Thursday, May 30, 2013
ခမာတို့ ရဲ့ အစားအစာများ
မင်္ဂလာပါရှင်~~~~
ခမာအစားအစာတွေဆိုတာလည်း...ထိုင်းအစားအစာလိုလို၊ရှမ်းအစားအစာနဲ့ ဆင်သလိုလို..။
အားလုံးခပ်ဆင်ဆင်ဟင်းတွေပါဘဲ...။
အဲဒီထဲမှာမှ..ကျမရောက်တဲ့ညက ဟော်တယ်မှာစားပွဲထိုးကောင်လေးကိုမေးပြီး မှာစားတဲ့၊
ငါးအုန်းနို့ ဟင်းကိုတော့အရမ်းကိုကြိုက်နှစ်သက်ခဲ့ပါတယ်။
ဆိမ့်ပြီးမွှေးနေတာပါဘဲ...။အနီးကပ်ရိုက်တာကလည်း..လက်ရာမမြောက်ခဲ့ပါဘူး..။
ကော်ပြန့် စိမ်းကလည်း၊ အထဲကအသီးအရွှက်တွေကိုခပ်ကြီးကြီးထဲ့ထားတော့၊ကိုက်စားရတာ..၊
နဲနဲခက်တယ်နော်...။ကျမလုပ်စားရင် ခပ်သေးသေးအန်စာတုံးပုံစံလှီးချလိုက်တာဘဲ..။
နောက်နေ့ အန်ကောဝပ် ပတ်ဝန်းကျင်မှာ ထမင်းစားတော့  ငါးအုန်းနို့ ဟင်းကိုဘဲမှာလိုက်တာ..၊
သူ့ ပုံစံက ပိုပြီးစားချင်စရာလေးဗျ...။
 နောက်ပင်လယ်စာအစပ်...။
ကြက်သားချဉ်စပ်ဟင်းရည်..ဆိုလား...။
နောက်တမျိုးက ဓါတ်ပုံဘယ်ရောက်နေလည်းမသိဘူး၊ အရွှက်စုံကို ငါးခြောက်ရိုးနဲ့  ဟင်းရည်လုပ်ထားတာ။
ပင်စိမ်းရွှက်လေးခပ်လို့ ..တကဲ့ရှမ်းဟင်းအတိုင်းဘဲ...။
စားပြီးသောက်ပြီး ဒီလို ဇိမ်ကြခဲ့ကြသေးတယ်...။
ကျမတူလေးစကားလုံးအတိုင်းပြောမယ်ဆိုရင်...တုံးလုံးလဲတယ်...ဆိုလား...။ထမင်းလုံးစီတယ်ဆိုလား...။
ကျမတင်မဟုတ်ပါဘူးလေ...ကားသမားတွေလည်းဂလိုလေးနဲ့  ဧည့်သည်စောင့်ကြတာ...
နောက်နေ့ လည်စာကြတော့ သူတို့ ရိုးရာဟင်းတွေနံမည်ကြီးတယ်၊ဆိုတဲ့ဆိုင်ကို ကားသမားခေါ်သွားပါတယ်။ ကြက်သားကန်စွန်းရွက်ချဉ်ရည်ဟင်းတဲ့...။
ပဲပင်ပေါက်ပဲပြားကြော်..။ရိုးရိုးလေးပါ..။ပုဇွန်ပါတာတခုပါဘဲ..။
ငါးရံ့ ကောင်လုံးကြွတ်ကြွတ်ကြော်...တကယ်လတ်ဆတ်တယ်...။
ဟော်တယ်ရဲ့ မနက်စာက ၃ မျိုးရွှေးစရာရှိတယ်။ ကြက်ဥထမင်းကြော်...။
ဘိုစာတွေ...ကျမတော့ခပ်တုံးတုံး မစားတတ်ဘူး....။
ထုံးစံ ခေါက်ဆွဲပြုတ်လည်းရှိတယ်တဲ့...။ဒါဘဲစားခဲ့တယ်။
အန်ကောဝပ်ကိုမနက်၎ နာရီထသွားမယ်ဆိုတော့ ကျတို့ ကို ည ကတဲက မနက်စာပေါင်မုန့် ကြက်ဥ၊
အသားပြားတွေ အများကြီး ဗူးနဲ့ ထဲ့ပေးထားတယ်...။ဗူးကလည်းအကြီးကြီးဘဲ...။
စေတနာကောင်းလိုက်တာ...။
ဒီဘူဖေးဒင်းနာကတော့ မမိုက်ဘူး...လူများလွန်းလို့ မတိုးနိုင်ဘူး..။
သူတို့ ရဲ့ ရိုးရာအက ယဉ်ကျေးမှု့ တွေကြည့်ချင်လို့ တာသွားတာပါ။
ရှိတာဘဲကြံဖန်စားလိုက်ရတယ်...။
လူတွေ ဘူဖေးဆိုတော့ မတန်တဆတွေထည့်လာကြ ယူလာကြပြီး..။ပြန်သွားတော့...။
တပုံတပင်ကြီးချန်ထားကြတယ်...အော်...လူတွေလူတွေ..။စည်းကမ်းမရှိဘူး...ဘဲ။
ရှေးဟောင်းဟိန္ဒူဘုရားကျောင်းတခုရဲ့ ဝင်းထဲမှာ၊ ထန်းရည်သည်လေးတွေ့ လို့ ..။
တခွက်မှ ၁ ဒေါ်လာထဲရယ်...။သူဝါးဆစ်ဗူးထဲမှာထဲ့ထားတာ..။အဝကိုထန်းလက်လေးချိုးပြီးပိတ်ထားတယ်။
လတ်လတ်ဆတ်ဆတ်နဲ့ ချိုပြီးမွှေးနေတာဘဲ...။
ကျမကျားကျားကြီးက ရှည်ပြီးမေးတယ်၊အရမ်းချိုတယ် သကြားထဲ့တာလားတဲ့။
သူကပြောတယ်သကြားထဲ့ရင်အဆိပ်ဖြစ်သွားတယ်။သောက်ပြီးအန်မယ်၊သေမယ်..တဲ့..။
သူထန်းပင်တက်လာတာ နှစ်ပေါင်း ၃ဝ ရှိပြီတဲ့၊ လက်လေးပြရှာတယ်..။သနားပါတယ်။
ကို့ ရိုကားယားအဖွဲ့ (အဲလေ..ကိုးရီးယားတွေပေါ့) တဖွဲ့ လုံးသူ့ နားဝိုင်းအုံနေတာ..။
တယောက်မှမဝယ်သောက်ကြဘူး...။
ကျမတို့ သောက်တာကိုဘဲ..ပြူးကြည့်ကြောင်ကြည့်လုပ်နေကြတယ်..ဟင်း :(
ပြန်ခါနီး သူတို့ ရဲ့ နံမည်ကြီး old market ဆိုတာဝင်လိုက်သေးတယ်...။
လက်ဆောင်တွေ အိမ်ပြန်ဘယ်ချင်စရာတွေအပြည့်ဘဲ...။
ေေေေေေ တောရှောက်ရွှက်လို့ ဗမာလိုခေါ်တာလား..မသိဘူး...၊အဲဒီစိမ်းစိမ်းလေးကို...။
ကျမတို့ ရှမ်းတွေအရမ်းသုံးသလို ထိုင်းတွေလည်းတော်တော်သုံးကြတယ်လေ...။
ငါးခြောက်ဆိုင်တော့ ရှယ်ဘဲ...။အရောင်ကြည့်ရတာ ယမ်းမှုန့် တွေမပါသလိုဘဲ...။
အရောင်ကသဘာဝလေး..သိပ်ကြီးနီရဲနေတာဟုတ်ဘူးနော်...။
(မြန်မာပြည်မှာကျမနဲ့ သိတဲ့ငါးခြောက်လုပ်တဲ့ကောင်မလေးတယောက်ပြောဖူးတယ်။
သူတို့ ယမ်းနဲ့ ဟင်းချိုမုန့် ကိုအဓိကထဲ့တယ်တဲ့...:((((
ငါးပိတွေလားမသိဘူးးး။
ကျေးဇူးရှင်ကြီး သွားရင်းနဲ့ ထုံးစံ ရေအိမ်တွေလိုက်ရှာရတယ်...။
ဈေးထဲမှာဆိုတော့ ရောင်းနေတဲ့ဆိုင်တွေကို ပြေးလွှားဖြတ်သန်းပြီးရှာရတယ်လေ...။
ဓါတ်ပုံလည်း တဖြိုက်ဖြိုက်နှိပ်လိုက်တာဘဲ...။ဘာမှကောင်းကောင်းမရလိုက်ဘူး....အဟီး..:P
အချဉ်ပေါင်းသည်...
ကောက်ညှင်းနဲ့ ဌက်ပျော်သီးကင်...
ကြည့်လို့ တော့ လှပေမဲ့ လုံးဝလုံးဝမစားရဲပါဘူး...။
လေယာဉ်ကွင်းရောက်တောင်ကျေးဇူးရှင်က သွားမှာစားနေသေးတယ်...။
ပုံကသာလှတာ ..လုံးဝစားမကောင်းပါဘူး...။
လေယာဉ်ပျံပေါ်က အစားအစာ...အရင်လွန်ခဲ့တဲ့ ၁ဝနှစ်ပတ်ဝန်းကျင်ကဆို...၊လေယာဉ်ပေါ်က အစားတွေ
လွှတ်ကောင်းဘဲ..ပုဂံခွက်တွေလည်းကြွေနဲ့ လှမှလှ...။
ခိုးကြလွန်းလို့ လား တွက်ချေမကိုက်တာလား...ခုတော့ စက္ကူ၊ပလပ်စတိတ်ဖြစ်ကုန်ပြီ...။
အထူးတန်းကြီးတွေမှာမှ သားသားနားနားတွေ့ ရတတ်တယ်..နော်...
ကဲ..ခေတ်ကြီးပြောင်းလဲသလို ...မယ်မီးလည်းအင်မတန်ပြောင်းလဲနေပါတယ်။
အပျင်းထူပြီး လုပ်ချင်ကိုင်ချင်စိတ်ကုန်ခမ်းနေတာပါ..။
ဟီး....ဒီပိတ်ရက်မှာလည်း ဘယ်မှမသွားရဘူး...။
အေးပါလေ...ခရီးပေါင်းမြောက်များစွာအကြောင်းတောင် ရေးလို့ မှမပြီးသေးတာနော့်...။
ဒီနေ့ သိသိတာတာပူလာလိုက်တာဗျာ...အဲယားကွန်းကြီးဖုန်ပြန်သုတ်အုံးမှ...^_^
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး
Friday, May 24, 2013
ပိန္နဲသီးဒံပေါက်
မင်္ဂလာပါရှင်~~~~
ဟင်းတွေမချက်ပြရတာအတော်ကြာပေါ့နော်။
လုပ်လိုက်ရင်လည်း ထူးဆန်းပေါက်ကရ ပေါ့ရှင်...။
ဒီနောက်ပိုင်း အသားငါးတွေ သိပ်စားချင်စိတ်မရှိဘူး..။
သတ်သက်လွှတ် သမားလည်းမဟုတ်ပါဘူး..။သူ့ ဖာသာသူငြီးငွေ့ လာတာ ။
အကြောင်းရင်းက အံသွား ၃ချောင်းလုံးမရှိဘူး၊နောက်ဆုံးတခုကို ခွဲထုတ်ဖို့ ၊ဆရာဝန်ချိန်းထားတာကိုလည်း 
ရှောင်ပြေးနေတယ်လေ။ တတိယတချောင်းထုတ်တုံးက ၃ချက်ချုပ်ရတယ်။
ပါးစပ်ထဲမှာ ချုပ်ထားပြီး နေထိုင်ရတဲ့ဘဝဟာ အန်မတန်မှ နာပြီး၊နေရထိုင်ရခက်တာ၊
ကိုယ်တိုင်ခံစားကြည့်မှဘဲ သိတော့တယ်။ သွားဖုံးတွေကလည်း မကောင်း။
စာရင်းချုပ်လိုက်တော့ မဝါးနိုင်ဘူး..။ဒါကြောင့်ပျော့တဲ့အစာတွေဘဲစားတတ်လာတယ်လေ..။
ဟိုဟာနဲ့ မတည့်၊ဒီဟာနဲ့ မရ..။ခေါင်းစားတယ်။
နေ့ တိုင်း အရွှက်သုတ်၊အရွှက်ပြုတ်။ ဒါဘဲစားတယ်..။
food blog သွားရင်း နဲ့ ဒီအိန္ဒယက ကောင်မလေးတယောက်ချက်တာမြင်ပြီး၊ စမ်းကြည့်တာ...။
ကောင်းထှာနော်...။
ကဲ....လူပျင်းချက်နည်းဆိုလည်း မမှားပါဘူး..။
ရှိသမျှ အားလုံးဗူးထဲက ဟာနဲ့ ဘဲသုံးပါတယ်..။သိပ်အချိန်ပေးပြီးကြော်လှော်စရာတောင်လိုဘူး..:P
သူချက်တာကတော့ဒီလိုဟုတ်ပါဘူး။ရှယ်ပေးမလို့ ပြန်ရှာတာဘယ်ရောက်နေလဲမသိ..:)
ဆီလည်း မာဂျရင်း ဘဲဗျို့ ...။
ကြက်သွန်ဖြူ၊နီ၊ဂျင်း၊ငရုတ်၊ဆနွင်း၊မဆလာ...တပြိုက်နက်ထဲဘဲ...ထည့်လောင်းလိုက်တာဘဲ..။
ဒိန်ချဉ်တောင် ပဲနို့ ရည် ဒန်ချဉ်လေးနဲ့ ...။ ခရမ်းချဉ်သီးထဲ့ဘူး..။
စချက်တုံးကတဲက ဘာစမာတီဆန်ရေစိမ်...၂ဝ မိနစ်ဆိုရပါပြီ...။
ဟော..လုံးပြီးခဏလောက်ထား၊မွှေးလာရင်၊ ရေထဲ့တာပေါ့...။
ရေခန်းလာတဲ့အထိမီးနဲနဲနဲ့ အဖုံးအုပ်တည်ပါတယ်။ ဒါပေမဲ့ မနူးတာနဲ့ ရေ ၃ ခါလောက်ထဲ့တည်ရပါတယ်။
(အဟီး....ကျမချက်တာက တတ်ကျွမ်းလို့ ဟုတ်ပါဘူး၊ရမ်းတုတ်တာများပါတယ်)
ပြီး တဝက်လောက်ကျက်တဲ့အထိတည်ထားထမင်းကို ၊ အိုးနဲ့ ပြောင်းတလွှာစီထည့်ဆိုတဲ့အဆင့်ပြီးရင်၊
အိုဝင်ထဲမှာ ၃ဝ မိနစ်လောက် ထဲ့လိုက်တာပေါ့...။(အိမ်အောက်က ကုလားမလေးရဲ့ အိမ်ရှေ့ ပူစီနံ သွားခူးမလို့ ဟာ၊သူ့ ကိုလည်းမပြောထားတော့ခိုးသလိုဖြစ်နေမှာကြောက်လို့ ၊နို့ မို့ ရင် နဲနဲ စိမ်းတာမြင်ရမှာ)
တွေ့ လား....ဒီနေ့ ဥပုဉ်နေ့ ကဆုန်လပြည့်နေ့ ၊ ပိန္နဲသီး ဒံပေါက်နဲ့ တရားလည်းနာ၊ စာလည်းရေး...။
ပါးစပ်ကလည်းဝါး...အာရုံတွေများနေလိုက်တာ.....မယ်မီး........................................။
စားလို့ လည်းကောင်းလိုက်တာ နူးညံ့ နေတာဘဲ...၊ ဒီနေ့ လာလည်ရင်ကျွေးမယ်နော်..။
မနေ့ ကမှ ပို့ စ်တခုတင်ထားတာ...။ဒီနေ့ တခုထပ်တင်လိုက်ပြန်ပြီ...။
အားနာလိုက်ထှာ မအားတဲ့ကြားက မျက်စိညှောင်းအောင်ကြည့်ပါအုံးရှင်...:D
စာရေးတာနဲနဲ၊ ဒါတ်လေးတွေများနေတယ်...။
နောက်မှ အာလူးများများလာဖုတ်မယ်နော်...။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး
Thursday, May 23, 2013
သျှမ်းနှစ်ကူးပွဲ ကျင်းပတုံးက(အခန်းအနားနဲ့ ပွဲဈေးတန်း)
မင်္ဂလာပါရှင်~~~
အစပြိုးထားတာလေးကရှိထားတော့ ကြားထဲမှာ နဲနဲစီဝင်ပြီး၊ပြောပြရတော့မှာပေါ့လေ..။
ဒီတခါက ဟိုအခန်းအနားချီတက်ပွဲရဲ့ အဆက်၊ ပွဲကျင်းပတဲ့အားကစားကွင်းထဲမှာ ဖွင့်ပွဲအခန်းအနားနဲ့ ပြခန်း၊နောက်ဆုံးတော့၊ပွဲဈေးတန်းမှာစားသောက်တာနဲ့ အဆုံးသတ်ရတာပေါ့နော့်။
ကဲ..စတာနဲ့ အိုးစည်ဗုံမောင်းတွေက အရင်ဝင်ရတာပေါ့။
ဓါတ်ပုံတွေဘဲရိုက်နေတာနဲ့ ထိုင်ခုံကိုမနဲလုရတယ်။ဘေးပတ်ဝန်းကျင်ကိုလည်း ဝေ့ကြည့်၊ချောင်းကြည့်၊
ထိုင်ရိုက်ထရိုက်နဲ့ ၊အဲနေရာလေးမှာဘဲ ပတ်ရိုက်နေတယ်လေ.။
စိမ်းပြာရောင်ဝတ်စုံနဲ့ က တရုတ်ပြည်ယူနန်နယ်က လိရှမ်း..ဆိုလား...။
သမိုင်းအကြောင်းတော့ပြောတော့ဘူးနော်....။ပြောရင်းရေးရင်းနဲ့ တခြားဖီလင်တွေဝင်လာလို့ ပြန်ဖျက်၊
လိုက်ပါတယ်။ ပျော်စရာအချိန်တွေကို ပျော်စရာပေါ့ပေါ့ပါးပါးလေးနဲ့ ဘဲသွားရအောင်...။    
လူကြီးဆိုတာ အချိန်တိကျစရာမလိုဘူးတဲ့...သိလား...။
ကျင်းပမဲ့အချိန်ကလည်းမရောက်သေးတော့၊ စောင့်ရင်းစောင့်ထဲကပါဘဲ။
ရောက်လာတော့လည်းဦးကြိုပြုပေါ့..:P
(ဖဲကြိုးဖြတ်ဖွင့်တာ ၉နာရီနဲ့ ၉မိနစ်မှာဆိုလား..မေ့တောင်မေ့နေချင်ပြီ။ ၉ ဂဏန်းတွေပါ
တာတော့မှတ်မိတယ်)...။အယူအဆ ထုံးတမ်းစဉ်လာတွေပေါ့...။
ဖဲကြိုးဖြတ်ပြီးတာနဲ့  ကိန္နရီအက၊တိုးနယားအက မုန်းချမုန်း ဆိုတဲ့လကွင်းသံနဲ့ တကွင်းလုံး
ဆူညံနေတာဘဲ၊ပျော်စရာကြီး..။ အစီအစဉ်ကြောငြာတဲ့အမျိုးသမီးကလည်း ပြောနေတာဘဲ..။
ဘောလုံးတွေကောင်းကင်ပေါ်တက်သွားတာ ကျမခပ်တည်တည်နဲ့ ဗီဒီယိုရိုက်ထားတယ်။
ပြန်ကြည့်တော့ ကောင်းကင်ပြာပြာဘဲရှိတာ.။ဘာဘောလုံးမှမမိလိုက်ဘူး..။
မွဲတယ်..မျက်စိ..:P
တိုင်းမူးကလည်းမိန့် ခွန်းပြောပါတယ်။ ရှမ်းလို တခွန်းပြောသွားပါတယ်။
အားလုံးဘဲသဘောတွေကျလို့ ..။
ဂုံစာကိုလှမ်းရိုက်တာ လေတိုက်တော့ပြောင်းပြန်ပေါ်နေတာပေါ့...။
တခုမမိုက်တာက..ချီတက်လာတဲ့လူတွေကိုရေဗူး မုန့် တွေဝေပါတယ်။ အကြီးအကျယ်ကျင်းပတဲ့သျှမ်းပွဲမှာ၊
ဝေတဲ့ရေသန့် က တရုတ်ကလာတဲ့သောက်ရေသန့် တဲ့ဗျားးး။
မြို့ မိမြို့ ဖတွေနဲ့ မိန့် ခွန်းပြောတဲ့ ဦးစိုင်းရွှက်(လိရှမ်း)....။ သူ့ ခေါင်းပေါင်းက မြင်ဖူးနေကြရိုးရိုးရှမ်းခေါင်းပေါင်းနဲ့ မတူဘူးတွေ့ လား..။
ပြီးစင်ပေါ်တက်သွားကြတယ်..။
ဝိုင်းပြီး လမ်းမုံး အက ကကြတယ်လေ...။
ဒီ ခန္တီးရှမ်းကောင်လေးတွေက ထူးခြားတယ်။
ရှမ်းဘောင်းဘီဟုတ်ဘူးတဲ့...။ပုဆိုးလေးတွေနဲ့ ။
ဓါတ်ပုံဆရာများစွာကိုသနားလို့ ကိုယ်ချင်းစာလို့ ၊သူတို့ ကိုပြန်ရိုက်ထားပေးတာ...။
ကျမကင်မရာလည်းကိုင်၊ Note တခုကလည်းကိုင်၊ကျောပိုးအိတ်တဖက်နဲ့ လှည့်ပတ်ရိုက်နေတာ၊
အနားမှာထိုင်နေတဲ့ တောဖက်က အမျိုးသမီးတသိုက်က ဓါတ်ပုံဆရာမှတ်လို့ ကျသလောက်ပေးပါ့မယ်၊
ရိုက်ပေးပါဆိုတာနဲ့ ၊မယ်မီး ဒါတ်ဆရာလုပ်ခဲ့ရတယ်လေ..ဟီး
တောဖက်ကနေဖုံးဆက်ပြီး ဓါတ်ပုံတွေလာရွှေးကြတယ်။
ကူးခတပုံ ၁ဝဝဘဲကျလို့ မယူလိုက်တော့ပါဘူး..။
(ဟင်းဟင်း..ကူးခဘဲ ၄ထောင် ၅ထောင်လောက်၊အလှုလုပ်လိုက်ရပါတယ် :))))
နောက်လာလည်ဖို့ ခေါ်ကြတယ်လေ။ မိတ်ဆွေတိုးလာတာပေါ့..။
ကိုယ့်ပုံလေးတခု၂ ခုလောက်ကိုမနဲပြန်ရှာရတယ်။
ဝမ်းကွဲညီမ၊အမနဲ့ နမ့်စမ် ဖက်ကရှမ်းမလေးတွေ...။
မြင်ဖူးစရာမလို၊သိစရာမလို၊ ရှမ်းလိုဘဲ မိုင်စွန်ခါ့ လို့ နှုတ်ဆက်၊ပြောကြဆိုကြ၊
အရမ်းရမ်းကိုပျော်စရာကောင်းလှပါတယ်။
လမ်းမုံးဝိုင်းက ကြတုံးကပေါ့...ကျမလည်းကို့ ယိုးကားယားနဲ့ ဘယ်ရမလဲဝင်နွဲခဲ့ပါတယ်။
ဗိုက်ဆာလွန်းလို့ ထွက်လာကြတာ...။
ကဲ...ဒို့ ဗမာတွေစည်းကမ်းဖေါက်လို့ ထီးနန်းပျောက်တယ်..ဆိုတဲ့၊ စာသားတွေငယ်ငယ်ကကျက်မှတ်ဖူးခဲ့သလိုဘဲ...:)
အဟဲ...ဒို့ ရှမ်းလည်းအတူတူပါဘဲ....ပြန့် ကြဲနေတဲ့အမှိုက်တွေနဲ့ အမှိုက်ပုံးလိုက်ရှာလည်းမရှိပါဘူး။
ပြခန်းကို ဒုံးပြန်ပစ်နှုန်းထားနဲ့ ဝင်ရောက်လေ့လာခဲ့တယ်..။
ကြိမ်ထည်ယက်...
အိုး....တဖြတ်ဖြတ်ရိုက်ချင်သေးတယ်လေ...။
ပျားဖယောင်း လိမ့်တယ်..။
မြေအိုးရေတဂေါင်းလုပ်တယ်..။
ရှေး ခမ်းတီးရှမ်းစာတွေတဲ့...။
ခပ်တည်တည်နဲ့ လူယောက်ကြည့်နေတာကို ကိုင်ထားစမ်းပါ မှတ်တမ်းတင်ခြင်လို့ ဆိုပြီး...လူဗိုလ်လုပ်ခဲ့သေး..^_^
ရှမ်းတွေလွယ်အိတ်လွယ်ရင် ဒီလိုစလွယ်သိုင်းဘဲ...။
ကျမဆိုခုထိစလင်းဘက်စလွယ်သိုင်းတုံး...။
ပြန်ကြမယ်ကွယ်...
ဟော..သိလား...ဘာလဲဆိုတာ...။
၃၆ ကောင်ဆိုလား...ငယ်ငယ်က အသေကစားခဲ့တာပေါ့..။
ဟေး...တွေ့ ပြီ၊ အနီးဆုံးဆိုင်ဘဲထိုင်မယ်။
တောင်ကြည့်မြောက်အားလုံးအတူတူဘဲ..လယ်ကွင်းထဲမှာ တဲထိုးပြီးရောင်းတာ...။
ခေါက်ဆိန့် ဟင်းရည်ဗွက်ပြီလား..အမလေးရေ..ဆိုတော့..ရပြီတဲ့..။
အရွှက်များများ ကျိုင်းတုံခေါက်ဆိန့် တပွဲ။ တပွဲမှ ၅ဝဝ ထဲရယ်...။
မွှေလိုက်တော့ မွှေးမှမွှေး..။ဘာနဲ့ ကပ်စားရမှာလဲ..ဟုတ်လား...။
ဝက်ခေါက်အပြင်ရှိသေးတာပေါ့ရှင်..။
ကြက်ဥကင်နဲ့ ကြက်ဥပေါင်းတဲ့။ ကြက်ဥအစိမ်းကိုအပေါက်သေးသေးလေးဖေါက်ပြီး၊ အပ်နဲ့ စုပ်ထုတ်၊
အပြင်မှာ ဆားငရုတ်ကောင်းနဲ့ အရသာသမ၊ခေါက်ပြီးမှ ပြန်ထဲ့၊ ပြီးမှပေါင်းထားတာတဲ့...။
အဲဒါကို နမ့်ဖစ်မာခိုင်လို့ ခေါ်တဲ့ ငရုတ်သီးထောင်းတမျိုးနဲ့ တို့ စားတာ..။
ပြန်ပြီးကင်တာလည်းရှိတယ်။ကျမက ဖုန်တက်နေတာကြောက်လို့ ၊ဒီလိုဥထဲကဟာစားခဲ့တယ်..။
လွှတ်ကောင်းဗျား...။(ကမ္မောဒီးယား ခမာအစားအစာကနေလာတယ်လို့ ပြောတယ်)။
ကဲ..ကားပေါ်ရောက်ပြီ၊ မြို့ ထဲကိုလှမ်းမျော်ကြည့်ပြီး တပုံယူလိုက်သေးတယ်..။
မြင်ရတဲ့ပူဖေါင်းတွေက ခရစ်ယာန်တွေရဲ့ နှစ်တရာပြည့်ပွဲတုံးက ...။
တွေ့ လားစားကြသောက်ကြ...နဲ့ ။လမ်းရဲ့ ဟိုဖက်က အားကစားကွင်း။
လမ်းရဲ့ ဒီဖက်က စားစရာရောင်းတာ...။
ကဲ..ကျမရဲ့ တူမလေးပြန်ပို့ ပေးလို့ ရှားရှားပါးပါး ဒီတပုံဘဲ အမှတ်တရ ရှိထားတယ်။
video
ဒီထဲမှာဝိုင်းကနေလို့  နောက်မှဘဲကမန်းတန်းနဲ့ ရိုက်ရတယ်..:P 
နောက် ဗီဒီယိုတွေကို စုပေါင်း တည်းဖြတ်ပြီးမှ ဝါးလုံးခေါင်း ထဲကုန်းအော်ထားခဲ့မယ်နော်...။ 
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
အရင်တခေါက်က ပို့စ် (အခန်းအနားချီတက်ကြပုံ)