အလုပ်လုပ်ဖူးခဲ့တာတွေပြန်စဉ်းစားမိတော့။ ပထမဦးဆုံးအလုပ်လေးကိုသတိရမိပါတယ်။
ကျမရဲ့ စကားပြန်ဆိုတာ ဘာသာစကားတခုကနေ တခြားဘာသာစကား၊ တခုကိုပြန်ဆိုပေးတာာပါ။
ဘာသာပြန်ဆရာမကြီး တိုးရစ်ဂိုက်ကြီး ဟုတ်ပါဘူး။ အသက်အပိုင်းအခြားကလည်း ၁၀နှစ်ဝန်းကျင်...။
ယုံလား...။ ၁၀နှစ်သမီးဘ၀ကတဲက အလုပ်လုပ်ဖူးတာနော်။
ကျမငယ်ငယ်တုံးက အိမ်မှာညအိပ်ဧည့်သည်ဆိုတာ၊ မိတ်ဆက်စာနဲ့ ရောက်လာနဲ့ ဧည့်သည်က
တ၀က်ကျော်ပါတယ်။ နယ်စပ်မြို့ လေးဆိုတော့ ပြည်မကလာတဲ့လူတွေက၊ ခင်ရာခင်ကြောင်းဆီက
စာတိုစာရှည်နဲ့ လာကြတယ်လေ။ အဖေရဲ့ အရမ်းခင်မင်ရင်းနှီးတဲ့ ဘဘတယောက်ဆီက၊
မိတ်ဆက်စာနဲ့ ရောက်လာတဲ့ဦးရှေ့နေ၊ ဧည့်သည်က ၁၅နှစ်ကျော်ကြာသွားပါတယ်။
ကျိုင်းတုံမှာ အဲဒီခေတ်ခါကာလမှာရှေ့နေဆိုတာ ၂ယောက်လောက်ဘဲရှိတာ။
ဧည့်သည်ကြီးက ရှေ့ နေလုပ်ဖို့ လာလေ့လာရင်းနဲ့ ၊ (ကျမအိမ်က မြို့ လည်ခေါင်လောက်မှာရှိတော့)
အိမ်မှာဘဲ ထမင်းစားခ နေထိုင်ခပေးမယ်ဆိုပြီး ၊ ကျမတို့ မှာအိမ်သားတယောက်တိုးလာပါတယ်။
အဲဒီအချိန်မှာ အမက( တောင်ကြီး)နဲ့ အကိုကြီးက(ရန်ကုန်)၊ ကျောင်းအိပ်ကျောင်းစားသွားနေတော့၊
အိမ်မှာက အဖေ အမေ နဲ့ အကိုငယ် ကျမ ၄ ယောက်ဘဲ ကျန်တယ်။ အဖေကအမြဲခရီးထွက်လေ့ရှိတယ်။
ဒါနဲ့ ဘဲ ဧည့်သည်ကို အိမ်သားဖြစ်သွားစေတာပါ။ ဟိုးဆယ်စုနှစ် ၃ ခုကျော်ကာလ ကျိုင်းတုံဆိုတာ၊
ဗမာစကား သိပ်မတတ်ကြသေးဘူးလေ။ ဈေးမှာ ဗမာလိုဘဲပြောပြီးဝယ်မယ်ဆိုရင်တော်တော် ဒုက္ခရောက်ကြတယ်လို့ ၊ ပြောကြပါတယ်။
ကျမရဲ့ ဗမာစကားလည်း အိမ်ကရှေ့ နေကြီးက အိမ်ရှေ့ မှာဆိုင်းဘုတ်ချိတ်တော့ ဝတ်လုံတော်ရ ဆိုပြီးရေးတာကိုး။ရှေ့ နေကဘာလို့ ဝတ်လုံတော်ရလို့ ရေးတာလဲလို့ လူကြီးတွေဆီမှာမေးခွန်းသွားသွား
မေးတယ်။ ဒီလိုတော်တာပါ။ လျှာရှည်တယ်ဆိုပြီးကျမကို လူကြီးတွေက သိပ် အဖက်မလုပ်ကြပါဘူး။
အမြဲတမ်းပါဘဲလေ။ ဦးရှေ့ နေကြီးလည်း အမူသည်တွေဘာတွေနဲ့ နံမည်ရလာပါတယ်။
(ကျိုင်းတုံကလူတွေကတော့ ဦးရှေ့ နေကို နာမည်ပေးပါတယ်)
မေးစေ့အောက်နားမှာ မဲ့နက်ကြီးရှိပြီး အဲဒီမဲ့ပေါ်မှာအမွှေးတွေရှိလို့ ရှမ်းလို၊ ရှေ့ နေ ကန်းမွှိုင်...တဲ့။
အမူသည်တွေလည်းရုံးချိန်းတွေဘာတွေနဲ့ ဆိုတော့၊ အိမ်မှာလာလာပြောရတာတွေလည်းရှိလာတယ်လေ။
များသောအားဖြင့်တောကလူတွေပါ။ ဗမာစကားပြောတတ်တဲ့လူခေါ်လာတာလည်းရှိပါတယ်။
တခါတလေ ပါမလာတော့ ဦးဦးကြီးဒုက္ခရောက်ပြီလေ။
အမေကလည်း အမြဲတမ်းအလုပ်ရူပ်နေတယ်ဆိုတော့။ သူကျမတို့ မောင်နှမ၂ ယောက်ဖက်ကို
ဦးတည်ရတာပေါ့။ အကိုငယ်ကတော့ တကယ်အဆော့သန်တယ်၊ အိမ်မကပ်ဘူးလေ။
ဒါနဲ့ မယ်မီး ဆြာမဂီး ဖြစ်ဖို့ ဖန်တီးခွင့်ကြုံလာတယ်ပေါ့လေ။
ဦးရှေ့ နေက အသန့် အပြန့် အမွှေးအကြိုင်တွေကြိုက်တယ်ဗျ။
တနေကုန်မျောက်လိုဆော့ထားတဲ့ မယ်ငီးကို ခေါ်တယ်။
လက်လေးဆေးပါအုံး ဟိုဟာလုပ်ပါအုံး နဲ့ စတင်ပါတယ်။
ကစားနေရာကနေလာရတာဆိုတော့ ပေစောင်းစောင်းနဲ့ ပေါ့။
ပိုးပုဆိုးနဲ့ မျက်မှန်တပ်ထားတာဦးဦးရှေ့ နေပါ |
အဲဒီမှာစတာလေ။ အလုပ်လုပ်တယ်ဆိုတာ။ အပြန်အလှန်လေးပေါ့။ စကားလေးနဲနဲ ပြန်ပေးဟုတ်လား။
ရုပ်ရှင်လိုက်ပြမယ်၊တာချီလိတ်ကပြန်ရင် ပေါင်မုန့် ယိုသွပ်လေးဝယ်လာပေးမယ်။
Bruec Lee ရုပ်ရှင်အကြောင်းပြောပြမယ်ဆိုရင်၊ အိုး...။ဘာရမလဲ...ကစားတာ ချက်ချင်းရပ်တာဘဲ။
(ပေါင်မုန့် လုံးလေးတွေ လက်သီးဆုပ်သာသာလေးအရွယ်အလုံးပေါင်း၃၀ လောက်လားမသိဘူး၊
တလုံးနဲ့ တလုံးကပ်နေတာ၊စတော်ဘယ်ယိုလေးကပေါင်မုန့် အထဲမှာရှိတာ၊တချပ်ကိုတထုပ်၊
မယ်ဆိုင်ကနေလာတာ၊ငယ်ငယ်တုံးကအရမ်းကြိုက်ခဲ့ တယ်)
ရုပ်ရှင်လည်းကြိုက်တယ်၊ကင်းကောင်ကား ဂေါ်ဇီလာကားနဲ့ ပေါက်ပေါက်ရှာရှာ ကောင်းဘွိုင်ကားတွေလေ၊
ဟီး...သေနတ်ပစ်တာ မပစ်ခင်လက်ထဲမှာလှည့်တာလေ မိုက်တယ်နော်။
Bruec Lee ကားကျတော့မကြည့်ဖူးဘူး။ အဲတာကိုဦးဦးပြန်ပြောပြရင် အရမ်းသဘောကျတယ်လေ။
သူက မယ်ဆိုင်(ထိုင်းဖက်ကနယ်စပ်မြို့ လေး)မှာကြည့်လာတယ်လေ။
နောက် ဒေးဗစ်ချမ်းတို့ တီလုံး ကြာပွတ်မယ်ဓါးသိုင်းကားတွေကြည့် ပြီး၊
သရေပင်ကွင်းတွေ ဆက်ဆက်ပြီးကြာပွတ်လုပ်၊အိမ်က ဆေးလိပ်ဖင်အစီခံချောင်းတွေဆိုတာ၊
(အိမ်မှာအဲဒီတုံးကဆေးလိပ်ခုံလုပ်သေးတယ်လေ)။ ကျမတို့ ရဲ့ ဓါးတွေလေ၊ဓါးသိုင်းလက်စွမ်းပြတာ..။
အားလုံးကျိုးရော...။ ကျမတို့ မောင်နှမ ၂ ယောက် ကောင်းကောင်းအတီးခံရတယ်လေ။
ကျမက ကြာပွတ်မယ်ဆိုပြီးသရေကွင်းဆက်ထားတဲ့ကြိုးရှည်ကြီးရမ်းလိုက်တာ။
အကိုငယ်ရဲ့ နှာခေါင်းဖြတ်ရှ သွားတာသွေးတွေဖြာကနဲဘဲ။
သူ့ နှာခေါင်းမှာကန့် လန့် ဖြတ် အမာရွတ်ကြီးက တသက်လုံးထင်ကျန်ခဲ့တယ်။
ကဲလေ...ဆက်အုံးမယ်။
ဧည့်ခန်းထဲက ထိုင်ခုံမှာကျကျနနလေးထိုင်၊လက်တန်းလေးကိုဆုပ်ထားပြီး ဦးပြောတာကိုသေသေချာချာနားထောင်ပေါ့။ အမှု့ သည်တွေကလည်းကျမကိုပြူးပြူးကြီးကြည့်လို့ ပေါ့။
ဒီကောင်မလေးဘယ်လိုပြောမလဲဆိုတာလား...။ အမှု့ ကိုစိုးရိမ်လို့ လား...။ ဘာလားတော့သိပါဘူး။
ပြောခါစကတော့ ကြောက်တာပေါ့။ မှားမှာစိုးလို့ ။
နောက်တော့ ဦးရှေ့ နေကသင်ပေးတာ။ သူကတော့ကျမရဲ့ အဖေအမေလိုပါဘဲ။
ညညအိမ်စာလည်းလိုက်လုပ်ပေးတယ်။ စာဖတ်တတ်တဲ့အကျင့်၊ဖတ်ဖို့ စာအုပ်တွေ၊စကားပြောတာဆိုတာ၊
အားလုံးကျမသူ့ ကိုလိုက်အတုခိုးတယ်လေ။ သူ့ လိုထိုင်ရင်ဒူးနန့် တတ်လို့ ခဏခဏအတီးခံတယ်။
အဲဒီအလုပ်လေး ကနဲနဲကြာလာတာနဲ့ ။
စကားပြန်ဆိုတာ ကျမနားလည်သဘောပေါက်သလိုပြောရရင်တော့။ ၏သည်မရွှေး ပြန်စရာမလိုပါဘူး။
သူ့ လိုရင်းတိုရှင်းလေးပေါ့။ နို့ မို့ ရင် ကျမကစားချိန်နဲသွားမှာပေါ့နော်...။
အဟား....ဟုတ်ပါဘူး...။ တကယ့်စကားပြန်လည်းလုပ်ခဲ့ဖူးပါတယ်။
အလုပ်လုပ်ဖူးခဲ့တဲ့အတွေ့ အကြုံလေးတွေပါနော်။
ခင်မင်တဲ့
မီးမီး
တော်လိုက်တာ၊၁၀နှစ်ထဲကစကားပြန်လုပ်တာ။နိုင်ငံခြား
ReplyDeleteဘာသာစကားပဲဖြစ်ဖြစ်၊တိုင်း၇င်းသားဘာသာစကားပဲ
ဖြစ်ဖြစ်အများကြီးပြောနိင်တဲ.သူတွေကိုလေးစားအားကျ
မိပါတယ်။မမီးငယ်၇ဲ.အတွေ.အကြုံလေးတွေကိုလည်း
စိတ်ဝင်စားစွာဖတ်သွားပါတယ်။နောက်ထပ်အတွေ.အကြုံလေးတွေကိုစောင်.ဖတ်ပါအုံးမည်.....
ကိုယ်က ၃ နှစ်သမီးလောက်တုန်းတိုင် ဘာသာပြန်လုပ်တယ်....ငှဲငှဲ...မေမေ မောင်လေး ဗိုက်ဆာလို့ ငိုနေတယ် ထင်လယ် တမီး နို့ဖျော်လိုက်မယ်နော် ငဲကျောတီး ကျွှေးယိုက်ရမယားး မေမေ ခိခိ....ကိုယ့်မေမေက မောင်လေး နှစ်ယောက်ပဲ မွေးပေးတော့ ကိုယ်လဲ နှစ်ယောက်စာပဲ ဘာသာပြန်လုပ်စားခဲ့ရတယ် ဟီးဟီးးးးးးး
ReplyDeletejewel..
ReplyDeleteအဟဲ..ညာတီးဝါးစားခဲ့တာတွေလေဗျာ..။
ကျမတို့ ဖက်ကလူတော်တော်များများတော့၊
ဘာသာစကား အနဲဆုံး ၃ မျိုးကနေ ၅-၆မျိုးလောက်တတ်ကြတယ်။
လူမျိုးပေါင်းစုံရှိတာကိုး။
အားပေးတဲ့အတွက်ကျေးဇူးများများတင်တယ်နော်...။
ကျူတီ...
နို့ ဖျော်ပြီး၊ငဲကျောတီးကို မောင်လေးကျွေးဘဲနဲ့ ။
သူတယောက်ထဲ တီးလိုက်တာတိဒယ်...။
များကလည်း စားကျောမို့ ပါ....။
ငတ်ဂျီးကြတာလေ...:P
ငယ်ငယ်က ဧည့်သည်တွေက လာလိုက်ရင် တစ်လကိုးသီတင်း။ အဖွားအိမ်မှာဆို အလာမပြတ်ဘူး။ ဧည့်သည်ဆိုပေမယ့် တခါတလေ သံယောဇဉ်က ကိုယ့်အမျိုးအရင်းတွေထက်တောင် ကြီးကြတယ်။
ReplyDeleteဒါနဲ့ ပိစိတုန်းက ဝူခုန်းလုပ်ရင်း ကိုယ့်ခေါင်းကိုပြန် ရိုက်မိတာ သတိရတယ်။ :D
မီးမီးငယ်ရေ..အခုလိုအတွေအကြုံလေတွေဖတ်ရတာတော်တော်ကောင်းပါတယ်..ဆက်လက်ရေးသားနိုင်ပါစေ...
ReplyDeleteမေတ္တာဖြင့်...
ရွှေဝန်းရတနာ...
ဟုတ်တယ်မြတ်ကြည်ရေ..
ReplyDeleteဧည့်သည်လာရင်ပျော်တယ်။
ဗမာပြည်မက စားစရာလေးတွေရလို့ လေ..။
အော်..ကျမတို့ လည်းရုပ်ရှင်ဇတ်ကောင်တွေနဲ့ ၊
ကြီးပြင်းခဲ့တာချင်းတူတာဘဲနော်..။
ဘုန်းဘုန်းနေကောင်းပါရဲ့ လား။
တပည့်တော်ကမေးမယ်ဆိုပြီးပျောက်နေတယ်။
အီးမေးလိပ်စာနဲ့ ဘဲစာရေးမေးမယ်နော်။
တပည့်တော်က စာရေးမကောင်းပါဘူး။
အဖော်သိပ်မရှိတာနဲ့ (မရှိသလောက်ပါဘဲလေ)။
ဒီမှာလာပြီး၊ပေါက်ပေါက်လေးတွေ၊
ဖေါက်တာပေါ့..။
ဘုန်းဘုန်းရာ..။
ှ