောက် စရင်းလေးရေးပေး။
ရွှေကိုယ်တော်တွေရှေ့ (သူ့ အပြောသေနတ်ကြီး ကိုင်ထားပြီးစောင့်တာတဲ့)။
ချက်ပေးရတယ်တဲ့။ပြီး အိုးလိုက်ဝေဟင်ခရီး လိန်ပျံကြီးနဲ့ လူဂီးမင်းဆီကိုပို့ ပေးရတယ်တဲ့။
တခါခါ တလကို ၂ခေါက်လောက်တောင် အားပေးတော်မူတယ်ဆိုဘဲ။
ကဲ...သူဘယ်သူလဲ...။ ဟွန့် ....မပြောလည်းသိနေကြမှာပါ။
မဆာလာအမူန့် ရဲ့ သခင်..။အဲ...မွှားလို့ ...။
သွားလေသူ မဆလ ဥသျှောင် ဘိုရူမောင်...။ ဟီးးးးး။  

ရေးရတာ..မျက်ခုံးလူပ်လူပ်နဲ့ တော့.......။
မီးမီး
ပုံတွေ ကိုအင်တာနက်ပေါ်ကရှာဖွေကူးယူတင်ဆက်ထားပါတယ်..။

Monday, January 16, 2012

အလှူပုံရိပ်လွှာနဲ့ ညစာများ

မင်္ဂလာပါရှင်~~~
ဒီတခါတော့ မတူတဲ့ အကြောင်းအရာ၂ ခုတွဲပြီးပြောပြချင်တာပါ။

အလှူပုံရိပ်လွှာ....
ရန်ကုန်ကစက်ဆန်းပေါက်ကွဲမူ့ ကြောင့်ဆုံးရူံးသွားကြတဲ့သူ၊ဒုက္ခရောက်တဲ့သူတွေအတွက်။
ကျမရဲ့ လေလိုင်းပေါ်ကခင်မင်သိကျွမ်းတဲ့မိတ်ဆွေလေးတွေကစုပေါင်း၊အလှူခံကြပါတယ်။
အလှူခံပြီးတော့၊အလှူခံရလာတဲ့ငွေစရင်းပြုစု။
ပြီးပိုက်ဆံတွေလွဲပြီးတော့၊ဟိုကချစ်စရာကောင်းလှတဲ့၊
မောင်ငယ်လေးတွေကအလှူဒါနသွားပြုပေးကြတယ်။
ပြီးတော့မှတ်တမ်းတင်ဓါတ်ပုံဝေေ၀ဆာဆာတွေနဲ့ ပြန်ပို့ ပေးတယ်။
ချစ်စရာကောင်း၊လေးစားစရာကောင်းတဲ့ ကျမတို့ ရဲ့ ဦးဦးကိုကိုမောင်မောင်ညီငယ်၊
ဒေါ်ကြီးဒေါ်လေးညီမငယ်နှင့်တကွ ဦးဇင်းဘုန်းဘုန်းတွေလည်းတို့ အပါအ၀င်၊
ပြုထားတဲ့ အလှူမှတ်တမ်းတွေ၊အသံဖိုင်တွေပါ၊ပထမအပိုင်းကို ဒီနေရာက နေလေ့လာဖတ်ရူနိုင်ပါတယ်လို့ ၊
ဒုတိယအပိုင်းက ဒီမှာပါ
ဦးစီးဦးဆောင်လုပ်ပေးတဲ့ မောင်ငယ်လေးတွေက၊
နောက်အခါတွေမှာရော၊ကျမတို့ ရွှေပြည်ကြီးကတခြားလိုအပ်တဲ့နေရာတွေမှာကော၊
အမြဲတမ်းသွားကူညီနိုင်အောင်လို့ “မြန်မာမုဒိတာလူငယ်များအဖွဲ့” (Myanmar  Mudita Youth Group – MMYG )။ ဆိုပြီးအဖွဲ့ လေးဖွဲ့ စည်းထားပါတယ်။


ဟိုအောက်ဆုံးကခေါင်းလောင်းလေးတီးလိုက်ရင်တော့မြင်ကြရမှာပါလေ။
           
ကျမကတော့ဒီတခါဝင်ကြော်ငြာပေးတာအနောက်ကျဆုံးပါဘဲ။
နဲနဲခရီးကြောရှည်နေလို့ ပါ။
အမျိုးသားခရီးထွက်တာကိုလိုက်သွားတာပါ။
သူ့ အလုပ်ရုံနဘေးနားမှာမြစ်ငယ်လေးရှိတယ်။
မီးစက်ဟောင်းရှိတယ်။ငှက်လေးတွေကိုချစ်လို့ သွားကြည့်တာ။

နောက်ပြီးဆိုင်ဆိုင်၊မဆိုင်ဆိုင် ဒီစာကိုလည်းအတင်းညစာနဲ့ တွဲပြီးရေးလိုက်ပါတယ်။
(ဟဲ...စားရေးသောက်ရေးကလည်းအရေးကြီးတယ်နော့်)။

ညစာများ ...
အလုပ်ကလည်းပါးနေတော့။
ထုံးစံက၊ဘဲဘဲကြီးနောက်ကိုလိုက်သွားတယ်လေ။
ထုံးစံက၊နယူးဂျာစီပေါ့။
ထုံးစံက၊ကုလားတန်းထဲက ဟော်တယ် မှာပေါ့။
ထုံးစံအတိုင်း ၄ညစလုံး ကိုအားချားဟဲဆိုင်တွေမှာဘဲစားတယ်လေ။
ထုံးစံပေါ့ ဖုံးလေးနဲ့ ရိုက်တော့ပုံကလည်းမကောင်းပါဘူး။
ထုံးစံအတိုင်း၊ နဲနဲရှက်တာလဲပါတယ်လေ။လူများတွေကြားထဲမှာကြီးရယ်..။
ထုံးစံက၊ဘိုင်အိုဖိုကယ်ဆိုတဲ့မျက်မှန်နဲ့ မယှဉ်ပါးသေးဘူးလေ။
ထုံးစံအတိုင်း၊ဘဲကြီးကမနက်စာကို ၄ရက်လုံးတမျိုးတည်းဘဲမှာပေးခဲ့တယ်လေ။
မိုးလင်းရင်စားဖို့ စဉ်းစားကြမယ်လေ။

ဒါလေးကိုဘဲ ၁၁ ကျပ်နဲ့ ၀၇ပြားပးရတယ်။ဈေးကြီးတာ..။
နောက်နေ့ ကျတော့ခါကြာမုန့် နဲ့ ရေနွေးကြမ်း၊ကော်ကော်နဲ့ 

ရောက်တဲ့ညက၊သူတို့ ဒန်ပေါက်ကအမြဲကြက်ဥပြုတ်ပါတယ်။
ပဲဟင်းနဲ့ ကြက်သားဟင်း၊အသေစပ်တယ်။

ဒန်အိုးပေါက်တွေဘဲမှာတတ်နေတယ်လေ။
သတ်သတ်လွှတ်ဘူဖေး။
ပလာတာလေးမွှေးနေတာဘဲ။
ဟင်းတွေကလည်းအတူတူလို့ ဘဲထင်ရတယ်
ညနေသူအလုပ်ဆင်းချိန်ကိုဒီမှာငုတ်တုတ်လေးထိုင်စောင့်နေရတယ်။ညစာသွားစားဖို့ ။
ပိုင်ရှင်ကြီးများရဲ့ ပုံ(အဖေနှင့်သားပေါ့)
နောက်ဆုံးပုံကျတော့...။
အထက်ဖော်ပြပါများနဲ့ လားလားမှမပတ်သက်သောအရာပါ။
မနေ့ ကုလားဆိုင်မှာချဉ်ပေါင်တွေ တလှေကြီးရလာခဲ့တယ်။
ဒီတခါကြွားပြီနော့်။
ချဉ်ပေါင်ကြော်မယ်မျှစ်နဲ့ ငရုတ်သီးများများတဲ့သူက။
ပုဇွန်မူန့် နဲ့ ဟင်းရည်ကြဲကြဲလေးတခါချက်ပြီးသောက်မယ်။
ငါးနဲ့ ချက်မယ်။
အားပါးပါးးးးး။
အားလုံးကိုကြုံရင်လည်လည်လာဖို့ ဖိတ်ခေါ်တယ်နော်။
ထမင်းစားချိန်ကြွလာခဲ့ပါနော်...။

ပျော်ပျော်ပါးပါးပေါ့နော့်။
မီးမီး

Wednesday, January 11, 2012

ဒီကရောင်းသူဝယ်သူစားသုံးသူအပေါင်း..

မင်္ဂလာပါရှင်~~~
ဂျာမဏီမှာခင်မင်ခဲ့ရတဲ့ ညီမလေးစုကပြောတယ်။
ဈေးဝယ်တဲ့အကြောင်းတွေရေးပါအုံးတဲ့။
ကျမဈေးဝယ်တာကတော့ဟင်းသီးဟင်းရွှက်တွေ၊
စားဖို့ သောက်ဖို့ ဘဲရှိတာပါလေ။:P
ဒါပေမဲ့ဒီမှာအလုပ်လုပ်တော့ ဈေးရောင်းဆိုပါတော့လေ။
ဈေးဝယ်ဈေးရောင်းတစေ့တစောင်းအကြောင်းလေးတွေပြောပြလိုက်မယ်နော်။
ရှော့ပင်းထွက်တယ်၊ဆိုတာမိန်းခလေးတွေရဲ့ လက်သုံးစကားပါဘဲ။
ဟိုနားထွက်ရ ဒီနားသွားရနဲ့ ပြီးကိုမပြီးနိုင်တဲ့ ဈေးဝယ်ခြင်းပါဘဲ။
အသုံးဝင်တာလည်းဝယ်။
အသုံးမ၀င်ပေမဲ့တနေ့ သုံးမယ်လေဆိုပြီးဝယ်။
သူများတွေဝိုင်းဝယ်နေလို့ သွားဝယ်။
ဈေးချနေတယ်ဆိုပြီးဝယ်။
ကြိုက်လို့ ဝယ်၊လှလို့ ဝယ်။
ဘယ်လိုဘဲဝယ်ဝယ်ကျမတို့ ဆီမှာတော့ပြန်လှဲခြင်းသီးခံပါဆိုတဲ့၊
စကားအောက်မှာဘဲပြားပြားဝပ်လေးနဲ့ ဝယ်ကြတာပါ။
ဝယ်ပြီးရင်ကြိုက်လည်းသုံး၊မကြိုက်လည်းဆုံးပေါ့။

ဒီအနောက်နိုင်ငံ(အထူးသဖြင့်အမေရိကားတွေပေါ့)၊၀ယ်ပြီးပြန်လာလှဲ၊ပြန်လာပေးတာ။
တနိုင်ငံလုံးအတိုင်းအတာနဲ့ ၄၀%ရှိတယ်တဲ့..။
(ခရစ်စမတ်ဈေးဝယ်ကာလပြီးတော့ ၂၆ ရက်နေ့ ဆိုရင်ပစ္စည်းပြန်လာလှဲကြတယ်။
အဲဒီအချိန်သတင်းကြောငြာတာကြားမိလို့ ပါ)။
ရောင်းတဲ့သူတွေကလည်းကြော်ငြာရင်ပြန်ပေးတဲ့အခါဘာမှမခက်ဘူး။
ပြေစာမပါလည်းရတယ်။သူတို့ အဖွဲ့ ဝင်ကဒ်လေးသာပြပါ..။
ဘာညာဘာညာပေါ့။
သူတို့ မန်ဘာများအောင်တိုးအောင်ညာတာတွေပေါ့...ဟီး။

ကြားရတာတွေက ပွဲတွေသွားချင်ရင် အ၀တ်တွေလာဝယ်။
ဝတ်ပြီးရင်ပြန်လာပေးနဲ့ တော်တော်ဟုတ်ကြတယ်တဲ့။
ဒီအမေရိက ....။
ဈေးရောင်းတဲ့နေရာ တိုင်း(ဟင်းသီးဟင်းရွှက်ရော၊သားငါးရောဘဲ)။
ကက်စတမ်မာဆားဗစ် ဆိုတာကောင်တာတွေသပ်သပ်ရှိကြတာများတယ်။
ပြန်လာပေးတဲ့ဟာတွေလက်ခံဖို့ လေ။

ကျမတို့ အလုပ်မှာတနေ့ ကို ၂ခါ၊ပြန်လာပေးတဲ့ပစ္စည်းတွေကိုသက်ဆိုင်ရာဌာနကသွားယူရတယ်။
ဌာနတခုအတွက်ဆိုအလုပ်မှာပစ္စည်းဘယ်တဲ့လက်တွန်းလှဲနဲ့ အပြည့်ဘဲ။
ဗူးတွေပေါက်ပြဲ၊ပစ္စည်းတွေရွဲကွဲနဲ့ ပြန်ရောက်လာတတ်ကြတယ်။
တချို့ တွေကိုမိခင်ဌာနပြန်ပို့ ရပါတယ်။
အရမ်းကိုအလေအလွှင့်များတယ်။
ဒါတွေကာမိအောင်ဈေးတွေတင်ထားတာပေါ့။
အေးလေ...ဒါကြောင့်ဒင်းတို့ ချိုင်းနာမိတ်နဲ့ ဘဲသက်ဆိုးရှည်တာပေါ့နော့်..။
အဟဲ...အတင်းကချလိုက်သေးတယ်။

ကျမအမြင်အရဆိုရင် အမေရိကဈေးကွက်တခုလုံး မိတ်အင်ချိုင်းနားဘဲရှိပါတယ်။
(တကယ့် နံမည်ကြီးတံဆိပ်တွေကျတော့တမျိုးပေါ့)
ဒီတော့ ဥရောပနိုင်ငံတွေထက် ဒီကပစ္စည်းတွေက အရည်အသွေးမှာကွာတယ်။
ဈေးတော့ပိုချိုတာပေါ့။
ဥရောပ ကပိုဈေးကြီးတယ်၊ပိုကောင်းတယ်။
ဂျာမဏီမှာတုံးက မိတ်အင်ချိုင်းနားဆိုတာ တူရကီဆိုင်ကရောင်းတဲ့အပေါစားတွေမှာဘဲတွေ့ ရတယ်။
ပဲရစ်ဆင်ခြေဖုံးမှာ တရုတ်တွေဖွင့်ထားတဲ့ပိုက်ဆံအိတ်ဆိုင် အင်္ကျီဆိုင်တွေအများကြီးဘဲလေ။
ဒါပေမဲ့တကယ့်ဆိုင်ကြီးမှာတော့ သိပ်မတွေ့ မိသလိုပါဘဲ။
လမ်းဘေးမှာရောင်းတဲ့ပုဝါလေးတွေအားလုံးကတော့ ချိုင်းနားပါဘဲ။
ကဲ..ညီမလေးစုရေ..။
ဈေးဝယ်ရင် ဂျာမဏီ KaDaWe နဲ့  လန်ဒန်က Harrods တို့ ကတော့အကောင်းဆုံးပါဘဲ။
(ဟီး....ပိုက်ပိုက်ပေါရင်ပြောတာ)
ကိုယ်တော့ဒီက clearance ဆိုတာတွေသွားသွားဖမ်းပါတယ်။
တလောက Reebok running shoe တရံ ၈၉ ဒေါ်လာကို ရ ဒေါ်လာနဲ့ ရခဲ့တယ်။
ဈေးချနေတာရယ်၊
အလုပ်သမားတွေအတွက်ရှော့ဈေး၁၅ %၊
နောက်ထပ်ခရစ်စမတ်ကာလ ၂၀% ရှော့ပေးတာနဲ့ ။
ဒိန်းဒပ်ဒပ်...ဒေါ်မီး Reebok ကြီးနဲ့ ပြေးမလို့ ပြင်နေပါတယ်။
:P

နောက်ထပ်ကြုံရင်အာလူးထပ်ဖုတ်အုံးမယ်လေ။
ပျော်ပျော်ပါးပါးပေါ့။
မီးမီး
ဝန်ခံချက်.....................
ပုံလေးတွေကိုအင်တာနက်ကနေခပ်တည်တည်ဘဲယူသုံးပါတယ်:))
တီထွင်သူအပေါင်းကျေးဇူးပါကြောင်း....။

Saturday, January 7, 2012

ဗီယက်နမ်ဂဏန်းကော်ပြန့် စိမ်း

မင်္ဂလာပါရှင်~~~

ဂဏန်းတဗူးဝယ်ထားတာတွက်ခြေကိုက်တယ်ဗျား..။
ဂဏန်းထမင်းကြော်၊ဂဏန်းနဲ့ ဗုံလုံသီးအစာသွပ်ချက်၊
ဒါလည်းမကုန်နိုင်သေးဘူး။
ကော်ပြန့် လိပ်လုပ်ဖို့ စိတ်ကူးမိတာနဲ့ ။
တနေ့ ကတဲကသူများတွေကော်ပြန့် လုပ်ထားတာလိုက်ကြည့်ပြီး။
ကျမစမ်းသပ်လုပ်ကြည့်တာမဆိုးဘူး။

ကျမကဒီတံဆိပ်နဲ့ ကော်ပြန့် အဖတ်ကိုသုံးပါတယ်။

မုန်လာဥနီ၊ကြက်သွန်မိတ်၊တရုတ်နံနံပင်အရိုး၊ကြက်သွန်ဖြူနီနဲ့ ပဲငံပြာရည်၊ခရုဆီ၊ဆား၊ငရုတ်ကောင်းမှူန့် ၊
မို၊ဒါလေးတွေနဲ့ ဆီနဲနဲရောသမကြော်ပေါ့။
(အစမ်းလုပ်တာဖြစ်တဲ့အတွက်နဲနဲဘဲလုပ်တယ်လေ)

ပြီးကော်ပြန့် ဖတ်ကိုရေ(ဘုံဘိုင်ထဲကရေလည်းရပါတယ်၊
အပူဆုံးဖက်ကိုလှည့်ဖွင့်လိုက်ရင်တော်တော်ပူတာရတာ)ထဲခဏဘဲစိမ်တယ်။
ကြာရင်ပြဲကွဲသွားတတ်တယ်။ဇလုံကြီးကြီးလည်းရှိဘူးလေ။
ဒီဒယ်အိုးလေးဘဲပြန်သုံးတာပေါ့။

ရေထဲအားလုံးမနှစ်လိုက်ရင်ပြန်ကော့တက်လာတတ်တယ်။

ပြီးအ၀တ်သန့် သန့် ပေါ်တင်ပြီး၊အပေါ်ကအ၀တ်နဲ့ ရေကိုဖိသုတ်လိုက်တယ်။
ရေမကျန်အောင်လို့ ပါ။

ပုဂံပြားပေါ်တင်အစာလေးထဲ့။

လိပ်လေသတည်းပေါ့။
ဗီယက်နမ်ကကော်ပြန့် ဖတ်ကိုသုံးတော့ ဗီယက်နမ်ကော်ပြန့် ပေါ့နော်...အဟဲ။
(ဒေါ်မီးနည်းဒေါ်မီးဟန်ပြန်ပြုထားတာလေ)။
ဆီကြော်သိပ်မစားတတ်တာနဲ့ ပါ။
ဆလပ်ရွှက်၊ကြက်သွန်မိတ်နဲ့ တွဲစား...။
ကောင်းပါ့ဗျားးးးး

ပျော်ပျော်ပါးပါးပေါ့နော့်...။
မီးမီး

Thursday, January 5, 2012

အလှူစရင်းနဲ့ နို့ ခဲဟင်း

မင်္ဂလာပါရှင်~~~

စက်ဆန်းပေါက်ကွဲမှုအတွက် လက်ခံရရှိသော အလှုငွေစာရင်းများ ကိုပြောပြချင်လို့ ပါ။
ပြီးလာလည်သူအပေါင်းနို့ ခဲဟင်းနဲ့ ဧည့်ခံပါ့မယ်။
(ဆိုင်တာကတော့မဆိုင်ပါဘူးဟီး..၊ချက်ထားတဲ့ဟင်းလေးနဲ့ ကပ်ရွှီးတာပါ)
ကိုရင်တို့ ကရန်ကုန်ကိုအလူငွေထည့်ချင်တဲ့၊
ပုဂ္ဂိုလ် များအတွက်စီစဉ်ထားပေးပါတယ်။
ပြီးရင်လည်းစရင်းတွေထုတ်ပြန်ထားပေးပါတယ်။
ဟောဒီနေရာကနေသာဓုအနုမောသာနာခေါ်ဆိုနိုင်ကြပါတယ်။





ကုလားဆိုင်မှာသူတို့ ဒီဖြူဖြူနို့ ခဲလိုလိုကိုဝယ်နေကြတာတွေ့ တော့မေးကြည့်တာ။
သူတို့ လည်းဟင်းချက်စားတယ်တဲ့။
ကျမရန်ကုန်မှာတော့မြင်ဖူးပါတယ်။
စားဖူးဘူးလို့ ထင်တာဘဲ။
ချစ်ချစ်က ကြိုက်တယ်ဆိုလို့ စမ်းချက်တာ။
ဖြစ်တယ်ဗျို့ ။
ခရမ်းချဉ်သီးအနှစ်ခြောက်ခြောက်လေးနဲ့ ၊ငရုတ်သီး၊နံနံပင်လေးအုပ်။
ကောင်းမှာကောင်း...။
ဆိမ့်ဆိမ့်မွှေးမွှေးလေး..။
ပဲနီလေးဟင်းရည်၊ မုန်ညှင်းရွှက်ပြုတ်သုပ်...။
ဂွတ်ထဂွတ်ထ..ကောင်းလှင့်တည်း။
:))))

ပျော်ပျော်ပါးပါးနော့်..။
မီးမီး

Monday, January 2, 2012

ချက်စား၊ဝယ်စား...

မင်္ဂလာပါရှင်~~~
ခရီးထွက်တာများတော့နဲနဲအနားယူလိုက်အုံးမယ်။
ခရီးသွားတာတွေခဏနားပြီးအစားအသောက်ဖက်ခဏလှည့်ကြမယ်လေ။

ကျမ ရန်ကုန်မှာနေတုံးက အပြင်မှာဘဲစားတာ၊
ကြာတော့လည်းငြီးငွေ့ တာရယ်၊တယောက်ထဲဆိုတော့၊
နဲနဲကြောင်တောင်တောင်ဘဲ။
နေ့ လည်ထမင်းဆိုင်မှာထိုင်စားတာလည်းများသောအားဖြင့်အမျိုးသားတွေချည်းဘဲ။
ရှမ်းခေါက်ဆွဲ လည်းနေ့ တိုင်းမစားနိုင်ဘူးလေ။
ပထမဦးဆုံးထမင်းပေါင်းအိုးဝယ်ပြီး ဘာကိုဘယ်လိုချက်ရမှန်းမသိဘူး။
ဟင်းတွေတော့ချက်တတ်တယ်။
ထမင်းအိုးတည်တတ်ဘူးလေ...။
အိမ်မှာက မွှေးစားညီမလေးကချက်တယ်။
ဟင်းချက်ဖို့ အားလုံးပြင်ထားပြီးမှမင်းကတော်ချက်နည်းနဲ့ ဟိုဟိုဒီဒီလုပ်တာလေ။

(ဒန်ပေါက်လိုမျိုး တခါထဲပေါင်းချက်ရင်ကောင်းမလားလို့ )
ဒါနဲ့ ကိုယ့်ဖာသာကိုယ်စဉ်းစားပြီးပေါင်းအိုးထဲမှာဆန်ဆီဆားကြက်သား၊
ဟင်းရွှက်တောင်ပါလိုက်သေးတယ်၊ဟင်းခတ်အမွှေးအကြိုင်ထဲ့၊
ပြီးခလုပ်လေးနှိပ် စောင့်နေတာစားဖို့ လေ...။
ထွက်လာတာက..ဒေါ်မြလေးစကားနဲ့ ဆိုရင်၊
ပြောကိုး...မပြောချင်ဘူး...ဆိုတာမျိုးပါဘဲလေ။
မာခေါက်၊ကျစ်ခဲ၊မဲသည်းလေးပေါ့..ဟီး။

အိမ်အောက်ထပ်မှာသူငယ်ချင်းရှိတယ်၊သူကျတော့ယောက်ကျားလေးဖြစ်ပြီး။
ထမင်းဟင်းချက်တတ်တယ်။မုန့် တွေလည်းလုပ်တတ်တယ်။
ဂျပန်ပြန်လေ..။သူ့ ညီတွေလည်းထမင်းကောင်းကောင်းချက်တတ်တယ်။
ရှက်ရှက်နဲ့ သူတို့ အိမ်မှာညာတုပ်ကပ်စားလုပ်ရတယ်။

အဲဒီတခါက ချက်တာမကောင်းလို့ ၊ဒီတခါနဲနဲပြန်လေ့လာပြီး။
ချက်စားတာ..။ဆိုးဘူးဗျ..။တိုးတက်လာတဲ့သဘောမှာရှိတယ်။
အိမ်မှာရှိတဲ့အားလူးတွေကျန်တဲ့အသီးအနှံတွေအားလုံးအနှစ်များများလေးနဲ့ ချက်တယ်။
အသားမပါဘူး။
ဘာစမာတီဆန်၁၅မိနစ်လောက်ရေစိမ်၊ပြီးဟင်းအိုးထဲရော။
အဖုံးလေးပိတ်ပြီးမီးအေးအေးလေးနဲ့ နှပ်ထားလိုက်တာ။
India curry leaf လည်းထဲ့တယ်။
ဘာစတိုင်လည်းတော့သိပါဘူး။
စားလို့ ကောင်းမှကောင်း။

တနေ့ ကချဉ်ပေါင်တွေရလာတော့ချဉ်ပေါင်မျှစ်ကြော်တာပေါ့။
ပြီးတော့ ဂဏန်းတဗူးဝယ်ထားတာရှိတာနဲ့ ဗုံလုံသီးအစာသွပ်ပြီးပေါင်းတယ်။
ဝက်သားကြက်သားတွေနဲ့ အမြဲစားနေလို့ ၊
အသွင်လေးပြောင်းကြည့်တာ။
ထုံးစံအတိုင်းကြက်သွန်ဖြူ၊ငရုတ်ကောင်း၊ကြက်သွန်မိတ်၊ကြက်ဥ၊ပြောင်းဖူးမူန့် နဲနဲလေး။
ဆား၊ဂဏန်းသားနဲ့ နှယ်ဖတ်ပြီးအစာသွပ်လိုက်တာပါ။

ပြီးမှကြက်သွန်ဖြုဆီသတ်ပြီးပေါင်းထားတဲ့ဟာတွေနဲနဲထည့်ကြော်လိုက်တယ်။
ပဲငံပြာရည်အကြည်လေးနဲနဲဆမ်း၊
အရောင်လေးလည်းလှသွားတယ်မွှေးလည်းမွှေးသွားတယ်။

Roosevelt Field Mall ကကုလားဆိုင် ထမင်းနဲ့ ပဲဟင်း၊ကြက်သားဟင်း။

မွှေးနေတာဘဲ။ သူကကုလားစာတွေကြိုက်တယ်။

ကျမကတော့ တရုတ်ဆိုင်ဘဲ။(teriyaki chicken and rice)
ပြီးခဲ့တဲ့အပတ်ကအလုပ်ကပြန်တာနောက်ကျလို့ ဟင်းမချက်ချင်တာနဲ့ ထိုင်းဆိုင်ကနေ၊
သင်္ဘောသီးထောင်း၊ကြက်ကင်၊ကောက်ညှင်းပေါင်း ၀ယ်ခဲ့တယ်။
ဆိုင်ရှင်နဲ့ ခင်နေတာ၊သူက ဆီထမင်းတထုပ်ပါအဆစ်ပေးလိုက်သေးတယ်။
Broadway Mall ကိုရောက်ရင် စားမယ်ပြီးဝယ်တယ်ပေါ့။
ကျမက ပင်လယ်စာအူဒုံ၊သူက teriyaki chicken and rice,tempura၊
green tea ice cream။

ဒီရက်ပိုင်းစားဖြစ်တာတွေပါ။
အနောက်နိုင်ငံမှာနေပြီးပေါင်မုန့် ဗီဇာသိပ်မစားတတ်ဘူး။
တရက်ရက်ဘာတွေချက်ရမှာလဲဆိုတာ၊ခေါင်းပူအောင်စဉ်းစားရတယ်။
စားတာသောက်တာလဲ အရေးကြီးတာဘဲနော့်။
ကျမ်းမာရေးနဲ့ ညီညွတ်တဲ့အသီးအရွှက်သစ်သီးဝလံတွေများများစားပေးရတယ်လေ။
ရယ်ဒီမိတ်အစားအစာတွေက ကြာရင်ဒီကလူတွေလိုခန္ဓာကိုယ်ဖြစ်လာမှာဘဲ။

နှစ်သစ်မှာ ကျမ်းမာရွှင်လန်းကြပါစေ။
ပျော်ပျော်ပါးပါးပေါ့။
မီးမီး