ခမာအစားအစာတွေဆိုတာလည်း...ထိုင်းအစားအစာလိုလို၊ရှမ်းအစားအစာနဲ့ ဆင်သလိုလို..။
အားလုံးခပ်ဆင်ဆင်ဟင်းတွေပါဘဲ...။
ငါးအုန်းနို့ ဟင်းကိုတော့အရမ်းကိုကြိုက်နှစ်သက်ခဲ့ပါတယ်။
နဲနဲခက်တယ်နော်...။ကျမလုပ်စားရင် ခပ်သေးသေးအန်စာတုံးပုံစံလှီးချလိုက်တာဘဲ..။
နောက်နေ့ အန်ကောဝပ် ပတ်ဝန်းကျင်မှာ ထမင်းစားတော့ ငါးအုန်းနို့ ဟင်းကိုဘဲမှာလိုက်တာ..၊
သူ့ ပုံစံက ပိုပြီးစားချင်စရာလေးဗျ...။
ကြက်သားချဉ်စပ်ဟင်းရည်..ဆိုလား...။
နောက်တမျိုးက ဓါတ်ပုံဘယ်ရောက်နေလည်းမသိဘူး၊ အရွှက်စုံကို ငါးခြောက်ရိုးနဲ့  ဟင်းရည်လုပ်ထားတာ။
ပင်စိမ်းရွှက်လေးခပ်လို့ ..တကဲ့ရှမ်းဟင်းအတိုင်းဘဲ...။
စားပြီးသောက်ပြီး ဒီလို ဇိမ်ကြခဲ့ကြသေးတယ်...။
ကျမတူလေးစကားလုံးအတိုင်းပြောမယ်ဆိုရင်...တုံးလုံးလဲတယ်...ဆိုလား...။ထမင်းလုံးစီတယ်ဆိုလား...။
ကျမတင်မဟုတ်ပါဘူးလေ...ကားသမားတွေလည်းဂလိုလေးနဲ့  ဧည့်သည်စောင့်ကြတာ...
နောက်နေ့ လည်စာကြတော့ သူတို့ ရိုးရာဟင်းတွေနံမည်ကြီးတယ်၊ဆိုတဲ့ဆိုင်ကို ကားသမားခေါ်သွားပါတယ်။ ကြက်သားကန်စွန်းရွက်ချဉ်ရည်ဟင်းတဲ့...။
ပဲပင်ပေါက်ပဲပြားကြော်..။ရိုးရိုးလေးပါ..။ပုဇွန်ပါတာတခုပါဘဲ..။အန်ကောဝပ်ကိုမနက်၎ နာရီထသွားမယ်ဆိုတော့ ကျတို့ ကို ည ကတဲက မနက်စာပေါင်မုန့် ကြက်ဥ၊
အသားပြားတွေ အများကြီး ဗူးနဲ့ ထဲ့ပေးထားတယ်...။ဗူးကလည်းအကြီးကြီးဘဲ...။
စေတနာကောင်းလိုက်တာ...။
သူတို့ ရဲ့ ရိုးရာအက ယဉ်ကျေးမှု့ တွေကြည့်ချင်လို့ တာသွားတာပါ။
ရှိတာဘဲကြံဖန်စားလိုက်ရတယ်...။
တပုံတပင်ကြီးချန်ထားကြတယ်...အော်...လူတွေလူတွေ..။စည်းကမ်းမရှိဘူး...ဘဲ။
သူကပြောတယ်သကြားထဲ့ရင်အဆိပ်ဖြစ်သွားတယ်။သောက်ပြီးအန်မယ်၊သေမယ်..တဲ့..။
သူထန်းပင်တက်လာတာ နှစ်ပေါင်း ၃ဝ ရှိပြီတဲ့၊ လက်လေးပြရှာတယ်..။သနားပါတယ်။
ကို့ ရိုကားယားအဖွဲ့ (အဲလေ..ကိုးရီးယားတွေပေါ့) တဖွဲ့ လုံးသူ့ နားဝိုင်းအုံနေတာ..။
တယောက်မှမဝယ်သောက်ကြဘူး...။
ကျမတို့ သောက်တာကိုဘဲ..ပြူးကြည့်ကြောင်ကြည့်လုပ်နေကြတယ်..ဟင်း :(
လက်ဆောင်တွေ အိမ်ပြန်ဘယ်ချင်စရာတွေအပြည့်ဘဲ...။
ေေေေေေ တောရှောက်ရွှက်လို့ ဗမာလိုခေါ်တာလား..မသိဘူး...၊အဲဒီစိမ်းစိမ်းလေးကို...။
ကျမတို့ ရှမ်းတွေအရမ်းသုံးသလို ထိုင်းတွေလည်းတော်တော်သုံးကြတယ်လေ...။
အရောင်ကသဘာဝလေး..သိပ်ကြီးနီရဲနေတာဟုတ်ဘူးနော်...။
(မြန်မာပြည်မှာကျမနဲ့ သိတဲ့ငါးခြောက်လုပ်တဲ့ကောင်မလေးတယောက်ပြောဖူးတယ်။
သူတို့ ယမ်းနဲ့ ဟင်းချိုမုန့် ကိုအဓိကထဲ့တယ်တဲ့...:((((
ဈေးထဲမှာဆိုတော့ ရောင်းနေတဲ့ဆိုင်တွေကို ပြေးလွှားဖြတ်သန်းပြီးရှာရတယ်လေ...။
လေယာဉ်ကွင်းရောက်တောင်ကျေးဇူးရှင်က သွားမှာစားနေသေးတယ်...။
ပုံကသာလှတာ ..လုံးဝစားမကောင်းပါဘူး...။
လေယာဉ်ပျံပေါ်က အစားအစာ...အရင်လွန်ခဲ့တဲ့ ၁ဝနှစ်ပတ်ဝန်းကျင်ကဆို...၊လေယာဉ်ပေါ်က အစားတွေ
လွှတ်ကောင်းဘဲ..ပုဂံခွက်တွေလည်းကြွေနဲ့ လှမှလှ...။
လွှတ်ကောင်းဘဲ..ပုဂံခွက်တွေလည်းကြွေနဲ့ လှမှလှ...။
ခိုးကြလွန်းလို့ လား တွက်ချေမကိုက်တာလား...ခုတော့ စက္ကူ၊ပလပ်စတိတ်ဖြစ်ကုန်ပြီ...။
အထူးတန်းကြီးတွေမှာမှ သားသားနားနားတွေ့ ရတတ်တယ်..နော်...
ကဲ..ခေတ်ကြီးပြောင်းလဲသလို ...မယ်မီးလည်းအင်မတန်ပြောင်းလဲနေပါတယ်။
အပျင်းထူပြီး လုပ်ချင်ကိုင်ချင်စိတ်ကုန်ခမ်းနေတာပါ..။
ဟီး....ဒီပိတ်ရက်မှာလည်း ဘယ်မှမသွားရဘူး...။
အေးပါလေ...ခရီးပေါင်းမြောက်များစွာအကြောင်းတောင် ရေးလို့ မှမပြီးသေးတာနော့်...။
ဒီနေ့ သိသိတာတာပူလာလိုက်တာဗျာ...အဲယားကွန်းကြီးဖုန်ပြန်သုတ်အုံးမှ...^_^
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး
ပင်လယ်စာအစပ်ထဲကစိမ်းစိမ်းလုံးလေးတွေက ခရမ်းကစော့သီးလေးတွေလား။ ငရုတ်သီးလေးတွေလား။
ReplyDeleteအုန်းသီးထဲကငါးဟင်းလေးကိုယ်လည်းကြိုက်မှာဘဲ။
ဘိုစာကတော့မလွှဲသာမှစားချင်တာ။ ဘယ်တော့မှဦးစားပေးမစားဘူး။း)
မြန်မာပြည်နဲ့ တော်တော်ဆင်တယ်နော်။
အိုင်အိုရာ
မအိုင်အိုရာ..
Deleteအဲဒါ..ငရုတ်ကောင်းသီးနုနုလေးတွေလေ..
ဝါးပြီးကိုက်စားလို့ ကောင်းတယ်..။
ဖေါက်ကနဲအသံမည်ပြီး ပူပှူရှိန်းရှိန်းလေးပေါ့..။
ထိုင်းမှာလည်းအများကြီးသုံးတတ်ပါတယ်။
သူတို့ ဟင်းထဲ့ရင်အခိုင်လိုက်ထဲ့တတ်ကြတယ်။
ပင်လယ်စာမှာသုံးကြတယ်။
ထိုင်းငါးခူဟင်းတမျိုးမှာထဲ့တာအရမ်းစားကောင်းတာဘဲ..။
နောက်မှ..မအိုင်အိုရာကိုဓါတ်ပုံနဲ့ ပြမယ်လေ..။
:)
မမီးရဲ့  ပိုစ့်လေးတွေကို အမြဲစောင့်မျှော် အားပေးလျှက်ပါ။
ReplyDeleteနှင်းဖူး
ကျေးဇူးပါဘဲ..နှင်းဖူး..ရေ...။
DeleteMa Mee Nage!!!
ReplyDeleteKhine
ခိုင်...နိဗ္ဗာန်ဈေးနေ့ မှာတွေ့ ကြမယ်လေ..
Deleteလဘ္ဘရည်ကူရောင်းပေးမယ်..:)
ခမာတွေအစားအစာတွေက မြန်မာစာတွေနဲ့  တူတယ်နော်..ဒီစီနဲ့  မေရီလန်းမှာလဲ ပူတာ ကျွှပ်နေတာပဲ မမီးရေ...း)
ReplyDeleteစန်းထွန်းလေးရေ...
Deleteဟုတ်တယ်..လူတွေလည်းတူတာပါဘဲ..။
နဲနဲညိုကြတယ်လေ..။
မနေ့ ကစပြီးရုတ်တရက်ပူလိုက်တာနော်...။
အပြင်ထွက်ရင် အသားအရည်စပ်ဖြင်းဖြင်းနဲ့ ။
နေ့ တိုင်းအပြင်အားကစားသွားလုပ်တာ..။
ကွင်းထဲလမ်းလျောက်သွားတာနဲ့ လူကိုချွေးနဲ့ ရေချိုးတာကြနေတာဘဲ..:(
ငပိနံ့သင်းတဲ့ ချဉ်ရည်ဟင်းတွေ စားခဲ့တာတော့သတိရတယ်။ ဗမာချဉ်ရည်လိုပါပဲလို့တောင် တွေးလိုက်သေးတယ် အဲဒီတုန်းကလေ။ ဟင်းပုံတွေရိုက်ဖို့တော့အတွေးထဲတောင် မရှိခဲ့ဘူး :D
ReplyDeleteစူးနွယ်ရေ...
Deleteတောတောင်မြေတွေပါတူတယ်နော်...။
ပိုပြီးပူတာတခုဘဲ....။
နိုင်ငံခြားသားခရီးသွားအရမ်းကြီးကိုများတဲ့နေရာဘဲ။
ဟင်းဟင်း...ကိုယ်တယောက်ထဲရိုက်တာဟုတ်ဘူး..။
တချို့  documentary တွေလာရိုက် အစားအစာတွေကို
ရောသေသေချာချာ ရိုက်နေကြတာတွေ့ ရတယ်။
ကင်မရာမှ အကြီးကြီး ထောက်တိုင်နဲ့ ဘာနဲ့  :P
အဟီး..ကိုယ်လည်းကိုယ့်အချက်အလက်တွေကိုရှာဖွေရတာပေါ့နော့်...။
စထားမိပြီကိုး..ဟားဟား..။
မမီးပို့စ်ကိုဖတ်ရတာ အားရစရာ စားချင်စရာတွေအများကြီး ဗဟုသုတရစရာတွေလည်းပါတယ် မရောက်ဖူးတဲ့နေရာရောက်သွားသလိုမျိုး
ReplyDeleteမိုးငွေ့ လေးရေ..
Deleteစားစရာဆိုလို့ ၊တီဗီချယ်နယ်ထဲက ဟင်းချက်ဆရာကြီးအကြောင်းတွေ၊
ရေးမလားလို့ စဉ်းစားနေတာ..။
ကိုယ်ရောက်တဲ့နေရာတိုင်းရှာကြည့်တယ်။
တနိုင်ငံနဲ့ တနိုင်ငံ ကွဲပြားခြားနားတာတွေ ရေးအုံးမယ်လေ..။
yummy yummy.. feel hungry now..
ReplyDelete့haha...come and join next month in NJ Nibenzay..
Delete:)))
အန်တီမီးးး . . ရှယ်တွေ ပါလား .. . ဗဟုသုတလည်းရ . . သွားရည်လည်း တမြှားမြှားကျး))))))
ReplyDeleteခင်မင်စွာဖြင့်
ဗညားရှိန်
အိမ်လာလည်ရင်ချက်ကျွေးမှာပေါ့..:)
Deleteဒီဖက်ကိုလာလည်လေ...ဗညားရေ..