Thursday, October 27, 2011

ခရီးသွားနှင့်သူများ.....

မင်္ဂလာပါ~~~
အဖေ(ဂေါက်သီးကစားတာကအဖေ့ရဲ့ အနှစ်သက်ဆုံးအလုပ်တခုတဲ့)
ရှေ့ ဆုံးကလျောက်သွားနှင့်တဲ့အဖေကြီး
အမေ(မျက်မှန်နဲ့ )အတူဆေးရုံမှာရေစုပ်စက်အလူရှင်အနေနဲ့ တွေ့ ရတဲ့ ကိုကို၊ညီညီ
အရင်လာလို့ အရင်သွားတာလား....
တမင်တကာဘဲသွားချင်တာလား....
မပြောမဆိုဘဲသွားလိုက်ပြီလား.......
မပြီးဆုံးသေးတဲ့ခရီးကိုဆက်သွားတာလား..
ထားရက်လို့ သွားလိုက်တာလား...
စိတ်ချလို့ သွားလိုက်တာလား...
မောပန်းလို့ ထွက်သွားတာလား...
လမ်းညွှန်ပြီးလို့ သွားလိုက်တာလား..
...............................................
...............................................
ကျန်ရစ်တဲ့ခရီးကို ......................
ကျန်ရစ်သူတွေကလည်း..............
အကောင်းဆုံးလက်ဆင့်ကမ်းပြီးထားခဲ့နိုင်အောင်....
ကြိုးစားသွားပါ့မယ်.......
ကြိုးစားနေပါတယ်.......

ကွယ်လွန်သွားတဲ့
ကျေးဇူးရှင်ဖခင်  ဦးသိန်းမောင်(ကျိုင်းတုံ)
အကိုကြီး         ကိုတင်အောင်သိန်း (ကိုကို)
အကိုငယ်        ကိုခင်မောင်သိန်း (ညီညီ)
တို့ အတွက်အမှတ်တရ။
(ကိုကို ဆုံးတာတလပြည့်နေ့ ၂ရ.၁ဝ.၂ဝ၁၁)
ဒီနေ့ ကျိုင်းတုံအိမ်မှာရော၊တောင်ကြီးအိမ်မှာရော
ဘုန်းကြီးဆွမ်းကပ် သင်္ကန်းကပ်နဲ့ အလှူလုပ်ပေးပါတယ်။

ရောက်ရာဘုံဘဝကနေ သာဓုခေါ်ကြပါ.....
အမျှ အမျှ အမျှ~~~~

ချစ်သမီးလေး; ချစ်ညီမလေး
မီးမီးငယ်
ကျောင်းပြီးခါစထမဦးဆုံးရဟန်းအမလုပ်တာ၊အကို၂ယောက်နဲ့ သူငယ်ချင်းတယောက်ကိုရဟန်းခံပေးတာ။
မိသားစုနဲ့ ကြီးကြီး၊အဒေါ်၊ညီမဝမ်းကွဲတစု


ခုတော့..သူတို့ ၃ ယောက်လုံးဆုံးသွားပြီလေ......
မရှိတော့ဘူး...

Sunday, October 23, 2011

ဂျင်းနံမွှေးမွှေးငါးကြော်စပ်စပ်လေး..

မင်္ဂလာပါရှင်~~~
ငါးအသားလွှာတွေကိုအတုံးလေးတွေတုံးပြီး၊
ဆား၊ငရုတ်ကောင်းဖြူး၊ပြောင်းဖူးမူန့် နဲနဲလူးပြီးနှပ်ထားပါတယ်။(ခြောက်ခြောက်လေးဖြစ်အောင်၊အ၀တ်နဲ့  အရင်သုတ်လိုက်တယ်၊ကြော်ရင်ဆီမပေါက်ဘူးပေါ့။)
ဂျင်းအချောင်းလေးတွေကိုဆီပူထဲမှာအရင်ကြော်လိုက်တယ်။
ငရုတ်သီးလေး၂ တောင့်လောက်ပါးပါးလေးပါထဲ့လိုက်ပါတယ်။
ကျွတ်လာရင် ဆယ်ထားလိုက်ပါတယ်။
ပြီးအဲဒီဆီပူထဲမှာ ငါးကြော်တယ်။
နီညိုရောင်လေးသန်းလို့ ကြွတ်လာရင် ပန်းကန်ပြားထဲခပ်ထဲ့။
အပေါ်က ဂျင်းငရုတ်သီးကြော်လေးဖြူးပေါ့။
ဟား...ဘူးသီးချဉ်ရည်ဟင်းလေးနဲ့ ဆို၊
တအားစားကောင်းပါတယ်၊
အနံမွှေးမွှေးလေး။
လုံးဝညီနံ မရှိ၊ အာမခံပါ၏။
(အညီနံကြောက်သူများအတွက်..:))

ခင်မင်တတ်တဲ့
မီးမီး

Monday, October 17, 2011

vegetable pancake(ကိုးရီးယားစတိုင်)


မင်္ဂလာပါရှင်~~~
မနေ့ ညကညစာကို ကိုးရီးယားမှာနေပြီးဟင်းချက်ကောင်းတဲ့ ညီမလေး ဆီကနည်းယူပြီး၊
လုပ်စားကြည့်ပါတယ်။
သူကတော့ အချပ်သေးသေးလေးတွေလုပ်တယ်။
သူများတွေလည်းဒီလိုဘဲလုပ်ကြလားမသိပါဘူး။
ကျမက စိတ်မရှည်တာနဲ့ ဒုတိယအချပ်ကို အားလုံးလောင်းထဲ့ကြော်လိုက်တယ်။
မှတ်ကရော...၊ဟင်းချက်တာလည်းသိပ်စိတ်မရှည်ချင်ဘူး။
ကံကောင်းထောက်မစွာနဲ့ စားကောင်းသွားပါတယ်။
ကြိုက်တဲ့ဟင်းသီးဟင်းရွက်ထဲ့ဆိုလို့  ရှိတာတွေနဲ့ ဘဲလုပ်လိုက်ပါတယ်။
ကြက်ဥတလုံးခေါက်ထဲ့လိုက်ပါသေးတယ်။
ဒီလိုဆီနဲနဲလေးနဲ့ တဲ့..။
ပထမဆုံးအချပ်။
ဒုတိယကြတော့အားလုံးလောင်းထဲ့လိုက်တယ်..ပြီးရော။
ကောင်းတယ်၊ပဲငံပြာရည်အကြည်လေးနဲ့ တို့ စားတယ်။
ကျုတီရေ..
နည်းမမှန်ရင်လည်း လက်သင်လေးကိုခွှင့်လွှတ်လိုက်နော်...။
ခင်မင်တဲ့
မီးမီး

Saturday, October 15, 2011

The Oyster Festival(Oyster Bay,NY)

မင်္ဂလာပါရှင်~~
ဒီနေ့ ရာသီဥတုလေးကောင်းတော့ ပွဲသွားလည်ပါတယ်။
Long-island,NY မှာရှိတဲ့Oyster Bay ပင်လယ်ကမ်းခြေမှာပါ။
အသေးစိတ်တော့ ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။
ကျမက အရေးအသားညံတော့ ပုံဘဲပြတော့မယ်နော်....ဟီး။
တော်တော်လေးစည်ကားပါတယ်။
ကားတွေများလွန်းလို့ ဘူတာရုံ ၄ခု-၅ခုလောက်မှာ ဖရီးဖယ်ရီတွေစီစဉ်ပေးပါတယ်။
ကဲ..လည်လည်သွားရအောင်......။
အသွားကားစောင့်စီးတာ။
အ၀င်ဝက..တနေရာ
အလကားပေးတဲ့နေရာဆိုပိုလူများသေးတယ်။
ကမ်းစပ်ကနေလှမ်းရိုက်တာ..။
အဲဒီသဘောင်္ကြီးတွေမှာလဲလူတွေအများကြီးပါဘဲ။
သူတို့ တကယ်အမြောက်တွေပစ်ပြတယ်။အသံအကျယ်ကြီးဘဲ။
သဘောင်္တွေပေါ်တက်ကြည့်လေ့လာကြည့်လို့ ရတယ်။
စီးလို့ လဲရတယ်၊လိုက်ပို့ ပေးတယ်။
ဒီUS မှာတခုကောင်းတာကအပေါ့အပါးသွားဖို့ အဆင်ပြေတယ်။ဥရောပဆိုရင်ယူရို၅၀ ပြားကနေ၁ကျပ်ဘဲ၊အလကားဘာမှမရဘူး။
အလံတဖြတ်ဖြတ်လွင့်နေတာရိုက်ကြည့်တာ။လေတိုက်လွန်းလို့ အဆင်မပြေဘူး။

 
(Oyster)ကမာကောင်အစိမ်းစားပြိုင်ပွဲ
စားသောက်ဆိုင်တန်း
ဘယ်နေရာဘာရှာစားရမှန်းတောင်သိပါဘူး။


ဝက်နံရိုးကင်လေးနဲ့ ဘဲကျေနပ်လိုက်ရတယ်။
ခလေးတွေအတွက်ပျော်စရာလေးတွေ။
သွားလာနေကြတာ၊စီးပွားရေးမကောင်းဘူးဆိုတာယုံရခက်ကြီးနော်။
အပြန်ကားစောင့်ကြတာ..။
လေတိုက်လွန်းလို့ သူတို့ လည်းမြေခရှာပါပြီ..။
ဈေးရောင်းတန်းဖက်မှာလည်း ဈေးဆိုင်ခန်းတွေအများကြီး၊
လေတိုက်လွန်းလို့ ခပ်မြန်မြန်ဘဲတပတ်..ပတ်ကြည့်ပြီးပြန်လာလိုက်တယ်။
ကဲ..ဒီနေ့ တော့မောပြီလေ။
ဘိုင်ဘိုင်နော်.....။

မီးမီး

Friday, October 14, 2011

Elangen(Germany)ကသူတို့ ရဲ့ ဘုရားပွဲဈေးတန်း


မင်္ဂလာပါရှင်~~~~
၂၀၀၉ ဧပြီလ(သင်္ကြန်ချိန်ပေါ့)ကျမအမျိုးသားအလုပ်ကိစ္စနဲ့ 
Elangen (Germany) ကို ၆ လလောက်နေဖို့ ရောက်ခဲ့ပါတယ်။
တကယ်တမ်းတော့လည်း ၁ နှစ်နီးပါးလောက်နေလိုက်ရတယ်။
မြို့ လေးက သူတို့ နိုင်ငံရဲ့ အကောင်းဆုံးဆေးတက္ကသိုလ်ရှိတယ်..၊
ဆိုတော့လူငယ်လေးတွေများပါတယ်။
နောက်ပြီးSiemens စတင်တည်ထောင်တဲ့လူရဲ့ ဇာတိမြေဆိုတော့၊
Siemens ကုမ္မဏီရဲ့ ရုံးအဆောက်အဦတွေက မြို့ တ၀က်ကျော်လောက်ရှိပါတယ်။

သူများမြို့ ရွှာမှာသူများစာ၊စကားမတတ်ဘဲနေထိုင်ရတာ၊
အင်မတန်မှ ကသိဂအောင့်ဖြစ်စရာတွေများလှပါတယ်။
ဥရောပဆိုတာကလည်း တနင်္ဂနွေဆိုရင် ဆိုင်အားလုံးနီးပါးပိတ်ဘဲ။
မြို့ လေးကလည်းသေးသေးလေးပါ။
ဘယ်သွားရမှန်းမသိတော့ လမ်းဘဲရှောက်နေတော့တာဘဲ။
လမ်းလျောက်တတ်တဲ့အကျင့်တောင်ရလာတယ်လေ။

ဘူတာရုံနားမှာလူတွေအများကြီးသွားနေတာတွေ့ လို့ ၊
သူတို့ နောက်လိုက်သွားကြည့်တာ..
ကောင်လေးနဲ့ ကောင်မလေးတွေကဂျာမာန်ဝတ်စုံလေးတွေနဲ့ ချစ်ဖို့ ကောင်းတယ်။
ဟိုးတောင်ကုန်းစပ်လေးမှာ ပွဲဈေးတန်းနဲ့ ပြင်ဆင်နေတာတွေ့ တယ်။
နဲနဲပါးပါး မေးမြန်းကြည့်တော့ အဲဒီနားက သူတို့ ဘုရားရှိခိုးကျောင်းရဲ့ နှစ်ပတ်လည်ပွဲတဲ့။
နှစ်တိုင်းကျင်းပတယ်။
ဂျာမဏီဆိုတော့လည်းဂျာမာန်ဘီယာက ထိပ်ဆုံးကလာတာကိုး...။
အဲနားတ၀ိုက်ရဲ့ အစည်ကားဆုံးဘီယာပွဲတော်ဖြစ်သွားတယ်။
ပွဲမစခင်၁ပတ်လောက်ကတဲကသောက်ဖို့ ရောင်းတယ်
ပွဲတော်နေ့ 
အဲဒီလူရဲ့ အနောက်ဖက်မှာဝက်ကောင်လုံးကင်တာတွေ့ တယ်
ပေါက်ပေါက်ဆုပ်နဲ့ ချောကလက်ဆိုင်
ပြောင်းဖူးဆိုင်
သစ်ခွဆိုင်ဆိုပြီးဘုရားပုံလည်းရောင်းတယ်၊အဲ..သူကမဲဖေါက်ရောင်းတာတဲ့။
ကျမတော့ဒီလိုမျိုးဘယ်တော့မှမစီးဘူးကြောက်လို့ ။
သီချင်းဆိုတာကိုအောက်ကနေပြီးလိုက်ကကြတယ်လေ။
ပွဲဈေးတန်းတလျောက်
ချားရဟတ်နဲ့ ခပ်လှမ်းလှမ်းအပေါ်ဖက်မှာ စိတ်ကောက်နေတဲ့အတွဲကိုလည်းဓါတ်ပုံခိုးရိုက်တယ်။
လာအချစ်ကလေးသွားသောက်ရအောင်..။
ပူပေါင်းကင်းတွေ..။
ကျမတို့ ပြန်တော့သူတို့ ကလာနေကြတုံး..။
ဘတ်စ်စောင့်နေတဲ့မမလေးတွေ..။
ပွဲတန်းကြီးကတော့အရှည်ကြီးပါ၊
ကျမတို့ ဆီမှာလိုဘဲမုန့် မျိုးစုံတွေရောင်းကြတာပေါ့။
ပွဲကျင်းပမဲ့အကြောင်းတော့ ကြေငြာပါလိမ့်မယ်။
ဂျာမာန်စာကောင်းကောင်းမဖတ်တတ်တော့ ဘာမှမသိဘူးလေ။
၂ ပတ်လောက်ညတိုင်းတီးမူတ်သံတွေအိမ်ကနေတော့သဲ့သဲ့လေးကြားရပါတယ်။
ကြာခဲ့ပါပြီ၊ဒါပေမဲ့ ဂျာမဏီအကြောင်းနဲ့ ပတ်သက်တာမရေးဖူးသေးလို့ ၊
အောက်တိုဘာ ဘီယာပွဲတော်နဲ့ ဆက်စပ်စဉ်းစားမိလို့ ၊
ပြောပြတာနော်...။

ခင်မင်တဲ့
မီးမီး