Thursday, February 27, 2014

သူခိုးလူမိသွားလေခြင်း....

မင်္ဂလာပါရှင်~~~


တခါတရံ "ခိုးရာပါအထုတ်နဲ့ တကွသူခိုးကိုလူမိသွားပါသည်" ဆိုသည့်သတင်းမျိုးဖတ်ရ ကြားရင်ဖြင့်၊ သူခိုးရင်ထဲဘယ်လိုမျက်နှာထားမျိုးနဲ့ရင်ဆိုင်မလဲလို့...တွေးမိခဲ့ပါသည်။ အနှီသူခိုးကိုမှ ကိုယ်ချင်းစာ
နာရပါသနည်းဆိုလျှင်လည်း မိမိကိုယ်တိုင် က်ျကဲ့သို့သော အတွေ့အကြုံမျိုးရှိခဲ့ဖူးပါသည်။  အဲ..က်ျသို့
ဆိုခဲ့လျှင်လည်း အများကမိမိကိုကဲ့ရဲ့ကြပါမည်။ "အဒိန်နာဒါနာ ဝရေမဏိ" ဟု မနက်တခါ ညတခါ ဖင်ဗူး
တောင်းထောင်ကုန်းရုန်းခါ တောင်ခုနှစ်အိမ်၊မြောက်ခုနှစ်အိမ်ကြားအော်ဟစ်ရှိခိုးနေသော မယ်ငီးသည်
ကား အလကားမမ ပါတည်း၊ ဟူရ်ျ တိုးတိုးတိတ်တိတ် အဖေ့ဘုတ်အုပ်တက်ကာကြိတ်ရေးနေကြပါ
လိမ့်မည်။ ၄င်းကဲ့သို့ အဖြစ်မခံနိုင်။

မိမိသည် မိမိ၏အတိတ်ဇာတ်ကြောင်းကို ကွန်ပြူတာပျက်လျှင် format ချသကဲ့ သို့သာပြုလုပ်လိုသော
စိတ်ဆန္ဒရှိပါသော်လည်း တကယ့်လက်တွေ့ဘဝတွင်ကား မဖြစ်နိုင်ပါ။ ထို့ကြောင့် အကျွန်ုပ်အလျှင် အမြန်ဖြေရှင်းချက် တစောင်ထုတ်ရန် လုံ့လပြုရ်ျ အားထုတ်ရေးသားရပါသည်။ ယခုအခါသာမညဝယ်
ကမ္ဘာ့လူသားများစွာတို့သည် မိမိတို့၏ ငယ်ဘဝ ကြီးဘဝ ခုဘဝ များစွာလှသောဘဝအကြောင်းကို ဘုတ်အုပ် ဟုမိမိနားလည်ထားသော သင်ပုန်းကြီးထက်ဝယ် နေ့စဉ် အက္ခရာတင်ရေးသားဖော်ထုတ်ခြင်း အမူ့ကို ပြုလုပ်ကြပေသည်။ မိမိနှင့်ပတ်သက်ရာများသည် မိမိထက်ဦးစွာ က်ျဖြစ်ရပ်ကို အက္ခရာတင်ခြင်း
မူ့ပြုခဲ့လျှင်ကား ဘုတ်အုပ်ထက်ဝယ် လူတကာ လက်ညိုးတို့ရာ ပက်လက်မျောရှာပေလိမ့်မည်။ မဖြစ်ချေပါ။

က်ျဖြစ်ရပ်မျိုးသည် ဖြစ်ခဲ့ပါသည်။အကျွန်ုပ်နေထိုင်ကျက်စားခဲ့ဖူးသောစားကျက်မြေတနေရာတွင် ဖြစ်ပျက်ခဲ့
ပါသည်။

အချိန်ကား မိမိဘဝ၏ နှင်းဆီဖူးလေးများသဏ္ဍန် ဖူးငုံလို့တဆယ့်ခြောက်နှစ်ပတ်လည် မလည့်တလည်
အချိန်ပေတည်း။ မိမိသည်( မယ်ငီးနံမည်..မိမိဟုပြောင်းခြင်းမဟုတ်ရပါ ^_^) တက္ကသီလာမြကျွန်းသာ ဟုတင်စားခေါ်ဝေါ်ရသော (ရန်ကုန်တက္ကသိုလ်မဟုတ်ပါ) သစ်ပင်ကြီးငယ်အုပ်ဆိုင်းကာ တက်ကြွသော လူငယ်လေးများ ပျားပန်းခပ်လူပ်ရှားခဲ့ဖူးတဲ့ အစဉ်စိမ်းလန်းစိုပြေတဲ့ အင်းယားလေးဒေသတွင် ကောလိပ် ဟူသော ကော့ကော့လေး လူးလိမ့်ပျော်မွှေ့ရာနေရာတခု၌ ပညာရည်ဆည်းပူးခဲ့ရပါသည်။ ထိုနေရာနဲ့
မနီးမဝေးသော နေရာတခုတွင်တနယ်တကျေးမှလာသော ကျောင်းသူလေးများ ရက်ပေါင်းများစွာ ညအိပ်
ခေါင်းချတည်းခိုရာ အဖြစ်အဆောင်ဟုခေါ်ဝေါ်သမုတ်သော ခြံကျယ်တခုရှိခဲ့ပါသည်။ ထိုအဆောင်သည် အစဉ်အဆက်ကာလကနှင်းဆီပန်းခြံများနှင့်လွန်စွာလှပတင့်တယ်ခဲ့သည်ဟူရ်ျကြားသိရသော်လည်း အကျွန်ုပ်တို့ သွားရောက်ခေါင်းချနေထိုင်သောအခါတွင် နှင်းဆီခြံမှ ကြက်မွေးသော ကြက်ခြံဘဝသို့ တမ ဟုတ်ချင်းပြောင်းလဲနင်းကီးဆိုက်သွားသည်ဟူသတတ်။
( Obama say Change :P ) (ဟမ်..ဘာမှလည်းမဆိုင်ဘူး..)

ထိုကဲ့သို့ ကြက်ခြံထဲကြက်ဘဝမရောက်မှီကာလ( ဟိုက်..ရှားဘားစ်..ဟုတ်ပေသေးဘူးလေ ) အထက်တန်း
ပညာကို ရန်ကုန်မြို့ရဲ့ အထက်တန်းကျလှစွာသော အထက်တန်းကျောင်းတကျောင်းတွင် ကျောင်းအိပ်
ကျောင်းစားဘဝနှင့်ဖြတ်သန်းခဲ့ရပါသည်။ တတိယထပ်တွင်အိပ် ဒုတိယအထပ်တွင်စာသင် အောက်
ဆုံးထပ်တွင် ထမင်းစား၊ အထပ်ထပ်နှင့်နေထိုင်ရပါသောကြာင့် အထပ်တန်းစားဟူရ်ျလည်းခေါ်ဆိုနိုင် ပါသည်။ က်ျကားစကားချပ်တည်း....။ အထပ်တန်းစားပညာသင်သားဘဝတွင် မြန်မာနိုင်ငံတလွှားအနယ်
နယ်အရပ်ရပ်မှ မတစ်ထောင်သား..(မှားပါသည်) မတစ်ထောင်သမီး များစွာနှင့်ဆက်ဆံရပါသည်။
အိပ် စား စာအံ ဟူသော ၃ရပ်သော ကြိယာပြုစရာသာရှိပေသော အရပ်တွင်နေထိုင်ခဲ့သောကြောင့် မိမိ
သည် (မယ်ငီးပါ..အဟီး) စားခြင်းဟူသော ကြိယာပုဒ်ကို အလွန်အမင်းနှစ်ချိုက်သဘောကျကာ၊ အိမ်အပြန် တွင်သာမက ယခုချိန်ထိ တစိုက်မက်မက်ရင်ဝယ်ပိုက်ခါနေခဲ့ပါသည်။

မိမိ၏အပေါင်းအသင်းများသည်လည်း ထိုနည်းလည်းကောင်းပါ။ ယခုအချိန်ကာလ ဘုတ်အုပ်တွင်ပြန်
တွေ့သောအခါ ၄တောင်ကွင်းထမိန်လည်း မဆန့်တော့ပါဟူသောစကားများအရ ၄င်းတို့က မိမိထက်ပိုရ်ျ
သဘာဝကျသော ပေါင် ၂ဝဝခန့် အလေးချိန်ရှိ ခန္ဓာပိုင်ရှင်များက သက်သေထူနေပါသည်။ မည်သို့ပင်
ဖြစ်စေကာမူ အထပ်တန်းစားဘဝမှ ကြက်သားဘဝကာလ(ဘွာတေး ဘွာတေး)...ကြက်ခြံနေကောလိပ်
ကျောင်းသူကာလအချိန်အထိ အတူတကွ လည်ပင်းဖက် စားဖက် အတင်းတုတ်ဖက် ဖြစ်ခဲ့ကြပါသည်။
မိမိတို့၏နံမည်အခေါ်အဝေါ်များသည်လည်း ငယ်နံမည်များ ငယ်ကျိုးငယ်နာများနှင့်သာ ခေါ်ဝေါ်သုံးစွဲလေ့
ရှိကြပါသည်။ ထိုအထဲတွင် တဦးသော ရောင်းရင်းစားဖက်တော်တယောက်သည် ဒင်း၏ကောက်ကွေး တွန့်လိမ်သောဆံပင်ကိုစွဲရ်ျသော်လည်းကောင်း နေထိုင်ရာမြို့ကိုအစွဲပြုရ်ျသော်လည်းကောင်း ကွေးကွေး ဟူသောအမည်ထွင်ပါသည်။ အနှီ ကွေးသည် အကျွန်ုပ်ကိုအလွန်မေတ္တာရှိ ချစ်ခင်ပေသည်။ ကျွေးမွှေး
တတ်ပေသည်။

ထိုကာလအချိန်သည် အကျွန်ုပ်တို့ဘဝတွင် "ဟင်းပုလင်း"ဟူသောအရာသည် ယခုခေတ် အိုင်ပက်အိုင်ပေါ့
ကဲ့သို့ပင်တည်း..။ ကင်းကွာရ်ျ မရစကောင်း။ မိဘများက လူကြုံတတန် ကားတတန် မိမိတို့ဒေသဆိုလျှင် လိမ်ပျံတတန် အတန်တန် ချက်ပြုတ်ကြော်လှော်ပေးလိုက်ကြသော အနှီ ဟင်းပုလင်းများ ရောက်ရှိ လာလျှင်မျှဝေစားသောက်ကြရသည်မှာ ထုံးတမ်းစဉ်လာတခုပါပေတည်း။ မိမိထံဆိုက်ရောက်လာသော
ဟင်းပုလင်းများသာမက လည်ပင်းဖက် စားဖက်များထံရောက်လာသမျှသော အရာများအားလုံးကိုလည်း
မိမိပိုင်ဆိုင် သက်ဆိုင်တကဲ့သို့ နားစွင့် ငေးမော မျှော်စား လုစားခဲ့ကြရပါသည်။ တနေ့သောအခါတွင်
စားဖက်တော် မယ်ကွေးထံ ဟင်းပုလင်းတလုံး ရောက်ရှိလာပါသည်။ ထိုသတင်းကိုကား မိမိမကြား သိလိုက်ရပါချေ။ ခြံဝန်းကြီးသည် ကျယ်ပြန့်သကဲ့သို့ ပိုင်ရှင်များသည်လည်း အမြင်ကျယ်ပါသည်။ သမုဒ္ဒရာတခွင်တွင် ကျွန်းငယ်လေးများကဲ့သို့သော အခန်းများစွာဖွဲ့ထားပါသည်။ တောင်ဖက်စောင်းတစု၊ အနောက် ဖက်တတွဲ၊ အရှေ့ဖက်တခြမ်း ဆိုတကဲ့သို့ မြွေလိမ်မြွေကောက်များစွာနှင့် တခန်းဝင်တခန်းထွက် ရန်အဆင်မပြေလှပါ ။ကြက်ခြံကြီးသည်လည်း အလည်ဗဟိုတွင်ခန့်ခန့်ညားညားတည်ရှိနေပါသည်။ စာရင်းချုပ် ဆိုရသော် မယ်ကွေးအခန်းသည် အရှေ့ဖက်အခြမ်းတွင် တည်ရှိပါသည်။ မိမိသည်ကား
တောင်ပင်လယ်စားသခင်ဖြစ်ပါသည်။ 


မိမိ၏ လည်ပင်းဖက်များသည် ကေတုမတီတိုင်းဌာနီမှ ပျိုမေတသိုက်မကသော အအုံအကျင်းလိုက်ဖြစ် ကြပါသည်။ ၄င်းတို့သည် မယ်ကွေးနှင့် ကပ်ရပ်အခန်းကျွန်းစုတခုထဲကဖြစ်ကြပါသည်။ အိုင်ပွတ်ရုံမျှသတင်း ရခြင်းခေတ် မဟုတ်သော်ငြားလည်း က်ျသတင်းကားလျှင်မြန်စွာ မိမိနားထဲဝင်ရောက်လာပါသည်။
( အိုင်ပွတ်=G4ဖုံးပွတ်ခြင်း)


နောက်ဆက်တွဲသတင်းတခုကားမယ်ကွေးသည် ၄င်းတို့၏ ပုလင်းများဖွင့်လျှင်အနားကပ်လာသော်လည်း သူ့၏ပုလင်းကိုကား သစ်သားသေတ္တာထဲ့ထည့်ကာ လုံခြုံစွာ သိမ်းဆည်းထားခြင်းဖြစ်ပါသည်။ ထိုခေတ်
ကာလ အဆောင်အခန်း ဆိုသည်ကား အထပ်သားနံရံပြားလေး ထောင်ကာထားသော တန်းလျှားရှည်
ကြီးပင်ဖြစ်ပါသည်။ အောက်စလွှတ်ရ်ျ အထက်လည်းပိတ်ထားခြင်းမရှိပါ။ ကုတင်ပေါ်တက် ရ်ျခြေ
ဖျား
ထာက်ခါ စကားပြောခြင်း အတင်းပြောခြင်းများ အေးဆေးစွာပြုလုပ်နိုင်ပါသည်။ ကေတုမတီမမများသည် ပိန်သေးညှက်စိခန္ဓာပိုင်ရှင်မိမိကို မြှောက်ပင့်ပေးပါသည်။ ၄င်းတို့အခန်းမှ မိမိကိုပင့်ရ်ျ မယ်ကွေးအခန်းထဲ အခန်းကန့်ထားသောအပေါ်မှဝင်သွားရန် အကြံကောင်းများပေးပါသည်။ အများသူဌာမြောက်ပင့်ပေးလျှင် တက်အောင်ကတတ်လေသောဝါသနာရှိသည့်မိမိသည်လည်း....။
တနေ့သောအခါ မယ်ကွေးသည် ၄င်း၏အခန်းအားသော့ပိတ်ခါ အဆောတလျှင်နှင့် အပြင်ဖက်သို့ ထွက်ခွါ
သွားပါသည်။ အချိန်ကောင်းဖြစ်ကြောင်းသဘောတူကြပြီးလျှင် မိမိအားဝိုင်းမပင့်ကော်ရ်ျ မိမိသည်လည်း အခန်းထဲ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိသွားပါသည်။ ၄င်းတို့ရည်ညွှန်းသော သစ်သားသေတ္တာကို
ဖွင့်လှစ်သောအခါဝယ် ငါးခြောက်ထောင်းကြော်ပုလင်းသည် လှပခန့်ညားစွာ တည်ရှိနေ ပါသည်။ မိမိသည် ပုလင်းဖွင့်ကာ လက်ညိုးဖြင့် တကော်မျှအမြည်းသဘော စားသောက်နေပါသည်။ထိုအချိန်တွင်...
" ဟား...ပြန်လာပြီ ပြန်လာပြီ ပြေးပြေး..ဟူသောအသံနဲ့ တကွ ဝုန်း..ဒုန်း..ဒိုင်း ပြိုလှဲသောအသံများ၊
ကလောက် ဟူသောအသံသည် နောက်ဆုံးဖြစ်ပေသည် " (ကလောက်=သော့ဖွင့်သံ)အကျွန်ုပ်သည်
ဟင်းပုလင်းနှင့်တကွ ကုန်းကုန်းကွကွ ပလုပ်ပလောင်း....ဟောင်းလောင်းဟောင်းလောင်း~~~~~

(ဟောင်းလောင်းဟောင်းလောင်း=ပါးစပ်ဟောင်းလောင်းဟလေသည်)
ကိုင်း...မိတ်ဆွေများ အကျွန်ုပ်ရင်ထဲ ခေတ္တခဏဝင်ကြည့်ရ်ျခံစားပေးပါရန်.........

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
မီးမီး
( စာရေးဟန်ပြောင်းပါလားဆိုလာသူ မိတ်ဆွေကြီး နန်းကြည် အတွက် ကြိုးစားပမ်းစား)


Monday, February 24, 2014

Walt Disney အပန်းဖြေကစားကွင်း..

မင်္ဂလာပါရှင်~~~
Walt Disney ဆိုရင် ခလေး လူကြီးလူငယ်မရွှေးသိကြပါတယ်။ သူရဲ့ကာတွန်းရုပ်ရှင်ဇာတ်ကားကားတွေနဲ့ ကျမတို့အားလုံး ကြီးပြင်း လာခဲ့ကြရတယ်လေ။ အခု ဒီအရွယ်ရောက်နေပေမဲ့ တချို့ သူ့ဇာတ်ကားတွေ ကိုစွဲလမ်းတုံးနှစ်သက်စွာနဲ့ အားပေးနေဆဲပါဘဲ။ သူ့ရဲ့ ကစားကွင်းတွေထဲ တကယ်တန်း သွားလည်ရတော့ မယ်ဆိုတော့ စိတ်ထဲမယ်ကလေးကလားဆန်လွန်းနေပြီလားလို့ ပထမထင်ခဲ့တယ်။ နောက်ပြီး သိတာက လည်း Walt Disnesy တခုဘဲသိတာကိုး..။နောက်မှ အများကြီးရှိပြီး ဘယ်နေရာကို သွားရမှန်းတောင် မရွှေးတတ်ပါဘူး..။
လူတွေတိုးမပေါက်ပါဘူးဆို..ဒါတောင်ကြားရက်ဖြစ်ပါတယ်...
ဒီတခါ Walt Disney ရဲ့အကြောင်းပြောပြတဲ့နေရာမှာ သူ့အကြောင်းထက် ဒီအပန်းဖြေစခန်းအကြောင်းကို အဓိကထားပြီး ပြောပြချင်ပါတယ်။ ဒီကမ္ဘာကျော်အပန်းဖြေစခန်းကိုစတင်တည်ထောင်တဲ့ ပုဂ္ဂိုလ်ကြီး
ကြောင်းကို ရုပ်ရှင်မှာ အခုရုံတင်နေပါပြီ ၊ စိတ်ဝင်စားရင်ဖြင့် စောင့်သာကြည့်ကြပါ။ ကျမတော့မကြည့်ရ
သေးပါဘူး။


ကဲ..သွားလည်ချင်တဲ့ မိတ်ဆွေများအတွက် သွားခါနီးနဲနဲပါးပါးသိထားရအောင်လို့ ပြောပြရအုံးမယ်။
Theme parks ကိုကျမတော့ ကစားကွင်း၊အပန်းဖြေနေရာလို့ဘဲ ဗမာစကားနဲ့ဒီလိုခေါ်တတ်ပါတယ်။ဒီနေ
ရာမှာ
Theme parks က ၄ ခုခွဲထားတယ်။ တခုချင်းထဲမှာလည်းစိတ်ဝင်စားစရာလည်စရာအများကြီးပေါ့။
နောက်ပြီး Water parks ဆိုပြီး နောက် Parks ၂ ခုရှိသေးတယ်။ သူကတော့ရေနဲ့တချိန်လုံးကစား ချင်တဲ့ သူတွေအတွက်ပေါ့။ နွေရာသီဆိုရင် ဖလော်ရီဒါကအရမ်းပူပြင်းတာဆိုတော့ နွေဖက်မှာတအားစည်တာပေါ့။


Walt Disney World Resort ခေါင်းစဉ်အောက်မှာ ရှိတဲ့ Walt Disney ရဲ့ အဓိက ကစားကွင်းတွေ ကြည့်ရအောင်..။
ကျမတို့ Tour ဝယ်တုံးကဆိုပါတော့ နားမလည်ဘူး၊ Magic Kingdomကိုမရွှေးဘဲ Epcot ကိုရွှေးခဲ့တယ်။
Epcot ကတိရစ္ဆာန်တွေနဲ့ နောက်..ဟီး..ရီရတယ် ပြောရင်လည်းငတ်ကြီးကျလွန်းပါတယ်။ အဲဒီက အစား
အသောက်အရမ်းကောင်းပြီး ကမ္ဘာကျော်ပါသတဲ့။ နိုင်ငံတကာအစားအသောက်တွေရတယ်လေ။ စာထဲ
ဖတ်လို့သိတာပါ။ အစားလည်းခပ်ငမ်းငမ်းဆိုတော့ Epcot ပေါ့။ ဟိုရောက်တော့ လေယာဉ်ကွင်းလာကြိုတဲ့
Guide ကပြောပါတယ်။ Magic Kingdom ကအခရာဘဲ..တကဲ့ Walt Disney ကိုရောက်တယ်လို့ထင်မှာတဲ့

ဟင်း..ဘယ်လိုလုပ်မလဲ...ရပါတယ်တဲ့။ဂိတ်ဝမှာ လက်မှတ်ကို ပြောင်းချင်တယ်လို့ပြောပြီး အလိုက်ပေးရ
တယ်တဲ့။ ပိုက်ဆံအလိုက် ၂ယောက် ကို နောက် ၁ဝ ကျော်လားမသိဘူးထပ်ပေးရပါတယ်။

Water parks

ရေနဲ့မှ ကစားချင်ပျော်ပါးချင်သူတွေအတွက်တော့ water parks သွားကြပေါ့ရှင်...။ 

ဟော်တယ်ကနေ မနက်တိုင်းဘတ်စ်ကားနဲ့ အပန်းဖြေစခန်းတွေကို အခမဲ့ ဘယ်ယူပို့ဆောင်ပေးပါတယ်။
ဟော်တယ်တော်တော်များများ ဒီဝန်ဆောင်မူ့ပေးပါတယ်။ ဒီ Magic Kingdom အတွက်ဆိုရင် ၃ခေါက်

တောင်ရှိပါတယ်။ ကျန်တဲ့ခရီးစဉ်တွေကျတော့ တနေ့တခေါက်ပါဘဲ။ ကျမတို့ကဒုတိယအခေါက်နဲ့ လိုက်ပါ တယ်။ပထမအခေါက်ကစောလွန်းတယ်။ အပြန်လည်းနောက်ဆုံးအခေါက်က ည ၁၂ နာရီအထိရှိတယ်။ 
အထူးပွဲတော်ရှိတဲ့အချိန်ဆိုရင် ပြီးတဲ့အထိ ည ၂နာရီတွေဘာတွေအထိပေါ့ လာကြိုပေးတာတဲ့။
ကျမတို့က ဒီနေ့နောက်ဆုံးလည်တဲ့ရက်ဆိုတော့ နဲနဲမောဟိုက်နေပြီလေ။ Magic Kingdom က ရက်လည်းရွှေးရသေးတယ်။ စနေ တနင်္ဂနွေလိုနေ့မျိုးရှောင်တယ် တိုးမပေါက်ဘူးလေ။ ဗုဒ္ဓဟူးနေ့ ဆိုရင်မီးရူးမီးပန်းလွှတ်တယ်ဆိုတော့ အဲနေ့ကိုရွှေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်ထိလည်းမစောင့်နိုင်ခဲ့ဘူး။

ဟော်တယ်မှာ မနက်စာစားပြီး လာကြိုတဲ့ Bus နဲ့ သွားကြပါတယ်။ ဒီနေ့ ရာသီဥတုပူမယ် ဆိုပြီးဘောင်းဘီ တို အင်္ကျီတိုပြင်ဆင်ထားပြီးခါမှ လေကတိုက် မိုးကရွှာမလို့ အုံ့မိုင်းနေတာ ရိုးထုတ်မဲ့ အကြံပျက်သွားပါ တယ်လေ။ ချစ်ချစ်ကြီးအတင်းဝတ်ခိုင်းတဲ့ လက်ရှည်၊ဘောင်းဘီရှည်တွေဝတ်ရပြီး တလမ်းလုံး ပွစိပွစိရေ
ရွှတ်လာခဲ့ရတယ်။ အော်..မိန်းမများ အရွှယ် ၃ပါးမရွှေး လှချင်ကြပါတယ်ရှင်.. ^_^

ဘတ်စ်ကားရပ်ပေးတဲ့နေရာမှာ နံပါတ်တွေရေးမှတ်ထားတာရှိတယ်။ အပြန်မှာဘယ်အချိန် ဘယ်နံပါတ်မှာ ကားကိုလာစောင့်နေရုံပါဘဲ။ ကားရပ်တဲ့နေရာနဲ့ ဂိတ်ဝ နဲနဲလှမ်းပါသေးတယ်။ ဂိတ်ဝက လက်မှတ်ရောင်း တဲ့ကောင်တာကလည်းတမျှော်တခေါ်၊ တန်းထားတဲ့မြွေလိမ်မြွေကောက် လမ်းတွေကလည်း ဝင်္ကဘာ အလား၊ နွေအခါဆိုရင် ဒီနေရာမှာတင် နာရီနဲ့ချီအောင်တန်းစီရတာတဲ့။ အွန်လိုင်းကဝယ်ထားတာဖြစ်ဖြစ်
တဦးချင်းစစ်ပြီး လက်မှတ်ကို scan ဖတ်ထားရတာလေ။

 
အဲဒီနေရာကနေဝင်သွားရင်လည်း မရောက်သေးပါဘူး။ ရှေ့မှာရေကန်အကြီးကြီးတခုရှိနေပါသေးတယ်။
တကဲ့အပန်းဖြေစခန်းရောက်ဖို့ လမ်း ၂သွယ်ရှိပါသေးတယ်။ ရထား(သို့မဟုတ်)သဘောင်္။ ရထားကစွေ့က နဲဆိုရောက်မှာမို့လို့၊ တန်းစီနေပြီး ကိုယ့်အလှည့်ရောက်ခါနီးမှ ပြန်လှည့်ထွက်လာခဲ့ တယ်။ နောက်က လူတွေကမေတ္တာတွေပို့လို့း))) သင်္ဘောနဲ့ သွားခဲ့ပါတယ်လေ။
သဘောင်္က၂စီးတောင်ရှိပြီး သူ့အချိန်နဲ့သူထွက်ပါတယ်။ လူလည်းသိပ်မရှိဘူး။ ရေကန်ပတ်ပတ်လည် မှာ လည်း Disnesy ဟော်တယ်တွေ ဆောက်လက်စရော အများကြီးတွေ့ရတယ်။ ကျမတို့ အဲဒီဟော်တယ်မှာ
ကြိုတင်ဘွတ်ကင်တင်ပေမဲ့လည်း Full house တဲ့။ ဒါကြောင့် တနှစ် လူသန်း ၂ဝ ဒီမြို့ကို လာလည်ကြ တယ်ဆိုတာ ထူးဆန်းဖွယ်ရာမဟုတ်ပါဘူးလေ..။

ခေါင်မိုးစိမ်းပြာရောင်အပေါ်မှာမြင်ရတာကရထားဖြစ်ပါတယ်။
သူတို့ဟော်တယ်မှာတည်းရင် ဈေးကပိုချိုပြီး Parks တွေကိုလည်း အပို့အကြို အမြဲရှိတယ်။ Parks ဝင်တဲ့လက်မှတ်ကလည်းအမျိုးမျိုးရှိပါတယ်။ တရက်စာ ၃ရက်စာ တခါဝင် တပတ်လုံးဂတီးတီးဝင် တလစာ..ဘာတွေမှန်းကိုနားမလည်အောင် အမျိုးမျိုးရှိပါ့..။ သင်္ဘောပေါ်ကနေဆင်းတာနဲ့ နောက်တဂိတ် အဲ့နေရာက ပစ္စည်းတွေစစ် လက်မှတ်စစ် တဲ့နေရာပေါ့။
ဂိတ်ကထွက်တာနဲ့ လူတော်တော်များများ ဓါတ်ပုံရိုက်ကြ Twist ကြ FB  ကြ နဲ့ပေါ့..အော်.. .ခေတ်ကာလ ကြီးအလိုက်ပေါ့ရှင်..ဒီနေရာဝင်ဝမှာ အားလုံးဓါတ်ပုံရိုက်မှအထဲပေးဝင်တယ်လို့ သတ်မှတ်ချက်ရှိထားသ
လိုဘဲ...ဟီး..အားလုံးဓါတ်ပုံရိုက်ကြတယ်..။

ရှိသမျှနေရာဝင်မယ်ဆိုရင် တရက်ထဲနဲ့ ဘယ်လိုမှ အချိန်မလောက်ပါဘူး..။ Guide က ဝင်ရမဲ့နေရာကို
မြေပုံမှာတခါထဲ မှင်နီနဲ့ဝိုင်းပြထားပေးခဲ့တယ်လေ..။

ကိုယ်ကနောက်တရွက်ယူပြန်ကူးပြီးဝိုင်းထား တယောက်မြေပုံတရွက်နဲ့ ဟိုဖက်သွားရမလိုလို ဒီဖက် လိုက်ရမလိုလိုနဲ့ ငြင်းကြခုံကြနဲ့..ဟူး..
မိတ်ဆွေတို့သွားမယ်ဆိုရင် ဘယ်နေရာကိုသွားမယ်အချိန်ဘယ်လောက်သုံးမယ်ဆိုတာတွက်ချက်လို့...
ပေါ့ပါးသောအဝတ်အစားများ ဦးထုတ်ဖိနပ်တွေဆောင်ပြီးသာသွားကြပါလို့...နောက်တခါမှ..အထဲက
အကြောင်းတွေ အာလူးဖုတ်ကြတာပေါ့..ခုတော့ ဂိတ်ဝမှာထားခဲ့လိုက်ပြီနော်..း))))))


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Thursday, February 20, 2014

ရေခဲရိုက်တောချက်...ငါးဟင်းတခွက်..

 
မင်္ဂလာပါရှင်~~~
ရေခဲရိုက်ထားတဲ့ငါးတွေကို တခါတလေအရေးပေါ် အိမ်မှာချက်စရာတွေကုန်သွားရင် (ခဏခဏ ခရီးရက်ရှည်ထွက်တော့ ရုတ်တရက်ပြန်လာတဲ့နေ့ဆိုရင် ရေခဲသေတ္တာကဟောင်းလောင်းဖြစ်နေပါတယ်) အဲလိုမျိုးကြရင်ချက်စားဖို့ ဝယ်ထားရတတ်ပါတယ်။

ဒီလိုတထုတ်လောက်ဝယ်ထားရင် စားပါလေ့..တမေ့တမော..ရခိုင်မုန့်တီချက်ချင်လည်းရပါတယ်။ ကျမတော့ ငါးမှုန့်(ကျမရဲ့ဟင်းခပ်မှုန့်ပုံစံ ငါးကိုလှော်ပြီးပုဇွန်ခြောက်မှုန့်လိုသုံးတာပါ) ဒီမှာ ငါးနဲ့ ငါးပိကြော်
လုပ်တာတခါရေးဖူးပါတယ်။

 အပိုင်းကြီးတွေပိုင်းပြီး ဆား၊အရောင်တင်မှုန့်၊ငရုတ်ကောင်း နဲ့ခဏနှပ်ထားလိုက်ပါ။
 ကော်မှုန့်နဲနဲလေးနဲ့ ဖြူးပြီး...
 ဆီပူပူမှာခဏလေးကြော်လိုက်တယ်။ ဟင်းချက်ရင်ကြေသွားကြမှာစိုးလို့ပါ။
ဟော..အားလုံးနဲနဲစီပါဘဲ..အနှစ်များရင် ပြစ်ခဲနေတာမျိုးကြတော့ ငါးဟင်းနဲ့သိပ်မလိုက်ဘူး..(ဟီး... ကိုယ်
စိတ်ထင်တာပါ)

တောသားချက်တော့ တောဟင်းပေါ့ရှင်..။ပေါ့ပေါ့ပါးပါး တောငါးဟင်းလေးတခွက်ပါရှင်...ဆီလည်းသိပ်မ
များဘူး..ကျမက ပဲငံပြာ ရည်လေးနဲနဲခပ်လို့ အရောင်ညိုတိုတိုလေးဖြစ်တာပါ။ ဟင်းတွေချိုပြီး အရသာ ရှိဖို့က ပဲငံပြာရည်ရယ်ငါးငံပြာရည်ရယ် ဆားရယ် ကျမတော့ ဒီ၃ မျိုးအဓိကထားသုံးလေ့ရှိပါတယ်။ ကိုယ်တိုင်လုပ် ငါးမှုန့် နဲ့ပုဇွန်မှုန့် ကိုဟင်းချိုရည်တွေချက်ရင်ခပ်ဖို့ထားပါတယ်။ ဒီခေတ်ကြီးမှာ အစား
အသောက်တွေက ဓါတုဆေးတွေနဲ့ သိပ်မစိမ်းကြဘူးလေ..။ မရှောင်နိုင်ရင်လည်း ကိုယ်ဘဲ ခံရမှာ။ 

မြန်မာပြည်က ပုဇွန်ခြောက်ကိုတော့ အခုနဲနဲကြောက်နေပြီ။ အရောင်ဆိုးကြတယ်တဲ့။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
မီးမီး

Monday, February 17, 2014

ငါးနီတူခြောက်နဲ့မြေပဲဆံအစပ်ကြော်..

မင်္ဂလာပါရှင်~~~
ကျမရဲ့ ချစ်လှစွာသော မိတ်ဆွေကြီးတယောက်က ဘာလို့ဟင်းတွေမချက်ပြတာလဲ..တဲ့။ ခက်ပြီ..
ဒီကလည်း ဟင်းချက်ခပ်ညံ့ညံ့။ ဒါနဲ့ ဒီနေ့ ငါးနီတူခြောက်လေးတွေ နဲနဲကျန်နေတာကို ဘယ်လိုချက်စား ရပါမလဲ ဆိုပြီး စဉ်းစားခန်းဖွင့်လိုက်တာ၊ ၁၆နှစ်တရက်လျှော့အရွှယ်က အမေဟင်းဗူးတွေ အမြဲလုပ်ပို့ပေး ခဲ့တဲ့ ပဲပုပ်နဲ့မြေပဲဆံကြော်ကို သတိရပြီး ကြော်လိုက်တယ်။ 


လက်ဝင်တယ်လို့ပြောရမှာဘဲ။ ဒါပေမဲ့ တကယ်ကောင်းတယ်ဗျား...ကျမနည်းလေးပြောပြမယ်..။
ငါးနီတူခြောက်တွေကို ပထမဦးဆုံး လှော်ပါတယ် နှမ်းဆီနဲနဲလေးဖြန်းပြီး မီးအေးအေးနဲ့ပေါ့။ အားလုံးက
စိတ်ရှည်ရတဲ့အဆင့်တွေချည်းပါဘဲ။ ကြွတ်လာရင်ဆယ်ထားပြီး ဆီထဲ့ ကြက်သွန်နီကြော်.. ဒါလည်းဘဲ ပြီးရင်ပုဂံလေးတခုထဲခပ်ထား နောက်မှ ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာလေး ထဲ့ငရုတ်သီးတွေထဲ့
ကျမက ငါးနီတူခြောက်ကို ကကြီးဆိုင်မှာဝယ်စားတုံးက သူတို့အညွှန်းအတိုင်းဆို ပဲငံပြာရည်လေးနဲနဲထဲ့
ပါတယ် နောက်နှမ်းဆီနဲနဲ ဆားနဲနဲ..ဒါဆို အိုကေပြီ၊ ကြက်သားမူန့်တို့ ဟင်းချိုမူန့်တို့ဆိုတာအလကား ဟင်းအရသာပျက်တယ်မထဲ့နဲ့ ၊(ဟီး..ကျမဆီမှာမရှိလို့လေ) ကြိုက်တတ်ရင်ဖြင့်ထဲ့ကြပေါ့။ငါးနီ
တူခြောက် နဲ့ လှော်ထားတဲ့ မြေပဲဆံ တခါထဲ ထည့်လိုက်တာဘဲ...ဟော..မြင်တဲ့အတိုင်းဘဲ...မွှေးကြိုင်လိုင်နေတဲ့ ဟင်းကပ်တခွက်ရပြီ။ မနက်ထမင်းကြော်နဲ့ ကပ်စားလည်းရတယ်။ ပေါင်မုန့်ကြားထဲညှပ်ပြီး ဆန်းဝှစ် လုပ်မလား ပဲဟင်းရည်လေးနဲ့သောက်ပြီးကပ်မလား..အားလုံးရပါပြီ...
ကဲ...ဒေါ်ကြီးခိုင်...ချက်ပြပြီနော်...

အားလုံးဘဲရွှင်လန်းခြမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Friday, February 14, 2014

အပိုလိုယာဉ်များနဲ့ ကနေဒီစခန်း

မင်္ဂလာပါရှင်~~~
လကမ္ဘာပေါ်လူအခြေချခဲ့တာ ၁၉၆၉ ခုနှစ်ကတဲကပါ။ အဲတုံးကသွားခဲ့တဲ့အပိုလိုယာဉ်နဲ့ အမေရိကန်လူမျိုး အမ်းစထောင်းဆိုတာကျမတို့ငယ်ငယ်ကတဲကအမြဲကြားဖူးခဲ့ကြတာပေါ့။ အဲဒီအပိုလိုယာဉ်ကြီးကို မြင်တွေ့
ချင်ရင်တော့ဖြင့် ဒီနေရာ  V Center ကိုအလည်ရောက်အောင်သာသွားလိုက်ပါ။ ဒီတခါတော့ဟိုးအရင်
Post တွေရဲ့အဆက်ပေါ့ရှင်..ဘတ်စ်ကားနဲ့ လည့်ပတ်ပြီး ဒီ V Center
ရှေ့မှာ ကျမတို့ကိုချထားခဲ့ပါတယ်။

အဝင်ဝကအခန်းရှေ့တခုမှာ အားလုံးတိုးခွေ့ပြီးခဏရပ်စောင့်ရပါတယ်။ နောက်မှ အခန်းတံခါးဖွင့်ပြီး အခန်း ထဲမှာရှိတဲ့ပတ်ပတ်လည် နံရံကပ်ပိတ်ကားရှေ့မှာရပ်ကြရတာပေါ့..စခန်းတခုလုံးဒီလိုတွေချည်းဘဲ.. 

ကဲ... လူစုံရင် တက်ကုန်ဖွင့်လှော်ကြတာပေါ့..အဲလေ..ဓါတ်ပြားဟောင်းတွေဓါတ်ရှင်တွေဖွင့်တာပေါ့..
ဒီအပိုလိုယာဉ်စခန်းကြီး ဘယ်တုံးကဘယ်လို စတင်ဖြစ်ပေါ်လာတာတွေ တခါကကျမပြောခဲ့သလိုပေါ့ 
အာကာသပေါ်ကိုဂြိုလ်တုတွေလွှတ်တင်တာက ပထမဆုံး ရုရှားတွေပါ။ အမေရိကန်တွေက မခံချင်စိတ်နဲ့ 
ပျာယီးပျာယာလေ့လာတော့ ဒီလကမ္ဘာပေါ်ပထမဦးဆုံးခြေချဖို့ အခွင့်အရေးလက်လွတ်မခံနိုင်ဘူးလေ။ 
စစ်အေးတိုက် ပွဲလို့ခေါ်တဲ့ကာလမှာတော့ သမတ ကနေဒီရဲ့အဓိကရည်မှန်းချက် က (Appollo Kennedy 
အပိုလိုပရိုဂရမ် လို့ အများကသိထားကြပါတယ်) လကမ္ဘာပေါ်မထမဦးဆုံးခြေချဖို့ပါဘဲ။ သူ ကွန်ကရက်
မှာ ၁၉၆၁ ကတဲကဒီအစီအစဉ်ကိုတင်ပြခဲ့ပါတယ်။


သူပြောခဲ့တဲ့စကားတွေထဲမှာ "none will be so difficult or expensive to accomplish." ဒါလေးက သဘောကျစရာလေးပါ...အတိုကောက်ပြောရရင်ဖြင့်....ကုန်ကျစရိတ်ကြီးတယ် ခက်ခဲတယ်ဆိုတာ
ဒီပရောဂျက်ကြီးထဲမှာမရှိစေရဘူး..တဲ့။ တကယ်ဖြစ်အောင်တကယ်လုပ်ခဲ့တော့တကယ်ဖြစ်ခဲ့တာပေါ့လေ ဒါကြောင့်သူ့ကိုဂုဏ်ပြုပြီး ဒီစခန်းကို ကနေဒီစခန်းရယ်လို့နာမည်ကင်ပွန်းတပ်ခဲ့ပါတယ်။
ပြီးတော့ အဲဒီတုံးက ဒီအာကာသစခန်းကိုထိန်းချုပ်တဲ့ စက်တွေ ထားတဲ့အခန်းထဲ သွားပြီးလေ့လာရပါတယ်
အရင်ခေတ်ကစက်တွေပေါ့...စက်နိုးပြပြီး တကဲ့ဒုံးပျံ ဂြိုလ်တုတွေတက်ရင် စက်တွေအလုပ်လုပ် တဲ့အတိုင်းပြပါတယ်...

ခုခေတ်ခလေးတွေပြောတဲ့စကားလိုပြောရရင်တော့.. cool  ပေါ့လေ..^_^
နောက် တခန်းထဲဝင်လိုက်တာနဲ့..အိုး...ကြီးမားရှည်လျှားလှသော အပိုလိုယာဉ်ပါတကားပေါ့..ရှင်
The mighty Saturn V. အရှည် 363-ပေ ရှိပြီး အမေရိကန်အာကာသယာဉ်မူး ၂၇ ယောက်လောက်ကို 

အကြိမ်ကြိမ်အခါခါ ဘယ်ပြီး လကမ္ဘာနဲ့ လူ့သားတို့ရဲ့ကမ္ဘာမြေကြီး ကိုနီးစပ်လာအောင်မိတ်ဆက်ပေးခဲ့
တာပေါ့..။

ဘယ်ဒေါင့် ဘယ်ချောင်ကနေ တလုံးခြုံငုံရိုက်ယူရမှန်းမသိပါဘူး...
သူပေအရှည်က လွန်းပျံယာဉ် ၂ဆတောင်ရှိတယ်တဲ့...
ကျတို့ဗိုက်ဆာတော့ Hard rock Cafe ဆင်းဝှစ်တွေရောင်းတဲ့နေရာမှာ နေ့လည်စာစားခဲ့ပါတယ်။
အပေါ်မှာက အားလုံးမြင် ဖူးကြမှာပါ ရွှေရောင်လက်လက်ကြီးက ခေါင်းပေါ်တည့်တည့်မှာ...
လူတွေလေထဲမှာပျံနေတဲ့ပုံစံမျိုးဓါတ်ပုံရိုက်ဖို့တန်းစီနေရတာ စိတ်မရှည်ဘဲ..ပြန်လာခဲ့ကြတယ်
ဘတ်စကားက တချိန်လုံးဟိုဖက်စခန်းနဲ့ ဒီဖက်ပြေးနေတာ..
ကျမတို့က visitor complex က 3 D ကိုအချိန်နဲ့ ကိုက်ပြီးကြည့်ရမှာဖြစ်တဲ့အတွက် အမြန်ပြန်ခဲ့တယ်။
ဒီဖက်ကကွင်းထဲမှာ လျှောက်မကြည့်ရသေးဘူးလေ...
စားသောက်ဆိုင်ရှေ့က ဂြိုလ်တုလေး..
အမှတ်တရ...အားလုံးရိုက်မယ်ဗျ...
ကျမမိတ်ဆွေ အသစ်စက်စက် ဘရာဇီးကအိုင်တီသမား..တခုလုံးပါအောင်ရိုက်ပေးတဲ့..
ညနေ ၆နာရီခွဲမှာ ဒုံးပျံတခုလွှတ်ဖို့အစီအစဉ်ရှိတယ်တဲ့...အိုကေလေ..ကားသမားဂိုက်ကိုဖားပြီး သူ့ဆီက အမှတ်တရ ဒင်္ဂါးပြားတွေဝယ်ရသေးတယ် အထဲမှာကပိုဈေးကြီးပါတယ်...
ဓါတ်ပုံတွေ ကိုယ့်ဖာသာကိုယ်ရိုက်ပေမဲ့ သူတို့ရိုက်ပေးတာ ကပိုမိုက်တယ်..အမှတ်တရဆိုတော့လည်း...
ကြိတ်မှိတ်ပေးလာရတာပေါ့လေ...


လေကလည်းတိုက်လိုက်တာအရမ်းဘဲ...အေးတယ်..လေတိုက်လွန်းလို့ delay ဆိုပြီးနောက် နာရီဝက် ဆက်စောင့်ရသေးတယ်..နောက်တော့ ရက်အကန့်အသတ်မရှိရွှေ့လိုက်တယ်တဲ့..ဟူး..မောကြော...
သူများတွေကားတွေနဲ့လာပြီး လမ်းဘေးမှာ ထိုင်ခုံတွေချ စောင်ခြုံပြီးစောင့်ကြည့်နေကြတာအများကြီးဘဲ
အခွှင့်အရေးကောင်းတခု လေတိုက်လို့မျောသွားရှာပေါ့....


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

၁.ကနေဒီအာကာသစခန်း
၂.လွန်းပျံယာဉ်စီးအတွေ့ အကြုံနဲ့ အာကာသစခန်းတခွင်

Friday, February 7, 2014

မှန်းချက်နဲ့နှမ်းထွက်မကိုက်သောအခါဝယ်...

မင်္ဂလာပါရှင်~~~

ပြီးခဲ့တဲ့အပတ်ကတဲက အာကာသ ခရီးစဉ်နောက်ဆုံး အနေနဲ့အပိုလိုယာဉ်တွေ သူတို့ရဲ့ 3D ရုပ်ရှင် အာကာ
သလေ့လာရေးကို သမတ ကိုယ်တိုင်မြေတောင်မြောက်ပြီး အောက်ခြေကစလို့ ခုထက်ထိ ဘယ်လိုအခက် အခဲမျိုးစုံကနေ ရုန်းကန်လာရသလဲဆိုတဲ့ အကြောင်းတွေရေးမယ်လို့ စီစဉ်ထားခဲ့ပါတယ်။ ဒီမှာလည်း အ များသိကြတဲ့အတိုင်း နှင်းမုန်တိုင်းတွေ တခုပြီးတခု ကျမတို့နေရာကို မဖိတ်ဘဲ အတင်းလာလည်နေကြ တယ်လေ..။ တချိန်လုံးခရီးထွက်နေတဲ့ ကျမတို့၂ယောက်နဲ့ ခဏခဏခလုပ်တိုက်မိတော့..နမိုးနီးယား
တဲ့ဗျား...။


ဟော..ရေးမယ်ကြံတော့ စက်ထဲကဒေတာတွေ တနေရာရာကို မပြောင်းထားဘဲနဲ့ စက်ကလိရင်း ကျမPC
လေးဂန့်သွားပါတယ်..(သူ့ external hard disc drive ၂ခုနဲ့ဆက်ပြီး ဟိုကဟာဒီပို့ ဒီကဟာဟိုပို့ လုပ်တာ
လေ..နောက်ကိုယ့်ဖာသာကိုယ် မမှတ်မိဘဲ ရူပ်သွားတာနေမှာပေါ့) အဲဒါ ဘာမပြောညာမပြောနဲ့  discover CD ရှိတယ် ဆိုလားခပ်တည်တည်နဲ့ လျှောက်လုပ်နေတာ နောက်တော့ အားလုံးဂန့်သွားတယ်လေ..။ပြန်

ပြီး အသစ်သွင်းတယ်တဲ့ ဒါပေမဲ့ ဓါတ်ပုံတွေအားလုံးပျောက်သွားပါတယ် ။ အဲ့ ..ညကတကယ် စိတ်ဆိုး မိတယ် စိတ်တအားတိုလိုက်တာ ည ၂နာရီထိုးခါနီးမှ အိပ်ပေမဲ့လည်း အိပ်မရဘူး ။ ဒေါသ မောဟတွေ
လောင်မြိုက်နေတာလေ..။


အော်...အားကျမခံပေါ့ရှင် အများတကာလို ဘုတ်အုပ်ကြီးမှာ အဖေ့ကွယ်လွန်သွားတာ ၇ နှစ်ပြည့်..တာ
ကိုတက်ပြီးလွမ်းပြတမ်းတချင်နေတာလေ..နှင်းတွေဆက်တိုက်ကျလို့ ပတ်ဝန်းကျင်တခွင်လုံး ဖြူဖွေးပြီး
ကြားထဲတရက်မှာ နေကသာတော့ ကောင်းကင်ပြာပြာနောက်ခံနဲ့ ဖြူဖွေးနေတဲ့ အပင်တွေ လက်စွမ်းပြ
ထားတာ လည်းပြချင်သေး...အော်..မယ်ငီးမယ်ငီး..ခေါင်းကဆံပင်ဖြူတွေမှ အားမနာ..သူငယ်ပြန်ချင်နေ
သေးတာလေ..ကြည့်အုံး..ဟီး... ကိုယ်ကလည်းဓါတ်ပုံတွေကြည့်ပြီးမှ  စာကိုစဉ်းစားရေးတတ်တာလေ.. ကိုယ့် ဦးနောက်ထဲကမှတ်ညဏ် အခန်းလေးကနဲနဲကျဉ်းသလိုလို.. အဟဲ..(က်ျကား မယ်ငီး၏ စာရေး ဟန်တည်း ) @_@


အင်း..ဒီနေရာမှာ.. ကျမဓါတ်ပုံတွေပျောက်သွားတာ လူသားတွေစည်းမဲ့ကမ်းမဲ့ သစ်ပင်တွေခုတ်လို့..အဟဲ
ညောင်ဦးကမ်းပါးပြိုတော့ (အန်မတန်မှ စာလုံးပေါင်းရခက်သော)စမ္မနဂိုရ် ရွှာကနွားမပေါင်ကျိုး ဆိုသလို
လေဗျာ..သိလား..ကဲပါ..မသိရင်လည်း..ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်..ဆိုတဲ့ ကဗျာလေးတော့သိကြ
မှာပါ..နောက်ဆုံး.."ငါ့ဝမ်းပူဆာမနေသာလို့"ကိုင်းရတဲ့သဘောပေါ့..ဘာဆိုင်လို့လည်းမယ်ငီးရာ..လို့မပြော
နဲ့လေ..ဆိုင်ဆိုင် မဆိုင်ဆိုင် အတင်းစပ်ဟပ်ပြီးဆွဲဆိုင်ပြမယ်..ရှေ့ကသွားရမှာလား..နောက်ကပြန်လှည့်
မှာလား..ဒီလိုဗျို့...


လူသားတွေ သစ်ပင်ခုတ်တော့ တောတွေတောင်တွေ ပြုန်းသတဲ့...
တောပြုန်းတော့ အိုဇုန်းလွှာတွေ ပျက်သတဲ့...
အိုဇုန်းလွှာတွေပျက်တော့ ရာသီဥတုတွေဖေါက်ပြန်သတဲ့..

(ကမ္ဘာကြီးပိုပြီးပူနွေးလာတယ် မိုးရွှာလည်းအရမ်း မိုးခေါင်လည်းမတရားပေါ့
ဒီအမေရိကားမှာ နှစ်ပေါင်း ၃ဝအတွင်း အအေးဆုံးနဲ့နှင်းအကျဆုံးတဲ့)

နှင်းတွေကျလေတွေတိုက်တော့ အရမ်းကြီးအေးပါသတဲ့...
အရမ်းကြီးအေးတဲ့အချိန် အညာသားကြီး တယောက်ခါးပတ်ပါ ကမ္ဘာပတ်ပြီး လျှပ်စစ်ဓါတ်အားမြှင့်စက်

 (AC ကနေDC ကိုပြောင်းတယ်ဆိုလား သူပြောပါတယ် ကိုယ်ကနားမလည်)
သူတို့ Station တွေကိုလိုက်စစ်ရပါတဲ့...

နှင်းတွေကြားထဲလျှောက်သွားတော့ သူဘွတ်ဖိနပ်ထဲရေစိမ့်ဝင်ပါသတဲ့..
အပိုလှဲစရာမပါလို့ အအေးပတ်ပြီး ဖျားပါသတဲ့..
ဒီတော့အိမ်က နန်းမတော် ခင်နုနုထွတ်ကလေးငီးငီး အဖျားကူးပါသတဲ့..

အဲဒိအချိန်မှာ ဟိုသွားဒီသွားနဲ့ အအေးထပ်မိပြီး နမိုးနီးယားကြပါသတဲ့..
ဒီတော့..ဒိန်း..ဒန့်..ဒန့်နဲ့ အိမ်မှာအနားယူကြရပါသတဲ့..
ငြိမ်ငြိမ်နေဇာတာပါမလာရှာသောအညာသားကြီး ငီးငီးတယောက်တီဗီကဟင်းချက်တာတွေငမ်းကြော ထနေတုံး.အခွင့်ကောင်းယူပြီး PC ကိုကလိပါသတဲ့..
သူ့
external hard disc drive ၂ခုနဲ့ဆက်ပြီး ဟိုလုပ်ဒီလုပ်နဲ့ နောက်ဆုံးဓါတ်ပုံတွေပျေက်သွားပါသတဲ့..

(အဲဒီအထဲမှာ Disney Land ကိုကောင်းကောင်းရေးမယ်လို့ချန်ထားတာ)
Florida ခရီးစဉ်တခုလုံးရဲ့ဓါတ်ပုံတွေပါသွားသတဲ့..

ကဲ...ဆိုင်ပြီနော်...

ဟဟ...စာကို လှတပတ ဖွဲ့ဖွဲ့နွဲ့နွဲ့မှမရေးတတ်တာ..ဒီလိုပေါက်ကရရေးမယ်ဆိုရင်တော့ရတယ်..

ဒါကတကြောင်းပေါ့..ဒါပေမဲ့ ဒါကြီးကိုဘဲ စိတ်ကစွဲနေရင်ကိုယ်ဘဲဒုက္ခရောက်မှာဘဲလေ..ဘာပစ္စည်းမှ
ကိုယ်တို့အပိုင်မရှိပါဘူး အချိန်တန်ထားခဲ့ရတာချည်းပါဘဲဒီတော့ နောက်တမျိုးပြန်ပြောင်းစဉ်းစားလိုက်

တယ်..ကဲပါလေ.. ဓါတ်ပုံနဲ့ မရေးတော့လည်း စာကိုဖတ်တဲ့သူတွေ မျက်စိထဲမြင်ယောင်လာအောင် ကြိုးစားရေးရဖို့ အခွင့်အရေးတရပ်ဖြစ်လာတယ်လို့ သဘောထားလိုက်တယ်...ဟိ..ကိုယ့်ကိုယ်ကိုဘာလိုလို ညာလိုလိုနဲ့...နောက်ကျရင် ပုံတွေလျှော့ပြီး စာများများနဲ့ အတွေ့အကြုံတွေရေးကြည့်မယ်လေနော်..(အဟမ်း..အဟမ်း..ကြုံတုံး ကြော်ငြာဝင်ရရင်တော့ မယ်ငီးစာကိုလစဉ်ရေးပေးဖို့ ကမ်းလှမ်းခြင်းခံ ရပါကောလား..အဲလိုမျိုးရေးရရင်တော့ ဂလို တောရောက်တောင်ရောက်အရည်မရအဖတ်မရ ပေါက်ကရ
ရှစ်သောင်းလျှောက်ရွှီးလို့မသင့်ပေတော့ဘူးနဲ့တူတယ်...)ဒါနဲ့ ..ဘာတွေရေးရမယ်ကြောင်း.... 0_0

မှန်းချက်ကိုယ်နဲ့မကိုက်ရင်လည်း မြင်နေရတဲ့ ကြိုးစတွေ ဘာဘဲဖြစ်ဖြစ် လှမ်းသာဆွဲလိုက် တခုခုတော့
ပါလာမှာဘဲလေ..ဟုတ်လား..


နောက်လာမဲ့ နှင်းမုန်တိုင်းများကိုစောင့်မျှော်နေရင်း..အဲလေ..အခွင့်အလမ်းအသစ်များကို ကြိုဆိုရင်း ချစ်သောမိတ်ဆွေများနဲ့အတူ နေရာလေးမှာ အမြဲရှိနေမယ်နော်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

အောက်က ကဗျာလိုလိုဘာလိုလိုက..တခါက ဘုတ်အုပ်မှာပေါထားတာလေးပါ...
ကျမတို့ဆီမှာမိုးတွင်းတောင်ရေကျလို့ရွှာတွေပျက်စီးတာကို ရေးထားကြည့်တာပါ...
(ဒါလေးက..ကျမရဲ့လူသားပီသပုံကိုပြတာပေါ့နော်..တခုခုဖြစ်လိုက်တာနဲ့ သူများကိုလက်ညိုးထိုးဖို့တန်းမြင်လိုက်တာဘဲလေ...ဟုတ်တယ်ဟုတ်.. ^_^
ဟိ..နောက်တာပါဗျာ..)


သူ့ ဝမ်းပူဆာမနေသာလို့ ..

August 19, 2013 at 1:48pm

ရွာတွေဘာကြောင့်ပျက်ရတယ်..ရေတွေကြီးလို့ ပျက်ပါတယ်။
ရေတွေဘာကြောင့်ကြီးပါတယ်..ချောင်းရေလျှံလို့ ကြီးပါတယ်။
ချောင်းရေဘာကြောင့်လျှံရတယ်..တောင်ရေကျလို့ လျှံရတယ်။
တောင်ရေဘာကြောင့်ကျရတယ်..တောတွေပြုန်းလို့ ကျပါတယ်။
တောတွေဘာကြောင့်ပြုန်းရတယ်..သစ်ပင်ခုတ်လို့ ပြုန်းပါတယ်။
သစ်ပင်ဘာကြောင့်ခုတ်ရတယ်..ထင်းတွေလိုလို့ ခုတ်ပါတယ်။
မီးသွေးဖုတ်ဖို့ ခုတ်ပါတယ်။တောင်ယာလုပ်ဖို့ ခုတ်ပါတယ်။
စီးပွားရေးလုပ်ဖို့ ခုတ်ပါတယ်။(ဟေ..မေးနေတဲ့ မယ်ငီးမျက်စိလည်သွားပြီ၊တခုချင်းစီပြန်မေးမှ) 
ထင်းတွေဘာကြောင့်ခုတ်ရတယ်..ထမင်းတွေချက်ဖို့ ခုတ်ပါတယ်။
မီးဖိုချောင်သုံးဂက်စ်တွေရှိဘူးလားဟယ်..တို့ နိုင်ငံကဂက်စ်တွေပေါပါတယ်..
ပေါတဲ့ဂက်စ်တွေရောင်းစားတယ်။
အဖိုးတန်သစ်နဲ့ ဟင်းချက်မယ်။
မီးသွေးဖိုးတော့တတ်နိုင်ပါဘူးကွယ်။(အော်..မီးသွေးဖုတ်တာက သပ်သပ်စီပေါ့ ) 
ထုံးတမ်းစဉ်လာတောင်ယာခုတ်ဖို့ ၊တနှစ်တခါတောပြောင်းတယ်။
စီးပွားဖြစ်တော့ခုတ်ဘူးကွယ်။
ထမင်းနှပ်မှန်ရုံဘဲမှန်းပါတယ်။
သစ်ပင်ခုတ်လို့ တောပြုန်းမယ်..အားလုံးဒုက္ခရောက်ကြပါလိမ့်မယ်..ဒါတော့တို့ ကသိဘူးဟယ်။
သိအောင်ဆိုင်ရာကပြောဖို့ လိုပါတယ်..
ဆိုင်ရာများကမအားတယ်။
ဖွင့်ပွဲများ၊ကြိုဆှိုဧည့်ခံပွဲများနဲ့ ရှုပ်ကြတယ်။
သစ်ခုတ်ခြင်းကရပ်လိုက်မယ်။ဘယ်သူကထမင်းချက်ဖို့ လောင်စာရှာပေးမယ်။
ဆိုင်ရာများကိုပြောပေါ့ကွယ်..အခြေခံလိုအပ်ချက်တွေကိုဖြည့်ပေးမှာပေါ့ဟယ်..
စိတ်ကူးယဉ်လို့ ရှောက်ပြောတယ်။
မယ်ငီးပြောတာယုံဘူးကွယ်။
လူကြီးများကဗိုက်ကြီးတယ်။
စားသလောက်လည်းဝဘူးဟယ်။
နှစ်၅ဝလုံးစားတတ်တယ်။
ပြည်ရွှာကောင်းအောင်နဲနဲလေးတော့လုပ်ပေးပါအုံးကွယ်....။

မယ်ငီး
၁၁.၈.၂၀၁၃ ကျိုင်းတုံမြို့ နယ်မှာရေကြီးတယ်တဲ့...
ဒီလောက်ကောင်းတဲ့ကိုယ့်မွေးနေ့ မှာမှဝမ်းနဲစရာတွေတွေ့ လို့ အမှတ်တရ...

ကဗျာမဟုတ်စာမဟုတ်..တပုဒ်လောက်ဖန်တီးကြည့်တာ....
:P