မင်္ဂလာပါရှင်~~~
ငယ်ငယ်ကတဲကပါးစပ်လေးနဲ
့စပြီးအလုပ်လုပ်ခဲ့ရလို့ လား၊မသိပါဘူးလေ..။
ကြီးလာတော့လည်းပါးစပ်လေးရင်းရတဲ့အလုပ်မျိုးတွေနဲ
့ဘဲဆက်တိုက်ကြုံရတယ်။
ကျမကျောင်းပြီးခါစ
ကျိုင်းတုံမှာနေတုံးကပေါ့ ညညဆို၊
(မီးကလည်းမီးဆီကိုမလာတတ်ဘူးလေ..ဟီး)။
ဖယောင်းတိုင်
ရေနံဆီမီးခွက် လေထိုးရတဲ့မီးအိမ်၊
(တချို့  ကအောက်လင်းမီးအိမ်လို့ ခေါ်တယ်တဲ့)နဲ့ ဘဲစခန်းသွားရပါတယ်။
သွားလည်ပတ်စရာနေရာလည်းမရှိ။
ဒီတော့ တချာင်းထိုး တဘက်ထိုး ဒါတွေဘဲလုပ်နေရတယ်လေ။
ဆောင်းတွင်းဆိုရင်
မီးသွေးမီးဖိုလေးနဲ့ ကြွေမုန့် ကြွပ်လေးကင်
ခေါပုပ်လေးကင် သိုးမွှေးထိုးတံလေးတွေနဲ့ ၊
အဲဒါနဲ
့၂အိမ်ကျော်မှာနေတဲ့တရုတ်အဒေါ်ကြီးတယောက်က သူ့ သမီးအငယ်ဆုံးတယောက်၊
အိမ်စာလည်းမလုပ်။စာလည်းမကျက်နဲ
့၊ပြောရခက်လို့ ။
ကျမညညသိုးမွှေးထိုးရင်းသူ
့ကိုစာပြပေးလို့ အကူအညီတောင်းတယ်လေ။
ကျမထိုးထားတဲ့ယုန်မွှေးတဘက်တွေလည်း ၀ယ်သေးတယ်လေ။
ပိုက်ဆံရတော့ပျော်လိုက်တာ။
အဲဒါနဲ့ သူ့ သမီးကိုအိမ်စာလုပ်ရင်စောင့်ကြည့်ပေးတဲ့သူဖြစ်သွားတာပေါ့။
လကုန်ရင်ပိုက်ဆံကရအုံးမယ်လေ..။
ပေးသလောက်ယူမယ်လို့ ဘဲမှန်းထားပါတယ်။
တပတ်လောက်နေတော့ အိမ်ကိုအမြဲလာတတ်တဲ့ ချဲထီရောင်းတဲ့ဦးလေးကြီးတယောက်က၊
ကျမနဲ့ ခလေးမလေးကိုတွေ့ တော့..။
သူ့ ခလေး၃ ယောက်ကိုလည်းအပ်ပါတယ်။
အဲဒီလိုအိမ်စာလုပ်မလုပ်ကြည့်ပေးပါတဲ့..။
ကိုယ့်ဖယောင်းတိုင်ကိုယ်ယူလာပါ့မယ်ဆိုဘဲ..။
အိုး..အလကားနေတော့လည်းအလကားဘဲ။
စာသင်ရတာလည်းဟုတ်ဘဲနဲ့ ။
သူတို့ လေးတွေမေးတာဖြေပေး။
အိမ်စာလေးတွေရှိလားမေးပြီးစာကျက်ခိုင်းရုံဘဲလေ။
ဒီတော့..အိုကေတာပေါ့..နော့်။
ဒီလိုနဲ့ ဘဲ ရပ်ကွက်ထဲကခလေး သူငယ်တန်းကနေ (ရ )တန်းအထိ၊
အယောက် ၂၀ ကျော်ရဲ့ ဆရာမငယ်ဖြစ်သွားပါတယ်။
ကျမရဲ့ အမက အဲဒီတုံးကအလယ်တန်းပြကျာင်းဆရာမဆိုတော့၊
သူ့ ကိုဆရာမကြီး၊ကျမကိုကျတော့ ဆရာမငယ်။
သူတို့ လေးတွေခေါ်ကြတာလေ..။
သူငယ်တန်းခလေးတွေကို ပေါင်ပေါ်တင်ချော့ပြီးစာသင်ပေးရတယ်။
ကြီးတဲ့ခလေးတွေကတော့ စာမေးရုံပါဘဲ။
တနေ့ သင်တဲ့စာ အားလုံးကျက်ခိုင်းတယ်။
စာဆိုပြီးမှ အိမ်ပြန်ရတယ်။
အိမ်ရှေ့ မှာ ည ဂနာရီဆိုရင် လာကြိုတဲ့ သူတွေနဲ့ စည်ကားနေတာပေါ့။
လကုန်လို့ လခလေးတွေလာပေးရင်(တယောက်ကို ၂၅ကျပ်ရတယ်)။
ကျိုင်းတုံရုပ်ရှင်ရုံနဘေးက ကုလားကြီး၂ပြန်ကြော်တွေဝယ်ပြီး။
အားလုံးစားကြတယ်။သူတို့ လေးတွေနဲ့ လုစားရတာ..။
သူတို့ ဖယောင်းတိုင်ထွန်းဖို့ နို့ ဆီခွက်တွေ စည်သွပ်ဗူးဟောင်း တွေစုရတာကအမော။
အမြဲတမ်းပျောက်နေတာဘဲ..။
အိမ်နောက်ဖေးက ထမင်းစားခန်းမှာ(နဲနဲကျယ်တော့အဆင်ပြေနေတာ)၊
စားပွဲဝိုင်းက တခု၊လေးထောင့်စားပွဲရှည်ကြီးက ၂ခု၊
တရုတ်ခွေးခြေခေါ်မလားဘဲ..။
အဲဒီလိုခုံလေးတွေနဲ့ ။ညညဆိုဆူညံနေတာ။
ခုနှစ်အိမ်၊ရှစ်အိမ်ကြားပေါ့။
ဆရာမငယ်လည်း အော်ဟစ်နေရတယ်။
ဖယာင်းတိုင်(အရည်ပျော်သွားတဲ့ဖယောင်းပျော့ပျော့လေးတွေ)
နယ်ဖတ်ကစားကြတယ်လေ၊ဆော့ကြတယ်လေ။
ဒါနဲ့ ကဲ..ဖယောင်းကိစ္စ စခန်းရပ်ပြီး အောက်လင်းမီးအိမ်၊
ထွန်းပေးရတယ်၊ကိုယ့်စီးပွားရေးဆိုတော့။
သူများအားကိုးလို့ ဖြစ်ဘူးလေ။
ကျမအဲဒီမီးအိမ်ထွန်း တော်တော်ကျွမ်းကျင်သွားပါတယ်။
မီးစာလေးကိုအရက်ပျံနဲနဲလေးခွက်ထဲထည့်၊
ပြီးမီးစာကိုမီးရို့ မီးငြိမ်းစပြုရင် လေထိုးတံကိုအားရပါးရထိုးတော့တာဘဲလေ..။
အဲ...အရက်ပျံဖိုး၊ဆီဖိုးဆရာမငယ်ဝယ်ရတာပေါ့။
အမေကပေးဘူးတဲ့။ကိုယ်ပိုင်ဝင်ငွေရှိနေတာဘဲတဲ့။
အဟဲ..ကလေးတွေဆီကပိုမတောင်းပါဘူး..။
နောက်သူတို့ လေးတွေရဲ့ ကံလား..။
ကျမရဲ့ ဆုတောင်းကပြည့်သွားတာလားမသိပါဘူး။
မီးစက်ဝယ်ချင်လို့  ချဲထီထိုးတာ ၃၀ကျပ် ဖိုးပေါက်တယ်ဗျ..။
ချက်ချင်းဝယ်တာပေါ့။
မီးစက်တွေဘာတွေနဲ့ ဒေါ်မီးစာကျက်ဝိုင်းလေးကဟုတ်နေတာ။
နောက်ကျမတို့ ကျိုင်းဖေါင်းရေချောင်းကို ပျော်ပွဲစားထွက်ကြတယ်။
အရမ်းပျော်စရာကောင်းပါတယ်။
စက်ဘီးတွေအစီး ၂၀နီးပါးနဲ့ ခလေးငယ်လေးတွေတော့ မုန့် တွေရေဗူးတွေနဲ့ ၊
ကားနဲ့ ခေါ်သွားရတယ်။
အဲဒါကို...နောက်မှာဘဲပြောပြတော့မယ်နော်..။
အဟီး...အိမ်အလုပ်တွေပစ်ပြီး ရေးနေလိုက်တာ။
ဟင်းချက်လိုက်အုံးမယ်။
ဒါလေးကို ၃ရက်တောင်ရေးရတာ...။
မီးမီး
ထုံးစံအတိုင်းပါဘဲလေ..ပုံလေးတွေကို၊
အင်တာနက်ကနေရှာဖွေမွှေနောက်ပြီးယူထားပါတယ်။
တီထွင်သူအပေါင်းကိုကျေးဇူးတင်ပါကြောင်း...။

သြော်..ညီမကြီး ညီမကြီး
ReplyDeleteတစ်ခါရေးပြီး ခရီးရက်ရှည် ထွက်ပြန်ပီပဲ..:D
မီးမီးဆီ မီးမလာပေမဲ့ မီးမီးဆီ ကိုကိုလာခဲ့တယ်မလား..
မလိမ်နဲ့ မှန်မှန်ဖြေ :D
ဆရာမငယ်သည် ရှမ်းသွေးပီသသည် ။ ငယ်ငယ်ကတည်းကစီးပွားရှာတတ်သည်း)))
ReplyDeleteချစ်တဲ့
မဒိုးကန်
အောင်ညလေး ဖတ်လို့ ကောင်းတုန်း မီးပျက်သွားပါဟ..မြန်မြန် ပြောပြပါဗျို့ ..
ReplyDeleteဟုတ်ပ အစ်မရယ်။ ဇာက်ရှိန်တက်မှ ရပ်တယ်။ ဟင့်။ နောက်ပို့စ် အမြန်ဆုံးဖတ်ရန် မျှော်နေသည်။ လည်ပင်းမရှည်ရအောင် ပို့စ်မြန်မြန်တင်ပါ။ :D
ReplyDeleteဟင်..
ReplyDeleteဆက်ရေးပါဗျို့ ..
အိုင်အိုရာ
မီးမီးငယ်.ရေနေကောင်းပါစ..မှတ်ဥာဏ်တော်တော်ကောင်းတာဘဲနော်..ငယ်တုန်းကအကြောင်းတွေကိုပြန်ပြောနိုင်တယ်..ဟီးး............
ReplyDeleteမေတ္တာဖြင့်..ရွှေဝန်းရတနာ..
အတော်ပဲ..ဆရာမလေးဆီ
ReplyDeleteစာလာသင်ရမယ်း)
(သိုးမွှေးထိုးနည်းသင်ချင်တား)
မမီးကသုံးဆယ်ဖိုးပေါက်ဘူးတယ်လား
မိစံက ငါးဆယ်ဖိုးး))
ပျော်ရွှင်ပါစေရှင်
ခင်မင်လျှက်
ကိုရင်မျက်မဲ(မျက်မှန်မဲကြီးတပ်လို့ )..
ReplyDeleteဟီးးးး
ဘာတွေရှောက်မေးနေတာလဲ..။
သူများတွေသိကုန်မယ်။
နေ့ တိုင်းတော့အိမ်မက်ထဲမှာရေးဖြစ်တယ်လေ။
မဒမ်လေးရေ..
ဒီလိုနဲ့ ကြံဖန်ပြီးဖြစ်လာတာ။
အလုပ်မျိုးစုံလုပ်ဖူးတယ်။
ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ပါဘဲ..။
:P
SanHtun..
သိပ်ရှည်ရင်ငြီးငွေ့ မှာစိုးလို့ ...။
အဲ..ဟုတ်ဘူး..။
ဟင်းချက်ချိန်လေးလုရေးရတာ။
:))
မြတ်ကြည်လေးရေ..
လာမယ်..မကြာပါနော်..။
မအိုင်အိုရာ..
ကျမတနေ့ နေ့ ရေးရင်လည်း၊
ကိုယ့်အကြောင်းကလွဲပြီးရေးစရာမရှိဖြစ်နေတာ။
ဒါပေမဲ့ကိုယ့်အတွေ့ အကြုံလေးတွေ၊
ပြောပြတာပေါ့နော်..။
ဘုန်းဘုန်း..
ပို့ သတဲ့မေတ္တာကြောင့်ကျမ်းမာပါတယ်ဘုရား။
မိစံရေ..
ဟုတ်လား..။
ပိုက်ဆံတွေရတာပျော်စရာကြီးနော်။
အောင်ဘာလေထီလည်းပေါက်ဖူးတယ်။
ဒီကထီပေါက်ရင်တော့...ဟင်းဟင်း..။
တကိုယ်လုံးကိုစိန်စီပစ်လိုက်မယ်..။
ဟဲ...။
သိုးမွှေးထိုးတာ ကျမစာအုပ်ထဲကြည့်ထိုးတာ။
စာအုပ်တွေရှိတယ်။
scan လုပ်ပြီးပို့ ပေးရမှာလား..။
လာလည်သွားပါတယ်
ReplyDeleteပျော်စရာကြီးနော်
ဟုတ်ပါတယ်..။
Deleteအရင်တုံးကဆရာမငယ်ပေါက်စလေးလေ..။
ပျော်စရာအတိပါဘဲ..။
အသူနဲ.ဘွတူတာပေါ့ ဒါဆိုတီတီမီးမီးက။သူလဲဆယ်တန်းဖြေပြီးတော့ အိမ်နားကကလေးတွေစာသင်ပေးရင်းနဲ. ဆရာမပိုးဝင်သွားတာ။
ReplyDeleteArëãl Thû
ဆြာမပေါက်စဖြစ်ခဲ့ဖူးတယ်။
Deleteပျော်စရာကောင်းတဲ့ဘဝ၊အေးချမ်းတဲ့ဘဝလေးပါဘဲ။
ပြန်သွားတိုင်းခလေးတွေနဲ့ ပြန်တွေ့ တတ်ပါတယ်။
သူတို့ တွေတောင်လူကြီးဖြစ်လို့ အိမ်ထောင်ရက်သားကြနေကြပြီလေ။
အောက်လင်းမီးအိမ်ဆိုတာဘယ်လိုပံးစံလည်းသိချင်လို့ပါ
ReplyDeletehttp://www.stpaulmercantile.com/index.php?action=store&item=PressureLantern
Deleteအဲဒီမှာတွေ့ရတဲ့ပုံစံမီးအိမ်ကို
ကျမတို့ကအောက်လင်းမီးအိမ်လို့ခေါ်ပါတယ်။
း))))