မင်္ဂလာပါရှင်~~~
ခပ်သုတ်သုတ်လေး LV မြို့ကိုသွားမှ..။ စန်တာဘာဘရာမြို့ကနေ LA ကိုရထားနဲ့ပြန်လာ၊ ဘူတာရုံနားမှာ
တည်းပြီး (မနက်ကျတော့ LV သွားဖို့ကားလာကြိုမဲ့နေရာနဲ့နီးလို့ပါ) အနီးအနားမှာရှိတဲ့ တရုတ်ဆိုင်မှာ
ညစာစား..၊ နံကြားထောက်ပြီး ဝင်လိုက်တာ..ရမ်းရမ်းကောင်းဘဲ...အရမ်းအရသာရှိ..။
ဒီနေရာမှာစုရပ်တခုပေါ့လေ..ဘေးမှာတရုတ်ဘုံကျောင်းလားမသိ၊ သူတို့ပြောထားတဲ့ အချိန်ထက်စောပြီး
လာပါတယ်..။ ဒါပေမဲ့ပေါ့လေ....
စူများတွေက အိစံကွားတွေဆိုတော့ အိစံကွားအချိန်ပေါ့လေ.. မိုးစင်စင်သာလင်း..ဒင်းပေါ်တော်မမူသေး
😖😏 အနီးမှာလည်း အဆောက်အဦတခုဆောက်နေတော့ အလုပ်သမားတွေ အစောကြီးလာကြတယ်
သူတို့ကရိယာတန်ဆာပလာတွေသူတို့ဖာသာသူတို့ဘယ်ပြီးပေါ့လေ
မျက်နှာချိုပြီး နူတ်ချိုသူမယ်ငီး.. ဂွတ်ထမောနင်းလုပ်ရတာအမော...😜😁 သူတို့လည်းပြန်နူတ်ဆက်ပါ
တယ်လေ။ တကယ်တော့ ဘတ်စ်ကားတစင်းထဲစီးဖို့ ရောက်လာကြတဲ့ ကိုကိုမမဦးဦးဒေါ်ဒေါ်တွေအထူး
သဖြင့် အာရှနဂါးတို့ကျားတို့ဂဌုန်တို့က လူတို့ရဲ့နူတ်ဆက်ခြင်း အနုပညာမခံစားတတ်ကြဘူးကွယ်...
ရူးတိုးတိုး...😎😅
နောက်တနေရာမှာ လူဝင်ခေါ်သေး...အာရှ ကျားဂဌုန်ခြင်္သေ့ အားလုံးခပ်ညံ့ညံ့ဗျ..တနေရာရောက်ရင် တုန့်
ဆိုင်းတွန့်ဆုတ်..ခင်ခင်ငီးတို့တော့ ကားရပ် ဝှီးကနေပြေးဆင်း အဆောက်အဦထဲတန်းမတ်ဝင် မသိရင် ဆိုင်း
ကိုကြည့်..အာသိမ်ပြေးလေဧ။်😀 ဘယ်နေရာရောက်ရောက်ထိပ်ဆုံး အေးဆေးဝင်ရုံဘဲ..ဟားဟား
Las Vegas မြို့က Neveda ပြည်နယ်မှာရှိပြီးArizona နယ်နဲ့ ကပ်ရပ်လေးမှာပေါ့..အဲ့ပြည်နယ်တွေဆိုတာ
USမှာ သဲကန္တရခြောက်သွေ့တဲ့နေရာတွေလေ..ကားလမ်းတဖက်တချက်မှာ ဘာအပင်ကြီးမှမရှိ တောင်
ဂတုံးနဲ့မောင်ဖုန်းတို့မြေ.. 😁
ရထားတွဲလည်း ကွန်တိန်နာ အထပ်ထပ်နဲ့ တမျှော်တခေါ်...
Tour ဆိုလို့ပြောရအုံးမယ်..ကိုယ်တို့က ရက်တွက်ပြီးကိုယ်နဲ့ကိုက်တဲ့ Tour package ဝယ်တာပေါ့နော်..
ကိုယ်တွေလိုချင်တာက NJ ကနေမထွက်ခင်ကတဲက ကုန်ပြီ..ဒီတော့ ရှိတာလေးဝယ်..ဒီဖက်Tour ပုံစံ
ဆိုတာက ကားခဟော်တယ်ခဘဲပါပါတယ်..။ တခြားဘာညာကွီကွက သပ်သပ်ပေးရ...၊ ကားပေါ်ရောက်
တာနဲ့ ဂိုက်တွေက ရှင်းပြမယ်ပြီးတခုံခြင်းပိုက်ဆံလိုက်ကောက်တာပေါ့လေ...။ ခုလည်းစာရွက်ဝေပါတယ်။
ဘူးသီးခပေါင်းကြော်စာနဲ့ပေါ့လေ..ကိုယ်တွေကလည်း ဖြည့်တာဘဲ...ပြီးတော့ သူကလာပြောရှာပါတယ်။
ခင်ဗျားတို့ ၂ယောက်က ဒီရာသီအတွက် ပထမဦးဆုံး အစီအစဉ်တခုပါဘဲ..တဲ့။ LA ကနေတက်ပြီး LV
လည် Black Canyon လည် SF ပြန်..။များသောအားဖြင့် ကိုယ်လာတဲ့နေရာကိုပြန်ကြတာလေ..😎
ဒီတော့ သူ့အစီအစဉ်ထဲမှာမပါဘူးတဲ့။ LV ကဟော်တယ်မှာသူချထားပေးရုံပါဘဲတဲ့။ အခုနေ့လည်စာလည်း
သူတို့စားတဲ့ဆိုင်(ဘူဖေး)မှာ စားရမရမသိသေးဘူးဆိုဘဲ..ဖယားဖယား...😝 အော်ငီးငီးတို့ငတ်ကိန်း...
(နောက်တခု..ငီးငီးနံမည်က ဗမာလို အေးအေးသိန်းတဲ့ ဒီမှာတော့ ဆေးရုံဆေးခန်းကခေါ်တော့ အိုင်အီး
အိုင်အီးတိန်း..တဲ့ဗျား...)😚😝😂
အံမယ်လေး..သူတို့ဆီကဓါတ်ဆီဈေးနူန်းကြည့်ပြီးဖျားပါတယ်...ကိုယ်တို့ဖက်မှာ 3$ မကျော်ဘူး..91 ဆိုရင်
တော့ နဲနဲကျော်ပါတယ်...
LV နားရောက်ခါနီးတော့ အိမ်ယာစခန်းအများကြီးဆောက်နေတာတွေ့ရတယ်..
အိုလံပစ်လုပ်မှာမို့တဲ့....လေပြင်းမုန်တိုင်းတိုက် လေဆင်နှမောင်းတိုက်ရင် ဒီကအိမ်တွေလွှင့်ကုန်တာလည်းမပြောနဲ့ သစ်သားကပ်
လေးနဲ့ဆောက်တာဗျ...
ဘယ်ဟော်တယ်လဲ..သိလား..ဒါက Lobby တဲ့....ရှယ်ကြီးမား... PARK MGM Hotel !!!!!
ညဇာတ်လမ်းကိုတော့....မနှေးအမြန်ကလေးပေါ့...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
မရောက်ဖူးတဲ့ နေရာတွေကို လိုက်လည်ရသလိုပဲ တရုတ်စာလေးကတော့ စားချင်စရာလေး မမမီးပျော်ရွှင်ပါစေ ဒီလိုခရီးတွေများများထွက်နိုင်ပါစေ ပို့စ်များများတင်နိုင်ပါစေလို့...း)
ReplyDeleteမိုးငွေ့
အဟဲ...
Deleteတခါရေးပြီးတမေ့ဘဲ
ခုရေးမလို့
ကြည့်မှမိုးငွေ့ရဲ့ကော်မန့်ဖတ်မိ...
ခုတလော
အလုပ်ရူပ်ချက်..
အင်္ကျီတွေချုပ်နေ :P