မင်္ဂလာပါရှင်~~~
ငါးအသားလွှာတွေကိုအတုံးလေးတွေတုံးပြီး၊
ဆား၊ငရုတ်ကောင်းဖြူး၊ပြောင်းဖူးမူန့် နဲနဲလူးပြီးနှပ်ထားပါတယ်။(ခြောက်ခြောက်လေးဖြစ်အောင်၊အ၀တ်နဲ့  အရင်သုတ်လိုက်တယ်၊ကြော်ရင်ဆီမပေါက်ဘူးပေါ့။)
ဂျင်းအချောင်းလေးတွေကိုဆီပူထဲမှာအရင်ကြော်လိုက်တယ်။
ငရုတ်သီးလေး၂ တောင့်လောက်ပါးပါးလေးပါထဲ့လိုက်ပါတယ်။
ကျွတ်လာရင် ဆယ်ထားလိုက်ပါတယ်။
ပြီးအဲဒီဆီပူထဲမှာ ငါးကြော်တယ်။
နီညိုရောင်လေးသန်းလို့ ကြွတ်လာရင် ပန်းကန်ပြားထဲခပ်ထဲ့။
အပေါ်က ဂျင်းငရုတ်သီးကြော်လေးဖြူးပေါ့။
ဟား...ဘူးသီးချဉ်ရည်ဟင်းလေးနဲ့ ဆို၊
တအားစားကောင်းပါတယ်၊
အနံမွှေးမွှေးလေး။
လုံးဝညီနံ မရှိ၊ အာမခံပါ၏။
(အညီနံကြောက်သူများအတွက်..:))
ခင်မင်တတ်တဲ့
မီးမီး
ဝါးးးးးးးး ယုံဝူး ယုံဝူး ယုံစေချင်ရင် ပါဆယ်ပို့ပေး ဒါပဲ ဟီးဟီးးးးးးး ငါးကြော်ဆို အကုန်ကြိုက်တယ် ကွာ
ReplyDeleteပုံလေးကြည့်တာနဲ့စားချင်လာပြီ မီးမီးရေ...
ReplyDeleteအဲလိုငါးကြော်ပုံလေး ကြိုက်တယ်
Mandy
ငါးဆိုရင်ဘယ်လိုချက်ချက်
ReplyDeleteဘယ်လိုကြော်ကြော်
အားမနာတတ်ပါ-အကုန်စားတယ်ဒါကြောင့်အားလုံး
ယူသွားပါတယ်။
အားတဲ့အခါပြန်ပြီးကြော်ပေးမယ်နော်
ခင်မင်တဲ့ jasmine
ကျုတီရေ..ငါးကြော်လေးနဲ့ ထမင်းပူပူလေးနဲ့ ၊
ReplyDeleteငါးကြော်ဆီလေးဆမ်းဆားဖြူး..၊
ပို့ ပေးမယ်...:))
Mandy..ဆီကပုံလေးတွေလည်းအရမ်းကောင်းတယ်။
Mandy လိုပုံကိုနာမည်တပ်တာ.မလုပ်တတ်ဘူးဆို၊
ကျမတော့ဓါတ်ပုံတွေအောတိုက်ဘဲတင်တာဘဲ။
ကိုယ့်ဆီဘယ်သူတွေလာတယ်ဆိုတာ၊
ကြည့်တာလေ..။
အဲလိုမျိုးသိတာ၊မကြာသေးဘူး၊..အော်..၊
တော်တော်လေးညံသေးတဲ့ မယ်မီးပါ။
ဝါသနာပါတယ်၊ဓါတ်ဓါတ်တွေလိုက်ရိုက်တာတော့..:p
jasmine.ကြိုက်သလောက်တာ..မသွားပါ..ဟီး။
ကျမလည်းတောင်ကြီးအထက(၁)ထွက်နော်..၊
လည်လည်လာတာ..ကျေးဇူးတင်ပါတယ်။
မီးမီးရေ..ဘုန်း၂လာလည်ပါတယ်အစားသောက်တွေကတော့စုံနေတာဘဲ..တစ်ခုချင်းလိုက်မြည်း
ReplyDeleteသွားတယ်..ဟီးးးး
မေတ္တာဖြင့်...
ရွှေဝန်းရတနာ..
မီးမီရေ...ဘုန်း၂လင့်ချိပ်ထားလိုက်ပြီနော်
ReplyDeleteမေတ္တာဖြင့်..
ရွှေဝန်းရတနာ..
ကျေးဇူးတင်ပါတယ်၊
ReplyDeleteဘုန်းဘုန်း(ရွှေဝန်းရတနာ)ဘုရား။
ပို့ သသောမေတ္တာကိုလည်းခံယူပါတယ်။
ငါးကို ဒီလိုကြော်တာ တစ်ခါမှ မစားဖူးသေးဘူး.. စမ်းကြော်ကြည့်ဦးမယ်။ ပုံလေးကိုမြင်တော့ အရမ်းစိတ်ဝင်စားသွားတယ်..။
ReplyDeleteမင်္ဂလာပါနော်၊ မစူးနွယ်ဆီက တွေ့လို့ လိုက်လာလည်ပါတယ်။
ReplyDeleteဒီနည်းလေး မှတ်သွားပါတယ်၊
ငါးကြိုက်သူမို့။
snow...
ReplyDeleteစမ်းကြည့်ပြီးခေါ်လိုက်နော်၊
လာစားမယ်..:))
အပြုံးပန်းရေ..
ကျမတော့ တီဗီထဲကလာတဲ့ ချက်နည်း၊
ြဲပုတ်နည်းတွေမှတ်ပြီးမြန်မာမူ့ ပြုလိုက်တာဘဲ။
ဟိုနည်းတွေဒီနည်းတွေနဲ့ စားဖြစ်နေတယ်။