Friday, January 30, 2015

နှင်းတောတိုးဘွတ်ဖိနပ်(snow boot)..

မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့ရက်က နှင်းမုန်တိုင်း အမေရိကားအရှေ့ပိုင်းကိုခဏအလည်လာမယ်ဆိုတော့ လူတွေအုတ်အော်

သောင်းနင်း ဖြစ်လိုက်ကြရတာ..(ဒေါ်မြလေးလေသံအတိုင်းပြောရရင်ဖြင့်)..ပြောကို...မပြောချင်ပါဘူး
ဆိုတဲ့အတိုင်း..ဘဲ..အဟီး..နဲနဲလောက် ပြောပါရစေ..အာလူးလာပေးရအုံးမယ်လေ..

အလုပ်ပြီးတော့ အပြင်ထွက်လိုက်ရင် နှင်းပုံကြီးက ငွားငွားစွင့်စွင့်
ကျမတော့ ၃ခါတိတိကြုံဖူးသွားပြီ။ ဒီလိုဘဲ လေပြင်းမုန်တိုင်း ၂ခါ နှင်းမုန်တိုင်း ၁ခါပေါ့..။ နယူးယောက်မြို့ကို
အသွားအလာပိတ်။ နယူးဂျာစီ ဖက်ကနေ နယူးယောက်ကိုသွားတဲ့ ကား၊ရထားလမ်းတွေပိတ်ချလိုက်တယ်။ လူတွေကို လမ်းပေါ်မထွက်ကြဖို့ ဆော်သြော။ ယာယီကယ်ဆယ်ရေးစခန်းတွေဘာတွေဖွင့် ။ ရေနဲ့စား
သောက်စရာတွေဝယ်လှောင်ဖို့ပြောကြနဲ့။ တလောကလုံးကို ယောက်ယက်ခတ်လို့၊ကုန်စုံဆိုင်အရောင်း
ဆိုင်မှာ ကြိတ်ကြိတ်တိုး ရေတွေဝယ်လိုက်ကြရတာ..ဟွင့် ^_^ပြောကိုး.....မပြောချင်ပေါင်...တော်..
(ကိုယ်တို့နေတဲ့နေရာနဲ့ နယူးယောက်ကလည်း ရန်ကုန်နဲ့ ဒလ လိုဆိုပါတော့ မြစ်ချောင်းလေးတခုခြားနေ
တာပါ။ အိမ်ကလည်း အဲ့..မြစ်ချောင်းထိပ် မရောက်တရောက်နေရာဆိုပါတော့)

အီဖေငယ်..မယ်ငီး..ကံမကောင်းချက်ကလည်း အဲ့ဒီ တနင်္လာနဲ့ အင်္ဂါ ၂ရက်လုံးအလုပ်ကမပိတ်ဘူးလေ။

တနင်္လာနေ့ အလုပ်ဝင်တော့ မနက် ၉နာရီ။ လူမရှိလောက်ဘူးမှတ်တာ..။ လားလား..ဆိုင်ရှေ့မှာဈေးဝယ်
သူများ ၇ယောက်လောက်တွေ့ခဲ့တယ်။ စောင့်နေကြတာလေ။ကိုယ်တို့က နဲနဲစောရောက်ရသကိုး..။ဆိုင်က
၉နာရီမှဖွင့်တာပါ။ တံခါးလည်းဖွင့်လိုက်ရော ကသောကမျောပြေးဝင်လာပြီး နှင်းကာဘောင်းဘီ၊ နှင်းကာ
ဘွတ်ဖိနပ်၊ မိုးရေစိုခံ ဘွတ်ဖိနပ်တွေ တွေ့သမျှ ဆွဲကြတာပါဘဲဆရာရေ့။ ခလေးဖိနပ်တွေထဲမှာ boy girl
ခွဲထားသေးတာကို..ပစ္စည်းတွေကလည်း သိပ်များများမကျန်တော့ပါဘူး။အဲ့ဒါ ဘာဘဲဖြစ်ဖြစ် လိုချင်တဲ့ ဆိုက်
ရရင်ပြီးရောဆိုပြီး ယူကြတယ်။ လူကြီးထဲမှာလည်းယောက်ကျား မိန်းမ မခွဲတော့ဘူး။ ရရာကို လုဝယ်ကြ တယ်။ အချင်းချင်း လုပြီး ရန်တွေဖြစ်လို့၊ လူကြီးတယောက်ကဆို သူက ဆိုက် ၉.၅ တဲ့။ နောက်ဆုံးကျန်
တရံလေးက ဆိုက် ၁၂..အဲ့ဒါကို ခြေအိပ်ထူထူနဲ့ဆိုတော်ပါတယ်..ဆိုပြီးယူသွားလေရဲ့။ အပြင်ကလည်းနှင်း
တွေကျနေပြီလေ။ အော်..ရေငတ်မှ ရေတွင်းတူးကြတယ်ဆိုတာ..ဒါတွေပါဘဲ..။ မနက် ၁ဝနာရီမထိုးသေး
ဘူး snow boot နဲ့တကွ နှင်းကာ အဝတ်အစား အထူးသဖြင့် ခလေးအင်္ကျီအားလုံး အနိစ္စသဘောနဲ့
ပြောင်သလင်းခါ ရောင်းချစရာမကျန်တော့ပါ။
နှင်းတောတိုးဘွတ်ဖိနပ်တွေ..
နောက်ပိုင်းလာတဲ့လူတွေကို ဘာမှမရှိတော့ဘူး လို့ပြောတာကို မယုံဘူးတဲ့။ လူကိုရန်လုပ်သွားပါတယ်ဆို..။
တော်တော်များများက ဒီမှာ မရှိရင် ဘယ်နားဝယ်ရမှလဲဟင်..တဲ့။ ကိုယ်လည်းမသိ။ ကိုယ်တို့နယူးဂျာစီဖက် ကဆို Garden state plaza ရော နေရာတော်တော်များများကညနေ ၃နာရီ နဲ့ ၅နာရီကြားထဲမှာဘဲ အားလုံး ပိတ်လိုက်တယ်လေ။ အီဖေကိုယ်တို့ဆိုင်ကတော့ ပိတ်ဘူးတဲ့။ ဘာဘဲဖြစ်နေ ဆိုင်ပိတ်ရခြင်းဆိုတဲ့ သမိုင်း
ကြောင်းတောင်မရှိခဲ့ဖူးဘူး ဆိုဘဲ..။ (အော်..သူတို့တွေ..ကျုပ်တို့အလုပ်သမားတွေတော့ တီဗီရှေ့ပြေးပြေး
မော့နေရတယ်လေ ရာသီဥတု update သတင်းတွေကိုပေါ့)။

snow boot ဆိုလို့ပြောရအုံးမယ်။ သိလား..မယ်ငီးတို့က Boot ဆိုတာဘွတ်ဖိနပ်လောက်ဘဲသိတာလေ။
သူ့မှာလည်း အမျိုးမျိုးပါဘဲ။ ဒီအတိုင်းအလှဝတ်တာ နှင်းစိုခံတာ မိုးရေထဲသွားဖို့..ဒီလိုမျိုးအမယ်ပေါင်းစုံက
လည်းရှိသေးဗျား..။ သူ့နေရာနဲ့နဲ့သူ မဝတ်တ်မစားတတ်ရင်လည်း ပြောစရာစကားတွေအများကြီးရှိလာရ
တာပေါ့။ ဘွတ်ကြီးရောင်းစရာမကျန်တော့ အပြင်ကပတ်စရာအကာကောရှိလားတဲ့။ အဟဲ..မှန်တာပြော
မယ်ငီးများ မြင်တောင်မမြင်ဖူးပါဘူး။ မေးခံရလွန်းလို့နောက်မှ google တန်ခိုးနဲ့ရှာကြည့်လိုက်တော့..
ဒီလိုပုံစံလေးပေါ့။ နောက်ဆုံးမရရင် ရတာလေးလိုချင်ကြတာ သဘာဝကျပါတယ်လေ။ ဒါပေမဲ့ ဘယ်နေရာ
ရောင်းမှန်းမယ်ငီးမသိတာက အပြစ်ကြီးတခုလိုဖြစ်နေတာ။ သူတို့ စိတ်တွေတိုနေကြတာ။ ဒီကလည်း
ပြောလိုက်ပါတယ်။ ရှင်တို့ စမတ်ဖုံးထဲမှာ google လုပ်ပြီးရှာပါ့လား..လို့..နော့်..။ သိပ်ဗြိန်းတာဘဲ..မြို့ကြီး
သားတွေလုပ်နေပြီး။ ကိုယ်တို့တောသားတွေတောင်သိတယ်။ ဘာဘဲလိုလို google လိုက်တာဘဲ။

နှင်းထုကြီးက ၃ပေအထိကျမယ်တို့ဘာတို့ဖြစ်နေတော့လည်း လူတွေစိုးရိမ်ကြတာပေါ့လေ။ ဒါပေမဲ့တကယ်
တမ်းကျတော့ ကိုယ်တို့ဖက်မှာ တပေတောင်မရှိလောက်ပါဘူး။ တချို့နေရာတွေမှာတော့ ၃ပေရောက်ပါ တယ်။ မိုးလေဝါသသတင်းဌာနက ပြည်သူတွေကို ပြန်တောင်းပန်တယ်တဲ့။ သတင်းက နဲနဲပိုသွားလို့လေ။
အဟဲ..ကိုယ်တို့ဆီကနဲ့တော့ ဆိုပြီးမနိုင်းယှဉ်လိုက်ပါနဲ့။ မယ်ငီးသူငယ်ချင်းတယောက် ဘုတ်အုပ်ကြီးမှာ
ရေးထားတာဖတ်မိတယ်။ရွှေပြည်ကြီးမှာ နေတဲ့သူတွေက(သူအပါအဝင်ပေါ့လေ) အပြင်ဖက်ရောက်လာကြ
တဲ့လူတွေပြောလေ့ရှိတဲ့ ပြောနေကြတဲ့စကားတခုရှိပါတယ်တဲ့။ (သူ့စာထဲမှာရေးထားတာပါ) ဟိုဖက်က

ဆိုရင်လေ..ဟိုဖက်မှာတော့..ဆိုပြီး တခြားတိုင်းပြည်ကို အားကျအထင်ကြီးစွာ ခံယူနေတဲ့ သူတွေကို သိပ်
ရီချင်တယ်တဲ့။ ရွှေပြည်ကြီးမှာလည်း ကောင်းမွန်တဲ့ဓလေ့ထုံးစံ ယဉ်ကျေးမူ့တွေရှိနေပါတယ်။ မလိုက်နာ

မကျင့်သုံးကြလို့ပါတဲ့။ ထားလိုက်ပါတော့လေ။ကျမတော့ လူတွေ ၂မျိုးကွဲနေတယ်လို့မြင်တယ်။ အပြင်
ရောက်နေတဲ့လူတွေကို ရွှေပြည်မှာနေတဲ့လူတွေက အပြစ်မြင်သလို၊ အပြင်ကလူတွေလည်း အထဲက လူ
တွေကို အမြင်တမျိုးရှိနေတတ်ပါတယ်။
အိမ်ရှေ့မနက်တံခါးဖွင့်ကြည့်တော့လည်း ပါးပါးလေးပါ
မနှစ်ကဆို ဒီ့ထက် ၃ဆလောက်ရှိတာ

နှင်းခြစ်တဲ့ကားလည်းတစီးထဲ
လမ်းမတန်းတွေမှာဆို နှင်းခြစ်တဲ့ကားက၄စီးလောက်တန်းစီပြီးခြစ်ကြတာ

အဲ..ဘွတ်ဖိနပ်ကနေ..ဘယ်ရောက်သွားပြန်ပြီကြောင်း...။ ကဲ..ပြန်လာခဲ့..ဘွတ်ဖိနပ်လေးရေ့.. @_@
အော်..ဖုံးကလည်းတဂွမ်ဂွမ်မြည်ပါတယ်။ တချိန်လုံးဖြေနေရတာက ဆိုင်ပိတ်ပါသလားရှင်!! တဲ့။ နောက်တ ခုကအဖိုးကြီးတယောက်ပါ.တော်တော် အသက်ကြီးတဲ့ပုံလို့ထင်ရတယ်။ အသံတုန်တုန်လေးနဲ့။ လွန်ခဲ့တဲ့
၎ လလောက်က ဘွတ်ဖိနပ်တရံဝယ်သွားတာ အခု ရှေ့ဖက်က ကွဲလာလို့။ ပြန်လာလှဲရင် ရပါမလား..တဲ့။
ငါ့ကိုကူညီပါ..လို့ပြောနေတုံးမှာဘဲ..သူ့နောက်ကဆူဆူညံညံနဲ့အော်သံကြားရတယ်။ အမျိုးသမီးတယောက်
စူးစူးဝါးဝါးအော်ပြီး... ဖုံးကိုချခိုင်းတယ်။ သူ့မိန်းမဖြစ်ပုံရတယ်။သူကဆက်ပြီးပြောနေသေးတာ..နောက်တော့
ဟိုကဖုံးကိုနှိပ်ချလိုက်တယ်နဲ့တူတယ်။ အဟဲ...ကျမအဖွားကို ပြန်သတိရတယ်။ တောင်ကြီးက အင်းသား အဖွားပါ။ သူနဲ့ဈေးသွားရင်သိပ်ရီရတာဘဲ။ နဲနဲသူငယ်ပြန်ချင်နေတာလေအင်းမုန့်ဟင်းခါးတပွဲဘယ်လောက်

လဲတဲ့။ ဟိုက တပွဲတစ်ကျပ်လို့ပြောတာ ၂ပွဲစားမယ် ၁ကျပ်ခွဲထား..တဲ့..။ ဟီးဟီး....ခလေးဖြစ်ပေမဲ့ ကျမ
ရှက်လိုက်တာ..အဖွားကိုအတင်းအိမ်ပြန်ဆွဲခေါ်လာခဲ့တယ်။ နောက်အဖွားနဲ့ဈေးမလိုက်သွားတော့ဘူး..။

ကဲ..ဒီမှာနှင်းတွေလည်းခုထိကျနေတုံးပါ။ ခပ်ပါးပါးလေးပါ။ ချမ်းနေပါသေးတယ်။ ခုတလော နှာစေးလွန်း
လို့ဆေးသောက်တော့ ခေါင်းကသိပ်မကြည်ချင်ဘူး..။ တောရောက်တောင်ရောက် ဘာမှန်းကိုမသိတဲ့ စာ
တပုဒ်တော့ရေးမိပြန်ပြီ.. :P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Friday, January 16, 2015

ပဲခေါက်ဆွဲနဲ့မို၊စပင်းနစ်စွပ်ပြုတ်..

မင်္ဂလာပါရှင်~~~
ဒီတခါတော့အစားအသောက်ဖက်သွားရအောင်..။ တနေ့တနေ့ ဘာစားရမှန်းမသိပါဘူး။ ဆောင်းတွင်းဆို
အနောက်နိုင်ငံမှာနေထိုင်တဲ့သူတွေအတွက်က အရမ်းခက်ခဲတယ်။ ပြူတင်းပေါက်ဖွင့်ဟင်းချက်မရ။ အေး
လွန်းလို့လေ..။ ခဏတဖြုတ်ဘဲဖွင့်ရတာဆိုတော့ အရမ်းကြီး အနံပြင်းတဲ့ ဟင်းတွေမချက်နိုင်ဘူး။ ဥပမာ
ဆီသတ်ပြီးချက်ရတဲ့ ကိုယ်တို့ဆီက ဆီပြန်ဟင်းတွေ ဘာတွေပေါ့လေ။

ခဏလေးချက်ပြီး စားလို့လည်းကောင်း ကျမ်းမာရေးအတွက်လည်းကောင်း ဆိုတဲ့ဟင်းခွက်မျိုးတွေ လိုက်ရှာ
ကြည့်တော့ ၂မျိုး ၃မျိုးလောက် တွေ့လာတယ်။ အဲဒါလေး..လာအာလူးပေးတာပါ..ဟီး..။ သူတို့မူရင်းပုံစံက
နေတမူကွဲပြီး ချက်ထားတယ်။ ဘာလို့လည်းမေးရင်တော့ သူတို့လိုမရှိလို့။ ဒီတော့ ကိုယ်ထည့်စားချင်တာ စားလိုက်တာဘဲလေ..။ ဒါပေမဲ့လည်း အရမ်းအရသာရှိတာဘဲ သိလား။ မယ်ငီး ဗားရှင်းလေးဆိုပါတော့ရှင်။

ကျမကတော့ အသားငါးစားရင် သွားကြားတွေထဲညှပ်တတ်လို့ မိုနဲ့မျှစ်ကို အဓိကထားစားတတ်တယ်။ ကျမ
ဟင်းတွေထဲမှာ ပင်တိုင်စံပါတတ်တယ်လေ။ ဒီဟင်းကိုတော့ ထိုင်ဝမ်မှာနေတဲ့ ဂျပန်စာဖိုမူးတယောက်ဆီက
တွေ့လာတာပါ။ အဓိကပါဝင်တာကသံဗူးနဲ့လာတဲ့ Mushroom Cream ပါ။ ဘာတံဆိပ်မဆိုရပါတယ်။
နောက်ပြီး မို၊ spinach( အနောက်နိုင်ငံရဲ့ဟင်းနုနွယ်ရွှက်)၊ ကြက်သွန်နီ၊ ထောပတ် ပေါင်မုန့်ကြွပ်နဲ့ချိစ် အနည်းငယ်စီပေါ့ရှင်။ အဲ..မေ့သွားတာက သူက ဝက်သား ham ကိုသုံးတာပါ။ ကိုယ်ကတော့ မရှိဘူး။ အိမ်မှာရှိနေတဲ့ ကြက်အူချောင်းထည့်လိုက်ရတာပေါ့လေ..အဟဲ..နဲနဲလေးဘဲလွဲတာပါ..^_^
ထောပတ်ဆီထဲမှာ ကြက်သွန်နီနဲ့ ဟင်းနုနွယ်ဆီသတ်ပြီး နဲနဲနွမ်းလာရင် ရပြီ..
ဘရန်းတာကြီးထဲထည့်ပြီးခဏလောက်ဘလူးဘလူးလုပ်ပေးပါ။
အိုးထဲကို ကြက်အူချောင်းလေးနဲနဲလှိမ့်ပေး(သူတို့က ဝက်ပေါင်ခြောက်သုံးတော့ဆီအရမ်းထွက်တယ် ဝက်
ပေါင်ခြောက်ကိုကြွပ်နေအောင်ကြော်ပြီးဆယ်ထား၊နောက် မိုထည့်ကြော်တာပါ) ကျမတော့ ကြက်အူချောင်း
လေးအနံ့မွေးလာတာနဲ့ မိုထည့်လိုက်တာဘဲ။ ပြီးမှ သံဗူးထဲက မိုခရိမ်၂ဇွန်းလောက်ခပ်ထည့်လိုက်တယ်။
တခါထည်းဘဲ ဘလူးဘလူးလိုက်ထားတဲ့ စိမ်းစိမ်းလေးလောင်းထည့်လိုက် ရေနဲနဲလောက်ထည့်ပေးရတယ်
အပစ်အကြဲက ကိုယ်လိုသလိုပေါ့။ ယောင်းမနဲ့မွှေပြီး ငရုတ်ကောင်းလေးခပ်..အရင်မြည်းကြည့်ပါလေ။ ဆား နဲနဲဆိုရပါပြီ..ချိစ်ထည့်အုံးမှာမို့လို့ သိပ်မငန်စေနဲ့နော်။ ပေါင်မုန့်လည်း သူကကိုယ်တိုင်မီးကင်ဘာညာလုပ်
နေသေးတယ်။ အီဖေငီးတို့ကတော့ ရယ်ဒီမိတ်ထုတ်ဖေါက်ပြီးကောက် ထည့်လိုက်တာဘဲ..။
ကိုလှစောတို့..ဘာတို့နားမလည်ဘူး...ချိစ်လေးဖြူးလို့စားလိုက်တာဘဲ..း))))
နောက်တခုက ခဏခဏလုပ်စားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတခါက နောက် အင်ဂရေဒီးယန့်ကြီးတခု ထပ်တိုး
ထားတယ်..လေ.။
ပဲခေါက်ဆွဲကို တော်တော်များများ ကိုးရီးယားခေါက်ဆွဲလို့ဘဲသိထားကြတယ်။ ဒါပေမဲ့မူရင်းက တရုတ်..တဲ့။
zhajiangmian ()ဆိုတဲ့ဒေသကအစားအစာလို့ဆိုပါတယ်။ ဒါကြောင့် ကကြီးတွေ ဒီပဲခေါက်ဆွဲကို
ကျားကျားမြောင်..လို့အသံထွက်တာက မူရင်းတရုတ်ဒေသရဲ့နာမည်ကိုခေါ်တာပါတဲ့။ ထားလိုက်ပါလေ။ဒီက
ရှမ်းမ မယ်ငီးပါးစပ်နဲ့တော်အတော်ခံတွင်းလိုက်ပါတယ်။ အသားငါးတွေမပါဘူး။ သူတို့ကကြီးဆိုင်မှာစားရင် အာလူးထည့်ပေးတတ်တယ်။ ကျမကအာလူးသိပ်မကြိုက်ဘူးလေ။ (ဟဟ..လူကသာ အာလူးများတာ..း)))
အသားလည်း ၂ဖတ်လောက်ဘဲပါတတ်တာ။ ကိုယ့်ဖာသာကိုယ်ချက်စားရင် ကိုယ်ကြိုက်တဲ့ အသီးအရွက်
ထည့်တာပေါ့..နော့်။
ကျမရဲ့ အပိုမဆလာထည့်ထားတဲ့ ဆူပါအင်ဂရေးဒီယန့်ကြီးတခုက ဂျပန် မိဆို(ပဲပုပ်) ပါ။ အိမ်မှာ ၅ မိနစ် ဟင်းရည်ချက်ဖို့ ကျမ ၃မျိုးရှိပါတယ်။ အလုပ်ကပြန်ပြီး အချိန်မရဘူး ဗိုက်လည်းအော်နေတဲ့အချိန်ဆိုရင်
၁. မိဆိုဟင်းရည်( ပဲပြား၊ ရေညှိ၊ မိဆိုဆော့)
၂.စွမ်တန်ဟင်းရည်( ကောက်ညှင်းနဲ့မံပြီးခြောက်ထားတဲ့ ရှမ်းမုန်ညှင်းခြောက်တဲ့ လက်ဆောင်ရထားတာ)
   ဂျင်း၊ငရုတ်သီး၊ခရမ်းချဉ်သီး၊နဲနဲပင်၊ဆား၊ကြက်သွန်ဖြူနီ
၃.ပဲနီလေးဟင်းရည်( ကြက်သွန်ဖြူနီ၊ဆား)
ဒီ ၃မျိုးက အမြဲတမ်းချက်ဖြစ်တယ်။ စွမ်တန်ကအိုးနဲ့တည်စရာမလိုဘူး။ အဆာပလာတွေကို ပုဂံလုံးထဲအား
လုံးထည့်ပြီးမှ ဗွက်နေတဲ့ ရေနွေးလောင်းထည့်အဖုံးပိတ် ၃မိနစ်လောက်စောင့် စားရုံဘဲ။ မိဆိုဆိုရင်လည်း
ရေညှိက ဂျပန်ရေညှိ မိဆိုထဲထည့်တဲ့ရေညှိကမှ ပိုကောင်းတာ။ ခဏလေးဘဲ။ရေနွေးဆူမှ ပဲပြား၊ ရေညှိ
ထည့်ပြီး မိဆိုဆော့ကို ရေနဲ့ဖျော်ထားတာလောင်းထည့်လို့ ဗွက်လာရင် အိုကေပြီ..။ ပဲနီလေးတော့ အနူး
မြန်တယ်။ပဲနူးလာပြီဆိုမှ ကြက်ဥမွှေတံနဲ့ မီးပေါ်မှာခလောက်ခလောက်လုပ်ချလိုက်တာဘဲ။ ပြီး ဆီချက် ပုလင်းထဲကဆီချက်ဖတ်တွေ ကလော်ထည့် ကြက်သွန်နီပါးပါးလေးလှီးထည့်။ ဆားခပ်..ဒါဆိုရင်ပြည့်စုံပြီ

ပေါ့..ဟုတ်လား..။
ကဲ..ကျားကျားမြောင်ဖက်ပြန်သွားရအုံးမယ်..အဟီး..။ ကျမကတော့ ဟင်းသီးဟင်းရွှက်နဲ့ဘဲ ချက်တာပါ။
ပဲပြားလေးနဲနဲကျန်တာနဲ့ ထည့်လိုက်သေးတယ်။ မိဆိုဆော့ Black bean ဆော့ နဲ့ ပြောင်းဖူးမုန့် ရေဖျော်၊
 ဆီနဲနဲလေးနဲ့ ဟင်းသီးဟင်းရွှက်တွေကြော်..
 ပြီးခေါက်ဆွဲထည့်..ကျမတော့ ငရုတ်ကောင်းတခုထဲဘဲထည့်တယ်..
 ပြီးမှ ဆော့တွေလောင်းထည့်လိုက်တာပေါ့..ဆားတွေ အချိုမုန့် အသားမုန့်..ဘာတခုမှ မပါဘဲ..
အလွန်စားကောင်းသော ပဲခေါက်ဆွဲလေးပေါ့... မုန်လာဥချဉ်တို့ မုန်ညှင်းချဉ်တို့နဲ့ဆို ဂွတ်ထဂွတ်ထကောင်း
လေစွ..အခါးရည်..ရေနွေးကြမ်းလေး..တဖူးဖူးမူတ်သောက်လို့ အပြင်က 13' C အထိအေးလည်းမမူဘူး...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Saturday, January 10, 2015

သူတို့တတွေပေါ့ (၂)..

မင်္ဂလာပါရှင်~~~
ဒီတခါတော့ လေဖမ်းဒန်းစီး အိ..ယောင်ဝါးလုပ်ခဲ့ဖူးတာတွေပေါ့ရှင်...။ တခါခါကျမတို့အားလုံးဘဲ ဒီလိုအခြေ
အနေမျိုးတွေနဲ့ရင်ဆိုင် ဖြတ်ကျော်ခဲ့ကြဖူးမှာပါလေ..။ နဂိုလ်ကတဲက ခင်ခင်ကြောင်ဖြစ်တဲ့ ကိုယ်တို့ကတော့
ကမောက်ကမတွေဖြစ်ကိုဖြစ်ခဲ့ရပါသေးတယ်။

ထိုင်းမှာပါဘဲ..။ထိုင်းစကားသင်ယူနေတဲ့အချိန်ဆိုတော့ သတင်းတို့ တီဗီမှာလာသမျှမလွှတ်တမ်းကြည့်နေ တဲ့အချိန်ပေါ့။ သူတို့ပြောတာ လိုက်ပြီးဆိုနေတတ်တယ်လေ။ သီချင်းလည်း ၂၄ နာရီပတ်လုံး နားကျပ်တပ် ပြီးဆိုတယ်။ (ဘာသာစကားအသစ်လေ့လာမယ်ဆိုရင် အဲလိုသီချင်းနဲ့သတင်းကနေစတာ ပိုမြန်တယ်နော့
ကိုယ်ရဲ့အတွေ့အကြုံအရပါ) ထိုင်းစကားနဲ့ ရှမ်းစကားက ဆင်ဆင်တူပေမဲ့ ရှမ်းတွေပြောတဲ့ထိုင်းစကားဝဲတာ
ပိုပြီးဆိုးတယ်တဲ့..သူများတွေပြောကြတာပါလေ။ ထားပါတော့ ..။

ဒီလိုမတတ်တခေါက်နဲ့ ရှိနေတုံး တနေ့အလုပ်ထဲမှာ (ဒုတိယအလုပ်ပါ။ ပထမက ထိုင်းဗိုလ်ချုပ်ရဲ့ဇနီးဆိုင် မှာ..အဲ့..ဆိုင်က ထိုင်းအထက်တန်းလွှာတွေကြားထဲနံမည်ကြီးတာ..ဒုတိယအလုပ်ကြတော့ Tourist
တွေကိုအဓိကထားရောင်းတဲ့ ဆိုင်မှာ) ပေါင်မုန့်ကားခေါ်တဲ့ကားမျိုး..ဒါပေမဲ့ခပ်ကြီးကြီးပြားပြား ခန်းစီးတွေ
ကာလို့ လာဆိုက်ပါတယ်။ အဲဒီကာလအချိန်က ၁၉၉ဝခုနှစ်ကျော်လောက်အချိန်ဖြစ်ပါတယ်..။ (မနဲပြန်စဉ်း စားရတယ်း)) အရောင်းစာရေးမချည်းဘဲ ၅ဝ ကျော်ရှိတယ်လေ။ ကိုယ့်အလှည့်နဲ့ကိုယ် ဧည့်သည်တွေကို တာဝန်ယူရှင်းပြရတယ်။ ဒီတခါတော့ မယ်ငီးအလှည့်ပေါ့..။ ကားတံခါးဖွင့်ပြီး သူတို့ခြေချတာနဲ့ ဧည့်သည် ကိုစက်ရုံသွားကြည့်မလားလို့ပြောရတယ်လေ။ သာမာန်ကစက်ရုံကိုဧည့်သည်တွေအရင် ကြည့်ပြီးမှ
showroom ထဲလာကြတာလေ။ Bronze cutlery ကြေးထည် ဇွန်းခရင်းဓါးတွေ , Jade factory ကျောက်
စိမ်းရုပ်ထုတွေထုတာ နဲ့ Lacquer  ယွန်းထည်ပစ္စည်းတွေလုပ်တဲ့ အလုပ်ရုံအကြီးကြီး ၃ခုရှိတယ်။နောက်

တော့ ယွန်းထည်အလုပ်ရုံကိုပိတ်လိုက်တယ် ပစ္စည်းဘဲရောင်းတော့တာ။ အရောင်းစာရေးရော အလုပ်ရုံက
အလုပ်သမားရော ပေါင်းလူရာကျော်ရှိတာပေါ့။ တချိန်တခါက ကျိုင်းမယ်မှာ နံမည်အကြီးဆုံးဆိုင်ဖြစ်ခဲ့ဘူး
တယ်တဲ့။ ဘုရင့်သားတော်နဲ့ပတ်သက်ပြီး သြဇာအာဏာရှိတယ်ဆိုပါတော့။

တကမ္ဘာလုံးဧည့်သည်တွေဆိုတော့ ကိုယ်တို့အရောင်းတွေလည်း ဘာသာစကားအလိုက်ခွဲခြားထားရတယ်
လေ။ တရုတ်ကတော့အများဆုံးဘဲ ၂ဝ နီးပါးလောက်တောင်ရှိမယ်။ ကျန်တာတော့ ဂျပန် ပြင်သစ် ဂျာမဏီ စပိန် အီတလီ နဲ့အင်္ဂလိတ်ပေါ့..လူလည်ကြီးသားသမီးဖြစ်တဲ့ မယ်ငီးကတော့ တေထေးမကြီးကို ညာတီးပြီး ဘာသာစကား ၃မျိုးအထက်တတ်တယ်ဆိုပြီး လုပ်ထားတာလေ..ဟီး..ဘာသာစကားတမျိုးထဲတတ်ရင် လခ ကအနဲ ဆုံးဘဲ။ ၃ မျိုးအထက်ဆိုရင် စူပါဗိုက်ဆာ အဆင့်တွေဘာတွေပေါ့ရှင်။ လခလည်းများ လာသမျှဧည့် သည်ကိုရောင်းပိုင်ခွင့်ရှိ ကော်မရှင်များများရ..အိုး..ကောင်းမှကောင်း။ ဒီတော့ သူဋ္ဌေးမရှေ့မှာအလွှတ် ကျက်
ထားတဲ့ပြင်သစ်စကား အခွန်း ၂ဝလောက် အပြန်ပြန်အလှန်လှန်ြမန်မြန်ပြောပြလိုက်တယ်။ သူက..ဟော..
မယ်ငီး ပြင်သစ်လိုရတာဘဲတဲ့..အဲ..နောက် ဂျာမာန်ကျောင်း Goethe institut တက်နေတဲ့အချိန်ဆိုတော့..
ဂျာမန်လည်းရနေတယ်လေ။ ကျန်တာ "နိဟောင်မား"..တို့ "အရီးကတို့""ကိုစိုင်းမတ်"တို့ကလည်း တမျိုး ၁ဝခွန်းစီဆိုပါတော့ ဒီလိုရောကြိတ်ပြီး ခပ်တည်တည်နဲ့ လူတတ်ကြီးလုပ်ခဲ့ဖူးတယ်လေ.. @_@ အီတလီနဲ့ စပိန်ကလည်းတခုနဲ့တခု အရမ်းဆင်တူတာကြီးကို ရှမ်းနဲ့ ထိုင်းလိုပါဘဲရောကြိတ်လို့ရပါသေးတယ်။

ဧည့်သည်တွေက ပြင်သစ်များပါတယ်။ သူတို့နဲ့ စကားပြောရင် ပြောသမျှ ပြုံးပြုံးလေး နားထောင်ပြီး"ဝါးလား"
"ဝှီးဝှီး"ဗြန်းဗြန်း" "ဒါးကော" ဒီလို ဖောလိုလေးလိုက်ပေးရုံဘဲ..အဟဲ :P အနဲဆုံးရေမွှေးပုလင်းသေးသေး
လေးတပုလင်း ဘောပင် တချောင်းလောက် တခါတလေလည်း tip money လေး ဘာလေးပေါ့..အရမ်း ရတတ်တာဘဲ။ လေရှည်နေလိုက်တာ..လိုရင်းမရောက်ပြန်တော့ဘူး.. ^_^

ကိုင်း..ပေါင်မုန့်ကားနဲ့လာတဲ့လူကြီးဆီ ပြန်သွားရအောင်..။ သူက ကုတ်နဲ့ ဘွတ်စ်နဲ့။ ကိုယ်တို့အတွေ့အကြုံ
အရ အဲလိုဝတ်တတ်တာက ဂျပန်တွေများတယ်။ မျက်စိလေးကမှေးမှေး အသားကဖြူဖြူဆိုတော့ စမ်းပြီးသာ
ဆဝပ်ဒီခ ရတယ်။ စိတ်ထဲမယ် ဂျပန်အဖိုးကြီးလို့ဘဲထင်တာ။ လက်အုပ်ပြန်ချီပြီး ဆဝပ်ဒီပြန်လုပ်တယ်။
ဒါနဲ့ သူ့အသားအရည်လည်းကောင်းတယ်(စကားမစပ် တချို့သောသူများ ရုပ်ရည်လှပတာကိုမဆိုလိုပါဘူး တခါတလေ အသားအရည်ကအစ သန့်ရှင်းကြည်လင်နေတာမြင်ဖူးတယ်ဟုတ်၊ အဆင့်အတန်းမြင့်မြင့်

လာတယ်ဆိုလို့ခေါ်ရမလားဘဲလေ) သူက Showroom ဖက်ကို ဦးဆောင်တက်သွားရင်းစကားပြော ပါတယ်။ သူနဲ့ပြောနေရင်း စိတ်ထဲမှာမြင်ဖူးသလိုဖြစ်လာတယ်လေ။ သူကလည်းမေးပါတယ်။ သူ့ကိုသိလား
တဲ့..။ ဒီကလည်း မဆိုင်းမတွဘဲဖြေတာပေါ့..သိတာပေါ့..အနုပညာသမားဘဲဟာ..ပေါ့..အဖိုးကြီးပြုံးနေ
တယ်။ မယ်ငီးဆို့များစကားအမျှင်မပြတ်ဘူး..ကျမကရုပ်ရှင်အမြဲတမ်းကြည့်တာလေ..တဲ့..။ လာချေသေး တယ်..သိတာလည်းဟုတ်ဘဲနဲ့ ရမ်းတုတ်နေတာလေ..။ မန်နေဂျာမကြီး အဝေးကနေပြေးထွက်လာတယ်။
ခေါင်းညွတ်လို့ ခါးကျိုးမတတ် ဆဝပ်ဒီခ့ါ..တဲ့။ ပြီးငါသူဋ္ဌေးမကို ပြေးခေါ်လိုက်အုံးမယ်ဆိုပြီး အပြေးထွက် သွားတယ်လေ။ ကျန်တဲ့ သူငယ်ချင်းထိုင်းမတွေလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ဒီကတော့ ဇွတ် အာချောင်
နေတုံးပါဘဲ..သူက ကြေးထည် ပစ္စည်းလေးလက်ဆောင်ပေးချင်လို့နဲနဲလာဝယ်တာ..တဲ့။ ကိုယ့်ကိုလည်း
နံမည်မေးပါတယ်။ ရောင်းကောင်းပါစေလို့ဆုတောင်းပေးသွားလေရဲ့။

အဖိုးကြီးကားပေါ်တက်သွားမှ သူငယ်ချင်းများက ဝိုင်းမေးကြပါတယ်။ နင်သူနဲ့ဘာတွေပြောသလဲတဲ့။ ငါက
သူ့ရုပ်ရှင်တွေကြည့်ဖူးတယ်လို့ပြောလိုက်တယ်လေ..ဆိုတော့..မယ်ငီးကို ဝိုင်းထောင်းကြပါတယ်..အဲဒါ
အဲ့ခေတ်က အဆိုတော်ရုပ်ရှင်မင်းသမီး Nantida Kaewbuasai นันทิดา แก้วบัวสาย  ရဲ့ယောက္ခထီးနိုင်
နိုငံခြားရေးဝန်ကြီးတဲ့..အဟိ..ဝန်ကြီးကို ရုပ်ရှင်သရုပ်ဆောင်ဆိုပြီး မယ်ငီး ခပ်တည်တည်နဲ့ရောကြိတ်ချ
လိုက်တာဘဲ.. ဟီး....သတင်းထဲမြင်ဖူးတာကိုလည်း ရှပ်ရုင်သရုပ်ဆောင်လုပ်ချလိုက်တာပေါ့ကွ..မယ်ငီး
နော်..တကယ်ရီရတယ်..ပြန်စဉ်းစားရင် ရှက်လည်းမရှက်တတ်ခဲ့ဖူး.. :P

အဖိုးကြီးက ချမ်းလည်းချမ်းသာတယ်။ နံမည်ကြီးနိုင်ငံရေးသမားကြီးတဲ့။ အခုတော့ ပြည်ထဲရေးဝန်ကြီး ဘဝနဲ့ လာဘ်ပေးလာဘ်ယူအမူတွေဖြစ်ပြီး ပြည်ပြေးဖြစ်နေပါတယ်။ ပိုင်ဆိုင်မူ့တွေလည်း အများကြီးပေါ့..။ သူတို့နိုင်ငံရေး ကလည်းခပ်ရူပ်ရူပ်တွေပါ။ ခုတော့ မကာအိုမှာနေတယ်ဆိုလားဘဲ။ ကမာ့္ဘနေရာများစွာက ကာစီနိုကြီးတွေလည်း အများကြီးပိုင်တယ်တဲ့။သူ့သားလည်း အဆိုတော်မမကြီးကိုပစ်လို့ ခပ်ငယ်ငယ်မင်း သမီးတယောက်နဲ့ လက်ထပ်လိုက်တယ်။ သူ့သီချင်းတွေကမြန်မာလိုပြန်ဆိုထားတာတွေအများကြီးပါဘဲ။ သူတို့ဇာတ်လမ်းက ခုထိုင်းမှာ နံမည်ကြီး သတင်းထူးတွေပေါ့..။


ကဲ..တနေ့နဲနဲနဲ့ မိတ်ဆွေများအပြင်းပြေအတွေ့အကြုံလေးဘာလေးနဲ့ အာလူးလာဖုတ်တာပါလေ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Tuesday, January 6, 2015

သူတို့တွေပေါ့..

မင်္ဂလာပါရှင်~~~
ကိုယ့်အကြောင်းမဟုတ်ရင် သူတို့အကြောင်းတွေဘဲရှိတာဘဲလေ..။ သူတို့တွေရှိနေလို့ဘဲ ကိုယ်တို့ဘဝ
ကြီးသာယာလှပနေတာမဟုတ်လား.. ^_^ ။ကဲ..သူတို့တွေဆီသွားကြည့်ကြရအောင်..။

တကယ်ဆိုရင် ကျိုင်းမယ်အကြောင်းပြန်ပြောတဲ့အခါ ခေါင်းထဲမမေ့နိုင်တာလေးတွေ ပေါ်လာလေးတွေ စဉ်းစားပြီး ရေးချလိုက်တာဘဲ။ ဒီတော့ တောရောက်တောင်ရောက်နဲ့ စိတ်ဝင်စားစရာမကောင်းလှပါဘူး
ဟီး..။ ခုတလောလည်း အရင်တုံးက သူငယ်ချင်းတွေ လသာ ၂ ဘော်ဒါတက်တုံးကကောလိပ်ကျောင်း
သူဘဝ တက္ကသိုလ်အဆောင်က ကျောင်းထဲက သူငယ်ချင်းတွေ အများကြီးနဲ့ ပြန်တွေ့နေတဲ့အချိန်ပေါ့။
ဇူဇကာဘတ်ကြီးကျေးဇူးပေါ့လေဟယ်..။( ဘီရုမာလိုပြန်ပြီး ဒင်းနံမည်ဖျက်ပေးမှး))) စိတ်တွေလည်း
ငယ်ဘဝကိုပြန်ရောက်သွားသလိုလို ခုမှဆယ်ကျော်သက်လိုလို.. ကျင်လည်ခဲ့ဖူးတဲ့နယ်ပယ်များစွာထဲက
အပေါင်းအသင်းရောင်းရင်းတွေ ပြန်တွေ့ရတာကတော့ တကယ်ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့ ကျိုင်း မယ်မှာ နေခဲ့တဲ့ ၉နှစ်ကာလက သူငယ်ချင်းများစွာထဲက အနဲအကျဉ်းဘဲပြန်တွေ့ရသေးတယ်။ အဲ့ဒီအချိန်က
ကျောင်းပြီးခါစ အလုပ်လုပ်ရင်းလည်း ပညာသင်နေတဲ့ အရွှယ်ဆိုတော့ ပိုပြီးပျော်စရာကောင်းနေသေးတဲ့
အချိန် ပိုဘရုတ်ကျခဲ့တဲ့ကာလတွေဆိုပါတော့..။


ညနေ၅ နာရီဆိုရင် ကုမ္မဏီရဲ့ အရောင်းပြခန်းတံခါးကြီးပိတ်တယ်လေ။ အထဲရောက်နေတဲ့လူရှိရင်တော့ မပိတ်ရသေးဘူးပေါ့။ မယ်ငီးက ၅နာရီအလုပ်ပြီးရင် ညကျောင်းပြေးရတာလေ။ ၆နာရီတိတိကျောင်းစတက်
ခေါင်းလောင်းထိုးတာ။ အလုပ်ဆင်းမှ ကျောင်းအင်္ကျီအဝတ်အစားလှဲရတာလေ။ ဆိုင်ကယ်နဲ့ ပြေးရတာ။ နဲနဲဝေးတယ် မြို့ထဲမှာ ကားကျပ်တာနဲ့ ခဏခဏကျောင်းနောက်ကျတယ်လေ။

တခုသောညနေခင်းမှာ ဆိုင်ပိတ်ခါနီးမှ ခရစ်ယာန်မယ်သီလရှင် ၃-၄ ယောက်နဲ့ နဲနဲတောင်ပေါ်သားမျက်နှာ လိုမျိုးအဆစ်အပေါက်(တိုတိုပြောတောသား တိုင်းရင်းသားတွေလိုလိုပေါ့လေ) အုပ်စုလိုက်ဝင်လာတယ်။
သူတို့တွေက ဝယ်တာလည်းမဟုတ်ပါဘူး။ တောကြည့်တောင်ကြည့်နဲ့ ကားမောင်းပို့ပေးတဲ့ ဒါရိုင်ဘာတွေ
ရဲ့သားကောင်ဆိုပါတော့..ထိုင်းကို Tour ထွက်ဖူးရင်တော့ သိကြမှာပါ။ ဒီလိုရတနာဆိုင်ကြီးတွေကိုဧည့် သည်ပို့ပေးရင် ပိုက်ဆံရတာကိုး..။မယ်ငီးက စိတ်မရှည်ချင်ဘူး..နောက်ကျတော့မှာကိုး..။ အဲ့..ဧည့်သည်
တွေကို ဧည့်ခံနေတဲ့ မယ်ငီးလိုဘဲ ရန်ကုန်က ကုလားမလေး ညီအမ ၂ယောက်ရှိတယ်(သူတို့မိဘများက ကနိုင်ငံရေးနဲ့ ပတ်သက်တာပါ..အဲ့..ခေတ်အခေါ်တောခို..တဲ့) ဧည့်သည်တွေရှေ့မှာဘဲ..သူငယ်ချင်းမလေး
က လှမ်းပြောတယ်..ဘီရုမာစကားကြီးနဲ့ပေါ့."ဟေ့..မီးမီး..နင်..ဒီနေ့လည်းကျောင်းနောက်ကျအုံးမယ်ပေါ့"
တဲ့..ခင်ခင်ရှည်ကလည်း..သိတဲ့အတိုင်း..ဒီ..အဝတ်အစားဝတ်ပြီး ဘုရားကျောင်းမှာဘဲ ဝတ်ပြုနေပါ့လား..
ဘာလာရှည်တာလဲမသိ..နဲ့ အစချီပြီး ဘလားဘလား..နဲ့ပြန်ပြောနေတာ..ဗြုံး..ဆို မယ်သီလရှင်မလေးက ဘာပြန်ပြောလည်း၊သိလား..အန်မတန်မှ ပီသလှစွာသော ဗမာစကားနဲ့ "ကျမတို့ကြည့်လို့မရဘူးလားရှင်

မဝယ်ပါဘူးဗဟုသုတအဖြစ်ကြည့်ချင်လို့ပါ "တဲ့...

တိန်..မယ်ငီး..ထွက်ပြေးတာ..တန်းနေတာဘဲ..အိမ်သာထဲမှာ ကျောင်းအဝတ်အစားသွားလှဲနေလိုက်တော့
တယ်..ဟီး...

ရှေ့ပြောနောက်ကြည့်..ဆိုလား..အပြောမတော်တော့ ဆဲသလို..ဆိုရမှာလား..ဂလိုမျိုးတော့ ကျုပ်တို့ခဏခဏ ကြုံဖူးတာပေါ့..တော်... :P ^_^ @_@ :)
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Thursday, January 1, 2015

မင်္ဂလာနှစ်သစ်နဲ့ သောင်းပြောင်းထွေလာများ..

မင်္ဂလာပါရှင်~~~
အချိန်တနှစ်ကုန်တာဒီတခါတော့ အမြန်ဆုံးလို့တောင်ထင်မိတယ်..။ တနေ့နေ့ သွားဟယ် လာဟယ် ဒါနဲ့
ဘဲပြီးသွားကြတာဘဲလေ...။ တနှစ်လုံးဘာများတိုးတက်ပြောင်းလဲလာပါလိမ့်လို့ နဖူးပေါ်လက်တင် စဉ်းစား
ကြည့်ရင်လည်း ချက်ချင်းအိပ်ပျော်သွားလို့ ဘာစဉ်းစားခန်းမှမရလိုက်ပါဘူး..ဟီး..။

ကဲ..ပါလေ..ကမ္ဘာချီပြီးပြောရင်လည်း အီဘိုလာကကြောက်စရာကြီးပေါ့..။ google ကအလူငွေထည့်ခိုင်း တာကိုလည်း ခပ်တည်တည်နဲ့ ကျော်သွားလိုက်တာဘဲလေ။ ဒီတနှစ်တော့ အလူတွေနဲနဲပါးပါးဘဲလုပ်နိုင်
တယ်။ ကိုယ့်ဝမ်းနာကိုယ်သာသိလေဗျာ..အူမတောင့်မှသီလစောင့်နိုင်တယ်လေ..။

ကမ္ဘာ့သတင်း မြန်မာ့သတင်း ညညဖွင့်ပြီးနားထောင် ဖတ်ရူလေ့လာ..မှတ်သားပြီး အိပ်ယာဝင်ရတာက အလုပ်တခု။ ကိုယ်တို့လိုလူမျိုးတွေများနေတဲ့ ကိုယ်တို့တိုင်းပြည်မှာ ဒီလိုဘဲဖြစ်နေတာကလည်း မဆန်းပါ
ဘူး..။ဘေးကနေကြည့်နေတာနဲ့ဘဲ ပြီးသွားတယ်လေ။ နိုင်ငံရေးဆိုတာ ကိုယ်တို့နဲ့မဆိုင်သလိုလို..။ နိုင်ငံ
သားတိုင်းရဲ့တာဝန်ဆိုတာလည်းမသိ နိုင်ငံသားတိုင်းလူသားတိုင်း ရပိုင်ခွင့် အခွင့်အရေးဆိုတာလည်း မကြားဖူးဘူး ..ဒီလိုနဲ့ဘဲ ရာစုနှစ်ဝက်ကျော်သက်တမ်းရောက်လာတဲ့ ကိုယ့်ဘဝက လူဖြစ်ရကျိုးနပ်လား
ဘာလားဆိုတာ တခါခါတော့ ပြန်စဉ်းစားဆင်ခြင်မိပါရဲ့။

အယူအဆတခု မူဝါဒတခု အတွက်နဲ့ လူသားအချင်းချင်း မုန်းကြ သတ်ကြ ဖြတ်ကြ ရန်လိုမုန်းတီးကြနဲ့ လူ
တွေကိုတဖြေးဖြေးကြောက်လာတာဘဲ အဖတ်တင်မိတယ်..။ ကိုယ့်စိတ်ထဲရှိနေတဲ့ အယူအဆတွေ မပြော
ရဲတော့ဘူး မကြိုက်သူတွေ ရန်လိုမှာ မုန်းတီးမှာကိုစိုးကြောက်လာတတ်နေပြီလေ။ အေးအေးဆေးဆေးဘဲ
နေချင်ပါတယ်လို့ ပြောဆိုပြီး ခပ်ကင်းကင်းဘဲနေတတ်သူတွေ များလာတော့ လူသားတွေက သွေးအေး
သတ္တဝါတွေဖြစ်လာတယ်။ တဦးနဲ့တဦးနွေးထွေးတဲ့ အကြင်နာမေတ္တာတရားတွေနဲ့ဆက်ဆံရေး နဲပါးလာ
ကြတယ်။ အဲ့...လိုမျိုးကြီးနဲ့ ကိုယ်တို့ ပတ်ဝန်းကျင် တိုင်းပြည် ကမ္ဘာကြီးကို မဖြစ်စေချင်ဘူး..။

အမယ်...ဂလိုကြီး..ခပ်တည်တည်နဲ့ရေးနေလို့ တမျိုးမထင်ပါနဲ့လို့..မိတ်ဆွေများရေးတဲ့စာတွေ ရင်ဖွင့်လွှာ
အားလုံး ဘုတ်အုတ်ကြီးထဲက မယ်ငီးမိတ်ဆွေများအပါအဝင်ပေါ့..မိတ်ဆွေများခံစားချက်ကို မယ်ငီးအချိန်
ရတိုင်းဖတ်ရူခံစားနားလည်ပေးပါတယ်လို့..တယောက်ထဲ အားမငယ်နေပါနဲ့ ဘေးမှာ အမြဲအားပေးနေတဲ့
သူတယောက်လောက်တော့ ရှိပါသေးတယ်လို့ ခံစားပေးနော့်..

တနေ့ကြရင်ကိုယ်တို့ ရွှေပြည်ကြီးလည်း နေချင့်စဖွယ် အေးချမ်းသာယာလှပပြီး ဗြဟ္မစိုရ်တရားလက်ကိုင်
ထားတဲ့ လူသားကြီးများကြီးစိုးရာဒေသ ဖြစ်လာမယ်လို့ယုံကြည်မိပါတယ်လေ။

ကိုင်း..ပေါက်ကရတွေးတောခန်းအပြီး စားခန်းသောက်ခန်းလေးနဲ့ ဆက်ကြရအောင်...

မယ်ငီးတို့အိမ်မှာ ရှမ်းခေါက်ဆွဲ(ကျိုင်းတုံမုန့်တီ)အိုးလိုက် တနေလုံး ဒါဘဲစားမယ်ဆိုတဲ့ သဘောနဲ့ ချက် တတ်တယ်။ညနေစောင်းအိုးအဖုံးလှပ်လို့ကြည့်လိုက်ရင် ဟင်းရည် ကြဲကြဲလေးဘဲကျန်တာများပါတယ်။
ဒီတော့ ဘာလုပ်လဲ ဆိုတော့ ဟင်းရည်အိုးထဲ မုန်ညှင်းရွှက်လေးခပ်လိုက်ပါတယ်။ ခရမ်းချဉ်သီးလေး
ကြက်သွန်ဖြူနီ ငရုတ်သီး မီးဖုတ်ပြီး ခရမ်းချဉ်သီးထောင်းတခွက်စီမံ ကြက်ဥကြော်တခွက်(ကြည်သွန်နီများ
များလေး ) ဒီလို ဟင်းအတွဲမျိုးက ခေါက်ဆွဲစားတဲ့နေ့ညစာရဲ့ ဟင်းတွေဖြစ်တာများပါတယ်..။



ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းများလက်ဆောင်ပေးထားတဲ့ ပဲပုပ်နဲ့ လက်ပံပွင့်ခြောက် ကိုကျိုင်းတုံမုန့်တီ
လုပ်စားဖြစ်တယ်။ ညစာတော့ မုန်ညှင်းလေးရောလိုက်တာပေါ့..ကောင်းမှကောင်း..

နောက်အချိုပွဲတခုက မြေစာဥကို ငယ်ငယ်တုံးကပုံအတိုင်းလုပ်စားတာပါ။
ခုတလော ထိုင်ဝမ်ကကုန်စုံဆိုင်တခုကို ခြေဦးခဏခဏလှည့်ဖြစ်နေတယ်လေ..အဲဒီမှာ ရှမ်းလို မာနွေ လို့
လို့ခေါ်တယ်လေ ဗမာလို မြေစာဥ လို့ခေါ်ကြတယ်နဲ့တူတယ်။

 အဲဒါကိုကြံသကာနဲ့ပြုတ်ကျို ညောင်စေးကျလောက်တဲ့အထိမစေးလို့ ပြောင်းဖူးမုန့်ထည့်လိုက်တယ်.အေးရော
စားလို့တအားကောင်းတယ်ဗျို့...

အားလုံးဘဲ နှစ်သစ်မင်္ဂလာမှာ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး