Wednesday, September 30, 2020

တောင်ကြီးသို့ကားလမ်းခရီးမှတ်တမ်း

မင်္ဂလာပါရှင်~~~
ဒီတခေါက်မြန်မာပြည်ပြန်တာတောင်ကြီးကိုသွားရမလိုလို မသွားရမလိုလိုနဲ့ နောက်ဆုံးအချိန်ကျမှ ကောက်ခါငင်ခါ တညအိပ်သွားရကံကြုံခဲ့ရ..။ တညအိပ်ခရီးဆိုတာသိတဲ့အတိုင်း ဘာမှန်းမမြင်ခဲ့ရ..တဝမ်းကွဲမောင်နှမအိမ်ပဲအလည်ရောက်ခဲ့ရ။ စိတ်ထဲဘာလိုနေမှန်းမသိပဲ ပြန်လာလိုက်ရတာ..😏

မြောက်ဒ၈ုံ

YG ကနေမနက်ဆိုပြီးထွက်လာတာပဲ လူတွေလှည့်ပတ်ခေါ်နေရစောင့်နေရ။ဘာတွေမှန်းမသိ။ရမည်းသင်းမှာခဏနား( ကျားကျားဇာတိလေ) သာစည်မှာညအိပ်ဟော်တယ်ကထွက်ခါနီး အချိန်ဒါတ်ပုံရိုက်ထားမိသေး😁
ကားကြီးကွင်းဖြတ်ချိန်လည်းအမှတ်တရ..
တိုး၈ိတ်စောင့်ချိန်လည်းမလွတ်စေရ
ကိုင်းလာပြီ..သေမင်းတမန်လမ်း..အဲ့လေ..ရန်ကုန်နေပြည်တော်အမြန်လမ်းတဲ့ဗျား..
လမ်းတွေလည်းပြင်နေပါတယ်..လူ၁-၂ ယောက်လောက်နဲ့လေ😁
Toll gate မှာလူတွေအမြဲတွေ့လိုက်တိုင်း အုပ်စုဖွဲ့စကားပြောပဲ🙊😆
အလုပ်ကနဲနဲလူကများများဖြစ်နေသလို..တကယ်ပြောတာ လေယာဉ်ပေါ်ကဆင်းလာရင် တန်းစီအုပ်စုလိုက်ရပ်ကြည့်နေတာ..😄
ကားရပ်စခန်းမှာ ထမင်းစား..ကားဆရာကကျားကျားတူလေး..သူခေါ်ရာသွားရတာပဲ။ သူကဒီမှာစားဆိုလည်းစားရတာပဲ..ကောင်းမကောင်းမမေးလေနဲ့😎
တပ်ကုန်းဖက်ကနေလှည့်သွားမယ်တဲ့..သူပြောသလိုပြောကြည့်တာ..ကိုယ်တွေလည်းသိတာဟုတ်ဘူးလေ😌
ဟိုး..မူန်ရီမိူင်းနေတဲ့တောင်တန်းကြီးကတော့ ကိုယ်တို့ရှမ်းပြည်ဖက်ဖြစ်မှာပေါ့လေ..
မြင်တိုင်းငေးမိ..
သူတို့အပြောဒေါင်းသေချောင်းဆိုလား...ဆင်သေချောင်းဆိုလား..
သဲတွေချည်းပဲ..ဟိုးတောင်ဖက်နားကမိုးအုံနေရင် ဖြတ်လို့မရဘူးတဲ့
ရေတွေအများကြီးလိမ့်ဆင်းလာတယ်တဲ့ ပျံသန်းနေတဲ့ဒေါင်းတွေတောင်သေနိုင်တယ်ဆိုလား..ဟီး..ဆင်တွေတောင်မခံနိုင်ဘူးဆိုလား..အသက်ကြီးလာဘာမှမကောင်း..မှတ်ညာဏ်ညံဖျင်းချက်က ထိပ်ဆုံး..😜 ရမ်းတုပ်ကြည့်
ကျားကျားတို့မွေးရပ်မြေရောက်ရင် ထိပ်ဆုံး စားဖို့ကတို့ဖူးတဲ့..အိမ်ရှေ့တည့်တည့်မှာဆိုင်ရှိတယ်လေ..
ကျားကျားအမကြီးနဲ့ ထို့ဖူးစားကြတယ်
ဆက်လက်ထွက်ခွါကြတယ်..
နေဝင်ချိန်ရောက်မှ သာစည်ရောက်တော့တယ်...
ကျားကျားအမတွေနဲ့တောင်ကြီးထွက်ခါနီး စကားတွေပြောနေတာအမှတ်တရ
စောစောစီးစီးထွက်လာကြတယ် သူတို့ကနေ့ချင်းပြန်ကြမှာလေ ကိုယ်တွေကတောင်ကြီးမှာတညအိပ်ကျန်ခဲ့မယ်။
မိတ္တီလာကနေကားလာတဲ့ကား ကျားကျားအကိုတယောက်ကမိတ္တီလာမှာနေတာ..
ရှမ်းတောင်တန်းကြီးကို အမိူက်တွေကြားမြင်ရပုံ😂 ကားလမ်းမလျောက် အမိူက်မရှိတဲ့နေရာမတွေ့မိပါဘူးဆို..😖
ကားပေါ်မှာကျားကျားတို့ရဲ့စကားတွေပြောနေလိုက်ကြ ကိုယ်တေံတော့ တွေ့သမျှဒါတ်ပုံရိုက်ပဲ..😎
ရှမ်းတောင်တန်းကြီးတက်တော့ လမ်းပြင်နေတာတွေ့မိတယ်
မြူတွေဆိုင်းလို့...
ငိုက်ပြီးလိုက်နေတာကများများ..😆
လမ်းပြင်နေတာတွေမြင်တော့ စိတ်ဝင်စားလို့ အငိုက်ပြေ
လမ်းဆိုတာမျိုးက အမြဲတမ်းပြင်နေရမှာပါလေ..
ကုန်ကားကြီးတွေ ဘတ်စ်ကာကြီးတွေ နေ့တိုင်းဖြတ်တော့ ပျက်စီးမှာပဲ
ဘယ်နေရာသွားသွား လမ်းပြင်နေတာတွေ့ရင် ရပ်ကြည့်ထိုင်ကြည့်တတ်တယ်ဆို
ခင်စပ်စုကြီးလေ..😁
သနားပါတယ် လက်အိတ်မပါ ခြေထောက်လည်း ရိုးရိုးဖိနပ်ပဲ အန္တရယ်ရှိတဲ့လုပ်ငန်းလုပ်နေကြရတာ..
လုပ်ငန်းခွင်အန္တရယ်ကာကွယ်မူ့ထဲမှာတော့ ကိုယ်တို့နိုင်ငံက ဘိတ်ဆုံးမှာနေမှာပဲ
ကလောရောက်ပြီ..တဲ့ မနက်စာစားဖို့ရှာကြံရမယ်..နောက်တခါမှကလောအကြောင်းဆက်ကြတာပေါ့လေ..

အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
#meemeenage







Wednesday, September 2, 2020

ရန်ကုန်ကဝါးတီး

မင်္ဂလာပါရှင်~~~

အရင်ကများ တခါလောက်ရွှေပြည်ပြန်မယ်ဆိုရင် ဘာစားမယ် ဘယ်သွားမယ်ဆိုတာက စာတတန်ပေတတန်ရေးမှတ်ထားရ😁 ခုများတော့ သိပ်ပြီးအစားမမက်တော့ဘူး😓 မစားနိုင်တော့ဘူးလေ။ မတည့်တာနဲ့ ဟိုဟာနဲ့ဒီဟာနဲ့ ကြုံကြိုက်ရင်စားလိုက်မကြုံရင်လည်းအိုကေ။ပြီးခဲ့တဲ့နှစ်ကပြန်တုံး များများစားစားကိုမစားဖြစ်ဘူး ။ သူများကျွေးတာလေးပဲ စား😂


ရောက်ပြီးမနက်စာ လပ်ကီးဆဲဗင်းစားပြီးတော့ ဗိုလ်ချုပ်ဈေးချီတက် ကတ္တီပါဖိနပ်တွေဝယ်ကြ ပိုးပုဆိုးတွေပုဝါတွေဝယ်ရင်း ပူလို့ခနနားနေတုံးဆိုင်ရှင်က ကျောက်ကျောစားမလားဆိုတော့ အိုကေ..ပေါ့ 😅 ကိုယ့်ဖာသာကိုယ်ပေးတာပါ။ သူများဆိုင်ရှေ့မှာကျကျနနထိုင်စားရတာပဲကျေးဇူး.. ကြည့်ရင်းစားချင်စိတ်အများကြီးဖြစ်ပေမဲ့ မစားနိုင်ဘူးဗျ..။ မာတာတာဖြစ်နေလို့ လူကလည်းနေ့နဲ့ညမှားနေတာရယ် ပင်ပမ်းတာရယ်..။ ၃ဇွန်းထပ်ပိုမစားနိုင်ကြဘူး..ခုချိန်တော့ စားချင်နေသားပဲ😝

နေ့လည်ကျတော့ ဝမ်းမနာသမီးတွေလာခေါ်ပြီးဗမာထမင်းဆိုင်သွားစားကြ..။ 

ထုံးစံအတိုင်း ဟိုတို့ဒီတို့နဲ့..အိပ်ချင်နေတာလေ..
ညစာတော့ နံမည်ကြီးတဲ့ မင်းလမ်းမုန့်တီဆိုလား..သူတို့အများကြီးမှာ
ကိုယ်တွေတော့ မုန့်တီတပွဲမှာသေး😄



အများကြီးမှာပြီး အင်း...စားကောင်းလားဆို..
အရမ်းအကောင်းကြီးထဲမဟုတ်သလိုပဲ
😂 လူကတော့ အများကြီးပဲ အလကားပေးတာကြနေ
ဘာတွေကဘာမှန်းတောင်မသိ😎

မှာသမျှကုန်နေပြီဆိုတာကြီးဗျ...

နောက်တညနေ စမ်းချောင်းဖက်ရောက်တုံးဗိုက်ဆာလို့ ရခိုင်ဆိုင်တခုဝင်စား ဖယားဖယား အသေစပ်တာဗျ...အဘားအဘား...😄 စားလို့တော့ကောင်းပါတယ်
တူမလေးတယောက်ထိုင်းမုန့်ဟင်းခါးချက်ကျွေးလို့စားခဲ့ရသေး
ဆိတ်စွပ်ပူရီဆိုလား ပါလတာဆိုလား....ကျားကျားသူ့မိတ်ဆွေတွေကိုကျွေးလို့ စားခဲ့ရသေး..အဖိုးကြီးတွေချည့်ပဲဆို😎

ဟိုသွားဒီသွားနဲ့ကြုံရင်ကြုံသလိုစားခဲ့သေး

ဘာတွေမှန်းမသိ..စီးပွားရေးတော့အတော်ကောင်းပုံရ ဆိုင်တွေလူအပြည့်ပါပဲ
သူငယ်ချင်းတယောက်အိမ်သွားရင်း သူကျွေးတဲ့ ခေါက်အူနဲ့ကျိုင်းတုံဝက်အူ ချောင်းနဲ့နမ့်ဖစ်ထောင်း
ပါအို့(ငါးဒုက္ခလည်းပါ)
အဲ့တနပ်ကတော့ အကောင်းဆုံးပေါ့😄

ကျားကျားမိတ်ဆွေကျကျနနဖိတ်ကျွေး..ကိုယ်တွေကသိပ်မစားနိုင်
ဟား..အရမ်းကောင်းတာပဲ..ကျေးဇူးပါပဲ..ပြောလိုက်ရတာ..😆
ကျားကျားတူမတယောက်ခေါ်သွားတဲ့ဒူးရင်းသီးဆိုင်ကတော့အမိုက်စ်ဆုံး
တဆိုင်လုံး အနံ့တွေလိူင်နေတာ..
ကိုယ်တွေကမကြိုက်တော့ အသက်အောင့်ထားရ😂
စုံပလုံစိမှာစားကြ
ဈေးလည်းကြီးဆိုပဲ..သူ့ခမျာကျွေးရှာတာ..ကိုယ်လည်းဟန်ဆောင်ကောင်းခဲ့ပါတယ်လေ😁
မုန့်တွေလည်းအများကြီး..အချိုမကြိုက်သူကတော့ သာရေမကျဘူးပေါ့.အဟဲ
သူ့အမျိုးအိမ်တွေကဖိတ်ကျွေးတာ ဘုန်းကြီးဆွမ်းကပ်သလိုပဲ😜 အဲ့အချိန်ကစားကောင်းနေတာများ

ကျန်တာတွေကဟော်တယ်ထဲမှာပဲ..မနက်စာဘူဖေး

ဧည့်သည်လာရင်လည်း အဝေးကြီးသွားစရာမလို



အဲ့နားမှာကျွေးလိုက်တာပဲ
ညဆိုရင်လည်း မထွက်ချင် ဆင်းပြီးစားလိုက်တာပဲ

ဒေါ်လာလှဲဖို့ လမ်းလျောက်ထွက်သွားရှာရင်း

ရှမ်းဆိုင်တခုတွေ့တာနဲ့ ဖက်ထုပ်ပေါင်းစားရင်းရှမ်းလိုခေါက်ဆွဲသုပ်ပေးနိုင်လားမေးရင်းစားခဲ့သေးတယ်...

ဒီဆိုင်ကတွေ့ရင်း ဘာရယ်မဟုတ်ဒါတ်ပုံလေးရိုက်ယူထား..အော်..လသာကဘော်ဒါကြီးတယောက်ရဲ့ဆိုင်တဲ့
ရန်ကုန်မှာအလုပ်မရှိရင် အစားအစာရောင်းလို့ဖြစ်တယ်စားမဲ့သူအများကြီး..

လေယာဉ်ကွင်းဆင်းမှသူငယ်ချင်းတယောက်လာတွေ့မယ်ဆိုတော့ စားသောက်
ဆိုင်ထိုင်ရင်း အမဲသားခေါက်ဆွဲမှာစား..အပါးပါးဂွတ်ရှယ်ပဲ..
ကျားကျားလည်းစားပြီးရှင်းမယ်လုပ်တော့ သူငယ်ချင်းရှင်းပေးသွား..ဖယားဖယား.70$ လောက်ရှင်းရတယ်တဲ့..အားနာလိုက်တာ ရေခဲမုန့်တွေရော တခြားမုန့်တွေရောကျားျကားမှာစား..မြို့ထဲမှာစားမကောင်းလို့တဲ့😂

ကိုင်း..စာရင်းချုပ်တော့ ဒီတခါသိပ်အလေးချိန်မတိုးလာပါဘူးလို့...
😍😘😝😜
#meemeenage