မင်္ဂလာပါရှင်~~~
အိမ်ကလည်းဒီလမှပြောင်းဖြစ်တာ...။
ဒါကြောင့်ပျောက်နေတာလေ။
အိမ်ပြောင်းပစ္စည်းဘယ်ရင်း၊အော်..ကိုယ့်မြို့ မှာဆိုရင်အမျိုးတွေအသိတွေနဲ့ ၊
တယောက်တလက်နဲ့ ဝိုင်းကူကြမှာဘဲလို့ လည်းစဉ်းစားမိတယ်။
ဆက်စပ်ပြီးနောက်တော့ ငယ်ငယ်ကကျိုင်းတုံမှာကျောင်းနေခဲ့တဲ့ကာလအချိန်လေးတွေကိုပြန်သတိရလာတယ်။
(ကျိုင်းတုံမှာ ၅ တန်းအထိဘဲနေခဲ့တာ)။
ကျမလည်းငယ်ငယ်ကတော်တော်ဇာတ်လမ်းတွေများပါတယ်။
သိပ်အဆိုးကြီးမဟုတ်ပေမဲ့လည်း၊ဆရာကြီးရုံးခန်းဆိုတာတော့ခဏခဏရောက်တတ်ပါတယ်။
ဟီး...(လောင်စိန်လေ)။
ကျမနေခဲ့တဲ့ကျောင်းကအလက(၃)ပါ။
မြို့ မှာကများသောအားဖြင့် အထက(၂)မှာတက်ကြတယ်။
ပိုကောင်းတယ်လို့ ပြောကြပါတယ်။
အမေကတော့ ခပ်တည်တည်ဘဲသူ့ အမျိုးကျောင်းအုပ်ဆရာမကြီးဆီဘဲပို့ ထားပါတယ်။
နောက်သိပ်မကြာပါဘူးဆရာမကြီးလည်းပြောင်းသွားပါတယ်။
အရင်တော်လှန်ရေးကောင်စီအစိုးရမတက်ခင်ကတော့၊
အဲဒီကျောင်းကတရုတ်ကျောင်းပေါ့။
နောက်တော့ပြည်သူပိုင်သိမ်း..ဘာညာဘာညာနဲ့ ပေါ့။
ကျမတက်တဲ့အချိန်မှာတော့ တရုတ်တွေတော်တော်များပါတယ်။
ရှမ်းတွေ(ရှမ်းမှာလည်းမျိုးစုံရှိသေးတယ်)၊တရုတ်၊အီကော(အားခါ)၊လီရှော၊လားဟူ...။
အစုံပေါ့..အဲ..ဗမာကြတော့ရှားမှာရှား..။
ကျမကတဦးတည်းသောမြန်မာနံမည်လေ...အဲဒီတုံးကပေါ့။
မရူယဉ်ဆိုတာတော့ရှိတာပေါ့။ဒါပေမဲ့..စီလုတ်ကြီးလေ..။
ကျမအဖေကအင်းသားဆိုတော့ကျမတို့ ကနံမည်၂ခုနဲ့ ။
ရှမ်းနံမည်နဲ့ ဗမာနံမည်ပေါ့။
အဖိုးက ကျိုင်းရိုင်းဖက်ကလာတဲ့ ရှမ်းတမျိုးဆိုပါတော့။
အဖိုးပေးတဲ့နံမည်က ဂုံရှမ်းလည်းနံမည်လည်းဟုတ်ဘူး။
မြန်မာလိုဘာသာပြန်ရင်တော့ အေးမြတဲ့ငွေလရောင် လို့ အဓိပ္ပါယ်ရပါတယ်။
အဲဒီနံမည်ကလည်း.. မှတ်ပုံတင်ထဲမှာဘဲရှိတာပါ။
ကျမတို့ ငယ်စဉ်ခါကကျိုင်းတုံမြို့ မှာရှမ်းလိုမပြောတတ်ရင်တော်တော်ဒုက္ခရောက်မှာဘဲ။
တော်တော်များများဗမာစကားမတတ်ကြပါဘူး။
၅ တန်းရောက်တောင်ဗမာစာကောင်းကောင်းမတတ်ကြပါဘူး။
ကျမကတော့ကံကောင်းတယ်ခေါ်ရမှာလားဘဲ။
အိမ်က ဦးရှေ့ နေ ကျေးဇူးကြောင့်ကျွမ်းကျင်နေတာလေ။(ကိုယ့်ကိုကိုယ်ဖော်..ရသေးတယ်.အဟဲ)
ဒါပေမဲ့အသံဝဲပါတယ်လေ။
အနုတောထဲကလူချောပေါ့။
ဒီကဆရာမတွေစာသင်ရင် ရှမ်းလိုဘာသာပြန်လေးနဲ့ သင်တာဗျ..။
ဆရာမတွေလည်းရှမ်းတွေကိုး..။
အားလုံးက အံဝင်ကွင်ကျလေးနဲ့ ..။
ဟုတ်နေတာ။
အာ..တနေ့ တော့ကျမအတွက်စားကြောတခုဖန်တီးလာပါတယ်။
စစ်တပ်ကဗျုဟာမူးခယ်မဆိုလား..၊ညီမဆိုလား..။
ဆရာမအသစ်လေးရောက်လာပါတယ်။
သနပ်ခါးလေးနဲ့ ပန်းပွင့်လေးနဲ့ ဝတ္တုထဲကအတိုင်းဘဲ။
တွေ့ ဖူးနေတဲ့ကျမတို့ ကျောင်းကဆရာမတွေကွာမှာကွာဘဲ..။
ကျောင်းလာရင်ကားလေးနဲ့ ..။
ဝိုင်းကြည့်လိုက်ရတာ..။
အဲ..ကျမတို့ အတန်းကိုသင်္ချာသင်ချိန်ဝင်လာတော့။
အားလုံးမျက်လုံးတွေဝိုင်းကျယ်ပြူးကြည့်ကြတော့တာဘဲ..။
ဆရာမလည်းထိပ်ဆုံးနံမည်စရင်းလေးကြည့်တာပေါ့။
ဘယ်သူတွေဘယ်ဝါတွေလဲဆိုတာ..။
နောက်တော့နန်းပိန်း၊နန်းဖေါင်း၊နန်းခမ်း၊စိုင်းလျှိုး၊စိုင်းရှဲန်၊အားရင်၊ရှောက်မွေ၊လီကျင်း..
နံမည်တွေဖတ်ပြီးတာနဲ့ ဆရာမလည်းမျက်စိလည်သွားတယ်။
နောက်ဆုံးတော့ဒေါ်မီးကိုခေါ်ပါတယ်။
ဟဲ..သိတယ်နော်..တဦးတည်းသောမြန်မာနံမည်လေ..။
ဟိုဟိုဒီဒီနဲ့ စကားလေးဘာလေးပြောပြီးစာသင်တာပေါ့။
အပ်ကျသံတောင်မကြားရပါဘူး။(နားမလည်ဘူးလေ...ဟီး)
ပြီးအိမ်စာပေး...ကျေးဇူးတင်ပါတယ်ဆရာမဆိုပြီးတာတာတွေလုပ်တာပေါ့။
ဇာတ်လမ်းကမပြီးပါဘူး၊သူငယ်ချင်းရောင်းရင်းတွေကနားမလည်တော့၊
တခန်းလုံးပွက်စိညံနေတာပေါ့။
တရုတ်တွေကပိုဆိုးတယ်။
သူတို့ ကအိမ်မှာတရုတ်လိုပြော၊သူငယ်ချင်းတွေနဲ့ ရှမ်းလိုရော။
အဲ..ဗမာစကားမှာတော့..ထစ်နေပြီလေ။
မနက်ကျောင်းရောက်တော့ကျမရဲ့ သူငယ်ချင်းတရုတ်(လားတရုတ်လို့ ခေါ်မလားဘဲ)။
သူတို့ အိမ်ကိုရောက်ဖူးတယ်။ရိုးရိုးအအလေး..။
သူကကျမကိုအိမ်စာမပြီးလို့ မျက်နှာငယ်လေးနဲ့ စာကူးဖို့ လာပြောတယ်လေ။
ရိုးရိုးမကူးပါဘူးတဲ့၊မုန့် ကျွေးမယ်ဆိုဘဲ..။
စားကြော...။အိုကေ..ကူးလေ။ရော့...အင့်ပေးလိုက်တယ်ခပ်မြန်မြန်ဘဲ။
(သူတို့ ချည်းကပ်ပုံနော်...ခလေးဘ၀ကတဲက...:p)
နောက်တယောက်လာပြန်တယ်။
သူကစကားနဲနဲရှည်တယ်၊ရိုးရိုးမကူးဘူး။ဟိုမေးဒီမေးလုပ်တယ်။
ဒေါ်မီးစိတ်သိပ်မရှည်ဘူး။
အချိန်ရှိခိုက်ကစားချင်တယ်လေ။
နောက်မုန့် စားဆင်းတော့ ပင်စိမ်းသီးအလုံးလိုက်ဆားစိမ်ကို၊
ထိပ်ဖြတ်ပြီးအလယ်အသားလေးထုတ်၊ပဲပုပ်ချဉ်(ခေါက်လန်ဖွန်းထဲမှာထဲ့စားရတဲ့ပဲပုပ်)၊
နဲနဲလေးသိပ်ထည့်ပြီးအဖုံးပြန်အုပ်ထားတယ်။
ပြီးဝါးချောင်းလေးနဲ့ ဟိုဖက်ဒီဖက်ကွေးကွေးလေး(ခြင်းတောင်းပုံစံလေးပေါ့)။
ထိုးပြီးရောင်းတယ်။အဲလိုမျိုးဟာကျွေးတယ်။
တခု တမတ်။(ဟား..ခုခေတ်ကလေးတွေပိုက်ဆံအကြွေတောင်မြင်ဖူးကြရဲ့ လားမသိဘူး)
သိပ်တော့မကြိုက်ဘူး။စပ်လို့ ..ချဉ်ချဉ်ငံငံစပ်စပ်..လေးပေါ့။
၂ယောက်ပေါင်းပြီးဝယ်ကျွေးတာလေ...။
ဟီး..ဒီကလည်းတုတ်တာဘဲ။
နောက်တခါစနေတနင်္ဂနွေခံလို့ ဆိုပြီးဆရာမက၊
အိမ်စာတွေအများကြီးပေးလွှတ်လိုက်တာ။
ဒီတခါတော့ ၂ယောက်မကတော့ဘူး...။
ကူးတဲ့သူနဲနဲများလာပြီ။
သူတို့ ကြိုက်တဲ့ပင်စိမ်းသီးကိုလည်းကျမနဲနဲမုန်းချင်နေပြီလေ။
ကျမစားချင်တာက မုန့် တီကြော်လို့ ခေါ်ရမလားဘဲ။
ဆနွင်းဝါ၀ါလေးနဲ့ ပြီးလက်ဆစ်လောက်ရှိတဲ့ကြက်သွန်ဖြူမိတ်လေး ၄-၅ ချေုာင်း၊
မြေပဲဆံထောင်းပါလေရာလေး၊ပဲပုပ်ချဉ်ရည်ကျဲကျဲလေးဆမ်း၊
ငှက်ပျော်ဖက်လေးကိုကတော့ပုံထုပ်ဝါးတုတ်လေးနဲ့ ထိုးပြီးရောင်းတာ။
အဲဒါလည်း တမတ်ဘဲ..။ဖက်ရွှက်လေးကိုပါးစပ်မှာအပ်ပြီးတုတ်ချောင်းနဲ့ ၊
ကလော်သွင်းလိုက်ရတဲ့အရသာကပိုမိုက်တယ်။
တရုတ်မမတွေက ကြိုက်ဘူးတဲ့ ။
ဒီတော့ စာအုပ်ကိုပေးတဲ့အခါမှာ လူကအီအီကြီးလုပ်ပြတာပေါ့။
အဲ..သူတို့ ရဲ့ လူကဲခပ်နည်းပညာလည်းမခေဘူးဗျ..။
ကဲ..ငါတို့ ငါးပြားစီပေးမယ်..ဟုတ်လားတဲ့။
အင်းးးးးး....ဆိုပြီးအင်းတာပေါ့။
မူလဂျီလေ..ပြီးတော့ ခေါက်ဆိန့် ခို(မုန့် တီကြော်)အားပါးတရအုပ်တာပေါ့။
ကျမမုန့် ဖိုးတနေ့ တမတ်ဘဲရတာ။မုန့် စားဆင်းချိန်ဝယ်စားလိုက်ရင်၊
နေ့ လည်ခေါက်ဆွေ(ထမင်းကိုခပ်မာမာလေးချက်ပြီးရေစင်အောင်ဆေး၊
ပြီးကြံရည်နဲ့ ဆမ်းပေးတာ၊မုန့် လက်ဆောင်းပုံစံမျိုးပေါ့)။
အဲဒါမ၀ယ်နိုင်တော့ဘူးပေါ့။
အဲဒါက ၁၀ပြား၊၁၅ပြားလည်းရောင်းတယ်။
အထမ်းနဲ့ လေယာဉ်ကွင်းနားကရွှာကနေလာရောင်းတာ။
သူတို့ ရဲ့ ကြံကတအားချိုပြီးမွှေးနေတာဘဲ။
နံမည်ကြီးတယ်လေ..။
ဆရာမကောင်းမူ့ နဲ့ ဒေါ်မီးမုန့် တွေတအားစားရတယ်။
ဆရာမလည်းနောက်တော့နားလည်လာတယ်။
သူကဗမာလိုသင်ကျမက တခါခါသာသာလေးပြန်ပေးပေါ့။
အိမ်ပြန်ရင်ထမင်းကောင်းကောင်းမစားလို့ အမေကစစ်လိုက်တာ။
မပြောပြရဲပါဘူး..လူလည်ကျခဲ့တာကို..။
အတီးခံရမှာ..။
၆ တန်းရောက်တော့တောင်ကြီးမှာကျောင်းသွားတက်တယ်။
နွေကျောင်းပိတ် မှပြန်လာရတယ်။
သူငယ်ချင်းတွေလည်းငယ်ငယ်ရွှယ်ရွှယ်နဲ့ အိမ်ထောင်ကျတာများပါတယ်။
ကျမကျောင်းပြီးတော့ သူတို့ ခလေးတွေတောင်ကျောင်းနေတဲ့အရွှယ်ရောက်နေကြပြီ။
ခုနေများပြန်တွေ့ ရင် ရှက်စရာကြီး...။
ကလေးဘ၀..စားဖို့ တခုထဲဘဲနားလည်ခဲ့တယ်။
ခုဒီလိုဟုတ်တော့ဘူးနော်...။
စားဖို့ ထက်ပိုအရေးကြီးတဲ့အကြောင်းအရာတွေ၊ပြသာနာပေါင်းသောင်းခြောက်ထောင်၊
ရှိတယ်ဆိုတာ........သဘောပေါက်လာပါတယ်။
ခင်မင်တတ်တဲ့
မီးမီး
What a clever kid, lol!!!
ReplyDeleteMon Petit Avatar
သိပ်ဟုတ်တဲ့ ဒေါ်မီးပါလား :D
ReplyDeleteMandy
ငယ်တုန်းက အတွေ့အကြုံလေး ပြန်ဖတ်ရတာ ပျော်စရာနော်...။ မီးမီးပြောမှ ခေါက်ဆွေတောင်စားချင်သွားတယ်...။
ReplyDeleteအားကျလိုက်တာ၊ :)
ReplyDeleteသိပ်ဟုတ်တာပေါ့။
ReplyDeleteအပူအပင်ကင်းတဲ့ခလေးလေးဘ၀ကိုတခါပြန်ပြီးရချင်သေးတယ်..
အိုင်အိုရာ
Mon...Thanks...
ReplyDeleteThat time,I was a naughty girls..
;P
Mandy..
ဒီလိုလည်း.ညာတုတ်တတ်တယ်နော်...ဟီး
မိုးငွေ့ မီးလေးရေ...
ခေါက်ဆွေ့ အရမ်းကြီးကိုစားချင်တာဘဲ..
ကုလားဆိုင်မှာကြံချောင်းရောင်းတယ်။
ကြိတ်ဖို့ ခက်နေလို့ ...။
မြတ်ကြည်ရေ..
တို့ ငယ်ငယ်တုံးကအကြောင်းတွေအားလုံးကြားရင်၊
လှန်ပြေးသွားမှာ..နဲနဲဆိုးတယ်တဲ့
အိုင်အိုရာရေ..
တကယ်ဘဲနော်...
ခလေးလေးဘ၀ဘဲအေးချမ်းတယ်..။
ခုတော့လူကြီးဖြစ်ချင်တော့ဘူး
ReplyDeleteအရာရာစိတ်ညစ်ရလို့ မမမီးငယ်ရေး))
ချစ်တဲ့
မဒိုးကန်
ဟာာာာာာာာာာာ
ReplyDeleteကျူပ် ကွန်မန်း မရှိပါလား ဂျ
စိတ်နာလိုက်တာ ဂျာ
မမီးတို့ များ ငယ်ငယ်ကတည်းက ပွဲတော်တည်ခဲ့တာကိုး..အားကျသဗျား...
ReplyDeleteတယ်ဟုတ်ပါလား ငါ့ညီမကြီးက..
ReplyDeleteဘလော့လေး စည်စည်ကားကားဖြစ်နေတာ ၀မ်းသာတယ်ဟေ့ :)
မဒမ်လေးရေ..
ReplyDeleteကြီးလာတော့လည်းပြသာနာလေးတွေကပိုကြီး
လာတာများလားနော်..။
မကျုပ်ချွေးမလေး...
နေကောင်းလား၊စိတ်ကောကောင်းလား..အဟဲ
စန်းထွန်းလေးရေ..
ပေါက်ကရရှစ်သောင်းပြသာနာပေါင်းစုံ၊
ရှာတတ်တာနော်..ငယ်ကတဲက။
စာကောင်းကောင်းရေးတတ်ရင်တော့။
မကြားဘူးတာတွေ..စန်းထွန်းတို့ သိရမှာ..။
ဦးကိုရင်ကြီးရေ..
ဖြစ်ညှစ်ပြီးသန်းခေါင်ကျော်တဲ့အထိထိုင်ရေးတာ..။
မုန့် တီဘ၀ကမြန်မြန်ကျော်ချင်လို့ ..။