Walt Disney ဆိုရင် ခလေး လူကြီးလူငယ်မရွှေးသိကြပါတယ်။ သူရဲ့ကာတွန်းရုပ်ရှင်ဇာတ်ကားကားတွေနဲ့ ကျမတို့အားလုံး ကြီးပြင်း လာခဲ့ကြရတယ်လေ။ အခု ဒီအရွယ်ရောက်နေပေမဲ့ တချို့ သူ့ဇာတ်ကားတွေ ကိုစွဲလမ်းတုံးနှစ်သက်စွာနဲ့ အားပေးနေဆဲပါဘဲ။ သူ့ရဲ့ ကစားကွင်းတွေထဲ တကယ်တန်း သွားလည်ရတော့ မယ်ဆိုတော့ စိတ်ထဲမယ်ကလေးကလားဆန်လွန်းနေပြီလားလို့ ပထမထင်ခဲ့တယ်။ နောက်ပြီး သိတာက လည်း Walt Disnesy တခုဘဲသိတာကိုး..။နောက်မှ အများကြီးရှိပြီး ဘယ်နေရာကို သွားရမှန်းတောင် မရွှေးတတ်ပါဘူး..။
လူတွေတိုးမပေါက်ပါဘူးဆို..ဒါတောင်ကြားရက်ဖြစ်ပါတယ်... |
ဒီတခါ Walt Disney ရဲ့အကြောင်းပြောပြတဲ့နေရာမှာ သူ့အကြောင်းထက် ဒီအပန်းဖြေစခန်းအကြောင်းကို အဓိကထားပြီး ပြောပြချင်ပါတယ်။ ဒီကမ္ဘာကျော်အပန်းဖြေစခန်းကိုစတင်တည်ထောင်တဲ့ ပုဂ္ဂိုလ်ကြီး အ
ကြောင်းကို ရုပ်ရှင်မှာ အခုရုံတင်နေပါပြီ ၊ စိတ်ဝင်စားရင်ဖြင့် စောင့်သာကြည့်ကြပါ။ ကျမတော့မကြည့်ရ
သေးပါဘူး။
ကဲ..သွားလည်ချင်တဲ့ မိတ်ဆွေများအတွက် သွားခါနီးနဲနဲပါးပါးသိထားရအောင်လို့ ပြောပြရအုံးမယ်။
Theme parks ကိုကျမတော့ ကစားကွင်း၊အပန်းဖြေနေရာလို့ဘဲ ဗမာစကားနဲ့ဒီလိုခေါ်တတ်ပါတယ်။ဒီနေကြောင်းကို ရုပ်ရှင်မှာ အခုရုံတင်နေပါပြီ ၊ စိတ်ဝင်စားရင်ဖြင့် စောင့်သာကြည့်ကြပါ။ ကျမတော့မကြည့်ရ
သေးပါဘူး။
ကဲ..သွားလည်ချင်တဲ့ မိတ်ဆွေများအတွက် သွားခါနီးနဲနဲပါးပါးသိထားရအောင်လို့ ပြောပြရအုံးမယ်။
ရာမှာ Theme parks က ၄ ခုခွဲထားတယ်။ တခုချင်းထဲမှာလည်းစိတ်ဝင်စားစရာလည်စရာအများကြီးပေါ့။
နောက်ပြီး Water parks ဆိုပြီး နောက် Parks ၂ ခုရှိသေးတယ်။ သူကတော့ရေနဲ့တချိန်လုံးကစား ချင်တဲ့ သူတွေအတွက်ပေါ့။ နွေရာသီဆိုရင် ဖလော်ရီဒါကအရမ်းပူပြင်းတာဆိုတော့ နွေဖက်မှာတအားစည်တာပေါ့။
Walt Disney World Resort ခေါင်းစဉ်အောက်မှာ ရှိတဲ့ Walt Disney ရဲ့ အဓိက ကစားကွင်းတွေ ကြည့်ရအောင်..။
- Magic Kingdom, opened October 1, 1971
- Epcot, opened October 1, 1982
- Disney's Hollywood Studios, opened May 1, 1989
- Disney's Animal Kingdom, opened April 22, 1998
Epcot ကတိရစ္ဆာန်တွေနဲ့ နောက်..ဟီး..ရီရတယ် ပြောရင်လည်းငတ်ကြီးကျလွန်းပါတယ်။ အဲဒီက အစား
အသောက်အရမ်းကောင်းပြီး ကမ္ဘာကျော်ပါသတဲ့။ နိုင်ငံတကာအစားအသောက်တွေရတယ်လေ။ စာထဲ
ဖတ်လို့သိတာပါ။ အစားလည်းခပ်ငမ်းငမ်းဆိုတော့ Epcot ပေါ့။ ဟိုရောက်တော့ လေယာဉ်ကွင်းလာကြိုတဲ့
Guide ကပြောပါတယ်။ Magic Kingdom ကအခရာဘဲ..တကဲ့ Walt Disney ကိုရောက်တယ်လို့ထင်မှာတဲ့
ဟင်း..ဘယ်လိုလုပ်မလဲ...ရပါတယ်တဲ့။ဂိတ်ဝမှာ လက်မှတ်ကို ပြောင်းချင်တယ်လို့ပြောပြီး အလိုက်ပေးရ
တယ်တဲ့။ ပိုက်ဆံအလိုက် ၂ယောက် ကို နောက် ၁ဝ ကျော်လားမသိဘူးထပ်ပေးရပါတယ်။
Water parks
- Disney's Typhoon Lagoon, opened June 1, 1989
- Disney's Blizzard Beach, opened April 1, 1995
ဟော်တယ်ကနေ မနက်တိုင်းဘတ်စ်ကားနဲ့ အပန်းဖြေစခန်းတွေကို အခမဲ့ ဘယ်ယူပို့ဆောင်ပေးပါတယ်။
ဟော်တယ်တော်တော်များများ ဒီဝန်ဆောင်မူ့ပေးပါတယ်။ ဒီ Magic Kingdom အတွက်ဆိုရင် ၃ခေါက်
တောင်ရှိပါတယ်။ ကျန်တဲ့ခရီးစဉ်တွေကျတော့ တနေ့တခေါက်ပါဘဲ။ ကျမတို့ကဒုတိယအခေါက်နဲ့ လိုက်ပါ တယ်။ပထမအခေါက်ကစောလွန်းတယ်။ အပြန်လည်းနောက်ဆုံးအခေါက်က ည ၁၂ နာရီအထိရှိတယ်။
အထူးပွဲတော်ရှိတဲ့အချိန်ဆိုရင် ပြီးတဲ့အထိ ည ၂နာရီတွေဘာတွေအထိပေါ့ လာကြိုပေးတာတဲ့။
ကျမတို့က ဒီနေ့နောက်ဆုံးလည်တဲ့ရက်ဆိုတော့ နဲနဲမောဟိုက်နေပြီလေ။ Magic Kingdom က ရက်လည်းရွှေးရသေးတယ်။ စနေ တနင်္ဂနွေလိုနေ့မျိုးရှောင်တယ် တိုးမပေါက်ဘူးလေ။ ဗုဒ္ဓဟူးနေ့ ဆိုရင်မီးရူးမီးပန်းလွှတ်တယ်ဆိုတော့ အဲနေ့ကိုရွှေးခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်ထိလည်းမစောင့်နိုင်ခဲ့ဘူး။
ဟော်တယ်မှာ မနက်စာစားပြီး လာကြိုတဲ့ Bus နဲ့ သွားကြပါတယ်။ ဒီနေ့
ရာသီဥတုပူမယ် ဆိုပြီးဘောင်းဘီ တို အင်္ကျီတိုပြင်ဆင်ထားပြီးခါမှ လေကတိုက်
မိုးကရွှာမလို့ အုံ့မိုင်းနေတာ ရိုးထုတ်မဲ့ အကြံပျက်သွားပါ တယ်လေ။
ချစ်ချစ်ကြီးအတင်းဝတ်ခိုင်းတဲ့ လက်ရှည်၊ဘောင်းဘီရှည်တွေဝတ်ရပြီး တလမ်းလုံး
ပွစိပွစိရေ
ရွှတ်လာခဲ့ရတယ်။ အော်..မိန်းမများ အရွှယ် ၃ပါးမရွှေး လှချင်ကြပါတယ်ရှင်.. ^_^
ရွှတ်လာခဲ့ရတယ်။ အော်..မိန်းမများ အရွှယ် ၃ပါးမရွှေး လှချင်ကြပါတယ်ရှင်.. ^_^
တဦးချင်းစစ်ပြီး လက်မှတ်ကို scan ဖတ်ထားရတာလေ။
တကဲ့အပန်းဖြေစခန်းရောက်ဖို့ လမ်း ၂သွယ်ရှိပါသေးတယ်။ ရထား(သို့မဟုတ်)သဘောင်္။ ရထားကစွေ့က နဲဆိုရောက်မှာမို့လို့၊ တန်းစီနေပြီး ကိုယ့်အလှည့်ရောက်ခါနီးမှ ပြန်လှည့်ထွက်လာခဲ့ တယ်။ နောက်က လူတွေကမေတ္တာတွေပို့လို့း))) သင်္ဘောနဲ့ သွားခဲ့ပါတယ်လေ။
ကြိုတင်ဘွတ်ကင်တင်ပေမဲ့လည်း Full house တဲ့။ ဒါကြောင့် တနှစ် လူသန်း ၂ဝ ဒီမြို့ကို လာလည်ကြ တယ်ဆိုတာ ထူးဆန်းဖွယ်ရာမဟုတ်ပါဘူးလေ..။
ခေါင်မိုးစိမ်းပြာရောင်အပေါ်မှာမြင်ရတာကရထားဖြစ်ပါတယ်။ |
လိုဘဲ...ဟီး..အားလုံးဓါတ်ပုံရိုက်ကြတယ်..။
မြေပုံမှာတခါထဲ မှင်နီနဲ့ဝိုင်းပြထားပေးခဲ့တယ်လေ..။
ပေါ့ပါးသောအဝတ်အစားများ ဦးထုတ်ဖိနပ်တွေဆောင်ပြီးသာသွားကြပါလို့...နောက်တခါမှ..အထဲက
အကြောင်းတွေ အာလူးဖုတ်ကြတာပေါ့..ခုတော့ ဂိတ်ဝမှာထားခဲ့လိုက်ပြီနော်..း))))))
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
ဒေါ်မီး..
ReplyDeleteအလည်ထွက်ပြန်ပြီလား..
း))))
လည်တာကလွန်လေပြီးသော
Delete၃လကျော်၎လလောက်ရှိပါပြီ..
အဟီး..ခုမှတရေးနိုးထရေးတုံး...
း))))
လျှောက်လည်နေတာချည်းဘဲ..ပျော်စရာကြီး.. လိုက်ချင်တယ် ^_^
ReplyDeleteလိုက်ခဲ့..
Deleteအနှံ့သွားရအောင်...
:P
ကိုယ်တော့တန်းစီရတာပျင်းတယ်ကွာ။
ReplyDeleteတန်းမစီချင်ဘူး။
အိုင်အိုရာ
တန်းစီဖို့မလိုတဲ့နောက်တနည်းရှိတယ်...
Deleteနောက်ထပ်တခါအာလူးဖုတ်မှပြောပြရအုံးမယ်..
မအိုင်အိုရာရေ့....း))
နောက်ပိုင်း အခန်းဆက် မျှော်နေမယ်နော်
ReplyDeleteမျှော်ပါ...ကြိုးစားပြီးသိပ်မကြာခင်
Deleteလာရအုံးမှာတော့မှာပေါ့လေ...
:D