မင်္ဂလာပါရှင်~~~
ခရစ်စမတ်အချိန်ဆိုရင်ပိတ်ရက်တွေရလို့ချမ်းပေမဲ့လည်း၊
လည်လည်သွားချင်တာနဲ့၊အမြဲဒီလိုရက်မျိုးမှာခရီးထွက်ဖြစ်ပါတယ်။
![]() | |
| ဂျာမဏီဘာလင်မြို့ဘူတာကြီး |
![]() |
| ဘူတာကြီးမီးစထွန်းတဲ့အချိန် |
သူတို့ခရစ်မတ်ပွဲတော်အတွက်အလှဆင်တာ မီးတွေထွန်းတာ၊
လက်လှမ်းမီရာလေးတွေဝေမျှမယ်နော်..။
ကဲ...ပထမဆုံးဂျာမဏီကနေစမယ်။
ရောက်တဲ့နေ့ကတော့အေးတာတခုပါဘဲ။ပြန်မဲ့နေ့ကြမှနှင်းကျတာ၊
နှင်းတွေနဲ့သွားလာရေးခက်ခဲလိုက်တာဗျာ..။
ခင်မင်တဲ့ညီမလေးတယောက်ပြောပြလို့Kedawe ဆိုတဲ့ကုန်တိုက်က၊
ဥရောပမှာနံမည်အကြီးဆုံး အကောင်းဆုံးတံဆိပ်အဝတ်အထည်တွေ၊
ရောင်းတယ်ဆိုတော့ သွားကြပါသေးတယ်။
![]() | |
| ပတ်ဝန်းကျင်ကလမ်းပြင်နေတော့ကောင်းကောင်းရိုက်လို့ရဘူး |
![]() |
| အဝင်ဝကခရစ်စမတ်သစ်ပင် |
![]() | |
| အထဲကပြင်ဆင်ထားတာ |
![]() |
| window show |
![]() |
ခရစ်စမတ်ပင်ကိုလည်း ပြွတ်ခဲနေအောင်ဆင်ထားတာ။
ဝန်ကြီးချုပ်တယောက်ပြောဖူးတယ်ဆိုတဲ့စကားတခုကိုတောင်သတိရမိတယ်။
ဘယ်သူ့သမီးဆိုလည်း!!!စိန်တွေဆင်ထားတာ ခရစ်စမတ်ပင်နဲ့တူတာဆိုတာလေ...။
ဈေးနူန်းတွေက ကောင်းကင်ရဲ့အထက်ပေါ်မှာရှိတယ်။
ဈေးတဝက်ချထားတဲ့ ရှာမွိုင်းသားဦးထုပ် တလုံး ယူရို၁၅၀ ကျော်ပါတယ်။
အဲဒီမှာကိုကိုအာရပ်သားတသိုက် မိန်းမဂျာကင်တထည်ကို ၁၅၀၀ ယူရိုနဲ့၊
ရောင်စုံပေးပါလို့ပြောတာကြားတော့လည်း...။
ကမန်းကတန်းဘဲ တပ်ခေါက်ပြီး(ဘာမှမဝယ်ပါ)လစ်လာကြတာပေါ့။
သံကွင်းဆက်ကြီးရဲ့တဖက်ကအမိုးနီနီလေးတွေက အမှတ်တရပစ္စည်းရောင်းဆိုင်တွေပါ။
ရုတ်တရက်ကြီးမြူတွဆိုင်းကျလာတော့ အဲဒီလိုမှောင်မှောင်ကြီးလေ..။
မဟာမိတ်တွေဗုံးကြဲလို့ပျက်စီးတဲ့ဘုရားရှိခိုးကျောင်း(Kaiser Wilhelm Memorial Church)နဲ့ကပ်ရပ်ခုခေတ်အဆောက်အဦ၊
ယှဉ်ရပ်တွေ့တော့လည်း၊အမျိုးမျိုးစဉ်းစားမိပါသေးတယ်..မတည်မြဲခြင်းသဘောပါ။
![]() | |
| ဘူတာရုံအသေးတခုရဲ့အဝင်ဝ |
![]() | ||
အဲဒီနားမှာAmericanစစ်သားဝတ်စုံနဲ့British စစ်ဝတ်စုံ ဝတ်ထားပြီး၊
သူတို့နိုင်ငံအလံကိုင်ထားပြီးဓါတ်ပုံအရိုက်ခံပါတယ်။
တခါရိုက် ၁ယူရို၊ ဒေါ်မီးတို့တောသားတွေတော့ ၊တယောက်၂ပုံစီရိုက်ခဲ့ကြသေးတယ်..:))
စစ်သားလက်မောင်းကြီးကိုင်လို့ခန့်ခန့်ညားညားကြီးပေါ့။
ကတ်ရပ်မှာချက်ပွိုင့်ချာလီ ပြတိုက်ရှိပါတယ်။စိတ်ဝင်စားစရာတွေအများကြီးဘဲ..။
အဲဒီခေတ်က အရှေ့ဖက်ကလူတွေ ဘယ်လိုအနောက်ဖက်ကိုထွက်ပြေးလာတဲ့အကြောင်း။
ဓါတ်ပုံတွေ၊သုံးတဲ့ပစ္စည်းကရိယာ၊ကားတွေပြထားတယ်။
လိပ်ခုံးကားလေးထဲမှာခွေပြီးထွက်ပြေးလာတာလည်းရှိတယ်။မီးပုံးပျံနဲ့ပြေးတာလည်းရှိတယ်။
ဘာလင်တံတိုင်းဆိုပြီးနာမည်တာကြီးတာ မြင်တော့လည်းသေးသေးလေး။
ဒါမျိုးမယ်မီးတို့ဆို အသာလေးနဲ့ကျော်နိုင်တယ်...
(အရပ်ကတော့ ၅ ပေမပြည့်တပြည့်ပါ..ဟီး)
![]() |
| ကျမကကင်မရာကိုလှမ်းကြည့်နေတာလေ..:D |
ကိုကြီးဟစ်တာလာတို့ရုံးဆိုလား...။အဲဒီရှေ့ကမြင်ရတဲ့လူအုပ်တွေက တိုးရစ်တွေ၊
သူတို့ကလမ်းလျောက်တိုး Walking Tours အုပ်စုတွေလေ။တယောက်ကို ၁၅ယူရိုပေးရတယ်။
ဖရီးလည်းရှိပါတယ်။နောက်ဆုံးတော့တစ်ပ်လေးဘာလေးပေးပေါ့။
ကျမတို့၂ ယောက်က မယောင်မလည်နဲ့အဲဒီနောက်ကိုလိုက်ပါတယ်။
ကိုယ်ကြိုက်တဲ့နေရာရောက်ရင်ကြာကြာနေရတာပေါ့။
ဟီး...မနက်ရှစ်နာရီ ဟိုတယ်ကနေထွက်တာ ည ရနာရီခွဲမှပြန်ရောက်တယ်။
တောက်ရှောက်လမ်းဘဲလျောက်တာ။
![]() | |
| ဒီမှာလူမရှိဘူးကျောက်ရုပ်တွေကတော့အများကြီး:P |
ဒီပန်းချီကား၂ ချပ်ကတော့ တကယ်ဘဲမြန်မာနိုင်ငံကိုသတိရပါတယ်။
(ကွန်မြူနစ် ဆိုရှယ်လစ်ဘာဘဲပြောပြောပါ၊
အရာကြီးနဲ့ကုလာကြီးပါဘဲလေ။)
စနစ်ကိုထင်ဟပ်စေတဲ့ ပန်းချီကားပါလေ။
အမြော်အမြင်ကြီးမားလှသောခေါင်းဆောင်ကြီးလက်အောက်မှာတိုးတက်နေကြပါတယ်..။
ဘလားဘလားဘလား.....ပေါ့။
မျိုးဖြုတ်ခံရတဲ့ဂျုး သန်းပေါင်းများစွာအတွက်အမှတ်တရ ဂူလေးတွေလုပ်ထားတဲ့နေရာ။
မျက်စိတဆုံးပါဘဲ။
Brandenburg gate ကိုဘေးတိုက်မြင်ရတဲ့အနေအထား။
ကပ်ရပ်အဆောက်အဦက အမေရိကန်သံရုံးပါ။
သူကလည်းဖြတ်သန်းသွားလာခွင့်တံဆိပ်တုံးလေးတွေနှိပ်ပေးတာပေါ့။
အမှတ်တရ လူတွေယူကြ။ပိုက်ပိုက်လေးတွေပေးလို့ပေါ့။
berlinerdom ဒီchurch ကတော့တော်တော်ကြီးမားလှတဲ့အဆောက်အဦကြီးပါဘဲ။
ဝင်ဖို့တန်းစီစောင့်နေတဲ့လူတွေလည်းအများကြီးပါဘဲ။
နေ့လည်စာကိုတော့ ဂျုးအုတ်ဂူတွေနားကတရုတ်ဆိုင်မှာဝင်တီးတာပေါ့။
![]() |
| ငါးအကြွတ်ကြော်နဲ့ထမင်း။ |
![]() |
| ကျမကတော့ခေါက်ဆွဲကြော်..ထုံးစံလေ။ |
ရောက်တဲ့ညကတော့ ဟိုတယ်ရှေ့က တူရကီဆိုင်မှာ ကြက်ကြော်နဲ့ဆလပ်စားတယ်။
ဂျာမန်ကြက်ကြော်က အမေရိကားထက်အများကြီးကောင်းတယ်။
![]() |
| ဟိုတယ်ကမနက်စာ |
ဟော်တယ် ထမင်းစားခန်းကလည်းကျမနေခဲ့တဲ့ လသာ၂ ကထမင်းစားခန်းလိုပါဘဲ။
ညနေဖက်ရောက်တော့တော်တော်အေးတာဘဲ။
ဓါတ်ပုံတွေကမန်းကတန်းရိုက်ပြီးပြေးရတယ်လေ။
ပြန်ချင်နေပြီလေ။အေးကလည်းအေး၊နေလည်းညိုတော့ခြေလည်းတိုပြီပေါ့။
အဲဒီညမှာနှင်းတအားကျတော့တာပါဘဲ။
မနက်အိပ်ယာကထတော့ ဒီလိုနှင်းတွေကျနေတာ၊
တော်တော်စိတ်ပိန်သွားတယ်။
ကံကောင်းလို့ပြန်မဲ့နေ့မှကျတာ။
နို့မို့ရင်လည်ရမှာဟုတ်ဘူး။
![]() |
| တည်းခဲ့တဲ့ဟော်တယ် |
![]() |
| နှင်းဖွေးဖွေးကြားထဲကဘူတာရုံကြီး ..။ |
![]() |
| ဘူတာရုံအပြင်ဖက်..။ |
![]() |
| ဘူတာရုံထဲကခရစ်စမတ်သစ်ပင်။ |
![]() |
| ဘူတာရုံအပေါ်ဆုံးထပ်ကမြို့တွင်းပြေးရထားဆိုက်တာ။ |
အဲ...ရေးရင်းနဲ့တော်တော်ရှည်သွားပြီ။
ခရစ်မတ်ကာလက လကုန်အထိအကျုံးဝင်တယ်လေ။
ဒါကြောင့်ကျန်တဲ့ ၄ နှစ်စာခရစ်စမတ်လည်လည်သွားတာ တွေကို၊
(သမိုင်းဟောင်းကိုတူးဆွခြင်းပေါ့ လေ...)
လကုန်တဲ့အထိ စလိုးမိုးရှင်း နူန်းနဲ့ပြောပြသွားပါရစေ...။
နော်....:)))))
အားလုံးဘဲပျော်ပျော်ပါးပါးပေါ့။
ပျော်ရွှင်ချမ်းမြေ့တဲ့ခရစ်စမတ်ကာလတွေ ဖြစ်ပါစေနော်။
မီးမီး






































ဟုတ်ကဲ့ ပျော်ပျော်ပါးပါးဘဲ ဖတ်သွားပါတယ်။
ReplyDeleteနောက်တခါဆုံကြသေးတာပေါ့။
အိုင်အိုရာ
ဗဟုသုတတွေ အများကြီးယူသွားတယ်နော်။
ReplyDeleteMerry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မအိုင်အိုရာရေ..
ReplyDeleteမတို့ ဖက်ကိုလာလည်မယ်လေ...။
ဆုံချင်လို့ ပါ...:P
ပျော်ရွှင်တဲ့နှစ်ကူးရာသီဖြစ်ပါစေနော်..။
အန်တီတင့်ရေ..
မီးလည်းအစပိုင်းကအန်တီဆီရောက်တုံး၊
ကော်မန့် တွေပေးဖြစ်တယ်။
အန်တီ့ဖေဖေကို..သမီးအဖေ၊
သိများသိမလားလို့ ။
ခုနောက်ပိုင်းရောက်ပေမဲ့ခြေရာလေးမချန်ခဲ့တာပါ။
ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။
အန်တီလည်းကျမ်းမာရွှင်လန်းပါစေလို့ ..။
ကျမဘဲမှားနှိပ်မိတာလားမသိပါဘူး...။
ReplyDeleteဒီအောက်ကပေးတဲ့ကွန်မန့် ကိုဒီမှာမတွေ့ လို့ ။
ဒါပေမဲ့ အီးမေးမှာတော့တွေ့ တယ်။
ကျေးဇူးတင်ပါတယ်နော်၊
(ရဲရင့်ရိုးသား အွန်လှိုင်းချစ်သူစုံတွဲများ)
လည်လည်ရောက်လာတာ။
"ရဲရင့်ရိုးသား အွန်လှိုင်းချစ်သူစုံတွဲများ"has left a new comment on your post "ကြုံတွေ့ ဖူးတဲ့ခရစ်စမတ်ကာလများ":
ပုံလေးတွေ ကြည့်သွားပါတယ် ..
မီမီငယ်ရေ..နေကောင်းပါစ..ဂျာမဏီမြို့ကြီးကိုလာလည်းသွားပါတယ်..
ReplyDeleteမေတ္တာဖြင့်..
ရွှေဝန်းရတနာ..
အေး..ဓါတ်ပုံတွေ လာကြည့်သကွယ်..ဘယ်နေရာရေက်ရာက် စားမယ် ဆိုတာ ချည်းပါလား..ကောင်းတယ်.. အစားဆိုတာ လူနဲ့တည့်သကွဲ့.. များများစာနိုင်လေ များများတည့်လေပဲ.. :D
ReplyDeleteသြော်မမမီးငယ်လဲ ခရစ္စမတ်ကိုခြေရှည်ထားတာကိုးးး )
ReplyDeleteပျော်ရွှင်ဖွယ်ဒီဇင်ဘာနေ့ရက်များဖြစ်ပါစေ မမမီးငယ်ရေ
ချစ်တဲ့
မဒိုးကန်