မင်္ဂလာပါရှင်~~~
ဒီတခါတော့ တကယ်ကြီးကိုလင်းလင်းထင်းထင်းမြင်ရတဲ့ အချိန်ဆိုတော့၊
ဓါတ်ပုံလေးတွေနဲ့ ဘဲအလည်ခေါ်သွားအုံးမယ်လေ။
အဆင်သင့်ဖြစ်ပြီလားဟေ့..သွားကြရအောင်:P
နဲ့  Horseshoe Falls(Canadian Falls) ကိုသွားကြမယ်လေ။
မနက်ခင်းမှာခရီးသွားတာလန်းဆန်းတက်ကြွနေကြတယ်လေ။ကျမဆိုမနက်စာကိုမစားဘူး။
ညကကျန်တဲ့မုန့် ခြောက်တွေနဲ့ အလကားရတဲ့အခန်းထဲကကော်ဖီဘဲသောက်တာ။(ဟီး..ဈေးကြီးလို့ )
| ထုံးစံအတိုင်းကောင်တာရှေ့ မှာတန်းစီပေါ့ |
ဓါတ်လှေခါးစီးပြီး၊ဟိုး..အောက်ထဲဆင်းဖို့ လေ။ဟိုဖက်ကမ်းဖက်ကိုလှမ်းမြင်ရတာ..။
ဓါတ်လှေခါးအောက်ရောက်တော့အပြာရောင်မိုးကာတွေထုတ်ပေးပါတယ်။ဒီတခါဖိနပ်တော့ပေးတော့ဘူး။
သဘောင်္ပေါ်ကနေလှမ်းမြင်နေရတာ ရေတံခွန်ကြီးက အမေရိကန်ဖုဖု ပေါ့:))
ရေတွေက နံမည်ကြီးတဲ့အတိုင်းဘဲ တကယ်အစိမ်းရောင်တွေနဲ့ ဘဲ..။
သူ့ ကိုကျော်တာနဲ့ ဟိုးရှေ့ ကမြင်းခွါပုံရေတံခွန်ဆိုတာပေါ့..။
အနားရောက်တာနဲ့ ရေမွှားတွေ စင်လိုက်တာ..။
ကင်မရာမှန်ကတခါရိုက်တခါသုတ်ရမှာ..။ကျမ သတိမထားလိုက်မိဘူး..။
ဓါတ်ပုံတော်တော်များများက ရေစက်တွေနဲ့ ပိတ်နေတာ၊ကြည့်လို့ သိပ်မကောင်းဘူး။
ကနေဒါဖက်ကနေကြည့်တဲ့သူတွေ..သူတို့ ကဘေးကနေအနီးကပ်ကြည့်လို့ ရတယ်။
ကဲ..တာတာလိုက်တော့မယ် ရေတံခွန်ရေ..။
မုန့် စားချင်နေတာရယ်၊ဗိုက်ဆာတာရယ် စားသောက်ဆိုင်ကိုသူများထက်အရင်ပြေးဖို့ လေ။
အပေါ်ပြန်ရောက်တော့ နဲနဲဘဲဓါတ်ပုံရိုက်ပြီး သုတ်ခြေတင်တာပေါ့ဗျာ..။
လူအများနဲ့ ခရီးထွက်ရင် ဒီလိုဘဲ ပြေးလွှားရတယ်လေ..။
ဂိုက်မမကလေး မှာထားတယ် တရုတ်ဆိုင်ကမကောင်းဘူး။ အိန္ဒိဆိုင်ကအကောင်းဆုံးဘဲတဲ့။
နိုင်ဂါရာဖုဖုရဲ့ ဖုတ်ကုတ်ကြီးပေါ့..။အပေါ်ဆုံးတက်ပြီးရူခင်းတွေကြည့်လို့ ရတယ်။
ကျမက ကြက်သားဟင်း၊ထမင်းနဲ့ နံပြား။သူက သက်သက်လွှတ်ဟင်း။
သူဝယ်တော့ ဈေးနူန်းမသိဘူး အမ်းပေးလိုက်တဲ့ပိုက်ဆံကိုလုံးထွေးလာတယ်လေ..။
ရေဗူးအသေးတလုံးကို ၂.၅၀ ဒေါ်လာ....ဟင်း။
ဒင်းတို့ လည်းဒီအချိန်မှ ဈေးတင်ရောင်းတာလေ။များတို့ တိုင်းပြည်လိုပေါ့။
နိုက်ဂါရာမြစ်ကိုလည်းနူတ်ဆက်ခဲ့ပါတယ်။
ကားပေါ်မှာမောမောနဲ့ အိပ်လိုက်လာကြတယ်။ကျမတော့နိုးလာရင်ဓါတ်ပုံရိုက်တယ်။
လမ်းပြင်နေတဲ့ဆိုင်းဘုတ်ဘဲရှိတယ်။လူလည်းရှိဘူး။ပိတ်ရက်မှာရှောက်လည်နေကြတာပေါ့နော်..။
ဂုတ်ထိပ်တံတားလေးနဲ့ တူသလားလို့ ထင်ယောင်မှားခံစားလိုက်သေးတယ်။
ရှမ်းတောင်တန်းနဲ့ တူသလားလို့ ..။
ဘော်စတွန်ကိုညမိုးချုပ်မှရောက်တော့တယ်။
အဲ..ကောင်းခန်းလေးက နောက်ဆုံးမှာ...တော့..။
တရုတ်တန်းက lobster ဆိုတာသွားစားပါတယ်။
ပထမဆုံးလာချတဲ့ဟင်းတွေတော့ဒါတ်ဒါတ်တွေရိုက်သေးတယ်။
ရေညှိဟင်းရည်။
ထိုဖူးဖြူဟင်း။
ငါးပေါင်း။
ဒါဟာကြီးကိုလက်နဲ့ အားရပါးရကိုက်စားနေတော့နောက် ၃ မျိုးကိုဒါတ်ဒါတ်လေးနဲ့ ကြွားနိုင်တော့ဘူး..ဟီး။
တယောက်ကို ၂၈ ဒေါ်လာတဲ့..။ကိုယ်မှမချက်တတ်တာ တန်ပါတယ်လေ။
မနက်ကျတော့ Sheraton ဟိုတယ်က အခန်းထဲမှာ တယောက်စာဘဲ မှာစားပါတယ်။
(၂ယောက်အတွက်ကိုလုံလောက်ပါတယ်လေ) ဟွန့် ...၂၃ ဒေါ်လာတဲ့...။
ချစ်ချစ်ကြီးရိုက်ပေးတဲ့ဗီဒီယိုလေးပါ..။
ကဲ...အားလုံးဘဲ ကြည်စေအေးစေနော်...။
ခင်မင်တတ်တဲ့
မီးမီး
(နောက်တခါမှာ ဒီနေ့ နယူးဂျာစီက နိဗ္ဗာန်ဈေးအကြောင်းအာလူးဖုတ်မယ်ဗျို့ )။
