Sunday, October 23, 2011
ဂျင်းနံမွှေးမွှေးငါးကြော်စပ်စပ်လေး..
မင်္ဂလာပါရှင်~~~
ငါးအသားလွှာတွေကိုအတုံးလေးတွေတုံးပြီး၊
ဆား၊ငရုတ်ကောင်းဖြူး၊ပြောင်းဖူးမူန့် နဲနဲလူးပြီးနှပ်ထားပါတယ်။(ခြောက်ခြောက်လေးဖြစ်အောင်၊အ၀တ်နဲ့  အရင်သုတ်လိုက်တယ်၊ကြော်ရင်ဆီမပေါက်ဘူးပေါ့။)
ဂျင်းအချောင်းလေးတွေကိုဆီပူထဲမှာအရင်ကြော်လိုက်တယ်။
ငရုတ်သီးလေး၂ တောင့်လောက်ပါးပါးလေးပါထဲ့လိုက်ပါတယ်။
ကျွတ်လာရင် ဆယ်ထားလိုက်ပါတယ်။
ပြီးအဲဒီဆီပူထဲမှာ ငါးကြော်တယ်။
နီညိုရောင်လေးသန်းလို့ ကြွတ်လာရင် ပန်းကန်ပြားထဲခပ်ထဲ့။
အပေါ်က ဂျင်းငရုတ်သီးကြော်လေးဖြူးပေါ့။
ဟား...ဘူးသီးချဉ်ရည်ဟင်းလေးနဲ့ ဆို၊
တအားစားကောင်းပါတယ်၊
အနံမွှေးမွှေးလေး။
လုံးဝညီနံ မရှိ၊ အာမခံပါ၏။
(အညီနံကြောက်သူများအတွက်..:))
ခင်မင်တတ်တဲ့
မီးမီး
10 comments:
  1. ၀ါးးးးးးးး ယုံဝူး ယုံဝူး ယုံစေချင်ရင် ပါဆယ်ပို့ပေး ဒါပဲ ဟီးဟီးးးးးးး ငါးကြော်ဆို အကုန်ကြိုက်တယ် ကွာ
    ReplyDelete
  2. ပုံလေးကြည့်တာနဲ့စားချင်လာပြီ မီးမီးရေ...
    အဲလိုငါးကြော်ပုံလေး ကြိုက်တယ်
    Mandy
    ReplyDelete
  3. ငါးဆိုရင်ဘယ်လိုချက်ချက်
    ဘယ်လိုကြော်ကြော်
    အားမနာတတ်ပါ-အကုန်စားတယ်ဒါကြောင့်အားလုံး
    ယူသွားပါတယ်။
    အားတဲ့အခါပြန်ပြီးကြော်ပေးမယ်နော်
    ခင်မင်တဲ့ jasmine
    ReplyDelete
  4. ကျုတီရေ..ငါးကြော်လေးနဲ့ ထမင်းပူပူလေးနဲ့ ၊
    ငါးကြော်ဆီလေးဆမ်းဆားဖြူး..၊
    ပို့ ပေးမယ်...:))
    Mandy..ဆီကပုံလေးတွေလည်းအရမ်းကောင်းတယ်။
    Mandy လိုပုံကိုနာမည်တပ်တာ.မလုပ်တတ်ဘူးဆို၊
    ကျမတော့ဓါတ်ပုံတွေအောတိုက်ဘဲတင်တာဘဲ။
    ကိုယ့်ဆီဘယ်သူတွေလာတယ်ဆိုတာ၊
    ကြည့်တာလေ..။
    အဲလိုမျိုးသိတာ၊မကြာသေးဘူး၊..အော်..၊
    တော်တော်လေးညံသေးတဲ့ မယ်မီးပါ။
    jasmine.ကြိုက်သလောက်တာ..မသွားပါ..ဟီး။
    ကျမလည်းတောင်ကြီးအထက(၁)ထွက်နော်..၊
    လည်လည်လာတာ..ကျေးဇူးတင်ပါတယ်။
    ReplyDelete
  5. မီးမီးရေ..ဘုန်း၂လာလည်ပါတယ်အစားသောက်တွေကတော့စုံနေတာဘဲ..တစ်ခုချင်းလိုက်မြည်း
    သွားတယ်..ဟီးးးး
    မေတ္တာဖြင့်...
    ရွှေဝန်းရတနာ..
    ReplyDelete
  6. မီးမီရေ...ဘုန်း၂လင့်ချိပ်ထားလိုက်ပြီနော်
    မေတ္တာဖြင့်..
    ရွှေဝန်းရတနာ..
    ReplyDelete
  7. ကျေးဇူးတင်ပါတယ်၊
    ဘုန်းဘုန်း(ရွှေဝန်းရတနာ)ဘုရား။
    ပို့ သသောမေတ္တာကိုလည်းခံယူပါတယ်။
    ReplyDelete
  8. ငါးကို ဒီလိုကြော်တာ တစ်ခါမှ မစားဖူးသေးဘူး.. စမ်းကြော်ကြည့်ဦးမယ်။ ပုံလေးကိုမြင်တော့ အရမ်းစိတ်ဝင်စားသွားတယ်..။
    ReplyDelete
  9. မင်္ဂလာပါနော်၊ မစူးနွယ်ဆီက တွေ့လို့ လိုက်လာလည်ပါတယ်။
    ဒီနည်းလေး မှတ်သွားပါတယ်၊
    ငါးကြိုက်သူမို့။
    ReplyDelete
  10. snow...
    စမ်းကြည့်ပြီးခေါ်လိုက်နော်၊
    လာစားမယ်..:))
    အပြုံးပန်းရေ..
    ကျမတော့ တီဗီထဲကလာတဲ့ ချက်နည်း၊
ြဲပုတ်နည်းတွေမှတ်ပြီးမြန်မာမူ့ ပြုလိုက်တာဘဲ။
    ဟိုနည်းတွေဒီနည်းတွေနဲ့ စားဖြစ်နေတယ်။
    ReplyDelete