Showing posts with label အတ္တုပတိ. Show all posts
Showing posts with label အတ္တုပတိ. Show all posts

Tuesday, December 6, 2011

စကားပြန်ကျမ....

မင်္ဂလာပါရှင်~~~

အလုပ်လုပ်ဖူးခဲ့တာတွေပြန်စဉ်းစားမိတော့။ ပထမဦးဆုံးအလုပ်လေးကိုသတိရမိပါတယ်။
ကျမရဲ့ စကားပြန်ဆိုတာ ဘာသာစကားတခုကနေ တခြားဘာသာစကား၊ တခုကိုပြန်ဆိုပေးတာာပါ။
ဘာသာပြန်ဆရာမကြီး တိုးရစ်ဂိုက်ကြီး ဟုတ်ပါဘူး။ အသက်အပိုင်းအခြားကလည်း ၁၀နှစ်ဝန်းကျင်...။
ယုံလား...။ ၁၀နှစ်သမီးဘ၀ကတဲက အလုပ်လုပ်ဖူးတာနော်။

ကျမငယ်ငယ်တုံးက အိမ်မှာညအိပ်ဧည့်သည်ဆိုတာ၊ မိတ်ဆက်စာနဲ့ ရောက်လာနဲ့ ဧည့်သည်က
တ၀က်ကျော်ပါတယ်။ နယ်စပ်မြို့ လေးဆိုတော့ ပြည်မကလာတဲ့လူတွေက၊ ခင်ရာခင်ကြောင်းဆီက
စာတိုစာရှည်နဲ့ လာကြတယ်လေ။ အဖေရဲ့ အရမ်းခင်မင်ရင်းနှီးတဲ့ ဘဘတယောက်ဆီက၊
မိတ်ဆက်စာနဲ့ ရောက်လာတဲ့ဦးရှေ့နေ၊ ဧည့်သည်က ၁၅နှစ်ကျော်ကြာသွားပါတယ်။
ကျိုင်းတုံမှာ အဲဒီခေတ်ခါကာလမှာရှေ့နေဆိုတာ ၂ယောက်လောက်ဘဲရှိတာ။
ဧည့်သည်ကြီးက ရှေ့ နေလုပ်ဖို့ လာလေ့လာရင်းနဲ့ ၊ (ကျမအိမ်က မြို့ လည်ခေါင်လောက်မှာရှိတော့)
အိမ်မှာဘဲ ထမင်းစားခ နေထိုင်ခပေးမယ်ဆိုပြီး ၊ ကျမတို့ မှာအိမ်သားတယောက်တိုးလာပါတယ်။

အဲဒီအချိန်မှာ အမက( တောင်ကြီး)နဲ့ အကိုကြီးက(ရန်ကုန်)၊ ကျောင်းအိပ်ကျောင်းစားသွားနေတော့၊
အိမ်မှာက အဖေ အမေ နဲ့ အကိုငယ် ကျမ ၄ ယောက်ဘဲ ကျန်တယ်။ အဖေကအမြဲခရီးထွက်လေ့ရှိတယ်။
ဒါနဲ့ ဘဲ ဧည့်သည်ကို အိမ်သားဖြစ်သွားစေတာပါ။ ဟိုးဆယ်စုနှစ် ၃ ခုကျော်ကာလ ကျိုင်းတုံဆိုတာ၊
ဗမာစကား သိပ်မတတ်ကြသေးဘူးလေ။ ဈေးမှာ ဗမာလိုဘဲပြောပြီးဝယ်မယ်ဆိုရင်တော်တော် ဒုက္ခရောက်ကြတယ်လို့ ၊ ပြောကြပါတယ်။

ကျမရဲ့ ဗမာစကားလည်း အိမ်ကရှေ့ နေကြီးက အိမ်ရှေ့ မှာဆိုင်းဘုတ်ချိတ်တော့ ဝတ်လုံတော်ရ ဆိုပြီးရေးတာကိုး။ရှေ့ နေကဘာလို့ ဝတ်လုံတော်ရလို့ ရေးတာလဲလို့ လူကြီးတွေဆီမှာမေးခွန်းသွားသွား
မေးတယ်။ ဒီလိုတော်တာပါ။ လျှာရှည်တယ်ဆိုပြီးကျမကို လူကြီးတွေက သိပ် အဖက်မလုပ်ကြပါဘူး။
အမြဲတမ်းပါဘဲလေ။  ဦးရှေ့ နေကြီးလည်း အမူသည်တွေဘာတွေနဲ့ နံမည်ရလာပါတယ်။
(ကျိုင်းတုံကလူတွေကတော့ ဦးရှေ့ နေကို နာမည်ပေးပါတယ်)
မေးစေ့အောက်နားမှာ မဲ့နက်ကြီးရှိပြီး အဲဒီမဲ့ပေါ်မှာအမွှေးတွေရှိလို့ ရှမ်းလို၊ ရှေ့ နေ ကန်းမွှိုင်...တဲ့။

အမူသည်တွေလည်းရုံးချိန်းတွေဘာတွေနဲ့ ဆိုတော့၊ အိမ်မှာလာလာပြောရတာတွေလည်းရှိလာတယ်လေ။
များသောအားဖြင့်တောကလူတွေပါ။ ဗမာစကားပြောတတ်တဲ့လူခေါ်လာတာလည်းရှိပါတယ်။
တခါတလေ ပါမလာတော့ ဦးဦးကြီးဒုက္ခရောက်ပြီလေ။

အမေကလည်း အမြဲတမ်းအလုပ်ရူပ်နေတယ်ဆိုတော့။ သူကျမတို့ မောင်နှမ၂ ယောက်ဖက်ကို
ဦးတည်ရတာပေါ့။ အကိုငယ်ကတော့ တကယ်အဆော့သန်တယ်၊ အိမ်မကပ်ဘူးလေ။
ဒါနဲ့ မယ်မီး ဆြာမဂီး ဖြစ်ဖို့ ဖန်တီးခွင့်ကြုံလာတယ်ပေါ့လေ။

ဦးရှေ့ နေက အသန့် အပြန့် အမွှေးအကြိုင်တွေကြိုက်တယ်ဗျ။
တနေကုန်မျောက်လိုဆော့ထားတဲ့ မယ်ငီးကို ခေါ်တယ်။
လက်လေးဆေးပါအုံး ဟိုဟာလုပ်ပါအုံး နဲ့ စတင်ပါတယ်။
ကစားနေရာကနေလာရတာဆိုတော့ ပေစောင်းစောင်းနဲ့ ပေါ့။
ပိုးပုဆိုးနဲ့ မျက်မှန်တပ်ထားတာဦးဦးရှေ့ နေပါ

အဲဒီမှာစတာလေ။ အလုပ်လုပ်တယ်ဆိုတာ။ အပြန်အလှန်လေးပေါ့။ စကားလေးနဲနဲ ပြန်ပေးဟုတ်လား။
ရုပ်ရှင်လိုက်ပြမယ်၊တာချီလိတ်ကပြန်ရင် ပေါင်မုန့် ယိုသွပ်လေးဝယ်လာပေးမယ်။
Bruec Lee ရုပ်ရှင်အကြောင်းပြောပြမယ်ဆိုရင်၊ အိုး...။ဘာရမလဲ...ကစားတာ ချက်ချင်းရပ်တာဘဲ။
(ပေါင်မုန့် လုံးလေးတွေ လက်သီးဆုပ်သာသာလေးအရွယ်အလုံးပေါင်း၃၀ လောက်လားမသိဘူး၊
တလုံးနဲ့ တလုံးကပ်နေတာ၊စတော်ဘယ်ယိုလေးကပေါင်မုန့် အထဲမှာရှိတာ၊တချပ်ကိုတထုပ်၊
မယ်ဆိုင်ကနေလာတာ၊ငယ်ငယ်တုံးကအရမ်းကြိုက်ခဲ့ တယ်)

ရုပ်ရှင်လည်းကြိုက်တယ်၊ကင်းကောင်ကား ဂေါ်ဇီလာကားနဲ့ ပေါက်ပေါက်ရှာရှာ ကောင်းဘွိုင်ကားတွေလေ၊
ဟီး...သေနတ်ပစ်တာ မပစ်ခင်လက်ထဲမှာလှည့်တာလေ မိုက်တယ်နော်။
Bruec Lee ကားကျတော့မကြည့်ဖူးဘူး။ အဲတာကိုဦးဦးပြန်ပြောပြရင် အရမ်းသဘောကျတယ်လေ။
သူက မယ်ဆိုင်(ထိုင်းဖက်ကနယ်စပ်မြို့ လေး)မှာကြည့်လာတယ်လေ။
နောက် ဒေးဗစ်ချမ်းတို့ တီလုံး ကြာပွတ်မယ်ဓါးသိုင်းကားတွေကြည့် ပြီး၊
သရေပင်ကွင်းတွေ ဆက်ဆက်ပြီးကြာပွတ်လုပ်၊အိမ်က ဆေးလိပ်ဖင်အစီခံချောင်းတွေဆိုတာ၊
(အိမ်မှာအဲဒီတုံးကဆေးလိပ်ခုံလုပ်သေးတယ်လေ)။ ကျမတို့ ရဲ့ ဓါးတွေလေ၊ဓါးသိုင်းလက်စွမ်းပြတာ..။
အားလုံးကျိုးရော...။ ကျမတို့ မောင်နှမ ၂ ယောက် ကောင်းကောင်းအတီးခံရတယ်လေ။
ကျမက ကြာပွတ်မယ်ဆိုပြီးသရေကွင်းဆက်ထားတဲ့ကြိုးရှည်ကြီးရမ်းလိုက်တာ။
အကိုငယ်ရဲ့ နှာခေါင်းဖြတ်ရှ သွားတာသွေးတွေဖြာကနဲဘဲ။
သူ့ နှာခေါင်းမှာကန့် လန့် ဖြတ် အမာရွတ်ကြီးက တသက်လုံးထင်ကျန်ခဲ့တယ်။

ကဲလေ...ဆက်အုံးမယ်။
ဧည့်ခန်းထဲက ထိုင်ခုံမှာကျကျနနလေးထိုင်၊လက်တန်းလေးကိုဆုပ်ထားပြီး ဦးပြောတာကိုသေသေချာချာနားထောင်ပေါ့။ အမှု့ သည်တွေကလည်းကျမကိုပြူးပြူးကြီးကြည့်လို့ ပေါ့။
ဒီကောင်မလေးဘယ်လိုပြောမလဲဆိုတာလား...။ အမှု့ ကိုစိုးရိမ်လို့ လား...။ ဘာလားတော့သိပါဘူး။
ပြောခါစကတော့ ကြောက်တာပေါ့။ မှားမှာစိုးလို့ ။
နောက်တော့ ဦးရှေ့ နေကသင်ပေးတာ။ သူကတော့ကျမရဲ့ အဖေအမေလိုပါဘဲ။
ညညအိမ်စာလည်းလိုက်လုပ်ပေးတယ်။ စာဖတ်တတ်တဲ့အကျင့်၊ဖတ်ဖို့ စာအုပ်တွေ၊စကားပြောတာဆိုတာ၊
အားလုံးကျမသူ့ ကိုလိုက်အတုခိုးတယ်လေ။ သူ့ လိုထိုင်ရင်ဒူးနန့် တတ်လို့ ခဏခဏအတီးခံတယ်။

အဲဒီအလုပ်လေး ကနဲနဲကြာလာတာနဲ့ ။
စကားပြန်ဆိုတာ ကျမနားလည်သဘောပေါက်သလိုပြောရရင်တော့။ ၏သည်မရွှေး ပြန်စရာမလိုပါဘူး။
သူ့ လိုရင်းတိုရှင်းလေးပေါ့။ နို့ မို့ ရင် ကျမကစားချိန်နဲသွားမှာပေါ့နော်...။
အဟား....ဟုတ်ပါဘူး...။ တကယ့်စကားပြန်လည်းလုပ်ခဲ့ဖူးပါတယ်။

အလုပ်လုပ်ဖူးခဲ့တဲ့အတွေ့ အကြုံလေးတွေပါနော်။
ခင်မင်တဲ့
မီးမီး

Thursday, November 3, 2011

အင်းသား(အင်းစကူး၊အန်းဆား) ဖေဖေ..

မင်္ဂလာပါ~~~

အင်းသားဆုံဆည်းရာပွဲတော်ဆိုပြီးကျင်းပနေတာတွေ့ တော့၊
အဖေ့ကိုသတိရလာတယ်။
ဇာတိမြေကိုအစွဲပြုပြီး ကိုယ့်ကိုကိုယ်ရှမ်းလူမျိုးဘဲလို့ သတ်မှတ်ထားမိတယ်။
တကယ်တော့ကျမလည်းသူများတွေပြောကြတဲ့ကပြားဆိုတာကြီးပေါ့။
အင်းသား ရှမ်း(ရှမ်းတောင်မှ ဂုံရှမ်းနဲ့ မြောက်ပိုင်းကရှမ်းဆိုပြီး၂ခုရောနေသေးတယ်)။
ကျမအဖေက အင်းသား(အဖွားက အင်းလေးနမ့်ပန်ရေလည်ရွှာဇာတိ)၊ 
အဖိုးကတော့ရှမ်းစပ်တယ်လို့ ပြောတာဘဲ။


ကျမငယ်ငယ်တုံးကဆို အမျိုး၂ဖက်လုံးကိုကြည့်မရဘူး။
ကျိုင်းတုံမှာအမျိုးတွေကြားထဲမှာ (အီမန်)ရှမ်းလိုဗမာမပေါ့ ခေါ်ကြတယ်။
တောင်ကြီးရောက်တော့ ရှမ်းမသမီး ရှမ်းမ နဲ့ ခေါ်တယ်လေ။
ကျမ မကြိုက်ခဲ့ဘူး။
ခုတော့ အင်းသားရှမ်း ဖြစ်ရတာအရမ်းကြီးကိုဂုဏ်ယူမိပါတယ်။

အဖေကျိုင်းတုံရောက်ပြီးအမေနဲ့ အိမ်ထောင်ကြခါစအထိရှမ်းစကားမတတ်ဘူး။
နောက်တော့ အဖေကရှမ်းလိုကောင်းကောင်းပြောတတ်သလို၊
အမေလည်းအင်းသားလိုရောတတ်တယ်။
မိသားစုထဲမှာတော့ကျမက အင်းသားစကားအညံ့ဆုံးပါ။

နောက်ကျိုင်းတုံမှာအင်းသားတွေများလာတော့၊
အဖေဦးဆောင်ပြီးအင်းသားအသင်းဖွဲ့ ကြတယ်။
သူတို့ ကိုယ်သူတို့ အရှေ့ ပိုင်းသားအသင်း လို့ ခေါ်ကြတယ်။
အင်းစကူးတွေဟင်းချက်တော်တယ်လေ။
သူတို့ ရဲ့ (ဆန်လှော်၊ပဲလုံး)ဆေးခါးဟင်းနဲ့ ဝက်သားနီချက် ငါးဒုက္ခ ဂျုးမြစ်သုတ်...။
အိုး...အများကြီးဘဲ။နံမည်ကြီးတော့အလူပွဲတွေမှာလိုက်ချက်ပေးပြီးကုသိုလ်ယူကြတယ်။

အသင်းရဲ့ အစည်းအဝေး ဘာညာဆိုရင်တော့အိမ်မှာဘဲ စုကြတယ်။
အဖေက အသင်းဥက္ကဌကြီးလေ...။
အစားအသောက်ပါတာပေါ့၊ဝိုင်းလုပ်ဝိုင်းစားဘဲ။
ငယ်ငယ်တုံးက အဲဒီအချိန်ဆိုရင် ဘယ်သူငယ်ချင်းခေါ်ခေါ်ဘာမှမကစားဘူး။
သူများတွေ ဟင်းထုပ်ပေါင်းတာ၊ကင်ပေါင်းကြော်(ကြက်သွန်မြိတ်နဲ့ ဝက်သား၊မုန့် နှစ်တွေနဲ့ )၊
ငါးထမင်းနယ်တာ..အဲဒီအနားမှာဘဲကပ်နေတာပေါ့။
ဟင်းထုပ်တွေပေါင်းတာအိုးအကြီးကြီးနဲ့ ၊
မြည်းဖို့ ဖျာကြမ်းပေါ်သွန်ချလိုက်ရင် ပူပူလောင်လောင်နဲ့ အသေလိုက်လုတယ်။
ငတ်ကြီးကျတာ..ခလေးဆိုတော့။

ကျိုင်းတုံက အင်းသားတွေတအားစည်းလုံးတယ်။
ကျမခဏပြန်တာတောင်၊လာလည်ကြတယ်။
အဖေ့သမီးကိုချစ်ကြတယ်။
အင်းလေးဒေသက အခုမှစတင်စုစည်းကြတာ။
အဖေသာသက်ရှိထင်ရှားရှိရင်၊သွားမှာမြင်ယောင်သေးတယ်။

အဖေက တောင်ကြီးဇာတိဆိုပေမဲ့၊ကျိုင်းတုံကိုပိုခင်တွယ်တယ်။
ကျိုင်းတုံမြို့ မှာအသင်းအဖွဲ့ ပေါင်းမြောက်များစွာဘဲသူစလုပ်တယ်။
သူများတွေသူ့ ကို ဥက္ကဌကြီးရာထူး(ပိုက်ဆံမရပါဘူး၊အိပ်စိုက်ရာထူး)ပေးပြီး၊
သူအလုပ်တွေရူပ်နေတာဘဲ၊
ဂေါက်သီး၊မီးသတ်၊ဆေးရုံ၊မော်တော်ယဉ်၊ဗလငါးတန်(မိဘမဲ့ကျောင်း)..
အများကြီရှိသေးတယ်။အားလုံးကိုမမှတ်မိပါဘူး။
အားလုံးက လူမူ့ ရေးလုပ်ငန်းတွေပါ။
သေချာတာတခုက အရင်အလှူငွေထည့်...။(ဟီး ...)
ရီရတဲ့ တခုက၊မြို့ နယ်လုံးဆိုင်ရာဂေါပကဆိုတာ...။
သူကရှမ်းလိုတတ်ပေမဲ့ဟိုကအဖိုးကြီးတွေက ဂုံရှမ်းလိုအစည်းအဝေးလုပ်၊
ဂုံရှမ်းစာနဲ့ ရေး၊အဲဒီထဲမှာသူတယောက်ထဲ ရှမ်းမဟုတ်တာပါတာ။
အဖေ အစည်းအဝေးမှာဘာတွေများနားလည်လဲလို့ ပြန်မေးရင်၊
အဖေနားလည်တာပေါ့...ဆိုဘဲ။

အဖေကဟင်းချက်တအားကောင်းတယ်။
အဖေလက်ရာလုံးဝမမှီပေမဲ့စားချင်လို့ ဟင်းထုပ်လုပ်စားသေးတယ်။
တခါက (Germany)မှာနေတုံးကဟင်းထုပ်လုပ်ဖို့ ဌက်ပျော်ဖက်မရှိတော့၊ ပလပ်စတိတ်နဲ့ ထုပ်ပြီးပေါင်းစားတယ်။
မုန့် နှစ်တွေ
ပေါင်းပြီးတွေ့ ရတာ၊စားလို့ ရတယ်၊အရမ်းကောင်းကြီးဟုတ်သေးဘူး
အဖေ့ဂေါက်ရိုက်ဖော်သူငယ်ချင်းအားလုံးနီးပါးဆုံးသွားကြပါပြီ။
ဦးဆိုင်ကျောက်ဇင်း၊ဦးစိုင်းဆေးဇင်း၊ဦးမြသန်း(ပြီးခဲ့တဲ့ ရ-ဂနှစ်ကတော့ကျမဆီလာလည်သေးတယ်၊ခုထိရှိမရှိမသိဘူး)ဖေဖေဦးသိန်းမောင်၊ဦးနွဲ့ ရီ။

ခင်မင်တတ်တဲ့
မယ်မီး