Showing posts with label US-Las Vegas. Show all posts
Showing posts with label US-Las Vegas. Show all posts

Thursday, July 11, 2019

Las Vegasညနေခင်းနဲ့ဒေးဗစ်ကော်ပါဖီး

မဂၤလာပါရွင္~~~

LV ညခင်း
တခါတလေ ပေရှည်တာလည်းမကောင်းလှပါဘူး..။ သာမာန်Tour package လေးကို ရှည်တော်မူပြီး
ကိုယ်လိုချင်တာထဲ့ရွှေးဝယ်တဲ့အကျိုးကတော့ LA ကနေဘယ်လာတဲ့ဘတ်စ်ကားကြီးက Hotel မှာ
ချပေးပြီး..တာတာလုပ်သွားပြီလေ..😁 သူတို့က city tour bus တို့ ရေပန်းတို့ ဘာတို့ညာတို့..သွားကြ
မှာ..ဒီတော့ ကိုယ်တို့မှာရွှေးစရာများများမရှိ၊ David Copperfield ဆိုတဲ့ကမ္ဘာကျော်မျက်လှည့်ပညာ
ရှင်ကြီးရဲ့ပွဲကိုဘဲ မျက်စိကျတော့ ကိုင်း..ချီတက်ကြတာပေါ့လေ..💪

Canyon တဝိုက်လည်ဖို့ကနောက်ထပ် SF ကလာတဲ့Tour bus တခုနဲ့ချိတ်ရမယ်။ 
သူက LV အဝင်နောက်ကျတော်မူပါတယ်တဲ့။ 
ဒီတော့ မျက်လှည့်လက်မှတ်ကို အရင်ကBus က ဂိုက်ဆီမှာဝယ်။ ဂိတ်ပေါက်ဝမှာ
သူတို့အဖွဲ့ထဲကတယောက် လက်မှတ်လာပေးမယ်တဲ့။ မြေပုံကို google map ကနေကြည့်ပြီးသာကြွကြ
ပါလေ..ဆိုလေရဲ့..😎 ကဲ..ဒီတော့ ဂိုက်ငီးငီးရဲ့ လမ်းညွှန်မူ့အောက်မှာ တသွေမတိမ်းလိုက်နာတဲ့
ဧည့်သည်ကြီးကို အရာကြီးလုပ်ရတော့မယ်ဟေ့...😂
ဒီဟော်တယ်မှာတည်းခဲ့ရ
ပွဲက ၇နာရီလောက်မှစမှာ ကိုယ်တို့က ဟော်တယ်အခန်းထဲရောက်ရေမိုးချိုးပြီး တန်းဆင်းတာဘဲ....။
အဲ့လို ဝီရိယကကောင်းဆိုဘဲ😂 အချိန်တွေအများကြီးရှိသေး..ညနေခင်းကို Park MGM ဟော်တယ်
တဝိုက်ငေးမောကြည့်ရူ မီးတွေလင်းထိန်နေတာကိုဘဲ သွားငမ်းဖို့ထွက်လာကြတာပေါ့..။ မျက်လှည့်ပွဲက
MGM Grand မှာ... MM မီးမီးက Park MGM ကနေ MGM Grand သွားမလို့ရှင့်..😝 M ၂လုံးနဲ့ပတ်ရူပ်
နေပုံများ...
Hotel ကြီးမားချက်က self checkout/ check in counter တွေကမနဲ
ကောင်တာနေရာက ၂စုခွဲထားအဝင်အထွက်မတူ👀😎
 ကြုံတုံးလေး Las Vegas ကဗျာအလွှတ်က ဝင်နွဲရသေး..😁😂
 တွေ့သမျှဟော်တယ်တွေက ကာစီနိုနဲ့ လူတွေနဲ့ ခန်းနားပါ့ဗျာ....
ပတ်ချာလည် ဟော်တယ်တွေချည့်ပါဘဲ..
ဆောင်းရာသီလာတာအကောင်းတုံးဘဲ နွေဆိုအသေပူဆိုဘဲဗျ...ဟိုကြားထဲကဖြတ် ဒီလိုဟိုလိုနဲ့တော့...
သွားခဲ့တာပါဘဲ...ဓါတ်ပုံထဲက အုံးပင်ထန်းပင်တန်းက ကားလမ်းကြီးကို ဖြတ်တဲ့ဂုံးတံတားကြီးပေါ့..မှန်
အကြည်နဲ့ပတ်ချာလည်ကာထားတယ်။ အဆင်းအတက် လျောလှေခါးနဲ့ဘဲ.. လမ်းဆုံလမ်းခွနေရာတကာ
ရှိတယ်...တက်လိုက်..ကားလမ်းအပေါ်ကနေလမ်းလျောက်သွားရင်း..မြို့ကိုငေးလို့အရမ်းကောင်းဘဲ...
 ဟော!!! MGM Grand ဆိုတာကြီးတွေ့ပြီဗျ...
နို့မို့ရင် ဟိုအမိုးဖွင့်ကားနဲ့ လည်ရမှာ..တကယ်တော့ ကိုယ်ဟာအဲ့လိုလည်ရတာအကြိုက်ဆုံးပါ....
ကဲပါလေ...ဒါလေးလည်းမဆိုးပါဘူး...မြင်မြင်သမျှ..ရောင်စုံတွေနဲ့လှပ ညနေခင်း နေရောင်နဲ့တောက်ပ...

သူ့ကိုတော့ ရိုက်ပေး..ကိုယ့်ကျတော့ သူကမရိုက်နိုင် ရှေ့ကနေ ငေးမောသွားနေတာ😣 သူ့အနောက်ကမှန်
ချပ်ကြောင့်ဓါတ်ပုံကမကြည်ဘူးထင်ရတယ်....
ကိုင်း..အထဲဝင်ပြီ...
နဲနဲစောသေးလို့ လူသိပ်မရှိသေး...ညနက်လေ လူကြပ်လေဘဲဗျို့...
ဟော်တယ်မြေပုံကို ကြည့်လိုက် ဖုံးထဲကဟာကြည့်လိုက်နဲ့..ဂိုက်ဆရာမကြီး အလုပ်ရူပ်ရှင့်..

မျက်လှည့်ပြမဲ့နေရာ..လူတောင်မရှိသေး...နေရာမှတ်ထားပြီး..ညစာသွားစားအုံးမယ်...

ဟော...နံမည်ကြီး Chef Morimoto ဆိုင်...ဈေးကြီးမဲ့ပုံ..သူကဂျပန်စာမကြိုက်တော့ ဆွယ်ရတာခက်တယ်

သူ့ရဲ့အစားအစာတော့မသိ..သူ့ဝိုင်တွေသာရေယိုခဲ့..မိုက်စ်ချက်ဗျာ....💖

ကဲ..food courts သွားကြည့်..မကြိုက်ပြန်...
ရွှေးစရာသိပ်မရှိ...လာတီးနို မက်စီကန်အစားအစာတခု စားခဲ့ရ အပြင်လည်းမထွက်ချင်တော့ဘူးလေ။ သူက
ကာစီနိုလေးကြုံတုံးဝင်နွဲချင်နေတာ...
ဒီစက်ရှေ့ထိုင်...ပိုက်ဆံထည့်လိုက် လှည့်လိုက်နဲ့...

နိုင်ပါတယ်ဗျ... အဲ့ဒီလိုရလာရင်..စက်တခုထဲသွားပိုက်ဆံထုတ်လို့ရ..
ပိုက်ဆံရရင် ကိုယ်တော့ တန်းပြီးရပ်တာဘဲ..အဲ့ဒီအချိန်စက်ကမြည်သံတွေ ပက်ချံဒင်္ဂါးတွေ ပလူပျံလို့...
အရမ်းပျော်ဘဲ...😂💪👏👍
နောက်တခါလည်းထပ်ရ..စကားမစပ်..ကိုယ်လေ..ခနခနထီပေါက်ဖူးတယ် ထီပေါက်တတ်တယ်ဆိုပါတော့
ထိုင်းထီ မြန်မာထီ ဂျာမဏီ နယ်သာလန်ထီအမေရိကားထီ..ဒါပေမဲ့ဆုကြီးတော့မဟုတ်သေးဘူးပေါ့..အဟဲ
မဟုတ်သေးလို့..စကားခံထား...ဟင်းဟင်း😆😁 
ဒီတညအိပ်ပြီး ခရီးဆက် တညတခြားနေရာအိပ်ရမယ်။ ပြန်လာရင်ဒီဟော်တယ်ဘဲပြန်တည်းရမှာ အဲ့ဒီနေ့
မှာတော့ ဒီမှာစားရအောင်လို့...မဲဆွယ်ထားရသေး...
ကဲ...အပေါက်ရှေ့စောင့်ပေအုံး..ဘယ်သကောင့်သားလာပေးမလဲမသိရ....
တကယ်ဘဲ..အကြာကြီးစောင့်ရ..သူများတွေကဝင်ကုန်ပြီ...စိတ်ကပူနေတော့ ဓါတ်ပုံတွေမရိုက်ဖြစ်....
ဂိုက်တွေရဲ့ဖုံးတဂွမ်ဂွမ်ခေါ်ရ...မမြင်ရသေးတဲ့ဂိုက်ကလည်း ကိုယ်တို့ကိုစိတ်ပူခေါ် မနက်ကြရင် ရး၀၀
လူစုရပ်ပြော..အဲ့နားလာစောင့်ဖို့ပြော..ကိုယ်ကမျက်လှည့်လက်မှတ်ဘဲစိတ်ကပူ...😝 လက်မှတ်ဝယ်တဲ့
ဂိုက်ကိုလည်း တချိန်လုံးဆက်...ပွဲစခါနီး ၅မိနစ်မှလာပေး...😖😠
ကြုံတုံးတခုပြောအုံးမှ...ဆရာကြီးပေါ့ဗျာ..စင်နဲ့ကပ်ရပ် VIP ဝယ်တာ လက်မှတ်တစောင်ဘယ်လောက်မှတ်လဲ..😳 $ 200 နီးပါး..အခန်းထဲဝင်တာနဲ့လုံးဝဓါတ်ပုံမသုံးရ မရိုက်ရပါ..တွေ့ရင်ဆွဲထုတ်ပါတယ်တဲ့....။
သူပြောတဲ့အချိန်မှာ သူ့ဆီ email တန်းပို့ရတယ်...ပြီးရင်လုံးဝမဖွင့်ကြည့်ရပါဘူး... ပွဲပြီးမှဖွင့်ပါတဲ့...။
email ထဲမှာ ပွဲစဉ်ထဲက ဖြစ်ပျက်တာတွေ အားလုံးပါတယ်..အရမ်းအံသြစရာကောင်း..ကြိုတင်စီစဉ်
ထားမဟုတ်ဘဲ..ကြုံရင်ကြုံသလို လူတွေခေါ်ပြီးလုပ်ပြတယ်..

စင်နဲ့ကပ်ရပ်ဆိုတော့ စင်ကိုမေးထောက်ပြီးကြည့်နေတာ ဘွားကနဲ ရထားပေါ်လာလိုက် ပုဂံပြားဝဲလာလိုက်
ရုံတခုလုံးရူပ်ရှက်ခတ်ဘဲ... အရမ်းတန်တယ်ပြောရမယ်..သူ့ပညာကမသေးဘူး။ သူကအမှတ်တရာလို့ပြော
ပေမဲ့ကိုယ်က ၄ဝဝ $ ဒါဘဲမြင်နေမိ😄😁😆 ဒါနဲ့ David ကြီးက ထီနံပါတ်ပါပေးထားတယ်ဗျ....

ပြောမှသတိရ..သွားထိုးအုံးမှ ၂-၃ ခါထိုးဖူးတယ်..မပေါက်သေးပါ...😀😇😅


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Wednesday, June 19, 2019

Las Vegas လောင်းကစားမြို့တော်ခရီး

မင်္ဂလာပါရှင်~~~
ခပ်သုတ်သုတ်လေး LV မြို့ကိုသွားမှ..။ စန်တာဘာဘရာမြို့ကနေ LA ကိုရထားနဲ့ပြန်လာ၊ ဘူတာရုံနားမှာ
တည်းပြီး (မနက်ကျတော့ LV သွားဖို့ကားလာကြိုမဲ့နေရာနဲ့နီးလို့ပါ) အနီးအနားမှာရှိတဲ့ တရုတ်ဆိုင်မှာ
ညစာစား..၊ နံကြားထောက်ပြီး ဝင်လိုက်တာ..ရမ်းရမ်းကောင်းဘဲ...အရမ်းအရသာရှိ..။
ငါးကြော်လည်းကြွပ်ရွှ..အများကြီးလည်း မစားနိုင်လို့ နဲနဲဘဲမှာတာ.. အပြောင်စားနိုင်ခဲ့လေသည်😋😎
တရှဲရှဲနဲ့ကိုမြည်လို့....
ဟော်တယ်ခန်းကလည်း ကြီးမားကျယ်ပြန့် ၂ခန်းတောင်ရှိ..ညပိုင်းမှရောက် မနက်အစောကြီးထရမှာ...
ဒီနေရာမှာစုရပ်တခုပေါ့လေ..ဘေးမှာတရုတ်ဘုံကျောင်းလားမသိ၊ သူတို့ပြောထားတဲ့ အချိန်ထက်စောပြီး
လာပါတယ်..။ ဒါပေမဲ့ပေါ့လေ....
စူများတွေက အိစံကွားတွေဆိုတော့ အိစံကွားအချိန်ပေါ့လေ.. မိုးစင်စင်သာလင်း..ဒင်းပေါ်တော်မမူသေး
😖😏 အနီးမှာလည်း အဆောက်အဦတခုဆောက်နေတော့ အလုပ်သမားတွေ အစောကြီးလာကြတယ်
သူတို့ကရိယာတန်ဆာပလာတွေသူတို့ဖာသာသူတို့ဘယ်ပြီးပေါ့လေ
မျက်နှာချိုပြီး နူတ်ချိုသူမယ်ငီး.. ဂွတ်ထမောနင်းလုပ်ရတာအမော...😜😁 သူတို့လည်းပြန်နူတ်ဆက်ပါ
တယ်လေ။ တကယ်တော့ ဘတ်စ်ကားတစင်းထဲစီးဖို့ ရောက်လာကြတဲ့ ကိုကိုမမဦးဦးဒေါ်ဒေါ်တွေအထူး
သဖြင့်  အာရှနဂါးတို့ကျားတို့ဂဌုန်တို့က လူတို့ရဲ့နူတ်ဆက်ခြင်း အနုပညာမခံစားတတ်ကြဘူးကွယ်...
ရူးတိုးတိုး...😎😅
 နေရောင်ထိုးတော့ လောကကြီးကသာယာလှပလာပြီပေါ့လေ...ကားလာပြီလစ်မှ...💨
နောက်တနေရာမှာ လူဝင်ခေါ်သေး...အာရှ ကျားဂဌုန်ခြင်္သေ့ အားလုံးခပ်ညံ့ညံ့ဗျ..တနေရာရောက်ရင် တုန့်
ဆိုင်းတွန့်ဆုတ်..ခင်ခင်ငီးတို့တော့ ကားရပ် ဝှီးကနေပြေးဆင်း အဆောက်အဦထဲတန်းမတ်ဝင် မသိရင် ဆိုင်း
ကိုကြည့်..အာသိမ်ပြေးလေဧ။်😀 ဘယ်နေရာရောက်ရောက်ထိပ်ဆုံး အေးဆေးဝင်ရုံဘဲ..ဟားဟား

Las Vegas မြို့က Neveda ပြည်နယ်မှာရှိပြီးArizona နယ်နဲ့ ကပ်ရပ်လေးမှာပေါ့..အဲ့ပြည်နယ်တွေဆိုတာ
USမှာ သဲကန္တရခြောက်သွေ့တဲ့နေရာတွေလေ..ကားလမ်းတဖက်တချက်မှာ ဘာအပင်ကြီးမှမရှိ တောင်
ဂတုံးနဲ့မောင်ဖုန်းတို့မြေ.. 😁
ရထားတွဲလည်း ကွန်တိန်နာ အထပ်ထပ်နဲ့ တမျှော်တခေါ်...

Tour ဆိုလို့ပြောရအုံးမယ်..ကိုယ်တို့က ရက်တွက်ပြီးကိုယ်နဲ့ကိုက်တဲ့ Tour package ဝယ်တာပေါ့နော်..
ကိုယ်တွေလိုချင်တာက NJ ကနေမထွက်ခင်ကတဲက ကုန်ပြီ..ဒီတော့ ရှိတာလေးဝယ်..ဒီဖက်Tour ပုံစံ
ဆိုတာက ကားခဟော်တယ်ခဘဲပါပါတယ်..။ တခြားဘာညာကွီကွက သပ်သပ်ပေးရ...၊ ကားပေါ်ရောက်
တာနဲ့ ဂိုက်တွေက ရှင်းပြမယ်ပြီးတခုံခြင်းပိုက်ဆံလိုက်ကောက်တာပေါ့လေ...။ ခုလည်းစာရွက်ဝေပါတယ်။
ဘူးသီးခပေါင်းကြော်စာနဲ့ပေါ့လေ..ကိုယ်တွေကလည်း ဖြည့်တာဘဲ...ပြီးတော့ သူကလာပြောရှာပါတယ်။
ခင်ဗျားတို့ ၂ယောက်က ဒီရာသီအတွက် ပထမဦးဆုံး အစီအစဉ်တခုပါဘဲ..တဲ့။ LA ကနေတက်ပြီး LV
လည် Black Canyon လည် SF ပြန်..။များသောအားဖြင့် ကိုယ်လာတဲ့နေရာကိုပြန်ကြတာလေ..😎
ဒီတော့ သူ့အစီအစဉ်ထဲမှာမပါဘူးတဲ့။ LV ကဟော်တယ်မှာသူချထားပေးရုံပါဘဲတဲ့။ အခုနေ့လည်စာလည်း
သူတို့စားတဲ့ဆိုင်(ဘူဖေး)မှာ စားရမရမသိသေးဘူးဆိုဘဲ..ဖယားဖယား...😝 အော်ငီးငီးတို့ငတ်ကိန်း...
(နောက်တခု..ငီးငီးနံမည်က ဗမာလို အေးအေးသိန်းတဲ့ ဒီမှာတော့ ဆေးရုံဆေးခန်းကခေါ်တော့ အိုင်အီး
အိုင်အီးတိန်း..တဲ့ဗျား...)😚😝😂
အံမယ်လေး..သူတို့ဆီကဓါတ်ဆီဈေးနူန်းကြည့်ပြီးဖျားပါတယ်...ကိုယ်တို့ဖက်မှာ 3$ မကျော်ဘူး..91 ဆိုရင်
တော့ နဲနဲကျော်ပါတယ်...
 ဒီလို ထီးထီးကြီး club လိုလို bar လိုလိုကလည်းများ...
 မြင်မြင်ရာခြောက်သွေ့...
 ကချင်ကတောင်တွေဘဲ ဖြိုတာမဟုတ်ဘူးတဲ့...😜
 LV နားရောက်ခါနီးတော့ အိမ်ယာစခန်းအများကြီးဆောက်နေတာတွေ့ရတယ်..
 အိုလံပစ်လုပ်မှာမို့တဲ့....
 ကားခနလေးရပ်တာနဲ့ ဒါတ်ဆရာလက်စွမ်းပြတာဘဲ...😎
လေပြင်းမုန်တိုင်းတိုက် လေဆင်နှမောင်းတိုက်ရင် ဒီကအိမ်တွေလွှင့်ကုန်တာလည်းမပြောနဲ့ သစ်သားကပ်
လေးနဲ့ဆောက်တာဗျ...
နေ့လည်စာကို လေယဉ်ကွင်းနားမှာစားရမယ်တဲ့..ကိုယ်ကတော့ စိတ်မဝင်စား..ဟော..ဟိုလိမ်ပျံကြီးလှထှာ....နော့်...
 သူ့အရောင်နဲ့ ကောင်းကင်အရောင်နဲ့..လှပနေ...
 ကိုင်း...စီလုတ်မစားဘူးဟေ့..ဘိုစာစားခဲ့တယ်...😋😋😋
 ပြီး..ဟော်တယ်ဒီုးမယ်တဲ့..ကျုပ်တို့ကို ကန်ချခဲ့မယ်ဆိုဘဲ...😵
ဘယ်ဟော်တယ်လဲ..သိလား..ဒါက Lobby တဲ့....ရှယ်ကြီးမား... PARK MGM Hotel !!!!!
ညဇာတ်လမ်းကိုတော့....မနှေးအမြန်ကလေးပေါ့...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage