မင်္ဂလာပါရှင်~~~
.jpg)
ချင်ရင်တော့ဖြင့် ဒီနေရာ V Center ကိုအလည်ရောက်အောင်သာသွားလိုက်ပါ။ ဒီတခါတော့ဟိုးအရင်
Post တွေရဲ့အဆက်ပေါ့ရှင်..ဘတ်စ်ကားနဲ့ လည့်ပတ်ပြီး ဒီ V Center ရှေ့မှာ ကျမတို့ကိုချထားခဲ့ပါတယ်။
အဝင်ဝကအခန်းရှေ့တခုမှာ အားလုံးတိုးခွေ့ပြီးခဏရပ်စောင့်ရပါတယ်။ နောက်မှ အခန်းတံခါးဖွင့်ပြီး အခန်း ထဲမှာရှိတဲ့ပတ်ပတ်လည် နံရံကပ်ပိတ်ကားရှေ့မှာရပ်ကြရတာပေါ့..စခန်းတခုလုံးဒီလိုတွေချည်းဘဲ..
ကဲ... လူစုံရင် တက်ကုန်ဖွင့်လှော်ကြတာပေါ့..အဲလေ..ဓါတ်ပြားဟောင်းတွေဓါတ်ရှင်တွေဖွင့်တာပေါ့..
ဒီအပိုလိုယာဉ်စခန်းကြီး ဘယ်တုံးကဘယ်လို စတင်ဖြစ်ပေါ်လာတာတွေ တခါကကျမပြောခဲ့သလိုပေါ့
အာကာသပေါ်ကိုဂြိုလ်တုတွေလွှတ်တင်တာက ပထမဆုံး ရုရှားတွေပါ။ အမေရိကန်တွေက မခံချင်စိတ်နဲ့
ပျာယီးပျာယာလေ့လာတော့ ဒီလကမ္ဘာပေါ်ပထမဦးဆုံးခြေချဖို့ အခွင့်အရေးလက်လွတ်မခံနိုင်ဘူးလေ။
စစ်အေးတိုက် ပွဲလို့ခေါ်တဲ့ကာလမှာတော့ သမတ ကနေဒီရဲ့အဓိကရည်မှန်းချက် က (Appollo Kennedy
အပိုလိုပရိုဂရမ် လို့ အများကသိထားကြပါတယ်) လကမ္ဘာပေါ်မထမဦးဆုံးခြေချဖို့ပါဘဲ။ သူ ကွန်ကရက်
မှာ ၁၉၆၁ ကတဲကဒီအစီအစဉ်ကိုတင်ပြခဲ့ပါတယ်။
သူပြောခဲ့တဲ့စကားတွေထဲမှာ "none will be so difficult or expensive to accomplish." ဒါလေးက သဘောကျစရာလေးပါ...အတိုကောက်ပြောရရင်ဖြင့်....ကုန်ကျစရိတ်ကြီးတယ် ခက်ခဲတယ်ဆိုတာ
ဒီပရောဂျက်ကြီးထဲမှာမရှိစေရဘူး..တဲ့။ တကယ်ဖြစ်အောင်တကယ်လုပ်ခဲ့တော့တကယ်ဖြစ်ခဲ့တာပေါ့လေ ဒါကြောင့်သူ့ကိုဂုဏ်ပြုပြီး ဒီစခန်းကို ကနေဒီစခန်းရယ်လို့နာမည်ကင်ပွန်းတပ်ခဲ့ပါတယ်။

အရင်ခေတ်ကစက်တွေပေါ့...စက်နိုးပြပြီး တကဲ့ဒုံးပျံ ဂြိုလ်တုတွေတက်ရင် စက်တွေအလုပ်လုပ် တဲ့အတိုင်းပြပါတယ်...
.jpg)
.jpg)
The mighty Saturn V. အရှည် 363-ပေ ရှိပြီး အမေရိကန်အာကာသယာဉ်မူး ၂၇ ယောက်လောက်ကို
အကြိမ်ကြိမ်အခါခါ ဘယ်ပြီး လကမ္ဘာနဲ့ လူ့သားတို့ရဲ့ကမ္ဘာမြေကြီး ကိုနီးစပ်လာအောင်မိတ်ဆက်ပေးခဲ့
တာပေါ့..။
.jpg)
.jpg)
ကျတို့ဗိုက်ဆာတော့ Hard rock Cafe ဆင်းဝှစ်တွေရောင်းတဲ့နေရာမှာ နေ့လည်စာစားခဲ့ပါတယ်။
အပေါ်မှာက အားလုံးမြင် ဖူးကြမှာပါ ရွှေရောင်လက်လက်ကြီးက ခေါင်းပေါ်တည့်တည့်မှာ...
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
ကျမမိတ်ဆွေ အသစ်စက်စက် ဘရာဇီးကအိုင်တီသမား..တခုလုံးပါအောင်ရိုက်ပေးတဲ့..
ညနေ ၆နာရီခွဲမှာ ဒုံးပျံတခုလွှတ်ဖို့အစီအစဉ်ရှိတယ်တဲ့...အိုကေလေ..ကားသမားဂိုက်ကိုဖားပြီး သူ့ဆီက အမှတ်တရ ဒင်္ဂါးပြားတွေဝယ်ရသေးတယ် အထဲမှာကပိုဈေးကြီးပါတယ်...ကြိတ်မှိတ်ပေးလာရတာပေါ့လေ...
.jpg)
သူများတွေကားတွေနဲ့လာပြီး လမ်းဘေးမှာ ထိုင်ခုံတွေချ စောင်ခြုံပြီးစောင့်ကြည့်နေကြတာအများကြီးဘဲ
အခွှင့်အရေးကောင်းတခု လေတိုက်လို့မျောသွားရှာပေါ့....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
၁.ကနေဒီအာကာသစခန်း
၂.လွန်းပျံယာဉ်စီးအတွေ့ အကြုံနဲ့ အာကာသစခန်းတခွင်
Bus ရှေ့  မှာ ခန့်ခန့် ကြီး ....
ReplyDeleteHappy Snow day ပါ အမ
haha...ကိုယ့်လောက်မချောဘူးကွ..
Delete:P snow ကျလည်းအပြင်ဒိုးတယ်..
Tax return ကအများကြီးပြန်ရတော့..
နဲနဲကပ်သုံးပေးနေရတယ်လေ.. :D
နောက်တခေါက် ထပ်သွားမယ်လေ မမီး..း)
ReplyDeleteထပ်သွားချင်တာပေါ့...
Deleteအရင်ဆုံး..ဆန်ဖရန်စစ်စကိုဖက်သွားရင်
ကောင်းမလားလို့...
ငယ်ငယ်တုန်းက ရူးပြီး astronaut ဖြစ်ချင်ခဲ့သေးတယ် :D
ReplyDeleteဟုတ်လား... :)))
Deleteရည်မှန်းချက်မြင့်မြင့်ထားတတ်တာကောင်းတယ်ကွယ်။
ကိုယ်တို့တော့ဝက်သားလုံးခေါက်ဆွဲရောင်းချင်တာတို့၊
ထမင်းနဲ့ကြံရည်(ခေါက်ဆွေ-ရှမ်းလိုခေါ်တာ)
အဲဒါရောင်းချင်တာတို့လောက်ဘဲမှန်းခဲ့တယ်..ဟီး
>.<
ဒုံးပျံလွှတ်တာမကြည့်လိုက်ရတာနာတယ်ကွာ။
ReplyDeleteအိုင်အိုရာ
ဟုတ်ပါ့..မအိုင်အိုရာရေ...
Deleteစန်းထွန်းနဲ့ချိန်းပြီးဒီမြို့ထဲ၊
လျှောက်လည်မလို့ ၊
(စစ်သဘောင်္တွေကမ်းနားမှာလှမ်းတွေ့လိုက်တယ်)
ပြတိုက်လုပ်ထားတာတဲ့..
ဒုံးကိုတော့စိတ်လျှော့လိုက်ပါပြီ.. :)))
ဒုံးပျံနဲ့ စစ်သဘောင်္နည်းနည်းတော့နီးစပ်ပါတယ်...အဟက်..
Deleteတစ်ခုကကောင်းကင်ထဲသွားပြီးတစ်ခုကရေထဲသွားတာ။း)
နာလိုဘူးကွယ်။..လျှောက်လည်ကြမှာကို။ ကိုယ့်အတွက်ဓါတ်ပုံတွေများများပိုရိုက်ခဲ့နော်။
ဒါတော့သိပ်ပူရမှာဟုတ်ပါဘူး။
မီးမီးကလည်းရိုက်ရိုက်..(ကိုယ့်လိုဘဲ)
စန်းထွန်းကလည်းကင်မရာသစ်ကြီးဝယ်ပြီးကတည်းကအစွမ်းတွေပြနေတာ။း))
အိုင်အိုရာ
ဟီး..ဟုတ်တယ်နော်..
Deleteကောင်းကင်နဲ့ရေပြင်..
ဒါပေမဲ့..မရယ် ဟိုး..မိုးကုက်စက်ဝိုင်းနားမှာ၊
သူတို့ညားသွားကြတယ်လေ... :P
ဂွတ်သဗျို့...ဒေါ်မီးသွားတော့ ကျွန်တော်တို့လည်း ဖရီးရောက်ရတာပေါ့...အပိုလိုကြီးနဲ့တော့ မလိုက်ရဲပေါင်ဗျာ...တော်ကြာ ကိုယ့်အလှည့်ကျမှ ပျက်ကျသွားရင် ဂန့်ပြီ...း)
ReplyDeleteအေးဗျာ..ဒီဆောင်းကြီးနဲ့ဘယ်မှလည်လို့မရ၊
Deleteသူ့ခရီးထွက်တာဘဲလိုက်နေရတာ..
တနေရာရာသွားချင်နေတာ..
စိတ်ချ..ဖရီးခရီးကျန်သေးတယ်..
လာအုံးမယ်လေ.. :P
အပိုလိုကြီးတော့ အစမ်းစီးတာနဲ့တင်၊
နှလုံးတွေတုန်တာ၊ အစစ်ဆိုရင်စက်နိုးတာနဲ့
အသက်ထွက်လောက်တယ် :))))