တဏုာလောဘ(လိုချင်တပ်မက်မှု့ )မသတ်နိုင်သေးတဲ့ ပုထုဇဉ်လူသားဆိုတော့လည်း၊ လှတာမြင်ရင်
ကြည့်ချင်တယ်။ အနံလည်းမွှေးနေရင်စားချင်တယ်။ကြည့်..ခုတလောဆိုရင် စားစရာ လှတပတလေးနဲ့ 
စပြီးတင်ထားတဲ့ ဘလောက်ဆိုရင် ထိပ်ဆုံးကသွားဖတ်နေမိတယ်လေ။
တနင်္ဂနွေနေ့ ကမနက်ပိုင်းကိစ္စလေးရှိလို့  နေ့ လည် ၁နာရီကျော်မှ ဈေးဝယ်ဖြစ်တယ်။
ထုံးစံ ဒီကိုးရီးယားဆိုင်ဘဲပေါ။ ဒီဆိုင်က အမေရိကအရှေ့ ဖက်ခြမ်းမှာ အကြီးဆုံးလို့  ဆိုပါတယ်။ အိမ်ဝယ်ပြန်ပြီးချက်ရပြုတ်ရမယ်ဆိုရင် မဖြစ်ချေဘူး။ ဗိုက်ဆာတယ် ဒီတော့ စားသောက်တန်းဖက်ခြေဦး
လှည့်ကြပါတယ်။ ဒီတခါနဲ့ ပါရင် ဒီဆိုင်ထဲမှာ ၂ခါမြောက်စားခြင်းပါဘဲ..။
ဒီမားကက်ထဲဝင်လိုက်တာနဲ့  ကိုယ့်ကိုကိုယ်ဆိုးလ် ရောက်နေသလားလို့ တောင်ထင်ရတယ်..။နေရာတကာ
ကကြီးစာနဲ့ ကကြီးလူတွေ ချည်း ပါဘဲ။တောင်ကြည့်မြောက်ကြည့်နဲ့ ကျမက နေရာအမြန်သွားဦးရတယ်။ လူများတယ်လေ..။သူက သွားမှာတာ..။ပုံကိုကြည့် နံပါတ်ကိုမှတ် ပြီးကောင်တာမှာ အဲနံပါတ်ပြောပြီး
လက်မှတ်ဖြတ်၊ ချက်ပြုတ်နေတဲ့နေရာမှာ လက်မှတ်ပြပြီးမှာ၊ နောက်စောင့်ယူ..အိုး..အဆင့်ဆင့်ပေါ့။
ဒီတခါ ရွှေကိုယ်တော်ကြီး က မိန်းမကိုဘာစားမလဲမမေးဘဲနဲ့ ဘယ်ချလာတယ်လေ..။
အမဲသားခေါက်ဆွဲ ပြုတ်တဲ့...။ခေါက်ဆွဲပုဂံကို ရေချိုးဇလုံလုပ်ဖို့ ကစ်သွားရအောင် လို့ ၂ယောက်သားတိုင် ပင်နေကြပါ သေးတယ်။ ကျမ သူ့ ပုဂံထဲက ပင်လယ်စာတွေလည်းယူစားမိတယ်လေ။
အိမ်ကျခေါက်ဆွဲနဲ့ စားရအောင်လို့ ။ နောက်နေ့ ကျခေါက်ဆွဲနဲ့ ကျကျနနပြုတ်စားတာပေါ့။
ညနေခင်းလေကလည်းအရမ်းတိုက်တာ..လမ်းထွက်လျောက်လိုက်သေးတယ်။
ဟော...ညကဇာတ်လမ်းစလာပါပြီ...။ယားယံခြင်း.....ကုတ်တယ် တဗြင်းဗြင်းနဲ့ ။
အင်္ကျီကယားတယ်ထင်ပြီး၊ညကြီးထလဲတယ်..။ဟုတ်သေးဘူး..။
တညလုံးဟိုကယား ဒီကကုတ်နဲ့ မျက်စိကမဖွင့်ချင်ဘူးလေ..။
ကျိတ်မှိတ်ပြီး မိုးလင်းသွားတယ်..။အဲ..မနက်အိပ်ယာထ မျက်နှာသစ်မှန်ကြည့်တော့မှ..လားလား..၊
ငါဘယ်နှယ် ဘယ်လိုဖြစ်တာလဲ နူသွားပြီလားဆိုပြီးအော်ငိုပြစ်လိုက်တယ်။
တကိုယ်လုံး အပြင်လိုက်ရဲထွတ်ဖေါင်းကား ယားနေတာ..။
ကျေးဇူးရှင်ကလည်း အစောကြီးထွက်သွားတယ်လေ..။ကျမလည်းအန်မတန်မှ ခပ်ချာချာဆိုတော့ တယောက်ထဲ ဘယ်မှသိပ်မထွက်ရဲဘူးလေ။ အိမ်ကိုဖုံးဆက်ပြီး တဟီးဟီးငိုယိုမေးမြန်းရတယ်။
လေတိုက်လို့ တဲ့၊ကျမက လေတိုက်၊ပန်းပွင့်ချိန်ဆို မရဘူး၊အလာဂျီထတယ်။ယားတတ်တယ်။ဗမာလို
အင်ပြင်ထ တာတဲ့၊ ရှမ်းလို မွန်မံ တဲ့အမကပြောပြတယ်။သူပြောပုံကလည်း သနပ်ခါးလေးလူး၊
ဘာမီတုံလေးသောက်ဆိုရပြီတဲ့၊ လေတိုက်ခံနဲ့ တဲ့..။လွယ်လိုက်တာ..။
ဒီမှာက သနပ်ခါးလည်းမရှိ၊ဘာမီလည်းမတုံ၊ ရှိတဲ့ယားနာပျောက်လူးဆေးနဲ့ လူးရတယ်။၊
ဒါကိုတော့ဆောင်ထားတယ်။အမြဲတမ်းဟိုယားဒီယားဖြစ်တတ်တယ်လေ..။
(my skin is so sensitive type skin) ဘိုလိုမှုတ်ကြည့်တာလေ..အဟဲ..
အဲရက်က လေကလည်း အသေတိုက် နေသေးတယ်လေ။ ဒီတော့ ၁ရက် အိမ်ထဲ အောင်းနေရတယ်။ယားယား၊ကုတ်ကုတ်နဲ့ တနေ့ တာပေါ့။
နောက်နေ့ သူ့ အလုပ်က အ စော ကြီး ၅နာရီအရောက်သွားရမယ်ဆိုပြီးသွားလေရဲ့ ။
နေ့ လည်ဆရာဝန်ဆီသွားမယ်ဆိုပြီး ပြန်လာတော့ ည ၈နာရီ..။
(ဒါကြောင့်အမေရိကားကိုမုန်းတာ အလုပ်နဲ့ အိမ်၊အိမ်နဲ့ အလုပ်ကလွဲလို့  ဘာမှမရှိဘူး)။
ဒီကဆေးခန်းတွေကလည်း တနေရာမှာနေရင် တခုပြရတယ်။ စစဝင်တာနဲ့ ပေးသမျှဖောင်တွေ အကုန်ဖြည့် ရတယ်လေ..။ကျမတို့ ကလည်း ပြောင်းသလားမပြောနဲ့ ဒီနယူးယောက်တင်ဘဲ ၄ ခါ၊ ခုနေတာ နယူးဂျာစီ၊
ဟော ဆေးခန်းပေါင်းမြောက်များစွာ၊ ဆရာဝန်ပေါင်း ဘယ်လောက်တောင်ရှိပြီလဲမသိဘူး။ သူ့  အလုပ် က လည်း တခါ ကျမ်းမာရေးအာမခံ ကုမ္မဏီပြောင်းသေးတယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျမတော့ ဆေး ခန်းကိုတော်ရုံမသွားချင်ဘူး။သူများတွေမေးတာဖြေလည်းဖြေတတ်ဘူး။ဆေးပညာဆိုင်ရာ ဝေါဟာရ လည်းသိဘူး။ညံ့ချက်က..ဒီလို..။အင်း...ပြောရင်းနဲ့ အစာအဆိပ်သင့်ဖက်ကနေကျော်ပြီး ဘယ်ရောက်သွား ပြီကြောင်း..:P...
စရင်းချုပ်လိုက်တော့မှ ကြာသညပတေးနေ့ နေ့ လည်မှဆရာဝန်ရှေ့ မှောက်ရောက်ရတော့တယ်။
ဟိုမေးဒီမေး၊ဟိုစမ်းဒီစမ်းနဲ့ ၊အစာအဆိပ်သင့်တာတဲ့။ ဆေးတလုံးထိုးပေးလိုက်တယ်။
ဆေး၂မျိုး ဝယ်ရတယ်။ သွေးပြန်သန့်  ပေးတဲ့ဆေးနဲ့ ယားပျောက်ဆေး။ ဆေးသောက်ပြီးရင် အန်ချင်သလို
ဖြစ်မယ်တဲ့။ ကျမက အမဲသားဟင်း၊မစားဖြစ်တာ ဆယ်စုနှစ်လောက်ရှိရော့ပေါ့။ကျိုင်းတုံမှာတော့ အမဲလုံးခေါက်ဆွဲ ၂ခါတောင်စားသေးတာ၊ဘာမှမဖြစ်ဘူး။ သူတို့ ထဲ့တာတွေနဲ့ ကျမ ဘာမတည့် တာတွေ ဘာ သလဲ သိပါဘူးလေ...။စိတ်ထဲမှာတော့..အင်း....။
ကျမ ဆရာဝန်ကိုမပြောတာတခုရှိသေးတယ်ဗျားးးး။
ဘာမှန်းလဲသိဝူး...။Acorn အသီးကနေလုပ်ထားတာတဲ့...။
အချဉ်ရည်ကပဲပုပ်စေ့ချဉ်နဲ့ ပဲငံပြာရည်နဲ့ စိတ်ထဲမှာ ထိုဖူးသုပ်လိုစားကောင်းမှာဘဲဆိုပြီး၊
ဝယ်စားတယ်လေ..ပြီးခဲ့တဲ့အပတ်ကပေါ့။
မြင်ရတာတော့ စားချင်သလိုဘဲနော်..အရသာနဲနဲသက်သလိုပါဘဲ၊သိပ်အပျော့ကြီးမဟုတ်ဘူး။မာမာလေး။
Acorn အသီးတဲ့. |
ဒီလိုပေါက်တတ်ကရလည်းစားတတ်တာဘဲ။ ဆရာဝန်ကမေးတယ် စားနေကြမဟုတ်တဲ့ဟာတွေ စားမိသေးလားတဲ့..။ စားဘူးပေါ့..။ပြောလို့ ဘယ်ဖြစ်မလဲနော့်..။
အဲ့ဒီဓါတ်တွေနဲ့ ပေါင်းတာလား...ဘာလား...သိဝူးဗျို့ ။
ကျမကနဂိုကတဲက ခပ်ပျော့ပျော့၊ ရန်ကုန်ကမုန့် တီဖတ်တွေနဲ လည်းတည့်ဘူး။
တိုးရစ်ဂိုက်သင်တန်း တက်တုံးက ၁၉၉၉-၂ဝဝဝ ပတ်ဝန်းကျင်ကန့ဲ တူတယ်။ ဆူးလေဘုရားပတ်ဝန်းကျင်မှာပါဘဲ၊ ရုံးတခုမှာတက်ရတယ်။နေ့ လည်စားစရာမရှိလို့ အသုတ်စုံဆိုတာ သူများနဲ့ လိုက်စားမိပါတယ်။ အိမ်ရောက်တော့ အန်လည်းအန် အောက်ကလည်းထွက်၊ ချမ်းပြီး ချီးပန်းပါ တယ်။ ၂ရက်လောက်မထနိုင်ဘူး။ မုန့် ဟင်းခါးစားတိုင်း အကြော်နဲ့ ဟင်းရည်ဘဲ ထဲ့စားတယ်။ ရန်ကုန်မုန့် 
ဖတ်တွေကအချဉ်ဖေါက်ပြီးမှ လုပ်တာကိုး..ကျမနဲ့ မတည့်ဘူး။လူတယောက်ခံနိုင်ရည်တွေလည်း မတူနိုင်ကြပါဘူးလေ။ နောက်ပိုင်းမုန့် ဟင်းခါးခြောက်အဖတ်တွေတွေ့ ခါမှလုပ်စားနိုင်တော့တယ်။
အဲဒီမုန့် ဖတ်အခြောက်ကပိုသန့် တယ်။
ဒီတခါကျိုင်းတုံပြန်တော့ လိမ္မော်သီးဝယ်စားတာပေါ့။အရွှက်လေးတောင်ပါသေး။လှမှလှ။
အိုး..ဘယ်ပြောကောင်းမလဲ၊ အန်လိုက်တာ။ ပန်းလည်းပန်းတာပေါ့။ နောက်မှသိရတာ အဲ့လိမ္မော်သီးတွေက
တရုတ်ကလာတာတဲ့။ မိုင်းလားဖက်ကနေ အသီးဝယ်ရောင်းလုပ်နေတဲ့ကောင်မလေးပြောပြတာ၊ သူတို့
လိမ္မော်သီးဂို ဒေါင်သွားဖွင့်တာ ဆေးနံ့ နံလွန်းလို့ အသက်ရူတောင်ကြပ်တာတဲ့။ တနှစ်စာပတ်လုံး အထား ခံအောင်လို့  ဆေးတွေဖြန်းထားတာလေ..။ကျမတို့ ကအသီးကိုလက်နဲ့ ခွါပြီးစားပေမဲ့ ဆေးပေကျံနေတဲ့လက် ဆိုတော့ ပါးစပ်ထဲရောက်ကုန်တာပေါ့။ကျမတို့ တအိမ်လုံးဖြစ်တာ။ဒီလိုအဖြစ်အပျက်မျိုးတွေအများကြီးဘဲတဲ့။
ကဲ..အစားမတော်တလုတ်တဲ့...။ကိုယ့်ဝမ်းနဲ့ ကိုယ်ချင့်ပြီးစားကြရအောင်..။
သူ့ ဟာသူတော့ လှနေစားချင်စရာကောင်းပေမဲ့ ကိုယ့်ဗိုက်ထဲကျ ဝုန်းဒိုင်းကြဲနေလို့ လည်း စားလို့ ဖြစ်တော့ ဘူးပေါ့နော်..။
အရင်တုံးကတော့ လေတိုက်ပန်းပွင့်ချိန်ဆို နှာတရှုံ့ ရှုံ့ နဲ့ ကျမတော့ အဲဒီအလာဂျီရောဂါတခုထဲဘဲ၊
အခုတော့ အစားမတော်တာနဲ့ နောက်တခုတိုးလာပေါ့...။
စနေနေ့ မနက်ရောက်နေပြီ၊ ယားကုတ်နေတုံးပါဘဲ :P
တနင်္ဂနွေနေ့ ပွဲတခုသွားဖို့ လုပ်ထားတာတော့ပျက်ပြီ ထင်ပါရဲ့ ...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ
မီးမီး
ကိုယ်ကဒီကအလာဂျီတော့မရှိဘူး။ တခါတခါတော့အလာဂျီသဘောဖြစ်တတ်တယ်။ ကိုယ့်အရေပြားကအရမ်းယားလွယ်တယ်။ ခြင်ကိုက်ရင်သူများတွေဘာမှမဖြစ်ဘူး။ ဒီကအပိန့် တွေကျန်နေခဲ့ရော။ ချွေးများထွက်လို့ ကတော့လစ်တာနဲ့ ရေလေးဆွတ်သုတ်ပေတော့ဘဲ။ ယားလို့ လေ။
ReplyDeleteဒီလိုဆိုတော့ဖြနုနေလို့ လို့ တော့တလွဲမတွေးလိုက်နဲ့ အုန်းနော်။ ဖြူလည်းဖြူဘူး။ နုလည်းနုဘူး။
အစာအဆိပ်ကတော့ခဏခဏဖြစ်ဘူးလို့ ကိုယ်ချင်းစာတယ်။
မျက်နှာမှာအပိန့် တွေပေါက်ပြီး အလာဂျီတခါဖြစ်တုန်းက မီးမီးလိုဘဲ နူများသွားပြီလားလို့ စိုးရိမ်လိုက်တာ။
မြန်မြန်သက်သာပါစေလို့ ...
ကိုယ့်လက်တော့ကိုကလိထားတာ ခုမြန်မာစာပြန်ရိုက်လို့ ရနေပြန်ပြီ..
အိုင်အိုရာ
အိုင်အိုရာရေ့ ....
ReplyDeleteကျမကောလိပ်တက်တုံးကတော့ နံသာဖြူနဲ့ အလာဂျီဖြစ်ဖူးတယ်။
ခြင်ကိုက်ရာကစတာပါဘဲ။
ကုတ်ရင်းကုတ်ရင်းနဲ့ အနာဖြစ်လာလို့ ၊သူငယ်ချင်းက သူ့ ဘုန်းကြီးဆေးပေးမယ်ဆိုပြီး၊
ခေါ်သွားတာ။ဘုန်းကြီးကဆေးပေးပြီး နံသာဖြူနဲ့ မတဲ့ဘူးလို့ ပြောတာ၊
ကပ္ပိယက ဘယ်လိုနားကြားလွဲလည်းမသိဘူး။
နံသာဖြူနဲ့ အားပါးတရသွေးပြီးလိမ်းပေးလိုက်တယ်။
လက်မောင်း ၂ဖက်လုံးကောင်းကောင်းလူးပေးလိုက်တယ်လေ။
နောက်နေ့ ယောင်ကိုင်းပြီး အရည်တစီစီထွက်နေတာ၊တကဲ့အနှုအတိုင်းဘဲ။
အိပ်ယာကထလို့ တောင်မရဘူး။
တအားယောင်ပြီးတန်းနေတာလေ..။
အလေးသွားပြီး လက်နဲ့ ကွေးပြီးလုပ်တာတောင် မရလောက်အောင်ဖြစ်တာ။
၁ဝရက်လောက်ကြာတယ်။ထမင်းစားလည်းသူများခွံကျွေးရတယ်။
ငိုတာတောင်မျက်ရည်သုတ်ပေးဖို့ လူကလိုတယ်။
ဟီးဟီး..လက်ကကွေးမရဘူးလေ..။
အရေပြားသမားတော်ကြီးတွေနဲ့ ကုရတယ်။
ဆေးကိုဘန်ကောက်လှမ်းမှာပေးတယ်လို့ ပြောတာဘဲ။
စရင်းချုပ်လိုက်တော့ ကျမလက်မောင်း၂ ဖက်
ဆေးလောင်သွားပြီးနဲနဲမည်းရောင်ထနေတယ်။
ခုထိဘဲ...ဟူးးးးး
ခုတော့နံသာဖြူအနံ့ ကရူတာနဲ့ တကိုယ်လုံးယောင်ကိုင်းနေတတ်တယ်။
ကျေးဇူးတင်ပါတယ် အိုင်အိုရာ...ရေ...
Ma Mee Nage,
ReplyDeleteHow are you?
Khine
Khine..
DeleteNow,I am great :)
Thanks....
ဟား ဟား..လက်ကွေးမရတာကတော့ဆိုးချက်ကွာ။
ReplyDeleteကိုယ်လည်းဟိုးတလောကခါးကုန်းမရလို့ အဲလိုဖြစ်သေးတယ်။း)
အိုင်အိုရာ
ဟုတ်ပါ့..ကွေးလည်းမရ၊ဆန့် လည်းမရ၊
Deleteခပ်ခုံးခုံးပုံစံနဲ့ လေ..အဟီး။
ကိုယ့်နဲ့ သိတဲ့အမတယောက်ကဆိုအော်ရီရင်း၊
မေးရိုးပြန်ချလို့ မရဘူးတဲ့။
ပါးစပ် အဟလိုက်နဲ့ ဆေးရုံသွားရဖူးတယ်။
လူ့ လောက၊ရောဂါပေါင်းသောင်းခြောက်ထောင်နော်၊
မအိုင်အိုရာနော်..:P
မမီးငယ်ရယ် အလာ့ဂျစ်ဖြစ်တတ်ရင် cetrine လေးဆောင်ထားပါဦးနော် ။ သမီးလည်းမယ်အလာ့ဂျစ်လေ..။
ReplyDeleteကျေးဇူးပါဘဲ၊ညီမလေးရေ..
Deleteအဲ့လိုကြီးလဲတခါမှမဖြစ်ဖူးတော့၊လန့် သွားတာလေ။
ခုတော့ နဲနဲနားလည်လာပြီလေ..။
(အဟီး..ဖြစ်ပြီးမှ..)
I hope you feel better.. Sunday event was fun but don't worry, we have more events. There is another event at NJ temple this Sunday. Hope it doesn't rain. And there is another one at June 9. Same place at Queens.. :)
ReplyDeleteThank you TTW.
DeleteFor next Sunday,I hope to join.
But anyway its depend on his work.
This time every weekend has to work:(
Hope again no call from his work :P
It is a rain week in NJ. It will be difficult to walk outdoor at NJ temple. :(
DeleteYes, I heard from news.
DeleteSo,better stay home:P
have great weekend..:)
Daw Mee Yae....
ReplyDeleteSo coincidence,It is happening to me also.First, I thought 'cos of my new shower foam.Last night I applied thanakhar on it and I slept well.....But no ဘာမီတုံ..
Thanks for Sharing Your info...
Oh..you are.
DeleteI feel really how itch is terrible.
Now all are gone,back to normal.
Thanks for you are be my reader :)