Thursday, December 15, 2011

တခါကစွန့် စားခန်း(၂)

မင်္ဂလာပါရှင်~~~


အဟဲ..တနေ့ ကအဆက်ကလေးပါ။
ပိတ်ရက်မှာစာလည်းရေးချင်၊အိမ်လည်းသိမ်းရ၊အဝတ်ကခြင်းနဲ့ (၃)တောင်းလျှော်ဖွတ်ဖို့ စောင့်နေကြတာ၊
ချဉ်ဖတ်ဖြစ်ချင်နေပြီ။ဟင်းကလည်းချက်ရ၊(ကိုကိုလာမယ်ဆိုလို့ ကာဖီရည်တွေကျိုလို့ ..)ဆိုတဲ့အတိုင်း
ခရီးဝေးကပြန်လာမဲ့ ကျားကျားအတွက်၊မနက်ဖြန်အလုပ်သွားတုံးပြန်ရောက်ရင်စားဖို့ လေ။လက်ခ်ျမီး
လက်သစ်ကလေးပါရှင်။အခုရေးတာဘယ်တော့ပြီးမှာလဲသိသေးဘူး..။ဟီး ....။


ကဲ...အားလုံးစောင့်မျှော်ကြတဲ့နေ့ လည်းရောက်ရော။အဲ..မနက်စောစော လမ်းလျှောက်အပြေးကျင့်ကြတဲ့ အချိန်ပေါ့။၎ နာရီခွဲပတ်ဝန်းကျင်လောက် ရွှေးထားတာ။ညီအကိုမသိတသိချိန်ဆိုလားဘဲ..။အင်း...
ဟုတ်ဘူး။မှောင်ကိုမှောင်နေသေးတာ။အပြင်ဖက်မှာလည်းတကယ်လမ်းလျှောက်ကြတဲ့သူတွေများပါတယ်။

အင်းယားလေးဆိုတာနဲ့ ကပ်ရပ်လေးကိုး..။

သူများတွေ ကာယကံရှင်တွေတော့မပြောတတ်ဘူး။ကျမတော့ တညလုံးရေသောက်လိုက် ရူးပေါက် လိုက်နဲ့ @_@ ။ စိတ်တွေလူပ်ရှားလိုက်တာ။ဂဏာမၿငိမ္ဘူး။ခိုးစားရင်တော့တန်းပေါ်မှာဘဲ။
အခန်းဖော်ကမေးယူရတယ်။ညဦးပိုင်းကတဲက ခြံစည်းရိုးတွေကို မယောင်မလည်နဲ့  သွားလေ့လာ ထားပြီးသား။အုတ်တုံးလေးတွေရှာကြံပြီးသွားထားရတယ်လေ။

ခါတိုင်းညနေ ၅နာရီခွဲဆိုရင်တခြားခြံမှာသွားအလုပ်လုပ်တဲ့ ၊ကောင်လေးပြန်လာရတယ်။ချောတောငေါ့
ပြီးဒီတခါပြန်မရာက်လာတော့။ကောင်လေးအဖေကငိုပြီလေ..။ဘာဘဲဖြစ်ဖြစ်သွားပါ။ ရှင့်သားလေးကို
ရှင်တို့ ဆီအရောက်ပို့ ပေးပါ့မယ်။အာမခံရတာ။ရ ယောက်လုံးမပြည့်ရင်လည်းအပြင်က လူကြီးမင်းများ၊

စိတ်ပူကြအုံးမှာ။ဖုံးလည်းမဆက်ရဲဘူး။ဖုံးကအိမ်ထဲမှာ။အိမ်ကြီးရှင်ရှေ့ မှာပြောရတာ။

သူတို့ ကိုဘဲသေသေချာချာမှာရတယ်။အပြင်ရောက်ရောက်ခြင်း အပြေးယောင်ဆောင်နေတဲ့ ၊သူတို့ ကို
လာကြိုနေတဲ့ ကျောင်းသားတွေရှမ်းလိုဘဲပြောတယ်မပူနဲ့ ။အထဲကတယောက်အပြင်ရောက်ရင်
ကျောင်းသားတယောက်က။ပြေးသလိုလိုနဲ့ အနားရောက်လာပြီး။ခေါ်သွားမှာလေ..။


သူများခေါ်တဲ့နေရာလိုက်သွားစကားတခွန်းမှမပြောနဲ့ ။ကျမလည်းသူတို့ နောက်လိုက်မယ်လို့ ထင်နေ
တာလေ။ကျမမလိုက်ဘူးသိတော့ကြောက်နေကြတယ်။ကျမကိုယုံပါ.အခါပေါင်းထောင်သောင်းပြောရတယ်။

အိမ်ကြီးရှင်ကပြောထားတယ်တဲ့။အပြင်ကလူတွေကသူတို့ ကိုရောင်းစားမယ်ဆိုဘဲ။အဲဒါကိုကြောက်
ကြတာလေ။အော်...အကြောက်တရားတွေ ..။ဟိုဟာကြောက်ရ...ဒီဟာကြောက်ရနဲ့ ။ရေးမဲ့သာရေး
တာပါ..မီးမီးကြောက်ကြောက်..။


အဲ..ခြံစည်းရိုးနားပြန်ရောက်အောင်သွားရအုံးမယ်လေ။သူငယ်ချင်း ၂ယောက်ကိုလက်တို့ ခေါ်လာရတယ်။
ခုဘာမှမမေးနဲ့ ။ငါ့ကိုကူညီ။သူတို့ ကိုသနားရင်ကူညီ။ဒါဗြဲ...။နောက်မှအကြောင်းစုံပြောပြမယ်ပေါ့။
တယောက်က လူရိပ်ကြည့်...။နောက်တယောက်က ကျမနဲ့ လက်ချင်းယှက်။အဲဒီအပေါ်မှာ သူတို့ တွေ
တက်နင်းပြီးခြံကိုကျော်ခွပေါ့။ ဟိုလူတွေကို တယောက်ပြီးတယောက်အချက်ပြခေါ်။

အောင်မလေး..အကြီးမလေးကအပျိုအရွယ်၊ထောင်ထောင်မောင်းမောင်း အေးကြင်တဲ့...။ဒင်းကတော့
ကျုပ်တို့ လက်ကျိုးမှာသေချာတယ်ဆိုပြီး၊ သူ့ တင်ပါးကြီးကိုတွန်းတင်ပေးရတယ်လေ။
မြောက်ပိုင်းက
ရှမ်းမလေးတွေမြင်ဘူးကြမှာပေါ့..။မယ်မီးနဲ့ သူငယ်ချင်း "အီး"ထွက်မတတ်ဆိုတာပါဘဲ...။တယောက်
အဆင်ပြေရင် ငှက်သံလေး(ကူးကူးဆိုလေ)။အပြင်ကအချက်ပေးရင် ကျမကနောက်တယောက်ကို ထပ်တင်ပေးပေါ့။


ရှပ်ရုင်ထဲကအတိုင်းပါ့။ကျမကိုထိုင်ရှိခိုးငိုပြီးလက်ပေါ်နင်း။မယ်မီးကပင့်တင်ပြီးဖင်တွန်းလိုက်နဲ့ ၊
အောင်မလေးးးးး....။တေဇောပန်းဆိုတာတဗူးလုံးပြောင်အောင်လူးလိုက်ရတယ်။
အားလုံးပြီးသွားတော့
မိုးလည်းစင်စင်လင်းတော့မယ်။

ကိုယ့်အခန်းကိုယ်ပြန်ပြီးသာသာလေးအိပ်ကြတာပေါ့။မနက်ကြတော့၊အဆောင်တခုလုံးပွတ်လော
ထနေပြီလေ။ရှမ်းတွေအားလုံးထွက်ပြေးကုန်ပြီ...တဲ့ ။ကျမမျက်နှာသွားသစ်တော့၊ကောင်လေးနဲ့တွေ့ တယ်။

ပီနန်း ပီနန်း...ကယ်ပါကယ်ပါ..ပေါ့။ ငါ့တယောက်ထဲမထားပါနဲ့ ..။ အောင်မလေး...ရှင်...ကလေးရယ်၊ ဒီမှာမပြောနဲ့ ။ စီစဉ်ထားတယ်။ပူနဲ့ ပေါ့။ တောင်ကြည့်မြောက်ကြည့်နဲ့  အခြေအနေကိုလေ့လာရသေး တယ်လေ။အိမ်ကြီးရှင်ကိုယ်တိုင်ကြက်စာစင်း ကြက်စာကျွေး ခြံအလုပ်တွေလုပ်နေရတယ်လေ။
အန်တီကြီးရေ..မယ်မီးကိုခွင့်လွှတ်ပါ။

နောက်သိပ်မကြာဘူး အသင်းကလူကြီးတွေလာတောင်းတော့။ သူတို့ လည်းကောင်လေးကိုထည့် လိုက်တယ်လေ။ ရန်ကုန် ၉မိုင်ခွဲဖက်ကရှမ်းရွာမှာသူတို့ နေထိုင်ဖို့ စီစဉ်ပေးတယ်တဲ့။ကျမနဲ့ တယောက်
လိုက်နေမယ်..လို့ ပြောပေမဲ့လည်း။ကျမကမခေါ်တော့ပါဘူး။နေ့ တိုင်းကျမကိုမေတ္တာပို့ ပေးနေမယ်တဲ့ ..။
ဘယ်လောက်ချစ်စရာကောင်းလဲ...။ကျမမြို့ ကလည်းဝေး။ သူများမိသားစုနဲ့ သိုက်သိုက်ဝိုင်းဝိုင်းနေတာ။
မဖျက်စီးချင်ပါဘူးလေ...။

အိမ်ကြီးရှင်တွေလည်း ကွယ်လွန်သွားကြပြီလို့ ပြောပါတယ်။အိမ်ကြီးရှင်သားသမီးတွေလည်း အိမ်ထောင်
ရေးသိပ်အဆင်မပြေဘူးလို့ ပြောသံကြားရတယ်။ အန်တီနဲ့ အန်ကယ်ကြီးကိုတော့ ဒီကနေပြီးတောင်းပန် ပါတယ်။ကျမကိုချစ်ကြတယ်။သူများထက်အခွင့်အရေးတွေပေးတယ်။ ကျေးဇူးရှိပါတယ်။စော်ကားမော်ကား
နဲ့ကျေးစွပ်တာဟုတ်ပါဘူး။သနားလို့ ကူညီမိတာပါ။


အေးကြင်တို့ မိသားစုလည်းဘယ်ရောက်ကုန်ပြီလည်းမသိတော့ပါဘူး။

လူလူချင်းနှိပ်စက်ခြင်းမှကင်းဝေးကြပါစေ။
အားလုံးဘဲအကြောက်တရားမှကင်းဝေးကြပါစေ။

ခင်မင်တတ်တဲ့ 
မီးမီး
#meemeenage

တခါကစွန့်စားခန်း (၁)

14 comments:

  1. ဒါမှန်းသိရင် ခိုးပြေးတုန်းက အကုအညီတောင်းပါတယ် မမမီးကိုး)

    ခင်တဲ့

    မဒိုးကန်

    ReplyDelete
  2. စေတနာရှင် ကယ်တင်ရှင် သတ္တိခဲကြီး ရောက်လေရာကူညီသူပေါလို့ ကြောင့်ကြမှုများကင်းမှာပါ။
    အိုင်အိုရာ

    ReplyDelete
  3. ကယ်တင်ရှင်ကြီး ကျန်းမာစေဗျာ လူတွေကို ကူညီတာကောင်းပါတယ်ဗျာ

    ReplyDelete
  4. ဟုတ်တယ် ကူညီတယ်ဆိုတာ ကိုယ်ကသာပင်ပန်းတာ အရမ်းကိုပီတိဖြစ်ရတယ်နော်

    ReplyDelete
  5. ရင်ထဲ လှပ်လိုက်တာ... ရေတစ်ခွက်လောက်..

    ReplyDelete
  6. ကူညီချင်တဲ့စိတ်ရှိနေတာကိုက ဟုတ်နေပါပြီ

    ReplyDelete
  7. မီးမီးငယ်ရေစွန့်စားခန်းလေးလာဖတ်သွားပါတယ်..ကျန်းမာပါစေ...

    မေတ္တာဖြင့်...
    ရွှေဝန်းရတနာ

    ReplyDelete
  8. မဒိုးရေ..
    ကိုရင်ဘယ်လိုခိုးပြေးဒုံး။
    နဲနဲလင်းပါအုံး..။
    ထန်းခေါက်ဖာလေးရွက်လို့ ။
    ခါးထောင်းကျိုက်လေးနဲ့ လား...ဟီး။

    အိုင်အိုရာရေ..
    အဲဒီလိုဖြစ်ပါစေဆိုပြီးလဲဆုတောင်းတတ်နေတယ်လေ။

    လွင်ပြင်လှိုင်းရေ.
    ပေးတဲ့ဆုနဲ့ ပြည့်ရပါစေလိုဧ။်

    ဂျက်ရေ.
    ပြန်စဉ်းစားတိုင်းပီတိဖြစ်ပါတယ်။

    မောင်သန့် ..
    ကျမကသောက်ရမှာလေ...။
    ရင်တုန်လိုက်တာသူတို့ တွေမဖတ်မိပါစေနဲ့ ။
    ဟဲဟဲ...။

    ဘြိုဖူ..
    ကူညီပြီးလည်းစားတတ်တယ်နော်။
    တောင်ကြီးရောက်ရင်ဖိတ်ကြည့်လေ။
    အပြတ်လာတွယ်မှာ:P...။

    ဘုန်းဘုန်းလည်း..
    ကျမ်းမာရွှင်လန်းပါစေဘုရား။

    ReplyDelete
  9. ကောင်းပါတယ်....အားပေးသွားပါတယ်.......။
    ဖြစ်ရပ်မှန်လေးတွေ ဆက်ရေးပေးပါအုံး....စောင့်နေပါ့မယ်။

    ReplyDelete
    Replies
    1. ရွှေယမင်းဦး..
      နံမည်လေးကလှလိုက်တာ...။
      အားပေးတာကျေးဇူးတင်ပါတယ်။
      ရေးပါအုံးမယ်လေ..။

      Delete
  10. ဖတ်ရတာ ကြည်နူးလိုက်တာ။
    သနားစရာ မိသားစုကိုယ်စား သာဓု အကြိမ်ကြိမ်ခေါ်သွားပါတယ်။ ဒီစေတနာက သံသရာမှာ ပြန်စောင့်ရှောက်မှာပါ။
    သားမက်လုပ်တဲ့ ဗိုလ်မှူးနဲ့ ဟိုလူယုတ်မာမိသားစုကိုတော့ +xx x-++++ (ကြိမ်ဆဲသံများ)

    ReplyDelete
    Replies
    1. လတ်ရေ...
      အဲဒီတုံးကတော့ဒီလိုဘဲမျက်စိရှေ့ ကမြင်တာလေးကူညီမိတာ။
      နောက်တော့ ဒီလိုတွေလုပ်ခဲ့တဲ့အကျိုးကြောင့်လားမသိပါဘူး။
      တခါခါကံကောင်းထောက်မလို့ ၊အခက်အခဲကြားထဲကနေ၊
      လွယ်လွယ်ကူကူ၊လွှတ်မြောက်လာခဲ့ဘူးတယ်။
      နောက်ထပ်ထိုင်းကအတွေ့ အကြုံလေးတွေပြောပြအုံးမယ်..။
      အလည်ရောက်ခဲ့တာကျေးဇူးတင်ပါတယ်။

      Delete
    2. ထိုင်းက အတွေ့အကြုံဆို ဖတ်ချင်နေပြီ။ ခုထိ မတွေ့သေးဘူး။ မြန်မြန်ရေးပါဦး

      Delete
    3. အဟဲ...
      လူကဟိုသွားဒီသွား၊
      စိတ်ကဟိုရောက်ဒီရောက်နဲ့ ၊
      မြန်မာပြည်မပြန်ခင် တပုဒ် ၂ပုဒ် လောက်တော့၊
      ရေးမှဖြစ်တော့မယ် နဲ့ တူတယ်။
      ပိတ်သတ်ကြီး ဒေါခွီးနေကုန်တော့မယ်:)))..။
      သီးခံပါရှင်...လတ်ရေ..။
      ဂတိပေးပါတယ်။ ရေးပါမယ်..။

      Delete