Showing posts with label US-Longisland. Show all posts
Showing posts with label US-Longisland. Show all posts

Friday, August 2, 2013

မယ်ငီးကားမောင်းရျ်ခရီးသွားနေသည်..

မင်္ဂလာပါရှင်~~~
ကားတံခါးဆွဲပိတ်၊ခါးပတ်ကိုပတ်၊နေကာမျက်မှန်ပြောင်းတပ်(အဲဒီမျက်မှန်ကလည်း သူ့အလုပ်ဆိုက်ထဲ
မှာသုံးတဲ့မျက်မှန်တွေထဲကတခုပေါ့)၊ရှေ့ကမှန်လေးဖွင့် ကိုယ့်မျက်နှာအဆီပြန်နေလားပြန်ကြည့်၊ လက်
လေးနဲ့ပြန်သပ်၊ အားလုံးဂွတ်..အိုကေ..ပြည့်စုံပြီ..သွားကြစို့ကျားကျားရေ...မောင်းတော့ရှင့်..။
(သူကတော့ ကားမောင်းလိုင်စင်ပါမပါ၊လိုအပ်တဲ့ပစ္စည်းတွေစစ်တာပေါ့..ဒါတော့ သူတို့အလုပ်လေ ကျမတို့ကတော့ကိုယ့်မျက်ခွက်လေး တကွက်ထဲကြည့်ရှုစောင့်ရှောက်တတ်တာတခုဘဲ..  သိတယ်..ဒါ
မိန်းမတွေရဲ့ မဟာအလုပ်ရှင့်...)

မိုးလေးတဖွဲဖွဲနဲ့ဆိုတော့ ကိုယ်ကြိုက်တဲ့ငြိမ့်ညောင်းသံစဉ်သီချင်းတွေရှာဖွင့်..၊(ကျမတော့ 100.7 FM လိုင်း
နားထောင်လေ့ရှိတယ်။ သီချင်းလေး၂ပုဒ်လောက်ဖွင့်လိုက်  ကြော်ငြာဝင်လိုက်သူတို့တောင်ပြောမြောက်
ပြောတာ သေသေချာချာနားထောင်ပြီး လိုက်ရီမိတယ်...။ ဟာဟား..မယ်ငီးလိုဘဲ ဒင်းတို့ လည်းအတော် အာချောင်တာဘဲ..နော်..အဟီး) တေးသွားလေးတွေလိုက်ဆို...တတ်တဲ့နေရာဆိုအကျယ်ကြီးလိုက်ဆိုပေါ့
မတတ်ရင် ဒါဒါ ဒီဒီ ဒိုဒို ပေါ့) မျက်လုံးတော့ဖြတ်သန်းသွားတဲ့ရူခင်းတွေမလွှတ်တမ်းကြည့်။ ပါးစပ်ကလည်း မနေပါဘူး တခါခါပြောမိပါတယ် အဲ..ဒီနားက အရင်ကဆို ခြောက်ကပ်နေတာဘဲ ခုတော့စည်ကားလာပြီ 
ဟင်း..ကားတွေနှေးသွားကြပြီ..အော်..လမ်းပိတ်ထားတာကိုး..တနင်္ဂနွေအလုပ်မလုပ်ဘဲနဲ့ ကာထားပိတ် ထားတဲ့ဟာတွေ မဖယ်ပြစ်ကြဘူး..ဒီလူတွေနော်..တော်တော်ခက်တယ်...(နိုင်ငံခြားမှာ ကားလမ်းဆို အမြဲ
ပြင်နေတာဘဲ တို့ဆီကလွဲလို့နေမှာ ရန်ကုန်မြို့လယ်ခေါင်က လကမ္ဘာပေါ်သွားနေရသလို ချိုင့်ခွက်တွေနဲ့
ဟုတ်လား...)

"Don't know much" Linda Ronstadt & Aaron Neville က သီချင်းလေး...ကောင်းလိုက်တာအေးအေး

လေးနဲ့...Look at this face I know the year are showing....Look at this life, I still 

don't know where it's going,I don't know much.....ကြာ...ဒီ GPS ကလည်း တမှောင့် keep right 
and stay on left lane...balah balah...နဲ့ဒင်းအသံကြောင့် feel ငုပ်တယ်။ သီချင်းကောင်းနေပါတယ်
ဆိုနေမှ ကျားကျားရေ ဖြေးဖြေးနောက်က ကားလမ်းတောင်းနေတယ်..ပေးလိုက်.. တို့တွေအလျင်
မလိုဘူး..ဟွန့် Sunday လည်းလာလုပ်ပေးရတယ်။ နဲနဲနောက်ကျလည်း ဘာဖြစ်လဲကွာ..ဈေးကိုင်ထား..
(NJ George Washington Bridge ကနေ NY Long island Westbury   အထိသာမာန်အချိန်ဆိုရင်
ပုံမှန်ပေါ့ ၁နာရီသာသာလောက်ပါဘဲမောင်းရတာ..ကားလမ်းတွေအရမ်းပိတ်နေတဲ့တခါက ၃နာရီ အထိ ကြာဖူးတယ်လေ) 

နေပြန်သာရင်ဓါတ်ပုံရိုက်ရအုံးမယ်..ကောင်းကင်ပြာပြာ သစ်ပင်စိမ်းစိမ်းနဲ့လှလိုက်တာကျားကျားရေ...
And I'll see your true colors shining through I see your true colors I see your true colors
so don't be afraid to let them show your true colors are beautiful like a rainbow
True color...သီချင်းဟောင်းလေးပါ..ပြန်ဆိုတဲ့သူတွေများလွန်းလို့ဘယ်သူ့မူရင်းမှန်းတောင်မသိတော့
ဘူး..ကိုယ်တော့ မိန်းခလေးအသံနဲ့ပိုကြိုက်တယ်..။ကြိုက်ရင်တော့စာသားကိုလိုက်အော်ဖို့နဲနဲတော့
တတ်တယ်...အဟဲ...I see you true color... တတ်သလောက်အော်ပြီးဟဲလိုက်တယ်လေ...။

ကဲ..ကျားကျားရေ..Tollgate နားရောက်တော့မယ် တို့ကcash လိုင်းဆိုတော့ အစွန်ဆုံးသာကပ်ထားနော်.။
ဒါနဲ့ ရှင့် E pass ဘယ်တော့ ပြန်လုပ်မလဲ၊ ရော့..အင့်..ပိုက်ဆံပေးရင်းနဲ့ ပြောလိုက်အုံး..ကျေးဇူးပြုရျ် receive ပေးပါလို့( တာဝန်နဲ့ခရီးထွက်ရင် ကုမ္မဏီကို ပြန် claim လုပ်ရတယ်လေ၊ပိုက်ဆံအကြောင်းဆိုရင် မိန်းမကပိုစေ့စပ်သေချာပါတယ်နော့ ...^_^ )ကဲ..ဂျော့ဝါရှင်တန်တံတားကို အောက်ကနေဘဲဖြတ်တယ်၊အပေါ်ကဆိုကုန်တင်ကားတွေနဲ့ရှုပ်လို့။
အဝင်ဝပေါ့...။ပိတ်ရက်လည်းလူများတာပါဘဲ...။တံတားက ၂ထပ်လေ..အောက်ထပ်က ကားငယ်တွေ ဘဲသွားခွင့်ရှိတယ်။အပေါ်ထပ်ကျတော့ ကုန်တင်ကားတွေ ကားကြီးတွေနဲ့ရူပ်တတ်တယ်။
 
အပေါ်ဖြတ်တုံးက ရိုက်ထားတဲ့ပုံပါ...။
တခါခါတော့ အူကြောင်ကြောင်စဉ်းစားမိပါတယ် ဒီလောက်ကားတွေအများကြီးနဲ့အပေါ်ထပ်အောက်ထပ် အပြည့်ကားတွေရဲ့အလေးချိန်ကို တံတားကြီးခံနိုင်ပါ့မလား...ကျိုးကျသွားမလားလို့ပါ.... @_@
ဟာ...GPS က massage လာတယ်..။ခုသွားနေတဲ့လမ်းက ၂ဝမိနစ်နောက်ကျမယ်တဲ့။ ၁၂ မိနစ်ပိုမြန်တဲ့လမ်းကသွားမလားတဲ့။ မီးတော့ Yes နှိပ်လိုက်ပြီနော်  ...၁၂ မိနစ်လည်းနည်းဘူး..(ဒီလိုလမ်းရွှေးပေး
တဲ့setting က US မှာဘဲရသေးတာတဲ့) သူပြောတဲ့အတိုင်းသာနင်းပေတော့....ကျားကျားရေ့......
ဒီပုံတခါကပြောဖူးတယ်လေ...အပေါ်မှာ အိမ်အမြင့်ကြီးရှိတယ်လို့...အသည်းယားပါတယ်ဆို....
အောက်မှာကားလမ်းမကြီး....
ကားလမ်းအပေါ်ကမိုးမျော်တိုက်ကြီး....
ဟော..ရှေ့က ဟတ်ဆန်မြစ်ဆိုတာလေ...။ Day light oh-woah,oh-woah oh -woah............
we knew this day would come,we knew it all along...How did it,come so fast? ................
And when the daylight comes I'll have to go ..When the sun comes up I will leave...........
I hold you so close...အိုးဝိုးဝိုး..အိုး..ဝိုးဝိုး...ခေါင်းလည်းခါ ကိုယ်လည်းလှုပ် အိုး...မိုက်စ်....တေးသွားနဲ့
လိုက်ပြီးကရင်းလည်းဟင်းချက်တတ်တဲ့ မယ်ငီး ကားထဲမှာတော့အပျော့ပေါ့...နော့်...... :)

ဟော..နေပြန်သာပြီ...ဒီ GWB တံတားကနေ Long island ကိုလာရင် ဒီ Bronx ဆိုတဲ့နေရာ ကနေဖြတ် ရတာမကြိုက်ဆုံးဘဲ..အမည်းလူကြီးတွေ လူကထွားထွားကားကကြီးကြီး နဲ့ကြမ်းတမ်းသလိုဘဲ...။
သူတို့ကိုလည်းစေ့စေ့မကြည့်ရဲူဘူး ကြောက်လို့...
အဲ...သူတို့လူမျိုးတွေကို အရင်က နီ.. လို့ခေါ်တာလေ..အဲလိုအခေါ်ကောင်းလို့ ကြည့်နေကြ Food net work  က Paula Deen တောင်ပြုတ်သွားပါကောလား ဒီတော့ မယ်မီးလည်း သူတို့နံမည်ကိုအပြည့်မရေးရဲ
ဘူး..သူတို့နယ်မြေမှာနေတော့ သူတို့ဥပဒေကို လိုက်နာရမယ်လေ..အဟီး...
 
တွေ့တယ်ဟုတ်..တံတားအဝင်ကိုလုပြီးဝင်နေရတယ်။သူ့တို့ကားအကြီးတွေကိုမယှဉ်နိုင်တော့ နေရာ
ဖယ်ပေးရတယ် ဒီနားမှာတံတားကျော်တာနဲ့ Yankee stadium ရှိတယ်လေ သူတို့ပွဲသာရှိရင် ဒီမှာဘဲ....
နာရီနဲ့ချီ ရွှာပတ်နေပြီ။
 Throgs Neck တံတားကျော်ရင် ကားလမ်းနဘေးက ကမ်းခြေတလျောက်မှာ အားကစား လုပ်နေကြ
 ပြေးနေကြ ရွှက်လှေတွေတိုက်နေကြတာ ပျော်စရာကြီးဘဲ..။ပိတ်ရက်ဆိုစက်ဘီးစီးကြတာပိုများတယ်။
ရှင့်မလဲ..အားရက်တောင်မရှိဘူး...ပိတ်ရက်လည်း..လုပ်နေရတာဘဲ..Holland က Oostverne ရွှာလေး ကိုသတိရတယ်..နေ့တိုင်းကမ်းခြေမှာလမ်းလျောက်နိုင်တယ်...။ မြို့ကြီးရောက်တော့ ဘာမှမလုပ်နိုင်။
sailing  အိုး....rod stewart ရဲ့ကွဲအက်ရှတသံလေး.... ဒီနေရာ ဒီအချိန်မှလားကွာ.... 
we are sailing cross the sea...oh lord to near you to be free.......
ကျားကျားရေ...ရှင်တို့ကော..မြန်မာပြည်မှာနေတုံးက အားရင်ဘာလုပ်လဲ...(စပ်စုကြည့်တာ)...
ကိုယ်လား..အားရင် ပိုကာဒေါင်းတယ်...(တိန်..ကောင်းလိုက်တဲ့အဖြေ..^_^ )

ဟိုမှာကြည့်စမ်း..ကောင်မလေးတယောက်အားနဲ့မာန် နဲ့ပြေးနေလိုက်တာ သူ့အသားစိုင်ကြီးတွေတုန်
နေတာဘဲ..တအားဝတာကိုး...တော်တော်မောနေတဲ့ပုံ..ဒါနဲ့ကျုပ်တို့တပတ်၄ ရက်ပြေးနေတာ ကျုပ်ဗိုက်ပူ
ကြီး ပိန်နိုင်ပါ့မလား ဟိုကောင်မလေးလို တနေ့ကျရင်တုန် ရွှဲလာနိုင်တဲ့အခြေအနေဘဲ။ကမန်းကတန်းဘဲ
လာနေတဲ့ သီချင်းလိုက်ဆိုမိတယ်...ဂါဂါ..သီချင်း.. 
born this way... my mama told me when I was young we are all born superstar.....
                         don't hide yourself in regret,just love yourself and your set....
                         Born this way....born this way.......


ရှင်ကလည်း လမ်းကြောင်းကို ဟိုပြောင်းဒီပြောင်းမလုပ်နဲ့လေ ဒီလမ်းဆိုဒီလမ်းပေါ့ ရှေ့ကျကွေ့ရမှာကြီးကို
တခါကမမှတ်သေးဘူးလား..JFK လေယာဉ်ကွင်းနားမှာ အမည်းမလေးတယောက်ရဲ့အသစ်စက်စက်မာစီး
ဒီးကို နောက်ကနေပန်းတက်မလို့ကွေ့ဝင်ရင်း ဆောင့်မိတာလေ...။(အမည်းတွေများချစ်စရာကောင်းပုံက
စကားပြောရင် ဖ အစချီပြီး နဲ့f#&*  what the f *# u doing you f #* with my car shit f&# f#% f #!...
အံမယ်နောက်ဆုံးကျတော့ ၃ ခွန်းဆက်တိုက်ဗျား ဖ ဖ ဖ..ဟဟ) သူလည်းဂျာမာန်ကား ကိုယ်တို့လည်း
ဂျာမာန်ကား တော်သေးတယ် သူ့ကားဘာမှမဖြစ်ဘူး ဂျပန်ကားဆို အဲနေရာမှာဘဲ ကိုယ်တို့လည်း ကားက နဲနေမှာ..ကိုယ်တို့နံပါတ်ပြားလေးနဲနဲပိန်သွားတယ်..ဒါဘဲ) အဲဒါကို သူ့ခေါင်းဆတ်ကနဲ တုန်သွားအချိန်မှာ နာသွားလို့တရားစွဲမလို့လုပ်တာတဲ့..ကားအာမခံကုမ္မဏီကပြောပြတယ်..ဟင်းဟင်း..အမေရိကား တရားစွဲ နံပါတ် ၁...ခုတောင်အချုပ်ထဲမှာ ကောင်လေးတယောက်၅ ရက်ချုပ်ခံထားရပြီး ဘာမှလာမလုပ်ဘူး သက် ဆိုင်သူတွေမေ့နေတာလေ..အစာလည်းမစားရဘူး..ပြန်တရားစွဲတာ ဒေါ်လာ ၄သန်းကျော်ရချင်တာတဲ့... 

@-@...ကျားကျားရေ နောက်ပိုင်း longisland ကားလမ်းတအားကြပ်လာတယ် သတိထားမောင်း....ဟင်း...
တလမ်းလုံးကိုယ်ဘဲသတိပေးနေရတယ်...ဘယ်ကွေ့ညာကွေ့ ဟို exit ထွက် ဒီလမ်းမှာနေ..ဟူး.မောထှာ
ကဲရောက်တော့မယ်..(အလွန်ချိုသာသောလေသံ ချက်ချင်းပြောင်း သွားတယ်)  မောလိုက်တာကွာ...... တလမ်းလုံး ကို မောင်းပေမဲ့ မီးက နဘေးကနေလိုက်ထိန်းပေးနေရတာ ခုလိုဘေးမသီရန်မခ ရောက်လာပြီ
အလုပ်အေးအေးဆေးဆေးလုပ်နော် အလုပ်မှာလိုက်ပြီး စောင့်မနေတော့ဘူး Broadway Mall မှာဘဲ ချထား
ပေးခဲ့ ရေလေးဘာလေးသောက် ခြေဆန့်လက်ဆန့်လုပ်လိုက်အုံးမယ် ဘယ်လောက်ကြာကြာရတယ်..
မီးကိုစိတ်မပူနဲ့နော်...စိတ်ပြေလက်ပျောက်လျောက်ကြည့်လိုက်အုံးမယ်...(ကြုံတုံးအပြတ်ဝယ်ပစ်မှာ..)

တကယ်ပါ တခါတလေလောက် ကျမလို ပါးစပ်လေးနဲ့ကားမောင်းကြည့်ပါလား..တကယ်ပင်ပန်းတာနော့်
စိတ်မအား လူမအား ပါးစပ်မအား မျက်စိမအား တကယ်လုံးဝနားချိန်တောင်မရှိလိုက်ဘူး nonstop......
born this way...born this way.... :P
(မယ်ငီးကားမမောင်းတတ်ပါ)

ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Wednesday, December 21, 2011

အိမ်ပြောင်းရအုံးမယ်..

မင်္ဂလာပါရှင်~~~
အိမ်ပြောင်းတယ်ဆိုလို့ တချို့ ဘလော့မှာဖတ်ရတာ၊
ဘလော့လိပ်စာပြောင်းတာလည်း အိမ်ပြောင်းတယ်လို့ ဆိုပါတယ်။
ကျမကတော့နေတဲ့အိမ်ကိုဆိုလိုတာပါ။

ခုနေတဲ့အခန်းလေးက သူတို့ အခေါ် studio room type ပါ။
အိပ်လည်းဒီနေရာ၊စားလည်းဒီနေရာ။ချက်လည်းဒီနေရာ၊
ဘုရားစင်ကဟိုဖက်ဒေါင့်၊အိမ်သာရေချိုးခန်းကဒီဖက်ဒေါင့်၊
ဆိုဖာဆက်တီကအလယ်မှာငုတ်တုတ် ဆိုတာမျိုးပါ။
ချက်တာကလည်း အနှစ်ပါတဲ့ဟင်းမျိုးတွေကို(သူ့ အကြိုက်ဆိုပါတော့ဗျာ..)
ကြော်လှော်ချက်ပြုတ်ရတယ်ဆိုတော့။
အင်မတန်မှ အနံ့ တွေသင်းထုံနေပါတယ်။
ကျမနေတဲ့အခန်းဟုတ်ပါဘူး..ဟီး၊ဒီပုံစံလေးလို့ ဆိုလိုတာပါ။

ဆောင်းချမ်းချမ်းမှာပြူတင်းပေါက်လည်းဖွင့်ချင်ဘူးလေ။ချမ်းတယ်။
ကျမတို့ နေတာ apartmentမှာ။
အမျိုးသားက  apartment ဘဲကြိုက်တယ်လေ။
အိမ်ထဲကတခုခုဖြစ်ရင်လည်းရုံးခန်းကိုအကြောင်းကြားလိုက်ရုံဘဲလေ။
နှင်းကျရင်လည်းလူလျောက်လမ်းတွေ၊
ကားထွက်ဖို့ လမ်းတွေကိုသူတို့ ကရှင်းပေးတယ်။
ရောက်ခါစက အခန်းမရလို့ ဟော်တယ်မှာ၊
ရက်ပေါင်း၂၀ ကျော်လောက်ကြာတယ်။
ရှိတဲ့အခန်းယူလိုက်ရတာလေ။
အိပ်ခန်းပါတဲ့အခန်းရတော့ (အရင်၃နှစ်ကနေခဲ့ဖူးတဲ့နေရာပါ)၊
အဲဒီကိုပြောင်းဖို့ ဖြစ်လာရပြီလေ။
ကုမ္မဏီတခုထဲကပိုင်တာနေရာမတူတာ။
တနှစ်မပြည့်ခင်ပြောင်းလို့ ထုံးစံကစဘော်အရှုံးပါ။
ဒါပေမဲ့ခုတခါတော့ ၅၀၀ ဖြတ်ပါတယ်။

ခုပြောင်းမဲ့အခန်းက တချက်ခုတ်နှစ်ချက်ပြတ်သဘောပေါ့ဗျာ။
ကျမအလုပ်နဲ့ နီးနီးလေး လမ်းလျောက်ရင် ၁၀မိနစ်လောက်ပေါ့။
အခန်းတွေလည်းပါတယ်လေ။
ကဲ.....done....:P

သူကခဏခဏခရီးထွက်ရတယ်လေ။
ကျမကတော့ တက်စီသမားတွေနဲ့ ရန်ဖြစ်နေရတာ။
ဈေးကြီးပြီးတကြိမ်နဲ့ တကြိမ်ဈေးခေါ်တာမတူလို့ ။
ကျမကလည်း old fashion lady :))ကားမမောင်းတတ်ပါ။
ဆိုင်ကယ်မောင်းတာ ၃ ခါတိတိ အက်စီးဒင့်ဖြစ်တယ်။
ကားတခါမောင်းတာ အိမ်တိုင်ကိုတိုက်ပစ်လိုက်တယ်လေ။
စက်ဘီးစီးသင်တာ ၂ နှစ်ကြာပါတယ်။

အင်း...ဒီအသက်အရွယ်အထိပေါ့လေ..။
(အသက်ကိုအတိအကျမပြောသေးပါ)...ဟဲ။
စုစုပေါင်း အိမ် ၁၉ ခါတိတိပြောင်းဖူးပြီးပြီ။
ဒီတခေါက်ကအခါ ၂၀ မြောက်ဆိုပါတော့။
နိုင်ငံပေါင်း ၅ နိုင်ငံ၊မြို့ ပေါင်း ၈ မြို့ ၊
ဟား..ဘာရမှာလဲကွာ..နဲနဲများအောင်ကိုယ့်နိုင်ငံကိုထည့်တွက်တာနော်။
(လေထွားကြည့်တာပါ  :)))   )
အလုပ်လုပ်တာတောင် အလုပ်ကရုံးခန်းပြောင်းတာရယ်၊
show room ပြောင်းတာရယ်ဝင်နွဲလိုက်ရသေးတယ်။

ဒုတိယနှစ်ကောလိပ်တက်တုံးကလည်း၊
 တချိန်ပြီးရင် အခန်းပြောင်းရသေးတယ်။
ခုံနံပါတ်နဲ့ အတန်းတွေကို ကျောင်းသားဦးရေ သတ်မှတ်တယ်ဆိုလားဘဲ။
ယူတဲ့မိုင်နာတွေ၊မေဂျာတွေအလိုက် ခွဲ၊နံမည်အလိုက်ခွဲ။
နိုင်ငံရေးသိပ္ပံကျတော့အားလုံးကသင်ရတယ်။
အဲဒီအချိန်ဆိုရင်လူများများ နောက်အဆောင်ပြောင်း၊
မေဂျာချိန်ကျရင် နောက်တနေရာပြေး။
အားလုံးမဟုတ်ဘူး လူလေး ၅ယောက်၆ ယောက်လောက်မှာ၊
မယ်မီးပါနေတာလေ။
(နံမည်အစက အ အက္ခရာ)။
နောက်ဆုံးမှာ၊ဘိတ်ဆုံးမှာ။
တခါခါ ကိုယ့်ခုံနံပါတ်မရောက်ခင် ကပ်ဖြတ်လိုက်တယ်။
ကဲ..နောက်တခန်းပြောင်းဘဲ...။
တနေ့ ကို ၃ ခါလောက်ပြေးနေရတယ်..။

အပြောင်း expert ပေါ့။ဘာတွေဘယ်လိုဝဲထုတ်ရမယ်။
ဘယ်လိုထုတ်ပိုးရမယ်ဆိုတာ ကောင်းကောင်းကျေနေပြီ။
ရန်ကုန်မှာနေတုံးက ၊
(အလုံသီရိရိပ်သာကနေ လမ်း၅၀ ၅လွှာဆိုတာကြီးကိုပြောင်းတာ)
ကိုကိုအလုပ်သမားတသိုက် ရေခဲသေတ္တာကိုပြောင်းပြန်ကြီးဘယ်ပေးရှာတယ်။
နောက်ဆုံးတော့ဒင်းကိုလည်းဝဲတဲ့အဆင့်ထဲထားလိုက်ရတယ်လေ:((

အိမ်ပြောင်းမဲ့သူတွေရှိရင်လည်းပြောပေါ့။
ကူညီထုတ်ပိုး(ပြီးအားလုံးဝဲပစ်လိုက်မယ်လေ) ပေးမှာပေါ့။
ဒီခရစ်မတ်မှာ တော့ဒေါ်မီးလည်း ထုတ်ပိုးပြင်ဆင်တာနဲ့ ဘဲ။
အချိန်ကုန်ရပါတော့မယ်လေ။

အားလုံးဘဲ ပျော်ပျော်ပါးပါးပေါ့။
(ဒီစကားကိုငယ်ငယ်ကဘီဘီစီနားထောင်ရင်အမြဲကြားဖူးတာ)။
ခင်မင်တတ်တဲ့
မီးမီး
ဓါတ်ပုံတွေအားလုံး အင်တာနက်ကနေ(ရှာဖွေလေတွေ့ ရှိလေ) ...ယူသုံးထားတာ။
ဆိုင်ရာလူကြီးမင်းများအားလုံးကို ကျေးဇူးတင်ပါတယ်။

Saturday, October 15, 2011

The Oyster Festival(Oyster Bay,NY)

မင်္ဂလာပါရှင်~~
ဒီနေ့ ရာသီဥတုလေးကောင်းတော့ ပွဲသွားလည်ပါတယ်။
Long-island,NY မှာရှိတဲ့Oyster Bay ပင်လယ်ကမ်းခြေမှာပါ။
အသေးစိတ်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။
ကျမက အရေးအသားညံတော့ ပုံဘဲပြတော့မယ်နော်....ဟီး။
တော်တော်လေးစည်ကားပါတယ်။
ကားတွေများလွန်းလို့ ဘူတာရုံ ၄ခု-၅ခုလောက်မှာ ဖရီးဖယ်ရီတွေစီစဉ်ပေးပါတယ်။
ကဲ..လည်လည်သွားရအောင်......။
အသွားကားစောင့်စီးတာ။
အ၀င်ဝက..တနေရာ
အလကားပေးတဲ့နေရာဆိုပိုလူများသေးတယ်။
ကမ်းစပ်ကနေလှမ်းရိုက်တာ..။
အဲဒီသဘောင်္ကြီးတွေမှာလဲလူတွေအများကြီးပါဘဲ။
သူတို့ တကယ်အမြောက်တွေပစ်ပြတယ်။အသံအကျယ်ကြီးဘဲ။
သဘောင်္တွေပေါ်တက်ကြည့်လေ့လာကြည့်လို့ ရတယ်။
စီးလို့ လဲရတယ်၊လိုက်ပို့ ပေးတယ်။
ဒီUS မှာတခုကောင်းတာကအပေါ့အပါးသွားဖို့ အဆင်ပြေတယ်။ဥရောပဆိုရင်ယူရို၅၀ ပြားကနေ၁ကျပ်ဘဲ၊အလကားဘာမှမရဘူး။
အလံတဖြတ်ဖြတ်လွင့်နေတာရိုက်ကြည့်တာ။လေတိုက်လွန်းလို့ အဆင်မပြေဘူး။

 
(Oyster)ကမာကောင်အစိမ်းစားပြိုင်ပွဲ
စားသောက်ဆိုင်တန်း
ဘယ်နေရာဘာရှာစားရမှန်းတောင်သိပါဘူး။


ဝက်နံရိုးကင်လေးနဲ့ ဘဲကျေနပ်လိုက်ရတယ်။
ခလေးတွေအတွက်ပျော်စရာလေးတွေ။
သွားလာနေကြတာ၊စီးပွားရေးမကောင်းဘူးဆိုတာယုံရခက်ကြီးနော်။
အပြန်ကားစောင့်ကြတာ..။
လေတိုက်လွန်းလို့ သူတို့ လည်းမြေခရှာပါပြီ..။
ဈေးရောင်းတန်းဖက်မှာလည်း ဈေးဆိုင်ခန်းတွေအများကြီး၊
လေတိုက်လွန်းလို့ ခပ်မြန်မြန်ဘဲတပတ်..ပတ်ကြည့်ပြီးပြန်လာလိုက်တယ်။
ကဲ..ဒီနေ့ တော့မောပြီလေ။
ဘိုင်ဘိုင်နော်.....။

မီးမီး

Tuesday, October 11, 2011

I can do it.....

front entrance

မင်္ဂလာပါရှင်~~~~
ကျမနေတဲ့ apartment က အလယ်တန်းကျောင်းဟောင်းတခုပါ။
၁၉၅၁ ခုနှစ်ကတဲက ဆောက်ထားတာပါ။
နောက်မှ ဒီအိမ်ဌားတဲ့ ကုမ္မဏီက၀ယ်ယူပြီး ပြန်ပြင်ဆင်အခန်းဖွဲ့ ဌားစားတာပေါ့။
အဲဒီတော့ အခန်းရှေ့ ကလူသွားလမ်းတွေဟာလည်းတော်တော်ကိုကျယ်ပါတယ်။
အရင်တုံးက ကျောင်းခန်းတွေကိုး။
အနောက်ဖက်မှာလည်း မြက်ခင်းကွင်းပြင်ကြီးကအကျယ်ကြီးပါဘဲ။

Paul အခန်းရှေ့ 

လူပေါင်းစုံ နေထိုင်ကြတဲ့အထဲမှာ...၊
ထူးထူးခြားခြား disable people လို့ ခေါ်ကြတဲ့ သာမာန်လူတွေလိုဟုတ်ဘဲ၊
နဲနဲ ခန္ဓာကိုယ်မသန်စွမ်းတာ၊ ဥာဏ်ရည်မမှီတဲ့ လူအုပ်စုလိုက်၊
စုစုပေါင်း ၉ ခန်းလောက်နေထိုင်ကြတာတွေ့ ရပါတယ်။
တခန်းကို ၃-၄ ယောက်လောက်စုနေကြတယ်။
သူတို့ ကိုစောင့်ရှောက်တဲ့ Volunteer  အုပ်စုဌားထားတဲ့အခန်းကလည်း၊
ကျမရှေ့ တည့်တည့်အခန်း။

Volunteer တွေအားလုံးကျမတွေ့ တာလူမည်းတွေဘဲ။
ဟိုအုပ်စုကတော့ အားလုံးလူဖြူတွေ...။
သူတို့ တွေအလုပ်လုပ်ကြရတယ်။
မနက် ၈နာရီလောက်ဆိုရင် ကားတွေနဲ့ လာခေါ်တယ်။
ညနေ ၄ နာရီလောက်ဆိုပြန်လာကြတယ်။
တချို့ ဆိုစကားတောင်ပီပီသသပြောတတ်ဘူး။
သူတို့ ရုံးခန်း
 အဲဒီအထဲမှာကျမ Paulဆိုတဲ့ ၆၀ကျော်အဖိုးကြီးလင်မယားနဲ့ ခင်မိတယ်။
အဖိုးကြီးက လေဖြတ်နေတာ။ခြေ၂ဖက်ကလည်းမသန်ဘူး။
ခါးလည်း ၄၅ဒီဂရီလောက်ကိုင်းနေတာ။
လမ်းလျောက်ရင် ချာလီချက်ပလင်လို ၂ဖက်ကားနဲ့ ။
ညာဖက်လက်လည်းတွဲနေတယ်။
ဘယ်လက်တဖက်ဘဲသူကောင်းတယ်။
သူကတော့ လက်၂ဖက်ကိုင်အထောက်(ခုံးခုံးလေး)နဲ့ ၊
တရွတ်တိုက်ဆွဲပြီးသွားရတယ်။
သူ့ ကိုဘယ်သူမှတွဲတာပြုတာလည်းတွေ့ ရဘူး။
တံခါးဖွင့်ပိတ်ဆိုရင်သူ ဒုက္ခရောက်ပြီ။
သော့ဖွင့်ဖို့ ခက်ပြီလေ။
ကျမနေတဲ့အခန်းကအစွန်ဆိုတော့မြင်ရတယ်။
မယာင်မလည်နဲ့ အပြင်ထွက်သလိုလိုလုပ်ပြီးသွားဖွင့်တယ်။
သူလည်းသိတယ်။သိသိသာသာဆိုသူတို့ မကြိုက်မှာစိုးလို့ ။
သူပြန်မဲ့အချိန်စောင့်ကြည့်နေတတ်တယ်။
အမေကလည်းလေဖြတ်နေတော့ ကိုယ်ချင်းစာတယ်လေ။
အော်.သံယောဇဉ်....။
သူက Thanks you honey...တဲ့ ...။
ကျမချဉ်ပေါင်ပင်လေးတွေ..
 ဒီရက် ပိုင်းစိတ်တွေလေနေတာနဲ့ ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။
စိုက်ထားတဲ့ချဉ်ပေါင်ပင်လေးကိုတော့ မနက်ရေထထလောင်းပေးတယ်။
ဒီတနင်္ဂနွေအစောကြီးထပြီးလောင်းတော့...။
ပြန်ဝင်လာတာ ကော်ရီတာမှာ Paul တယောက်ဘာတုတ်မှ မပါဘဲ၊
တယောက်ထဲလျောက်နေတာတွေ့ တယ်။
အစက နူတ်ဆက်မလို့ အနားကပ်သွားတော့...။
I can do it...Yes,I can do it...I can do it...Yes...Yes..I can do it...
လို့ သူ့ ပါးစပ်ကနေတတွတ်တွတ်ရွတ်နေတာကြားရတော့..။
စိတ်ထဲမှာ ဘယ်လိုမှာဖော်မပြနိုင်တဲ့ ခံစားမူ့ တမျိုးဖြစ်သွားတယ်။
သူတကယ်ဘဲ ဘာမှမပါဘဲ သူ့ အခန်းကနေ သူတို့ ရုံးခန်းအထိလျောက်နိုင်ခဲ့တယ်။

သူကတော့ သူ့ ရဲ့ အဓိကအနာဂါတ်ရည်မှန်းချက်(ဖြစ်ချင်လည်းဖြစ်နိုင်တယ်လေ)၊
ဖြစ်တဲ့ လမ်းလျောက်နိုင်ဖို့ ကြိုးစားနေတယ်။
ကျမမှာတော့အကိုဆုံးရူံးသွားလို့ ဝမ်းနဲပူဆွေးတဲ့ခံစားချက်ကို ကမ္ဘာကြီးလောက်ထင်ပြီး၊
မစားနိုင် မအိပ်နိုင်..။
ဟုတ်တယ်နော်၊ တကယ်ဆိုကျမတို့ ကနဲနဲဆို စိတ်ဓါတ်ကျတာကအရင်..။
Paul လို ကြံကြံခိုင်ရမယ်။
ဒီဘ၀မှာဒီခန္ဓာရှိနေသေးသမျှတော့ ကြိုးစား ရုန်းကန်ပြီးရည်မှန်းထားတဲ့ပန်းတိုင်ကို၊
အရောက်သွားရမှာဘဲ...။
I can do it......
Yes,.....you can do it Paul..


အားလုံးဘဲရည်မှန်းချက်ပန်းတိုင် အရောက်လှမ်းနိုင်ကြပါစေ..
You can do it too....
ခင်မင်တဲ့
မီးမီး

Wednesday, July 14, 2010

တရားစွဲမှာလား???


လွန်ခဲ့တဲ့ ၄ နှစ်က နယူးယောက်မှာ နေတုံးကပေါ့.



ဒီ Arch-stone apartment west bury, long-island New York မှာနေခဲ့ပါတယ်။
ကျမတော့အဲဒီနေရာမှာ ၄ လလောက်ဘဲနေခဲ့ရပါတယ်။
နေပြီး၂လလောက်မှာဘဲ မိုးတွေရွာပြီးရေတွေစိမ့်ဝင်လို့ အိမ်နံရံမိူတက် မိူစွဲပါတယ်။
အဲဒီ apartment ကလည်းအသစ်ဘဲရှိသေးတယ်.ဈေးလည်းကြီးတယ်။
ကျမတို့အခန်းကတယောက်အိပ်ခန်းပါဘဲ။အိမ်ထောင်ပရိဘောဂကိုသပ်သပ်ဌားရပါတယ်။
စုစုပေါင်း US4000$ လောက်ပေးရပါတယ်။
အားလုံးကိုသူ့company ကစီစဉ်ပေးလို့တော်သေးတယ်.။
ရေစိမ့်တာလည်းကျမတို့အခန်းမဟုတ်ပါဘူး...။
တခြားအခန်းတွေပါ…အဲဒီမိူကြောင့်ယားနာတွေဖြစ်ကြတယ်.

ကျမလည်းအစကတည်းက အနံ့တို့ လေမသန့်တာတို့ကို အရမ်းကြီးကို sensitive ဖြစ်တဲ့လူဆိုတော့ ယားနာဖြစ်တာပေါ့။ တကိုယ်လုံးယားယံပြီးအဖုနီနီလေးတွေပေါက်တယ်။အဲဒီApartmentကိုသူများတွေကတရားစွဲကြတယ်။ကျမလည်းယားနာပေါက်တယ်ဆိုတာကိုသိတဲ့ မျက်နှာခြင်းဆိုင်အခန်းက အမျိုးသမီးကတော့အားတက်သရော တရားစွဲဖို့အကြံပြုပါတယ်။ ရှေ့နေကိုသွားပြောကြတယ်တဲ့။ Law farm တွေကတော့အများကြီးစာတွေပို့ကြတယ်.လျော်ကြေးတွေသိန်းသန်းနဲ့ချီတောင်းကြတယ်။ကျမကတော့ဘာမှမလုပ်ပါဘူး.အဲဒီတော့ Apartment ကအားလုံးကိုပြောင်းခိုင်းပါတယ်။ Apartment ပြန်ပြီးပြင်ဖို့အိမ်ပြောင်းခ အိပ်ခန်းတခန်း ကို US ၁ဝဝဝ $ပေးပါတယ်။အိပ်ခန်းနှစ်ခန်း ဆိုရင် US ၂ဝဝဝ $ ရပါတယ်။

ကိုင်း.ရန်ကုန်ကတိုက်ခန်းရေစိမ့် အိမ်သာပိုက်ပေါက် ရေပိုက်ပေါက်တာ..ကိုယ်တိုင်ပြင်နော်😉

သတ်မှတ်ပေးထားတဲ့အချိန်အတွင်းအပြီးပြောင်းပေးရတယ်။
နို့မို့ရင်ကိုယ်ကပြန်လျော်ပေးရမယ်တဲ့..။

ကြုံခဲ့ရသမျှ အဆန်းတွေချည့်😎

#meemeenage